Thursday, 12 March 2015

အကွက် ကျဲကျဲနှင့် လက်မည်းတွေ

အခုတစ်လော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက အလေ့အကျင့် အတွေ့အကြုံ ရှိကြတဲ့ လေ့လာသူ တွေအတွက်မှာတော့ ပုံစံကျ ရွှေ့ ကွက်တွေပဲ ဆိုတာ သိသာနေပါတယ်။
ဒီ ရွှေ့ကွက်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတွေ ရှိတယ်လို့ တာဝန်ရှိတဲ့သူတွေ ပြောလိုက်တိုင်း တော်တော်များများက ''ဒါမျိုးတွေ ရိုးနေပြီ၊ အစိုးရကတော့ တစ်ခုခု ဖြစ်တာနဲ့ ကွန်မြူနစ်တွေ၊ ဗကပတွေ လက်ချက်လို့ ထိုးချလိုက်တာပဲ'' လို့ ပြက်ရယ် ပြုကြလေ့ ရှိပါတယ်။ ''ဗကပတို့၊ ကွန်မြူနစ်တို့ ဆိုတာ ဘယ်မှာ ရှိတော့လို့လဲ၊ ပျောက်ကွယ် သွားတာ ကြာလှပေါ့'' လို့လည်း ဆိုကြပါတယ်။ တကယ်တော့ အဲဒီလို ပြောကြတဲ့ သူတွေထဲမှာ နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးကတော့ ကွန်မြူနစ် အကြောင်း၊ ဗကပအကြောင်း တကယ်မသိရှာတဲ့ သူတွေပါ။ နောက် တစ်မျိုးကတော့ အဲဒီ ကွန်မြူနစ်တွေ ကိုယ်တိုင်ပါပဲ။ သူတို့ကတော့ ကိုယ်ယောင် ဖျောက်ထား တာပေါ့လေ။ ဘယ်လောက်ပဲ ကိုယ်ယောင် ဖျောက်ထားထား၊ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားထား မျက်တောင်မခတ်၊ အရိပ် မထွက်ရင် ဘီလူးဆိုတာ သိနိုင်သလို နည်းနည်းကလေး အရိပ်အကဲ ကြည့်လိုက်တာနဲ့ ဘယ်သူ ဆိုတာ အတွင်း ကျကျ သိထားပြီးတဲ့ သူတွေကတော့ သိနိုင်ပါတယ်။

အတင်းအကြပ်လူသစ်စုဆောင်းခြင်းမပြုလုပ်ရန် KIA အဖွဲ့အား ဒေသခံတိုင်းရင်းသားများမှတောင်းဆို

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မြစ်မှော်ကျေးရွာသို့ မတ်လ ၈ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ရောက်ရှိလာပြီး အနီးနားဝန်းကျင်ကျေးရွာများတွင် လူသစ်စုဆောင်းမှု များပြုလုပ်သွား ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် မြစ်မှော်ကျေးရွာ၊ ရုံးချိုကျေးရွာ၊ နန့်စန်း(၁)နှင့် နန့်စန်း(၂)ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ KIA အဖွဲ့အတွက် လူသစ်စုဆောင်းပေးရန် ပြောကြားခဲ့ကြောင်း ရုံးချိုကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။

ကျောင်းသားသပိတ်စစ်ကြောင်းကိုဖြိုခွဲခဲ့တဲ့ကိစ္စအပေါ် ပြောချင်တာလေးတွေရှိတယ် ။

၁။ တဖတ်သက်မီဒီယာများရဲ့ရည်၇ွယ်ချက်များအတိုင်း မဖြစ်အောင် လူတိုင်းစဉ်းစားသုံးသပ်သင့်ပါတယ်။ နှစ်ဘက်စလုံးရဲ့ သတင်းကိုကြည့်ပါ ၊ ပြည့်စုံမှသုံးသပ်ပါ ။ ကိုယ့်နိုင်ငံမှာနောက်ထပ် အမုန်းပွားမှုတွေ မဖြစ်စေချင်ဘူး ။

ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ပတ်သက်၍ ညှိနှိုင်း အဖြေရှာသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင် သွားမည်ဟုဆို


 လက်ပံတန်းတွင် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးခံထား ရသော ကျောင်းသား များနှင့် ၀န်းရံပေး ကြသော ပြည်သူများ ပြန်လည် လွတ်မြောက်ရေး အတွက် ညှိနှိုင်း အဖြေရှာသည့် နည်းလမ်း ဖြင့်သာ ဆက်လက် လုပ်ဆောင် သွားရန် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ဆုံးဖြတ် ထားကြောင်း သိရသည်။

ဝန်ထမ်းလစာ တိုးနှုန်းကြေညာလျှင် ပြဿနာအချို့ ဖြစ်လာနိုင်သောကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ဆို

အစိုးရဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

လွှတ်တော်ကြားနာပွဲ ဖမ်းခံရသူတွေ မလွတ်ဘဲ ဗကသ မတက်

လက်ပံတန်းမြို့မှာ အကြမ်းဖက်ခံရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ မလွတ်မြောက်မချင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်ဆိုင်ရာ လွှတ်တော်ကြားနာပွဲ တက်မယ့်ကိစ္စကို ဗကသများအဖွဲ့ချုပ်ဘက်က လက်မခံကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

Tuesday, 10 March 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့်နေရာများအား တပ်မတော် စစ်ကြောင်းများက ဆက်လက်တိုက်ခိုက်ချေမှုန်း

ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့် လုံထန် ကျေးရွာအနီး ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် ချေမှုန်းလျက်ရှိရာ မတ်(၉)ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လေကြောင်း ပစ်ကူ ၄ ကြိမ်ရယူ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့ကာ သောင်းကျန်းသူတို့၏ အခြေပြု တောင်ကုန်းအချို့အား သိမ်းပိုက်နိုင်ခဲ့သည်။

လှည်းတန်းဆန္ဒပြမှုတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေ

ယနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ဒီအချိန် ဒီကာလမှာ ဒီအဖွဲ့ ထွက်လာတော့မယ် ဆိုတာ မှန်းထားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ဆိုတာရဲ့နောက်မှာ မျက်နှာဖုံးစွပ် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ပါဝင်တဲ့သူတွေရဲ့ ကိုယ်ခန္ဒာတွေ အားလုံး တူညီနေပါတယ်။ ထွက်လာတဲ့ပုံစံ၊ ပြန်ထွက်မယ့် ပုံစံ အားလုံး တူပါတယ်။

ကျောင်းသားသပိတ်ကိုင်တွယ်မှု သမ္မတပြောခွင့်ရ တုံ့ပြန်

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ ကျောင်းသားတွေကို ဒီကနေ့မှာပဲ မြန်မာအစိုးရက ရဲအင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားတွေ၊ နောက် ကျောင်းသားတွေကို ကူညီပေးနေတဲ့ လက်ပံတန်း ဒေသခံတွေကိုရော သတင်းရယူနေတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်ပိုင်နက်ထဲ လက်နက်ကြီးကျည်ကျရောက်

တရုတ်-မြန်မာ နယ်စပ်နားမှာ ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ကျည်ဆံတွေ တရုတ်နယ်မြေထဲ ကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြစ်တင်လိုက်ပါတယ်။
ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တို့ ဒီကနေ့ အင်္ဂါနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ တလကျော်ကြာနေပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေရသလို ကျည်ဆံတွေလည်း တရုတ်နိုင်ငံထဲ ကျရောက်နေတာမို့ အမြန်ဆုံး တင်းမာမှုတွေ လျော့သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Monday, 9 March 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ငြိမ်းချမ်းရေးစကား လုံးဝပြောမည်မဟုတ်ပါ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုခုကို ကျူးကျော်တိုက်ခိုက်တာဖြစ်လို့ အချုပ်အခြာ အာဏာ ကို ထိပါးစော်ကားခြင်းပါလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုထားပြီးဖြစ်ပါတယ်။ တစ်ဆက်တည်းဆိုသလို ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို လုံးဝအလျော့ပေးမှာ မဟုတ်ကြောင်းလည်း ပြောကြားထားပြီးဖြစ်ပါ တယ်။ ဆိုလိုချင်တာက ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ပါတယ်။

ကျောင်းသားသပိတ်က ကျောင်းသားအားလုံးဆန္ဒလား ??

ဒီမိုကရေစီပညာရေးဥပဒေဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခုပြုလုပ်နေတဲ့ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး ဒီသပိတ် ဟာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာရှိတဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုသလား။
ကျောင်းသားအားလုံးဆန္ဒနဲ့ပြုလုပ်တဲ့ ကျောင်းသားသပိတ်လားဆိုတဲ့ မေးခွန်းတွေအများကြီးထွက်လာပါတယ်။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (YIE) က တတိယနှစ်ကျောင်းသားပါ။ ပထမတစ်ခေါက်တုန်းကလည်း ဇေယျာလွင်တို့အဖွဲ့တွေ (YIE) က ဆရာမကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး အွန်လိုင်းမှာ ယုတ်မာစွာဝါဒဖြန့်လို့ ကျွန်တော်စာတစ်ပုဒ်ရေးဘူးပါတယ်။ အခုလဲ ဒီသပိတ်ဟာ ကျောင်းသားအားလုံးရဲ့ဆန္ဒလား၊ ကျောင်းသားတွေကို ကိုယ်စားပြုသလားဆိုတာကို အချက်ကျကျပြော ပြချင်ပါတယ်။

Saturday, 7 March 2015

အစိုးရ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချမည်


အစိုးရလက်အောက်ခံ ဦးစီးဌာန ၂၃ ခုနဲ့ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချသွားမယ်လို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်က မတ် ၅ ရက်နေ့ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားသွားပါတယ်။
ဝန်ကြီးဌာနတွေမှာ အမြဲတမ်းအတွင်းဝန် ခန့်အပ်ဖို့အတွက် ကျစ်လျစ်သွားစေဖို့ ၀န်ထမ်းအင်အားလျှော့ချသွားမှာဖြစ်တယ်လို့ ပြောသွားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

တရုတ်ရထားဘူတာရုံ ဓားလွတ်ကိုင် တိုက်ခိုက်မှု ကိုးဦးဒဏ်ရာရ တိုက်ခိုက်သူတစ်ဦး သေဆုံး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ ရထားဘူတာရုံ တစ်ရုံတွင် ဓားကိုင်တိုက်ခိုက်သူများက အများပြည်သူကို လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၉ ဦး ရှိပြီး တိုက်ခိုက်သူများထဲမှ တစ်ဦးကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ကာ တစ်ဦးကို အရှင်ရလိုက်ကြောင်း AP သတင်းအရ သိရသည်။
တရုတ်နိုင်ငံတွင် ယခင်ကလည်း ဓားလွတ်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးပြီး ယခု ဂွမ်ကျိုးဘူတာ တိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။

အိန္ဒိယတွင်ဖြစ်နေသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိလျှင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်နိုင် သဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဟုဆို

အိန္ဒိယနိုင်ငံ တွင်ဖြစ်ပွားလျက်ရှိသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိပါက ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပေါ် လာနိုင်သည့်အတွက် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပိုမို အားဖြည့်ဆောင်ရွက်ရမည်ဟု ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က အသိပေး ပြောကြားလိုက်ကြောင်း သိရသည်။
မေ ၆ ရက် နံနက်ပိုင်းက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ် သော ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်နှိမ် နင်းရေးလုပ်ငန်း ညှိ နှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော်လည်း အခြေခံဥပဒေပြင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို အဓိက လုပ်ဆောင်မည်ဟု ၈၈ ဆို


အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေကြည့် ကျောင်းသား လှုပ်ရှားမှုကို ကြိုဆိုထောက်ခံသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ အဓိကထား လုပ်ဆောင်မည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များက ပြောကြားလိုက်သည်။

အကျဉ်းသားလဲလှယ်ရေး သြစတြေးလျ ကမ်းလှမ်းမှု အင်ဒိုနီးရှား ပယ်ချ


သြစတြေးလျအစိုးရက တောင်းခံလာတဲ့ သေဒဏ်ကျခံနေရတဲ့ သြစတြေး လျနိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်းဖလှယ်ဖို့ ကမ်းလှမ်းမှုကို အင်ဒိုနီးရှား က မတ် ၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
သေဒဏ်ချခံထားရတဲ့ အကျဉ်းသားနဲ့ တခြားသူတို့ဟာ သူတို့ကို ကွပ်မျက် မယ့် အကျဉ်းထောင်ကို ရွှေ့ပြောင်းထားပြီး မကြာခင် ကွပ်မျက်ခံရဖို့ ရှိပါ တယ်။

ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြခြင်းအပေါ် အကြမ်းဖက်ဖြိုခွဲမှု NLD ဆွေးနွေးရန်ရှိ

လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားဆန္ဒပြမှုများအပေါ် အင်အားသုံး အကြမ်းဖက်ဖြိုခွဲနေ မှုများနှင့် ပတ်သက်၍ ယနေ့ (မတ် လ ၇ ရက်) တွင် ပြုလုပ်မည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီ(CEC) အစည်းအဝေး တွင် ဆွေးနွေးရန်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်တစ်ဦးကပြောသည်။
NLD ၏ ယခုပြောကြားချက် မှာ သပိတ်များအကြမ်းဖက်ဖြိုခွင်း ခံရခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မတ်လ ၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီသဘော ထားကြေညာ ချက်နောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥပဒေနှင့်မညီဘဲ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အသုံးပြု ဖြိုခွင်းလျှင် အပြစ်ပြော မည် မဟုတ်ဟု ဆို

မတ်လ ၅ ရက်နေ့ ဆူးလေတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရ နောင်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ပါက ရဲတပ်ဖွဲ့ကိုသာ အသုံးပြုရန် ပြည်သူများက တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ တာဝန်ရှိသူ ရဲတပ်ဖွဲ့ က သာ ရှင်းလင်းခြင်း ပြုလျှင် အပြစ်ပြောမည် မဟုတ်ကြောင်း သိရှိရသည်။
“ဥပဒေမဲ့ ဆန္ဒပြတယ်။ သတိပေးတယ်။ ဖမ်းတယ်။ လက်ခံပါတယ်။ ဒါပေမယ့် လက်ပတ်အနီတွေနဲ့ အရပ်သား တွေ ကို မသုံးသင့်ဘူး။ ရဲတပ်ဖွဲ့ကပဲ လုပ်ရမယ်။ ရဲက ဖမ်းတယ်၊ ဖြိုခွင်းတယ် ဆိုရင် လက်ခံ ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ် ပြန်ဖွင့်

လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သော တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ်ကို မတ်လ ၆ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ပြီးနောက် မတ်လ ၆ရက်နံနက်ပိုင်းတွင် ရန်လုံကျိုင်းဂိတ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။