Thursday, 18 December 2014

နိုင်ငံရေးအင်အားစုများ ပြည်တွင်းပြန်ဝင်ရေး မူဝါဒများ ချမှတ်ရန် တောင်းဆို


စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရက အကောင် ထည်ဖော်ချင်တယ်ဆိုရင် ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ရေးအတွက် တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အစိုးရက ပြည်ပရောက်နိုင်ငံရေး အင်အားစုတွေအတွက် ရှင်းလင်းတိကျတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုတွေ မရှိတဲ့အတွက် ပြည်တွင်းကို ပြန်လည် ၀င်ရောက်နေသူတွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တို့ ဒီဇင်ဘာ ၁၈ ရက်က ပူးပေါင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး Golf ကွင်းမှာလည်း ရိုးသားစွာကစားနိုင်ပါစေ KIA

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA နယ်မြေဖြစ်သော မိုင်ဂျာယန်ဒေသ၌ ဂေါက်ကွင်းသစ် တစ်ခုအား KIA ခေါင်းဆောင်များက ဖွင့်လှစ်ပေးခဲ့သည်ဟူသော သတင်းတစ်ခုကြားလိုက်ရသည်။ မြန်မာနိုင်ငံရှိ Golf လောကသားများအတွက် ၀မ်းသာစရာသတင်းတစ်ခုဖြစ်ပေသည်။ ယခုလို တိုင်းရင်းသားဒေသများတွင် Golf ကွင်းများ ဖွင့်လှစ်လာသည်မှာ မြန်မာ့ Golf လောက တိုးတက်လာသည့်အရိပ်အယောင်ပင်ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင်လူတို့သတ်မှတ်ထားသောအားကစားနည်းအမျိုးမျိုးရှိကြပေသည်။ အားကစားနည်းအမျိုးပေါင်းမြောက်များ စွာတို့တွင် ကာယစိုက်ထုတ်ရသောကစားနည်း၊ ညာဏစိုက်ထုတ်ရသောကစားနည်းတို့အပြင် ကာယနှင့် ဥာဏပါ ပေါင်းစပ်၍ ကစားရသောကစားနည်းများလည်းရှိကြသည်။ ထိုကစားနည်းပေါင်းမြောက်များစွာထဲတွင်မှ ထူးခြားသော ကစားနည်းတစ်ခုမှာ Golf ကစားနည်းပင်ဖြစ်ပေသည်။ 

ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ

Photo: ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ
Thursday, December 18, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေးပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ ပြီး မဲယူမယ့် ကိစ္စကတော့ မဖြစ်သင့်ပါဘူး''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျ ရောက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အလားတူ လက်ရှိအချိန်တွင် စာပေဟောပြောပွဲများ၊ တီးဝိုင်းများနှင့် အနုပညာ သမားများဖိတ်ခေါ်၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁ဝဝ)ပြည့်ကတော့ ကျင်းပသင့်ပါတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌက သူ့ဖခင် အနေနဲ့ကျင်းပရင်တော့ ပုဂ္ဂိုလ်ရေးပိုဆန်သွားနိုင်ပါတယ်။ ပါတီအနေနဲ့ လှုပ် ရှားရင် သူ့အပိုင်းနဲ့သူပေါ့''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၁၄ရက် တွင်ကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် ဗဟိုညီလာခံအစည်းအဝေးထုတ် ပြန်ချက်တွင် ''၂ဝ၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်ပြဋ္ဌာန်းကြောင်း ဆုံးဖြတ် သည်''ဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးဝင်း မြင့်က ''ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားလုပ်တာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက်လုပ်တာ။ အဲဒီလိုလုပ်တဲ့အခါ ဗိုလ်ချုပ် ရဲ့လမ်းညွှန်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့မူဝါဒတွေ၊ ဘယ်လိုနိုင်ငံတော်တည်ဆောက် ချင်တယ်ဆိုတာတွေ၊ ဘယ်လိုဖြစ်စေချင်တဲ့တပ်မတော် အဲဒါတွေက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေမှာပါပြီးဖြစ်ပါတယ်။ အဲဒါတွေကို နောင်လူငယ်တွေသိရှိစေဖို့ တရားဝင်နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးဖို့ဆိုတာ ပြောလို့မရပါဘူး။ မဲဆွယ်ဖို့ဆိုတာ ရွေးကောက်ပွဲကာလကြေညာပြီးမှ ပြုလုပ် ရတာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အပြတ်အသတ်လူထုတောက်ခံမှုရရှိထားသောပါတီဖြစ် သည့်နည်းတူ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီ ကို ထပ်မံအနိုင်ရရှိသောပါတီလည်းဖြစ်သည်။

Yangon Media Group
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေး ပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။ 

လားရှိုးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှု နောက်ကွယ် မှ စေခိုင်းသူကို ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သော လားရှိုးမြို့ မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်ခဲ့သူများနှင့် နောက်ကွယ်မှ စေခိုင်း သူကို ဖမ်းမိခဲ့ကြောင်း လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု တအာင်း တပ်မတော် ပြောဆို

Photo: ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု 
တအာင်း တပ်မတော် ပြောဆို
Thursday, December 18, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ငြိမ်သက်လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင် ဒီဇင်ဘာ ၁ဝ ရက် နှင့် ၁၃ ရက်က မြန်မာအ စိုးရ တပ်မတော်နှင့် TNLA တပ်မတော်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင် ဘာ ၁၅ ရက်၌ မန်တုံနှင့် တာမိုးညဲမြို့တို့တွင် ထပ်မံဖြစ်ပွားခဲ့ကြပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြောင်း သိရသည်။

''ကျွန်တော်တို့ဘက်ကတော့ အထိနာ တာမရှိဘူး။ အစိုးရဘက်ကတော့ အထိနာ တယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ဝ ရက်နဲ့ ၁၃ ရက်တွေကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြ တယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းပဲ ငြိမ်သက် နေတယ်။ ဘယ်အချိန် ထပ်ဖြစ်မလဲဆိုတာကို တော့ မပြောတတ်သေးဘူး။ အချိန်မရွေး ပြန် ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်'' ဟု TNLA တပ်မတော်မှ သတင်းနှင့် ပြန်ကြား ရေးဌာနမှူး ဦးမိုင်အိုက်ကျော်က ပြောသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဒီဇင်ဘာ ၁ဝ ရက်က ကွမ်းလုံ မြို့နယ် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာ ရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီ၊ မုံးပေါ်လေး ဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေ သော တပ်မတော်စခန်းနှင့် စစ်ကြောင်းများ ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ လက်နက် ကြီးသုံးပြီး အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းဘက်မှ တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။
မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားသော်လည်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တာမိုးညဲ မြို့နယ်၌ ဖြစ်ပွားခဲ့သာ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သလို မန်တုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲမှာတော့ အစိုးရတပ်မတော် ဘက်မှ ကိုးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ရာ TNLA တပ်မတော်ဘက်မှ တစ်စုံတစ် ဦးမှ ထိခိုက်မှုမရှိခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးဆွေးနွေးပွဲအား ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို အစိုးရဘက်မှ ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီကလည်း ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေး ပွဲ စတင်နိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းမှုများ ပြုထား ကြောင်း သိရသည်။

Yangon Media Group
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည် ငြိမ်သက် လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများ လူ့အခွင့်အရေးဆုံးရှုံးနေဟုဆို

ကချင်ပြည်နယ်အတွင်း လူ့ အခွင့်အရေးချိုးဖောက်ခံရသည့် အရေအတွက်တွင် လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်စားသောက် နေသော ရှမ်းမျိုးနွယ်စုအများဆုံး ဖြစ်သည်ဟု ယခုလ ၁၁ ရက်တွင် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောသည်။ရှမ်းမျိုးနွယ်စုများသည် ၄င်း တို့ အသက်မွေး ဝမ်းကျောင်းပြုနေသည့် အခင်း၊ စိုက်ခင်း၊ လယ်ယာ မြေများအပေါ် KIA တို့က ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စု ဆောင်းခြင်း၊ အလိုမတူဘဲသား မယားပြုကျင့်ခြင်း၊ မူးယစ်ဆေးဝါး ကိုအကြောင်းပြ၍ ဖမ်းဆီးနှိပ်စက် ခြင်းများကို နှစ်ပေါင်း ၅ဝ ကျော် ပြုလုပ်လာခဲ့သည့်အပြင် ရွာများ ရွှေ့ပြောင်းပေးရခြင်း၊ စိုက်ပျိုးမြေများကို မတရားသိမ်းဆည်း၍ ဒုက္ခ သည်စခန်းများဖွင့်လှစ်လာခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် မြေရှားပါး လာကြောင်း၊ လယ်ယာမြေကို မှီခို သူများအနေဖြင့် ၄င်းတို့ရဲ့မျိုးဆက် များအားလုံးတို့ လူ့အခွင့်အရေး ဆုံး ရှုံးမှုအများဆုံးဖြစ်ကြောင်း ၄င်းက ပြောသည်။

သင့်တော်မှန်ကန်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ဝမ်းသွားမှု အနေအထား

Photo: သင့်တော်မှန်ကန်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ဝမ်းသွားမှု 
အနေအထား
Thursday, December 18, 2014

ဝမ်းသွားတဲ့အခါ မိမိထိုင်တဲ့ အနေအထား အမှားအယွင်းများ ရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ပုံစံမကျ အညစ်အကြေးစွန့်နေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ကျွမ်းကျင်ပညာရှင် များစွာက ထောက်ပြခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းထားပုံကိုက ဆောင့်ကြောင့်ထိုင်ဖို့ လုပ်ထားတာပါ၊ ထိုင်ဖို့မဟုတ်ဘူးလို့ Standford တက္ကသိုလ် Pelvic Floor Clinic မှ သိပ္ပံပညာရှင်တွေက ရှင်းပြချက်ပေးထားပါတယ်။

အိမ်သာရေချိုးခန်းဆိုင်ရာ အနေအထိုင်အလေ့အကျင့်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဘာကြောင့် ဒီဖော်ပြချက်မှာ သဘာဝကျ နေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ နည်းလမ်းမမှန်ကန်တဲ့ ကျင်ကြီးစွန့်ခြင်းဟာ အူအတက်ရောင်ခြင်း၊ အူမကြီးကင်ဆာ၊ အူကျရောဂါ နဲ့ စအိုဝယောင်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ တခြားကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေကတော့ မမှန်ကန်တဲ့ ဝမ်းသွားမှုပုံစံနဲ့ ပတ်သက်ဆက်နွယ်မှု ရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လူ ၂၈ ယောက်ပါဝင်တဲ့ လေ့လာမှုတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ ထိုစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေဟာ နိမ့်တဲ့အိမ်သာပေါ်ထိုင်ခြင်း၊ အိမ်သာအမြင့်ပေါ်ထိုင်ခြင်းနဲ့ ဆောင့်ကြောင့်ထိုင်ခြင်းစသည်တို့ဖြင့် အနေအထားသုံးမျိုးနဲ့ ဝမ်းသွားစေခဲ့ပါတယ်။ ဆောင့်ကြောင့်ထိုင်ဝမ်းသွားခဲ့ကြသူတွေအတွက် ပိုမိုလွယ်ကူစေခဲ့ပြီး အချိန် ၁ မိနစ် လျော့နည်းသက်သာစေခဲ့ကြောင်း သိပ္ပံပညာရှင်တွေက သဘောတူထောက်ခံခဲ့ကြပါတယ်။

ကျွန်ုပ်တို့မတ်တပ်ရပ်တဲ့အချိန်မှာ အူမကြီး(အညစ်အကြေးတည်ရှိရာ) puborectalis muscle လို့ခေါ်တဲ့ စအိုဝကြွက်သား ဆွဲကျုံ့စေပြီး အိမ်သာရောက်တဲ့ထိ ထိန်းချုပ်ပေးပါတယ်။ ထိုင်နေတဲ့အခါ ကြွက်သားကို တစ်စိတ်တစ်ဒေသသာ ဖြေလျော့ပေးပါတယ်။ ဆောင့်ကြောင့်ထိုင်မှသာ စအိုဝကို အပြည့်ဖွင့်ပေးတာပါ။ အထူးသဖြင့် အူမကြီးကို ဆန့်ထုတ်ပေးပါတယ်။ အဲဒီတော့ အပြန်အလှန်အကျိုးဆက်အနေနဲ့ အညစ်အကြေးစွန့်ထုတ်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်စေပြန်ပါတယ်။

ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ၎င်းရဲ့ကောင်းကျိုးတွေကတော့ အညစ်အကြေးစွန့်ထုတ်ရာမှာ ပိုမိုလွယ်ကူ မြန်ဆန်ခြင်း၊ အူမကြီးကင်ဆာ အန္တရာယ်မြင့်မားလာစေတဲ့ အညစ်အကြေးတံ့နေခြင်းကို ကာကွယ်ပေးခြင်း၊ အူသိမ်ဆီသို့ အညစ်အကြေးတွေ ဝင်ရောက်ခြင်း၊ အဆိပ်အတောက်တွေဖြစ်ခြင်းမှ ထိန်းသိမ်းပေးခြင်း၊အဖိုသုတ်ရည်ဂလင်း ကျန်းမာသန်စွမ်းခြင်း၊ ဆီးအိမ်ထိန်းချုပ်ပေးခြင်း ၊ လိင်မှုကိစ္စတွေအတွက် အရေးပါတဲ့ တင်ပဆုံနဲ့ အာရုံကြောတွေကို ကာကွယ်ပေးခြင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအား သဘာဝမီးဖွားလို့ရစေခြင်းတို့ပဲ ဖြစ်ပါတယ်။

Trend Myanmar
ဝမ်းသွားတဲ့အခါ မိမိထိုင်တဲ့ အနေအထား အမှားအယွင်းများ ရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ပုံစံမကျ အညစ်အကြေးစွန့်နေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ကျွမ်း ကျင်ပညာရှင်များစွာက ထောက်ပြခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းထားပုံကိုက ဆောင့်ကြောင့်ထိုင်ဖို့ လုပ်ထားတာပါ၊ ထိုင်ဖို့မဟုတ်ဘူးလို့ Standford တက္ကသိုလ် Pelvic Floor Clinic မှ သိပ္ပံပညာရှင်တွေက ရှင်းပြချက်ပေးထားပါတယ်။

KIA တပ်ဖွဲ့အတွင်း ခွဲခြားဖိနှိပ် အုပ်ချုပ်ခံနေရသော ရခိုင်တိုင်းရင်းသားများ

Photo: KIA တပ်ဖွဲ့အတွင်း ခွဲခြားဖိနှိပ် အုပ်ချုပ်ခံနေရသော ရခိုင်တိုင်းရင်းသားများ
Thursday, December 18, 2014

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့၏ လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်တိုင်းရင်း သားအား KIA ခေါင်းဆောင်များက ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်နေကြောင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် ရောက်ရှိနေ သော ရခိုင်တိုင်းရင်းသားတစ်ဦးထံမှ သတင်းရရှိပါသည်။

“ဒီရခိုင်တိုင်းရင်းသားတွေက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုချင်လို့ ခွင့်တင်တာ အရေးကြီးတဲ့အချိန်ဖြစ်လို့ ခွင့်မပေးဘူးတဲ့။ သူတို့တွေက ခွင့် ၅ ရက်ပဲတင်တာကို KIA ခေါင်းဆောင်တွေက မပေးဘူးလေ။ ရခိုင်ပြည်နယ်နေ့ဆိုတာ ရခိုင်လူမျိုးတိုင်းနဲ့ သက်ဆိုင်တယ်လေ။ အဲ့ဒါကြောင့် သူတို့လည်း သူတို့ပွဲကို ဂုဏ်ပြုချင်တာ နေမှာပေါ့။ သူတို့ ကချင်လူမျိုးတွေကျတော့ အိမ်ပြန်ပြီး လယ်လုပ်တဲ့လူတွေ လုပ်ကြတယ်လေ”ဟု အဆိုပါ ရခိုင်တိုင်းရင်းသားမှ ပြောသည်။

KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး အရာရှိ ၅ ဦး နှင့် အခြားအဆင့် ၄၅ ဦးခန့် ရှိကြောင်း လိုင်ဇာမြို့ခံတစ်ဦးမှ ပြောသည်။
“KIA အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးတွေကို ခွင့်ပေးဖို့ အဆင်မပြေဘူးလေ။ သူတို့တွေကို အကုန် လုံး ခွင့်ပေးလိုက်ရင် ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်။ တစ်ချို့လူတွေ ပြန်လာမှာ မဟုတ်ဘူး။ အခုက အစိုးရ တပ်နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ KIA တပ်ဖွဲ့ဝင် အားလုံးကို စစ်ရေးအသင့်အနေအထားနဲ့ပဲ ပြင်ဆင်ခိုင်း ထားတယ်။ သူတို့ကို ခွင့်မပေးပေမယ့် ဒီတပ်ဖွဲ့တွင်းမှာပဲ ဂုဏ်ပြုပွဲလုပ်ဖို့ သူတို့ရဲ့ လစာတွေကို ကြိုထုတ်ပေးပါ တယ်” ဟု အဆိုပါ မြို့ခံမှ ပြောသည်။

ရခိုင်ပြည်နယ်နေ့အား ဂုဏ်ပြုကြိုဆိုရန် KIA တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုးများအား အရာရှိအဆင့် လစာ ၅၀၀၀၀ နှင့် အခြားအဆင့် လစာ ၂၀၀၀၀ ကို ကြိုတင်ထုတ်ပေးသော်လည်း ရခိုင်ပြည်နယ် နေ့အား ဂုဏ်ပြုပွဲ မလုပ်ဖြစ်ကြောင်း ၎င်းမှ ဆက်ပြောသည်။

အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်၍ နိုဝင်ဘာ ၁၉ ရက်နေ့ လိုင်ဇာဗိုလ်သင်တန်းကျောင်းတွင် သေဆုံးသွားသော ဗိုလ်လောင်း အများစုမှာ ရခိုင်လူမျိုးများ ဖြစ်သည့်အပြင် KIA တပ်ဖွဲ့တွင် ရခိုင်လူမျိုးများကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်ခံနေရမှုများ ကြောင့် KIA လက်နက်ကိုင်အဖွဲ့အတွင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တွန့်ဆုတ် နေကြကြောင်း သိရှိရပါသည်။

ခွန်ဆိုင်း
Credit to KDN
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့၏ လက်အောက်ခံ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင် နေသော ရခိုင်တိုင်းရင်း သားအား KIA ခေါင်းဆောင်များက ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်နေကြောင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် ရောက်ရှိနေ သော ရခိုင်တိုင်းရင်းသားတစ်ဦးထံမှ သတင်းရရှိပါသည်။

ရန်ကုန်တိုင်းလွှတ်တော်မှအတည်ပြုလိုက်သည့် ၁၂ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေး သည် မလုပ်သင့်သည့်လုပ်ရပ်ဟုဝေဖန်မှုများရှိနေ

ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်မှာအတည်ပြုလိုက်သည့် ၁၂ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးသည် မလုပ် သင့်သည့်လုပ်ရပ်ကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ အေးမောင်က ဝေ ဖန်လိုက်သည်။

မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ

Photo: မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ
Thursday, December 18, 2014

တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

“အခု တပ်မတော် ကလည်း လိုက်နေတယ်၊ KNU ကလည်း လိုက်နေတယ် ဆိုတော့ သူတို့ ရေဖြူဂွင်မှာ နေလို့ မရ တော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကို ရှောင်ပြေး သွားတယ်၊ နယ်စပ်ရဲ့ ဘယ်နေ ရာလဲ ဆိုတာတော့ ကျနော် မေးတော့ သူတို့ မပြောပြဘူး” ဟု ၎င်း အလွန် အဆောင်း ဓါးပြ ညီအစ်ကိုနှင့် ရင်းနှီးသည့် သူငယ်ချင်း တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

၎င်း အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို နှစ်ဦး ဦးဆောင်သည့် အင်အား (၁၀) ဦးပါ အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ရေဖြူ မြို့နယ် မလွှဲတောင် ကားလမ်းမ ပေါ်၌ ကားအမှတ် ၄/စ ၇၄၉၆ ထားဝယ် ရန်ကုန် ခရီးသည် တင်ယာဉ်အား ဓါးပြ တိုက်ခဲ့သည်။

ထို့နောက် ကားပေါ် စီးနင်း လိုက်ပါ လာသည့် ခရီးသည် (၄၅) ဦး တို့ထံမှ လက်ဝတ် ရတနာ၊ ငွေကြေးနှင့် တယ်လီဖုန်းများ ယူနေစဉ် ခရီး သွားရင်း ရောက်လာသည့် စစ်ဝတ်စုံ ဝတ်ထားသည့် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်းနှင့် တပ်သား စောမောင်လေး တို့အား အစိုးရ တပ်မတော်မှ ထင်မှတ်၍ ပစ်ခတ် ခဲ့ရာ တပ်သား စောမောင်လေးမှာ ထိုနေရာ၌ ပွဲချင်းပြီး သေဆုံး သွားခဲ့ရသည်။

ဗိုလ်စောခင်ဝင်းမှာ ဗိုက်၌ သေနတ် ဒဏ်ရာ နှစ်ချက် ထိမှန်၍ ရေးမြို့ ပြည်သူ့ ဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်း၌ ထပ်မံ သေဆုံး ခဲ့ရသည်။

ဤ ဗိုလ်စောခင်ဝင်းနှင့် တပ်သား စောမောင်လေး တို့၏ လက်နက် အတို တစ်လက်နှင့် လက်နက် အရှည် တစ်လက် အားလည်း ၎င်းဓါးပြ အဖွဲ့မှ သိမ်းယူ သွားခဲ့သည်။

၎င်းဓါးပြ တိုက်မှုသည် ဒီဇင်ဘာလ (၁၀) ရက်နေ့ ညနေ (၆) နာရီ ခွဲခန့်တွင် ဖြစ်ပွါး ခဲ့ကာ အခင်း စတင် ဖြစ်ပွား သည်ဟု ကြားသိ ရခြင်းပင် ၎င်းဓါးပြ အဖွဲ့အား ပိတ်ဆို့ ဖမ်းဆီးရန် မွန်ပြည်သစ် ပါတီ စစ်ရုံးချုပ်မှ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာ (၂) ထားဝယ် ခရိုင် တပ်ရင်း များအား ညွှန်ကြား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ဗဟို စစ်ရုံးချုပ်မှ အမည် မဖော် လိုသည့် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနအား အတည်ပြု ပြောသည်။

အလားတူပင် KNU ဘိတ်-ထားဝယ် ခရိုင် အခြေစိုက် တပ်မဟာ (၄) တပ်ရင်း (၁၀) မှ ဒုတပ်ရင်းမှူး စောဖိုးလေး ဦးစီးသည့် KNLA တပ်ဖွဲ့ဝင် များမှလည်း ပိတ်ဆို့ ဖမ်းဆီး နေခဲ့ကြောင်း KNU တပ်မဟာ (၄) မှ အမည် မဖော် လိုသည့် အရာရှိ တဦး ကလည်း ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။

သို့သော်လည်း ဖမ်းဆီး ရမိမှု မရှိပဲ နယ်စပ် ဘက်သို့ ထွက်ပြေး တိမ်းရှောင် နိုင်သွား ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပေါက်ပင်ကွင်း ကျေးရွာ တဝိုက်အား အခြေပြု လှုပ်ရှား နေသည့် ယင်း အလွန်နှင့် အဆောင်း ဓါးပြ ခေါင်းဆောင်တို့သည် ညီအစ်ကို အရင်းများ ဖြစ်ကြသည်။

၎င်းတို့သည် ယခင် ၁၉၉၆-၉၇ ခုနှစ်မှ စ၍ ထိုဒေသ၌ နာမည်ကြီး ဓါးပြ အဖွဲ့ အဖြစ် လှုပ်ရှား နေသည့် အဗင်နှင့် အလွိန်းတို့ ဦးဆောင်သည့် Mon National Watch အမည်ခံ ဓါးပြ အဖွဲ့နှင့် တစ်ဖွဲ့တည်း ဖြစ်ကြသည်။

ထိုဓါးပြ အဖွဲ့များအား ၂၀၀၃ ခုနှစ်တွင် ယခင် နအဖအစိုးရမှ အောင်မိုးကြိုး စစ်ဆင်ရေး အမှတ် (၃) ဖြင့် စစ်ဆင်ရေး ပြုလုပ် ခဲ့ဖူး သော်လည်း ပပျောက်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိ ခဲ့ပေ။

ထို့နောက် အဗင်နှင့် အလွိန်းတို့ ၂၀၁၂ ခုနှစ် မတ်လတွင် ရေးမြို့ အခြေစိုက် စကခ (၁၉) ဌာနချုပ်၌ လက်နက် ချရာ၌ လက်မခံပဲ အလွန်နှင့် အဆောင်း ညီအစ်ကို နှစ်ဦး တို့မှ ထပ်မံ ခွဲထွက် လာခြင်း ဖြစ်သည်။နိုင်အဗင်၏ ဇနီးမှာ နိုင်အလွန်နှင့် နိုင်အဆောင်း တို့၏ အစ်မ တော်သဖြင့် အဗင်၊ အလွိန်း ၊ အလွန်၊ အဆောင်း တို့သည် မယား ညီအစ်ကိုများ ဖြစ်ကြသည်။

ယခု ဓါးပြ တိုက်မှု ဖြစ်ပွား ခဲ့သည့် နေရာ အနီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်၌ မြန်မာ့ တပ်မတော်နှင့် မြန်မာ ရဲတပ်ဖွဲ့ တို့၏ နယ်ခြား စစ်ဆေးရေးဂိတ် (ဒေသခံများမှ စုပေါင်း ဂိတ်ဟုခေါ်) တစ်ခု ရှိသည်။ ထို့ပြင် ထိုအခင်း ဖြစ်ပွားရာ မလှမ်းမကမ်း မလွှဲ တောင်ခြေ ၌လည်း မြန်မာ့ တပ်မတော်၏ ခလရ ၂၉၉ တပ်ရင်း တစ်ခုလည်း တည်ရှိပါသည်။

ဤသို့ နယ်မြေ လုံခြံရေး အတွက် ရဲနှင့် စစ်တပ်တို့ ရှိသည့် ကြားမှပင် ယခုကဲ့သို့ ဓါးပြ တိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ရွှေဟင်္သာ သတင်းဌာနမှ ဒီဇင်ဘာလ (၁၇) ရက်နေ့၌ တနင်္သာရီတိုင်း နယ်စပ် ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်အား လည်းကောင်း ၊ ရေဖြူ မြို့နယ် မြို့နယ်မှူး ရုံးနှင့် မြို့နယ် ရဲစခန်း သို့ထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း လက်ခံ ဖြေဆို ပေးခဲ့ခြင်း မရှိ ခဲ့ပေ။

ရွှေဟင်္သာသတင်းဌာန 

ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ဓါတ်ပုံ - (ရွှေဟင်္သာ)
ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ဓါတ်ပုံ - (ရွှေဟင်္သာ) 
တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ထက်ဝက်လျှော့မည်

Photo: ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ထက်ဝက် လျှော့မည်
Thursday, December 18, 2014

 ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ၃၀ ရှိရာမှ အဖွဲ့ဝင် ၁၅ ဦးသို့ ထက်ဝက်လျှော့ချသွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီများကို အင်းအားထက်ဝက် လျှော့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက "ဒါက နာယက (ပြည်ထောင်စု လွှတ်တော်) သူရဦးရွှေမန်းက ညွန်ကြားတာပါ’’ ဟု ပြောကြားသည်။

ဦးမောင်တိုးက "တစ်ချို့ကိုယ်စားလှယ်တွေက အစည်းအဝေး ပုံမှန်မတက်နိုင်တာလည်း ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။

ယင်းကဲ့သို့ ပူပေါင်းကော်မတီ အဖွဲ့ဝင်များအား အင်အားထက်ဝက် လျှော့ချရန်အတွက် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ပြည်ထောင်စု လွှတ်တော်နာယကမှ အစည်းအဝေးခေါ်ထားသည်ဟု ဦးမောင်တိုးက ပြောသည်။

Mizzima - News in Burmese

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီ သုံးရပ်အား အဖွဲ့ဝင် ၃၀ ရှိရာမှ အဖွဲ့ဝင် ၁၅ ဦးသို့ ထက်ဝက်လျှော့ချသွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့ပြည်သူများ ပါဝင်ရန် မာလာလာ တိုက်တွန်း

Photo: အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့ပြည်သူများ ပါဝင်ရန် မာလာလာ တိုက်တွန်း
Thursday, December 18, 2014

မကြာခင်ကမှ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံသူ မာလာလာ က ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပက်ရှဝါမြို့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးသူတွေ အတွက် အထူးဝမ်းနည်း ကြောင်း မနေ့က ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်တပ်ပိုင်ကျောင်းတကျောင်းကို တာလီဘန်တွေ အကြမ်းဖက် ၀င်ရောက်ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့ကြပြီး အများစုက ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။

မာလာလာ ကိုယ်တိုင်လည်း အမျိုးသမီးပညာရေးအတွက် ရှေ့တန်းက ဆောင်ရွက်လို့ ၂၀၁၂ ခုနှစ်က တာလီဘန်တွေက ပစ်ခတ်ခံခဲ့ရပြီး  အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တာပါ။

မြို့ပစ်ခတ်မှုမှာ အပြစ်မဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာတွေ အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတာကို ကြားသိရလို့ သူတို့မိသားစုတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရတယ်လို့ ပြောပါတယ်။

“ကျမတို့အားလုံး သွေးစည်းညီညွတ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကို ဆန့်ကျင်ပြီး အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့နိုင်ငံတွေ၊ ပါကစ္စတန်နိုင်ငံ ခေါင်းဆောင် တွေနဲ့ နိုင်ငံရေးပါတီတွေ၊ ကမ္ဘာ့ပြည်သူတွေ အားလုံးကို တိုက်တွန်း တောင်းဆိုပါတယ်။ အရည်အသွေး ရှိတဲ့ ပညာရေးကို ကလေးတိုင်း က လုံလုံခြုံခြုံနဲ့ ရရှိရေးအတွက် ကျမတို့အားလုံး ကြိုးစားကြရပါမယ်” လို့ ဗြိတိန်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။

စာသင်ကျောင်း တိုက်ခိုက်မှုကို တာလီဘန်အစွန်းရောက်တွေက တာဝန်ခံ ထားပြီး သူတို့အပေါ် အစိုးရထိုးစစ်ဆင်ခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ ကြေညာထားပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
မကြာခင်ကမှ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံသူ မာလာလာ က ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပက်ရှဝါမြို့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးသူတွေအတွက် အထူး ၀မ်းနည်း ကြောင်း မနေ့က ပြောဆိုပါတယ်။

ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ

Photo: ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ
Thursday, December 18, 2014

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက်ရှိသွားပြီလို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၁၉ ယောက်နဲ့  သူတို့ကိုဝန်းရံကူညီ ပေးတဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့  ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။

တောင်ငူ၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မြို့နယ်တွေမှာ တရားစွဲခံရတာလို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသား တွေအနေနဲ့ ပုဒ်မ ၁၈ ကိုလက်မခံတဲ့အတွက် တရားးစွဲလို့ အာမခံယူရမှာ၊ ရုံးချိန်းသွားရမှာလက်ခံမှာ မဟုတ်ပဲ သက်ဆိုင်ရာကဖမ်းရင်လိုက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ အဓိကပြင်ဆင်ရမယ့် အချက် ၉ ချက်ရှိတယ်လို့  ကျောင်းသားတွေက ထောက်ပြထားပြီး၊ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေး ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

RFA Burmese
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့ သိရပါတယ်။

နိုင်ငံတော်သမ္မတအိမ်တော်သို့ တိုက်ရိုက်သတင်းရယူခွင့် ပြုမည်ဟုဆို

Photo: နိုင်ငံတော်သမ္မတအိမ်တော်သို့ တိုက်ရိုက်သတင်းရယူခွင့် ပြုမည်ဟုဆို
Thursday, December 18, 2014

နိုင်ငံတော်သမ္မတနှင့် အစိုး ရအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များနှင့်ပတ်သက်၍ လာမည့်နှစ် ဇန် နဝါရီလမှစပြီး နိုင်ငံတော်သမ္မတအိမ် တော်၌ သတင်းရယူခွင့်ပြုမည်ဟု ပြန် ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောဆိုလိုက် ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ရက်က မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်း၌ စာနယ်ဇင်းကောင်စီအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာ များအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း စသည့် မီဒီယာအသိုင်း အဝိုင်းများနှင့် တွေ့ဆုံစဉ် ပြန်ကြားရေး ဝန်ကြီးမှ ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ပြောသည်။

''ဒါက အစိုးရရဲ့ ပွင့်လင်း မြင်သာမှုတစ်ခုလို့ ပြောလို့ရတာပေါ့။ မီဒီယာအနေနဲ့လဲ သတင်းရယူရတာ အဆင်ပြေတာပေါ့။ အရင်တုန်းက ဆိုရင် သူတို့(အစိုးရ)ဖိတ်မှ သွားရ တာလေ''ဟု ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦး ဇော်သက်ထွေးက နိုင်ငံခြားသတင်းမီဒီယာ၊ ပြည်တွင်းသတင်းမီဒီယာ၊ အသံလွှင့်မီဒီယာ(ရေဒီယို)၊ ရုပ်သံမီ ဒီယာဟု အုပ်စုလေးစုခွဲပြီး သမ္မတ ရုံး၌ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံ တင်ထားသော မီဒီယာတစ်ဦးသာ ဝင်/ထွက်သွားလာခွင့်ပြုထားသည် ဟု ပြောသည်။

မှတ်ပုံတင်ထားသောသတင်း သမားများအနေဖြင့် နေ့စဉ်ရုံးချိန် အတွင်း ဝင်ရောက်သတင်းရယူနိုင် ကြောင်းလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုသွားခဲ့ကြောင်း ဦးဇော်သက်ထွေးက ပြောသည်။

''သမ္မတရုံးနဲ့ပတ်သက်တဲ့ သတင်း တွေကို မေးရမြန်းရတာ လျော့သွားတာ ပေါ့။ သက်လဲ သက်သာလာတာပေါ့။ သမ္မတဘာလုပ်နေလဲဆိုတာကို နေ့တိုင်း သိရမယ်။ ကိုယ်မသွားရင်တောင် သွား တဲ့လူလှမ်းမေး လိုက်သိတယ်''ဟု ၄င်း က ဆက်လက်ပြောသည်။

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူ တော်၌ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ များအားလေ့လာပြီး ယခုလို ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်ဟု ဦးဇော်သက် ထွေးက အတည်ပြုပြောကြားသည်။

Yangon Media Group
နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လာမည့်နှစ် ဇန်နဝါရီလ မှစပြီး နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းရယူခွင့်ပြုမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောဆိုလိုက်ကြောင်းသိရသည်။

မြစ်ရေတင် စီမံကိန်းကြောင့် မြေယာလျော်ကြေး ရယူလို

Photo: မြစ်ရေတင် စီမံကိန်းကြောင့် မြေယာလျော်ကြေး ရယူလို
Mizzima - News in Burmese

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မြစ်ရေတင်စီမံကိန်းကြောင့် ကတော ကျေးရွာနှင့် ရွာရှည်ကျေးရွာရှိ ယာမြေများပျက် စီးဆုံးရှုံးသွားသဖြင့် နစ်နာ ကြေး၊ သီးနှံလျော်ကြေး ရလိုကြောင်းကို တိုင်းအစိုးရထံ တင်ပြသွားမည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကျေးရွာများရှိ ကွင်းအမှတ် ၂၈၊၂၉ နှင့် ၃၃ အတွင်းရှိ ယာမြေဧက ၂၇၂ ဒသမ ၈၁ ကို ၂၀၀၉ ခုနှစ်တွင် ဆီမီးခုံ မြစ်ရေတင် စီမံကိန်းတွင် တာဘောင်များ ပြုလုပ်ရန်မြေများကို စက်ကြီးများနှင့် ထိုးယူ သောကြောင့် ယာမြေများပျက်စီးရခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ ၁၆ ရက်က မန္တလေးမြို့၊ မဟာဝဇိတာရုံ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ပြောသည်။

အဆိုပါ မြစ်ရေတင် စီမံကိန်းသည် နွားထိုးကြီးမြို့နယ်တွင် ရေရရှိရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကျွန်မတို့မြေက ကန်တွေ ဖြစ်နေပြီ ဘာမှစိုက်လို့ မရတော့ဘူး။ အခုက မြေသိမ်းတာ မဟုတ်ဘူး။ မြေ ဖျက်တာပါ။ အခုလက်မှတ်ထိုးပြီး အစိုးရအဖွဲ့တွေကို တင်ပြတိုင်ကြားဖို့ လုပ်နေပါတယ်” ဟု စီမံကိန်းကြောင့် မြေပါသွားသော ဒေါ်ပေါတင်က ပြောသည်။

အဆိုပါ မြစ်ရေတင်စီမံကိန်းပြုလုပ်ရန် မြေများအသုံးပြုခြင်းကြောင့် ချိုင့်ဝှမ်းများ ဖြစ်ပေါ်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်နေသည်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က အချိန်မီစိုက်ပျိုးနိုင် ရေးအတွက် မြေများ ပြန်လည်ညှိပေးရန်နှင့် နစ်နာကြေးများပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

“ကျွန်တော်တို့က မြေကိုစိုက်လို့ရ အောင်မြေအစား ပြန်ထည့်ပေးစေချင်တယ်။ အဲဒီလိုလုပ်မပေးနိုင်ဘူးဆို လည်းကာလပေါက်ဈေးအတိုင်း နစ်နာကြေးရချင်ပါတယ်”ဟု ဦးညိုလေးက ပြောသည်။

အဆိုပါယာမြေများကို ဒေသခံတောင်သူ ၁၃၀ ဦးကျော်ပိုင်ဆိုင်ပြီး စိုက်ပျိုး၍ မရသဖြင့် စားဝတ်နေရေးခက် ခဲနေကြသည်ဟု ဆိုသည်။

ယင်းစီမံကိန်းစတင်ဆောင်ရွက်စဉ်က ပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း ရှင်းလင်းပွဲတွင် ဒေသခံများက ပြောသည်။

Mizzima - News in Burmese

မြစ်ရေတင် စီမံကိန်းပြုရန် မြေများ ယူဆောင်အသုံးပြုခြင်းကြောင့် ချိုင့်ဝှမ်းများ ဖြစ်ပေါ်လျက်ရှိသည့် ယာမြေများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေသခံ)
မြစ်ရေတင် စီမံကိန်းပြုရန် မြေများ ယူဆောင်အသုံးပြုခြင်းကြောင့် ချိုင့်ဝှမ်းများ ဖြစ်ပေါ်လျက်ရှိသည့် ယာမြေများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေသခံ)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မြစ်ရေတင်စီမံကိန်းကြောင့် ကတော ကျေးရွာနှင့် ရွာရှည်ကျေးရွာရှိ ယာမြေများပျက် စီးဆုံးရှုံးသွားသဖြင့် နစ်နာကြေး၊ သီးနှံလျော်ကြေး ရလိုကြောင်းကို တိုင်းအစိုးရထံ တင်ပြ သွားမည်ဟု ဒေသခံများက ဆိုသည်။

မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေ

Photo: မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေ
Thursday, December 18, 2014

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

အတိအကျဆိုရရင် ချက်ကြိုးကို နောက်ကျမှဖြတ်ပေးခြင်းမှာ ကလေးတွေကို ရောဂါခုခံနိုင်စွမ်း ပိုမိုအစွမ်းထက်စေပြီး ရောဂါဖြစ်နိုင်ချေ ပိုမိုလျော့နည်းစေကြောင်း စပိန်နိုင်ငံ Granada တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Granada က San Cecilio Clinical Hospital ဆေးရုံသို့ မီးဖွားဖို့ ဆေးရုံရောက်လာကြတဲ့ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၆၄ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့အားလုံးတွေမှာ ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ကြဖူးကြပြီး အလိုအလျောက် သဘာဝအရ မီးဖွားခဲ့ဖူးသူတွေဖြစ်ကြပါတယ်။

၃၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းသော မတူညီသောအချက်က မွေးပြီး ၁၀ စက္ကန့်မှာ ချက်ကြိုးတွေကို ဖြတ်ပေးပါတယ်။ နောက်တစ်နည်းမှာ ၂ မိနစ်ကြာပြီးမှ ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်။

ချက်ကြိုးဖြတ်ခြင်းမှာ ရောဂါခုခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း ရောဂါခုခံနှုန်းရဲ့ အားနည်းမှုကိုလည်း လျော့ချပေးပါတယ်။ နောက်ပြီး မွေးဖွားပြီး ပထမရက်တွေမှာ မွေးကင်းစကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

Source: metro.co.uk
Trend Myanmar
သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင် တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ကျူးကျော်မြေတစ်ကွက် ကျပ်သုံးသိန်းအထိ ဈေးပေါက် လှိုင်သာယာရှိ ကျူးကျော်အများစုမှာ ဧရာဝတီတိုင်းမှလာရောက်သည့် ကျပန်းအလုပ်လုပ်သူများဖြစ်

Photo: ကျူးကျော်မြေတစ်ကွက် ကျပ်သုံးသိန်းအထိ ဈေးပေါက်
လှိုင်သာယာရှိ ကျူးကျော်အများစုမှာ ဧရာဝတီတိုင်းမှလာရောက်သည့် ကျပန်းအလုပ်လုပ်သူများဖြစ်
Thursday, December 18, 2014

လှိုင်သာယာမြို့နယ်၊ ၀ါ ၀ါဝင်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာ စီမံကိန်းမြေနေ ရာများတွင် ၀င်ရောက်ကျူးကျော် ထားသည့် ကျူးကျော်မြေဈေး ကွက်သည် ၁၅ ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေးရှိနေပြီး ပြန်လည်ရောင်းချမှုများရှိနေ ကြောင်းသတင်းရရှိသည်။

ဝါ၀ါဝင်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာစီမံ ကိန်းမြေနေရာများရှိ ကျူးကျော် တဲများသည် ဒီဇင်ဘာလဆန်းမှစ၍ ၀င်ရောက်မြေနေရာဦးကာ တဲထိုးခြင်းဖြစ်ပြီး လက်ရှိတွင် ကျူးကျော်တဲအလုံးရေ ၂,၀၀၀ ကျော်ရှိနေသည်။

ယင်းနေရာများတွင် ကနဦး ၀င်ရောက်မြေနေရာဦးသူများက နေစရာမရှိဖြစ်နေသူများထံ ပြန်လည်ရောင်းချရာ ၁၅ ပေ ပတ် လည်မြေတစ်ကွက်လျှင် ကျပ် တစ်သိန်းမှ သုံးသိန်းအထိ ပေါက် ဈေးရှိနေခြင်းဖြစ်သည်။‘‘ကျွန်မဒီမြေနေရာကို သုံး သိန်းနဲ့ဝယ်ထားတာ။ တဲကိုဖျက် ဆီးခံရပေမယ့် မတတ်နိုင်ဘူး။ ပြန်ဆောက်ရမှာပဲ။ အခု ဒီကျူး ကျော်မြေနေရာတွေမှာ မြေတစ် ကွက်ကို အနည်းဆုံးတစ်သိန်းက နေသုံးသိန်းအထိရှိတယ်။ မြေဦး ပြီးတော့ ပြန်ရောင်းတဲ့သူတွေက ပြန်ရောင်းနေတာ။ တိုင်ဝါးတစ် လုံးကို လေးထောင်ကျော်ရှိတယ်။ မြေနေရာရော တဲဖိုးရေအတွက် ပါဆိုမနည်းဘူးကုန်တယ်’’ဟု ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာတွင် ကျူးကျော်မြေကွက်ဝယ်ယူနေ ထိုင်သော ဖြူးမြို့နယ်ဇာတိ ဒေါ်နုဝါက ပြောသည်။

လှိုင်သာယာမြို့နယ် အ တွင်းရှိ ကျူးကျော်တဲဝင်ရောက် တဲထိုးသူများမှာ ဧရာဝတီ တိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့်ဘ၀ ပျက်ကာ အလုပ်ရရှိရန် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်းစသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော်ယခုအခါ စက်ရုံ၊အလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျုးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အိမ်ခန်းငှား ခဈေးနှုန်းမှာ ကျပ်ခြောက်သောင်းအထိ မြင့်တက်နေပြီးအိမ်ရှင်က လူဦးရေ လေးဦးအထိသာ နေထိုင်ခွင့်ပြုထားသောကြောင့် ၎င်းတို့မှာ နေစရာမရှိ၍ ကျူးကျော်ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။

ဝါ၀ါဝင်း ကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာ စီမံ ကိန်း မြေနေရာများတွင် ၀င် ရောက်ကျူးကျော်သော ကျူး ကျော်တဲထိုးသူများသည် ကနဦး မြေနေရာဦးသူများထံမှ ၀ယ်ယူ၍ တဲထိုးသူများရှိသကဲ့သို့ ကိုယ်တိုင် မြေနေရာဦး၍ တဲထိုးသူများလည်းရှိကြောင်း ၎င်းတို့ကပြော သည်။

‘‘ညကတဲတွေ အဖျက်ခံ လိုက်ရတယ်။ ဒီတဲဆောက်တာ က တစ်သိန်းလောက်ကုန်တယ်။ ဒီမြေနေရာကလည်း တစ်သိန်း လေးသောင်းနဲ့ ၀ယ်ထားရတာ။ မြေနေရာမဦးရဲလို့ သူများဆီက ၀ယ်ထားတာ။ အခုတော့ တဲရော ဖျက်ဆီးခံရတယ်။ ကျွန်မတို့က တော့ ပြန်ဆောက်မယ်’’ဟု ဧရာ ၀တီတိုင်း၊ မော်ကျွန်းမြို့နယ်၊ အ ထက်မအူကုန်းကျေးရွာမှ ဒေါ်မြင့် ခိုင်ကပြောသည်။

‘‘ကျူးကျော်သမားတွေက မြေနေရာတွေဦးပြီး နေစရာမရှိ ဖြစ်နေတဲ့ ကျန်တဲ့ကျူးကျော်တွေ ကို ပြန်ရောင်းချနေတာက မနှစ် ကတည်းက လုပ်နေကြတာ။ မသိ တဲ့သူတွေက မြေနေရာဝယ်ကြ တာပေါ့။ ဖယ်ရှားခံရရင်လည်း ဆုံးတာပေါ့’’ဟု လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အနီး တွင် ကျူးကျော်နေထိုင်သော ဦးတင်ဝင်းက ပြောသည်။

ဝါ၀ါဝင်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်စီမံကိန်းမြေ နေရာများတွင် ကျူးကျော်တဲများ ၀င်ဆောက်သောကြောင့်အဆိုပါ ကုမ္ပဏီနှစ်ခုက လူများငှားရမ်း၍ ကျူးကျော်တဲများကို ဒီဇင်ဘာ ၁၅ရက်ညနှင့် ၁၆ရက်ညတို့တွင် ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဖျက်ဆီးသော ကြောင့် ကျူးကျော်သမားများနှင့် ကုမ္ပဏီမှ ငှားရမ်းထားသူများ အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်ညတွင် နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ မီးရှို့မှုများဖြစ်ပွားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်  ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်ဝင်းတို့ လာ ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့ နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့်နေရာ ၁၀ခုထိရှိပြီး ကျူးကျော်တဲတစ် သောင်းကျော်ထိရှိသည်။

လှိုင်သာယာမြို့နယ်  အ တွင်း ကျူးကျော်တဲများဝင်ရောက် ဆောက်လုပ်နေခြင်းနှင့် ပတ် သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ကျော်ငြိမ်းထံဆက်သွယ်မေးမြန်း ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

ယခုနှစ် ဇန်န၀ါရီအတွင်းပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသောလမ်းဘေးရှိ ကျူးကျော်တဲငါးထောင်ကျော်နှင့် ရွှေလင်ပန်းစက်မှုဇုန် အနီးရှိ ကျူးကျော်တဲနှစ်ထောင်ကျော်ကို အာ ဏာပိုင်များက ဖယ်ရှားခဲ့သည်။ကျူးကျော်များကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်အမျိုးအစား လေးမျိုးခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားမှာ အစစ်အမှန် ကျူး(Real Squatter)ဖြစ်ပြီး ဒုတိယ မှာကျူးမြေကို အရင်ရောက်ပြီးနောင်မှရောက်လာသူများကို ပြန်ငှားစားသည့်အိမ် ငှားကျူး(Landlord Squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး(Professional Squatter)ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anar chistic Squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။

ပထမအမျိုးအစားသည် မြို့ ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါး သည့် မိသားစုများနှင့်အလုပ်အ ကိုင်အကြောင်းပြပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။

ရန်ကုန်မြို့တွင်ရှိသော  ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုး အစားကျုးများသာအများစုဖြစ်နေရာမှ  ၂၀၁၃နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက် ကျူးများနေရာအနှံ့တွင် အလုံးအရင်း မင်းမူ လာကြောင်း အဆိုပါဆောင်းပါး တွင်ဖော်ပြထားသည်။

7Day DAILY 

လှိုင်သာယာမှကျူးကျော်တဲများအတွင်း နေထိုင်သူများကို အပျက်အစီးများကြား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လှိုင်သာယာမှကျူးကျော်တဲများအတွင်း နေထိုင်သူများကို အပျက်အစီးများကြား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း) 
လှိုင်သာယာမြို့နယ်၊ ၀ါ ၀ါဝင်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာ စီမံကိန်းမြေနေ ရာများတွင် ၀င်ရောက်ကျူးကျော် ထားသည့် ကျူးကျော်မြေဈေး ကွက်သည် ၁၅ ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေးရှိနေပြီး ပြန်လည်ရောင်းချမှုများရှိနေ ကြောင်းသတင်းရရှိသည်။

မြောက်ကိုးရီးယားခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ဆိုနီကုမ္ဗဏီ ဖြန့်ချီမှုမပြုတော့ဟု ကြေငြာ

Photo: မြောက်ကိုးရီးယားခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ဆိုနီကုမ္ဗဏီ ဖြန့်ချီမှုမပြုတော့ဟု ကြေငြာ
Thursday, December 18, 2014

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် လျှို.၀ှက် ထောက်လှမ်းရေး စီအိုင်အေက လုပ်ကြံခိုင်းသော ဇာတ်အိမ်ကို အခြေခံ ရိုက်ကူးထားသည့် “အင်တာဗျူး” အမည်ရ ဟာသရုပ်ရှင်ကို ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးက ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖြန့်ချီရန် စီစဉ်ထားခြင်းကို ကွန်ပျူတာဟက်ကာများ၏ ခြိမ်းခြောက်မှုများကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ထိုရုပ်ရှင်ကိုမကျေနပ်၍ ဆိုနီကုမ္ဗဏီ၏ ကွန်ပြူတာစနစ်ထဲသို့ ဟက်ကာများ ၀င်ရောက်ပြီး သတင်းအချက်အလက်များကို ခိုးယူ၍ အင်တာနက်ပေါ်တွင် လွန်ခဲ့သည့်လက ဖြန့်ချီခဲ့သည့်ဖြစ်ရပ်သည် မြောက်ကိုးရီးယား အစိုးရနှင့် ဆက်နွယ်နေသည်ဟု အမေရိကန် ထောက်လှမ်းရေးများက ကောက်ချက်ချ ခဲ့ကြောင်း ယမန်နေ့ထုတ် နယူးယောက်တိုင်းစ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုရုပ်ရှင်အား ဖြန့်ချီရန် အစီအစဉ် ဖျက်သိမ်းလိုက်ခြင်းမှာ ရုံတင်သွင်းမည့် သူအများစု၏ စိုးရိမ်ပူပန်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုနီကုမ္ဗဏီ၏ယမန်နေ့က ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီရုပ်ရှင်ဖြန့်ချီတာကို ဟန့်တားတဲ့လုပ်ရပ်နဲ့၊ အမေရိကန်ပြည်သူလူထု၊ ဆိုနီကုမ္ဗဏီ ၀န်ထမ်းများအပါအ၀င် ကုမ္ဗဏီကိုပါ ထိခိုက်အောင် ကြံရွယ် လုပ်ဆောင်မှုများကို လွန်စွာဝမ်းနည်းမိပါတယ်” ဟုကုမ္ဗ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်သည် စီအိုင်အေ၏အစီအမံဖြင့် ရုပ်မြင်သံကြား ပင်တိုင်တင်ဆက်သူတစ်ဦးနှင့် ၄င်း၏အစီအစဉ် ထုတ်လုပ်သူတို့က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းအဖြစ် ပါဝင်သရုပ်ဆောင်သူ ရန်းဒဲလ်ပက် (Randall Park) အား လုပ်ကြံရန်ကြိုးပမ်းမှုဖြစ်သည်။

လွန်ခဲ့သည့်လက ဆိုနီကုမ္ဗဏီ၏ အချက်အလက်များကို ၀င်ရောက် ခိုးယူသွားသူ ဟက်ကာများက ထိုရုပ်ရှင်အား ရုပ်ရှင်ရုံများတွင် သွားရောက် မကြည့်ရူရန် နှင့် ၂၀၀၁ ခုနှစ်က အမေရိကန်တွင် ဖြစ်ခဲ့သည့် ၉/၁၁ တိုက်ခိုက်မှုအား မမေ့ကြရန် အင်တာနက်ပေါ်တွင်ခြိမ်းခြောက်ခဲ့သည်။

The Yangon Globe 

ဓာတ်ပုံ-Reuters
ဓာတ်ပုံ-Reuters
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် လျှို.၀ှက် ထောက်လှမ်းရေး စီအိုင်အေက လုပ်ကြံခိုင်းသော ဇာတ်အိမ်ကို အခြေခံ ရိုက်ကူးထားသည့် “အင်တာဗျူး” အမည်ရ ဟာသရုပ်ရှင်ကို ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးက ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖြန့်ချီရန် စီစဉ်ထားခြင်းကို ကွန်ပျူတာဟက်ကာ များ ၏ ခြိမ်းခြောက်မှုများကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

မန္တလေးမြို့လယ်တွင် ခုံးကျော်တံတားတစ်စင်း တည်ဆောက်ရန် တောင်းဆို

Photo: မန္တလေးမြို့လယ်တွင် ခုံးကျော်တံတားတစ်စင်း တည်ဆောက်ရန် တောင်းဆို
Thursday, December 18, 2014

 မန္တလေးမြို့နယ် ၇၈ လမ်းတွင် ခုံးကျော်တံတားတစ် စင်း  ထပ်မံတည်ဆောက် ပေး ရန် ယာဉ်ထိန်းတာဝန်ရှိသူက တောင်း ဆိုထားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ရက်က မန္တလေး မြို့ မြို့တော်ခန်းမတွင် ပြုလုပ် သည့် မန္တလေးမြို့ကို   အစိမ်း ရောင်မြို့တော်အဖြစ်အကောင် အထည်ဖော်ရေးအလုပ်ရုံဆွေး နွေးပွဲ၌  တင်ပြခဲ့ခြင်းဖြစ်သည်။ ၇၈လမ်းသည် မန္တလေးမြို့၏ အ ရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားကြောင်း၊ ၇၈လမ်းကို ဖြတ်သန်းရာတွင်အခက်အခဲနှင့် ကန့်သတ်ချက်များရှိနေကြောင်း၊ သို့ဖြစ်၍ ၃၃လမ်းတွင်ခုံးကျော် တံတားတစ်စင်း   ထပ်မံတည် ဆောက်ပေးသင့်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး   ရဲမှူးသိန်းကိုကိုက ပြောသည်။

မန္တလေးမြို့တွင် မီးရထား လမ်းခုံးကျော်တံတားသုံးခုရှိပြီး မြို့လယ်တွင်   နှစ်ခုရှိသည်။ မြို့ လယ်မှ ခုံးကျော်တံတားနှစ်ခု မှာ မော်တော်ကားသီးသန့်ဖြစ်ပြီး ဆိုင်ကယ်အသုံးပြုခွင့်မပေးပေ။

‘‘ဆိုင်ကယ်နဲ့ဆို ၇၈လမ်းကို ရောက်ဖို့ ရထားလမ်းကူးရတာ တော်တော်လေးစိတ်ပျက်တယ်။ မကြာခဏရထားနဲ့တိုးတယ်။ ဆိုင်ကယ်ဖြတ်လို့ရတဲ့ ခုံးကျော် မှ အဆင်ပြေမယ်’’ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုကျော် ကျော်ထိုက်ကပြောသည်။

မြို့တွင်း  ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများသည်လည်း မြို့တွင်းနေရာအနှံ့ရောက်သည့် စနစ်ပြောင်းလဲကျင့်သုံးရန်လို ကြောင်း၊ မြို့တွင်းမီးပွိုင့်စနစ်များ လည်းအလိုအလျောက်အာရုံခံစ နစ်၊ မီးနီဖြတ်မှတ်တမ်းတင်စနစ် နှင့်    ဗဟိုထိန်းချုပ်မှုစနစ်များ ပြောင်းလဲရန်လိုကြောင်းရဲမှူးက ပြောသည်။

ယာဉ်ကြောရှုပ်ထွေးမှုအ များဆုံးလမ်းများကို    တစ်လမ်း မောင်းစနစ်ပြောင်းလဲရန်၊ လူသွား စင်္ကြံပလက်ဖောင်းစနစ်ပီပြင်စွာ အကောင်အထည်ဖော်ပေးရန်၊ ယာဉ်သွားလာမှုများသောလမ်းမ ကြီးများ   ၀ဲယာရှိဈေးဆိုင်၊ စတိုး ဆိုင်၊ စားသောက်ဆိုင်နှင့် တည်း ခိုခန်းများဖွင့်လှစ်ရာတွင် ယာဉ် ရပ်နားရန်နေရာရှိမှသာဖွင့်ခွင့် ပေးရန်၊ စက်ဘီး၊ ဆိုင်ကယ်သီး သန့်လမ်းများထပ်မံဖောက်လုပ် ပေးရန်၊ ရုံး၊ ဈေး၊ ကျောင်းများ တွင် ယာဉ်မရပ်ရနေရာများသတ် မှတ်ရန် အစရှိသည်တို့ကို  ရဲမှူးကဆွေးနွေးခဲ့သည်။

မန္တလေးမြို့တွင် မော်တော် ယာဉ်ပေါင်း ၁၀သိန်းကျော်ရှိပြီး လူ ၁၅ဦးတွင် ကားတစ်စီးနှုန်းနှင့် လူနှစ်ဦးတွင်ဆိုင်ကယ်တစ်စီးနှုန်း သုံးစွဲနေသည်။

7Day DAILY 

မန္တလေးမြို့လယ် အဓိကလမ်းမကြီးတစ်ခုဖြစ်သော ၇၈လမ်းမကြီးကို တွေ့ရစဉ် - ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့လယ် အဓိကလမ်းမကြီးတစ်ခုဖြစ်သော ၇၈လမ်းမကြီးကို တွေ့ရစဉ် - ဓာတ်ပုံ−ဂျေမောင်မောင် (အမရပူရ)
 မန္တလေးမြို့နယ် ၇၈ လမ်းတွင် ခုံးကျော်တံတားတစ်စင်း  ထပ်မံတည်ဆောက် ပေးရန် ယာဉ်ထိန်းတာဝန် ရှိသူက တောင်း ဆိုထားကြောင်း သတင်းရရှိသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် တစ်ခု၌ ကျူးလွန်သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ စီချ

သံတွဲမြို့နယ်တွင် ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၌  ဦးဆောင်ပါဝင်ခဲ့သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်းသတင်းရရှိသည်။