Wednesday, 29 April 2015
တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော
မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။
မသိချင်ယောင် ဆောင်နေကြတာလား
သစ်တစ်ပင် ခုတ်စရာမလို၊ မြေတစ်ကွက် ရောင်းစရာမလို၊ မီးခိုးတအူအူထွက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စရာမလိုဘဲ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြားငွေတွေ သောက်သောက်လဲရမယ့် သဘာဝသယံဇာတတွေ၊ ရှုခင်းတွေ၊ တောတောင်အလှအပတွေ ပြည့်စုံကောင်းမွန်ပါလျက်နဲ့ သစ်ပင်ခုတ်ပြီး သစ်အလုံးလိုက် တင်ပို့ပြီးမှ နိုင်ငံခြားငွေရှာရတာ ဘာကြောင့်ပါလဲ။
တကယ်ဆို ရှေးဟောင်းအမွေအနှစ် ဒေသတွေ၊ ဖော်ရွေတဲ့အပြုံး၊ ပျူငှာမှုတွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေ ပြည့်နေတဲ့ မြန်မာ့မြေမှာ သဘာဝရင်းမြစ်မကုန် မီးခိုးမထွက် သဘာ၀၀န်းကျင် မပျက်စီးဘဲ ဘာကြောင့် နိုင်ငံခြားငွေတွေ မရှာနိုင်ရမှာပါလဲ။ ကိုယ့်နိုင်ငံရဲ့ သဘာဝမြေမျက်နှာသွင်ပြင်၊ ရိုးရာဟန်၊ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဆင်တူပြီး တချို့နေရာတွေမှာဆို ကိုယ့်နိုင်ငံက ရေမြေတောတောင် သဘာ၀၀န်းကျင် အလှအပက သာလွန်နေကာ တစ်ခေတ်တစ်ချိန်ကဆိုရင် ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်ခံ ဖြစ်ခဲ့ရတဲ့ ဒေသတွင်း ထိုင်းနိုင်ငံကတော့ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နိုင်ငံတကာကြားမှာ သွားရောက်လည်ပတ်လိုတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေပြီး သဘာဝရင်းမြစ် မပြုန်းတီး မပျက်စီးသွားဘဲ တစ်နှစ်တစ်နှစ်ကို ဘတ်သန်းချီ နိုင်ငံခြားငွေတွေ ရနေပါတယ်။

သူပုန်နှင့်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ကမ်းလှမ်းချက် ကိုလံဘီယာမယ် ပယ်ချ
ကိုလံဘီယာသူပုန်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းခံရတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မယ်စကြာဝဠာက ဖိတ်ကြားမှုကို ပယ်ချလိုက်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်
နီပေါငလျင်ဘေးဒဏ်ခံရသူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ တို့ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ အသင်းရဲ့အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်စစ်တပ်၏ကျူးလွန်မှုများအတွက် တောင်းပန်ရန် အမေရိကန်တွင် ဆန္ဒပြ
ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တောင်းပန်ဖို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့မှာ ကိုရီးယား နွယ်ဖွား အမေရိကန် ၁၀၀ ကျော်ဟာ ဧပြီ ၂၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုတာကို ခံခဲ့ရတဲ့ လီယောင်ဆိုးကလည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။
“ခံစားချက်တွေက အခုထိ နာကျင်နေတုန်းပဲ။ သေတဲ့ အထိ မေ့မှာ မဟုတ်ဘူး” လို့ ဆန္ဒပြပွဲမှာ သူက ပြောပါတယ်။
စစ်ကြီးအတွင်း ဂျပန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရားဝင် တောင်းပန်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသမားတွေက ကိုင်ထားကြပါတယ်။
ဝါရှင်တန် အခြေစိုက် လိင်ကျွန်များ အဖွဲ့ရဲ့ဥက္ကဋ္ဌ ဂျွန် ဆေးလီက ၀န်ကြီးချုပ် အာဘေးဟာ ၀မ်းနည်းကြောင်းပဲ ပြောပြီး တောင်း ပန်ဖို့ ပျက်ကွက်နေ တယ်လို့ ပြောပါတယ်။
အမေရိကန် အရပ်သား အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ကာကလည်း ဒီလို သမိုင်းရေးရာ ပြဿ နာတွေ ရှိနေလျက်၊ ဂျပန်က စစ်ရာဇ၀တ်မှုကို ၀န်ခံဖို့ ပျက်ကွက်နေပါလျက်နဲ့ အာရှပစိတ်ဖိတ် လွှမ်းခြုံ ကုန်သွယ်ရေး သဘောတူညီချက် ကိစ္စကို ရှေ့ဆက်လုပ်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။
ဂျပန် စစ်တပ်ထဲမှာ လိင်ကျွန်ဖြစ်ခဲ့ရတဲ့ အသက် ၈၇ နှစ်အရွယ် လီယောင်ဆိုးက သမိုင်းကို အမှန်အတိုင်း ရင်မဆိုင်ဘဲ အနာဂတ်ကို ဆက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“အတိတ်ကို မေ့လို့ မရဘူး။ အမြဲတမ်း ခြောက်လှန့်နေတယ်။ ကျမတို့ သေတဲ့အထိ ဆက်တိုက်သွားမယ်။ ကျမတို့ပဲ နိုင်မှာပါ” လို့ လီက ပြောပါတယ်။
DVB

ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား
ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။”

စက်ရုံတစ်ခုမှ နှစ်ပေါင်း ၂၀ လုံးလုံး ဖမ်းဆီးခိုင်းစေခံခဲ့ရတဲ့ အမျိုးသား

Guangdong ပြည်နယ် ရဲတပ်ဖွဲ့မှ အနှစ် ၂၀ လုံးလုံး မြေအောက်စက်ရုံတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံထား ရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အမျိုးသားတစ်ဦးကို ကယ်တင်ခဲ့ကြောင်း သိရပါတယ်။
နီပေါငလျင်လှုပ်ခတ်စဉ်ကာလအတွင်း ယင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၅ဦးရှိ၊ ယင်းတို့နှင့် အဆက်အသွယ် မရရှိသေးဟုဆို
နီပေါနိုင်ငံအ တွင်းအင်အားပြင်းငလျင်လှုပ်ခတ် ခဲ့သည့်ကာလအတွင်း နီပေါနိုင်ငံ သို့ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၆၅ ဦးရှိကြောင်း မြန်မာနိုင်ငံဆိုင် ရာနီပေါသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ အဆိုပါ ခရီးသွားများသည် နီပေါ နိုင်ငံသို့ဧပြီ ၂ဝရက်မှ ၂၅ရက်အ တွင်းသွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်း တို့နှင့်ပတ်သက်ပြီးသတင်းရရှိမှုများ မရှိသေးကြောင်း သိရသည်။
မြေကွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ ဝယ်ယူနိုင်မယ့် ပြင်သစ်တောင်ပိုင်းကမြို့

ပြင်သစ်နိုင်ငံတောင်ပိုင်းက Champ-du-Boult ဆိုတဲ့တဲ့မြို့လေးတစ်မြို့မှာ မြေကွက်ဝယ်ယူချင်သူတွေ အတွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ရောင်းချမယ့် အစီအစဉ်တရပ် အဲဒီမြို့တော်ဝန်က ကြေငြာ လိုက်ပါတယ်။ အကြောင်းကတော့ ဒီမြို့လေးမှာ လူဦးရေးနည်းပါးနေပြီး စီးပွားရေးမဖွံ့ဖြိုးသေးတဲ့အတွက် လာရောက်နေထိုင်သူတွေ များလာအောင် ပြုလုပ်လိုက်တဲ့မြို့တော်ဝန်ရဲ့ အစီအစဉ်ဖြစ်ပါတယ်။
Baltimore ဆူပူမှုတွင်ပါဝင်သည့် လူငယ်တဦးအား မိခင်က လူလယ်ခေါင်တွင် ရိုက်နှက် ခေါ်ထုတ်၊ တနှစ်တာ မိခင်ဆုပေးသင့်ဟု ချီးကျုးစကားများဆို

အမေရိကန်ပြည်ထောင်စု ဘော်လ်တီမိုးတွင်ဖြစ်ပွားလျက်ရှိသော ဆူပူမှုတွင်ပါဝင်သည့် ကျောင်းသား အရွယ်လူငယ်တဦးအား မိခင်ဖြစ်သူက ငေါက်ငမ်းရိုက်ပုတ်၍ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ယင်း လုပ်ရပ်ကြောင့် အဆိုပါမိခင်ကို ယခုနှစ်အတွက် အကောင်းဆုံးမိခင်ဆု အပ်နှင်းသင့်ကြောင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားချီးကျုးကြကြောင်း သိရသည်။
တရားမ၀င် စကားပြောစက် များကို အသံလှိုင်း စောင့်ကြည့်ယာဉ်ဖြင့် လဲလှယ် ဖမ်းဆီးမည်
ပြည်တွင်းရှိ တရားမ၀င် စကားပြောစက်များကို အသံလှိုင်း စောင့်ကြည့်ယာဉ် (Spectrum Monitoring Vehicle) များဖြင့် လှည့်လည်ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ တရားမ၀င် စကားပြောစက် များကြောင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေနိုင်ခြင်းကြောင့် စတင် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။
ဧပြီလ နောက်ဆုံးပတ်အတွင်း ဦးပိန် တံတာသို့ ခရီးသွား ၀င်ရောက်မှု ထက်ဝက်ကျော် လျော့ကျ

ဧပြီလ နောက်ဆုံးပတ် အတွင်း ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပမှ လာရောက် လည်ပတ်သူ ထက်ဝက် ကျော် လျော့နည်း သွားကြောင်း ဦးပိန် တံတား ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။ ခုသင်္ကြန် ပြီးချိန်မှာတော့ ဦးပိန်တံတားကို လာတာ တော်တော် နည်းသွား တယ်။ သင်္ကြန် မတိုင်ခင် ရက်က တစ်ရက်ကို တစ်သိန်းလောက် လာတယ်။ သင်္ကြန် မတိုင်ခင် တစ်လလောက်က တစ်ရက်ကို ငါးသောင်းခွဲလောက် ရှိတယ်။
အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ မိခင် ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်ပေးတဲ့ သားလိမ္မာ

မိခင်တိုင်းဟာ သာသမီးတိုင်းကို ရင်အုပ်မကွာ ပြုစု စောင့်ရှောက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ သားသမီးတွေ ကလည်း မိခင်ဖြစ်သူကို ရင်အုပ်မကွာ ပြန်လည်ပြုစုစောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang အရပ်ဒေသ မှာဖြစ်ပြီး သားဖြစ်သူဟာ အသက် (၈၄) နှစ် ရှိပြီဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် မိခင်ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။
ရေပိုင်နက် အငြင်းပွားမှု အာဆီယံ ထုတ်ပြန် ကြေညာချက်ကို တရုတ် ချေပ

တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစု အချို့တွင် တရုတ်က အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကြောင့် ရေကြောင်း လွတ်လပ်ခွင့် ထိပါးမည်ကို စိုးရိမ်မိကြောင်း အာဆီယံ အဖွဲ့ ကြီးက ထုတ်ပြန် ကြေညာမှုကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြန်လည် ချေပ ပြောကြားကြောင်း သိရသည်။
ဆောင်းခိုငှက်တို့ လမ်းမ မှားဖို့ နယူးယောက်မြို့ကြီး မီးမှိန်ပေး ထားမည်

နွေဦးနှင့် ဆောင်းဦးပေါက် ကာလများတွင် ဆောင်းခိုငှက် များသည် နယူးယောက် မြို့ကြီးကို ဖြတ်ပြီး ဦးတည် ရာ ဒေသများသို့ သွားရောက် ကြသည် ဖြစ်ရာ ဆောင်းခိုငှက်များ နယူးယောက် မီးရောင် များ ကြောင့် အာရုံထွေပြား လမ်းမှားခြင်း မဖြစ်စေရန် အတွက် နယူးယောက်မြို့ကြီးကို ညပိုင်း သတ်မှတ်ချိန် များတွင် မီးမှိန်ပေး ထားမည်ဟု သိရသည်။
နီပေါငလျင်ကြောင့် ပြည်သူ (၈) သန်းနီးပါး ထိခိုက် နစ်နာရ

နီပေါငလျင်ကြောင့် ပြည်သူရှစ်သန်းနီးပါးထိ ထိခိုက် နစ်နာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ပြော ကြားသည်။ ရှစ်သန်း အနက် (၁ ဒသမ ၄) သန်းသည် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်းလည်း သိရသည်။ နီပေါ ငလျင်ဒဏ်ခံ ပြည်သူများအတွက် နိုင်ငံတကာ အကူအညီများစတင် ရောက်ရှိနေ ပြီဖြစ် သော်လည်း ဆေးပစ်္စည်း၊ စားသောက် စရာမှ အစစောင်၊ ခြင်ထောင်များထိ အများ အပြား လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ စနေနေ့ နေ့လယ်ပိုင်းကခတ်္တမန်္ဒူ ချိုင့်ဝှမ်း ဒေသတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချတ် တာစကေး (၇ ဒသမ ၈) အဆင့်ရှိ ငလျင်ကြီး ကြောင့် ခတ္တမန္ဒူ မြို့တွင် အဆောက်အဦး ပေါင်း များစွာထိခိုက်ပျက်စီးခဲ့သလို၊ ကျေးလက် ဒေသများတွင်လည်း ပျက်စီးမှု များပြားခဲ့သည်။ အင်္ဂါနေ့ထိ နောက်ဆုံးရ စာရင်း များအရ သေဆုံးသူ (၄၃၁၀) ဦးနှင့် ဒဏ်ရာရသူ (၈၀၀၀) ကျော်သွားပြီဖြစ်ကြောင်း နီပေါ ပြည်ထဲရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လက်စမီပရာ ဆတ်ဒ်ဒါကယ်က ပြောသည်။
ရက် (၅၀) ဂါဇာ စစ်ပွဲအတွင်း ကုလ စာသင်ကျောင်း များကို အစ္စရေး တိုက်ခိုက်ခဲ့

ဂါဇာ၌ ယမန်နှစ် နွေရာသီတွင် ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟာ့မာ့စ်အဖွဲ့တို့ကြား တိုက်ပွဲတွင် အစ္စရေး၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ စာသင်ကျောင်း များတွင် ခိုလှုံနေသူ (၄၄) ဦး သေဆုံးခဲ့ ရကြောင်း ကုလ၏ စုံစမ်း စစ်ဆေးမှု တစ်ခုက ဖော်ပြသည်။ ပါလက်စတိုင်းသားများ သေဆုံးခဲ့ရမှု အတွက် ၀န်းနည်း သလို ကုလ လက်အောက်ရှိ အဆောက်အဦများအား တိုက်ခိုက်မှု ကိုလည်း လက်သင့်ခံပေး နိုင်စရာ မရှိကြောင်း ကုလ ထွေချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မတိုင်ခင် တင့်ကားသစ်များ ရုရှား ထုတ်ပြ

ရုရှားအစိုးရသည် Armata T-14 ဟုခေါ်သည့် မျိုးဆက်သစ် တင့်ကားများကို ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မေလ (၉) ရက် မတိုင်ခင်တွင် ထုတ်ဖော် ပြသ လိုက်ကြောင်း သိရသည်။ ထိုတင့်ကားများမှာ မေလ(၉) ချီတက် ပွဲတွင် ပါဝင်နိုင်သည့် လက်နက်သစ်များ ထဲမှ တစ်ခု ဖြစ်ကာ ရုရှား ကာကွယ်ရေး ဌာနက ထိုတင့်ကားပုံ များကို ဓာတ်ပုံများဖြင့် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။ ရုရှားတွင် ယခုနှစ်၌ ပြုလုပ်မည့် ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ များအား စစ်အောင်နိုင်သည့် အခမ်းအနားတွင် ဥရောပ ခေါင်းဆောင် အများစုမှာ ယူကရိန်းကို ရုရှား ကျူးကျော်မှုအား ကန့်ကွက်သည့် အနေဖြင့် တက်ရောက်မည် မဟုတ်ပေ။
နီပေါတွင်လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓဂယာရှိ သာသနိက အဆောက် အအုံများ တစ်စုံတစ်ရာထိခိုက်မှုမရှိဟု သိရ

နီပေါတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓဂယာရှိ သာသနိက အဆောက်အအုံ များတစ်စုံတစ်ရာ ထိ ခိုက်မှု မရှိခဲ့ကြောင်း ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး ကော် မတီမှ သိရသည်။
အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် ဇူလိုင်လ နောက်ဆုံးထား ကြေညာမည်
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ဇူလိုင်လ နောက်ဆုံးထား ကြေညာထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
Subscribe to:
Posts (Atom)