Wednesday, 14 January 2015

ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်ထုတ်ယူသည် ဆိုသည့် ဇနီးမောင်နှံကို အမှုဖွင့်

မန္တလေးမြို့ပေါ်ရှိ ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်လည်ထုတ် ယူသူဟုဆိုသူ ဇနှီးမောင်နှံကို အမှုဖွင့် တိုင်ကြားထားကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

အဖိုးတန် ရတနာများနှင့် ဖန်တီးထားသည့် ဖိနပ်တစ်ရန် ချုပ်လုပ်ကာ စီရော်နယ်ဒိုကို ဂုဏ်ပြု


စီရော်နယ်ဒို၏ စပွန်ဆာ ကုမ္ပဏီများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော နီကီအားကစား အသုံး အဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ဆုကို တတိယ အကြိမ်မြောက်အဖြစ် စီရော်နယ်ဒို ဆွတ်ခူးရရှိကြောင်း သိရှိရအပြီးတွင် ရွှေ၊ စိန်အစရှိသည့် ရတနာများနှင့် ဖန်တီးစီခြယ်ထားသည့် ဘောလုံးကန် ဖိနပ်တစ်ရန်ကို ဖန်တီးချုပ်လုပ်၍ ၎င်းတို့၏ ကစားသမားကို ဂုဏ်ပြုလိုက်ကြောင်း Nike ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

MECTel ဖုန်းများ အင်တာနက်လျှောက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရန် မလိုတော့

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။ ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။

KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်

Photo: KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်
Wednesday, January 14, 2015 

ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာ အရှေ့ဘက်ကမ်းက ရွှေမှော်မှာ ကျင်းလုပ်သားအဖြစ် ကျွန်တော်လုပ်ကိုင်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အတူ အနယ်နယ်အရပ်ရပ်ကနေလာပြီး အလုပ်လုပ်တဲ့ ဘ၀တူ ကျင်းလုပ်သားတွေလည်း အများ ကြီးပါပဲ။ အဲဒီလို လုပ်ကိုင်နေစဉ် ၂၀၁၂ ခုနှစ် မတ်လထဲမှာ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ပါတော့တယ်။
ရွှေမှော်ထဲကို KIA အဖွဲ့တွေ ရောက်လာပါတယ်။ ကျွန်တော်နဲ့အတူ ကျင်းလုပ်သားအယောက် ၃၀ လောက် အဖမ်းခံခဲ့ ရတယ်။ ကျွန်တော်တို့ကို အင်ဂွန်းလကို ခေါ်သွားပြီး အေပြီလကနေ ဇွန်လအထိ စစ်သင်တန်းတက်ခိုင်းပါတယ်။ သင်တန်းသားကတော့ ၁၀၀ လောက်ရှိပါတယ်။ အဖမ်းခံရတဲ့လူတွေဆိုတော့ စစ်သင်တန်း ဘယ်တက်ချင်ပါ့မလဲ။ အချို့ကထွက်ပြေးကြတယ်။ ပြန်ဖမ်းမိတော့ အများရှေ့မှာ စံနမူနာပြသတ်ပစ်တယ်။ အချို့ကတော့ စစ်သင်တန်းဒဏ် မခံနိုင်လို့ ဖျားနာပြီး သေသွားကြတယ်။

သင်တန်းဆင်းပြီးတော့ ကျွန်တော်နဲ့အတူ ၈ ယောက်ကို တပ်ရင်း (၄) မှာ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာတော့ ရင်း (၄) ကနေ ချီဖွေမြို့နယ်၊ လောခေါင်စခန်းကို ပြောင်းရတယ်။ ၂၀၁၃ ခုနှစ် အေပြီလမှာ အဲဒီစခန်းနဲ့ ၂ မိုင်ခန့်အကွာက ပါဝါကုန်းမှာလည်း တာဝန်ထမ်းဆောင်ရတယ်။ အတည်တကျမရှိပါဘူးဗျာ။ အဲဒီလိုပဲ လျှောက်သွားနေရတာ။ စခန်းတွေလည်း စုံနေတာပဲ။ ဇွန်လရောက်တော့ ဂျပန်ကုန်းစခန်းရောက်သွားပြန်ရော။ ၂၀၁၄ ခုနှစ် မတ်လရောက်တော့ ဂျပန်ကုန်းစခန်းကနေ ရင်း (၄) ဌာနချုပ်ကို ပြန်ရောက်ပါတယ်။

ကြာလာတော့ မနေချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် တစ်သက်လုံး ဒီ အတိုင်းနေ လို့ မဖြစ်ဘူးဆိုပြီး အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ၁၆ မိုင်စခန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ချိန် အခွင့်သာ တာနဲ့ တပ်မတော်ရှေ့တန်းစခန်းတစ်ခုမှာ အလင်းဝင်ခဲ့ တာ ဖြစ်ပါ တယ်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပါ ဗျာ။ KIA ဖမ်းဆီးလို့ လူမသိ သူမသိ သေသွားတဲ့ လူတွေလည်း အများကြီးပါပဲ။ ကျွန်တော် ဇာတိရွာကိုပဲ ပြန်ပါတော့ မယ်။

နောက်ဆုံးပြောချင်တာက KIA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုတွေ ကို ဖော် ထုတ်ပေးကြ ပါ။ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရ တဲ့ လူတွေ လွတ်မြောက်အောင် ကယ်တင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။ KIA ကြောင့် ဘ၀ပျက်ခဲ့ ရသူတွေအတွက် တရားမျှတမှု ယူပေးကြပါလို့ တောင်း ဆိုချင်ပါတယ်ခင်ဗျာ။

လှိုင်ဝင်းထွန်း
Credit >>> Kachin Daily News
ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၂ ဘီလီယံ သတ်မှတ်အတည်ပြု

Photo: ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၂ ဘီလီယံ သတ်မှတ်အတည်ပြု
Wednesday, January 14, 2015 

တရုတ်နှင့် ရေပိုင်နက်နှင့် ပတ်သက်ပြီး ရေရှည်အငြင်းပွားနေရသည့် ဂျပန်နိုင်ငံက ကာကွယ်ရေး အသုံးစရိတ်အဖြစ် ယန်း ၄ ဒသမ ၉၈ ထရီယံ( အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) သုံးစွဲရန်  ဂျပန်အစိုးရက အတည်ပြုလိုက်သည်။

ယခုကာကွယ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့် ဘဏ္ဍနှစ်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးများလာခြင်း ဖြစ်သည်။

နိုင်ငံ၏ ပတ်ဝန်းကျင် အခြေအနေအရပ်ရပ် ပြောင်းလဲမှုများနှင့်အညီ ဘတ်ဂျတ်အသုံးစရိတ်သည် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးသစ်ဖြစ်သူ ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောသည်။

ယင်းကာကွယ်ရေးအသုံးစရိတ်များသည် ကင်းလှည့်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူသွားမည် ဖြစ်သည်။

ထိုပြင် ကုန်းရေနှစ်သွယ်သွားယာဉ် အစီး ၃၀နှင့် သင်္ဘောများနှင့် လေယာဉ် များ ကို ကွာဝေးသည့် နေရာမှပင် ထောက်လှမ်းသိနိုင်သည့် တပ်လှန့် သတိပေးလေယာဉ်တစ်စီးတို့ ကိုလည်း ၀ယ်ယူသွားမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန်နှစ်နိုင်ငံသည် ကျွန်းပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ အငြင်း ပွားလျက်ရှိပြီး နှစ်နိုင်ငံစလုံးက ရေတပ်အင်အားကို တိုးချဲ့ တည်ဆောက် လျက်ရှိနေသည်။ 

BBC
တရုတ်နှင့် ရေပိုင်နက်နှင့် ပတ်သက်ပြီး ရေရှည်အငြင်းပွားနေရသည့် ဂျပန်နိုင်ငံက ကာကွယ်ရေး အသုံး စရိတ်အဖြစ် ယန်း ၄ ဒသမ ၉၈ ထရီယံ( အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) သုံးစွဲရန်  ဂျပန်အစိုးရက အတည်ပြုလိုက်သည်။

ရင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း(၅၀၀) ကျော်ကြောင့် ပြည်သူ သုံးသိန်း နီးပါး အလုပ်အကိုင်ရရှိ

မြန်မာနိုင်ငံတွင်  ဦးသိန်းစိန်  အစိုးရ တာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း (၅၂၇) ခုမှ ပြည်သူ (၂၉၅၀၃၂) ဦးအား အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ရရှိသည်။

ဗဟိုဘဏ်၏ မူဝါဒ ပြောင်းလဲမှသာ ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်

ဗဟိုဘဏ်မှ ကြိုတင် ငွေပေးချေမှု မူဝါဒ ပြောင်းလဲ ကျင့်သုံး မှသာ ပြည်ပသို့  ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။ လက်ရှိ အခြေအနေတွင် လုပ်ငန်းရှင်များ  အနေ ဖြင့် ပြည်ပသို့  ပို့ကုန်များနှင့်  ပတ်သက်ပြီး ပစ္စည်း တင်ပို့မှသာ ငွေထုတ် ယူခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ် နိုင်သည့် အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်မှုများကို ကန့်သတ်မည်မဟုတ်ဟုဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ကြိုတင် မဲဆွယ်စည်းရုံးခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ပိတ်ပင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်

Photo: အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်
Wednesday, January 14, 2015 

ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်ဆန်္ဒထုတ်ဖော်နေစဉ် အတွင်း ဒုတိယပါမောက္ခချုပ်က ကားဖြင့် ဆန္ဒပြ ကျောင်းသား များရှေ့တွင် ပိတ်ရပ်၍ တားမြစ်ခြင်း၊ ဗကသအလံကို လုယူခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆန္ဒပြကျောင်းသားတချို့က ပြောသည်။

နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော် သူကျောက်ဆည် နည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ကိုရဲရင့်ပိုင်မှူးက “ကားရပ်တဲ့ပုံစံက ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ဆန္ဒပြနေတဲ့ရှေ့မှာ ကားကို ၀ရုန်းသုန်းကား ထိုးရပ်ပြီးတော့ ဆင်းလာပြီး အလံကို ဆွဲလုတယ်။ အလံကို မလုပါဘူး လို့ ပြောပေမယ့် လက်က ဇွတ်ကိုယူထားတယ်။ ဆရာတွေကို မေးချင်တာက ကျောင်းသားဘက်က ရပ်မှာလား၊ အစိုးရဘက်က ရပ်မှာလားဆိုတာကို သေချာ မေးချင်ပါတယ်” ဟု ပြောသည်။

ဒု-ပါမောက္ခချုပ်က တားမြစ်ခဲ့သော်လည်း ကျောင်းသားများက နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်းရှိ ကျောင်းပတ်လမ်း တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲသည် နည်းပညာ တက္ကသိုလ်(မန္တလေး)ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက “ကျွန်တော် တို့အနေနဲ့ အခြား ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်တာတွေကို ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေးတန်း တူညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်း၊ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များ ပါဝင်နေသဖြင့် ကျောင်းသားများက ဆန္ဒထုတ်ဖော် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

Mizzima - News in Burmese

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်း အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ

Photo: ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ
Wednesday, January 14, 2015

ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ် က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

တစ်ပတ်တစ်ကြိမ်ထုတ်စာ စောင်တွင်''ရှင်ကျန်ရစ်သူများ၏စာ စောင်''ဟု ခေါင်းစီးတပ်ထားပြီး ဗုဒ္ဓ ဟူးနေ့၌ ထုတ်ဝေသွား မည်ဖြစ်သည်။

ပုံမှာ ခေါင်းပေါင်းဖြူပေါင်းထားသော မိုဟာမက်က ငိုလျက်''Jesuis Charlie'' ဆိုသည့်ဆိုင်းဘုတ်ကို ကိုင်ထား ကာ ''အားလုံးကိုခွင့်လွှတ်ပါ''ဟု ပြော နေပုံဖြစ်သည်။

ဤစာစောင်မှာ ချာလီဟက်ဘ် ဒိုမဂ္ဂဇင်းတိုက်အား ဇန်နဝါရီ ရရက် က သေနတ်သမားနှစ်ဦးဝင်ရောက် တိုက်ခိုက်၍ ၁၂ဦးသေဆုံးပြီးနောက် ပထမဆုံးပြန်လည်ထုတ်ဝေခဲ့သည့် စာစောင်ဖြစ်သည်။

၎င်းတို့က ယခင် အပတ်ထုတ်ဝေခဲ့သည့် မိုဟာမက် ကာတွန်းကို လက်စားချေခြင်းဟု ပြောခဲ့ကြသည်။

မဂ္ဂဇင်းကို စောင်ရေသုံးသန်း ရိုက်နှိပ်မည်ဖြစ်ကြောင်း၊ မူလက စောင်ရေ ၆၀၀ဝထုတ်ခဲ့ကြောင်း၊ ယခုအပတ်သတင်းစာ အရောင်းဌာ နများ၌ တင်သွားမည်ဟု သိရသည်။

ချာလီဟက်ဘ်ဒိုမှာ နိုင်ငံတ ကာ၏ လွတ်လပ်စွာပြောဆိုခွင့်၏ သင်္ကေတဖြစ်လာခဲ့သည်။ ချာလီအ ဖြစ်အပျက်ကြောင့် ပဲရစ်အပါအဝင် ပြင်သစ်မြို့ကြီးများ၌ လူပေါင်းလေး သန်းခန့်ဆန္ဒပြခဲ့ကြသည်။ ပြင်သစ် သမိုင်း၌ အကြီးမားဆုံးဟုဆိုသည်။

ဆန္ဒပြသူများက''ကျွန်တော်ချာလီဖြစ် သည်''ဆိုသည့်''Jesuis Charlie'' ဆို သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ ကြသည်။

လူပေါင်း ၁၀၀၀၀ က ပြင်သစ် နိုင်ငံအရေးကြီးသောနေရာများ၌ အင်္ဂါနေ့တွင် ဆက်လက်ဆန္ဒပြကြဦး မည်ဟု သိရသည်။

Ref : AFP
Democracytoday
ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ်က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

အမေရိကန် CENTCOM ၏ လူမှုရေးမီဒီယာ accounts ကို IS လိုလားသည့် ဟက်ကာများကသိမ်း

Photo: အမေရိကန် CENTCOM ၏ လူမှုရေးမီဒီယာ accounts ကို IS လိုလားသည့် ဟက်ကာများကသိမ်း
Wednesday, January 14, 2015

အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ လူမှုရေးမီဒီယာ account များကို IS စစ်သွေးကြွတို့က ဆိုက်ဘာတိုက် ခိုက်မှုပြုလုပ်သည်။
ဇန်နဝါရီ ၁၂ရက် ၌ တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုတိုက် ခိုက်မှုကို ထောက်ခံသည်ဟု အုပ်စု တစ်စုက ကြေညာသည်။ IS တို့၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေ ရိကန် ဗဟိုစစ်ဌာနချုပ်၏ တွစ်တာ ထုတ်လွှတ်မှုများကို ရပ်ဆိုင်းထား လိုက်ရကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်ဘက်တွင် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။ အမေရိ ကန် ဗဟိုစစ်ဌာနချုပ်၏ လိုဂိုနေရာ တွင် အဖြူရောင်နှင့် အနက်ရောင် ရှိ အလံပေါ်လာသည်။

ထိုအလံတွင် ''ဆိုက်ဘာခါလီဖိတ်'' ဟုရေးထား သည်။ ''IS ကို ကျွန်ုပ်ချစ်သည်'' ဟုလည်း ရေးထားသည်။

သို့ရာတွင် IS တို့၏ ဟက်ပြု လုပ်ခြင်းကို ထိရောက်မှုမရှိအောင် အမေရိကန်စစ်ဘက်က ပြုလုပ်လိုက် သည်။

မည်သည့်ကွန်ပျူတာကွန်ရက် ကိုမျှ စစ်သွေးကြွတို့၏ ဟက်ပြုလုပ် မှုက မထိုးဖောက်နိုင်ကြောင်း၊ အမေ ရိကန်စစ်တပ်၏ လျှို့ဝှက်ချက်ကို လည်း မဖော်ထုတ်နိုင်ကြောင်း အမေ ရိကန်စစ်တပ်က ဆိုသည်။

အဆင့် သတ်မှတ်ထားသော သတင်းများကို တင်ထားကြောင်း၊ ထိုသတင်းများမှာ CENTCOM ၏ ဆာဗာ သို့မဟုတ် လူမှုရေးမီဒီယာဆိုက်မှ တင်ထားခြင်း မဟုတ်ကြောင်း ကျွန်ုပ်တို့၏ ကနဦး အကဲဖြတ်မှုတွင် ဖော်ပြထားသည်ဟု ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ကြေ ညာချက်တစ်စောင်တွင် ဖော်ပြထား သည်။

လူပုဂ္ဂိုလ် မည်သူမည်ဝါဟုဖော် ပြသည့် သတင်းထုတ်လွှင့်မှုများ ပြု လုပ်လာနိုင်ကြောင်း၊ သင့်လျော်သော ဟန့်တားမှု များပြုလုပ်ရန် ပြင်ဆင် ထားသင့်ကြောင်း ဗဟိုစစ်ဌာနချုပ် က ဆိုသည်။

Ref : AFP
Democracytoday
အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ လူမှုရေးမီဒီယာ account များကို IS စစ်သွေးကြွတို့က ဆိုက်ဘာတိုက် ခိုက်မှုပြုလုပ်သည်။ ဇန်နဝါရီ ၁၂ရက် ၌ တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို

Photo: ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို
Wednesday, January 14, 2015

ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအ ဝေးခန်းမ၌ တွေ့ဆုံ ခဲ့ပြီး ယင်းအ စည်း အဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော်အစည်းအဝေးတွင် အတည်ပြု သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ကို အစည်းအဝေးအပြီး ပြည် ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြော သည်။

ယင်းအစည်းအဝေးနှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာ ယက သူရဦးရွှေမန်းကလည်း ''တိုင်း ရင်းသားများနဲ့ အခုလိုတွေ့ ဆုံမှုဟာ တို့နိုင်ငံမှာ လိုလားနေတဲ့ ငြိမ်း ချမ်းရေး အတွက် အများကြီး အထောက်အကူ ပြုပါတယ်။ တို့လိုချင်တာက ငြိမ်းချမ်း ရေး၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးရှိမှရမယ်၊ ဒါ ကြောင့်မို့ တိုင်းရင်း သားရေး ရာဝန် ကြီးများနဲ့ တွေ့ဆုံမှုဟာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အများကြီး အထောက် အကူပြုပါတယ်၊ ငြိမ်းချမ်း ရေးရဖို့လဲ အများ ကြီး အခြေအနေ ကောင်းပါတယ်'' ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

''တိုင်းရင်းသားများ အခွင့်အ ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ရေးဥပဒေကို အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖို့ သေချာသလောက်ရှိနေပါပြီ၊ ဘာဖြစ်လို့ လဲဆိုရင် အမျိုးသား လွှတ်တော်က လဲ လွှတ်တော်ရဲ့ သဘောထားမှတ် ချက် အတည်ပြုချက်တွေနဲ့ ပြည်သူ့ လွှတ်တော်ကိုပြန်ပို့ပြီ၊ ပြည်သူ့လွှတ် တော်က အဲဒီဟာကို ပြန်လည်စိစစ် မယ်၊ ဆွေးနွေးမယ်၊ အတည်ပြု ချက် ယူပြီးရင် ပြည်ထောင်စုလွှတ်တော် ကိုပို့မယ်၊ တကယ်လို့များ လွှတ်တော် နှစ်ရပ်က သဘောထားမကွဲဘူးဆို ရင်တော့ သမ္မတ ဆီပို့ဖို့ဖြစ်ပါ တယ်  သမ္မတကတော့ သူလက်ခံ ရတာနဲ့ ၁၄ရက်အတွင်း သဘောထားမှတ် ချက်ပေးလာနိုင်တယ်၊ သမ္မတက တ ကယ် လို့သဘောတူတယ်ဆိုရင် သမ္မ တက လက်မှတ်ထိုးပြီး ဥပဒေတစ် ရပ်ဖြစ်ပေါ်လာမယ်၊ အဲဒီဥပဒေ အတည်ပြုပြီးရင် မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် အများကြီး အထောက်အကူပြုနိုင်တယ်၊ ဘာဖြစ် လို့လဲဆိုရင် လွန်ခဲ့တဲ့အချိန်က မိမိတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခုရှိခဲ့ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားပေ မယ့်လို့ ဒီဟာကစာအုပ်ထဲမှာသာရှိ တယ်။ လက်တွေ့အကောင်အထည် ဖော်မယ့် နေရာမှာ လက်ဆုပ်လက် ကိုင် ဥပဒေမရှိတဲ့အတွက် သံသယ စိတ်တွေက အမြဲတမ်းဝင်နေတယ် ဒါတွေကို ပျောက်ပြယ်သွားပြီဆိုရင် တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးတွေကော အကုန်လုံးအထောက် ကူပြုသွားနိုင်တာပေါ့'' ဟု ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ်က ယင်းအစည်းအဝေး ခေတ္တနား ချိန် တွင် သတင်းထောက်များကို ပြော သည်။

''ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား များရဲ့ ဒစ်ပနေးရှင်းလိုဟာမျိုးရယ် ဒီဥပဒေမှာပါတဲ့ အချက်အလက် တွေကို နိုင်ငံရေးအရအသုံးမပြုရလို့ ဆိုလိုတာပေါ့၊ တကယ်နိုင်ငံရေးလို့ ဆိုရာမှာ နိုင်ငံရေးဆို တာ ကျယ်ပြန့် တယ်၊ ပါတီနိုင်ငံရေးဆိုရင်ပါတီ နိုင်ငံရေးစသဖြင့် အကြံပြု တာတွေ အများစုကတော့ အားလုံး ၂၉ဦးစလုံး ကျေနပ်ကြပါတယ်၊ ဒီတွေ့ဆုံပွဲမှာ တိုင်းနှင့်ပြည်နယ်တိုင်းရင်းသားရေး ရာဝန် ကြီး အားလုံး တက်ပါတယ်''ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး  ဦးစောလှထွန်း က ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီဦးဇော်အေးမောင်က ''ဒီ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ် တော်မှာ ဆွေးနွေးတုန်း ကလဲခေါ် တွေ့တယ်၊ အမျိုးသားလွှတ်တော်က လဲ ကျွန်တော့်ကိုခေါ် တယ် ၊ ခေါ်ပြီး မေးတယ်၊ ကျွန်တော်တို့ကလဲ အကြံ ပေးတယ်၊ အခုအဲဒါတွေ အားလုံးပါ ဝင်ပြီးတော့ အခုပြည်သူ့လွှတ်တော် မှာရောက် လာပြီ ၊ ပြည်သူ့လွှတ်တော် ကနေ ပြည်ထောင်စုလွှတ်တော်တင် ပြီးတော့ အတည်ပြုပြီးတော့ ဒီဥပဒေ ကြမ်းကို အမြန်ဆုံးပြဋ္ဌဌာန်းမယ် လို့ သိရတယ်၊ အခုလိုတွေ့ဆုံဆွေးနွေး တာ အားလုံး ကောင်းပါတယ်၊ အခု လိုများများတွေ့ဆုံလေကောင်းလေပါပဲ''ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။    

MP
Democracytoday

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP
ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP 
ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော် အစည်း အဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ကို အစည်းအဝေးအပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြောသည်။

မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍ ၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ

Photo: မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍
၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ
Wednesday, January 14, 2015

အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထား
သည့် ဘီယာများသောက်သုံးမိသဖြင့်သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့်
ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။ မိုဇမ်ဘစ်နိုင်ငံအ
ရှေ့မြောက်ပိုင်း တီတီပြည်နယ်ချီတီမာနှင့်ဆွန်ဂိုခရိုင်များမှဒေသခံများ တက်
ရောက်ခဲ့ကြသည့် ဈာပနပွဲအခမ်းအနား၌တည်ခင်းဧည့်ခံခဲ့သည့်ပွမ်ဘီဟုခေါ်
သောမိုဇမ်ဘစ်ရိုးရာ ချက်ဘီယာထဲတွင်အဆိပ်ပါဝင်နေခဲ့ခြင်းဖြစ်နိုင်ကြောင်း
ခရိုင်ကျန်းမာရေးဌာန၏ညွှန်ကြားရေးမှူးကာလီမော့စ်ကဆိုသည်။ ဘီယာထဲတွင်
မိကျောင်းသည်းခြေအဆိပ်များ ပါဝင်နေသည်ဟု ယာယီယူဆထားပြီး ဘီယာန
မူနာများနှင့်သွေးနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန်မိုဇမ်ဘစ်၏ မြို့တော်
မာပူတိုသို့ပို့ဆောင်ထားကြောင်း ကာလီမော့စ်ကဆိုသည်။
ဈာပနပွဲကျင်းပခဲ့သည့် ဇန်န၀ါရီလ၁၁ရက် မနက်စောပိုင်းအချိန်တွင်
ဈာပနပွဲလာဧည့်သည်အများအပြားကိုဘီယာတိုက်၍ ဧည့်ခံခဲ့ပြီး ဈာပနပွဲပြီးဆုံး
၍ မွန်းလွဲပိုင်းရောက်သည့်အခါတွင်မှဘီယာသောက်ခဲ့သူများ အဆိပ်သင့်လက္ခ
ဏာများဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။
ဈာပနပွဲအတွက်ဘီယာချက်သည့်အမျိုးသမီးမှာလည်း ဘီယာမြည်းစမ်းသောက်
သုံးခဲ့ပြီး အဆိပ်သင့်သေဆုံးသူများစာရင်းတွင်ပါဝင်ခဲ့ရသည်။ ဘီယာချက်သူ အမျိုး
သမီးမှာအာဖရိက၏နာမည်ကျော်မိကျောင်းသည်းခြေတံဆိပ်အဆိပ်ကိုအခြားဘီယာချက်ပါဝင်ပစ္စည်းများဖြင့်မှားယွင်းထည့်ချက်မိခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ဒေသများ၌ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးမှုစတင်နေပြီး ဈာပနပွဲမှကမ်းလိုက်သောစားသောက် ဖွယ်ရာများ ကိုစစ်ဆေးရန်ဒေသခံကျန်းမာရေးအဖွဲ့များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံသိမ်းယူစုဆောင်းနေကြောင်းမိုဇမ်ဘစ်သတင်းများတွင် ဖော်ပြခဲ့ကြသည်။

Pyimyanmar
အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထားသည့် ဘီယာများသောက်သုံးမိ သဖြင့် သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့် ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။

မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ

Photo: မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ
Wednesday, January 14, 2015

မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေ သည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာများကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။

လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ၎င်းတို့ကို အဆိုပါစီမံကိန်း၏ ရှစ်ခန်းတွဲ လေးထပ်နှင့် လေးခန်း တွဲ လေးထပ်တို့ကို ရောင်းချပေးသွားမည် ဖြစ်သည်။ ၀ယ်ယူ ထားသည့် လျှောက်လွှာများကို ဇန်န၀ါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း တိုက်ခန်း ၀ယ်ယူခွင့်ရရှိရန် ပြန်လည်တင်ပြရမည် ဖြစ်သည်။ ထိုတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို သုံးနေရာခွဲ ရောင်းချပေးလျက် ရှိသည်။

အငြိမ်းစားဝန်ထမ်းများ လျှောက်ထားပါက လျှောက်ထားသူသည် မန္တလေးခရိုင် အတွင်းနေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ၊ အငြိမ်းစားပင်စင်စာအုပ်ကို တင်ပြ ရမည်ဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင် နေသူလုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းများကမူ ၀န်ထမ်းကတ်၊ လုပ်သက်ထောက်ခံစာများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး မသန်စွမ်းသူများကမူ တိုင်းပြည် တာဝန်ထမ်းဆောင်စဉ် ကိုယ်အင်္ဂါစွန့်ခဲ့ သူများ လျှောက်ထားနိုင်သည်ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများကို လက်ငင်း ငွေချေစနစ်သို့မဟုတ် ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူပါက လျှောက်ထားသူ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားများ တင်ပြလျှောက်ထားနိုင်သည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ် တစ်ဦးက “အဘတို့မှာ အိုးပိုင်အိမ်ပိုင်နေရဖို့ ဒီတစ်သက် အိပ်မက်တောင်မမက်ဖူးဘူး။ လက်ထဲမှာ ငွေရှိလို့ လာလျှောက်တာတော့ မဟုတ်ဘူး။ အဘတို့အနေနဲ့ကတော့ မှန်မှန်ကန်ကန်လေး လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

တပ်မတော်သား တစ်ဦးကလည်း “ဖြစ်ရင်တော့ အလကား ပေးစေချင်တာပေါ့ဗျာ။ ကျွန်တော်တို့က တိုင်းပြည်အတွက် အသက်ပေးပြီး ကိုယ်အင်္ဂါ စွန့်ခဲ့ရသူတွေဆိုတော့ တပ်ကထွက်ချိန်မှာ ဘာမှလက်ထဲမရှိဘူး။ကြုံသလိုပဲ နေနေရတယ်။ အခု အဲဒီဘ၀က ကျွတ်ပြီလို့ ထင်တယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်မယ်” ဟု ပြော သည်။

အဆိုပါ တိုက်ခန်းများကို မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ လျှောက်ထားခွင့်ရှိကြောင်း၊ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ် အတွင်း တိုက်ခန်းများကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်၍ တိုက်ခန်းများ ပြန်လည်ရောင်းချလိုပါက စည်ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ရှိသည်ဟု စည်းကမ်းချက်များ သတ်မှတ်ထားသည်။

စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “ဒီလိုတွေ သတ်မှတ်ရတာကတော့ ဝယ်ယူပြီး ဈေးကစားလိုက်ရင် အိမ်ရာဈေးနှုန်းတွေ မြင့်မားလာမှာမို့ ကာကွယ်တဲ့ သဘောပါ။ အဲလို ရောင်းချတာ၊ လွှဲပြောင်းတာတွေ လုပ်တာကို စစ်ဆေးတွေ့ရှိရင်တော့ တိုက်ခန်းကို ပြန်သိမ်းပြီး အရေးယူသွားမယ်” ဟု ပြောသည်။

Mizzima - News in Burmese 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။

လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်

Photo: လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်
Wednesday, January 14, 2015

၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း
သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု
သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုအတွက် မိသားစုဝင်များက ဇန်နဝါရီ ၃ ရက်က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ခဲ့ရာ၌ အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်းက အကြောင်းပြန်သည့်အတွက် အထက်ပါအတိုင်း စီစဉ်ခြင်းဖြစ်သည်။

ဒေါ်ခင်ဝင်း၏ သမီးအကြီးဖြစ်သူ မ၀င်းခိုင်က “ကျွန်မတို့ကတော့ ဥပဒေရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ ရှေ့ ဆက်တိုးဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်း၏ အကြောင်းပြန်စာတွင် လူ့အခွင့်အရေးကော်မရှင်နှင့် ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် စစ်ကိုင်းတိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖြေထွက်မလာသေးခြင်းကြောင့် ဖြစ်သည် ဟု ဒေါ်ခင်ဝင်း၏ မောင်နှမဝမ်းကွဲ တော်စပ်သူ ဦးဝင်းကျော်က ပြောသည်။

၎င်းက “နားလည်တဲ့ ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ မိသားစုတွေကလည်း ဥပဒေ အကြောင်း နားမလည်ကြဘူး” ဟု ဆိုသည်။

ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးချိုး ဖောက်မှု ရှိ၊ မရှိ ယခုလဆန်းပိုင်းက ကွင်းဆင်းစစ်ဆေးထားပြီး ဇန်န၀ါရီ ၁၃ ရက် သို့မဟုတ် ၁၄ ရက် တွင် သတင်းထုတ်ပြန်သွားမည်ဟု ကော်မရှင်၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးစစ်မြိုင်က မဇ္ဈိမကို တယ်လီဖုန်းမှ တစ် ဆင့် ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းက အမှုယာယီ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး ရှေ့နေများကွန်ရက်မှ ရှေ့နေတစ်ဦးဖြစ်သည့် ကိုစောကျော်ကျော်မင်း က “အမှုကို ယာယီရပ်ဆိုင်းတယ်ဆိုတာထက်စာရင် ရဲစခန်းက ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးသင့်တယ်။ ဖြစ်လာတဲ့ အခြေအနေကို ပွင့်လင်းလွတ်လပ်စွာနဲ့ ထုတ်ဖော် ပေးသင့်တယ်”ဟု ပြောသည်။

Mizzima - News in Burmese 

လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံများက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံ များက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ကျွမ်းမှု ၉၁သိန်းကျော် ဆုံးရှုံး

Photo: ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ကျွမ်းမှု ၉၁သိန်းကျော် ဆုံးရှုံး
Wednesday, January 14, 2015

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မ စားသောက်ဆိုင်မှ စတင်သည့် မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ ကာလတန်းဖိုး ၉၁ သိန်းကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ည ၁၁ နာရီ မခွဲခင်လောက်က စလောင်ပါတယ်။ မီးလောင်တဲ့အချိန် လေတွေလည်း တအားကြမ်းတယ်” ဟု သီရိနန္ဒာရပ်ကွက်၊ အရန် မီးသတ်တပ်ဖွဲ့မှ ဦးစီး (ပြန်/ဆက်) ဦးညာက ပြောသည်။

မီးလောင်းကျွမ်းမှုကြောင့် ဆိုင်ရှင် ဦးထင်ကျော် နေထိုင်သည့် (၂၀x၄၀) ပေ သွပ်မိုး အုတ်ညှပ် နှစ်ထပ်တိုက် (၁) လုံး၊ အလျား (၁၅၀x၅၀) ပေ  သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း စားသောက်ဆိုင်ခန်းကြီး (၁) လုံး၊ ဆိုင်ရှေ့ ရပ်ထားသည့် တိုယိုတာ ဖိုးဝီး (၂) ခန်းတွဲ အဖြူရောင် မော်တော်ကား (၁) စီး လောင်ကျွမ်းပျက်စီးပြီး ကာလတန်ဖိုး (၉၁၂၅၀၀၀ိ/-) ရှိသည်ဟု ရဲမှတ်တမ်းက ဆိုသည်။ သို့သော် မျက်မြင်များကမူ သိန်းတစ်ထောင်ဖိုးခန့် ဆုံးရှုံးမှု ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

“မီးစလောင်တာကို သိသိချင်း ကားပိုင်ရှင်က စက်နှိုးပေမဲ့ နှိုးမရဘူး။ အနီးက လူတွေက ကူညီပြီး ဝိုင်းတွန်းပေးတယ်။ ဒါပေမဲ့ အပူဒဏ်ကို မခံနိုင်လို့ လက်လွှတ်လိုက်ရတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

မီးလောင်သည့် နေရာသည် ရတနာ စက်သုံးဆီ အရောင်းဆိုင်ကြီး၏ လမ်းတဖက်တချက် ပေ ၄၀ ခန့်သာ ကွာဝေးသော်လည်း ဆီဆိုင်သည် လေညာဘက်တွင် တည်ရှိခြင်း၊ လေအောက်ဘက်တွင် အဏ္ဏဝါချောင်း (ကွမ်တိုးချောင်း) နှင့် ဓနိတောတစ်ခု ခြားနေခြင်းတို့ ပတ်ဝန်းကျင်သို့ ကူးစက်သွားနိုင်ခြင်း မရှိခဲ့ကြောင်း ဦးညာ က ပြောသည်။

စားဖိုဆောင်မှ စတင်လောင်ကျွမ်းသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြပြီး၊ အရန်မီးသတ် ၃၀၊ မီးသတ်ကား ၃ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာမှ နံနက် ၂ နာရီဝန်းကျင်တွင် မီးစွယ်ကျိုးသွားခဲ့သည်။

ယင်းလောင်းကျွမ်းမှုနှင့် ပတ်သက်၍ စားသောက်ဆိုင် ပိုင်ရှင် ဦးထင်ကျော် အား ဒုရဲအုပ် ဇော်မင်းထွန်းမှ တရားလို ပြုကာ ရေးမြို့နယ် ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဆက်သုံးဆီ သိုလှောင်ရုံနှင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတို့၌ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု သိန်းထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။

Mizzima - News in Burmese  

ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မစားသောက်ဆိုင်မှ စတင်သည့် မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ ကာလတန်းဖိုး ၉၁ သိန်း ကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရမိ

မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရ မိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ အမှုဖွင့်ပြီး စစ်ဆေး နေတယ်။ မနေ့ ကတည်းက အမှုဖွင့် ထားတာ။ ဒီအမှုက ၂၀၁၅ အတွက် အောင်မြေသာစံရဲ့ ပထမဆုံး မူးယစ်ဆေးဝါးမှု ဖြစ်တယ် ဟု အောင်မြေသာစံ ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် မျိုးဦးမှ ပြောပြသည်။

အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း

Photo: အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း
Wednesday, January 14, 2015

လွှတ်တော် ထဲတွင် အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင် နိုင်မည်ဟု ယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်၍ လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်း ခဲ့ကြောင်း ဆရာတော် ဦးဝီရသူ က တိုက်တွန်း ခဲ့ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။ ယခုလ (၁၂) ရက်နေ့တွင် ဦးဝီရသူနှင့် ဦးကိုကိုကြီး တို့သည် ရန်ကုန်မြို့၌ သီးသန့် တွေဆုံခဲ့ပြီး အမျိုးသားရေးနှင့် ပတ်သက်သော ကိစ္စရပ် များအား ဆွေးနွေးခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း သိရသည်။ အဓိက ကတော့ အမျိုးသားရေးကို အခြေခံတဲ့ အမြင် နှစ်မျိုး ပါပဲ။ ကိုကိုကြီးရဲ့ အမြင် ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ တင်းမာမှုတွေ လျှော့ချပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြတ်သန်း နိုင်ဖို့ ဒါက သူ့အမြင်နော်၊ ဦးပ္တွင်း ကျတော့  ပြုပြင် ပြောင်းလဲရေး   အပေါ်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ ဒါကို ဆွေးနွေးတယ်။ သဘော တူညီချက်လည်း ရပါတယ်။

ပုဂ်္ဂိုလ်ရေး အရ သီးခြား တွေ့ဆုံတဲ့ သဘောပါ။ ဦးပ္တွင်း ကတော့ အမျိုးသားရေးမှာ သူ့လို ပုဂ်္ဂိုလ်မျိုးကို အားရတယ်။ ဒီလို ပုဂ်္ဂိုလ်မျိုး လွှတ်တော်ထဲ ရောက်ရင် အားကိုးရ တာပေါ့။ ၂၀၁၅ မှာ သူ့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င်ဖို့  တိုက်တွန်း ခဲ့တယ် ဟု ဦးဝီရသူက မိန့်ကြား သည်။ ဦးကိုကိုကြီးသည် ရိုဟင်ဂျာ အရေးတွင်-၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း တစ်ဖွဲ့လုံးတွင် အပြတ်သားဆုံး ပုဂ်္ဂိုလ် ဖြစ်သည့် အတွက် အားရကြောင်း၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ပါဝင် ခဲ့သည့် ဦးကိုကိုကြီး၏ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ချက် များကို  အားရ ကြောင်း၊   ဦးကိုကိုကြီး လွှတ်တော်ထဲ ရောက်သည့် အချိန်တွင် လိုအပ်ချက်များ အတွက်  အားကိုးရနိုင်ကြောင်း ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။

သူကတော့ ပြောပါတယ်၊ အခြားသူ တွေလည်း ဒီလိုပဲ သူ့ကို တိုက်တွန်း တယ်တဲ့။ သူကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကတိတော့ ပေးမသွားဘူး ဟု ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။ ၎င်းအနေ ဖြင့်လည်း လွှတ်တော် နိုင်ငံရေး လုပ်မည်ဟု ဦးကိုကိုကြီးက မီဒီယာ များကို ပြောကြား ထားသည်။ လက်ရှိ အချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)သည် အမျိုးသားရေးနှင့် ပတ်သက်မှု များကို လှုပ်ရှားနေသော အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။

The Messenger News Journal
လွှတ်တော်ထဲတွင် အမျိုးသားရေးနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟုယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်းခဲ့ကြောင်း ဆရာတော် ဦးဝီရသူက တိုက်တွန်းခဲ့ ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နှင့် ဒါရိုက်တာအား အမှုဖွင့်ထား သော်လည်း စစ်ဆေးမှု မရှိသေး

ဇန်န၀ါရီလ (၁) ရက်နေ့က တော်ဝင် နှင်းဆီ Health News  အထူးကု ပိုင်ရှင်နှင့် ဒါရိုက်တာအား လုပ်ငန်း လိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက်မှု၊ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်း လိုင်စင် လွှဲပြောင်းမှု များဖြင့် အမှုဖွင့်ထား သော်လည်း (၁၀) ရက်ကျော် ကြာမြင့်ချိန် အထိ စစ်ဆေးမှု မရှိသေးကြောင်း သိရ သည်။

လမ်းဘေး ကျူးကျော်ဆိုင်များ တစ်ပတ် အတွင်း ဖယ်ရှားမည်

မုံရွာမြို့ရှိ ယာဉ်သွား ယာဉ်လာ ရှုပ်ထွေးမှု အများဆုံး ဖြစ်သည့် ဗိုလ်ချုပ် ကြေးရုပ်နှင့် ဘူတာသို့ ဆက် သွယ် ထားသည့် ဘူတာရုံ လမ်းမကြီး ပေါ်ရှိ ကျူးကျော် ဈေးဆိုင်ခန်း များအား တစ်ပတ် အတွင်း ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ထံမှ သိရသည်။