Wednesday, 31 December 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။ လုံးဝ အပြစ်မရှိပါဘူး၊ ဒဏ်ငွေဆောင်ရင် တရားရုံးတော်ကို အပြစ်ရှိတယ်လို့ ဝန်ခံရာရောက်သွားမှာပါ။ ဒါကြောင့် တောင်သူငါးထောင်ကျော်အတွက် မှန်ကန်တဲ့ အလုပ်ဖြစ်လို့ ထောင်ဒဏ် တစ်လအကျခံခြင်းဖြစ်ပါတယ်။ အစကထဲက အများကောင်းကျိုးအတွက် နိုင်ငံရေးလုပ်ရင်ထောင်ကျရုံက မပိုဘူးဆိုတာ ကြိုတင်တွက်ဆပြီးသားပါ’’ဟု  ဦးတင်ထွန်းအောင် မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီးထံ ရဲစခန်းက လာရောက် အကြောင်းကြားခြင်း မရှိသေး

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦးအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် အတွက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံ ထားရသည့် ဦးကိုကိုကြီးထံသို့ မြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြား ခြင်းမရှိသေးဟု ၈၈မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကူညီပေးမည့် အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန် အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။
အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦး အကျဉ်းထောင်အတွင်းမှ စာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ လုယက်မှုတွေ ရဲက အရေးမယူ

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပစ္စည်းလုယူခံရမှုတွေကို ပခုက္ကူမြို့ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိဘဲ ထိန်ချန်ထားတယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်မှုတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဆီကနေ လက်ဝတ်ရတနာတွေနဲ့ အသုံးဆောင် ပစ္စည်းတွေကို အုပ်စုဖွဲ့ ရိုက်နှက် လုယူမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အိုဘားမားက ၄င်း၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် မင်္ဂလာဆောင် တစ်ခုကို နေရာပြောင်းရွှေ့စေခဲ့ ရသဖြင့် တောင်းပန်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဟာဝိုင်ယီရှိ ၄င်း ၏ ဂေါက်ကစားပွဲ အစီအစဉ်ကြောင့် မင်္ဂလာပွဲတစ်ခုကို နေရာပြောင်းရွှေ့ စေခဲ့သဖြင့် ထိုဇနီးမောင်နှံအား တောင်း ပန်စကားပြောကြားခဲ့သည်။
အိုဘား မားသည် ဟာဝိုင်ယီသို့ မိသားစုအ ပန်းဖြေခရီးလာရောက်မည်ကို သိသ ဖြင့် စစ်တပ်မှဗိုလ်ကြီးများဖြစ်သော ထိုဇနီးမောင်နှံက အိုဘားမားကို မင်္ဂလာဆောင်သို့ လာရန် ဖိတ်ကြားခဲ့ ကြောင်း ဘလွန်းဘတ်သတင်းများ အရ သိရသည်။
နာတာလီဟီမယ်လ်နှင့် အက် ဒဝပ်မယ်လူဂျေအာတို့သည် ၄င်း၏ ဖိတ်ကြားချက်ကို သမ္မတက ပယ်ချ ခဲ့သော်လည်း ဆုမွန်ကောင်းများ ပို့ သကြောင်း ဒီဇင်ဘာ ၂၇က စာတစ် စောင်လက်ခံရရှိခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ညဘက်တွင် သမ္မတ၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် ဟာ ဝိုင်ယီရေတပ်စခန်းတည်ရှိရာ ဂေါက် ကွင်းအနီးရှိ မင်္ဂလာခန်းမတွင် ကျင်း ပမည့် မင်္ဂလာပွဲကို တခြားနေရာသို့ ပြောင်းလဲကျင်းပရန် ပြောကြားခဲ့သည်။
''ဒါဟာ စိတ်ထိခိုက်စရာပါပဲ၊ အထူး သဖြင့် သူမအတွက်ပေါ့၊ သူမဟာ သတို့သမီးတစ်ယောက်ဖြစ်တယ်၊ ၂၄ နာရီ မပြည့်ခင်အချိန်လေးမှာ သူတို့ တွေ စီစဉ်ထားခဲ့တဲ့ အရာတွေအား လုံး ပြောင်းလဲသွားခဲ့တယ်''ဟု သတို့ သား၏ အစ်မဖြစ်သူက ပြောသည်။

ကရင်ရွာမှ ပဟေဠိလူသား

အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။

Monday, 29 December 2014

မြန်မာနယ်စပ် ထိုင်းရွာတစ်ရွာတွင် တိရစ္ဆာန်များကို အစိမ်းလိုက်စားသည့် ကရင် တစ်ဦးကြောင့် ရွာသားများ ထိတ်လန့်နေ

Photo: မြန်မာနယ်စပ် ထိုင်းရွာတစ်ရွာတွင် တိရစ္ဆာန်များကို အစိမ်းလိုက်စားသည့် ကရင် တစ်ဦးကြောင့် ရွာသားများ ထိတ်လန့်နေ
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄
မြန်မာနယ်စပ် အနီးတွင် ရှိသည့် ထိုင်းနိုင်ငံ တက်ခ် ပြည်နယ် မယ်ရာမတ်ခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် လူခြေတိတ်ချိန် များတွင် လူတစ်ဦးက တိရစ္ဆာန် များကို ရွာအတွင်း ဝင်ဆွဲကာ အစိမ်းလိုက် သတ်ဖြတ် စားသောက်ခြင်းကြောင့် ရွာသူ ရွာသားများ အနေဖြင့် ခြောက်ခြားလျက် ရှိနေရာ ယင်းကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ များက ကင်းလှည့် စောင့်ကြပ်ပေး နေရသည်။

မောက်ခလိုင် ပြန်လာမည်ကို တစ်ရွာလုံး ထိတ်လန့်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့များ လာရောက် စောင့်ကျပ်ပေးနေ ရသည်။ ဓာတ်ပုံ - Bangkok Post

ခွေးများ၊ ကြက်များမှ အစ ရွာတွင်းမှ တိရစ္ဆာန်များကို ဖမ်းဆီး သတ်ဖြတ်ကာ အစိမ်းစား သူသည် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သည်ဟု ရွာသူရွာသားများနှင့် ဘုန်းကြီးများက ပြောသည်။ ထိုင်းအခေါ်အားဖြင့် မောက်ခလိုင် (Mokhalai) ဆိုသူ ဖြစ်ပြီး အသက် ၂၅ နှစ်ရှိ ကရင် လူမျိုး တစ်ဦးဖြစ်သည်။ ၎င်း၏ ရန်ကြောင့် တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရပ်ကင်းအဖွဲ့ နှင့် စစ်သားများကို ယင်းဒေသသို့ ပို့ ပေးထား ရသည်။
 
၎င်းသည် ခွေးများ၊ ကြက်များကို သတ်ကာ အစိမ်းစားသည်ကို တွေ့ ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ရွာဘုန်းကြီးကျောင်း ကုဋီတွင်း အသားစိမ်း များကို စားသောက် နေသည်ကို တွေ့ ရှိ၍ ဖမ်းမိခဲ့ခြင်း ဖြစ်ကာ အာဏာပိုင်များက နယ်စပ်မြစ်ကို ဖြတ်လျက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ ဆောင် ခဲ့သည်။ သို့ သော်လည်း ၎င်း အစိမ်းစားသူက ဒေသတွင်း ပြန်လည် ၀င်ရောက်လာမည် စိုးသောကြောင့် လုံခြုံရေးကင်းများ ချထားသလို ရွာနေပြည်သူ များလည်း စိုးရိမ် ထိတ်လန့် ကာ ညဘက်များတွင် အပြင်မထွက်ဝံ့ရှိနေသည်။

"ရွာသူရွာသားတွေက အဲဒီဒကာ ပြန်ရောက်လာမှာကို ကြောက်နေကြတယ်" ဟု ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးက လာရောက် ဖူးမြော်ကြသည့် အရပ်ကင်းစောင့်များနှင့် စစ်သားများကို မိန့် ကြားခဲ့သည်။

မောက်ခလိုင်သည် တိရစ္ဆာန်များကို အစိမ်းစားရာမှ ရွာမှ ကလေးလေးများကို ဝင်ဆွဲကာ သတ်ဖြတ်စားသောက်မည်ကို ရွာသားများက စိုးရိမ်လျက်ရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။ "ရွာသားတွေက သူ ပြန်ရောက်လာမှာ စိုးရိမ်နေကြတယ်။ နောက်ပြီး ကလေးတွေကိုပါ သတ်ဖြတ်စား လာမယ်ဆိုပြီး ခြောက်ခြားနေတယ်"ဟု ယင်းရွာသားက ပြောသည်။ ထိုပြင် အာဏာပိုင်များအနေဖြင့် မောက်ခလိုင်အား တရားစွဲခြင်း သို့ မဟုတ် စိတ်ကျန်းမာရေး စစ်ဆေးခြင်းတို့ ကို လုပ်ဆောင်သင့် ပါလျက် မလုပ်ဆောင်ကြကြောင်း ရွာသားတစ်ချို့  ကလည်းပြော ကြသည်။
 
မောက်ခလိုင်သည် စစ်သားဟောင်းတစ်ဦးဖြစ်နိုင်ပြီး အသက်ရှင်သန်ရေးအတွက် မည်သည့်နည်းနှင့်မဆို မည်သည့် အစားအစာမဆို စားနိုင်အောင် လေ့ကျင့်ပေး ထားသူ ဖြစ်ကြောင်း လက်ထောက်ခရိုင် အုပ်ချုပ်ရေးမှူး ပန်တစ်က ပြော သည်။မယ်ရာမတ်ခရိုင် အာဏာပိုင် များနှင့် အရပ်ကင်းအဖွဲ့ များက ရွာသူရွာသားများ အန္တရာယ်ကင်းရေးနှင့် စိတ်လုံခြုံရေး အတွက် နေ့ စဉ် ကင်းလှည့် ပေးလျက်ရှိသည်။ 
Mizzima News
မြန်မာနယ်စပ် အနီးတွင် ရှိသည့် ထိုင်းနိုင်ငံ တက်ခ် ပြည်နယ် မယ်ရာမတ်ခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် လူခြေတိတ်ချိန် များတွင် လူတစ်ဦးက တိရစ္ဆာန် များကို ရွာအတွင်း ဝင်ဆွဲကာ အစိမ်းလိုက် သတ်ဖြတ် စားသောက်ခြင်းကြောင့် ရွာသူ ရွာသားများ အနေဖြင့် ခြောက်ခြားလျက် ရှိနေရာ ယင်းကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ များက ကင်းလှည့် စောင့်ကြပ်ပေး နေရသည်။
ခွေးများ၊ ကြက်များမှ အစ ရွာတွင်းမှ တိရစ္ဆာန်များကို ဖမ်းဆီး သတ်ဖြတ်ကာ အစိမ်းစား သူသည် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သည်ဟု ရွာသူရွာသားများနှင့် ဘုန်းကြီးများက ပြောသည်။ ထိုင်းအခေါ်အားဖြင့် မောက်ခလိုင် (Mokhalai) ဆိုသူ ဖြစ်ပြီး အသက် ၂၅ နှစ်ရှိ ကရင် လူမျိုး တစ်ဦးဖြစ်သည်။ ၎င်း၏ ရန်ကြောင့် တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရပ်ကင်းအဖွဲ့ နှင့် စစ်သားများကို ယင်းဒေသသို့ ပို့ ပေးထား ရသည်။

မနုနုယဉ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုတောင်းဆို

မှုခင်းဆရာဝန်၏ ဆေး စစ်ချက်အဖြေများအရ သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်ရရှိ ခဲ့သော ဒဏ်ရာများမှာ ထိုးကြိတ် ရုံဖြင့် ရရှိနိုင်သည့် ဒဏ်ရာများ မဟုတ်ခြင်းကြောင့် အမှုကိုအမှန် အတိုင်းဖြစ်စေလိုကြောင်း မနုနု ယဉ်၏ မိသားစုဝင်များက သတင်း ထောက်များအား ပြောကြား သည်။
‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်က အရိုးတွေ အကုန်ကျိုးနေတယ်။ အသည်းတွေ၊ နှလုံးတွေ အကုန်ပွင့်ထွက်သွားတယ်။ အဆုတ်မှာ ညိုမည်းနေတယ်။ ခေါင်းရဲ့ ဘယ်ဘက်တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေ တယ်။ အဲဒါတွေကတော့မျက်မြင် ကိုယ်တွေ့တွေ့ခဲ့ရတာ။ ဆရာဝန် ပြောတဲ့စကားအရ လက်သီးနဲ့ ထိုး ရုံနဲ့တော့ ဒီလိုကျိုးကြေသွားတာ မဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦး လေးဦးအောင်ကျော်ထွားကပြော သည်။ ထို့ကြောင့် မနုနုယဉ်သေဆုံး သည့်ကိစ္စကို အမှုမှန်အတိုင်းပေါ် ပေါက်စေလိုကြောင်း မိသားစုဝင် များက ဒီဇင်ဘာ ၂၈ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အဖိုးတန် နေပူတောင်ကို ကျောက်ထုတ် ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်းလိုက်သည့် အပေါ် ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးခန့်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

အန်အယ်ဒီအဖွဲ့ဝင်အချင်းချင်း ညီညွှတ်ရန်လိုကြောင်း ဒေါ်စု တိုက်တွန်း

အဖွဲ့ချုပ်ကို ထူထောင်ထားတာဟာ ပြည်သူအကျိုးအတွက် ထူထောင်ထား တာဖြစ်တဲ့ အတွက် ကိုယ့်အကျိုးအတွက် ဆောင်ရွက်မယ်ဆိုရင် အဖွဲ့ချုပ်ကို မ၀င်သင့်ကြောင်းနဲ့ အဖွဲ့ချုပ်ဝင်အချင်းချင်း ညီညွတ်ဖို့ လိုတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီ ပါတီဝင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် လာရာလမ်းမှာရှိတဲ့ အိမ်မဲမြို့ ပြည်သူလူထုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထင်ရှားကျော်ကြား ၂၀၁၄

ရှေ့ပြေး သန်းခေါင်စာရင်း ရလဒ်နှင့် လူဦးရေ ကိုးသန်းကျော် ကွာဟမှု
မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြုလုပ်ခဲ့သည်။ အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ရှေ့ပြေးရလဒ်သည် ယခင် နိုင်ငံတော်က ထုတ်ပြန်ထားသည် စာရင်းများနှင့် နိုင်ငံရေးလုပ်ဆောင်ချက် အချို့တွင် အစိုးရမှ အသုံးပြုခဲ့သည့် လူဦးရေစာရင်းနှင့် များစွာကွဲလွဲ နေခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ ဒသမ ၃ သန်းကျော် ရှိသည်။ ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့် ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်း အခြေခံ၊ လူဦးရေ၊ ပညာ၊ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၄ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ ဒသမ ၄ သန်းသာ နေထိုင်လျက်ရှိသဖြင့် မူလခန့်မှန်းချက်ဖြစ်သည့် လူဦးရေသန်း ၆၀ စာရင်းနှင့် နှိုင်းယှဉ်ပါက လူဦးရေ ကိုးသန်းခန့် လျော့နည်းနေသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ သန်းနီးပါး ရှိကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိသည်ဟု နိုင်ငံတော်က ထုတ်ပြန်ထားသည်။
၂၀၁၅ မေတွင် သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မည်ဖြစ်ရာ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်သည် မဲပေးပိုင်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် သက်ဆိုင်နေကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြန်ရန် နှောင့်နှေးနေမည် ဆိုပါက ရွေးကောက်ပွဲကို မသမာမှုပြုလုပ်ရန် ပြင်ဆင်သည်ဟု ယူဆစရာ ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်ထောက်ပြမှုများရှိရာ တိုင်းပြည်၏ လူဦးရေစာရင်း အတိအကျကို အစိုးရက ထုတ်ပြန်သွားနိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်ပင် ဖြစ်ပေသည်။

Eleven Media Group

ငွေမည်းများနှင့် ဈေးကစားသည့် ၂၀၁၄ ခုနှစ် အိမ်ခြံမြေဈေးကွက်

မြန်မာ့အိမ်ခြံမြေဈေးကွက်သည် အစိုးရသစ်တက်လာသည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှစ၍ တရိပ်ရိပ်တက်လာခဲ့သည်။ ယင်းသို့ အိမ်ခြံမြေဈေးကွက် တက်လာသည့်အပိုင်းတွင် ပုံမှန်တက်လာခြင်းမျိုးမဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဈေးကစားရန် ကိုင်ထားသော လက်ကြီးသမားများကြောင့် ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ခြံမြေအား လက်ကြီးသမားများက ချုပ်ကိုင်ထားသကဲ့သို့ လုပ်ပိုင်ခွင့်ရှိသူများ နှင့် နီးစပ်သူများကလည်း ချုပ်ကိုင်ထားကြောင်း၊ ထို့အတူ တပ်မြေသိမ်းမှုများကြောင့် အိမ်ခြံမြေဈေးသည် တရိပ်ရိပ်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် မှစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဟူသော ပြဠာန်းကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းအများအပြား ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းအနေအထားမှ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အပြောင်းအလဲကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အဆိုပါ ငွေမည်းသမားများက အိမ်ခြံမြေကို ကိုင်ထားခဲ့သည့်အတွက် ၂ဝ၁၄ ခုနှစ်သည် အိမ်ခြံမြေဈေးနှုန်းအမြင့်ဆုံး ရောက်နေသည့်အနေအထားဖြစ်ကြောင်း သိရသည်။

အာဏာရှင်ဟောင်းတချို့၏ ကြွယ်ဝမှုများ မဖုံးနိုင်မဖိနိုင် ပေါ်လာခဲ့သည့် ၂၀၁၄

အနှစ် ၆ဝ ခန့် အာဏာရှင်စနစ်အောက်၌ ရပ်တည်ခဲ့ရသော မြန်မာနိုင်ငံတွင် အစိုးရအရာရှိများ နှင့် နီးစပ်သူများ၏ အကျင့်ပျက်လာဘ်စားမှုများကြောင့် ကမ္ဘာတွင် နာမည်ပျက်ခဲ့ရသည်။
ထိုသို့ နာမည်ပျက်ခဲ့သော်လည်း အကျင့်ပျက်လာဘ်စားမှုများတွင် ပါဝင်သူများကိုယ်တိုင် ထုတ်ဖော်မှသာ အကျင့်ပျက်လာဘ်စားမှုကို ဖော်ထုတ်နိုင်မည်ဖြစ်သည့်အတွက် အစိုးရအရာရှိအများစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ယနေ့တိုင် ဖုံးဖိထားနိုင်ဆဲဖြစ်သည်။

ဂျော်ဂျီယာ လွှတ်တော် အစည်းအဝေးတွင် အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် အမတ်များကြား တိုက်ခိုက်မှု ဖြစ်ပွား


ဂျော်ဂျီယာ ပါလီမန် လွှတ်တော်၌ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခုတွင် အာဏာရ ပါတီနှင့် အတိုက်အခံ ပါတီမှ လွှတ်တော် အမတ်များကြား ငြင်းခုံ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတိုက်အခံ ပါတီနှစ်ခုကြား ရန်ပွဲသည် ဥရောပ ကောင်စီ၏ ပါလီမန် အစည်းအဝေးသို့ စေလွှတ်မည့် ဂျော်ဂျီယာ ကိုယ်စားလှယ် အဖွဲ့နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်တွင် လွှတ်တော်အမတ်များ ဆွေးနွေး တိုင်ပင်ခဲ့ရာမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။

Saturday, 27 December 2014

စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ် ပစ်သတ်ခံရလို့ သေဆုံးသွားရတာကြောင့် အဲဒီဒေသခံ စစ်သွေးကြွတွေ ကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘိုဒိုတိုင်းရင်းသားတွေအတွက် သီးခြားပြည်နယ် ရ ရှိရေး တောင်း ဆိုနေတဲ့ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့ က ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

KIA ကြိုးဆွဲရာ ကနေရသော TNLA ရုပ်သေးရုပ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့ လက်မှတ် ရေးထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော(၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်၍ KIA တစ်ဖွဲ့တည်းသာ ကျန်ရှိသည်ဟု သတ်မှတ် ရမည် ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

Friday, 26 December 2014

ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်

Photo: ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်
Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီးနိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိ အားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ

Photo: ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ
Friday, December 26, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန်လုံခြုံရေး ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။

''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေးအတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆောင်ရွက်တာ ပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံ ရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်က အတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေး ကွပ်ကဲ ရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနား တွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည် နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်း များ၊ စစ် မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန် လုံခြုံရေးထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

Photo: အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်
Friday, December 26, 2014

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး
မိန်းကလေးတော်တော်များများဟာ သူတို့စိတ်အလိုမကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေတယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။အရာ

၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး
ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ အရာအားလုံး သူတို့လုပ်ပေးမှ အဆင်ပြေနိုင်တဲ့ သူမျိုးကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။

၃။စမတ်ကျကျလေး နေတတ်တာမျိုး
အပေါ်က အချက်လိုပါပဲ။ ကိုယ့်ချစ်သူက တုံးအနေတာမျိုး ဘယ်ယောင်္ကျားလေးက လိုချင်မှာလဲ။ မေးလိုက်တိုင်း ဘာဆိုဘာမှမသိတဲ့ ချစ်သူမျိုးထက် စမတ်ကျကျလေး နေတတ်တဲ့ ချစ်သူမျိုးကို ပိုပိုင်ဆိုင်ချင်ကြတာပါ။

၎။ညှို့အားပြင်းပြင်းနဲ့ သူတို့ကို ဆွဲဆောင်နိုင်တာမျိုး

ကိုယ်ခန္ဓာလှတာ မလှတာ ၊ ပိန်တာ၊ ၀တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ သူတို့ဆိုလိုချင်တာက သူတို့နဲ့ နေတဲ့အခါမျိုးတွေမှာ ကိုယ်ဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူမျိုးဖြစ်တာမျိုးကို လိုချင်တာပါ။

၅။အားလုံးကို ခင်ခင်မင်မင် ပေါင်းသင်ဆက်ဆံတတ်တာမျိုး
ဒါကတော့ ယောင်္ကျားလေး၊ မိန်းကလေးမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ့်သူငယ်ချင်း၊ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေချင်တာ၊ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံစေချင်ကြတာချည်းပါပဲ။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အရေးပါလွန်းလှပါတယ်။

၆။ခွန်အားပေးတတ်တာမျိုး
ဘယ်ယောင်္ကျားလေးမဆို ကိုယ့်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့၊ ကိုယ့်စိတ်ကူးအိုင်ဒီယာတွေကို ပိုမိုသစ်လွင်လာအောင် ဖန်တီးပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိတ်ခွန်းအားဖြည့်ပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်ပါတယ်။

Ref:mensxp.com
Trend Myanmar
ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိ ကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်

Photo: ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်
Friday, December 26, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ်နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာတွင် ကျင်းပပြု လုပ်နေသည့်ပုံစံအတိုင်း အဆိုပါ ဘားကမ့်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး နည်းပညာအကြောင်းအရာများနှင့် လူအများစိတ်ပါဝင် စားသည့် အကြောင်းအရာများကို ခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိဘဲလွတ်လပ် စွာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Barcamp မှ ပြန်ကြားရေးတာ ဝန်ခံ ဦးဇော်ဇော်မျိုးလွင်က''ဘား ကမ့်ပွဲက လူငယ်တွေနဲ့ နှစ်စဉ်စည် စည်ကားကားကျင်းပနေတဲ့ပွဲဖြစ်တယ်။ အားလုံး လွတ်လပ်စွာနဲ့ကိုယ် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခု ထားပြီး စိတ် ကြိုက်ပြောဆိုဆွေးနွေးလို့ရအောင် လုပ်ပေးသွားမယ်။ တက်ရောက်လာမယ့် လူငယ်တွေအတွက်လဲနည်းပညာနဲ့ တခြားဗဟုသုတတွေ၊ အ ဆက်အသွယ်တွေ ရနိုင်မယ့်ပွဲတော် တစ်ခုပါ''ဟုပြောသည်။

ယင်းဘားကမ့်ပွဲတော်တွင် အိုင်တီ၊ မိုဘိုင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားသော Topic များနှင့်လည်း ပြောဆိုနိုင်မည့်ပွဲတစ်ခုဖြစ်ကြောင်း၊ အခြားနည်းပညာပွဲများကဲ့သို့ ပညာရှင်များကသာဆွေနွေးရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးဇော်ဇော်မျိုးလွင်က ''Topic တစ်ခုကို ကိုယ်က ရွေး ချယ်ပြီး ဆွေးနွေးမယ်၊ ပွဲလာမယ့်သူတွေကလဲ တစ်ခန်းမှာပဲဆွေးနွေးတာကို ထိုင်နားထောင်ရမှာ မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို ပြော ဆိုနေတဲ့အခန်းကို သွားနားထောင်နိုင်မယ်။ အရမ်း Free ဖြစ်အောင် ပြင် ဆင်ထားတယ်'' ဟု ပြောသည်။

အဆိုပါ ဘားကမ့်ပွဲသို့ ယခင် နှစ်ကျင်းပခဲ့စဉ်က လူဦးရေ ၆၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းပွဲကို ၂၀၁ဝပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့၌သာမက နယ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ပြီး အနည်းဆုံးပြပွဲသို့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

PPT
Democracytoday
နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ် နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။