Friday, 28 November 2014

ပြန်ကြားရေးခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကြော်ငြာကုမ္ပဏီတစ်ခုမှ နိုင်ငံ့ဘဏ္ဍာသို့ ကြော်ငြာခ ကျပ်သိန်းရာချီမသွင်းဘဲ ဖျောက်ထားပြီး လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင် နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ပေးထား ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံသည်။

နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်

Photo: နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်
Friday, November 28, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဦးသိန်စိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

သတင်းတွေမှာတော့ နော်ဝေဘုရင်ဟာ ဒီလကုန်ပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြား မယ်လို့ ရေးသားထားပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစဉ်တစိုက် အကူအညီပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး နော်ဝေ ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဗွီဘီ
နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ

Photo: နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ
Friday, November 28, 2014

အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကို အခုချိန်ထိ မကန့်ကွက်သေးတဲ့ အကြောင်းပြချက်အတိုင်းပဲ ခုနစ်လ သပ်တမ်း ထပ်တိုးတာကို သူမကန့်ကွက် ဘူးလို့ Khamenei က နိုင်ငံပိုင်ရုပ်သံကနေ ကြာသပတေးနေ့က ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဆွေးနွေးပွဲတွေကို နောက်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်တိုးဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တနင်္လာနေ့က သဘောတူ ထားကြတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် ဖြစ်တယ် ဆိုတာ သေချာစေပြီး အပြန်အလှန်အား ဖြင့် အီရန်စီးပွားရေးကို ထိခိုက်နေတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပေးရေးဆိုင်ရာ သဘောတူညီချက် တခုရဖို့ နောက်ဆုံးသတ်မှတ်ရက် တနင်္လာနေ့မှာ နှစ်ဘက် သဘောတူညီချက်မရတာကြောင့် ရပ်ထပ်တိုးတာဖြစ်ပါတယ်။

နျူကလီးယား စေ့စပ်ဆွေးနွေးပွဲတွေအတွင်း အီရန်နိုင်ငံ ဒူးထောက် အရှုံးပေးသွားအောင် အမေရိကန်နဲ့ ဥရောပ ကိုလိုနီဝါဒီ အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေ ကျဆုံးသွားပြီလို့ အစောပိုင်းမှာ Khamenei ကပြောထားပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ လုပ်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက သံသယရှိကြတာပါ။ အီရန် နိုင်ငံကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေ အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုတေသန နဲ့ စွမ်းအင်ထုတ်လုပ်ဖို့လို အရပ်ဘက် ရည်ရွယ်ချက်တွေအတွက်ဖြစ်တယ်လို့ အခိုင်အမာပြောနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရ ဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

Thursday, 27 November 2014

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သား ငါးသိန်းကျော် အလုပ်သမားအခွင့်အရေး နစ်နာ

Photo: ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သား ငါးသိန်းကျော် အလုပ်သမားအခွင့်အရေး နစ်နာ
Thursday, November 27, 2014

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားငါးသိန်းကျော်သည် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ခေါင်းပုံဖြတ်ခံရမှု များ ကြုံတွေ့နေရသည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက နိုဝင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အထဲမှ ၁ ဒသမ ၇ သန်း ခန့်က ယာယီနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားကြသည်။ လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံက ထုတ် ပေးသော ယာယီအလုပ်သမားကတ် (ပန်းရောင်ကတ်)ရရှိထားပြီး ကျန်ရှိသော လုပ်သား ငါးသိန်းခန့်မှာ အထောက်အထားမဲ့ ရပ်တည်နေရပြီး အခက်အခဲများကြုံတွေ့နေရသည်ဟု ၎င်းက ရှင်းလင်းသည်။

“ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာမရတာ၊ ထိုင်းအစိုးရက ပြဋ္ဌာန်းထားတဲ့ လုပ်သား ကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ နားရက်တွေမရတာ၊ အလုပ်ထုတ်နစ်နာကြေးမရတာ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာ၊ ထိုခိုက် ဒဏ်ရာရသေဆုံးတာတွေအတွက် နစ်နာကြေး မရတာ၊ အလုပ်ရှင်တွေ က လူမှုဖူလုံရေး မလုပ်ပေးတဲ့အတွက် ကျန်းမာရေး ကုသခွင့်မရတာ၊ အလုပ်ရှင်က အလုပ်သမားရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်တွေ အားလုံးကို သိမ်းထားတာ အဲဒီလိုပြဿနာ တွေ အများကြီးရှိပါတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

“ရွှေ့ပြောင်း အလုပ်သမားရေးရာ ပြဿနာများကို ပူးတွဲဖြေရှင်းရန် မြန်မာနှင့် ထိုင်းအစိုးရတို့ MOU ရေးထိုး ထားသော်လည်း အကြို သဘောတူညီမှု အချက်အလက်များမှာ အလုပ်သမားများကို လုံလောက်စွာ အကာအကွယ်ပေးနိုင်ခြင်း မရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများရေးရာ အကြံပေးပုဂ္ဂိုလ် Mr. Andy Hall က သုံးသပ်သည်။

“ဥပဒေမဲ့ဖြစ်နေတာတွေရှိသေးတယ်။ မြန်မာသံရုံးကပေးတဲ့ ကာကွယ်ထောက်ပံ့မှုတွေဟာ ဒေသတွင်း တခြားနိုင်ငံသံရုံးတွေနဲ့ ယှဉ်ရင် အားနည်းနေပါသေးတယ်” ဟု Mr. Andy Hall က ဝေဖန်ထားသည်။

ထိုင်းနိုင်ငံတွင်း ယာယီပတ်စ်ပို့ ပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၀န်ထမ်းအချို့နှင့် ပွဲစားများက နှစ်နိုင်ငံ အစိုးရက သတ်မှတ်ထားသော ဈေးနှုန်းထက် ပိုမိုကောက်ခံခြင်းများ ရှိနေပြီး ထိုင်းရဲများက အထောက်အထား အပြည့်အစုံရှိသည့် မြန်မာ လုပ်သားများကိုပင် ဖမ်းဆီးငွေညှစ် ခြင်းများပြုလုပ်လျက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

Mizzima - News in Burmese
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားငါးသိန်းကျော်သည် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ခေါင်းပုံဖြတ်ခံရမှု များ ကြုံတွေ့နေရသည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက နိုဝင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး သမ္မတကတိပြု

နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက် ထိပ်သီးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့နဲ့ ပါဝင်သင့်တဲ့ အင်အားစုတွေအားလုံး ပါ ၀င်နိုင်ရေး ဆောင် ရွက်သွားဖို့လို့ နိုင်ငံတော်သမ္မတက၂၆ရက်နေ့ ကတိပြု ပြောကြားပါတယ်။

ယခုနှစ်အတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်ဟု အန်စီစီတီ ခေါင်းဆောင် ပြော

Photo: ယခုနှစ်အတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်ဟု အန်စီစီတီ ခေါင်းဆောင် ပြော
Thursday, November 27, 2014

ဒီနှစ်ထဲ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့နဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲအပြီး ဒီဗွီဘီက မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာပါ။

ဒါကတော့ မပြောနိုင်ဘူး။ ဖြစ်ဖို့ မလွယ်ဘူး။ အခု လိုင်ဇာပစ်ခတ်မှုကြောင့် အပစ်ရပ် ဆွေးနွေးပွဲတွေကို အများကြီး တစ်ဆို့သွားနိုင်တယ်။ ယုံကြည်မှု အများကြီး လျော့ကျသွားတယ်။ အခုလည်း အဲ့ဒီကိစ္စကို ပြန်ကုစားနေရတဲ့ သဘောမျိုး၊ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေး ပျက်မသွားဖို့လည်း ဒါကို အများကြီး ကုစားနေရတယ်။”

ဒီနေ့ တွေ့ဆုံပွဲမှာ ရလဒ်တစုံတရာ ရရှိဖို့ ဆွေးနွေးခဲ့ကြတာ မဟုတ်ဘဲ မြန်မာငြိမ်းချမ်းရေး စင်တာဘက်က တင်ပြလာတဲ့အချက်တွေကို ယူဆောင်ပြီး အန်စီစီတီအဖွဲ့အတွင်း ဆက်လက် ဆွေးနွေးကြမယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ် မတိုင်မီ နှစ်ဘက် တွေ့ဆုံကြဖို့ ရှိတယ်လို့ ပြောပါတယ်။

“အန်စီစီတီအဖွဲ့ စည်းဝေးပွဲအပြီး နိုဝင်ဘာ ၂၇ ရက်မှာ ကျနော်တို့အလုပ်အဖွဲ့နဲ့ သူတို့နဲ့ ဆွေးနွေးပြီးတော့ ဒီက ဆွေးနွေးချက်တွေကို ၀န်ကြီး ဦးအောင်မင်းတို့၊ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ) ကို ပြန်တင်ပြပြီးရင် နှစ်ဘက် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်လောက် တွေ့ကြဖို့ အဆိုပြုခဲ့တာပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အန်စီစီတီ အစည်းအဝေးပွဲက သတ်မှတ်တဲ့ရက်မှာ မလုပ်နိုင်ဘဲ ရွှေ့ရတယ်လို့ ပြောပါတယ်။ ဒီလကုန်လောက်မှ စည်းဝေးနိုင်ကြမယ်လို့ ပြောပါတယ်။ အခုတော့ ကျနော်တို့ နှစ်ဘက်ဆွေးနွေးမှုတွေကို လာမယ့် ခရစ္စမတ်မတိုင်မီ ဆွေးနွေးဖို့ကိုတော့ အန်စီစီတီ ဘက်က မူအားဖြင့် သဘောတူပါတယ်။”

မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့နဲ့ အန်စီစီတီတို့ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုမှာ လိုင်ဇာပစ်ခတ်မှုနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး အမ်ပီစီဘက်က ဘာမှ အဖြေမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နောက်တကြိမ် တွေ့ဆုံဖို့ကတော့ အန်စီစီတီအပေါ် မူတည်ပြီး သူတို့ တွေ့ချင်လည်း တွေ့မယ်။ မတွေ့ချင်လည်း မတွေ့ဘူးလို့ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာက မီဒီယာကို ပြောခဲ့ပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အန်စီစီတီတို့ နိုဝင်ဘာလအတွင်း တွေ့ဆုံဖို့ စီစဉ်ထားတာ ပျက်သွားခဲ့ပြီ ဖြစ်ပြီး လတ်တလောမှာတော့ ဒီဇင်ဘာလ ခရစ္စမတ်မတိုင်မီ တွေ့ဖို့ မူအားဖြင့် သဘောတူထားပါတယ်။

DVB
ဒီနှစ်ထဲ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ

Photo: မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ
Thursday, November 27, 2014

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ်အားပေးစေခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

အဆိုပါဒုက္ခသည်စခန်းများတွင် ဒဂေါ်ကျေးရွာနှင့် နန့်ဆိုင်းကျေးရွာများမှ ရွာသူ၊ ရွာသားများ နေထိုင်လျက်ရှိကြောင်း သိရသည်။

`` တစ်အိမ်ထောင်ကို ယောကျာ်းတယောက်ခေါ်တယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကနေ စပြီးတော့ လမ်းတွေ ပြင်ခိုင်းနေတာပဲ၊ သူတို့စခန်းတွေကို သွားတဲ့လမ်းတွေ ပျက်နေလို့ဆိုလား ´´ ဟု ဒုက္ခသည်စခန်းမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း(၁)တည်ရှိသော အင်ဘာပါနှင့် ၀ဘော်စခန်းများသို့ သွားသည့်လမ်းများမှာ မိုးရာသီတွင် ရေ တိုက်စားမှုကြောင့် ပျက်စီးနေသဖြင့် ဒုက္ခသည်စခန်များမှ အမျိုးသားများအား လုပ်အားပေးခိုင်းစေကာပြုပြင်နေခြင်း ဖြစ်ကြောင်း သိရသည်။

`` တချို့လူတွေဆိုရင် စခန်းကို ပြန်မလာကြသေးဘူး၊ လမ်းပြင်ခိုင်းမယ်ပြောပြီး လူသစ်စုတယ်လို့လည်း ကြားနေတယ်၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရတာကို အခုလိုထပ်ပြီး ဒုက္ခတွေပေးနေတာကတော့ မစဉ်းစားတတ်အောင် ပါဘဲ ´´ ဟု ယင်းစခန်းမှ ကချင်အဘွားအိုတစ်ဦးက ဆိုသည်။

မိုးမောက်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ `` ဒုက္ခသည်စခန်းက တိုင်းရင်းသားတွေကို KIA အဖွဲ့ က လမ်းတွေပြင်ခိုင်းနေတာဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာပါပဲ၊ လမ်းပြင်ခိုင်းရုံတင်မကဘဲနဲ့ လူသစ်စုဖို့ တစ်ဖက် လှည့်လုပ်တာလည်းဖြစ်နိုင်တယ်၊ မှတ်တမ်းအထောက်အထားဓာတ်ပုံတွေနဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ ´´ ဟု ပြောကြားသွားသည်။

နိုင်ဇော်
From : KDN
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ်အားပေးစေခိုင်း နေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

ဒဏ်ရာရ စစ်သားများကို ကယ်တင်နိုင်မည့် ကုထုံးသစ်တစ်ခု သြစတေးလျတွေ့ရှိ

Photo: ဒဏ်ရာရ စစ်သားများကို ကယ်တင်နိုင်မည့် ကုထုံးသစ်တစ်ခု သြစတေးလျတွေ့ရှိ
Thursday, November 27, 2014

စစ်ပွဲအတွင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ စစ်သားတွေကို
အချိန်မှီအသက်ကယ်နိုင်ဖို့ ကုထုံးသစ် တစ်ခုရှာတွေ့ ထားပြီဖြစ်ကြောင်း
သြစတေးလျက သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။

အဆိုပါ ကုထုံးသစ်ကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အတွက်
အမေရိကန်ကို အကူအညီရထားတယ်လို့ လဲ ဆိုပါတယ်။

သုသေသီတွေက ဒီကုထုံးသစ်ဟာ ဗီယက်နမ်စစ်ပွဲလို အသေအပျောက်
အများဆုံးရှိခဲ့တဲ့ စစ်ပွဲပြီးနောက်ပိုင်းမှာ စစ်ပွဲအတွင်းက မသေသင့်ဘဲ
သေရတဲ့သူတွေကို ကယ်တင်ပေးနိုင်မယ့် ကြီးမားတဲ့ရှာဖွေတွေ့ ရှိမှုကြီး
တစ်ခုပါလို့ ဆိုပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကဆိုရင် မဟာမိတ်စစ်သား ၅၀၀၀ လောက်က (အီရတ်နဲ့  အာဖဂန်နစ္စတန်) စစ်ပွဲတွေအတွင်း မှာ သေခဲ့ကြရပြီး သေသွားတဲ့စစ်သားတွေရဲ့ ၈၇ ရာခိုင်နှုန်းက ဒဏ်ရာရပြီး မိနစ် ၃၀ အတွင်းမှာ ဆေးကုသတဲ့ ဌာနကို မရောက်ခင်သေသွားကြတာ။ သေသွားကြတဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းက တကယ့်ကိုကယ်တင်လို့ ရနိုင်တဲ့ အခြေ အနေမှာရှိတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ကုထုံးသစ်နဲ့ ကုသမယ်ဆိုရင် စစ်သား ၁၀၀၀
လောက်ကို အသက်ကယ်နိုင်လိမ့်မယ်" လို့ ကုထုံးသစ်ကိုရှာဖွေတွေ့ ရှိခဲ့တဲ့
James Cook တက္ကသိုလ်က Geoffrey Dobson က ပြောပါတယ်။

Dobson က အဆိုပါကုထုံးကို သုသေသီတွဲဖက်ဖြစ်သူ Hayley Letson နဲ့
အတူဖော်ထုတ်ခဲ့တာဖြစ်ပြီး အစွန်အဖျားဒေသတွေမှာ စစ်သားတစ်ယောက်
ဒဏ်ရာရပြီး မိနစ်ပိုင်းအတွင်း သွေးဖိအားကိုမြှင့်ပေးခြင်းအားဖြင့် အဆိုပါ
စစ်သား ရဲ့ အသက်ရှင်နိုင်ခွင့် ဆွဲဆန့် ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

"တကယ်လို့ သွေးပေါင်အရမ်းကျရနေရင်လည်း အဲသည်စစ်သားက သေသွားနိုင်တယ်။ သွေးခဲနေတဲ့နေရာမှာ သွေးဖိအားတွေက များနေပြန်ရင်လည်း သွေးပြန်ထွက်နိုင်တယ်"လို့ Dobson ကဆိုပါတယ်။

အဆိုပါကုထုံးဖြင့် ကုသရန်စိတ်ကူးကို Dobson က ၀တ်ရည်စုတ်ငှက်တို့ လို
ဆောင်းခိုတိရိစ္ဆာန်တွေမှာ တွေ့ ရတဲ့ ပုံမှန် တစ်မိနစ်မှာနှလုံးခုန်နှုန်း အချက်
၁၅၀၀ လောက်ရှိရာကနေ ဆောင်းခိုချိန်မှာ နှလုံးခုန်ချက် ၉၉ ချက်လောက်ပဲ
ရှိတတ်တဲ့ ဆာင်းခိုတိရစ္ဆာန်တွေကိုစူးစမ်းလေ့လာရင်း စိတ်ကူးမိခဲ့တာပါ။

"ကျွန်တော်တို့ ဒီကုထုံးကို ကြွက်နဲ့ ဝက်တွေမှာ စမ်းသပ်အောင်မြင်ပြီးထားပါပြီ။
တကယ်လို့ ဒီကုထုံးသာ အောင်မြင်ခဲ့မယ်ဆိုရင် ဝေးလံတဲ့ဒေသတွေက
ကလေးမွေးပြီးနောက် သွေးထွက်လွန်နေတဲ့မိခင်တွေကို ဒီကုထုံးနဲ့ ကုသပေးပြီး
သူတို့ အသက်ကို ကယ်နိုင်တော့မှာပါ။ ကုထုံးနဲ့ ပတ်သက်ပြီး တရားဝင်ဖြစ်ဖို့ နဲ့
အစိုးရရဲ့အတည်ပြုချက်ရဖို့ တို့  ကိုလည်း ဒီတစ်နှစ်အတွင်း ကျွန်တော်တို့
ဆောင်ရွက်သွားမှာပါ" လို့ Dobson ကပဲ ဆက်ပြောခဲ့ပါတယ်။

နောက်တနှစ်မှာ လူသားတွေကိုအသုံးပြုပြီး စမ်းသပ်မယ့် အဆိုပါကုထုံးအတွက်
အမေရိကန်က သြစတေးလျဒေါ်လာ ၅၅၀၀၀ (US ဒေါ်လာ ၄၇၀၀၀) ကို
ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။

Ref: AFP
The Myanma Age
စစ်ပွဲအတွင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ စစ်သားတွေကို အချိန်မှီအသက်ကယ်နိုင်ဖို့ ကုထုံးသစ် တစ်ခုရှာတွေ့ ထားပြီဖြစ်ကြောင်း သြစတေးလျက သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။

အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ

Photo: အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ
Thursday, November 27, 2014

မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

၎င်းတို့သည် အာဏာမှ ဖယ်ရှားခံခဲ့ရသည့် သမ္မတဟောင်း မိုဟာမတ်မော်စီကို သမ္မတ ရာထူး ပြန်လည်နှင်းအပ်ရန် တောင်းဆိုခဲ့ကြသည်။
ယမန်နှစ်က မော်စီကို စစ်တပ်မှ ဖယ်ရှားပြီးနောက်တွင် အာဏာပိုင်များသည် အစ္စလာမ္မစ်များကို ဖြိုခွင်းလာခဲ့ကြသည်။

မူဆလင်ညီနောင်ပါတီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး နောက်ပိုင်းတွင် ယင်းအား ထောက်ခံသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုခဲ့သည်။

အစိုးရဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြ၍ ယင်းဆယ်ကျော်သက် အမျိုးသား ၇၈ ဦးတို့အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာ Mena တွင် ဖော်ပြထားသည်။

ယင်းဆန့်ကျင် ဆန္ဒပြမှုများကြောင့် လမ်းများပိတ်ဆို့ခဲ့ကာ နိုင်ငံသားများလည်း အကြမ်းဖက်ခံရသည်ဟု Mena က ဆိုသည်။

ဆယ်ကျော်သက်များ၏ ရှေ့နေ အေမန်အယ်ဒါဘီက ယခု ထောင်ဒဏ်ကျခံရမည့် လူငယ်များအနက် အချို့မှာ ဆန့်ကျင်ဆန္ဒပြမှုတွင် မပါဝင်ဘဲ ဆန္ဒပြရာ နေရာ၌ ရှိနေသူများသာ ဖြစ်သည်ဟု ကာကွယ်ပြောကြားသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို အီဂျစ်အစိုးရမှ ယမန်နေ့က အတည်ပြုလိုက်သည်။

သမ္မတဟောင်း မော်စီကို ထောက်ခံသူ ၁၄၀၀ ဦးထက်မနည်းကို လက်ရှိ အီဂျစ်အစိုးရက သတ်ဖြတ်ခဲ့ပြီး တစ်သောင်းခွဲကျော်မှာ ထောင်ချခံထားရသည်။
မတ်လအတွင်းကလည်း မော်စီကို ထောက်ခံသူ ၅၂၈ ဦးတို့ကို သေဒဏ်စီရင်ခဲ့သည်။

အီဂျစ်တွင် ယင်းကဲ့သို့ ပြည်သူအစုလိုက် အပြုံလိုက်အား စီရင်ချက်ချမှု မြင့်တက်နေခြင်းမျိုး ယခင်က အစဉ်အလာမရှိခဲ့ဟု UN က ထုတ်ပြန်ထားသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ် လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

“၀”ခေါင်းဆောင် များအား မူးယစ်ရာဇာ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ရေး ကူညီပေးရန် သမ္မတကို တောင်းဆို

အမေရိကန် နိုင်ငံက ၀ ခေါင်းဆောင် အချို့အား မူးယစ်ရာဇာများ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ပေးရေး အတွက် ကူညီ ဆောင်ရွက် ပေးရန် ယမန်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၀ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က တောင်းဆို လိုက်သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းစစ်သည်များအား ဂါရ၀ပြုပွဲ ကျင်းပမည်

လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီ မြောက်ဘက် မုခ်ရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသော တပ်မတော်သားများအား ဂါရ၀ပြုပွဲ တစ်ရပ် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်၌ အခမဲ့ရေပေးဝေရေးစနစ် ဂျပန်ကုမ္ပဏီ စည်ပင်သာယာ ပူးပေါင်းအကောင်အထည်ဖော်မည်

ရန်ကုန်၊ ဂျပန်နိုင်ငံအခြေစိုက် TSS Tokyo Water ကုမ္ပဏီနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီတို့ သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တွင် အခမဲ့ရေပေးဝေရေး စီမံ ကိန်းအား ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

၁၅ နှစ်အောက် ကလေးများ ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးထိုးမည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၅ နှစ်အောက် ကလေး ၁၇ ဒသမ ၄ သန်းကျော်အား ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကို ဇန်နဝါရီလမှစတင်၍ စီမံချက်တစ်ခုအနေဖြင့် ထိုးပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက  ပြောသည်။

အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

Photo: အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
Thursday, November 27, 2014
 
အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။

Untitled-1အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း ခရီးသွားလာကြမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်ကတော့ ကားတွေနဲ့ သွားလာကြမှာပါ။

အခုနှစ် ကျေးဇူးတော်နေ့ အားလပ်ရက်ခရီးသွားကာလဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ခရီးသွားလာမှု အများဆုံးဖြစ်တယ်လို့လည်း အမေရိကန်မော်တော်ယာဉ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အခုရက်တွေအတွင်း အရှေ့ဖက်ကမ်းပြည်နယ်တွေမှာ နှင်းထု ၅ လက်မကနေ ၁ ပေအထိ ကျဆင်းနိုင်တယ်လို့ အမေရိကန်အမျိုးသားမိုးလေ၀သက ကြေညာထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ နိုင်ငံတ၀န်းလေယာဉ်ခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၄၄၀၀ လောက်လည်း နောက်ကျခဲ့ပါတယ်။

မက်နီဆိုးတားပြည်နယ်၊ အရှေ့တောင်ပိုင်းမှာလည်း ဆီးနှင်းတွေကြောင့် အဝေးပြေးလမ်း မတော်တဆမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

 ဒီဗွီဘီ
အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။

ပြိုင်ကားနှင့်ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား ပြောစက်တွေ့ရှိသဖြင့်အရေးယူ

Photo: ပြိုင်ကားနှင့်ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား
ပြောစက်တွေ့ရှိသဖြင့်အရေးယူ
Thursday, November 27, 2014

၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်
မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များသည်လှည့်ကင်းဆောင်ရွက် စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ပြိုင်ကားနှင့်
ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေကြောင်းသတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။

အဆိုပါပြိုင်ကားအားစစ်ဆေးရှာဖွေရာ တာမွေမြို့နယ်နေသူများဖြစ်ကြသည့် ယာဉ်မောင်း ကိုညီညီ (၃၃)နှစ်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ကိုမျိုးမင်း(ခ)
မျိုးမင်းထွန်း (၃၈)နှစ်တို့အား လက်ကိုင်စကား ပြောစက်(၁)လုံး၊ ဘက္ထရီ
အပို(၁)ခုတို့နှင့်အတူတွေ့ရှိရပြီး ယာဉ်နှင့် လက်ကိုင်စကားပြောစက် ပိုင်ရှင် ဖြစ်သူ တာမွေမြို့နယ်နေ ချမ်းမြေ့ကျော်(ခ)ဒေးဗစ်ကျော် (၃၅)နှစ်မှာ ၁၄ယ/----ဟွန်ဒါ CB-400 ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့သဖြင့် လက်ကိုင်စကား
ပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား သိမ်းဆည်းခဲ့ပါသည်။

ယင်းသို့ ဆက်သွယ်ရေးပစ္စည်းဖြစ်သောလက်ကိုင်စကားပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား လက်ဝယ်ထားရှိသူ ကိုညီညီ၊ကိုမျိုးမင်း(ခ)မျိုးမင်းထွန်းနှင့်
ပစ္စည်းပိုင်ရှင်ဖြစ်သူ ချမ်းမြေ့ကျော် (ခ)ဒေးဗစ်ကျော်တို့(၃)ဦးအား မင်္ဂလာဒုံ
မြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၃၆၂/၂၀၁၄၊ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များသည်လှည့်ကင်းဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမ ပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေကြောင်းသတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။

ရန်ကုန်မြို့ရှိ အများသုံးတယ်လီဖုန်း(PCO)များ ပိတ်သိမ်းရဖွယ်ရှိနေဟု MPT ပြောဆို

ရန်ကုန်မြို့ရှိ အများပြည်သူသုံး တယ်လီဖုန်းရုံများကို ပိတ်သိမ်းသွားရ ဖွယ်အနေအထားရှိနေသည်ဟု ဆက် သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက် အရ သိရသည်။

အခြေခံဥပဒေပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းထုတ်ပြန်

Photo: အခြေခံဥပဒေပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းထုတ်ပြန်
Thursday, November 27, 2014

နိုင်ငံရေးပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များ အပြန်အလှန်ဆွေး နွေးခဲ့သော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကိုအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုထွက်ရှိလာခဲ့ကြောင်း နိုဝင်ဘာ ၂၆ရက်တွင် နိုင်ငံပိုင်သတင်း စာက ထုတ်ပြန်လိုက်သည်။

အဆိုပါဥပဒေမူကြမ်းအား ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်သည့်ဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေဟု ခေါ် တွင်စေရမည်ဟု ဖော်ပြထားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ကို ယခုလိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး အတွက် ကျင်းပသော ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကို ဆိုသည်။

¤င်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပ ဒေတွင် အခန်း(၁)မှ အခန်း(၁၂) ထိ ပြ ဋ္ဌာန်းထားပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့် ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ အခန်း(၁)အမည်နှင့်အဓိပ္ပာယ်ဖော်ပြ ချက်၊ အခန်း(၂) ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပခြင်း၊ (၃) ကော်မရှင်နှင့်ကော် မရှင်အဖွဲ့ခွဲများဖွဲ့စည်းခြင်း၊ အခန်း (၄) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၅) မဲစာရင်းများပြုစုခြင်း၊ အခန်း(၆) ဆန္ဒမဲ ပေးခြင်း၊ အခန်း(၇) ဆန္ဒမဲပေးခြင်းကို ရွှေ့ဆိုင်းခြင်းနှင့်ဖျက်သိမ်းခြင်း၊ အခန်း (၈)ဆန္ဒမဲရေတွက်ခြင်း၊ အခန်း(၉)ဆန္ဒ မဲများကြေညာခြင်း၊ အခန်း(၁ဝ)တား မြစ်ချက်နှင့်ပြစ်ဒဏ်၊ အခန်း(၁၁)ဘဏ္ဍာ ရေးနှင့်တာဝန်အကူအညီရယူခြင်း၊ အ ခန်း(၁၂)အထွေထွေ စသည့်အဓိပ္ပာယ် များ ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်း ထားသော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေအား ၂ဝဝ၈ခုနှစ် မေ ၁ဝရက်နှင့် ၂၄ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ၍ ဆန္ဒခံမဲပေးသူများအနက် ၉၂ဒသမ ၄၈ ရာခိုင်နှုန်းကအတည်ပြုရန် ထောက် ခံခဲ့သဖြင့် ၂ဝဝ၈ခုနှစ် မေ ၂၉ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယခုအခါ၌ နိုင်ငံ ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည်တို့နှင့် စပ်လျဉ်း၍ ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တချို့ ကို ပြောင်းလဲပြင် ဆင်ရန် လိုအပ်လာ သောကြောင့် ပြည်ထောင်စုလွှတ်တော် က အဆိုပါ ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

Yangon Media Group
နိုင်ငံရေးပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များ အပြန်အလှန်ဆွေး နွေးခဲ့သော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကိုအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုထွက်ရှိလာခဲ့ကြောင်း နိုဝင်ဘာ ၂၆ရက်တွင် နိုင်ငံပိုင်သတင်း စာက ထုတ်ပြန်လိုက်သည်။

တရားမဝင် မြန်မာလုပ်သားများအား ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထားကာ နေရပ်ပြန်ရန် မလေးရှားအစိုးရကြေညာ

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အရေးယူမှုကို ခြောက်လ ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားအစိုးရမှ မလေးရှားနိုင်ငံအတွင်း၌ တရားမ ဝင် နေထိုင်သူများအနေဖြင် ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ မိမိနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်နှင့် ကြိမ် ဒဏ် ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ရာထူးကြီးသော အမျိုးသမီးများ စိတ်ကျန်းမာရေး ညံ့ဖျင်းနိုင်

အလုပ်တွင် ရာထူးအဆင့်မြင့်မားသည့် အမျိုးသမီးများသည် ရာထူးအဆင့်နိမ့်သော အမျိုးသမီးများထက် စိတ်ကျန်းမာရေးညံ့ဖျင်းမှု အန္တရာယ်ပိုများကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။