တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ခွင့်ရရှိရေးတောင်းဆိုမှုများရှိနေ ချိန် ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်လာရေးသည် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။
Thursday, 27 November 2014
၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေ သည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိက ကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။
Unity ဂျာနယ်အမှု ပြင်ဆင်ချက် အထူးအယူခံဝင်မည်

Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity သတင်းသမားတွေရဲ့အမှု ပြင်ဆင်ချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေ တွေက လျှောက်လဲ ခဲ့ကြပါတယ်။
Wednesday, 26 November 2014
ဆေးထိုးမှား၍ အသက်(၃)နှစ်အရွယ်ကလေးငယ် ခြေချောင်းလေးများ ဖြတ်လိုက်ရ

တံတားဦးမြို့နယ်ဆေးရုံတွင် ချွဲ ကျပ်ရောဂါနှင့် ဆေးကုသမှုခံယူနေ ရင်း အသက် ၃ နှစ်အရွယ်မိန်းကလေး တစ်ဦး ခြေချောင်းငယ်လေးများ ဖြတ် လိုက်ရသည်။
လိပ်ကျွန်း လူသတ်မှုမှ စွပ်စွဲခံ မြန်မာလူငယ်၂ ဦး အာမခံ လျှောက်ထားမှု ပယ်ချခံရ

လိပ်ကျွန်းလူသတ်မှုမှာ တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အချုပ် လွတ် ထုချေခွင့် အာမခံ လျှောက်ထားမှုကို ထိုင်းနိုင်ငံကော့စမွေခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးရေးအပေါ် သဘောထားအမြင်များ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတ ဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။
၆ ပွင့်ဆိုင် တွေ့ဆုံးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။
ဟောင်ကောင်တွင် သပိတ်စခန်းများ ဖြိုခွင်းပြီး ဆန့်ကျင်ဆန္ဒပြသူများစွာကို ဖမ်းဆီး

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ သပိတ်စခန်းများကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဆန့်ကျင်ဆန္ဒပြသူများစွာတို့ကို ဖမ်းဆီးလိုက်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။
NCCT အဖွဲ့အစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပရန် ထိုင်း အာဏာပိုင် များက ခွင့်ပြု
တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဗဟို ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံအတွင်းကျင်းပနိုင်ရန် ထိုင်းအာဏာပိုင်များက ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြော သည်။
ဦးမြငါးစင်ကူးတို့ဆိပ်ကို မောင်းလေးချောင်းတွင် သီးသန့်တည်ဆောက်ပေးမည် ဟုဆို

ဦးမြငါးစင် ကူးတို့ဆိပ်ကမ်းမှ ရွှေ့ပြောင်းရမည့် သမ္ဗန်များဆိုက်ကပ်ရန် ဂိတ်အသစ် တစ်ခုနှင့် ရေဆင်း တံတားကိုမောင်းလေးချောင်းကူးတို့ဆိပ်တွင် သီးသန့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အနောက် ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဝင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ နိုဝင်ဘာ ၂၅ရက်တွင် ပြောသည်။
လူမည်း လူငယ်ကို ပစ်သတ် ခဲ့သည့် ရဲအား စွဲချက် မတင်ရန် ဆုံးဖြတ် ပြီးနောက် ဖာဂူဆန် မြို့တွင် ဆန္ဒပြ မှုများ အကြီး အကျယ် ဖြစ်ပွား

လူမည်း ဆယ်ကျော်သက် မိုက်ကယ် ဘရောင်း အသတ်ခံ ရခြင်းနှင့် ပတ်သက် ၍ စွဲချက် မတင်ဟု ဂျူရီ အဖွဲ့ တစ်ဖွဲ့က ဆုံးဖြတ် လိုက်ခြင်းကို မကျေနပ်ကြ သခြင့် ဖာဂူဆန်မြို့ ၏ စိန့်လူးဝစ် ဆင်ခြေဖုံး ဒေသတွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ် လာခဲ့ရာ မစ်ဇူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးက လုံခြုံရေး တပ်ဖွဲ့ဝင် အင် အားကို တိုးချဲ့ ပေးပို့  ထားရကြောင်း နိုဝင်ဘာ ၂၆ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
မြန်မာနှစ်ဦးအမှုအတွက် မြန်မာ သံရုံး အာမခံကြေး တင်မည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။
စစ်သတင်းထုတ်ပြန်မှု မြန်ဆန်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်
တပ်မတော်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာများ ရယူသည့်အခါ ချောမွေ့ မြန်ဆန်စေရေးအတွက် တပ်မတော် အရာရှိများနှင့် သတင်းမီဒီယာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။
လူသတ်မှုဖြင့် ဖမ်းခံရသည့် မြန်မာနှစ်ဦး ထွက်ပြေးပါက မိမိအဖမ်းခံမည်ဟု ပြောကာ ဦးခင်အောင်မြင့် အာမခံခဲ့ဟုဆို

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ်ပေးပြီး မြန်မာသံရုံး၏ ကွပ်ကဲမှုဖြင့် ထားရှိဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုင်းသံရုံးရောက်မှ ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက မိမိကိုယ်တိုင် လာရောက်အဖမ်းခံမည်ဟု အာမခံခဲ့ကြောင်း ဦးခင်အောင်မြင့်က နိုဝင်ဘာ ၂၆ရက်က မီဒီယာ အချို့ကို ပြောသည်။
ရန်ကုန်မြို့တော်အတွင်း အမှိုက်ပုံး ၆၂၀၀ ကျော် ထပ်တိုးချထားမည်
ရန်ကုန်မြို့တော်တွင် စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ လျော့ပါးစေရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်စေရန် ရည်ရွယ်၍ နိုဝင်ဘာလကုန်တွင် အမှိုက်ပုံး ၆၂၀၀ ကျော်ကို ထပ်တိုးချထားမည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။
သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ဟု တရားရုံးတွင် အိမ်အကူ ထွက်ဆို
မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံ နှစ်ဦး၏ အိမ်၌ အိမ်အကူ လုပ်ကိုင်ခဲ့သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ဗဟန်းမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၁ နာရီက ရုံးတင် စစ်ဆေးစဉ် ကလေးငယ်က အိမ်ရှင် နှစ်ဦးက ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ခဲ့သည်ဟု ထွက်ဆို ဖြေကြားခဲ့သည်။
မဲစာရင်းတွင် နာဂစ်နှင့် သေဆုံးသူများ ပါဝင်ခဲ့မှု ဒီချုပ်အမတ် ထောက်ပြ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုနိုင်ရန် လူထုဆန္ဒခံယူပွဲပြုလုပ်စဉ်က နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများ၏အမည်စာရင်းများ မဲပေးခဲ့ရသူများ စာရင်းတွင် ပါရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ဆွေးနွေးတင်ပြ လိုက်သည်။
၄၃၆ ပြင်သင့်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြော
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူသည်ဟု ပြောလိုက်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်မူ လွှတ်တော်၏ သဘောဆန္ဒဖြစ်သည်ဟု ၎င်း၏အမြင်ကို နိုဝင်ဘာ ၂၆ရက်က မီဒီယာအချို့ကို ပြောကြားလိုက်သည်။
Samsung Galaxy S5 ရောင်းအား ၄ဝ ရာခိုင်နှုန်း ကျဆင်းသဖြင့် အလုပ် အမှုဆောင် အဖွဲ့အား အပြောင်းအလဲ လုပ်ရန် Samsung မှ စဉ်းစားနေ
Samsung Galaxy S5 ရောင်းအားသည် ကုမ္ပဏီမျှော်မှန်း ချက်ထက် ၄ဝ ရာခိုင်နှုန်းကျဆင်း လာပြီးနောက် Samsung ၏ ထိပ်တန်းအလုပ်အမှုဆောင် အဖွဲ့ကို အ ပြောင်းအလဲလုပ်ရေး စဉ်းစားစရာ များဖြစ်လာခဲ့ပြီဟု Wall Street Journal သတင်းများတွင် ဖော်ပြ ထားသည်။ ယခုနှစ်အတွင်း လူသိ များပြီးအထင်ကရဖြစ်သည့် S5 ၏ ရောင်းအားသည် ၁၂သန်းဝန်းကျင် ရှိပြီး Galaxy S4 ၏ ရောင်းအားမှာ ၁၆ သန်းရှိသည်။
ခင်ပွန်း၏ခေါင်းကို မဂ္ဂဇင်းစာအုပ်ဖြင့် ရိုက်မိသည့်ဇနီး ရဲအချုပ်ခန်းတွင် နှစ်ညအိပ်ရ

အသက် ၆၅ နှစ်ရှိ အိုင်းယင်း ကလာ့ခ်သည် ရုပ်မြင်သံကြားအစီ အစဉ်ကြည့်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ ခင်ပွန်း သည် ဂျိမ်းစ်နှင့်အငြင်း အခုံဖြစ်စကားများပြီးနောက် ရဲအချုပ် ခန်းထဲသို့ အထည့်ခံ လိုက်ရကြောင်း သိရ၏။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ရာထူးမှ နုတ်ထွက်

သမ္မတ အိုဘားမားအစိုးရကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မဟာဗျူဟာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ပြုလုပ်နေလျက်ရှိစဉ် လက်ရှိ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ရာထူးမှ နုတ်ထွက် သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
Subscribe to:
Posts (Atom)