Friday, 5 December 2014

မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ကောင်းကျိုးအဖြာဖြာ

Photo: မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ကောင်းကျိုးအဖြာဖြာ
Friday, December 5, 2014
 
ယခုလက်ရှိ ကျန်းမာရေးလိုက်စားတဲ့ အပိုင်းမှာ ခေတ်စားနေတာက အိပ်ယာထထချင်း ရေသောက်တာပါပဲ။ ဒီအလေ့အကျင့်လုပ်ခြင်းရဲ့ ကုသမှုပိုင်းဆိုင်ရာကနေ ရရှိတဲ့ တန်ဖိုး၊ အကျိုးကျေးဇူးဟာ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးနဲ့ လုံးဝ ကိုက်ညီမှုရှိလှကြောင်း သိပ္ပံနည်းအရ အတည်ပြုထားပါတယ်။

အိပ်ယာထတဲ့အချိန် ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ နှလုံးပြဿနာများ၊ ဝက်ရူးပြန်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အဆစ်ရောဂါများ၊ ဆီးချိုသွေးချိုရောဂါ၊ ဝမ်းချုပ်ခြင်း၊ အဝလွန်ခြင်း၊ အဆုတ်နာရောဂါ၊ ဦးနှောက်အမြှေးပါးယောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အော့အန်ခြင်း၊ သားအိမ်ပိုင်းဆိုင်ရောဂါ၊ အူယောင်တာ၊ နားနဲ့ လည်ချောင်းနာရောဂါ စတာတွေ နေထိုင်မကောင်းဖြစ်ခြင်းနဲ့ အနာရောဂါဖြစ်ခြင်းတွေကို ကာကွယ်ကုသရာ ရောက်ပါတယ်။

နည်းလမ်း…

(၁) အိပ်ယာထထချင်း တခြားဘာမှ မလုပ်သေးပဲ ၆ အောင်စ ရေပမာဏကို  (၄) ခွက်သောက်ပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီရေပမာဏကို တစ်ခါတည်းကုန်အောင် မအသောက်နိုင်ဘူးဆိုရင် အစပိုင်း သောက်နေကျပုံမှန်အတိုင်းသာ သောက်ပြီး နောက်ပိုင်း တစ်ဖြေးဖြေးနဲ့ ပမဏ တိုးတိုးပြီးသောက်သင့်ကြောင်း သိထားရပါမယ်။

Trend Myanmar
ယခုလက်ရှိ ကျန်းမာရေးလိုက်စားတဲ့ အပိုင်းမှာ ခေတ်စားနေတာက အိပ်ယာထထချင်း ရေသောက် တာပါပဲ။ ဒီအလေ့အကျင့်လုပ်ခြင်းရဲ့ ကုသမှုပိုင်းဆိုင်ရာကနေ ရရှိတဲ့တန်ဖိုး၊ အကျိုးကျေးဇူးဟာ ကျွန်ုပ် တို့ရဲ့ကျန်းမာရေးနဲ့ လုံးဝ ကိုက်ညီမှုရှိလှကြောင်း သိပ္ပံနည်းအရ အတည်ပြုထားပါတယ်။

ပညာရေး ဥပဒေ လိုအပ်ချက် ပညာရှင်တွေ ထောက်ပြ

Photo: ပညာရေး ဥပဒေ လိုအပ်ချက် ပညာရှင်တွေ ထောက်ပြ
Friday, December 5, 2014

အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ လိုအပ်ချက်၊ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပညာရေးဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ပညာရှင်တွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပြောဆိုလိုက် တာပါ။ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဒီကနေ့ ကျင်းပပြုလုပ်တဲ့ “ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ” စာတမ်းဖတ်ပွဲမှာ ပညာရပ်ဆိုင်ရာ ပါရဂူ ပညာရှင်တွေက အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်တဲ့ သူတို့ ပြုစုထားတဲ့ စာတမ်းတွေကို ဖတ်ကြားဆွေးနွေး တင်ပြနေကြတာဖြစ်ပါတယ်။

" အမျိုးသားပညာရေးဥပဒေကြမ်း နည်းဥပဒေကော်မတီအနေနဲ့ မကြာခင်မှာ အမြန်ဆုံးဆောင်ရွက်ဖို့လိုပါတယ်။ ကျောင်းသားတွေ၊ ကျောင်းသား သမဂ္ဂတွေ ဆောင်ရွက်နေတယ်။ အားလုံး ဆောင်ရွက်နေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်တယ်။ အားလုံးကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) "

ဒါကတော့ ပညာရှင်တွေ ဆွေးနွေးနေကြတဲ့ အသံပါ။

“ဒီမိုကရေစီ ပညာရေးစနစ် ဘယ်လို တည်ဆောက်မလဲ၊ ကျောင်းသား အခွင့်အရေးနဲ့ အနာဂတ် မြန်မာပြည်၊ ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေး” စတဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ အားနည်းချက်၊ လိုအပ်ချက်တွေ ကို ဝေဖန် ထောက်ပြဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဒေါက်တာသိန်းလွင်က အခုလိုပြောပါတယ်။

"ပညာရှင်တွေက ဒီအမျိုးသားပညာရေး ဥပဒေကို ဘယ်လိုသုံးသပ်သလဲ ဆိုတာကို ကျောင်းသားတွေ စီစဉ်တဲ့ပွဲပါ။ ဒီပွဲမှာ ဆရာကြီးတွေ လာတယ်။ ဒေါက်တာတွေ၊ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ ဒေါက်တာတင်အောင်တို့ ဒေါက်တာ တင်လှိုင်တို့ လာကြတယ်။ ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်လည်း လာတယ်။ နောက် ဥပဒေပညာရှင်တွေလည်း လာကြတယ်။ ဆရာကြီးတွေက ကျောင်းသားသမဂ္ဂ ရှိရမယ်ဆိုတဲ့ ဘက်ကနေ ပြောတယ်။ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရမယ်။ စကားလုံးကိုက အစ သမဂ္ဂလို့ပဲ သုံးရမယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီတွေမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ပါရမယ်။ နောက် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှိရမယ် အဲ့တာတွေကို ပြောသွားပါတယ်။

နောက် ဆရာများသမဂ္ဂ ကလည်း ဆွေးနွေးတယ်။ ဆရာများသမဂ္ဂက သူတို့ လုပ်ထားတဲ့ သုတေသနပေါ့။ တက္ကသိုလ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့အပေါ်မှာ ကျောင်းသားတွေ၊ ဆရာတွေ မိဘတွေ ဘယ်လိုမြင်သလဲဆိုတာ သူတို့ သုတေသန လုပ်ထားတဲ့ စာတမ်း လာပြီးတော့ ရှင်းပြပါတယ်။ သူတို့ စာရင်းကောက်ယူခဲ့တဲ့ အများစုက တက္ကသိုလ်တွေရဲ့ လွတ်လပ်ခွင့် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂ ရှိဖို့လိုတယ်။ ဆရာတွေ လွတ်လပ်ခွင့် ရှိဖို့လိုတယ်ဆိုတဲ့ ဘက်က အားလုံးက ဆန္ဒရှိတယ် ဆိုတာ သူတို့သုတေသန ပြုချက်ကိုပြောပါတယ်။ နောက် ၈၈ကလည်း ကိုစိုးထွန်းတို့ လာပြောပါတယ်။ NNER (National Network for Educational Renewal) ကလည်း ကျနော့်အနေနဲ့ပြောပါတယ်။ ဒီဥပဒေအပေါ် သုံးသပ်ချက် ကျနော်တို့ တင်ပြပါတယ်။"

“အမျိုးသားပညာရေး ဥပဒေကို လေ့လာ ဆန်းစစ်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုမှာ လွတ်လပ်မှုနဲ့ အာမခံချက်ရှိဖို့ အရေးတကြီး လိုအပ်တယ် ဆိုတာကို ဥပဒေ ပညာရှင် အမြင်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်း ဒေါက်တာညိုညိုသင်း အခုလို ပြောပြပါတယ်။

"ပညာရေးက တကယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ အာမခံချက် မဖြစ်မနေ ထည့်ပေးထားရမယ်။ ဥပမာ ဆရာနဲ့ကျောင်းသားတွေရဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်တို့ ဥပဒေနဲ့အညီပေါ့ အာမခံ ထားရမယ်။ နောက်ပြီးတော့ ပညာရေး ဥပဒေမှာပဲ နိုင်ငံတော် ဘက်ဂျက်ရဲ့ ဘယ်လောက်ကိုပေါ့နော် ပညာရေး အတွက် နှစ်စဉ် သုံးစွဲသွားပါ့မယ် ဆိုတဲ့ အာမခံချက်လည်း ပါရမယ်ပေါ့နော်။

ကျောင်းတွေမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိတဲ့ ကျောင်းကောင်စီ အသီးသီးတွေ ပေါ်ဖို့ပေါ့။ ဒီပညာရေးဥပဒေထဲမှာ အာမခံချက် ပေးထားရမယ်။ အဲ့ဒီ့တော့ ပညာရေးဥပဒေတခုမှာ လိုအပ်ချက်တွေပေါ့ ဘာတွေ လိုအပ်တယ်ဆိုတာကို ဆွေးနွေးတာပါ။

ဥပဒေတခုမှာ အာမခံချက် ပေးမထားပဲနဲ့ နည်းဥပဒေရောက်မှ ထည့်မယ်ဆိုတာဟာ ဥပဒေဘောင်ကို ကျော်လွန်ရာ ရောက်တယ်။ အဲ့တာကြောင့်မို့လို့ အစကတည်းက ဥပဒေထဲမှာ ထည့်သွင်းပေးထားမှသာလျှင် နည်းဥပဒေကို ရေးဆွဲတဲ့နေရာမှာ စိတ်ချရတာပေါ့နော်။ ဒါကြောင့်မို့ အမျိုးသားပညာရေး ဥပဒေမှာ နိုင်ငံတော်အစိုးရ လုပ်မယ့် သူတွေရဲ့ တာဝန်ခံ ကတိကို သေချာစေဖို့ပေါ့နော်။ ကတိခံဝန်ချက်တွေ ပါဖို့ ကို ဆွေးနွေးဖြစ်ကြတာပါ။

ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေဟာ အများပြည်သူ၊ ကျောင်းသား၊ ဆရာတွေရဲ့ သဘောဆန္ဒ မပါပဲနဲ့ ဗဟိုချုပ်ကိုင်မှု နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်ဆိုတာ ပညာရှင်တွေရဲ့ သုံးသပ်ဆွေးနွေးမှု အများပြည်သူ သိရှိနားလည်နိုင်ဖို့ သပိတ်မှောက် ကျောင်းသားတွေက အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ကိုမင်းသွေးသစ်က အခုလိုရှင်းပြပါတယ်။

" ဒီပညာရှင်တွေဟာ ဆိုလို့ရှိရင် ဒီအစိုးရဘက်ကလည်း မဟုတ်ဘူး။ နောက် နိုင်ငံရေးပါတီတွေ ဘက်ကလည်း မဟုတ်ဘူး။ သူတို့တွေဟာ ကြားမှာ ရှိတဲ့ လက်ရှိ လွတ်လပ်တဲ့ ပညာရှင်တွေပေါ့။ အဲ့တော့ သူတို့ရဲ့ ဝေဖန်တဲ့ အချက်ကတော့ ဘယ်ဘက်ကိုမှ မလိုက်ပဲနဲ့ ပညာရှင်ဆန်တဲ့ ဝေဖန်မှုမျိုးတွေ အမျိုးသားပညာရေးဥပဒေကို လုပ်ကြတယ်။ အဲ့တော့ သူတို့တွေက ဒီဥပဒေဟာ တကယ်တမ်းကောင်းမွန်တဲ့ ပညာရေးစနစ်တခုကို သွားဖို့အတွက်ကို လိုအပ်ချက် အများကြီး ရှိနေတယ် အစ မကောင်းတဲ့ ဥပဒေလို့ သူတို့တွေက ပွင့်ပွင့်လင်းလင်း ဝေဖန်သွားပါတယ်။"

သမ္မတ လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို သဘောမတူ လက်မခံဘူးဆိုပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ တောင်းဆိုထားချိန်နဲ့ တပြိုင်နက်တည်း မှာပဲ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးနဲ့ အထက်မြန်မာပြည် ခရိုင်တွေမှာ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့အတူ ပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ရှင်းလင်းဟောပြောပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

VOA
အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ လိုအပ်ချက်၊ အားနည်း ချက်တွေ များစွာ ရှိနေတယ်လို့ ပညာရေးဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ပညာရှင်တွေက ဝေဖန်ထောက်ပြ လိုက်ပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပြောဆိုလိုက် တာပါ။ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော

Photo: လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော
Friday, December 5, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့မှာ ပွင့်လင်းမြင်သာမှုနဲ့ တိကျတဲ့ ပေါ်လစီတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းပဲလုပ်ပါတယ်။ ခင်ဗျားတို့ စစ်ဆေးနိုင်တယ်။ မေးမြန်းစုံစမ်းနိုင်တယ်။ ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စဉ်ကတည်းက ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးက သူတွေ ပါဝင်ခဲ့ပါတယ်(စစ်ဆေးမှုတွင်)။ ဟိုမှာ ဖြစ်ခဲ့တဲ့အရာတွေအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်။ မြန်မာက ကျွန်တော်တို့ သူငယ်ချင်းတွေ ပါ။ ဒီကိစ္စကို တရားမျှတမှုရှိစေရမယ်။ ဥပဒေအတိုင်း ဖြစ်နေရမယ်။ ကျွန်တော်တိုက အမြဲမျှတမှုကို အလေးထားပါတယ်" ဟု H.E. Ambassador Pisanu Suvanajata က ပြောသည်။

ယင်းအမှုတွင် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများနှင့် ပတ်သက်၍ တရားမျှတမှု မရှိဟုဆိုကာ ထိုင်းမီဒီယာများ အပါအဝင် ထိုင်းလူ့အခွင့် အရေး ကောင်စီကပါ ဝေဖန်မှုများလည်း ရှိနေပြီး အမှုအား အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် ပြန်စစ်ပေးရန်လည်း တောင်းဆိုထားမှုများ ရှိထားသည်။

လက်ရှိတွင် မြန်မာနှစ်ဦးအား လူသတ်မှုဖြင့် စွဲဆိုဖမ်းဆီးထားပြီး မြန်မာနှစ်ဦး၏ အမှုစွဲဆိုချက်ကို စစ်ဆေးရန် ကော့စမွီခရိုင် တရားရုံးက
ဒီဇင်ဘာ ၄ ရက်က လက်ခံလိုက်ကာ ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးအကြိမ် စစ်ဆေးတော့မည်ဖြစ်သည်။ ထိုင်းရဲတို့က အောက်တိုဘာ ၈ရက်တွင် ပထမအကြိမ် အမှုစွဲဆိုစဉ် အမှုတည်ဆောက်မှု မပြည့်စုံ၍ တရားရုံးက ပယ်ချကာ ထပ်မံစစ်ဆေးရန် ညွှန်ကြားထားခြင်း လည်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက် က အသတ်ခံရသည့် ဗြိတိန်စုံတွဲအမှုကို မြန်မာနိုင်ငံ သား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကျူးလွန်သည်ဟု အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ထို့ပြင် အမှုအတည်ပြုရာတွင် အဓိက သက်သေဖြစ်သည့် မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ ပြန်လည် စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ်က ရဲတပ်ဖွဲ့က ညွှန်ကြားခဲ့သည်။

သို့သော် မြန်မာသံရုံး အထူးအဖွဲ့နှင့် အမှုအတွက် အာဏာ လွှဲအပ်ထားသည့် ထိုင်းရှေ့နေများကောင်စီဝင် တစ်ဦးက ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ မျက်မှောက်တွင် စစ်ဆေးရန် တောင်းဆိုထားပြီး ယနေ့တိုင် ပြန်လည်စစ်ဆေးခြင်းမရှိသေးပေ။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ထိန်ချိန်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ တရားမဝင်
နေထိုင်မှုတို့ဖြင့် ထိုင်းရဲတို့က စွဲချက် တင်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောသည်။

Ashton Carter ကို ကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေး

Photo: Ashton Carter ကို ကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေး
Friday, December 5, 2014

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Ashton Carter ကို အမည်စာရင်း တင်သွင်းထားတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောလိုက်ပါတယ်။ ရူပဗေဒပညာရှင်တဦးဖြစ်သလို အဆင့်မြင့် လက်နက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ Ashton Carter ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းတာကို သမ္မတ အိုဘားမားက အခု သောကြာနေ့ ကြေညာဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

Mr.Carter ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့ဖူးသလို၊ အရင်ကတော့ ကာကွယ်ရေးဌာနရဲ့ ထိပ်ပိုင်း လက်နက်အ၀ယ်တော်လည်းဖြစ်ပါတယ်။ ၀ါရှင်တန်နိုင်ငံရေါ်မျာတော့ သူ့ဟာ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုရသူပါ။ ကာကွယ်ရေးဝန်ကြီးဟောင်း Chuck Hagel နေရာကို Mr.Carter ကို အစားထိုး အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။

Mr.Hagel ဟာ နှစ်နှစ်ကြာ ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့လကပဲ ရုတ်တရက် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ Mr.Hagel ကို ရာထူးက နုတ်ထွက်ဖို့ အိမ်ဖြူတော်ကနေဖိအားပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လို့၊ အိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို တရားဝင် ငြင်းဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် လျာထားစဉ်းစားခံရတဲ့ လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson၊ အထက်လွှတ်တော်အမတ် Jack Reed၊ ကာကွယ်ရေးဌာန အရာရှိဟောင်း Michele Flournoy တို့အပါအ၀င် အတော်များများ ဒီရာထူးလက်ခံယူဖို့ ကိုယ်တိုင် ငြင်းခဲ့တဲ့နောက်? Ashton Carter ဟာ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာနိုင်တယ်ဆိုပြီး တစ် ပေးခံခဲ့လာရတာပါ။

VOA
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Ashton Carter ကို အမည်စာရင်းတင်သွင်းထားတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောလိုက်ပါတယ်။ ရူပဗေဒပညာရှင် တဦးဖြစ်သလို အဆင့်မြင့် လက်နက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ Ashton Carter ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းတာကို သမ္မတ အိုဘားမားက အခု သောကြာနေ့ ကြေညာဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို

Photo: ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို
Friday, December 5, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာက စာပေ ဟောပြောပွဲမှာ ဘာသာ၊ သာသနာ ကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ပုဒ်မ ၂၉၅(က) ဘာသာ၊ သာသနာညှိးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၈ ဘာသာ၊ သာသနာ ကို စော်ကား ပုတ်ခတ်ပြော ဆိုမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲတာဖြစ် တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင် က ပြောပါတယ်။

"ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်မှုပေါ့၊ သူက အထင်အမြင်သေးအောင် သူက ပြောထားတာတွေက အများကြီးပါပါတယ်ခင်ဗျ၊ အချက်အလက်တွေ တော်တော်လေးများပါတယ်၊ လူအများကြီးရဲ့ ယုံကြည်ကိုးကွယ်မှုကိုပေါ့နော်၊ ဘာသာသာသနာကို စော်ကားပုတ်ခက်ပြောဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေပေါ့နော်၊ ပုဒ်မ ၂၉၅(က)ရယ်၊ နောက်ပြီးတော့ ၂၉၈ ရယ်အဲ့ဒီ ၂ ခုဖြစ်ပါတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးပန်လှကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာရေး၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကတဆင့် ချောင်းဦးမြို့နယ်တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေး အရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ကန်ညာသမ္မတ အပေါ် စွဲဆိုမှု ICC ပလပ်

Photo: ကန်ညာသမ္မတ အပေါ် စွဲဆိုမှု ICC ပလပ်
Friday, December 5, 2014

ICC ခေါ်တဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက လူသားထု လူ့အဖွဲ့အစည်းအပေါ် ရာဇ၀တ်မှုကျူးလွန်ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta ကို စွဲဆိုထားတဲ့ အမှုကို ပလပ်လိုက်ပါတယ်။ သမ္မတ Kenyatta အပေါ် စွဲချက်ကို ပြန်ပြီး ရုပ်သိမ်းမလာါ် အမှုပိုခိုင်မာအောင် ဆောင်ရွက်မလားဆိုပြီး တရားရုံးကနေ တရားရုံးရှေ့နေတွေကို အချိန်ပေးပြီး နှစ်ရက်အကြာ အခု သောကြာနေ့မှာ တရားရုံးက ဒီ ဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကြောင့်မို့လို့ ကင်ညာနိုင်ငံတွင်း Impunity ခေါ်တဲ့ အာဏာရှိသူတွေက အပြစ်ကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ ဆောင်ရွက်ချက်တွေ နောက်ပြန်လှည့်စေတယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်ပါတယ်။ ကင်ညာကိစ္စ တရားစီရင်မှုမှာ အခုလို အတားအဆီးဖြစ်မှုဟာ သြဇာအာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေကို ICC က ဘယ်လို အရေးယူနိုင်မလဲဆိုတာ ပြန်တွက်ဆဖို့ အရေးကြီးလာတယ်လို့လည်း ဖော်ပြပါတယ်။

Mr.Kenyatta အမှုဟာ အချိန်မကြာခဏ ရွေ့ဆိုင်းခဲ့ရတာပါ။ သူဟာ ၂၀၀၇ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၀၈ ခုနှစ် အစောပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ပတ်သက်တယ်ဆိုပြီး စွတ်စွဲခံရတာပါ။ အဲဒီ မငြိမ်မသက်မှုကြောင့် ကင်ညာမှာ လူပေါင်း ၁၁၀၀ လောက် သေဆုံးခဲ့ပြီး၊ ၆သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)
ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)
ICC ခေါ်တဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက လူသားထု လူ့အဖွဲ့အစည်းအပေါ် ရာဇ၀တ်မှုကျူးလွန် ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta ကို စွဲဆိုထားတဲ့အမှုကို ပလပ်လိုက်ပါတယ်။ သမ္မတ Kenyatta အပေါ် စွဲချက်ကို ပြန်ပြီးရုပ်သိမ်းမလာါ် အမှုပိုခိုင်မာအောင် ဆောင်ရွက်မလားဆိုပြီး တရားရုံးကနေ တရားရုံးရှေ့နေတွေကို အချိန်ပေးပြီး နှစ်ရက်အကြာ အခုသောကြာနေ့မှာ တရားရုံးက ဒီဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

Photo: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား
Friday, December 5, 2014 

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ် သူက ကိုက်စားရန် ကြိုးစားခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ် သည်ဟု သိရသည်။

အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ ရသောေ ကြာင့် ဆေး ရုံသို့ တင်ပို့ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံ သို့ရောက် ပြီး ၃ ရက်အကြာ တစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက် လာ ခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏ လက်အား ကိုက်ဖြတ်နေ သည်ကို တွေ့ရှိ ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏ လက်ထဲမှ ဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့သည်။ `တုန် လှုပ် စရာပါပဲ။ လက်က တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရ ဖြစ်ရုံသာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာ ၀န်တွေက သူမရဲ့ ကိုက်ထားတဲ့ ပါးစပ်ကို ဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင် ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အမျိုးသမီး ကိုယ်ဝန်အရင့် အ မာဖြစ်နေ ချိန်တွင် ယောက္ခမဖြစ်သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုး သမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့ လုပ်ဆောင်ရန် စေ့ဆော် ခဲ့သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

M-Media
တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကိုက်စားရန် ကြိုးစား ခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်

Photo: ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်
Friday, December 5, 2014 

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

"မြန်မာနိုင်ငံဟာ နားလည်မှု လွဲနေပါတယ်။ ဒါက အလွန်လည်း ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရာမှာ နော်ဝေနိုင်ငံကျင့်သုံး လုပ်ဆောင်ခဲ့တာမျိုးနဲ့ များစွာကွဲပြားခြားနားပါတယ်။ ဘုရင်နဲ့ မိဘုရားအနေနဲ့ မြန်မာနိုင်ငံရဲ့  တကယ်အရှိတရားကို ဘယ်လိုလုပ်တွေ့ မြင်နိုင်တော့မှာလဲ" ဟု Halleraker ကို ကိုးကားလျက် NRK ကရေးသားသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာ ဆက်သွယ်ရေးအရာရှိချုပ်ဖြစ်သူ Frode Andersen ကလည်း ဆင်းရဲနွမ်းပါးမှုသည် ဖုံးကွယ်ထားရမည့် အရာတစ်ခုမဟုတ်ဟု ဝေဖန်သည်ကို NRK က ဖေါ်ပြသည်။

"ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူး။ ဒီပြဿနာက ဖြေရှင်းရမှာဖြစ်တယ်။ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းသွားရမယ့် ပြဿနာဖြစ်တယ်။ ဒါကြောင့် နော်ဝေနိုင်ငံအနေနဲ့  မြန်မာနိုင်ငံအတွက် ကူညီပေးဖို့လုပ်ဆောင်နေခြင်းပဲဖြစ်တယ်” ဟု Halleraker ကပြောဆိုကြောင်း NRK က ဖေါ်ပြထားသည်။

နော်ဝေဘုရင်နှင့် မိဘုရားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ရက်က ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒီဇင်ဘာ ၁ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်တက္ကသိုလ်၌လည်း မိန့်ခွန်းပြောကြားခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်ပြီး ဧရာဝတီမြစ်ကို သင်္ဘောဖြင့် ကြည့်ရှုလည်ပတ်ရန် စီစဉ်ခဲ့ရာ ဘုရင်နှင့် မိဘုရားတို့ စီးနင်းမည့် သင်္ဘောကပ်ရာ ဂေါဝန်ဆိပ်ကမ်းအနီး ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်မှုအဖြစ် နော်ဝေနိုင်ငံက ရှုမြင်ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့များနှင့် စီးပွားရေး ကုမ္ပဏီ ၄၀ခန့် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှား စေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြား ရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်

Photo: ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်
==================================================

Ref - BBC 

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလား သော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲ တပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြကြမည့် ကျောင်းသားသုံးဦးမှာ အသက် ၁၈ နှစ် အ ရွယ် ဒီမိုကရေစီလိုလားသော ဆန္ဒပြကျောင်း သားခေါင်းဆောင် ဂျိုရှာဝေါင်နှင့် ၄င်း၏ Scholarism  အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် ဆန္ဒပြခေါင်း ဆောင် ဂျိုရှာဝေါင်သည် ၄င်းဖွဲ့စည်းထား သော Scholarism  အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦး နှင့် အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသူတို့သည် ရက်အကန့်အသတ် မရှိ အစာငတ်ခံ ဆန္ဒပြမှုကို ချက်ချင်းစတင် မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြားခဲ့ပြီး ယင်းအစာငတ်ခံ ဆန္ဒပြမှုတွင် ရေကိုသာ သောက်သုံးသွားမည်ဟု နိုင်ငံ ပိုင် ရုပ်သံဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်နှင့် မိမိတို့၏ တောင်းဆို မှုများကို ဟောင်ကောင်အစိုးရက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြ မှုကို စတင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကျောင်းသားသုံးဦးတို့က အစိုး ရနှင့် ကျောင်းသားတို့ကြား တွေ့ဆုံဆွေး နွေးမှု ရပ်တန့်ခြင်းကို ပြန်လည်လုပ်ဆောင် ပေးရန်၊ အုပ်ချုပ်ရေး ကိုယ်စားလှယ် လောင်းများ၏ အဆိုပြုချက်ကို တရုတ်၏ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန်နှင့် လာ မည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် လည်း လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် အစိုးရဌာနချုပ်ရုံးများသို့ ဝင်ရောက်စီးနင်း ခဲ့ကြပြီး အစိုးရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့နှင့်  ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ¤င်းဒီမိုကရေ စီလိုလားသော ဆန္ဒပြသူများသည် အစိုးရ ၏ အဓိကနေရာများသို့ ဝင်ရောက်ခဲ့ပြီး လမ်း များပေါ်တွင်လည်း ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြ သည်။ 

http://www.yangonmedia.com
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး

Photo: ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး
Friday, December 5, 2014

သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန် ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွား ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်း မှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် ပျောက်ဆုံးနေသော သင်္ဘောအမှုထမ်း ၅၂ ဦးကို ရှာဖွေမှု များပြုလုပ်ရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း သင်္ဘောပိုင်ကုမ္ပ ဏီက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရ သည်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် Bering ပင်လယ် တစ်ဝိုက် သင်္ဘောများဖြင့် ရှာဖွေရေးလုပ် ငန်းများ ပြုလုပ်ခဲ့ပြီး ရာသီဥတုဆိုးရွား မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ကြန့်ကြာခဲ့ရသည်။ ၄င်းကယ်ဆယ်ရေး လုပ်ငန်းတွင် သင်္ဘောအမှုထမ်း ခုနစ်ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၂ ဦးမှာ ပျောက် ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် တိမ်းမှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာခဲ့ပြီး ၄င်းတို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ တောင်ကိုရီး ယားနိုင်ငံသား ၁၁ ဦးတို့ပါဝင်ကြောင်း ရုရှားစစ်ဆေးရေးမှူးတစ်ဦးက ပြောကြား ခဲ့သည်။

တောင်ကိုရီးယား ဆာဂျိုးငါးဖမ်း သင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သော ယင်း Oryong 501 သင်္ဘောသည် ၃၆ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရပြီး ရာ သီဥတုဆိုးရွားမှုဒဏ်ကြောင့် တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

Yangon Media Group
သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

မြန်မာ့ပညာရေးကို ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရင် အတိတ်က မှားခဲ့တဲ့ အမှားတွေ အတိုင်း ဆက်မှားဖို့ရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမူနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပညာရေးလောက အငြိမ်းစားဝါရင့်ဆရာကြီးများက သုံးသတ်သွားပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရား မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ရှိ

Photo: နော်ဝေဘုရင်နဲ့ မိဖုရား မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ရှိ
Friday, December 5, 2014 

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိလာပါတယ်။

နော်ဝေဘုရင် မန္တလေးရောက်စဉ် သတင်းမီဒီယာတစ်ချို့ကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုတဲ့အတွက် မန္တလေး အခြေစိုက် သတင်းသမားတွေက ကန့်ကွက်ကြကြောင်း အီးပီအေသတင်းဌာနက ကိုပြည့်စုံအောင်က ပြောပါတယ်။

"ဒီပွဲကို သတင်းယူဖို့အတွက်ကို ကျနော်တို့ မီဒီယာသမားတွေအားလုံးကို သူတို့ပြန်ဆက်ဆိုလို့လည်း ပြန်ဆက်ကိုသွားခဲ့တယ်၊ လုံခြုံရေးဆိုလည်း လုံခြုံရေးဆီကိုသွားခဲ့တယ်၊ စရဖ ဆိုလည်း စရဖ ကိုသွားခဲ့တယ် မနက်က ကျနော်ကိုယ်တိုင် SB ရုံးကိုသွားခဲ့တယ်၊ SB ရုံးမှာစာရင်းပေးခဲ့တယ်၊ မနက် ၈ နာရီကို ကဒ်ပေးမယ်လို့ပြောတယ်၊ ဘာကဒ်မှမရခဲ့ဘူး၊ ကျနော်တို့ ဒီနေ့မနက်ကြားတယ်၊ မီဒီယာ ၆ ခုကိုတာဝန်ပေးထားတယ်၊ မီဒီယာ ၆ ခုမှာဘာဖြစ်နေလဲဆိုတော့ Sky Net ဆိုတဲ့ ပုဂ္ဂလိက မီယီယာပါနေတယ်၊ ကျနော်တို့မှာ သတင်းယူခွင့်မရှိဘူးလား၊ သတင်းကိုဘာကြောင့် ပိတ်ပင်တာလည်း နော်ဝေနိုင်ငံဆိုတာက သတင်းလွတ်လပ်ခွင့်ကို အရမ်းမြတ်နိုးတဲ့နိုင်ငံ ဘာကြောင့်မို့ ဒီသမ္မတလာတာကို မြန်မာပြည် မန္တလေးတိုင်းက ပိတ်ထားတာလဲ"

နော်ဝေဘုရင်ခရီးစဉ်မတိုင်ခင် ဂေါဝိန်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်သူတွေရဲ့ နေအိမ် ၃၀၀ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရက ဖယ်ရှားခဲ့ပါတယ်။ အဲဒီအတွက် ၀မ်းနည်းမိကြောင်း နော်ဝေအစိုးရ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ အဓမ္မ ဖယ်ရှားတယ်ဆိုတာ မဟုတ်မှတ်ကြောင်း RFA ကို ပြောပါတယ်။

"နော်ဝေဘုရင်ရဲ့ ခရီးစဉ်ကြောင့်ဆိုတာထက် မန္တလေးကို နော်ဝေဘုရင်ကြီး ဆိုက်ကပ်မယ်ဆိုတော့ ကျနော်တို့ လျော်ညီအောင်ပေါ့၊ သင့်တင့်လျောက်ပက်အောင် လုပ်တဲ့အနေအထားပါ၊ ဖျက်တာမဟုတ်ပါဘူး၊ ဖယ်တာလည်း မဟုတ်ပါဘူး၊ ဒီကမ်းနားမှာရှိတဲ့အဖွဲ့တွေကို အများကြီးပေါ့၊ ကမ်းနားမှာတော့ အများကြီးရှိပါတယ်၊ ကမ်းနားမှာပဲ အလုပ်လုပ်နေတဲ့အဖွဲ့ကို မိုဘိုင်ဝါကာဆီခေါ်တာပေါ့ ကျနော်တို့ကတော့၊ ကျနော်တို့ကတော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာပါ၊ ကျနော်တို့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တယ်လို့ပဲ ကျနော်ကတော့ အဲ့ဒီလိုပြောချင်ပါတယ်"

နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ မြနန်းစံကျော်(နန်းတွင်း)၊ ကုသိုလ်တော်ဘုရား စတဲ့နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး မြင်းခြံခရိုင်မှာရှိတဲ့ ရန္တပိုကျေးရွာ က အိုးလုပ်ငန်းရှင် ဦးဘချစ်ရဲ့ အလုပ်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ရောက်ရှိလာတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားဟာ ဒီနေ့ မန္တလေးမြို့မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ညနေပိုင်းမှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိ လာပါတယ်။

“ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”

Photo: “ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”
Friday, December 5, 2014

နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ခြောက်ပွင့်ဆိုင်အဆိုနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဧ။်
ပြောဆိုမှုနှင့်ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် “နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏ အမြင်သဘောထားများကို ထုတ်ဖော်ပြောကြား ရာတွင် နိုင်ငံတော်သမ္မတ ပြောကြားခြင်း မရှိသည့် စကားများကို နိုင်ငံတော်သမ္မတ ပြောကြား သကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် စကားလုံးများကိုလည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။”ဟု ထည့်သွင်းဖေါ်ပြထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် လတ်တလော မဖြစ်နိုင်သေးဟု သဘောသက်ရောက်သည့် ပြောဆိုမှုများကို သတင်းမီဒီယာများသို့ပြောဆိုခဲ့သည်။

သမ္မတပြောရေးဆိုခွင့်ရှိသူဧ။် ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း တုံ့ပြန်ပြောဆိုခြင်းများရှိခဲ့သည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံနှင့်ပတ်သက်ြ့ပီး ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ဖြေကြားခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်းမရှိသေးသည့် အချိန်အပိုင်းအခြားအတွင်း၌ ပြောဆိုသည့် ဦးရဲထွဋ်ဧ။်ပြောဆိုချက်များမှာ တရားမ၀င်ဟု USDP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက The Street View သို့ပြောသည်။

“လွှတ်တော်ရဲ့process က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတစ်ခုတင်လိုက်ရင် ပြည်ထောင်စုအဆင့်တစ်ယောက်ယောက်က လွှတ်တော်မှာ လာဖြေ ဒါမှမဟုတရင် သမ္မတက သ၀ဏ်လွှာပို့ရမယ်။ အဲ့လို သ၀ဏ်လွှာလည်းမပို့ဘူး ပြည်ထောင်စုအဆင့်တစ်ယောက်ကလည်း လာမဖြေသေးဘူး။ အဲ့လို မဖြေသေးတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကိုရဲထွဋ်ကလည်းပြောတယ် ကာချုပ်ကလည်းပြောတယ်။ သူတို့ပြောတာက official မဖြစ်ဘူး၊” ဟု ဦးလှဆွေက ပြောသည်။

နိုင်ငံတော်သမ္မတရုံးဧ။် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဧ။် မူးရင်းဇစ်မြစ်အစမှာ ဦးရဲထွဋ် ပြောဆိုလိုက်သည့် မှတ်ချက်ပြုစကားက စတင်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တုံ့ပြန်ပြောဆိုသည်။

“ဒီဇတ်လမ်းရဲ့ စပြီးတော့ ဖြစ်ပေါ်လာတဲ့ မူးရင်း ဇစ်မြစ်က လွှတ်တော်ကနေ ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာက သမ္မတက ပြောခိုင်းတာလား သူက ပြောတာလား ၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူကနေပြောတဲ့စကားဆိုတော့ သမ္မတရဲ့ စကားလို့ ယူဆရမလိုဖြစ်သွားတယ်။

ဒီဇတ်လမ်းရဲ့ အစပေါ်ပေါက်လာတာက ဦးရဲထွဋ်ရဲ့ စကားကနေစပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အဓိကအကျဆုံးက ဦးရဲထွဋ်မှာ တာဝန်ရှိတယ်လို့ ထင်တယ်။” ဦးအောင်ကြည်ညွှန့်က The Street View သို့ပြောသည်။

ဦးရဲထွဋ် မှတ်ချက်ပြုပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်ပြီး “သူပြောတဲ့ စကားအပေါ်မှတော့ လုံးလျာလျား တာဝန်ယူရမှာပေါ့”ဟု ၄င်းက ထပ်လောင်းသုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင်
ဦးရဲထွဋ်က RFA သတင်းဌာနသို့ ပြောကြားချက်တွင် “ကျွန်တော်တို့ အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့
ဖြစ်နိုင်ဦးမယ်မထင်ပါဘူး ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးစဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော
လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂိုလ်ကိုအခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်။” ဟုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါပြောကြားမှုတွင်ပင် ဦးရဲထွဋ်က ခြောက်ပွင့်တွေ့ဆုံရေးမှာ လက်တွေ့နှင့်နီးစပ်မှုမရှိကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

“ပထမပြောတုန်းက သူက ခြောက်ပွင့်ဆိုင်ကြီးက ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောတယ်။ နောက် ဒီနေ့မနက်(ဒီဇင်ဘာလ ၅ရက်)မှာ ပြောတော့ ခြောက်ပွင့်ဆိုင်ကြီးကို ငြင်းပယ်လိုက်တယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး သူက တစ်ခါပြန်ပြောတယ်။ ဘယ်လိုပြောပြော အဲ့ဒါက တရားမ၀င်ဘူး။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ လာပြောမှ တရားဝင်မယ်။ အဲ့ဒါက ဂျာနယ်တွေရောင်းကောင်းအောင်လုပ်တာနဲ့ အတူတူပဲ။ ဒီကိစ္စမှာ လွှတ်တော်ရဲ့ process က အဆိုတစ်ခုတင်လိုက်ရင် လွှတ်တော်မှာ လာပြီးဖြေရမယ်လေ မဖြေခင်စပ်ကြားမှာ လျှောက်ပြောနေတာတွေက တရားမ၀င်ဘူး။ ” ဟု ထောက်ပြပြောဆိုသည်။

“Institution လို့ပြောရှိရင်တော့ ကျွန်တော်တို့
ပြည်ထောင်စုလွှတ်တော်ထက် ကြီးတဲ့ Institution မြန်မာပြည်မှာမရှိဘူး အစိုးရကို မွေးထုတ်ပေးလိုက်တာလည်း ပြည်ထောင်စုလွှတ်တော် Institution၊ သမ္မတကို ခန့်လိုက်တာလည်း ပြည်ထောင်စုလွှတ်တော် ပဲ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဘယ်လို လာရှင်းပြမလဲဆိုတာပဲ နားထောင်မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့သည်။

The Street View
နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

၂၀၁၄ ခုနှစ် အပူဆုံးနှစ်ဖြစ်နိုင်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး ပြော

Photo: ၂၀၁၄ ခုနှစ် အပူဆုံးနှစ်ဖြစ်နိုင်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး ပြော
Friday, December 5, 2014

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က ၂၀၁၄ ခုနှစ်ဟာ မှတ်တမ်းတင်ထား သမျှ အပူဆုံးနှစ်ဖြစ်နိုင်တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှု တိုးလာလို့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မှာ အပူချိန် စံချိန်တင် တိုးလာတဲ့အတွက် ဖြစ်တဲ့ ရလဒ်သက်သေလို့ ဆိုပါတယ်။

ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ၂၀၁၄ မှာ ခါတိုင်းပျမ်းမျှ အပူချိန်ထက် ၀.၅၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူခဲ့တယ်လို့ ဒဗလျူအမ်အိုက ညွှန်ပြ ပါတယ်။

ကမ္ဘာ့တောင်ပိုင်းမှာ အယ်လ်နီနို ရာသီဥတုဖြစ်စဉ် အလှည့်အပြောင်း အပြည့် မရှိမှု ဖြစ်ခဲ့တယ်။ ဒါကြောင့် အရှေ့ပိုင်းပစိဖိတ် အပူပိုင်းဒေသမှာ ပင်လယ်ရေ မျက်နှာပြင် အပူချိန် ခါတိုင်းထက် ပိုနွေးလို့ တကမ္ဘာလုံးက ရာသီဥတုဖြစ်စဉ်တွေ အပေါ် သက်ရောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုနဲ့ တခြား အချက်အလက်တွေ စုပေါင်း တဲ့ အတွက် ခြွင်းချက်မဲ့ မိုးကြီးမှုနဲ့ ရေလွှမ်းမိုးမှုတွေ နိုင်ငံအများအပြားမှာ ကြုံတွေ့နိုင် ပြီး တခြားတဖက်က နိုင်ငံတွေမှာတော့ အစွန်းရောက် မိုးခေါင်မှုဒဏ် ကို ခံရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က ၂၀၁၄ ခုနှစ်ဟာ မှတ်တမ်းတင်ထားသမျှ အပူဆုံးနှစ်ဖြစ်နိုင် တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ

Photo: အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား
နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ
Friday, December 5, 2014

တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ်
ချို့ယွင်းမှုများကြောင့် ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀
ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကာ
တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ
ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်
ဝန်းရှိ ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအ
တွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ပြန်လည်သိမ်းယူသည့် ကားအမျိုးအစားများသည် ၂၀၀၂ နှင့် ၂၀၀၃ မော်ဒယ်
အမျိုးအစားများမှ Corolla , Noah ,Voxy , Mark II ကားအမျိုးအစားများဖြစ်
သည်။ ယင်းကားများရှိ ခရီးသည်များအတွက် တပ်ဆင်ထားသော အသက်ကယ်
လေအိတ်စနစ်သည် အနည်းငယ်ချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိသဖြင့် ယခုနှစ်အတွင်းကမ်္ဘာတစ်ဝန်း၌ ယာဉ်မတော်တဆမှုများဖြစ်ပွားကာ လူ ငါးဦးခန့်သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုတစ်ကြိမ်အပါအ၀င် တာကာတာမှပြန်လည်သိမ်းယူပေးခဲ့ရသော ကားအစင်း
ရေ ၁၄ သန်းခန့်ရှိလာပြီဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတည်းမှပင် ၈ သန်းခန့်ရှိ
သည်။ သို့သော် ခရီးသည်များကို အသက်အန္တရာယ်ဖြစ်ပွားစေနိုင်ပါက မည်သည့်ကားအမျိုးအစားမဆို ယင်းကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြန်လည်သိမ်း
ယူပေးသွားမည်ဟု တာကာတာလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ နာအိုမီဆူမီနိုက ပြောကြားခဲ့သည်။ 

Pyimyanmar
တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ် ချို့ယွင်းမှုများကြောင့် ဂျပန် နိုင်ငံနှင့် တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀ ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ ကားထုတ်လုပ်ရေး လုပ်ငန်း များနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအတွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် မဟာတန်းများအတွက် သမ္မတ ပညာသင်ဆု စာမေးပွဲ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်

အင်္ဂလိပ်ဘာသာရပ်အတွက် နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည်သူ ၄၄၈၀ ဦးရှိပြီး မြို့ကြီးလေးခုရှိ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်ဟု မန္တလေး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက် ကတိက နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု ပြောရေးဆို ခွင့်ရှိသူ ဦးမင်းသန့်က မဇ္ဈိမကို ပြောသည်။

တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများကို တစ်နှစ် နှစ်ကြိမ် စစ်ဆေးအရေးယူမည်

မြန်မာနိုင်ငံအနှံ့တွင် တရားမဝင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် စစ်ဆေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား

Photo: အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား
Friday, December 5, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ်ဆွေးနွေး ပွဲမှာ ပြောပါတယ်။

အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေး ရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။

“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ် ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိအမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန် က   ပြောဆိုသွားပါတယ်။

ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း  တတ်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး  တိုင်းပြည်အပြောင်းအလဲမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေ ရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ် ဆွေး နွေး ပွဲမှာ ပြောပါတယ်။

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအပါအဝင် နှစ်ပေါင်း ၂၀ ကြာ တရားမမှုကြီးများကို လေ့လာစုံစမ်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌပြော

ရန်ကုန်မြို့ အင်းလျားလမ်း စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် နှစ်ပေါင်း၂၀ ခန့် အကြာက တရားမမှုကြီး ၁၅ မှုကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လေ့လာစုံစမ်းပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။

ကျန်းမာရေးအာမခံ စတော့မယ်

ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းကို လာမယ့် ၂၀၁၅ ဇန်နဝါရီလမှာ စလုပ်မှာ ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုပါတယ်။