မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Thursday, 4 December 2014
ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဘေး၏ ပါတီ အပြတ်အသတ် အောင်ပွဲခံရန် ရေပန်းစားနေ
အကြိုကောက်ခံထားသည့် စစ်တမ်းများအရ မကြာမီ ကျင်းပမည့် ဂျပန်နိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပါတီကပင် အပြတ်အသတ် အနိုင်ရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာလုပ်သားနှစ်ဦးကို ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာ တရားစွဲ
ထိုင်းအစိုးရ ရှေ့နေအဖွဲ့မှ တာဝန်ရှိသူများက အမှုတွဲတင်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားပေးနေစဉ်
ရန်ကုန်- လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအစိုးရရှေ့နေများ အဖွဲ့က ယနေ့နံနက်တွင် ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာတရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ခြောက်ပွင့်ဆိုင်နှင့်ပတ်သက်၍ မှတ်ချက်ပေးသူအချို့အား သတင်းအခြေအမြစ် များကို စိစစ်အတည်ပြုပြီးမှပြောဆိုရန် သတင်းထုတ်ပြန်
ရန်ကုန်- ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားမှု များတွင် သမ္မတဦးသိန်းစိန် ပြောကြားခြင်း မရှိသည့်စကားများကိုပြောကြားသကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးထိုးနှက်ရာရောက်သည့် စကား လုံးများကို သုံးစွဲနေသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်ကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန် သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို
စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးသားရဲ့ ၂ ဦးကို နယ်မြေခံရဲ့စခန်းက ဖမ်းဆီး တရားစွဲဆိုထား ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ကျောက်မျက်အများပိုင်ဘဏ် တည်ထောင်ရန် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံ သတ်မှတ်
ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေးအများပိုင်ဘဏ် တည်ထောင်ရေးအတွက် ထည့်ဝင် မတည်ငွေရင်းကို ကျပ်ငွေ ဘီလီယံ ၅၀ သတ်မှတ်ထားသည်ဟု ၎င်းအများ ပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ် ပါလီမန် မဲခွဲဆုံးဖြတ်
ပါလက်စတိုင်း နိုင်ငံ ဂျေရုဆလင်မြို့
ပါလက်စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအ မှတ်ပြုရန် ပြင်သစ် လွှတ်တော် အမတ်များက ဒီဇင်ဘာ ၂ ရက်တွင် မဲခွဲဆုံး ဖြတ်ခဲ့ ရာအဆိုပါ လုပ်ရပ်သည် တစ်ဖက်သတ် ဆန်ပြီး အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်း ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း အစ္စရေးက ပြန်လည်တုံ့ပြန် လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ရွေးကောက်ပွဲ စောစော ကျင်းပရန် အစ္စရေး ဝန်ကြီးချုပ် တောင်းဆို
အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာဟုက အစ္စရေးနိုင်ငံတွင် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပရန် ဒီဇင်ဘာလ ၂ရက် ကတောင်းဆို လိုက်ပြီး ညွန့်ပေါင်း အစိုးရ အဖွဲ့မှ ဝန်ကြီး နှစ်ဦး ကိုလည်း အစိုးရ မူဝါဒကို ဆန့်ကျင်မှုဖြင့် ဝန်ကြီးရာ ထူးများမှ ထုတ်ပယ် လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဝန်ကြီးနှစ်ဦးကို ရာထူးကနေထုတ်ပယ်လိုက်သည့် အစ္စရေး ၀န်ကြီးချုပ်
အစ္စရေးဝန်ကြီးချုပ် "ဘန်ဂျမင် နေတန်ယာဟု"ဟာ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေး ၀န်ကြီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ
မြန်မာနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သော ကျပ်တစ်သောင်းတန်ကို အတုလုပ်ကာ ဖြန့်ဝေ ထုတ်လုပ် သည့် ငွေစက္ကူ အတုထုတ်ဂိုဏ်းကို ငွေတုထုတ် စက်များနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ် ရွှေညောင်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဂါးနားစတိုင်ဗွီဒီယို Youtube ကြည့်ရှုနှုန်းကိန်းများကိုချိုးဖျက်
တောင်ကိုးရီးယားအဆိုတော် Psy ၏ ဂါးနားစတိုင်ဗွီဒီယိုမှာ YouTube ၏၀င်ရောက်ကြည့်ရှုသော အရေ တွက် မှတ်နိုင်သည့် ကိန်းဂဏန်းကိုကျော်လွန်သွားသဖြင့် Youtube ဆိုဒ်က ၄င်း၏ ၀င်ရောက်ကြည့်ရှုသူ မှတ်သည့်စနစ်ကို အဆင့်မြှင့်လိုက်ရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကလေးစစ်သားပပျောက်ရေး ကြားနာပွဲတစ်ရပ် ကျင်းပမယ်
ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီ ချက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကလေး စစ်သား ပပျောက်ရေး ကြားနာပွဲတစ်ရပ် ကျင်းပမယ်လို့ အီးယူ ဥရောပပါလီမန် သတင်းက ဖေါ်ပြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ခုနစ်လကျော်အတွင်း မြန်မာ့ အာမခံလုပ်ငန်းက လျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပေးအပ်
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်၊ ခုနစ်လကျော်အတွင်း အာမခံလျော်ကြေးငွေ သန်းတစ် ထောင်ကျော် ပေးအပ်ထားပြီးဖြစ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
လစ်ဗျားတွင် IS စစ်သင်တန်း ပို့ချရေး စခန်းများ တည်ဆောက်
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် စစ်သင် တန်း ပို့ချရေး စခန်းများ တည်ဆောက်ထားကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဦးစီးမှူး ဗိုလ်ချုပ် ဒေဗစ်ရော့ဒရီဂတ်ဇ် က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံမြှုပ်နှံခွင့်ပြု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုဝင်ဘာ ၂၈ ရက်၌ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်း အဝေး ၂၇/၂၀၁၄ တွင် ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့ သည်ဟု ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကိုယ်ဝန်ဆောင်ဇနီးသည်ကို အသားညှပ်ပေါင်မုန့်နဲ့ ပစ်ပေါက်တာကြောင့် အဖမ်းခံလိုက်ရတဲ့ အမျိုးသား
အသက် ၂၁နှစ်အရွယ် Marvin Tramaine လို့ အမည်ရတဲ့အမျိုးသားဟာ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီး သည်ကို အသားညှပ်ပေါင်မုန့်တွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ကိုရီးယား SBS သတင်းဌာနမှ မေမြတ်နိုးမှန်ကန်ကြောင်း ထုတ်ပြန်
၂၀၁၄ခုနှစ် မေလ၌ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပခဲ့သော MissAsia Pacific World2014 ပြိုင်ပွဲ၌ သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့သော မေမြတ်နိုးနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံရှိ SBS သတင်းဌာနက မေမြတ်နိုး စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခဲ့သည်များ မှန် ကန်ကြောင်း ဒီဇင်ဘာလ ၃ရက်က ထုတ် လွှင့်ခဲ့ကြောင်း သိရသည်။ မေမြတ်နိုး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့်အတိုင်း ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ရန် အတွက် ငွေကြေးမရှိပါက စပွန်ဆာရှာပေးပြီး ကာမဆိုင်ရာဖျော်ဖြေပေး ရမည် ဟု အဆိုပါ Organization ကတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ ချွဲက ပြောဆိုခဲ့သည် ဟု ဒီဇင်ဘာ ၃ရက် ကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကိုလံဘီယာတွင် လေယာဉ်ပျက်ကျ၊ လိုက်ပါသူအားလုံး သေဆုံး
ကိုလံဘီယာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်နေ့က လေယာဉ်တစီး ပျက်ကျခဲ့လို့ ကလေး ၅ ယောက် အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
တရားဟောဆရာ ဂျမ်ရှတ်ကို ဘာသာအကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး
တမန်တော် မိုဟာမတ်၏ ဇနီးများအနက်မှ တစ်ဦးကို စော်ကားပြောဆိုသည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် တရားဟောဆရာ ပေါ့တေးသံရှင်ဟောင်း ဂျန်အိတ်ဂျမ်ရှတ်အား ဘာသာအကြည်ညိုပျက်စေမှုဖြင့် ပါကစ္စတန် ရဲတပ်ဖွဲ့က စုံစံစစ်ဆေးမှုများ ပြုလုပ်နေသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပြစ်မှုမှတ်တမ်းရှိသော မြန်မာနိုင်ငံသားဟောင်းများကို PR လျှောက်ထားခွင့်မပြု
နိုင်ငံရပ်ခြားမှပညာရှင်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်များကို အမြဲတမ်းနေထိုင်ခွင့်စနစ် Permanent Resident (PR) လျှောက်ထားခွင့်ပြုမည် ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ပြစ်မှုမှတ်တမ်း ရှိနေသော မြန်မာနိုင်ငံသားဟောင်းများကို လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
တရားရင်ဆိုင်နေရသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏ မဟာသံဃနာယက အစည်းအဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးပယ်ချ
လန်ဒန်ဆရာ တော်အပါအဝင် သံဃာငါးပါးအား စွဲဆိုထားသည့် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂ဝ/၉ဝ နှင့် ပတ်သက် ပြီး မဟာသံဃနာယက အစည်းအ ဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက် ထားမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးမှခရိုင်တွဲဖက် တရားသူကြီးဦးငြိမ်းမြင့်မှ ဒီဇင်ဘာ ၃ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
View mobile version
Subscribe to:
Posts (Atom)