မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Tuesday, 16 December 2014
ပါကစ္စတန်ရှိစာသင်ကျောင်းအားပြန်ပေးဆွဲ၍ လူပေါင်း ၅၀၀ ခန့်အားဓားစာခံပြုလုပ်
ပါကစ္စတန်နိုင်ငံ ပါရှဝါမြို.ရှိ စာသင်ကျောင်းတစ်ခုအား သေနတ်သမားများမှ ၀င်ရောက်ပြီး ကျောင်းသား ကျောင်းသူများ နှင့်ဆရာဆရာမ ၅၀၀ ခန့်အား ယနေ့ အင်္ဂါနေ့မနက်တွင် ပြန်ပေးဆွဲဓားစာခံပြုလုပ်ထား ကြောင်းသိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြဝတီမြို့တွင် တပ်မတော်သားများနှင့်KNLA တိုင်းရင်းသားလက်နက်ကိုင်များ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ တပ်မတော်သားများဘောလုံးအသင်းနှင့် KNLA တပ်မဟာ(၇)မှ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် သော ဘောလုံးအသင်းတို့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်းထဲ၌ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်(၈)နာရီအချိန်က ချစ်ကြည်ရေးဘောလုံးပွဲ ဆင်နွှဲခဲ့ကြသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကော့သောင်းလူငယ်များ ဆိုင်ကယ်တာယာ ဖာသည့် ကော်ကို မူးယစ်ဆေး ကဲ့သို့ အသုံးပြု ရှူရှိုက်၊ အရေးယူနိုင်မည့် ဥပဒေ မထွက်သေး
မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့နယ်တွင် လူငယ် ၆၀ ရာခိုင်နှုန်းမှာ ကော်ရှူနေကြောင်း ကော့သောင်းမြို့နယ် အတွင်းရှိ ဆိုင်ရှင်များနှင့် တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ ရဲအုပ်အေးကြိုင်က ပြောကြား သည်။
ဆက်လက်ဖတ်ရှုပါရန် »
အင်ဒိုနီးရှား မြေပြိုမှု ၅၀ ဦး သေဆုံး၊ ၁၀၀ ကျော် ပျောက်ဆုံး
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအလယ်ပိုင်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ သေဆုံးသူ အနည်းဆုံး ၅၁ ဦးရှိသွားပြီလို့ သိရပါတယ်။ ဆက်လက်ပျောက်ဆုံးနေ သူ ၅၀ ကျော် ရှိနေပြီး ကယ်ဆယ်ရေး ၁၀၀ ကျော်က ဆက်လက် ကြိုးစားရှာဖွေနေကြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား အစိုးရကို ပြစ်တင်ရှုတ်ချ
မြောက်ကိုရီးယားနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန် နိုင်ငံသားတစ်ဦးသည် ဒီဇင်ဘာ ၁၄ ရက် တနင်္ဂနွေနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်၍ အမေရိကန်အစိုးရ၏ နိုင်ငံရေးမူဝါဒနှင့် စီးပွားရေးစနစ်များကို ပြစ်တင်ရှုတ်ချသွားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
ခရိုင်မြို့ဖြစ်ပေမယ့် ဖုန်းလိုင်းဆက်သွယ်ရေး မကောင်းတာကြောင့် ကသာမြို့မှာ မြန်မာ့ ဆက်သွယ်ရေးကို ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
သရေခေတ္တရာ ရှေးဟောင်း အမွေအနှစ် ပန်းချီပြပွဲ ကျင်းပမည်
သရေခေတ္တရာ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ပန်းချီပြပွဲကို ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပထမဆုံး အကြိမ်ကျင်းပမည်ဟု စီစဉ်နေသည်ဟု ပန်းချီဆရာများက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆ဝ ခွင့်ပြုမည်ဟုဆို
၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆ဝ ခွင့်ပြု မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ပင်န်ဆယ်ဗေးနီးယားပြည်နယ် တွင် လူ ၆ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား လွတ်မြောက်နေဆဲ
အမေရိကန်နိုင်ငံ၊ ပင်န်ဆယ်ဗေးနီးယားပြည်နယ်ရဲ့  ဆင်ခြေဖုံး ရပ်ကွက် တစ်ခု မှာ သေနတ်သမား တစ်ယောက် က ဇနီးဟောင်း အပါအဝင် တူမဖြစ်သူနဲ့ အခြား လူ ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက် ပြေး လွတ်မြောက်နေတယ်လို့ ရဲတွေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အမျိုးသားလိင်အဂါင်္နှစ်ခုပါသော ကလေးငယ် ခွဲစိတ်ကုသရန် ငွေကြေးအခက်အခဲရှိ
(၂)လခွဲအရွယ်ရှိ ကလေးငယ်မင်းသီဟသည် မွေးရာပါ အမျိုးသား လိင်အဂါင်္ နှစ်ခုပါရှိပြီး စအိုပေါက်ကျဉ်း သောကြောင့်ဝမ်းသွားရန် အခက်အခဲရှိပြီး ယခုအခါ ရန်ကင်းကလေးဆေးရုံကြီး ခွဲစိပ်ကုသဆောင် (၂)တွင် တက်ရောက် လျက်ရှိသည်။မွေးရာပါလိင်ဂါင်္နှစ်ခုရှိသောကြောင့် ခွဲစိတ်ကုသရန်လိုအပ်ပြိး ငွေကြေး အခက်အခဲရှိသောကြောင့်အလှူရှင်များ လိုအပ်သည်ဟု မိခင်ဖြစ်သူ မိစန္ဒာလွင်မှ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် The Street View ဂျာနယ်သို့ လာရောက်ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
ငါးဖမ်းလှေ လုပ်သားများ၏ ဘ၀ကို သိရှိနားလည်ရန် ဘန်ကောက်တွင် ပြပွဲ ပြုလုပ်
နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အသံများရဲ့ခရီးစဉ် Journey of Voices အမည်ရ ပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက် ယဉ်ကျေးမှု အနုပညာ ဗဟိုဌာနမှာ ဒီကနေ့ စတင်ဖွင့်လှစ် ကျင်းပနေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
စိုက်ပျိုးရေးတက္ကသိုလ် ဓာတ်ခွဲခန်းအတွက် ဂျပန်နိုင်ငံက အကူအညီ ပေးမည်
နေပြည်တော် (မဇ္ဈိမ)။ ။ စိုက်ပျိုးရေး တက္ကသိုလ် (ရေဆင်း)တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ မီလီယံ အကုန်အကျခံ တည်ဆောက်မည့် ဓာတ်ခွဲခန်းများအတွက် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ ကူညီပေးသွားမည်ဟု ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
မွန်အမျိုးသားနေ့ အခမ်းအနား စီးပွားရေးကြောင့် ကုန်ကျစရိတ် ချွေတာမည်
(၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့တွင် ကျင်းပမည် ဖြစ်ရာ နယ်မြေစီးပွားရေး အခြေအနေကြောင့် ကုန်ကျစရိတ်ကို ချွေတာကျင်းပမည် ဖြစ်ကြောင်း မွန် အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်လောင်း ငါးဦး စတင်ရွေးချယ်မည်
၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု အနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မဲဆန္ဒနယ် တစ်ခုလျှင် ကိုယ်စား လှယ်လောင်း ငါးဦးကို ယခုလအတွင်း စတင်ရွေးချယ်မည် ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆစ်ဒနီ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ အကြမ်းဖက်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံး
ဒဏ်ရာရ လူနာတစ်ဦးကို လူနာတင်ယာဉ်သို့ သယ်ဆောင်သွားစဉ်
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင် တစ်ခုကို သေနတ်သမားတစ်ဦးက ချုပ်ထိန်းထားမှုအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ သေနတ်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကျေနပ်အားရမှု မရှိသေးသည့် အချက်များ အစိုးရနှင့် NCCT ဆက် ဆွေးနွေးမည်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မတိုင်မီ ရန်ကုန်မြို့တွင် ပြန်လည်တွေ့ဆုံရန် ဒီဇင်ဘာလ ၁၅ ရက်က NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင
်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆစ်ဒနီကကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု လူသုံးဦးသေသည့် စစ်ဆင်ရေးဖြင့် ပြီးဆုံး
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်က ကော်ဖီဆိုင် အနုကြမ်းဝင်စီးတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကြာချိန်မှပဲ သြစတေးလျ ကွန်မန်ဒိုတပ်ရဲ့ စစ်ဆင်ရေးနဲ့ ပြီးဆုံးသွား ပါတယ်။ အစက ငြိမ်းချမ်းစွာပဲ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သြစတေးလျ အစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခုလို တိုက်စစ်ဆင်လိမ့်မယ်လို့ ထင်မထားတဲ့ အရေအတွက် အတော်များပါတယ်။ ဒါပေမယ့် ညသန်းခေါင် မှောင်ချိန် လျှပ်စစ်မီး အမှောင်ချပြီး မီးခိုးဗုံး ဝင်ကြဲလို့ စစ်ဆင်ရေးဆင်ခဲ့ ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဆေးဖြစ်ဝါးဖြစ် သစ်သီးဝလံ
သစ်သီးဝလံဆိုတာ နှစ်သက်ဖွယ်ရာအစားအစာတခုမျှမကပေဘူး။ သူ့ရဲ့အင်္ဂလိပ်စကား Fruit ဆိုတာက လက်တင်စကားFrui က ဆင်းသက်လာပြီး နှစ်သက်စရာနဲ့ အသုံးပြုစရာလို့ အဓိပ္ပာယ်ရပါတယ်။ အာဟာရ အတွက်သာမက ခန္ဓာကိုယ်ကိုရောဂါဘယတွေကပါ ကာကွယ်ပေးတာမို့ ပြီးပြည့်စုံတဲ့ အစားအစာလို့ တောင် တင်စားခေါ်ဝေါ်ကြလေရဲ့။ လူများစုကတော့ သစ်သီးဝလံကိုရံဖန်ရံခါ အာသာဆန္ဒမျှအတွက် စားသုံးလေ့ရှိကြတာပါ။ ရာသီပေါ်လေးမို့၊ အချိုတည်းဖို့၊ ဧည့်လာစောင်လာဧည့်ခံဖို့ စသဖြင့် သုံးကြတာ များပါတယ်။ တကယ်တော့ သူ့ရဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်မှုတွေအရ သစ်သီးဝလံတွေကိုလည်း ဆန်၊ ဂျုံ၊ အာလူး၊ ပဲ စတာတွေလို ပုံမှန်စားသောက်ရတဲ့ အစားအစာတွေအဖြစ် လေ့ကျင့်စားသုံးသင့် တာပါ။
ဆက်လက်ဖတ်ရှုပါရန် »
ယူကရိန်း ဒေဝါလီမခံရစေဖို့ ဒေါ်လာ ဘီလီယံ ၁၀ အရေးပေါ်လိုအပ်
ယူကရိန်းနိုင်ငံ ဒေဝါလီမခံရစေဖို့ ဒေါ်လာသန်းပေါင်း တသောင်းရဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လားရှိုးမြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး တရုတ်နယ်စပ်သို့ အဓမ္မဖမ်းဆီးခေါ်ဆောင် အသတ်ခံရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ Happy Time ကလေး ကစားကွင်း ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကို လားရှိုးမြို့နယ်အတွင်း တရုတ်နိုင်ငံသားများက ဝင်ရောက်အဓမ္မ ဖမ်းဆီးခဲ့ပြီး တရုတ်နယ်စပ်ဘက်သို့ ခေါ်ဆောင် အသတ်ခံခဲ့ရသောကြောင့် အမှုမှန် ပေါ်ပေါက်ရန် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းနေကြောင်း လားရှိုးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
View mobile version
Subscribe to:
Posts (Atom)