Thursday, 25 December 2014

လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်ကို လိုက်နာမှု အားနည်းခဲ့ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဝန်ခံ

ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ အစီရင်ခံစာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီမှာ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ လိုက်နာမှု အားနည်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောကြားလိုက်သည်။

လေလွင့်ကလေးငယ် ၁၀၀၀ ကျော်ကို ထိန်းသိမ်း


ရန်ကုန်မြို့တော်အတွင်း လှည့်လည်သွားလာနေသော လေလွင့်ကလေးငယ်များကို ထိန်းသိမ်းလျက်ရှိရာ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကလေးငယ် အယောက် ၁၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဆီးရီးယားတွင် လေကြောင်း ထိုးစစ်ဆင်နေသော တိုက်လေယာဉ်ကို IS အဖွဲ့ ပစ်ချ၊ လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးထား


အမေရိကန်၏ ဦးဆောင်မှုဖြင့် ဆီးရီးယားမြောက်ပိုင်းတွင် လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိသော တိုက် လေယာဉ် များထဲမှာ တစ်စီးကို အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ Islamic State က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်း တောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ကြေညာသည်။

နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်

Photo: လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်
Thursday, December 25, 2014

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အဆိုပါ လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမနှင့် ရုံးခန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပါက လက်ရှိ သုံးနေသော ရုံးခန်းများကို စာသင်ခန်းများအဖြစ် အသုံးပြုမည်ဟု ၎င်းကဆိုသည်။

ပင်မစာသင်ဆောင်ကြီးကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်နှင့် လာမည့် ဘဏ္ဍာနှစ် နှစ်ခုအတွင်း အပြီးတည်ဆောက်မည် ဖြစ်သောကြောင့် စီမံကိန်း တစ်ခုလုံး၏ ကုန်ကျစရိတ်ကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။

၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ယမန်နှစ်က ကျောင်းသား ၅၈၀ ရှိပြီး၊ ယခုစာသင်နှစ်တွင် ကျောင်းသူများကိုပါ ခေါ်ယူထားသောကြောင့် သင်တန်းသား သင်တန်းသူ အသစ်များ လက်ခံနေဆဲ ဖြစ်ကြောင်း ကျောင်းသားရေးရာ ဌာနထံမှ သိရသည်။

ယခင်က ငါးနှစ်သင်ရိုးအဖြစ် သတ်မှတ်ထားသော်လည်း ယခု ခြောက်နှစ်သင်ရိုး အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း၊ မဟာတန်း တက်ရောက်ရန် အရည်အချင်း ပြည့်မီပါက နောက်ထပ်သုံးနှစ် သင်တန်း ထပ်တက်ရမည် ဖြစ်ကြောင်း၊ လေဆိပ်စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း ဇန်နဝါရီလတွင် ဒုတိယအသုတ် အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ရုံးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများတွင် လေကြောင်းလိုင်းများနှင့် လေဆိပ်လုပ်ငန်းများ ပါဝင်လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလိုသဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ပညာသင်ကြားခြင်း ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်တွင် တက်ရောက်နေသူများက ပြောဆိုသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ် နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Thursday, December 25, 2014

လက်ပံတောင်းတောင် ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီး တစ်ဦးကို ဘယ်လို အခြေအနေမျိုးမှာမှ အခုလိုပစ်ခတ်ရန် အကြောင်း မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

RFA ကတင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ကဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ပျက်ကွက်တဲ့အတွက် အစိုးရမှာတာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။

"လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့လို့ ဒီလိုဖြစ်တာပေါ့၊ ဖြစ်ပြီးမှ လျော်ကြေးပေးတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်က ဘယ်လိုလျော်ကြေးနဲ့တန်ပါ့မလဲ၊ တန်ဖိုးဖြတ်လို့မှမရတာလေ လူတစ်ယောက်ရဲ့အသက်ကို"

ရှေ့လာမယ့်နှစ်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မေးမြန်းရာမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်ရေးနဲ့ မျှတလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်ရေးအတွက် ဆက်လက်ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေရှိမယ်၊ ဒီဖွဲ့စည်ပုံအခြေခံ ပြုပြင်ပြောင်းလဲရေးရော၊ ဒီနှစ်နောက်ပိုင်းမှာ လာမယ့်ရွေးကောက်ပွဲရော အားလုံးချောမွေ့ဖို့ဆိုလို့ရှိရင်တော့ တကယ့်ကိုဆွေးနွေးသင့်တဲ့သူတွေက ထိထိရောက်ရောက် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ကိုလုပ်ရမယ်"

ဒါ့အပြင် လာမယ့်နှစ်မှာ ပြည်သူလူထုအားလုံး တာဝန်ကျေပွန်ကြရင် မြန်မာနိုင်ငံဟာ ကြိမ်းသေမုချ တိုးတက်မှာဖြစ်တယ်လို့လည်း နှစ်သစ်ကူးစကားလက်ဆောင်ပါးလိုက်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီး တစ်ဦးကို ဘယ်လို အခြေအနေမျိုးမှာမှ အခုလို ပစ်ခတ်ရန် အကြောင်းမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့

Photo: အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့
Thursday, December 25, 2014 

ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိ သူတွေကို အသစ်ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင် တော့မယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

တနေ့လုံးကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီး ကြာသပတေးနေ့ နိုင်ငံကို မိန့်ခွန်းပြောဆိုရာမှာ မစ္စတာ ရှရစ်ဖ် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစည်းအဝေးကို အစိုးရအဖွဲ့ဝင်တွေသာမက တခြားထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ အစီအစဉ်အသစ်တွေ ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခုံရုံးတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်တွေကို ထုတ်ဖော်မပြောပေမဲ့၊ အကြမ်းဖက်သမားတွေကို အမြန်ဆုံးတရားစီရင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်ကလေးငယ်တွေရဲ့ သွေးတွေဟာ အလဟသ မဖြစ်စေရဘူးလို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ Peshawar က ကျောင်းမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ကြောင်း အစွန်းရောက်ဝါဒကို အမြစ်ဖြုတ်ပစ်ရမယ်လို့ သူက ပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်သစ်ထဲမှာ အကြမ်းဖက်အုပ်စုတွေရဲ့ ရန်ပုံငွေဖြတ်တောက်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အုပ်စုတွေအနေနဲ့ နာမည်အသစ်နဲ့ လှုပ်ရှားတာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ စတာတွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိ သူတွေကို အသစ်ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင် တော့မယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

အီရတ်မှ စစ်ပြေးဒုက္ခသည်များကို ခရစ္စမတ် အကြို အားပေးစကား ပြောခဲ့သည့် ပုပ်ရဟန်းမင်းကြီး

Photo: အီရတ်မှ စစ်ပြေးဒုက္ခသည်များကို ခရစ္စမတ် အကြို အားပေးစကား ပြောခဲ့သည့် ပုပ်ရဟန်းမင်းကြီး
Thursday, December 25, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ရန်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရသည့် အီရတ် ဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် နှုတ်ခွန်းဆက် အားပေးစကား ပြောကြားခဲ့သည်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ ဦးစီးနာယကဖြစ်သည့် အာဂျင်တီးနား နိုင်ငံသား ရဟန်းမင်းကြီးက ကာ့ဒ်မျိုးနွယ်များ၏ မြို့ဖြစ်သော အာဘီလ် အနီးတွင် ခိုလှုံနေရသည့် ဒုက္ခသည်များနှင့်အတူ မိမိ၏ စိတ်အတွေးအားလုံး ရှိနေမည်ဟု တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် အားပေးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက IS စစ်သွေးကြွအဖွဲ့၏ လျှပ်တပြက် ထိုးစစ်ကြောင့် မိုဆူးလ်မြို့ကို စွန့်ခွာလာရသူများ အပါအဝင် ဒုက္ခသည်များကို ကက်သလစ် ရုပ်မြင်သံကြား ချင်နယ်လ် TV 2000၏ ပံ့ပိုးမှု အစီအစဉ်ဖြင့် ဂြိုဟ်တုဖုန်းမှတစ်ဆင့် ရဟန်းမင်းကြီးက ဒီဇင်ဘာ (၂၄)ရက်တွင် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

“ချစ်ခင်ရပါတဲ့ ညီအစ်ကိုတော်တို့။ ကျွန်ုပ်ဟာ သင်တို့နဲ့ နီးနီးစပ်စပ် ရှိနေမယ်။ သင်တို့ နှလုံးသားနဲ့ အနီးဆုံးမှာ ရှိနေမှာပါ”ဟု သက်တော် (၇၈)နှစ်ရှိ ရဟန်းမင်းကြီးက အားပေးပြောဆိုခဲ့ကြောင်း အီတလီ သတင်းဌာန AGIက ဖော်ပြခဲ့သည်။

အန်ကာဝါ ဒုက္ခသည် စခန်းရှိ အီရတ် ဒုက္ခသည်များကို တယ်လီဖုန်းမှတစ်ဆင့် စကားပြောခဲ့ရာတွင် ရဟန်းမင်းကြီးက “အထူးသဖြင့် လူမမယ် ကလေးငယ်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေအကြောင်း ကျွန်ုပ်ရဲ့ စိတ်နှလုံးမှာ အလေးအနက် တွေးတောမိပါတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတယ်။ အမြတ်ထုတ်ခံရတယ်။ ဒါတွေက ကျွန်ုပ်ရဲ့ စိတ်အတွေးထဲမှာ ထင်ဟပ်နေပါတယ်။ ပြီးတော့ အဖိုးအဖွားတွေ၊ ဒီလို အခြေအနေကို သည်းခံ ဖြတ်သန်းနေရတဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ ကျွန်ုပ်ရဲ့ စိတ်နှလုံးကို မျှဝေပါတယ်”ဟု ရဟန်းမင်းကြီးက ပြောကြားထားသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် အဆိုပါ ဒေသရှိ ခရစ်ယာန် ဘာသာဝင်များကို တစ်ကမ္ဘာလုံးမှ ခရစ်ယာန်များက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံခဲ့သေးသည်။

_Ref: Channel NewsAisa
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ရန်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရသည့် အီရတ် ဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် နှုတ်ခွန်းဆက် အားပေးစကား ပြောကြားခဲ့သည်။

မြဝတီ-မဲဆောက်နယ်စပ်တံတားနှင့် စစ်ဆေးရေးဂိတ်များကို ည ၈နာရီခွဲအထိ ဖွင့်ရန် နှစ်နိုင်ငံသဘောတူ

လာမည့် ၂၀၁၅ခုနှစ်ဇန်နဝါရီ ၁ရက်မှစတင် ပြီး ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲ ဆောက်နယ်စပ် တံတား များနှင့်နှစ် နိုင်ငံ စစ်ဆေးရေး ဂိတ်များကို ထိုင်း စံတော်ချိန်ည ၈နာရီခွဲ မြန်မာစံတော် ချိန်ည ၈နာရီအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဘန်ကောက် ပို့စ်သ တင်းစာ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြချက် အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်းတောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ကြေညာသည်။

တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်

Photo: တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
Thursday, December 25, 2014

တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီးတရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

 တရားမ၀င်  ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင်တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။

7Day DAILY 

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)
တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း) 
တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်

Photo: နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်
Wednesday, December 24, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ်ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သော UNA ညီလာခံတွင် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများနှင့် မိတ်ဖက်ပါတီ၊ အဖွဲ့အစည်း ၂၅ ဖွဲ့က သုံးရက်ကြာ ဆွေးနွေးပြီးနောက် ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက် အပါအဝင် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးတို့ကို အထောက်အကူပြုနိုင်ရန် အားလုံးက ယုံကြည်လက်ခံနိုင်သည့် တည်ငြိမ်သော နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်သွားရန် အချက်များ အပါအဝင် စုစုပေါင်း နိုင်ငံရေး သဘောတူညီချက် ကိုးချက်ကို ထုတ်ပြန်ကြောင်း ဦးအေးသာအောင်က ရှင်းပြသည်။

ထို့အပြင် ထုတ်ပြန်ချက်အတွင်း ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အောက်ခြေ တိုင်းရင်းသား ပြည်သူလူထုများအကြား အသိပညာ ပြန့်ပွားရေးအတွက် စည်းရုံးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံပွဲတွင် ဖြေရှင်းရန် ဆုံးဖြတ်ကြောင်း ပါရှိသည်။

“ကျွန်တော်တို့ ဆုံးဖြတ်တာတွေ အားလုံးက တောင်းဆိုချက် တစ်ခုမှ မပါဘူး၊ ဒီအဖွဲ့အစည်းတွေကပဲ လုပ်သင့်တဲ့ လုပ်နိုင်တဲ့ အနေအထားတွေကနေ ဆက်လက်လုပ်သွားမယ်” ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ဆိုသည်။

အဆိုပါ UNA ညီလာခံသို့ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ယင်းသို့ တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်မည့် ညီလာခံကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း UNA ထံမှ သိရသည်။

UNA ကို ၂၀၀၂ ခုနှစ်တွင် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ သျှမ်း (ရှမ်း) ပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

The Voice Weekly
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

တရုတ် နိုင်ငံသားတစ်ဦး ခရစ္စမတ် အထိမ်းအမှတ် အဖြစ် ကြက်ဥ နှင့် ငုံးဥ အလုံး ၁၆၀ ကို တစ်ထိုင်တည်းစားပြ

Photo: တရုတ် နိုင်ငံသားတစ်ဦး ခရစ္စမတ် အထိမ်းအမှတ် အဖြစ် ကြက်ဥ နှင့် ငုံးဥ အလုံး ၁၆၀ ကို တစ်ထိုင်တည်းစားပြ
Thursday, December 25, 2014

ပေကျင်း ၊ ဒီဇင်ဘာ ၂၅ ။ ။ခရစ္စမတ် နေ့ အထိမ်းအမှတ် အစား အသောက်ပြိုင် ပွဲတွင် တရုတ်လူမျိုး ပြိုင်ပွဲဝင် တစ်ဦးသည် တစ်ထိုင်တည်းဖြင့် ကြက်ဥ နှင့် ငုံးဥ အလုံး ၁၆၀ ကို စားသောက်ခဲ့ကြောင်း ၊ လက်ရှိတွင် ၄င်း၏ ကျန်းမာရေး အခြေအနေကောင်း မွန်ကြောင်း နှင့် နောက်ထပ် အံ့အားသင့် ဖွယ်ရာ ပြကွက်များကို လည်း ပြသရန် စီစဉ်နေကြောင်း The straits Times သတင်းများ အရသိရသည်။

REF :: The Straits Times 
Democracy today
ခရစ္စမတ် နေ့ အထိမ်းအမှတ် အစား အသောက်ပြိုင်ပွဲတွင် တရုတ်လူမျိုး ပြိုင်ပွဲဝင်တစ်ဦးသည် တစ်ထိုင် တည်းဖြင့် ကြက်ဥနှင့်ငုံးဥ အလုံး ၁၆၀ ကို စားသောက်ခဲ့ကြောင်း၊

ဝမ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို

Photo: ၀မ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို
Thursday, December 25, 2014

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုကို ၀မ်ပေါင် ကုမ္ပဏီက ရှုတ်ချပြီးသေဆုံးသူ နှင့် ဒဏ်ရာရရှိသူများ၏ မိသားစု ၀င်များအား ကူညီပေးမည်ဟု ၀မ် ပေါင်ကုမ္ပဏီစီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယွမ်ဖေးကပြော ကြားသည်။

ဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးသွားသည့်အတွက် ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့်အတူ   ထပ်တူထပ်မျှဝမ်းနည်းရကြောင်း၊ ကိုယ်ချင်းစာမိကြောင်း၊ လက်ပံတောင်းမိသားစုဝင်တစ်ဦးဆုံးရှုံးလိုက်ခြင်းပင်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းဝမ်းနည်းကြောင်းစာ ကို ဒီဇင်ဘာ ၂၃ ရက်က လက်ပံ တောင်းတောင်အရေးနှင့် ပတ် သက်ပြီး တရုတ်သံရုံးရှေ့၌ ဆန္ဒ ပြမှုကို လာရောက်သတင်းယူ သော မီဒီယာများအား ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများက တရုတ်သံရုံးထဲမှ ထွက်ကာ လာ ရောက်ပြောကြားသွားခြင်း ဖြစ် သည်။ ‘‘ဒီလိုမျိုးအကြမ်းဖက်နှိမ် နင်းတာကို ကျွန်တော်တို့ဝမ်ပေါင် ကုမ္ပဏီက မလိုလားပါဘူး။ နောက်လည်း ဒီလိုမျိုးအကြမ်း ဖက်နှိမ်နင်းမှုမရှိစေချင်ပါဘူး။ အကြမ်းဖက်နှိမ်နင်းလို့ အမျိုးသ မီးတစ်ဦးဆုံးသွားတယ်လို့ သိရပါ တယ်။ သေဆုံးတဲ့မိသားစုဝင်တွေ နဲ့ ဒဏ်ရာရရှိတဲ့ မိသားစုဝင်တွေ ရဲ့ အခက်အခဲတွေကို ကူညီ ဖြေ ရှင်းပေးဖို့အတွက် ၀မ်ပေါင်ကုမ္ပ ဏီက ဖိတ်ခေါ်ပါတယ်။ လာ ရောက်ဆွေးနွေးလှည့်ပါ။ အတတ်နိုင်ဆုံးကူညီပေးမှာပါ’’ဟု မစ္စတာ ဒေါင်ယွမ်ဖေးက 7 Day Daily အားပြောသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို မြန်မာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန် ချက်အရ လုပ်ဆောင်နေခြင်းဖြစ် ပြီး စီမံကိန်းဒေသရှိ ဒေသခံ အများစု၏ ထောက်ခံပေးမှု ကြောင့် စီမံကိန်းတည်ဆောက် ရေးလုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာ အ ရှေ့ဘက်လိပ်ခွံတောင် အနီးရှိ လျော်ကြေးရယူခြင်း မရှိသော လယ်ယာမြေများပေါ်တွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံသည်ကို ဒေသခံများက တားဆီးရာ အဓိကရုဏ်းဖြစ်ပွား ခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများအကြား နှစ်ဖက်တင်းမာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာ ၂၂ ရက်က မိုးကြိုးပြင်အလယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ထိ လက်ပံတောင်းတောင်ဒေသခံကိုးဦးဒဏ်ရာရရှိခဲ့သည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်း ရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ် ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော် လည်း ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ ၂၃ ရက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက် သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင် များကြား ပဋိပက္ခများဖြစ်ပွားပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ခြင်း ကြောင့် လက်ပံတောင်းတောင် အရေးလှုပ်ရှားသူများက ရန်ကုန် မြို့ တရုတ်သံရုံးရှေ့သို့ သွား ရောက်၍ တရုတ်လူမျိုးများ အသုံးပြုလေ့ရှိသော ရွှေစက္ကူ၊ ငွေစက္ကူများ မီးရှို့ဆန္ဒပြခဲ့ပြီး မြန်မာနိုင်ငံ မှ ၀မ်ပေါင်ကုမ္ပဏီထွက်ခွာသွားရန် ဒီဇင်ဘာ ၂၃ ရက် ညနေက တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ ၀င် ၂၀ ခန့်ကလည်း လက်ပံ တောင်းတောင်အရေးရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုကို ကန့် ကွက်ကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု) အမည်ရ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

7Day DAILY 

လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုကို ၀မ်ပေါင် ကုမ္ပဏီက ရှုတ်ချပြီးသေဆုံးသူနှင့် ဒဏ်ရာရရှိသူ များ၏ မိသားစု ၀င်များအား ကူညီပေးမည်ဟု ၀မ် ပေါင်ကုမ္ပဏီစီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယွမ်ဖေးကပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များရှိသော လမ်းများကို ဦးစားပေး ခင်းပေးမည်ဟု မပြောခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ရှင်း

ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးရှိသော   လမ်းများကို ဦးစားပေး ခင်းပေးသွားမည်ဟု ပြောကြားခဲ့ခြင်း မရှိ ကြောင်း ရန်ကုန်မြို့တော်ဝန်   ဦးလှမြင့်က တုံ့ ပြန်ပြောကြားလိုက်သည်။

လက်ပံတောင်းဋိပက္ခတွင် နိုင်ငံတကာသတ်မှတ်ထားသော လက်နက်နှင့် ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့ဟုဆို

လက်ပံတောင်းတောင် ပဋိပက္ခတွင် လူစုလူဝေးကို ပစ်ခတ်ခွဲထုတ်ရာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးစွဲခဲ့ သည့် ၁၂ ဗို့ ပြောင်းချောသေနတ်မှာ ဥရောပ သမဂ္ဂ (EU)က သတ်မှတ်ထား သည့် နိုင်ငံတကာ စံချိန်မီ အဓိက ရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်ပြီး ၁၂ ဗို့ပြောင်းချောသေနတ်အပြင် ၃၃ မီလီမီတာသေနတ်တို့ကို ရော် ဘာကျည်ဆန် အသုံးပြုပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။

အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့

Photo: အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့
Thursday, December 25, 2014

ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေကို အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင်တော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

တနေ့လုံးကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီး ကြာသပတေးနေ့ နိုင်ငံကို မိန့်ခွန်းပြောဆိုရာမှာ မစ္စတာ ရှရစ်ဖ် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစည်းအဝေးကို အစိုးရအဖွဲ့ဝင်တွေသာမက တခြားထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ အစီအစဉ်အသစ်တွေ ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခုံရုံးတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်တွေကို ထုတ်ဖော်မပြောပေမဲ့၊ အကြမ်းဖက်သမားတွေကို အမြန်ဆုံးတရားစီရင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်ကလေးငယ်တွေရဲ့ သွေးတွေဟာ အလဟသ မဖြစ်စေရဘူးလို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ Peshawar က ကျောင်းမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ကြောင်း အစွန်းရောက်ဝါဒကို အမြစ်ဖြုတ်ပစ်ရမယ်လို့ သူက ပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်သစ်ထဲမှာ အကြမ်းဖက်အုပ်စုတွေရဲ့ ရန်ပုံငွေဖြတ်တောက်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အုပ်စုတွေအနေနဲ့ နာမည်အသစ်နဲ့ လှုပ်ရှားတာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ စတာတွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေကို အသစ် ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင်တော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆို လိုက်ပါတယ်။

ဂျော်ဒန်တိုက်လေယာဉ်မှူး အိုင်အက်စ်လက်ထဲရောက်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ကို ဗုံးကြဲ တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ထဲက ဂျော်ဒန်တိုက်လေယာဉ်တစ်စီး ပျက်ကျပြီး လေယာဉ်မှူးကို အိုင်အက်စ်တွေ ဖမ်းမိသွားပါတယ်။

The Interview ရုပ်ရှင် Sony အင်တာနက်ပေါ်တင်

Photo: The Interview ရုပ်ရှင် Sony အင်တာနက်ပေါ်တင်
Thursday, December 25, 2014 

ဆိုနီရုပ်ရှင်က ပြဿနာဖြစ်နေတဲ့ အငြင်းပွားဖွယ် The Interview ဟာသ ကားကို ခရစ္စမတ်နေ့မှာ ရုပ်ရှင်ရုံပေါင်း ၂၀၀ မှာ ရုံတင်ပြသမယ်လို့ ကြေညာ ခဲ့ပြီး နောက် တနေ့မှာပဲ ဇာတ်ကားကို စတင် ဖြန့်ဖြူးလိုက်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို YouTube-Google Play နဲ့ Microsoft Xbox တို့လို Digital နည်းပညာသုံး နေရာအများအပြား ကနေလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုလုပ်ဆောင်ခွင့် မရစေချင်သူတွေက ဆိုနီရဲ့ စီးပွားရေး လုပ်ငန်း တွေ ကိုပါ လာပြီး စော်ကားတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီရုပ်ရှင် ကို ပြသဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။

ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အများအပြားက ပြသဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီကားကို မပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနီက ရုပ်သိမ်းခဲ့ရတာပါ။

ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ်ခန့်ထားခဲ့တဲ့ သတင်း ထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကား ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီ ရဲ့ ကွန်ပြူတာတွေလည်း ဒီလအစောပိုင်းမှာပဲ ဖောက်ထွင်းတာခံခဲ့ရပြီး အဖိုး တန် သတင်းအချက်အလက်တွေနဲ့အတူ လျှို့ဝှက်အချက်အလက်တွေပါ ခိုးယူတာ ခံခဲ့ရတာပါ။ ဒီဆိုဒ်ဘာ တိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပေမဲ့ မြောက်ကိုရီးယားက ဒါကို ငြင်းဆိုပါတယ်။

အမေရိကန် သမ္မတ Barack Obama ကလည်း ဆိုနီက ဒီကားကို ရုံတင်မပြဘူး လို့ ပြောခဲ့တာဟာ အမှားတရပ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောကြားခဲ့ပါ တယ်။ အခု အကန့်အသတ်ထားပေမဲ့ ရုံတင်ပြဖို့လုပ်ပြီး အများကြည့်ရအောင် စီစဉ်ပေးတာမို့ မစ္စတာ အိုဘားမားက ကြိုဆိုကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Eric Schultz က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဆိုနီရုပ်ရှင်က ပြဿနာဖြစ်နေတဲ့ အငြင်းပွားဖွယ် The Interview ဟာသ ကားကို ခရစ္စမတ်နေ့မှာ ရုပ်ရှင် ရုံပေါင်း ၂၀၀ မှာ ရုံတင်ပြသမယ်လို့ ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ ဇာတ်ကားကို စတင်ဖြန့်ဖြူး လိုက်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို YouTube-Google Play နဲ့ Microsoft Xbox တို့လို Digital နည်းပညာ သုံး နေရာအများအပြား ကနေလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။