Sunday, 1 March 2015

" ငါသာသမ္မတဖြစ်ခဲ့ရင်ဘရာဇီးနိုင်ငံကလူတွေထမင်းသုံးနှပ်မှန်မှန် စားစေရမယ်(ဘရာဇီးသမ္မတ) "

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

အမေရိကန် မင်းသားကြီး လီအိုနက်ဒ်နီမွိုင်း အဆုတ်ရောဂါဖြင့် ကွယ်လွန်



ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Star Trek တွင် လူသားတစ်ပိုင်း ဂြိုလ်သားတစ်ပိုင်း ဇာတ်ရုပ် မစ္စတာစပေါ့ခ် အဖြစ်သရုပ်ဆောင်ကာ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သူ အမေရိကန် သရုပ်ဆောင်မင်းသား လီအိုနက်ဒ်နီမွိုင်းသည်  ဖေဖော်ဝါရီ ၂၇ ရက်တွင် ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်မှာ ၈၃ နှစ် ရှိပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Bob and David Gershက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုးမေးနီးယားလူငယ်တစ်ဦး လူပျိုစင်ကို လေလံတင်



ရိုမေးနီးယားနိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့လူပျိုဘဝကို လာမယ့်နိုင်ငံ တကာအမျိုးသမီးများနေ့မှာ လေလံတင်ရောင်းချသွားမယ် လို့ သိရပါတယ်။

ဆန္ဒပြပွဲကြီးပြုလုပ်ရန် စီစဉ်ထားသည့် ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ် ကရင်မလင်အနီး၌ ပစ်သတ်ခံရ


ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းထန်စွာ ဝေဖန်သူတစ်ဦးဖြစ်သည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်သည် ဖေဖော်ဝါရီ ၂၇ ရက် နှောင်းပိုင်းက ကရင်မလင်ခံတပ်အနီး လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ဒုတိယဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ်ဆော့ဗ် သတ်ဖြတ်ခံရမှုကို ရုရှားအစိုးရက ဆူပူအုံကြွရန် လှုံ့ဆော်မှုတစ်ရပ်ဟု အမည်တပ်ခဲ့သည်။ နမ်ဆော့ဗ်သည် ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်မည့် အတိုက်အခံဆန္ဒပြပွဲကြီးတစ်ရပ်ကို စီစဉ်ထားသူ ဖြစ်သည်။

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါက လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ဌာနဆိုင်ရာများ မတော်မတရားမှု ပြုလုပ်ပါ က လက်မခံကြောင်း ပြည်သူများက ထင်ရှားစွာပြသရန်နှင့် လာဘ်ပေးလာဘ်ယူမပြုလုပ်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြာကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၌ ပြုလုပ်သော ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုဟောပြောပွဲသို့ တက်ရောက်ရန် သွားရောက်စဉ် ဓနုဖြူမြို့လူထုနှင့် တွေ့ဆုံပြီး နာရီဝက်ခန့် ဟောပြောမှု ပြုလုပ်ခဲ့သည်။

လူမှုကွန်ရက်ပေါ်က မြန်မာအမျိုးသမီး ညစ်ညမ်းပုံများ အရေးယူသင့်၊ မယူသင့်

မြန်မာအမျိုးသမီးအချို့ ၏ညစ်ညမ်းပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေခြင်း ကို ထိထိရောက်ရောက်အရေးယူ တားဆီးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အဆိုတင်သွင်းမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သတင်းရရှိ သည်။
အမရပူရမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အွန်လိုင်းပေါ်တွင် ဝတ်စားဆင်ယင်မှုများမှာ မောင်နှင့်နှမ၊သားနှင့်အမိ မကြည့်ရဲလောက်အောင် ဆိုးရွားစွာဖြစ်ပျက်နေပြီး ယင်းကဲ့သို့ပုံများကို ရိုက်ကူးခံသူနှင့် ရိုက်ပေးသူများကို ထိရောက်စွာတားဆီး အရေးယူရန် ဖေဖော်ဝါရီ ၂၆ ရက်က အဆိုတင်သွင်းခဲ့သည်။

နှစ်ဖက်စလုံးက ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့် တိုက်ပွဲများဖြစ်ပွားရဟု ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌပြော


နှစ်ဖက်စလုံးတွင် ကိုယ်ကျိုးစီးပွား အတ္တစိတ်ကြီးမားနေမှုကြောင့် ကိုးကန့်ဒေ သတွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော် သူက ပြောဆိုလိုက်သည်။

Saturday, 28 February 2015

ဘူးသီးတောင် - မောင်တော ကားလမ်းရှိ ဥမင်လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်း စတင်ဖောက်လုပ်

ဘူးသီးတောင်- မောင်တောကားလမ်းပေါ်ရှိ ဥမင် လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်းကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီ ယာအဖွဲ့ ကြီးကြပ်မှုဖြင့် ဖောက်လုပ်နေပြီဖြစ်ကြောင်း မောင်တောခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းထိုက်ကပြောသည်။
လက်ရှိ ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ဥမင်လိုဏ်ခေါင်းငယ်မှာ အလျား ၉၈ ပေ ရှည် လျားပြီး အမြင့် ၁၃ ပေရှိကြောင်း သိရသည်။ ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ ပြေးဆွဲမှု များလာခြင်းနှင့်အတူ ယာဉ်များ ရှောင်တိမ်းရန် လမ်းအကျယ်အ ၀န်းမရှိခြင်းနှင့် အမြင့် ၁၃ ပေ အထက်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရခြင်းတို့ ကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ရခြင်းဖြစ်ကြောင်း ဦးလင်းထိုက်ကပြောကြားသည်။

ရွာလုံးကျွတ် မီးလောင်ခဲ့သည့် ရွာသားများ စိုက်စရိတ်ပြန်မပေးနိုင်သဖြင့် တရားစွဲမခံရရန် ၀န်ကြီးချုပ်ထံ တောင်းဆို

ရွာလုံးကျွတ်နီးပါး မီး လောင်ခဲ့မှုကြောင့် စိုက်စရိတ်ချေး ငွေပြန်ဆပ်ရန် အခက်အခဲရှိနေ သည့် မကွေးတိုင်းဒေသကြီးဆင် ပေါင်ဝဲမြို့နယ်အတွင်းရှိ သပွတ် ကျောကျေးရွာမှ တောင်သူလယ် သမားများ တရားစွဲဆိုခြင်းမခံရ စေရေး ကြားဝင်စေ့စပ်ပေးရန် မ ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦး ဖုန်းမော်ရွှေထံဒေသခံလူငယ်များ က စာရေးသားတောင်းဆိုခဲ့သည်။
သပွတ်ကျော ကျေးရွာတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်က မီးလောင်ကျွမ်းခဲ့ပြီး ရွာအတွင်းရှိအိမ်ခြေ ၆၀နီးပါး မီးဘေးသင့်ခဲ့ကာ လူ ၂၅၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးဆိုသည့် ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ကြောင်း ‘၀’နှင့်မိုင်းလားအဖွဲ့ သမ္မတထံစာပေးပို့

ကိုးကန့်ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့များက ငြိမ်းချမ်းရေး နည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်းပြီး ‘၀’နှင့်မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း အဆိုပါနှစ်ဖွဲ့က သမ္မတထံစာပေးပို့သည်။
ဖေဖော်ဝါရီ ၂၆ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါစာကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ထံမှတစ်ဆင့် သမ္မတထံပေးပို့ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ နှစ်ဖွဲ့က တိုက်ပွဲတွင်ပါဝင်ပတ် သက်နေကြောင်းပြောကြားချက် အပေါ် တုံ့ပြန်ရန်ဖေဖော်ဝါရီ ၂၄ မှ ၂၆ရက်အထိ ဗဟိုကော်မတီအ စည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ စာပေးပို့ခဲ့ခြင်းဖြစ် သည်။

ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် စောဆန်းအောင်အဖွဲ့ တိုက်ပွဲပြင်းထန်

အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့တို့နှင့် ဒီကေဘီအေက ထုတ်ပယ်လိုက်သည့် စောဆန်း အောင်၏ လက်နက်ကိုင်အဖွဲ့ တို့အကြား ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း သတင်း ရရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံကျေးရွာအုပ်စုတွင် ဖေ ဖော်ဝါရီ ၂၇ ရက် နံနက်မှစတင် ကာ ယင်းနေ့တစ်နေ့လုံး တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ဖေဖော်ဝါရီ ၂၇ရက်ညနေ အထိ တပ်မတော်မှတစ်ဦးနှင့် နယ်ခြားစောင့်တပ်မှ နှစ်ဦးကျဆုံး ခဲ့ပြီး စောဆန်းအောင်၏အဖွဲ့မှ ကျဆုံးစာရင်းမသိရသေးသော် လည်း လက်နက်နှင့်အတူအစိုးရ တပ်က လူတစ်ဦး ဖမ်းဆီးထား နိုင်ကြောင်းသတင်းရရှိသည်။

ဘဏ်ရှေ့ ရပ်ထားသော ကားပေါ်မှ ကျပ်သိန်း ၁၀၀ ခိုးယူခံရ

ကမာရွတ်မြို့နယ် အ မှတ်(၁)ရပ်ကွက်အတွင်း လှည်း တန်း၊ အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ် ရှေ့တွင် ရပ်ထားသည့် ကားပေါ် မှ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်၌ ကျပ်သိန်း ၁၀၀ ကျော်ခိုးယူခံရကြောင်း သတင်းရရှိ သည်။
အဆိုပါကားပိုင်ရှင်သည် ဧရာဝတီဘဏ်မှ ငွေထုတ်ယူပြီး ကမ္ဘောဇဘဏ်တွင် ငွေလွှဲခဲ့ကာ ပိုသည့် သိန်း ၁၀၀ ကျော်ကို ကား အတွင်းထားခဲ့ပြီး ငွေထပ်လို သည့်အတွက် နောက်တစ်ကြိမ် ဧရာဝတီဘဏ်မှ ငွေထုတ်ပြီးပြန်ထွက်လာစဉ် ကားပေါ်တွင်ထားခဲ့သည့် ငွေမရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ကားတံခါးကို သူမောင်းတဲ့ ဘက်တော့ ပိတ်ခဲ့မယ်လို့ သိရ တယ်။ ငွေထုပ်ထားတဲ့ဘက်က သော့ကိုလည်း ပိတ်ခဲ့တယ် ထင် တော့ ပြန်မစစ်မိဘူး ပြောတယ်။ အဲဒီဘက်အခြမ်းမှာလည်း သော့ ပိတ်ထားတာမဟုတ်တော့ ခိုးတဲ့ သူကအလွယ်တကူယူသွားနိုင် တယ်လေ’’ဟု ကမာရွတ်မြို့နယ် မှ အမှုစစ်အရာရှိက ပြောသည်။

ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပင်မသပိတ်စစ်ကြောင်း မတ်လ ၁ ရက် ရန်ကုန်သို့ ချီတက်လာမည်

လက်ပံတန်းမြို့တွင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းသည် သတ်မှတ်တောင်းဆိုထားသည့် ရက် အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် တစ်စုံတစ်ရာမရရှိသော ကြောင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ချီတက်မည်ဟု ပင်မသပိတ် ကျောင်းသား ခေါင်းဆောင်များကပြောသည်။
မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပ ညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှစတင် ကာ ၁၉ရက် ရပ်နားခဲ့သည်။ ထိုသို့ ရပ်နားချိန်အတွင်း အမျိုးသားပ ညာရေးဥပဒေကို အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့သည်။

Friday, 27 February 2015

အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် ကျန်ရှိနေဟုဆို

(ဓာတ်ပုံ ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) 
အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာ ကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းရန် ကျန်ရှိတော့ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဖေဖော်ဝါရီ ၂၆ တွင် ပြောလိုက်သည်။

Thursday, 26 February 2015

ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးသေဆုံးမှု မြန်မာယောက်ျားလျာက ငွေပေးသတ်ခိုင်းခြင်းဖြစ်

 ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်သော တရားခံများမှာ မြန်မာလုပ်သားသုံးဦးဖြစ်ပြီး မြန်မာယောက်ျားလျာတစ်ဦးက ဘတ် သုံးသောင်းပေးငှားရမ်းကာ သတ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ဆုပေးပွဲတွင် ဖျော်ဖြေရင်း စင်မြင့်ပေါ်မှ လိမ့်ကျခဲ့သည့် မက်ဒေါနား


Brit Awards 2015 ဂီတဆုပေးပွဲတွင် ဖျော်ဖြေရင်း ပေါ့ပ်ဂီတ အဆိုတော် မက်ဒေါနားတစ်ယောက် စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလရွှေ့ ဆိုင်းခြင်းဖြင့် နစ်နာမည့် ကလပ်များ ကိုလျော်ကြေးပေး ရန်ဖီဖာငြင်းဆန်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ ကိုနိုဝင်ဘာနှင့် ဒီဇင်ဘာ  သို့ရွှေ့ဆိုင်း မည့်အစီ အစဉ်နှင့် ပတ်သက်ပြီး  ကလပ်အသင်း များနှင့် လိဂ်များ ကိုလျော်ကြေးပေး မည်မဟုတ်ဟု ဖီဖာ ကကြေညာ လိုက်သည်။အမှတ်အပေးပြိုင်ပွဲ အများအပြားကို ကမောက် ကမဖြစ်စေမည့် ယင်းအစီအစဉ် အတွက် လည်းတောင်းပန် ရန်မရှိ ဟုဖီဖာက ဆိုသည်။ ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲ ကိုမြင့်မား သည့်နွေရာသီ အပူရှိန် ကိုရှောင်လွှဲနိုင် ရန်ဆောင်းရာသီကာလ သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။

ကက်ပီ တယ်ဝမ်း ဗိုလ်လုပွဲတွင် လူမျိုးရေးခွဲခြားပါက အရေး ယူမည်ဟု


စပါးအသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် ကက်ပီ တယ်ဝမ်းဖလား ဗိုလ်လုပွဲတွင် လူမျိုးရေးခွဲခြား သည့်စကား များပြော ဆိုခြင်း၊အမူ ယာများ ပြုလုပ်ခြင်းများရှိလာပါက အရေးယူသွားမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက ၎င်းတို့၏ပရိသတ်များကို သတိပေးလိုက်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကိုလိုက် ပါကြည့်ရှုခဲ့သည့် ချယ်လ်ဆီး ပရိသတ် အချို့၏ လူမျိုးရေးခွဲခြား သည့်ဖြစ် ရပ်မှာ လည်းဆက် လက်စုံစမ်း စစ်ဆေးနေ ဆဲဖြစ်သည်။

ဂရိဘောလုံးလိဂ်ပြိုင်ပွဲ များကို အကန့် အသတ်မရှိ ရပ်နား


အိုလံပီယောကော့စ်နှင့် ပါနာသီနာကော့စ်အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ပြီးနောက် ဂရိအစိုးရက ဂရိအမှတ်ပေးလိဂ်ပြိုင်ပွဲများကို အကန့်အသတ်မရှိရပ်နားရန် အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်သည်။ ယခုထုတ်ပြန်လိုက် သည့်အမိန့်သည် ဂရိနိုင်ငံ၏ အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ သုံးခုစလုံး အကြုံးဝင် မည်ဖြစ်သည်။