မန္တလေး မြို့တော်စည်ပင်သာ ယာရေးကော်မတီကို ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ မြို့တော်စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းခဲ့ရာ ကော်မတီတွင် မြို့တော်ဝန်၏ ထောက်ခံအကြံပြုချက်ဖြင့် အင်ဂျင်နီယာဘွဲ့ရပညာရှင်တစ်ဦး၊ ဆရာဝန်ဘွဲ့ရ ပညာရှင် တစ်ဦး၊ ဥပဒေဘွဲ့ရ ပညာရှင်တစ်ဦး၊ စိုက်ပျိုးရေး(သို့မဟုတ်) သစ်တော(သို့မဟုတ်) ပတ်ဝန်းကျင် ထိန်း သိမ်း ရေး ပညာရှင်တစ်ဦးတို့ ဖြင့် ရွေးချယ်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။
Friday, 19 December 2014
ငွေကျပ် သန်းခြောက်ထောင် ကုန်ကျမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းစတင်

အင်းစိန်မီးရထားခုံးကျော် တံတားစီမံကိန်း လုပ်ငန်းခွင်ကိုတွေ့မြင်ရစဉ်။(ဓာတ်ပုံ -ဇေယျာချမ်းအေး၊ မဇ္ဈိမ)
ငွေကျပ်သန်းခြောက်ထောင် အကုန်ကျခံတည်ဆောက်သွားမည့် အင်းစိန် မီးရထားခုံးကျော် တံတားစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်တွင် ကျင်းပ ခဲ့သည်။
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် သမ္မတထံစာတင်

ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ရန်ကုန် တက္ကသလိုလ် အတွင်းရှိ အဓိပတိလမ်းပေါ်တွင် ပြုလုပ် နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အဦနေရာ တွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ဒီဇင်ဘာ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်၊ ဒု-သမ္မတနှစ်ဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံ ဆောက်လုပ်ခွင့်လျှောက်ထားစာ တင်လိုက်သည် ဟု ဒေါက်တာ အောင်ခင်ဆင့်က မဇ္ဈိမသို့ ပြောသည်။
တစ်နိုင်ငံလုံးတွင် တစ်လလျှင် မုဒိမ်းမှု (၅၀) ကျော်ဖြစ်ပွား
၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ အတွင်း တစ်နိုင်ငံလုံးတွင် ပျမ်းမျှအားဖြင့် တစ်လ လျှင် မုဒိမ်းမှု (၅၀) ကျော် ဖြစ်ပွား နေပြီး၊ ယင်းထဲတွင် သက်ငယ် မုဒိမ်းမှုမှာ (၁၀) မှုကျော်ပါ နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မှုခင်းဌာန) မှသိရသည်။ အဆိုပါ အမှု များမှာ ရဲစခန်းနှင့် အလှမ်း ကွာဝေးပြီး၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးလတ် ဒေသ များတွင် အများဆုံး ဖြစ်နေကြောင်း သိရသည်။
ဟားမတ်အုပ်စုကို အကြမ်းဖက် အုပ်စုစာရင်းမှ EU တရားရုံး ပယ်ဖျက်

ဟားမတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ အထွေထွေ တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ထိုင်ဝမ် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် လူ ၁၂ ဦးကို တရားစွဲ

ထိုင်ဝမ်တွင် လူ၏ အမှားများကြောင့် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဓာတုဗေဒ ကုမ္ပဏီ အကြီးအကဲနှင့် အစိုးရ အရှိများ အပါအ၀င် လူ ၁၂ ဦးကို တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။
မူဆယ် နယ်စပ်ဂိတ်များတွင် တတိယနိုင်ငံသားများ ဝင်ထွက်ခွင့်ရှိသင့်ဟု ဆို

မူဆယ်-ကြယ်ဂေါင် နယ်စပ်တွင် သွားလာနေကြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
တရုတ်-မြန်မာ အဓိကကုန်းလမ်း ဝင်ပေါက်ဖြစ်သော ကြယ်ဂေါင်-မူဆယ် ဝင်ပေါက်များကို နှစ်ဖက်ဒေသခံ မဟုတ်သည့် တတိယနိုင်ငံသားများကိုပါ ဝင်ထွက်နိုင်သည့် ကုန်းတွင်းလမ်းကြောင်း (Land Route) ပေးသင့်သည်ဟု နှစ်ဖက်ကုန်သည် များနှင့် လုပ်ငန်းရှင်များက ပြောသည်။
HIV ပိုးရှိသူ အသက်ရှစ်နှစ်အရွယ်ကလေးငယ်ကို ရွာမှနှင်ထုတ် ရန် တရုတ်ကျေးရွာသားများ ကြိုးပမ်း

တရုတ်နိုင်ငံမှ ကျေးရွာတစ်ခု တွင် HIV ပိုးရှိသော ကလေးငယ် တစ်ဦးကို ရွာမှနှင်ထုတ်ရန် ကျန်ရွာ သား ၂ဝဝခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည့် အကြောင်းအရာ ကြောင့် ကြာသပတေးနေ့တွင် အင် တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ အကြား ၄င်းတို့နိုင်ငံသားများ၏ အခြေအနေနှင့် ပတ်သက်သည့် မေးခွန်း များစွာ ပေါ်ထွက်လာသည်ဟု AFP သတင်းအရ သိရသည်။
ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တိုက်တွန်း
ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ပြောကြားသည်။
ဘင်္ဂလားစစ်သွေးကြွအဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ထားမှုအား ဖော်ထုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလား စစ်သွေးကြွအဖွဲ့ ( Ansarullah Bangla Team - ABT ) မှ နိုင်ငံရေး သမားများ၊ သတင်းထောက်များ၊ အရေးပါသူများနှင့် အဆောက် အဦးများကို မောင်းသူမဲ့လေယာဉ် (drone) ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှု တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒက္ကား မြို့တော် ရဲတပ် ဖွဲ့ ပူးတွဲ ကော်မရှင်နာ မိုနီရူ အစ္စလာမ်က မီဒီယာများသို့ ပြောကြားခဲ့သည်။
အိုဘားမားက IS အဖွဲ့အတွက်နားခိုစရာ နေရာမရှိစေရဟုကြိမ်းဝါး ပြောဆို

ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်သမ္မတအိုဘားမားက အမေရိကန်စစ်ဌာနချုပ် တစ်ခုသို့ သွားရောက် လည်ပတ်ရာတွင် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့က IS အဖွဲ့အတွက် နားခို စရာနေရာ မရှိအောင်ပြုလုပ် သွားမည့်အပြင် တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း IS အဖွဲ့ကို ပြင်းပြင်း ထန်ထန်သတိပေး ချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ကျောက်တောင်ထိပ်ကနေ လေဟုန်စီးပြသည့် သြစတြေးလျ စတန့်သမား ၂ ဦး

သြစတြေးလျနိုင်ငံက စတန့်သမားနှစ်ဦးဟာ အတောင်ပံဝတ်စုံကိုဝတ်ပြီး ကျောက်တောင်ထိပ်ကနေ တောင်ခြေကို အသည်းယားစရာ လေဟုန်စီး ခုန်ပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ထံ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အတည်ပြု

မြောက်ကိုရီးယား နိုင်ငံအား လူသားမဆန်သော ရာဇ၀တ်မှု ကျူးလွန်ခဲ့မှု များနျှင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံး (ICC) ထံလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ မဲပေး အတည်ပြုခဲ့သည်။
တရားစီရင်ရေးစနစ် အားနည်းနေဆဲပဲလို့ ဦးအောင်ကို ဝေဖန်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
ပထမတန်း ကျောင်းသူ၊ ကျောင်းသားများ သက်သေအဖြစ် စစ်ဆေးမှုကို ကန့်ကွက်

ကျောင်းအုပ်ဆရာမကြီး တိုင်တန်းထားသည့်အပေါ် ကာယကံရှင်ဆရာမက သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၊ ပထမတန်း ကျောင်းသူ၊ ကျောင်းသား လေးဦးကို မိဘ အုပ်ထိန်းသူ များကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စစ်ကိုင်း မြို့မ ရဲစခန်းက ဒီဇင်ဘာ ၁၁ ရက်တွင် သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုကို စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကန့်ကွက်ထားသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမကို ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေ လို ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနများသို့ တိုက်တွန်းလိုက် ကြောင်း သတင်းရရှိသည်။
ရုရှားသမ္မတကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူ အယောက် ၂၀ ဖမ်းဆီးခံရ

ရုရှားရဲတွေက သမ္မတဗလာဒီမာပူတင် နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ ကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ အခွင့်မရဘဲ ဆန္ဒပြသူ အနည်းဆုံး အယောက် ၂၀ ကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။
လိပ်ကျွန်းလူသတ်မှု ဗြိတိန်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရန် မြန်မာတောင်းဆို

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုံတွဲ အသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုတွင် အဓိကသက် သေဖြစ်နိုင် သည်ဟု ယူဆရသူ သေဆုံးသူနှစ်ဦး၏ သူငယ်ချင်း ရှောင်မတ်အန်နာနှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူစစ်ဆေးပေးရန် ကော့စမွေ တရားရုံးသို့ လျှောက်ထားပြီးဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။
ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ မှားယွင်းဖော်ပြမှုသည် ပညာရေးလောက ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ဟုဆို
ဒီဇင်ဘာလ ၁၆ရက်က ခရိုင်အဆင့် စတုတ္ထတန်းစာမေးပွဲ ရန်ကုန်တိုင်းအတွင်း မြန်မာစာမေးခွန်းလွှာရှိ ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကို ဖေဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်းဖော်ပြမှုသည် ပညာရေးလောကတွင် အန္တရာယ်ရှိလာသည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်သည်ဟု ဆရာ၊ ဆရာမများ သမဂ္ဂမှ ဒေါက်တာ အာကာမိုးသူက ပြောသည်။
ပြည်တွင်းသို့ ကျပ်သိန်းလေးထောင် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်လာသော အမျိုးသမီးနှစ်ဦး ဖမ်းမိ
တရုတ်လူမျိုးတစ်ဦးက အခကြေးငွေပေးကာ မြန်မာ နိုင်ငံတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ခိုင်းသည့် အမျိုး သမီး နှစ်ဦးကို လားရှိုးမူးယစ် တပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)