Monday, 24 November 2014
တိုင်းရင်းသား လက်နက်ကိုင်များသေဆုံးခြင်း အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း ဗိုလ်ချုပ်မှူးကြီးပြောကြား
Sunday, 23 November 2014
ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း မှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက် လုပ် ပေးရန် အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်ဟု သိရသည်။
ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများ သဘောထား ကွဲလွဲမှုများ ရှိလာ

ဟောင်ကောင်မြို့အက်မာရယ်တီရပ်ကွက်ရှိ ဆန္ဒပြသူများကို နိုဝင်ဘာ ၂၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ဟောင်ကောင်၊ နိုဝင်ဘာ၂၃။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များသည် ထိုင်သပိတ် ဆင်နွဲမှုများနှင့် လမ်းများအား ပိတ်ဆိုခြင်း များကို နှစ်လနီးပါးခန့် ပြုလုပ်ခဲ့ပြီးနောက် ပြည်သူများ၏ ထောက်ခံမှုများ လျော့ကျ လာပြီး နောက်ပိုင်းတွင် ဆန္ဒပြ တိုက်ပွဲများကို ဆက်လက် လုပ်ဆောင်သွားခြင်း သို့မဟုတ် နောက်ကြောင်း ပြန်ဆုတ်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သဘောထားများ ကွဲလွဲလျက် ရှိသည်။
မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ

မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။
အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး

အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။
ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။
ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်

နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။
ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်

ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။
အမြဲတမ်း အထီးကျန်နေသူ တစ်ယောက်တည်းသမား(Single) ဖြစ်စေတဲ့ ဗီဇ (Gene)

အကယ်၍ သင့်ပတ်ဝန်းကျင် ကလူတွေအားလုံး က အချစ်ရေးမှာ အဆင်ပြေနေချိန် သင်ဟာ အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေရတယ်ဆိုရင် သင့်ရဲ့ DNA ကိုပြန် အပြစ်တင်လိုက်ပါ။
စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)
ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက် ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြန်ရွေးချယ်ရန် သံဃာလက်မှတ် လေးသိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုမည်
ကချင်တွင် နှစ်ဖက်တပ်နေရာများ ရုပ်သိမ်းရေး ပွင့်လင်းစွာ ဆွေးနွေးရမည်ဟုဆို
သွေးဆာနေသော စိတ္တဇလူသတ်သမားနဲ့ အလိုတူအလိုပါ ချစ်သူ

ဟဲဗီးမက်တယ်လ်တေးဂီတကို ကျယ်လောင်စွာ ဖွင့်ထား တတ်တဲ့ အိမ်တစ်အိမ်။ အိမ်ထဲက ဝတ်လစ် စားလစ်နဲ့ လျှောက်သွားနေသူတစ်ဦး။ သူဟာအမြဲတမ်း မကောင်းဆိုးဝါးတွေကို ဝတ်ပြုခစားဖို့အကြောင်း အမြဲပြောတတ်ပါတယ်။
အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်

အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
မကာအိုမှ မြန်မာလုပ်သားခေါ်ယူရာတွင် အရပ် ၅ ပေ ၆ လက်မအထက်ရှိသူ၊ ရုပ်ရည်ပြေပြစ်သူကို ဦးစားပေးခေါ်ယူ
လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော ၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုမှုသည် အနည်းငယ်ကျဉ်းပြီး တိုင်းရင်းသားများ အပါအ၀င် ကိုယ်စားပြုသူများနှင့်ပါ ပြောဆိုရပါက အကျိုးရှိမည် ထင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။
သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ
ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများ ပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေ ကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။
ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြား အစားထိုး သုံးနိုင် ပါတယ်။ ပျားရည်ဟာ အရသာ ရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။
သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်
Subscribe to:
Posts (Atom)