Wednesday, 7 January 2015

ကျွန်တော်သိသော ခွန်ဥက္ကာ


အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။

ရွေးကောက်ပွဲကော်မရှင်မှ ရေးဆွဲသည့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေး လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ဇန်နဝါရီလ ဒုတိယပတ်တွင် ကော်မရှင်သို့ ပြန်တင်ပြမည်

Photo: ရွေးကောက်ပွဲကော်မရှင်မှ ရေးဆွဲသည့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေး လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ဇန်နဝါရီလ ဒုတိယပတ်တွင် ကော်မရှင်သို့ ပြန်တင်ပြမည်
Wednesday, January 7, 2015

ရန်ကုန်၊ ဇန်နဝါရီ ၆-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထား သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ထုံးလုပ်နည်း(code of conduct) အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏အကြံပြုတင်ပြချက်များအား ဇန်နဝါရီလဒုတိ ယပတ်အတွင်း UEC ထံတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ၏အကြံပြုတင်ပြချက်ကို ဇန်နဝါရီ ၁၅ရက် နောက်ဆုံးထားတင်ပြရန် ရွေးကောက်ပွဲကော်မရှင်မှ ပြော ကြားထားကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများ လုပ်ဆောင်သော အရပ်ဘက်အဖွဲ့အစည်းဖြစ် သည့် hornbill organization မှ ကိုချန်လျန်က'' UEC ရဲ့မူကြမ်း ပေါ်ကို ဘယ်အချက်တွေကိုတော့ ပြင်မယ်၊ ဘယ်အချက်ကိုတော့ ဘယ် လိုဖြည့်စွက်ချင်သလဲဆိုတာကို အ ရပ်ဘက်အဖွဲ့အစည်းတွေ ဆွေးနွေး ပြီး အကြံပြုချက်တွေကိုတင်ပြသွား မှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အရပ်ဘက်အဖွဲ့အစည်း ပေါင်း ၂ဝလောက်တွေ့ဆုံဆွေးနွေး သွားမယ်။ CSOတွေ ရဲ့အကြံပြု ချက်တွေပို့မှပဲ code of conduct ကိုထုတ်ပြန်နိုင် မယ်''ဟု ပြောသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးလုပ်ထုံးလုပ်နည်းများအား အရပ်ဘက် အဖွဲ့အစည်းများမှ ရေးဆွဲရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကမ်း လှမ်းခဲ့သော်လည်း ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်း များနှင့်တွေ့ ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထားသည့် code of conduct ကို ချပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်အရပ်ဘက်အဖွဲ့အစည်းများ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်းက မီကာဆာဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ နောက်ဆုံးပတ် (သို့မဟုတ်)ဖေဖော်ဝါရီလပထမပတ်အတွင်း ထပ်မံတွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅အထွေထွေရွေးကောက် ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေရေးအတွက် လေ့လာစောင့်ကြည့်ရန် ပြည်တွင်း ပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းများအား ခွင့်ပြုမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။

HM
Democracytoday
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထား သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ထုံး လုပ်နည်း(code of conduct) အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏အကြံပြုတင်ပြချက်များအား ဇန်နဝါရီလ ဒုတိ ယပတ်အတွင်း UEC ထံတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ခံတွင်းအနံ့ဆိုး ဘယ်လိုဖျောက်မလဲ

Photo: ခံတွင်းအနံ့ဆိုး ဘယ်လိုဖျောက်မလဲ
Wednesday, January 7, 2015

ခံတွင်းအနံ့ဆိုးပြဿနာရင်ဆိုင်နေရခြင်းကြောင့် သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လိုက်ထွက်တဲ့အခါ ပါးစပ်ပိတ် တိတ်ဆိတ်မနေချင်တော့ဘူးဆိုရင်တော့ ဒြီ ပသနာကို ဖြေရှင်းပေးနိုင်မယ့် အကြံပြုချက်လေးတွေပဲ ပြောပြပေးချင်ပါတယ်။

လျှာပေါ်ကနေ ပေါက်လာတဲ့ ဘက်တီးရီးပိုးတွေက ခံတွင်းနံ့နဲ့ ပတ်သက်ရင် မုန်းဖို့ အကောင်းဆုံးပဲဖြစ်ပါတယ်။ သို့ပေမယ့်လို့ ၄င်းဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်းရဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ကျောက်ကပ်မကောင်းခြင်းကြောင့်လည်း ယင်းပြဿနာဖြစ်ပေါ်နိုင်တယ်။

အကြံပြုချက်များ

(၁) သွားကို အနည်းဆုံး တစ်နေ့ (၂) ကြိမ်တိုက်ပေးပါ။ နောက်ပြီး ပါးစပ်နဲ့ လျှာသန့်ရှင်းမှု ဂရုစိုက်ပါ။ (၃) လတစ်ကြိမ် သွားတိုက်တံ လဲသုံးပါ။

(၂) ခံတွင်းကို အမြဲတမ်း စိုစွတ်စေပြီး လုံလောက်တဲ့ ရေပမာဏကို သောက်ပေးပါ။ ဘက်တီးရီးပိုးတွေက ခြောက်သွေ့တဲ့ဝန်းကျင်တွေမှာ ပိုမိုလျင်မြန် ပျံ့နှံ့လွယ်ပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ။

(၄) ကြက်သွန်ဖြူ များများစားခြင်းကို ရှောင်ပါ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ အနံ့အသက်ဆိုး ထွက်စေတဲ့ ပဋိဇီဝပစ္စည်းတွေ ပါဝင်လို့ပဲဖြစ်တယ်။

(၅) ပလုတ်ကျင်းရည် မကြာခဏ အသုံးပြုပါ။

Source: Nhealthcare
Trend Myanmar
ခံတွင်းအနံ့ဆိုးပြဿနာရင်ဆိုင်နေရခြင်းကြောင့် သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လိုက်ထွက်တဲ့အခါ ပါးစပ်ပိတ် တိတ်ဆိတ်မနေချင်တော့ဘူးဆိုရင်တော့ ဒြီ ပသနာကို ဖြေရှင်းပေးနိုင်မယ့် အကြံပြုချက်လေး တွေ ပဲ ပြောပြပေးချင်ပါတယ်။

ညောင်တုန်းမြို့၌ ဗိုလ်ချုပ်ရာပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတော် စည်ကားစွာ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်ကို စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့ခံ များထံမှ သိရသည်။

အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး စစ်တမ်း ဖေဖော်ဝါရီလတွင် တစ်အိမ်တက်ဆင်း ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရန်အတွက် ၀င်ငွေစစ်တမ်း ကောက်ယူမှုကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ကျောင်းသူ၊ ကျောင်းသားများကို တက်တူးမထိုးရန် ပညာရေးဝန်ကြီးဌာနက တားမြစ်သွားမည်ဟု ဆို

Photo: ကျောင်းသူ၊ ကျောင်းသားများကို တက်တူးမထိုးရန် ပညာရေးဝန်ကြီးဌာနက တားမြစ်သွားမည်ဟု ဆို
Wednesday, January 7, 2015

အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများတွင် တက်တူးထိုးခြင်းနှင့် လူမိုက်ဂိုဏ်းအသွင်ဆောင် လုပ်ဆောင်လာမှု များကြောင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

ထိုသို့ ထိန်းသိမ်းမှုများကို မိဘဆရာအသင်းများဖွဲ့စည်းပြီး လုပ်ဆောင် မည်ဖြစ်ပြီး အထက်ပါကိစ္စရပ်များ ဟန့်တားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် မိဘ၊ ဆရာများက ပူးပေါင်းကာ ကျောင်းပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသော တက်တူးဆိုင်များ ကို ကျောင်းနှင့် ဝေးသည့်နေရာများတွင် ပြောင်းရွှေ့ဖွင့်လှစ် ရန်နှင့် အသက် ၁၈ မပြည့်သေးသူများ တက်တူးထိုးခြင်းကို တားမြစ်ရန် သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လိုက်လံအသိပေးမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

“ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေက စည်းကမ်းထိန်းသိမ်း ကြပ်မတ်နေတာ အပြင် မိဘတွေကို နားလည်အောင် ပြောပြ ရှင်းပြပြီး သူတို့ပါ ပါဝင်တဲ့ မိဘဆရာအသင်းတွေကို ပိုမိုကျယ်ပြန့်အောင် ဖွဲ့စည်းပြီးဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောသည်။

မိဘဆရာအသင်းများ ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရန် တစ်လတစ်ခါ အစည်းအဝေး သဏ္ဌာန် တွေ့ဆုံညှိနှိုင်းခြင်း၊ လိုအပ်သည့် နေရာများတွင် လိုက်လံ ပညာပေး ဟောပြောပေးခြင်း၊ ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ လိုအပ်သော စည်းကမ်းချက်များကို အသိပေးခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

မိဘဆရာများတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအကြား ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ဖြေရှင်းခြင်းအပြင် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြကာ အကူအညီနှင့် စည်းကမ်းချက်များကို ထုတ်ပြန် ဆောင်ရွက်မည်။

Mizzima - News in Burmese

လူငယ်များအကြား ဆေးမင်ကြောင်ထိုးခြင်းကို အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက လိုက်လံထိုးနှံလျက်ရှိရာ ပညာရေးဝန်ကြီးဌာနက တားမြစ်မည်ဟု ဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လူငယ်များအကြား ဆေးမင်ကြောင်ထိုးခြင်းကို အခြေခံပညာကျောင်းသူ၊ ကျောင်းသားများက လိုက်လံ ထိုးနှံ လျက် ရှိရာ ပညာရေးဝန်ကြီးဌာနက တားမြစ်မည်ဟု ဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများတွင် တက်တူးထိုးခြင်းနှင့် လူမိုက်ဂိုဏ်းအသွင်ဆောင် လုပ် ဆောင်လာမှုများကြောင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား

Photo: “ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား
Wednesday, January 7, 2015

ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင်သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ်ပေးတာမျိုးရှိ ကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရှိရသည်။ 

“ တိုက်ရိုက်လုပ်တာတော့မရှိပါဘူး၊ ဖြတ်သန်းမှုပေါ်မှာ သစ်သယ်တဲ့ကားတွေကို ဂိတ်တွေမှာ အခွန်ကောက်ခံ တာတော့ရှိတာပေါ့။ တခါတလေ သူတို့အနေနဲ့ပါမစ်ပေးတာမျိုးရှိတယ်။ ပါမစ်ပေးတယ်ဆိုတာကလည်း ဒီဒေသ ဖွံ့ဖြိုးရေးအတွက်ပေါ့လေ၊ လမ်းလုပ်မယ်၊ တံတားလုပ်မယ်ဆိုလို့ရှိရင်တော့ ငွေလိုတယ်လေ။ အဲခါကျတော့ ပါမစ် ပေးတာတခါတလေရှိတယ်။ အများအားဖြင့်ကတော့ အခွန်ကောက်ခံတာလောက်ပါ။ သူတို့ကိုယ်တိုင် သစ်တွေ ခုတ်တင်ပို့ရောင်းချတာတွေကတော့သိပ်မရှိပါဘူး” ဟု ဒေါက်တာတူးဂျာကဒီဗွီဘီသို့ ပြောကြားခဲ့ကြောင်း သိရှိရ သည်။ 

ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းဆောင်ရွက်ရာမှ မြန်မာနိုင်ငံ သား ၂၀ဦး၊ တရုတ်နိုင်ငံသား ၁၀၂ ဦး၊ စုစုပေါင်း ၁၂၂ ဦးနှင့် တရားမဝင် သစ်ခိုးထုတ်သည့် ကုန်တင်ယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂,ဝဝဝ နှင့်အတူ မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသောတရုတ်နိုင်ငံသားများထံမှ ကေအိုင်အေ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ် ရေးထိုးထားသော သစ်ထုတ်လုပ်ခွင့်ပြုသည့် စာရွက်စာတမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ 

KIA အနေဖြင့် လမ်းတံတားများ ဆောက်လုပ်ရန်နှင့် နယ်မြေဖွံ့ဖြိုးမှုများ လုပ်နေသည်ဟုဆိုသော်လည်း ကချင် ပြည်နယ်တွင် KIA မှဆောက်လုပ်ပေးထားသည့် လမ်းများ၊ တံတားများတစ်ခုမှမရှိကြောင်း၊ ရှိပြီးသားလမ်း၊ တံတားများကိုတောင် ဖောက်ခွဲဖျက်ဆီးနေကြောင်း၊ ယခုလို သစ်ခိုးထုတ်မှုများကိုလည်း ဒီတစ်ကြိမ်မှသာ ဖမ်းမိ ခြင်းဖြစ်ကြောင်း၊ KIA အနေဖြင့် ယခင်ကတည်းက တရုတ်မှောင်ခိုသမားများအား အခွန်ကောက်ခံ၍ သစ်ခိုးထုတ်ခွင့်များပြုကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြာင်းကို ၀ိုင်းမော်မြို့တွင်နေထိုင်သူ ကချင်လူမျိုး ဦးအော့န်ဘရန်နု မှပြောသည်။ 

KIA သည် လက်ရှိအခြေအနေတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိဘဲ သဘောထားတင်းမာလျက်ရှိသည်။ ၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ကျင်းပသော ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတက ဖိတ်ကြားမှုအား KIA မှ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းတွင် ယခုလို ကိစ္စများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ပြည်သူများအကြားတွင် KIA ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် သဘောထားအား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ 

Credit:ဇော်မြင့်ထွန်း ( ဗန်းမော်)
နေ့စဉ်သတင်း
ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင် သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ် ပေးတာမျိုးရှိကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ ပြောကြားခဲ့သည်ဟုသိရှိရသည်။ 

မူးယစ်ဆေးဝါး လုပ်ငန်း များနှင့် မပတ်သက်ရန် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များအား ကာကွယ်ရေး ဦးစီးချုပ် မှာကြား

Photo: မူးယစ်ဆေးဝါး လုပ်ငန်း များနှင့် မပတ်သက်ရန် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များအား ကာကွယ်ရေး ဦးစီးချုပ် မှာကြား
Wednesday, January 7, 2015

မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် မပတ်သက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းတွင် နေထိုင် လုပ်ကိုင် ကြရန် နယ်ခြား စောင့်တပ် (BGF) များနှင့် တိုင်းရင်းသားဒေသ များတွင် လှုပ်ရှား နေသည့် ပြည်သူ့စစ် ခေါင်းဆောင် များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မှာကြား ခဲ့ကြောင်း BGF မှ သတင်း ရရှိသည်။ ယခုလ (၅) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များနှင့် နေပြည်တော်တွင် သီးသန့် တွေ့ဆုံခဲ့စဉ် အထက်ပါ အတိုင်း မှာကြား ခဲ့ခြင်း ဖြစ်ကြောင်း BGF မှ သိရသည်။ ကာချုပ်ကြီး ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ သူ အမြဲတမ်း မှာကြားနေကျ ဖြစ်တဲ့ ဥပဒေဘောင် အတွင်းမှာ နေထိုင်ဖို့ မှာကြား ပါတယ်။ ထွေထွေ ထူးထူးတော့ မှာကြားတာ မရှိပါဘူး။

ကျွန်တော်တို့ ကရင်ပြည်နယ် BGF တပ်တွေ ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ မရှိပါဘူး ဟု ကရင် ပြည်နယ် နယ်ခြား စောင့်တပ် (BGF) ဗဟို အကြံပေးနှင့် ကွပ်ကဲရေး ဗဟို ကော်မတီဝင် ဗိုလ်မှူး ထက်ဝင်းက The Messenger Media သို့ ပြောသည်။ ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် ပြည်သူ့စစ်များ ပါဝင် ပတ်သက် နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးကြီး တွင်ဖ က The Messenger Media သို့ ပြောသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ နိုင်သော ဆေးဝါးများ ဆိုင်ရာ တားဆီး ကာကွယ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း ကလည်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် ပတ်သက် နေကြောင်း The Messenger Media သို့ ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ပူးပေါင်း ပါဝင် သွားမယ် ဆိုရင်တော့ မူးယစ် ဆေးဝါး စိုက်ပျိုးရေးရော သုံးစွဲမှုတွေ ကိုပါ လျှော့ချ နိုင်မယ်။ ပူးပေါင်း ပါဝင် ဖို့လည်း လိုအပ် ပါတယ်။ တိုင်းရင်းသား ဒေသတွေ မှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ကတော့ မြင့်တက်နေပါ သေးတယ် ဟု ဒုတိယ ရဲမှူးကြီး ကျော်ကျော်မင်းက The Messenger Media သို့ ပြောသည်။

ယခုလ (၅) ရက်နေ့တွင် နေပြည်တော် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင် ပြည်နယ်မှ BGF ခေါင်းဆောင် နှစ်ဦး၊ ကယား ပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦး၊ ရှမ်းပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦးနှင့် အခြားသော တိုင်းရင်းသား ပြည်နယ် များမှ ပြည်သူ့စစ် ခေါင်းဆောင်များ သီးသန့် တွေ့ဆုံခဲ့ကြောင်း BGF မှသိရသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့မှ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။

Messenger News Journal
မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် မပတ်သက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင် နေထိုင် လုပ်ကိုင်ကြရန် နယ်ခြားစောင့်တပ်(BGF)များနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် ပြည်သူ့စစ် ခေါင်းဆောင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မှာကြားခဲ့ ကြောင်း BGF မှ သတင်း ရရှိသည်။ ယခုလ (၅) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များနှင့် နေပြည်တော်တွင် သီးသန့် တွေ့ဆုံခဲ့စဉ် အထက်ပါ အတိုင်း မှာကြား ခဲ့ခြင်း ဖြစ်ကြောင်း BGF မှ သိရသည်။ ကာချုပ်ကြီး ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကင်းကင်း ရှင်းရှင်း နေဖို့ သူ အမြဲတမ်း မှာကြားနေကျ ဖြစ်တဲ့ ဥပဒေဘောင် အတွင်းမှာ နေထိုင်ဖို့ မှာကြား ပါတယ်။ ထွေထွေ ထူးထူးတော့ မှာကြားတာ မရှိပါဘူး။

လာမည့်ရွေးကောက်ပွဲတွင် AMDP ပါတီ မွန်ပြည်နယ်တစ်ခုလုံးဝင်ပြိုင်မည်

မော်လမြိုင်၊ ဇန်နဝါရီ ၆-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ဒေသ တစ်ခုလုံးသာမက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မဲဆန္ဒနယ်များတွင် လည်းဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ယင်းပါတီက ပြောသည်။

မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်

Photo: မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်
Wednesday, January 7, 2015

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။

တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီဗွီဘီ
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ရန်ကုန်အသင်းမှ မြန်မာယူ-၂ဝကစားသမားများကို ပြည်ပကလပ် များ သို့ ရောင်းချရန် အစီအစဉ်မရှိဟု စီအီးအိုဆို

Photo: ရန်ကုန်အသင်းမှ မြန်မာယူ-၂ဝကစားသမားများကို ပြည်ပကလပ် များ သို့ ရောင်းချရန် အစီအစဉ်မရှိဟု စီအီးအိုဆို
Wednesday, January 7, 2015

ရန်ကုန်၊ ဇန်နဝါရီ ၆-ရန်ကုန်အသင်း၏ မြန်မာယူ-၂ဝကစားသမားများ ကို ပြည်ပကလပ်အသင်းများသို့ ရောင်းချသွားရန် အစီအစဉ်မရှိကြောင်း အသင်း၏ စီအီးအိုဦးမင်းဆွေဦးက ပြောသည်။

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းတွင် မြန်မာယူ-၂ဝအသင်း၏ အဓိက ကစား သမားများဖြစ်သည့် နန်းဝေမင်း၊ သီဟထက်အောင်၊ ငြိမ်း ချမ်းအောင်၊ စွမ်းထက်အောင်၊ သန်း ပိုင်တို့ရှိနေပြီး ယင်းကစားသမားများသည် နယူးဇီလန် နိုင်ငံ တွင် လာမည့် မေ ၃ဝရက်မှဇွန် ၂ဝရက်အထိကျင်းပမည့် ယူ-၂ဝကမ္ဘာ့ ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ အသင်းစီ အီးအိုဦးမင်းဆွေဦးက ''ကျွန်တော်တို့ အသင်း အနေနဲ့ဒီကစားသမားတွေကို အနာဂတ်ကစားသမားတွေအဖြစ် မျှော်မှန်း ထားတာပါ။ လက်ရှိမှာ ပြည်ပကလပ်အသင်းတွေက ကမ်းလှမ်းတာမရှိသေး ပါဘူး။ အကယ်၍ ကမ်းလှမ်းလာခဲ့ရင်လဲရောင်းချသွားဖို့ အစီအစဉ်မရှိ ပါဘူး''ဟုဆိုသည်။

NTL
Democracytoday
ရန်ကုန်အသင်း၏ မြန်မာယူ-၂ဝကစားသမားများကို ပြည်ပကလပ်အသင်းများသို့ ရောင်းချသွားရန် အစီ အစဉ် မရှိကြောင်း အသင်း၏ စီအီးအိုဦးမင်းဆွေဦးက ပြောသည်။

ပါမစ်မရှိဘဲတင်သွင်းလာသော ဆိပ်ကမ်းရောက်ကားများ စတင် အရေးယူ တော့မည်ဟုဆို

ကားတင်သွင်းခွင့်စည်း ကမ်းအသစ်အရ ရန်ကုန်ဆိပ်ကမ်းသို့ ယခုရက်ပိုင်း၌ ရောက်ရှိလာသော ကားများ တွင် ပါမစ် လျှောက်ထားခြင်းမပါပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အချိန်ပိုခိုင်းမှု အလုပ်ရှင်ကို ချမှတ်သည့်ပြစ်ဒဏ် ကျပ်ငါးရာအစား ကျပ်သိန်း နှစ်ဆယ်ထက်မနည်း ဟုပြင်

မြန်မာနိုင်ငံတွင် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ အချိန်ပို ခိုင်းစေလျှင် အလုပ်ရှင်ကို ချမှတ်သည့် ငွေဒဏ်ကျပ် ငါးရာအစား ငွေဒဏ် ကျပ်သိန်းနှစ်ဆယ်ထက် မနည်းဟု ပြင်ဆင်ထားကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသသို့ ဖီဖာ အထူးကိုယ်စားလှယ်အဖွဲ့ လာရောက်


ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ၏အထူးကိုယ်စားလှယ် အဖွဲ့သည် ဘောလုံးကွင်းများ ပြန်လည် တည် ဆောက်ရေးလုပ်ငန်းစဉ်များတွင် ကူညီထောင်ပံ့မှုများ လုပ်ဆောင်ပေးရန်အတွက် ဂါဇာကမ်းမြောင် ဒေသ သို့ ရောက်ရှိလာခဲ့ကြောင်း AFP က ဖော်ပြထားသည်။

ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာကုမ္ပဏီရုံး မီးလောင်

Photo: ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာကုမ္ပဏီရုံး မီးလောင်
Wednesday, January 7, 2015

တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်လမ်းရှိ ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာ ကုမ္ပဏီတွင် ဇန်နဝါရီလ ၆ရက်နေ့ ညနေ ၆ နာရီခန့်က မီးချောင်း အပူလွန်ကဲရာမှ မီးလောင်ခဲ့ရာ မီးငြှိမ်းသတ်နေသော မီးသတ် တပ်ဖွဲ့ဝင်သုံးဦ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောကြားသည်။

အဆိုပါအိမ်ရာရှိ သုံးထပ်ခွဲ အဆောက်အအုံ တစ်လုံးတွင် ဖွင့်လှစ်ထားသော စုံတွဲကြိုးကြာ ကုမ္ပဏီရုံးခန်း ပထမထပ်တွင် ထွန်းထားသည့် မီးချောင်းမှာ အပူလွန်ကဲကာ အောက်တွင် ရှိနေသော စက္ကူပုံးပေါ်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မီးချောင်းတစ်ချောင်းနှင့် စက္ကူပုံးအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဉ် ၁၃ စီး၊ မီးသတ်တပ်ဖွဲ့ ၇၀ ထက်မနည်း သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း၊ ကုမ္ပဏီတွင် မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် ပေါ့ဆသူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက်၊ စက်မှုဇုန် (၁) မိုးကုတ်လမ်းရှိ ဇမ္ဗူရတနာထွန်း သစ်စက်တွင် ကျွန်းသစ်သားပေါင်းရာမှ အပူလွန်ကဲပြီး ကျွန်းသစ်များနှင့် သစ်စက်ခေါင်မိုးတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာ ဦးမောင်မြင့်ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ 

The Voice Weekly
တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်လမ်းရှိ ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာ ကုမ္ပဏီ တွင် ဇန်နဝါရီလ ၆ရက်နေ့ ညနေ ၆ နာရီခန့်က မီးချောင်း အပူလွန်ကဲရာမှ မီးလောင်ခဲ့ရာ မီးငြှိမ်းသတ် နေသော မီးသတ် တပ်ဖွဲ့ဝင်သုံးဦ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောကြားသည်။

စက်မှုဇုန်များရှိ ဂိုဒေါင်လွတ်များ သိမ်းရန် အစီအစဉ်မရှိ

Photo: စက်မှုဇုန်များရှိ ဂိုဒေါင်လွတ်များ သိမ်းရန် အစီအစဉ်မရှိ
Wednesday, January 7, 2015

စက်မှုဇုန် ဂိုဒေါင်လွတ်များ သိမ်းယူတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော အစည်းအဝေး၌ ပြောဆို လိုက်သည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး တာဝန်ရှိ သူများက ပြောသည်။

စက်မှုဇုန် ၂၉ ရှိ ဂိုဒေါင်လွတ်များမှာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်နေပြီး ကုန်စည် သိုလှောင်ရုံများအဖြစ် အသုံးပြုနေခြင်းကြောင့် တိုင်းအစိုးရအဖွဲ့က ဖြေလျှော့ပေးခဲ့ ခြင်းဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

“ဇန်န၀ါရီ ၅ ရက်ကလုပ်တဲ့ အစည်းအဝေးမှာ လုပ်ငန်းရှင်တွေက တင်ပြလိုက်တာ။ ဂိုဒေါင်လွတ်တွေဆိုတာ SMEs လုပ်ငန်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကလည်း ဒီဂို ဒေါင်တွေကိုပဲ မှီပြီးလုပ်နေရတာလို့ အစိုးရအဖွဲ့ကို တင်ပြတော့ လူကြီးတွေက နားလည်မှု ပေးလိုက်တာ ပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီက စက်မှုဇုန် ၂၉ ခု အတွင်းရှိ မြေကွက်လွတ်ပေါင်း ၂,၄၀၀ နှင့် ဂိုဒေါင်လွတ် ၁,၂၀၀ ကျော်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် အသေးစိတ်တင်ပြရန် ထုတ်ပြန်ထားသော်လည်း မြေကွက်လွတ် ပိုင်ရှင်များက ဂိုဒေါင်လွတ်တည်ဆောက်ရန် အစီအစဉ် တင်ပြကြသော်လည်း ဂိုဒေါင်ပိုင်ရှင်များသည် လုပ်ငန်းအစီအစဉ် တင်ပြရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ဂိုဒေါင်လွတ်များကိုသာ ဖြေလျှော့ပေးခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လွတ်များနှင့် လုပ်ငန်းအစီအစဉ်တင်ပြမှုများကို ကြီးကြပ်ရေးကော်မတီဖွဲ့၍ အသေးစိတ်စိစစ်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းအစီအစဉ် တင်ပြခြင်းမရှိသည့် မြေကွက်လွတ်များကို လုပ်ငန်းတိုးချဲ့နေသည့် စီးပွားရေးလုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ပိုင်ခွင့် ပေးနိုင်ရေးအတွက် တိုင်းအစိုးရတာဝန်ရှိသူများ တက်ရောက်သည့် အစည်းအဝေး၌ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ပြော သည်။

တိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိ ရှိနေသည်။

Mizzima - News in Burmese 

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော စက်ရုံဂိုဒေါင်များကို တွေ့ရစဉ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိရှိနေပြီး မြေကွက်လွတ် ၂,၄၀ဝ ရှိသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော စက်ရုံဂိုဒေါင်များကို တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိရှိနေပြီး မြေကွက် လွတ် ၂,၄၀ဝ ရှိသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စက်မှုဇုန် ဂိုဒေါင်လွတ်များ သိမ်းယူတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော အစည်းအဝေး၌ ပြောဆို လိုက်သည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး တာဝန်ရှိ သူများက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား နမူနာပြသမည်

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ရိုက်ကူးထားသော ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား နမူနာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ပွဲတော်တွင် ပြသသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇော်သက်ထွေးက ပြောကြားသည်။

MPT က ဖုန်းပြောခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင်တာနက်အသုံးပြုခ အသစ်များကို ဇန်နဝါရီ ၉ ရက်တွင် အသစ်ထုတ်ပြန်ကြေညာမည်

Photo: MPT က ဖုန်းပြောခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင်တာနက်အသုံးပြုခ အသစ်များကို ဇန်နဝါရီ ၉ ရက်တွင် အသစ်ထုတ်ပြန်ကြေညာမည်
Wednesday, January 7, 2015

ရန်ကုန်၊ ဇန်နဝါရီ ၆- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှဖုန်းပြော ခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင် တာနက်အသုံးပြုခအသစ်များကို ဇန် နဝါရီ၉ရက်နေ့တွင် အသစ်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအော်ပရေတာနှစ်ခုဖြစ် သည့်အော်ရီဒူး၊ တယ်လီနောတို့နှင့် ယှဉ်ပြိုင် သည့်ပုံစံဖြင့်ဝန်ဆောင်မှု ပေးမည့် MPT မှနှုန်းထားသစ်၊ ဝန်ဆောင်မှုသစ်များကို စတင်မိတ်ဆက် မည့်အခမ်းအနားကို ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၆နာရီခွဲ၊ Park Royal ဟို တယ်၌ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အဆင့်မြင့်အရာရှိဦးသိန်းဟုတ်က ''ဖုန်းပြောခ၊ မက်ဆေ့ခ်ျခတွေကို လျှော့ချပြီး အင်တာနက်နှုန်းထား သစ်တွေအကြောင်း ရှင်းလင်းပွဲကို ၉ ရက်နေ့လုပ်မှာပါ။ MPT ရဲ့ Plan တွေနဲ့ ဈေးနှုန်းအတိအကျကို ၉ ရက် နေ့ကျမှ ထုတ်ပြန်ကြေညာသွားမှာပါ'' ဟု ပြောသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနေသည့် အော်ပရေတာများဖြစ်သည့် တယ်လီနောနှင့်အော်ရီဒူးတို့ မှ ဖုန်းပြောခတစ်မိနစ်လျှင်၂၅ ကျပ် နှင့် မက်ဆေ့ခ်ျတစ်စောင်လျှင် ၁၅ ကျပ် နှုန်းကောက်ခံလျက်ရှိကြောင်း သိရသည်။

MPT အနေဖြင့် လက်ရှိကောက် ခံနေသည့် နှုန်းထားများမှာ ဖုန်းပြောခ တစ်မိနစ်လျှင် ကျပ်၅ဝနှုန်း သတ်မှတ်ထားကာ မက်ဆေ့ခ်ျတစ်စောင်လျှင် ၂၅ကျပ်နှုန်းကောက်ခံလျက် ရှိပြီး အင်တာနက်လျှောက်ထားခြင်းကို ကျပ်တစ်သောင်းနှုန်းဖြင့် အများ ပြည်သူသို့ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။

Democracytoday
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှဖုန်းပြော ခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင် တာနက်အသုံးပြုခ အသစ်များကို ဇန် နဝါရီ၉ရက်နေ့တွင် အသစ်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီနှင့် အစိုးရအဖွဲ့များ၏ လယ်သမားတွေ့ဆုံပွဲများ ဖွံ့ဖြိုးရေးအတွက် မဆောင်ရွက်နိုင်ဟု သုံးသပ်

Photo: ပါတီနှင့် အစိုးရအဖွဲ့များ၏ လယ်သမားတွေ့ဆုံပွဲများ ဖွံ့ဖြိုးရေးအတွက် မဆောင်ရွက်နိုင်ဟု သုံးသပ်
Wednesday, January 7, 2015

နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့များက ဆောင်ရွက်သည့် တောင်သူလယ်သမား တွေ့ဆုံပွဲများသည် လယ်သမားတို့၏ ဘဝဖွံ့ဖြိုးရေးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု လယ်သမားအသင်း၊ စီးပွားရေးပညာရှင် အချို့က သုံးသပ်ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တို့က တောင်သူ လယ်သမားတွေ့ဆုံပွဲများကို တိုင်းဒေသကြီးအချို့တွင် ပြုလုပ်ပြီး လယ်သမားများ၏ ဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးရန် ကတိအာမခံချက်များ ပေးခဲ့သော်လည်း အမှန်တကယ်တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။

၎င်းက “တောင်သူလယ်သမားတွေ ဘ၀တိုးတက်လာတယ်ဆိုတာကို ပြဖို့ ဘာမှမရှိဘူး။ အမှန်တကယ်တော့ ပါတီစည်းရုံးတာပါပဲ” ဟု ပြောသည်။

အာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ပေါ်ပေါက်လာသည့် ဦးသိန်းစိန်အစိုးရ သက်တမ်းတစ်လျှောက် လွှတ်တော်မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဥပဒေတစ်ရပ်နှင့် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် တောင်သူများနစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့သာ ဖွဲ့စည်းပေးနိုင်ခဲ့သည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဥပဒေထွက်ရှိပြီး ၁၁ လ ကြာသည်အထိ နည်းဥပဒေ ထွက်ရှိလာခြင်း မရှိသေးသည့်အတွက်လည်း လယ်သမားအခွင့်အရေးဟူသမျှ ဥပဒေနှင့် အတိအကျ ကာကွယ်ပေးနိုင်မှု မရှိသည့်အပြင် ပြီးခဲ့သည့် စစ်အစိုးရ လက်ထက် သိမ်းဆည်းခဲ့သည့် လယ်ယာ မြေများ ပြန်လည်ပေးအပ်ရာမှာလည်း ၂၀၁၄ အတွင်း အပြီး မဖြေရှင်းနိုင်သေးကြောင်း တောင်သူလယ်သမားအသင်း နာယက ဦးမြတ်ဦးကဆိုသည်။

လပွတ္တာမြို့၊ ဘီတွတ်ကျေးရွာနေ လယ်သမား ဦးစိုးကျော်သူက “ကျွန်တော်တို့ ၂၀၁၁ ကလည်း ဧက ၁၀၀ စိုက်တယ် အခုထိပဲ။ ဘယ်လို အာမခံမျိုးမှ မရခဲ့ဘူး၊ ငွေချေးပြီး လုပ်နေရတုန်းပဲ၊ အရင်တုန်းကလိုပါပဲ၊ ထူးထူးခြားခြား ပြောင်းလဲလာတာမျိုးဆိုတာ မရှိပါဘူး။ ပါတီတွေ လူကြီးတွေကတော့ ကတိတွေပေးတာ ၂၀၁၀ ကတည်းက အဲဒီတုန်း ကဟာတွေ အခုထိဖြစ်မလာပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင်ပင် နိုင်ငံခြားသို့ ဆန်စပါးတင်ပို့မှု သိသိသာသာ တိုးတက်လာမှု မရှိခဲ့ကြောင်း ယင်းကြောင့် လယ်သမားများ ဘဝဖွံ့ဖြိုး တိုးတက်မှု ရှိလာသည်ဟု မဆိုနိုင်ကြောင်း ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက “၂၀၁၁ နောက်ပိုင်း လယ်သမားတွေ ဖွံ့ဖြိုးမှုဆိုတာ လက်ဆုပ် လက်ကိုင်ပြဖို့ မရှိပါဘူး” ဟု ပြောသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အထိ လယ်ယာထွက်ကုန် တင်ပို့မှုသည် နိုင်ငံထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၇ ရာခိုင် နှုန်းအထိ ရှိခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ နိုင်ငံတစ်ဝန်း စိုက်ပျိုးနိုင်သည့် မြေဧက ၄၃ သန်းအထိ ရှိသော်လည်း၊ သန်း ၂၀ ကျော်သာ စိုက်ပျိုးနိုင်သည့်အခြေအနေ သာရှိပြီး ကျန်ရာခိုင်နှုန်း ၃၅ ကျော်မှာ စိုက်ပျိုးနိုင်ခြင်း မရှိပေ။

Mizzima - News in Burmese 

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပဲခူးတိုင်းအတွင်း တောင်သူ လယ် သမား ရေးရာ လူထုတွေ့ဆုံပွဲ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပဲခူးတိုင်းအတွင်း တောင်သူ လယ်သမား ရေးရာ လူထုတွေ့ဆုံပွဲ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့များက ဆောင်ရွက်သည့် တောင်သူလယ်သမား တွေ့ဆုံပွဲများသည် လယ်သမားတို့၏ ဘဝဖွံ့ဖြိုးရေးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု လယ်သမားအသင်း၊ စီးပွားရေးပညာရှင် အချို့က သုံးသပ်ပြောကြားလိုက်သည်။

ဂျာမနီမြို့ကြီးများ၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်

Photo: ဂျာမနီမြို့ကြီးများ၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်
Wednesday, January 7, 2015

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ လူမျိုးရေးခွဲခြားသည့် ပုံစံဖြစ်ခြင်းကြောင့် လက်မခံရန် ဂျာမနီ ဝန်ကြီးချုပ် အန်ချလာမာကယ်က မေတ္တာရပ်ခံ ထားသော်လည်း အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဂျာမနီမြို့ အများအပြားတွင် ပြုလုပ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အနောက်တိုင်းကို အစ္စလာမ် ဇာတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ အဖွဲ့ (PEGIDA) က ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့သည် ဂျာမနီအရှေ့ပိုင်း ဒရတ်ဒန်မြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အပတ်စဉ် ကျင်းပလျက် ရှိသည်။
ဒရတ်ဒန်မြို့၌ ပြုလုပ်သော PEGIDA ဆန္ဒပြပွဲတွင် လူပေါင်း ၁၈,၀၀၀ ထိ စံချိန်တွင် ပါဝင်ခဲ့သော်လည်း ဘာလင်မြို့တော်နှင့် ကိုလုံးမြို့တို့ရှိ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာမူ တန်ပြန် ဆန္ဒပြပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က PEGIDA မျိုးချစ်များကို လူမျိုးရေး ခွဲခြားသူများ၊ သည်းခံစိတ် မရှိသူများဟု ဝေဖန်ထားသည်။

သို့သော်လည်း PEGIDA ဆန္ဒပြသမားများက၊ ဘာသာရေး အစွန်းရောက်မှုနဲ့ အစွန်းရောက် ဝါဒမှန်သမျှ ဆန့်ကျင်” ဟု ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင် ချီတက်ခဲ့ကြသည်။
အတိတ်ကာလ နာဇီဝါဒီ အမှားများကြောင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့လစ်ဘရယ် အကျဆုံး ခိုလှုံနေထိုင်ခွင့် စည်းမျဉ်းများ ကျင့်သုံးလျက်ရှိပြီး ၂၀၁၄ ခုနစ် ခိုလှုံခွင့် တောင်းခံသူ ၂၀၀,၀၀၀ ထိ ရှိပြီး ၂၀၁၂ ခုနစ်ကထက် ၄ ဆနီးပါး ပိုမိုလာခြင်း ဖြစ်သည်။

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ နှလုံးသားထဲတွင် အမှန်းတရားများနှင့် ပြည့်နှက်နေခြင်းကြောင့် ၎င်းတို့ကို ဂရုမထားရန် ဂျာမနီ ဝန်ကြီးချုပ်မာကယ်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း ဆန္ဒပြမှုများမှာ ဆက်လက် ပေါ်ပေါက်လျက်ရှိသည်။
မွတ်ဆလင်လူဦးရေ အများအပြားရှိသော ကိုလုံးမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေးကို တန်ပြန်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး PEGIDA ဆန္ဒပြပွဲထက် လူအင်အား ၁၀ ဆ ကျော်ပိုမို များပြားခဲ့သည်။
ထို့အပြင် လူမျိုးစုံနေထိုင်ရာ ဘာလင်မြို့တော်တွင်လည်း မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြသမား ၄၀၀ ခန့်မှာ တန်ပြန် ဆန္ဒပြသမား ၅၀၀၀ ကျော်နှင့် ကြုံတွေ့ခဲ့ရသည်။

“ဂျာမနီက ဒုက္ခသည်တွေကို ကြိုဆိုလက်ခံတဲ့ နိုင်ငံပါ။ အသံတိတ်နေတဲ့ လူအများစု ဆက်ပြီး အသံတိတ်မနေသင့်ပါဘူး။ လမ်းပေါ်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသရပါမယ်” ဟု ဂျာမနီ တရားရေးဝန်ကြီး မိုက်ကိုမတ်က ဘာလင်မြို့ရှိ တန်ပြန်ဆန္ဒပြပွဲတွင် ပြောကြားလိုက်သည်။
အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများကို ဆန့်ကျင်သည့်အနေနှင့် ဂျာမနီနိုင်ငံ၏ အထိမ်းအမှတ် ကိုလုံးဘုရားကျောင်းက မီးပိတ်ဆန္ဒပြခဲ့သလို ဘာလင်မြို့တော်ရှိ ဘရင်ဒါဘတ် ဂိတ်ကလည်း မီးပိတ် ဆန္ဒပြခဲ့သည်။
အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်သည့် PEGIDA အဖွဲ့သည် ဂျာမနီနိုင်ငံရေး လောကတွင် တည်ငြိမ်ခိုင်မာသည့် နိုင်ငံရေးရာ အခြေခံအုတ်မြစ် မရှိသည့် အဖွဲ့ဖြစ်သည်။

The Voice Weekly
အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ လူမျိုးရေးခွဲခြားသည့် ပုံစံဖြစ်ခြင်းကြောင့် လက်မခံရန် ဂျာမနီ ဝန်ကြီးချုပ် အန်ချလာမာကယ်က မေတ္တာရပ်ခံ ထားသော်လည်း အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဂျာမနီမြို့ အများအပြားတွင် ပြုလုပ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။