Thursday, 8 January 2015

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၂၅၀၀ ကို လက်မှတ်အတုဖြင့် လိမ်လည် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို အမှုဖွင့်

မန္တလေးမြို့တော်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်ခွဲ(၅)မှ ငွေကျပ်သိန်း ၂၅၀၀ ကို ချက်လက်မှတ် ဖြင့် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို ဇန်နဝါရီလ ၆ ရက်နေ့က ချမ်းအေးသာစံမြို့မရဲတပ်ဖွဲ့စခန်း တွင် အမှုဖွင့်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။

လေပွေလှိုင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

အရှေ့ရပ်က လေဝှေ့လှိုင်းများ ရွေ့လာသောကြောင့် ဇန်နဝါရီ ၈ ရက်မှစတင်ကာ သုံးရက်ဆက်တိုက် အချိန်အခါမဟုတ် မိုးရွားသွားနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)စည်းရုံးရေးစတင်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ယင်းတို့ဝင်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စည်းရုံး ရေးလုပ် ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ၏ အဓိကဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ ပုံစံပြောင်း လဲလာနိုင်ဟု ကော်မတီ တွင် ပါဝင်သူများဆို

အသစ်ဖွဲ့ စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ၏ အဓိကဆောင်ရွက်ရမည့် လုပ် ငန်း စဉ်များကို ကော်မတီအစည်းအဝေးပြုလုပ်မှသာ သိရှိရမည်ဖြစ်ပြီး ယခင်ကော်မတီနှင့် မတူညီဘဲ ဆောင်ရွက်မှုပုံစံပြောင်းလဲနိုင်ကြောင်း ကော်မတီဝင်များက ဇန်နဝါရီ ရရက်ကပြောသည်။

၂၀၁၄ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ်ဖြစ်ပွား ရှို့မီး ၂၂ ကြိမ်ပါဝင်

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်တွင် မီးလောင်ကျွမ်းမှု ၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှို့မီး ၂၂ ကြိမ်နှင့် တောမီးလောင်ခြင်း ခြောက်ကြိမ်ပါဝင်သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၉၂,၉၉၈,၃၀၀ (သိန်း ၂,၀၀၀ ခန့်) ရှိသည်။

ခေါင်းဖြတ်သတ်ခြင်းကိုဦးဆောင်သည့် IS ခါင်းဆောင်ခေါင်းဖြတ်သတ် ခံရပြီး သေဆုံး

Photo: ခေါင်းဖြတ်သတ်ခြင်းကိုဦးဆောင်သည့် IS ခါင်းဆောင်ခေါင်းဖြတ်သတ် ခံရပြီး သေဆုံး
Thursday, January 8, 2015

IS အဖွဲ့၏ ရဲတပ်ဖွဲ့ဟု ၎င်းဘာသာ ကြေညာထားသည့်အဖွဲ့မှ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဆီးရီးယားအရှေ့ပိုင်းတွင် ခေါင်းဖြတ်သတ်ခံရကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

ထိုအဖွဲ့သည် ဖမ်းဆီးခံထားရသူများကို ခေါင်းဖြတ်သတ်ရာတွင် တာဝန်ယူထား သည့်အဖွဲ့ဖြစ်သည်။ ခေါင်းတခြား၊ ကိုယ်တခြားဖြစ်နေသည့် အလောင်းက ဒဏ် ရာဒဏ်ချက်များဖြင့် ပြည့်နေသည်။ ပါးစပ်တွင်မူ စီးကရက်တစ်လိပ်ခဲထားသည် ကို တွေ့ရကြောင်း၊ ထို့ ပြင် ““ဒီလုပ်ရပ်က လုံးဝလက်ခံနိုင်စရာမရှိတဲ့
လုပ်ရပ်ပဲ””ဟု ရေးသားထားသည့် စာတိုကိုလည်း ၎င်း ခေါင်းတွင်ကပ်ထားသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

IS တို့ လက်အောက်တွင်ကျ ရောက် နေသည့် ဆီးရီးယားအရပ်ဒေသ အချို့မှ ဒေသခံများက IS တို့သည် ၎င်းတို့အုပ် ချုပ်ရာနယ်မြေတွင် လူအများရှေ့၌ ဆေးလိပ်မသောက်ရဟု တားမြစ်ထားသည်ဟု ပြောပြသည်။
ထိုသို့ အသေဆိုးဖြင့် သေဆုံးသွားရသည်မှာ IS တို့ လက်ချက်လော၊ ဒေသခံတို့လက်ချက်လော သို့မဟုတ် အခြားသော တိုက်ခိုက်ရေးသမားများ၏ လက်ချက်လောဆိုသည်ကို တိတိကျကျ မသိရဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ IS အစွန်းရောက်တို့သည် ၎င်းတို့အဖွဲ့ဝင်ချင်းကိုလည်း စည်းကမ်း ချိုးဖောက်မှုဖြင့် သတ်ဖြတ်လေ့ရှိသည်။

Pyimyanmar
IS အဖွဲ့၏ ရဲတပ်ဖွဲ့ဟု ၎င်းဘာသာ ကြေညာထားသည့်အဖွဲ့မှ ထိပ်တန်းခေါင်း ဆောင်တစ်ဦး ဆီးရီးယား အရှေ့ပိုင်းတွင် ခေါင်းဖြတ်သတ်ခံရကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်

Photo: ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်
Thursday, January 8, 2015

ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒဏ်ကြေးကောက်ခံမှု ပုံစံဟောင်းကို လာမည့်ဖေဖော်ဝါရီ ၁ ရက်၌ စတင် မည်ဖြစ်ပြီး ရုံးပိတ်ရက်များကိုပါ ထည့်သွင်း၍ ကြာမြင့်ရက်အလိုက် ကောက်ခံမည်ဖြစ်သည်။

၎င်းဒဏ်ကြေးကောက်ခံမှု စနစ်ဟောင်းသည် ဆိပ်ကမ်းမှထုတ်ယူပြီး ခွင့်ပြုသတ်မှတ်ရက်မှ ကျော်လွန်သည့် ရက်များအတွက် တစ်ရက်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ကြေး ကောက်ယူခြင်းဖြစ်သည်။ အဆိုပါ ဒဏ်ကြေးစနစ်ဖြင့် ကောက်ခံခြင်းကိုလည်း ယခု ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်မှ စတင် သွားမည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခု ကျင့်သုံးသည့် စနစ်ဟောင်းကို ယခင်ကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၎င်းစနစ်ကို ကားတင်သွင်းသူများ၏ ဝင်းဝန်း အဆိုပြုတောင်းခံ ချက်အရ ရက်မည်မျှ ကျော်လွန်သည်ဖြစ်စေ ဒဏ်ငွေ ကျပ်တစ်သိန်းသာ ပေးဆောင်ရန် ကညနက လျှော့ပေါ့ ခဲ့ခြင်း ဖြစ်သည်။

ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “ဒီစနစ်က ရှိခဲ့ဖူးပြီး သားဖြစ်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အခု ပြန်ပြီးကောက်မယ်ဆိုတော့ တင်းကျပ်လိုက်တယ်လို့ ပြောရမှာပေါ့။ အဲဒီစနစ်က တစ်ဦးချင်း ဝယ်ရောင်းသမားတချို့ကိုတော့ နစ်နာစေတယ်။ မိသားစုစီးဖို့ ကိုယ်တိုင် ဂျပန်က လေလံဆွဲပြီး သွင်းတဲ့သူနဲ့ အရောင်းစင်တာတွေ အတွက်ကတော့ မထိခိုက်ပါဘူး” ဟု ပြောသည်။

ရန်ကုန်ကားဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် လက်ခံမှုပုံစံသည် နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအားနည်းပါးခြင်း ဖြစ်သည်။ ဝယ်ယူသူ အများစုသည် နံပါတ်ထုတ်ထားခြင်းမရှိသော ကားများကိုသာ ဝယ်ယူကာ နောက်ဆုံးရောက်ရှိသော နံပါတ်များကို ရယူလိုခြင်း ဖြစ်သည်။

“မှတ်ပုံတင်လိုက်လို့ နံပါတ်ကျပြီးတော့မှ ၀ယ်သူကိုစောင့်ရင် ကြာတာနဲ့အမျှ ဈေး ကျသွားတယ်။ အခြေ အနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းလောက်အထိ ဈေးကျသွားတယ်။ အဲဒါကြောင့် ဈေးကျတဲ့ ဒဏ်ကို မခံနိုင်ကြလို့ ဒဏ်ကြေးပေးဆောင်ပြီး မထားချင်ဘဲ ထားနေရတယ်””ဟု ၎င်းင်းက ရှင်းပြသည်။

ဒဏ်ကြေးစနစ်ပါ စည်းကမ်းချက်အရ တစ်ဦးချင်းနှင့် အိုဟောင်းပါမစ်ဖြင့် တင် သွင်းသည့်ကားများအတွက် အကောက်ခွန် ဦးစီးဌာန၏ ဆိပ်ကမ်းက ထုတ်ယူပြီးကြောင်း ဖော်ပြချက် (Custom Statement) စာရွက် စာတမ်းပါ သတ်မှတ်ရက် ၂၀ အတွင်းကို မူသေရက်အဖြစ် သတ်မှတ်ထားသည်။

ကားအရောင်းစင်တာများကိုမူ ပြခန်း တွင်ထားရှိသော ကြာမြင့်ရက်အတိုင်း ဒဏ် ကြေးပေးရခြင်းမရှိဘဲ မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီက ထုတ်ပေး သော ၀ယ်ယူခွင့်လက်မှတ်ပါ ခုနစ်ရက် ကျော်လွန်မှသာ ဒဏ်ငွေ ကျပ် ၃,၀၀၀ ပေးဆောင်ရခြင်း ဖြစ်သည်။

သီရိမင်္ဂလာဈေးဟောင်း ကားပွဲတန်းမှ ၀ယ်ရောင်း ဦးကျော်နိုင်က “ဆိပ်ကမ်းထုတ်ကားကို နံပါတ်ယူပြီး ဈေးအကျခံမလား၊ ရက်လွန်ဒဏ်ကြေး တစ်ရက် ကျပ် ၃,၀၀၀ ပေးပြီး လက်ထဲဆက်ကိုင် ထားမလား၊ ဒါပဲ ရှိတယ်။ အရောင်းစင်တာ ပါမစ်ဝယ်ပြီး သွင်းတဲ့သူတွေကတော့ အားသာတာပေါ့။

အရောင်းအ၀ယ် တည့်ပြီးမှ ကားအရောင်း စင်တာကိုသွားပြီး ၀ယ်ယူခွင့်လက်မှတ် လျှောက်ခိုင်းလို့ရတော့ ဒဏ်ကြေး မပေးရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ကားတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကြောင့် ကားအရောင်းစင်တာ အချို့က အရောင်းစင်တာ ပါမစ်များကို ပြန်လည်ရောင်းချမှု များရှိနေပြီး ပါမစ် တစ်စောင်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးပေါက်နေသည်။

Mizzima - News in Burmese 

ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင်တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) 
ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို

Photo: YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို
Thursday, January 8, 2015

 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူပိုင်ခွင့်မရှိကြောင်း သတင်းရရှိသည်။

ကော်မတီအဆင့်တာဝန် ထမ်းဆောင်ခွင့်ရရှိထားသော ရွေးကောက်ခံများကို နိုင်ငံဝန်ထမ်းအ ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းတို့အတွက် ပင်စင်ခံစားခွင့် ပေးရန် သဲကွဲစွာ ထုတ်ဖော်ပြော ကြားထားခြင်းမရှိဟု YCDC ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

‘‘နိုင်ငံ့ဝန်ထမ်းလို့ သတ်မှတ် ရင် ပင်စင်ရှိရမှာပေါ့။ ပင်စင်ခံစားခွင့်ပေးဖို့ ဥပဒေမှာလည်း မပါဘူး။ဒါပေမဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ်တော့ သူတို့သတ်မှတ်ထားတယ်’’  ဟု ဦးခင်လှိုင်က ပြောသည်။

ထို့အတူ ရွေးကောက်ခံ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင် မောင်တင့်ကလည်း ၎င်းတို့အနေ ဖြင့် သတ်မှတ်လစာသာ ခံစားခွင့် ရှိပြီး ပင်စင်ခံစားရယူပိုင်ခွင့်မရှိဟု သိထားကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စည်ပင်ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၅ ဦးအနိုင်ရရှိပြီး သက်ဆိုင်ရာ ဌာနများတွင် ဇန်န၀ါရီ ၇ ရက်မှ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဗဟိုကော်မတီအဆင့်မှ မြို့ နယ်အဆင့်အထိ တာဝန်ထမ်း ဆောင်သူများသည် လစာကျပ် သုံးသိန်းမှ ကျပ်တစ်သိန်းဝန်းကျင် အထိရရှိမည်ဖြစ်ပြီး အခြားခံစား ခွင့်များ ထပ်မံပေးထားခြင်းမရှိဟု ဆိုသည်။

သို့သော်လည်း ယခင်တာ ၀န်ယူထားခဲ့သည့် စည်ပင်သာ ယာရေးဝန်ထမ်းများမှာ သက် တမ်းကာလပြီးဆုံးပါက ပင်စင်ရ ယူခံစားခွင့်ရှိသည်ဟု သိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေတောင် သက်တမ်းကုန်ဆုံး ရင် ပင်စင်ခံစားခွင့်ရှိကြသေးတာ ပဲ။ အခုလူထုရွေးချယ်ခဲ့တဲ့ ကိုယ် စားလှယ်တွေကိုလည်း ပေးသင့် တယ်ထင်တယ်’’ဟု စည်ပင်ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူ ဦးမြင့်ထွန်းက ပြောသည်။

ယခုတာဝန်ထမ်းဆောင်နေ သော ရွေးကောက်ခံကော်မတီဝင်များမှာ သက်တမ်းကာလတစ်နှစ် သာ တာဝန်ထမ်းဆောင်ချိန်ရှိသ ဖြင့် ပင်စင်ခံစားခွင့်ရရှိရန် ခက်ခဲ နေသည့် သဘောလည်း သက် ရောက်နေသည်ဟု YCDC အငြိမ်း စားဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

7Day DAILY

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း) 
 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူ ပိုင် ခွင့် မရှိကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို

Photo: တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို
Thursday, January 8, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာ မည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ ၏ တောင်းဆိုချက် များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင် သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက် တွင် ပြောလိုက်သည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေး ထိုးရန် နေပြည်တော်တွင်ပြုလုပ် သည့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက် လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်တွင် တိုက်တွန်းခဲ့ မှု အပေါ် ကေအိုင်အိုက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ပြည်ထောင်စုနေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန် ဖြစ် နိုင်၊ မဖြစ်နိုင်ကိုမူ “ညှိနှိုင်းဆွေးနွေးရေး ဘက်မှာပဲ အဓိကဖြစ်သွားမှာ” ဟု ဦးဒေါင်ခါးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်း တွင် သဘောတူညီမှု ရရှိ ပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ် ထိုးနိုင်မည့်ရက်ကို တိတိကျကျ မပြောနိုင်သေးဟု ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီး ဦးအောင် မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောဆိုထားသည်။

ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်း ရင်းသား လက်နက်ကိုင်များက သံသယ ကင်းကင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ ဆက်လက်ချီတက် ကြရန် တိုင်းရင်းသားအဖွဲ့များနှင့် ဇန်န၀ါရီ ၅ ရက် တွေ့ဆုံပွဲတွင် တိုက်တွန်းထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကမူ ပြည်ထောင်စုနေ့တွင် လက်မှတ် ထိုးမည်၊ မထိုးမည်ကို NCCT ၏ အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်ဟု အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ဆိုသည်။

လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော် သဘောတူညီမှု ရပြီးဖြစ်သည်။

Mizzima - News in Burmese
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စု နေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန် က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ် လိုက်လျောနိုင်သောကြောင့်ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင် သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက် တွင် ပြောလိုက်သည်။

ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်

Photo: ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်
Thursday, January 8, 2015 

စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များရှိ ဂိုဒေါင်များကို ပြန်သိမ်းရန် အစီအစဉ်မရှိတော့ဟု ထုတ်ပြန် ထားသည်။

စက်ရုံဂိုဒေါင်တည်ဆောက်မှုမှာ ခန့်မှန်းခြေ ခြောက်လ၀န်းကျင်သာ အချိန်ယူရခြင်းကြောင့် လုပ်ငန်းရှင်များ အမှန်တကယ် အကောင်အထည်ဖော်ရန် တိုင်းအစိုးရ တာဝန်ရှိသူများက တိုက်တွန်းခြင်း ဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ဂိုဒေါင် တည်ဆောက်မယ်ဆိုရင် ဒီနေ့ခေတ်နည်းတွေနဲ့ ဆောက်ရင် အများဆုံး ခြောက်လလောက်ပဲ ကြာတဲ့အတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေကို တိုက်တွန်းတဲ့သဘောပါ” ဟု ၎င်းက ဆို သည်။

စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၂,၄၀၀ ၀န်းကျင်တွင် ဂိုဒေါင်တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီ အစဉ်တင်ပြသူ ၁,၄၀၀ ၀န်းကျင်အထိ ရှိနေခြင်းဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းစီမံကိန်း အစီအစဉ်မတင်သည့် မြေကွက်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ခြင်း မရှိသည့် မြေကွက်များ ကို ပြန်လည်သိမ်းယူရန် တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် စက် မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ များ ပူးပေါင်းကာ မြေပြင်ဆင် စိစစ်မှုများ ပြုလုပ်နေပြီဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။

ဂိုဒေါင်တည်ဆောက်နေသည့် မြေကွက်လွတ်နှင့် သိမ်းယူရန် သတိပေးထားသည့် ဂိုဒေါင်လွတ်များကို သိမ်းယူရန် အစီအစဉ် မရှိတော့ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့

Photo: အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့
Thursday, January 8, 2015 

နိုင်ငံတောင်ပိုင်းတွင် လောင် ကျွမ်းနေသော တောမီး၏ ပမာဏ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အပူလှိုင်း တစ်ခု ကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့်အနေအထားသို့ ပြင်ဆင်ထား ရကြောင်း ဩစတြေးလျအာဏာပိုင် များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်းတွင် ဖော်ပြထားသည်။

ဩစတြေးလျတောင်ပိုင်းမီး သတ်ဌာနကလည်း အဒီလိတ်တောင် ကုန်းမှ တောမီး၏ ၈၅ ရာခိုင်နှုန်း ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အပူလှိုင်း ကြောင့် အပူချိန် ၃၈ ဒီဂရီဆဲလ်စီ ယက် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

''တောမီး၏ ၈၅ ရာခိုင်နှုန်းကို ထိန်း ချုပ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း အပူ ချိန်ကြောင့် မီးမလောင်ရသေးသော နေရာများတွင် ရုတ်တရတ်မီးလောင် မှုများ ဖြစ်နိုင်သည့် အန္တရာယ်ရှိနေ ဆဲ''ဟု မီးသတ်ဌာန၏ ထိန်းချုပ်ရေး အရာရှိစတော့တာနာကဆိုသည်။

ထိုတောမီးသည် အဒီလိတ်မြို့အရှေ့ ပိုင်းမှ ချုံတောများနှင့် လယ်ယာမြေ များတွင် သောကြာနေ့ကတည်းက လောင်ခဲ့ပြီး မီးသည်မြေဧရိယာ ၁၂ ၅၀ဝဟက်တာလောင်ခဲ့ပြီးဖြစ်ရာ ယင်းကြောင့် အိမ် ၃၈လုံးအပါအဝင် အဆောက်အအုံ ၁၆ရ လုံးပျက်စီး ခဲ့ပြီဖြစ်သည်။

ထို့အပြင် အပူလှိုင်းကြောင့် မီးငြှိမ်းသတ်နေသည့် မီးသတ်သမား ၅၀ဝခန့်က အခြားမီးငြှိမ်းသတ်ရေး ဆိုင်ရာပစ္စည်းကိရိယာများ ကို ထပ်မံ စုဆောင်းနေရသည်ဟုလည်း တာနာ က ပြောသည်။

မီးသတ်သမားများ သည် ဗုဒ္ဓဟူးနေ့တွင် တောမီးကို ငြှိမ်းသတ်မှုစည်းများအတွင်း အပြီး သတ်ထိန်းသိမ်းနိုင်ရန်နှင့် ကြာသပ
တေးနေ့ရာသီဥတုတွင် အပြီးသတ် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည် ဟုလည်း တာနာက ပြောသည်။

သောကြာနေ့မှစတင်ခဲ့သော တော မီးကြောင့် ဩစတြေးလျဒေါ်လာ ၁၃သန်း(ကန်ဒေါ်လာ ၁၀.၅သန်း) ဆုံးရှုံးခဲ့ရပြီဟုလည်း ဩစတြေးလျ အာမခံကောင်စီက ဆိုသည်။

Ref : AFP
Democracytoday
နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီး၏ပမာဏအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော် လည်း အပူလှိုင်းတစ်ခုကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့် အနေ အထားသို့ ပြင်ဆင်ထားရကြောင်း ဩစတြေးလျအာဏာပိုင်များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်း တွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် ဆေးယဉ်ပါး အူရောင်ငန်းဖျားရောဂါများ တွေ့ရှိ

အစားမှားယွင်းမှုမှ တစ်ဆင့် အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားနေသော မန္တလေးမြို့တော်ရှိ ကလေးငယ် ၃၀၀ ကျော်ကို စမ်းသပ်စစ်ဆေးရာ ဆေးယဉ်ပါး အူရောင်ငန်းဖျား ဖြစ်ပွားနှုန်း ၁၃ ရာခိုင်နှုန်းကျော် တွေ့ရှိ ရကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်သော ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) စာတမ်း ဖတ်ပွဲတွင် ဖတ်ကြားသွားသည်။

လွတ်မြောက်ရေး ဆုတောင်းသူ ထောင်ချခံရ

မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရား မဝင် စီတန်း လှည့်လည်မှုပုဒ်မ ၁၈ နဲ့  ချမ်းမြသာစည်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ

Photo: သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ
Thursday, January 8, 2015

ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာ နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်း ပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိသမ္မတ မဟင်ဒါရာ ဂျာပတ်ဆီနှင့် အတိုက် အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင်ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

လက်ရှိသမ္မတ ရာဂျာပတ်ဆီ သည် သီရိလင်္ကာသမ္မတအဖြစ် သက် တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ တွင် တတိယ သက်တမ်းအတွက် ကြိုးပမ်းမည်ဖြစ် သည်။

တမီးလ်ကျားသူပုန်များနှင့် ကာလရှည်ပြည်တွင်းစစ်ကို ရပ်တန့် နိုင်ခဲ့ခြင်းက ရာဂျာပတ်ဆီအတွက် ကြီးမားသော ပြည်သူ့ထောက် ခံမှုကို ရရှိစေပြီး ၎င်းသည်နိုင်ငံတွင်း၌လည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေ ခံအဆောက်အအုံများ တည်ဆောက်
ပေးခြင်းဖြင့် ပြည်သူ့ထောက်ခံမှု ရ ဒသမ ၅ရာခိုင်နှုန်း မြင့်တက်လာခဲ့ သူဖြစ်သည်။

သို့သော် ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရန်ပုံ ငွေများကို အလွဲသုံးခဲ့သူဟု အတိုက် အခံများ၏စွပ်စွဲမှုကို ခံထားရသည်။

ထို့အပြင် ၎င်းသည်သူ၏ညီအစ် ကိုသုံးဦးနှင့် သားဖြစ်သူတို့အား အစိုး ရအဖွဲ့၏ အရေးပါသောရာထူးများ ပေးခြင်းဖြင့် တိုင်းပြည် ၏ဘဏ္ဍာငွေ ကို ထိန်းချုပ်ကာ မင်းဆက်တစ်ခုကို တည်ထောင်ရန် ကြံစည်နေသူဟု ဝေ ဖန်ခံထားရသည်။

ယင်းအပြင် တမီးလ် ကျားသူပုန်များနှင့် နောက်ဆုံးတိုက် ပွဲများတွင် စစ်တပ်က တမီးလ်အရပ် သား ၄၀၀၀၀ သတ်ခဲ့ခြင်းတွင် အဓိ ကတာဝန်ယူသူဟု နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့များ၏ စွပ်စွဲမှုနှင့် ရင်ဆိုင်နေရပြီး ထိုအမှုအတွက် စုံ စမ်းစစ်ဆေးရန် မည်သည့်အဖွဲ့အ စည်းကိုမျှ ၎င်းကခွင့်ပြုမထားသေး ပေ။

လက်ရှိသမ္မတနှင့် အပြိုင်ရေပန်း စားနေသူမှာ အတိုက်အခံခေါင်း ဆောင် သီရိသီနာပင်ဖြစ်သည်။ ၎င်းသည် ယခင်က အစိုးရ၏ ကျန်း မာရေးဝန်ကြီးတစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲဝင်ရန် ရာထူးမှနုတ်ထွက် ခဲ့သည်။

ယင်းကြောင့် လက်ရှိအစိုး ရက ၎င်းအား သစ္စာဖောက်ဟု စွပ် စွဲထားပြီး ၎င်းက လက်ရှိသမ္မတ၏ ကာလရှည် အာဏာဆုပ်ကိုင် ထားမှု ကို အဆုံးသတ်ပေးမည်ဟု ကြုံးဝါး ထားသည်။

သီရိသီနာသည် နိုင်ငံ၏ ဗဟိုလက်ယာစွန့်ပါတီ UNP ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိအစိုးရအပေါ် ကန့်ကွက်သူ များအကြား အထူးရေပန်းစားနေသူ ဖြစ်သည်။

၎င်းကို မြို့ပြနေလူများက အဓိကထောက်ခံပြီး ယင်းကလက်ရှိ သမ္မတအတွက် အန္တရာယ်များသော စိန်ခေါ်မှုဖြစ်စေသည်။

သီရိသီနာက ၎င်းအနိုင်ရပါက လက်ရှိသမ္မတစနစ် ကို ဖျက်သိမ်းကာ ပါလီမန်ဒီမိုကရေ စီစနစ်ကို ရက် ၁၀ဝအတွင်း ဖော်
ဆောင်မည်ဟုလည်း ကတိပေးထား သည်။

သီရိသီနာသည် ယခင်သမ္မတ ဟောင်း ကုမာရတွန်ဂါ၏ ဘက်တော် သားဟု စွပ်စွဲထားပြီး ၎င်းကလည်း ရွေးကောက်ပွဲတွင် အနိုင်ယူကာ လက် ရှိအစိုးရ၏ အကျင့်ပျက် ခြစားမှုများ ကို ဖော်ထုတ်အရေးယူကာ ရာဂျာ ပတ်ဆီနှင့် ၎င်းမိသားစု၏ အာဏာ ဆုပ်ကိုင်ထားမှုကို အဆုံးသတ်ကာ သီရိလင်္ကာနိုင်ငံအတွက် ခေတ်သစ် ကို ဖော်ဆောင်ပေးမည်ဟု ဆိုသည်။

Ref : AFP
Democracytoday
ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိ သမ္မတ မဟင်ဒါရာဂျာပတ်ဆီနှင့် အတိုက်အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင် ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

မြောက်ကိုရီးယားက ဆိုက်ဘာစစ်တပ်အင်အားကို ၆၀၀ဝအထိတိုးမြှင့်လိုက် ကြောင်း တောင်ကိုရီးယားဆို

Photo: မြောက်ကိုရီးယားက ဆိုက်ဘာစစ်တပ်အင်အားကို ၆၀၀ဝအထိတိုးမြှင့်လိုက် ကြောင်း တောင်ကိုရီးယားဆို
Thursday, January 8, 2015

မြောက်ကိုရီးယားက ၎င်းတို့၏ ''ဆိုက်ဘာစစ်တပ်''မှတပ်ဖွဲ့ဝင် အင် အားကို ၆၀၀ဝအထိ တိုးမြှင့်လိုက် ကြောင်း တောင်ကိုရီး ယားကာကွယ် ရေးဌာန၏ ပြောကြားမှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယင်းကြောင့် ဆိုက်ဘာတပ်ဖွဲ့ ဝင်ဦးရေသည် တောင်ကိုရီးယား၏ ၂၀၁၃ခုနှစ်ခန့်မှန်းချက်ထက် နှစ်ဆနီး ပါးမြင့်တက်လာသည်။

ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးအား ဆိုက်ဘာတိုက် ခိုက်မှုအတွက် အမေရိကန်က မြောက် ကိုရီးယားအပေါ်အရေးယူပိတ်ဆို့ မှုအသစ် ချမှတ်လိုက်ပြီးနောက် မြောက်ကိုရီးယားက ထိုသို့မြှင့်တင် လိုက်ခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် Bureau 121 ဟုခေါ်သော ၎င်းတို့၏ဆိုက် ဘာစစ်တပ်ကို နှစ်ပေါင်းများစွာမွမ်း မံမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန် တွင် ယင်းတွင်ခေတ်မီအဖွဲ့အစည်း တစ်ခုဖြစ်နေပြီဖြစ်သည်။

Bureau 121 ကို မြောက်ကိုရီးယားစစ်တပ်၏ စပိုင်အေဂျင်စီကဦးဆောင်ကာ ယင်း တွင် နိုင်ငံတွင်းမှကွန်ပျူတာကျွမ်းကျင်သူ များပါဝင်ပြီး ၎င်းတို့က တောင် ကိုရီးယားနိုင်ငံအပါအဝင် မြောက် ကိုရီးယား၏ပြိုင်ဘက်နိုင်ငံများ၏ဆက်သွယ်ရေးနှင့်စွမ်းအင် ကဏ္ဍတို့ ကို ကာလရှည်ပစ်မှတ်ထားတိုက်ခိုက် ကာ ထိုနိုင်ငံသားများ၏စိတ်ပိုင်းဆိုင် ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ချိုး နှိမ်ရန် ရည်ရွယ်သည်ဟု မြောက်ကို ရီးယားပြည်ပြေးအချို့က ဆိုသည်။

''တောင်ကိုရီးယားနိုင်ငံ၏စစ် ဆင်ရေးများ၊ အမျိုးသားအခြေခံအ ဆောက်အအုံများကို ပြဿနာများဖြစ် စေရန်'' မြောက်ကိုရီး ယားပြုလုပ်နေ သည်ဟု တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးက ဆိုသည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံအား ဆိုက် ဘာတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည် ဟုစွပ်စွဲခံထားရသည်။

Ref : Reuters
Democracytoday
မြောက်ကိုရီးယားက ၎င်းတို့၏ ''ဆိုက်ဘာစစ်တပ်''မှတပ်ဖွဲ့ဝင် အင် အားကို ၆၀၀ဝအထိ တိုးမြှင့်လိုက် ကြောင်း တောင်ကိုရီး ယားကာကွယ် ရေးဌာန၏ ပြောကြားမှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ချောင်းဆိုး၊ရင်ကျပ်၊ချွဲသလိပ်ကပ်များအတွက် သဘာဝဆေးနည်း

ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်ကပ်ဖြစ်နေသူများအတွက် အလွယ်တကူ ရနိုင်သည့် အိမ်တွင်းကုထုံး သဘာဝ ဆေးနည်းတစ်မျိုးကို မျှဝေပေးလိုက် ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် နိုင်/ကျဉ်းအရေး လှုပ်ရှားနေသည့် ပြည်တွင်း အဖွဲ့များ တွေ့ဆုံကာ လက်ရှိ နိုင်/ကျဉ်းများအရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် နိုင်ငံရေးအကျဉ်း သားများ အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ နှင့်တွေ့ ဆုံကာ ပြည် တွင်း၌ကျန်ရှိ နိုင်/ကျဉ်းအခြေအနေ များနှင့် လက်ရှိ အဆိုပါ နိုင်/ကျဉ်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ

Photo: မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ
Thursday, January 8, 2015

ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေး အပ်သည့် အသန့် ရှင်းဆုံးမြို့နယ်ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် မြို့နယ်၊ ခရိုင်ကော်မတီ များမှ တင်ပြလာသည့် မြို့နယ် လေးခုကို ဗဟိုကော်မတီကကွင်း ဆင်းစစ်ဆေး၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဒဂုံ၊ ရန်ကင်းနှင့် ဒဂုံဆိပ်ကမ်းတို့က သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများ  ရရှိခဲ့သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကိုရန်ကုန်မြို့ရှိ ခရိုင်လေးခု၊ မြို့နယ်၃၃ ခုမှ သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်နေမှုကို အမှတ်ပေးစနစ်ဖြင့် နိုဝင်ဘာမှ ဒီဇင်ဘာအထိအချိန်သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် အချက်တစ်ခုလျှင် ၁၀မှတ် နှင့် အချက်၃၀သတ်မှတ်ထားပြီ အမှိုက်အစို၊ အခြောက်ခွဲခြားစွန့်ပစ်မှုရာခိုင်နှုန်းနှင့် ပြည်သူများကို အသိ ပေးနှိုးဆော်မှု၊ အမှိုက်သိမ်းယာဉ်များ၊ အမှိုက်ပုံးများ၊ အမှိုက်ကန်များ၊ အမှိုက်လှည်းများသန့်ရှင်းရေးကောင်းမွန်မှုနှင့် စနစ်တကျထားရှိမှု၊ ခေါင်းလောင်းတီးဝန် ဆောင်မှုစသည့်အချက်များပေါ် မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ဆုရရှိခဲ့သည့်မြို့နယ်လေးခုမှာ အမှတ်ကွာခြားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူးဦးခင်ဝင်းကပြောသည်။

‘‘တစ်နေ့အမှိုက် တစ်နေ့   သိမ်းဆည်းနိုင်တာကို မူတည်ပြီး ပေးအပ်ခဲ့တာဖြစ်တယ်။ဒီဆုပေး ခြင်းအားဖြင့် လုပ်ငန်းတွေရဲ့ စွမ်း ဆောင်မှုက ပိုမြင့်တက်လာမယ်။  ရပြီးသားမြို့နယ်အနေနဲ့လည်းသူ့ မြို့နယ်ရဲ့ ရှိပြီးသားအဆင့်ကို  ထိန်းသိမ်းရမယ်ဆိုတဲ့အသိ လည်းရှိသွားမယ်’’ဟု ၎င်းကပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုရ ရှိခဲ့သည့် မရမ်းကုန်းမြို့နယ်ကို ဆုငွေကျပ်၂၅သိန်းနှင့် သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများအတွက် ကျပ်ငါးသိန်းပေးအပ်ခဲ့ပြီး ၀န်ထမ်းများအား ပြန်လည်ခွဲဝေပေးမည်ဖြစ်သည်။

‘‘ကော်မတီက ချမှတ်ထား တဲ့အချက် ၃၀အပေါ် မူတည်ပြီး တော့ ကြိုတင်ပြင်ဆင်ခဲ့၊ ဆောင် ရွက်ခဲ့တယ်။ ယခင်ထက် အား ထည့်ပြီးတော့ ဆောင်ရွက်ခဲ့တာ။မြို့နယ်သန့်ရှင်းရေးကောင်းမွန်ဖို့ က ကိုယ့်တာဝန်ပဲ’’ဟု မရမ်းကုန်း မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူးဦးတင်မျိုးထွေး ကပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ဆုကို အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်း ဆည်းအမှိုက်များ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ စွန့်ပစ်ခြင်းလုပ်ငန်းများအား ပုဂ္ဂလိကသို့မလွှဲမီစပ်ကြားအထိ သုံးလတစ်ကြိမ်ရွေးချယ်မည်ဟု သိရသည်။

7Day DAILY 

မရမ်းကုန်းမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)
မရမ်းကုန်းမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း) 
ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေးအပ်သည့် အသန့် ရှင်းဆုံးမြို့နယ် ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

တာဝန် ထမ်းဆောင် နေသည့် ရဲဝန်ထမ်းအား ဒဏ်ရာ ရရှိ စေသည့် အမှု ယခုလ တတိယပတ်တွင် အမိန့်ချမည်

နေပြည်တော် ကောင်စီ နယ်မြေရှိ၊ ပုဗ္ပသီရိ မြို့နယ် ၀ဲကြီး ကျေးရွာတွင် ရဲဝန်ထမ်း များနှင့် ရွာသားများ ပဋိပက္ခ ဖြစ်ပွားခဲ့ သောကြောင့် တာဝန် ထမ်းဆောင် နေသည့် ရဲ ၀န်ထမ်းများ အပြင်းအထန် ဒဏ်ရာ ရရှိစေ သည့် အမှု အပါအ၀င် ရွာသား များအား ပုဒ်မ (၃) ခု တပ်ကာ စွဲဆို ထားသည့် အမှုကို ယခုလ (၂၁) ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အခြေခံ လစာ နည်းပါးမှုကြောင့် Yess သကြားလုံး စက်ရုံ လုပ်သားများ စက်ရုံဝင်ပေါက် ပိတ်ဆို့ ဆန္ဒပြ

အလုပ်သမား တစ်ဦးအတွက် သတ်မှတ် ထားသည့် အခြေခံ လစာ နည်းပါးမှုကြောင့် လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် (၄)၊ ပြင်စည် မင်းသားကြီး လမ်းရှိ Yess သကြားလုံး စက်ရုံ အလုပ်သမား (၂၀၀) ခန့်သည် ယမန်နေ့က Yess သကြားလုံး စက်ရုံ၏ ၀င်ပေါက်အား ပိတ်ဆို့ ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သတင်း ရရှိသည်။