Thursday, 20 November 2014

ကမ္ဘာမှာ မြန်မာက သဒ္ဓါတရား အရှိဆုံးနိုင်ငံဟု စစ်တမ်းထုတ်ပြန်

Photo: ကမ္ဘာမှာ မြန်မာက သဒ္ဓါတရား အရှိဆုံးနိုင်ငံဟု စစ်တမ်းထုတ်ပြန်
Thursday, November 20, 2014 

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ သဒ္ဓါတရား အရှိဆုံးနိုင်ငံတွေအဖြစ် World Giving Index(WGI) အဖွဲ့ရဲ့ ၂၀၀၄ ထုတ်ပြန်ချက် မှာ အဆင့်၁ ပူးတွဲသတ်မှတ်ဖော်ပြခံရပါတယ်။

ကမ္ဘာ့ပေးလှူရေး အညွှန်းကိန်းအတွက် ဗြိတိန်အခြေစိုက် ကူညီဒါနပြုအဖွဲ့ CAF-America က သတ်မှတ်ထားတဲ့ သူစိမ်းသူတွေကို ကူညီပေးတာ၊ စေတနာ့ဝန်ထမ်း ကူညီပေးတာနဲ့ ငွေကြေးထောက်ပံ့ကူညီတာ ဆိုတဲ့ အကူအညီပေးမှု အမျိုးအစား ၃ ခုစလုံးမှာ အမေရိကန်နိုင်ငံဟာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။

အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ မလေးရှားက အဆင့် ၇၊ အင်ဒိုနီးရှားက အဆင့် ၁၃၊ ထိုင်းက အဆင့် ၂၁၊ ဖိလစ်ပိုင် အဆင့် ၃၀၊ ဗီယက်နမ်က အဆင့် ၇၉ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၀၈ အသီးသီးရပ်တည်နေတာပါ။

မြန်မာနိုင်ငံကတော့ မနှစ်တုန်းက အဆင့် ၂ နေရာမှာရှိပြီး ဒီနှစ်မှာ အဆင့် ၁ ထိပ်ဆုံးကို ရောက်လာတာ ဖြစ်ပါတယ်။ ငွေကြေးပေးလှူမှု ၈၅ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၉၁ ရာခိုင်နှုန်းထိ မြင့်တက်လာတာကြောင့် ထိပ်တန်းစာရင်းမှာ ပါဝင်လာတာပါ။

ပေးကမ်းလှူဒါန်းမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာတော့ တရုတ်နိုင်ငံပါဝင်ပြီး ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံတွေက ကပ်စီးအနည်းဆုံးနိုင်ငံတွေအဖြစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ သဒ္ဓါတရား အရှိဆုံးနိုင်ငံတွေအဖြစ် World Giving Index(WGI) အဖွဲ့ရဲ့ ၂၀၀၄ ထုတ်ပြန်ချက် မှာ အဆင့်၁ ပူးတွဲသတ်မှတ်ဖော်ပြခံရပါတယ်။

ကျောင်းသား သပိတ် ကာလ (၄) ရက်အတွင်း အလှူငွေ ကျပ်သိန်း (၄၀)ကျော် ရရှိ

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများ ကန့်ကွက် သပိတ်မှောက် ခဲ့သည့် လေးရက်တာ ကာလ အတွင်း ပြည်တွင်း၊ ပြည်ပမှ အလှူငွေ စုစုပေါင်း ကျပ် (၄၀၈၅၆၀၀)ရရှိခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ သိရသည်။လှူဒါန်း ချင်တဲ့ လူတွေ အနေနဲ့ ဆက်လက် ပြီး လှူဒါန်းလို့ ရပါသေးတယ်။ အခု ဆန္ဒပြ ပွဲက ပြီးသွားတာ မဟုတ်ပါဘူး။

KIO/KIA အပစ်မရပ်သရွေ့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်

Photo: KIO/KIA အပစ်မရပ်သရွေ့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်
Thursday, November 20, 2014 

ယနေ့လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် မရေးထိုးသောအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့၊ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)အဖွဲ့ပင် ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်မှ NCCT အဖွဲ့ ဦးဆောင် ဆွေးနွေးနေသော်လည်း KIO/KIA ခေါင်းဆောင်များ ထိပ်ပိုင်းနေရာ ယူထားမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
NCCT မှာ ဒုဥက္ကဋ္ဌက KIA ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဖြစ်ပါသည်။

ကိုယ့်ပြည်နယ်အတွက် ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုးခြင်းမရှိသေးသော KIA အဖွဲ့မျိုးက ခေါင်းဆောင်တက် လုပ်နေပြီဆိုမှတော့ UPWC နှင့် NCCT တို့ ကြား အပစ်ရပ်ရေး လိပ်ခဲတည်းလဲ ဖြစ်နေရတာ သိပ်တော့မဆန်းလှပါ။ ငြိမ်းချမ်းရေးမလိုချင်သာ ဂွမ်မော်လို လူမျိုးကို နေရာပေးထားမှတော့ ငါးပါးမှောက်ပြီပေါ့။
ထို့ထက်မေးစရာဖြစ်လာတာက ကချင်ငြိမ်းချမ်းရေးဘယ်တော့ရမလဲဟူသော အဖြေဖြစ်ပါသည်။ KIO/KIA အပစ်မရပ်သရွေ့ကတော့ ကချင်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ပဲ ပြောရပါမည်။

အပစ်ရပ်ချင်စိတ်မရှိတာမဟုတ်ဘဲ ဈေးတွက်တွက်နေခြင်းကြောင့် ကြန့်ကြာနေသည်ဟု ဆိုချင်ပါသည်။ အပစ်မရပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ သွားချင်သည်ဟု KIO/KIA ဘက်က အသံထွက်လာသည်။ အဆင့်ကျော်လွန်ခြင်းဖြစ်၍ အစိုးရက သဘောတူ လက်ခံခြင်း မရှိပေ။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး၏ အခြေခံအုပ်မြစ်ဖြစ်ပါသည်။ အဆင့်ကျော်၍ သွားမရသလို၊ မလုပ်ဘဲမထားပြန်ရင်လည်း မဖြစ်သောအခြေအနေ ဖြစ်သည်။ အပစ်ရပ်နိုင်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပါက အုပ်မြစ်မခိုင်ပဲ ခရီးမဆုံးခင် လဲပြိုကျသွားတတ်ပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်ထဲမှာ လွန်ခဲ့သော သုံးရက်ခန့်မှစပြီး တိုက်ပွဲသံများ ပြန်ကြားလာသည်။ ဒေသခံပြည်သူ များ အထုပ်အပိုး ပြင်ထားကြရသည်။ တိုက်ပွဲပြင်းထန်လာလျှင် ဒုက္ခသည်စခန်းများဆီသို့ သွားရောက်ခိုလှုံကြရ မည်။ ထိုဒုက္ခ၀ဲဂယက်ထဲကနေ ရုန်းမထွက်နိုင်ဘဲ လှုပ်လေမြှုပ်လေ ဖြစ်နေရသည်။
သို့ဆိုလျှင် ဒေသခံပြည်သူတွေ လိုလားသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်မဲ့သွားရပြန်ပါပြီ။ စစ်ဟူသောမီး သည် မစလျှင်ငြိမ်းနေသည်။ စမိ၍ တောက်လောင်ပြီဆိုပါက တော်တော်နှင့်မငြိမ်းပေ။ KIO/KIA အပစ်အခတ် မရပ် သရွေ့ကတော့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟုသာ ဆိုချင်ပါသည်။

ဇော်ဆိုင်း
KDN
ယနေ့လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် မရေးထိုးသောအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)အဖွဲ့ပင် ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်မှ NCCT အဖွဲ့ ဦးဆောင် ဆွေးနွေးနေသော်လည်း KIO/KIA ခေါင်းဆောင်များ ထိပ်ပိုင်းနေရာ ယူထားမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ NCCT မှာ ဒုဥက္ကဋ္ဌက KIA ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ်အောင်စာရင်း ပြန်စိစစ်ပေးရန် ကျောင်းသားများ တောင်းဆိုမည်

Photo: နည်းပညာတက္ကသိုလ်အောင်စာရင်း ပြန်စိစစ်ပေးရန် ကျောင်းသားများ တောင်းဆိုမည်
Thursday, November 20, 2014 

နိုဝင်ဘာ ၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ နည်းပညာတက္ကသိုလ်အောင်စာရင်းက ပွင့်လင်းမြင်သာမှု လို့ ပြန်လည်စိစစ်ပေးဖို့ ကျောင်းသားတွေက လက်မှတ် ရေးထိုး တောင်းဆိုကြမှာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နည်းပညာ တက္ကသိုလ် အောင်စာရင်းတွေက တရားမျှတမှု မရှိဘူးဆိုပြီး ကျောင်းသား တွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြား လိုက်တာပါ။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အောင်စာရင်းထုတ်ပြန်ရေးဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်တွေက ပွင့်လင်းမြင်သာမူမရှိတဲ့အပြင် ၀န်ကြီးဌာနက သတ်မှတ်ပေးတဲ့ အရေအတွက်အတိုင်း အောင်စာရင်း ထုတ်ပြန်တာကို မလိုလားဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မော်ဘီနည်းပညာ တက္ကသိုလ်ကျောင်းသား ၁ ဦးက စာမေးပွဲကျတဲ့ အတွက် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့ပြီး အဲဒီကျောင်းသားရဲ့ အဖြေလွှာကို ပြန်စစ်ပေးဖို့ အတွက်လည်း နည်းပညာတက္ကသိုလ်ကျောင်းသား တွေက တောင်းဆိုနေပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ နည်းပညာတက္ကသိုလ်အောင်စာရင်းကို ပြန်လည် စိစစ်ပေး ဖို့ အတွက် ကျောင်းသား ၁၀၀၀ ကျော်က လက်မှတ်ရေးထိုးထားပြီး သက်ဆိုင်ရာကို တင်ပြသွားဖို့ ရှိနေပါတယ်။

သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကတော့ နည်းပညာတက္ကသိုလ် ကျောင်းသားတွေ စာမကျက်ကြလို့သာ ဒီနှစ်စာမေးပွဲ အကျများတာလို့ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်မှာ သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။

MRTV-4
နိုဝင်ဘာ ၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ နည်းပညာတက္ကသိုလ်အောင်စာရင်းက ပွင့်လင်းမြင်သာမှုလို့ ပြန် လည် စိစစ်ပေးဖို့ ကျောင်းသားတွေက လက်မှတ် ရေးထိုး တောင်းဆိုကြမှာ ဖြစ်ပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Thursday, November 20, 2014

ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေ ပါတယ်။ ဒီကနေ့ညနေ အထိ ခန့်မှန်းချက်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
 
နောက် ၂ ရက်အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ ညအပူချိန် များ လျော့နည်းနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ 

MRTV-4
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ဒီကနေ့ညနေ အထိ ခန့်မှန်း ချက်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်း ဒေသကြီး နဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

ချင်း တိုင်းရင်းသားများ၏ ဆန္ဒကို ကိုယ်စားပြု ထုတ်ဖော်နိုင်မည့် အရပ်ဘက် လူမှု အဖွဲ့အစည်းကို ဖွဲ့စည်းမည်

ချင်းတိုင်းရင်းသား များ၏ ဆန္ဒကို ကိုယ်စားပြု ထုတ်ဖော် နိုင်မည့် အရပ်ဘက် လူမှု အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းရန် ရည်ရွယ်၍ ချင်း အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကို ယနေ့မှ စတင်၍ ဟားခါးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သတင်း ရရှိသည်။

ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် (၁၅) ရက်အတွင်း သေဆုံးသူ (၁၀) ဦးဝန်းကျင်ရှိခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ခရီးသည်တင် ယာဉ်လိုင်းများ မတော်တဆ ဖြစ်ပွား မှုကြောင့် ဒဏ်ရာ ရရှိသူ (၂၀) ကျော်နှင့် သေဆုံးသူ (၁၀) ဦး ၀န်းကျင်ထိ ရှိခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မှ သိရသည်။
အဆိုပါ ယာဉ် မတော်တဆမှု များမှာ အရှိန် မြင့်မားစွာ မောင်းနှင်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ လူကို ရှောင်တိမ်းမှုကြောင့် ဖြစ်ပွားခြင်းနှင့် စည်းကမ်းမဲ့ မောင်းနှင်ခြင်း စသည် တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ယာဉ် လုပ်သားတွေ အတတ်နိုင်ဆုံး စည်းကမ်းတကျ လိုက်နာဖို့ ကြိုးပမ်း ဆောင်ရွက်နေ ပါတယ်။ အဲဒါကြောင့် ခရီးသည်တင် ယာဉ်မတော်တဆမှု တွေကတော့ တဖြည်းဖြည်း လျော့လာတယ် ဟု မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ကမ္ဘာပေါ်တွင် အရက်ရောဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံရ

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်ရောဆုံး နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ် အတွက် ထုတ်ပြန်သော UK အခြေစိုက် ပရဟိတ အဖွဲ့အစည်း တစ်ခု ဖြစ်သော CAF -America အဖွဲ့၏ world giving index တွင် ဖော်ပြ ထားသည်။ CAF -America က ထုတ်ပြန်သော world giving index တွင် အမေရိကန် နိုင်ငံ နှင့် မြန်မာနိုင်ငံကို နံပါတ်တစ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံက ရမှတ် (၆၄) မှတ် ရရှိ ထားသည်။ world giving index ကို သတ်မှတ်ရာတွင် သူစိမ်း များကို အကူအညီ ပေးခြင်း၊ ငွေကြေး လှူဒါန်းခြင်းနှင့် လုပ်အားဒါန ပြုသည့် အချိန်တို့ကို တွက်ချက်ကာ သတ်မှတ် ခြင်းဖြစ်သည်။ သူစိမ်း များကို အကူအညီ ပေးခြင်းတွင် အမေရိကန် နိုင်ငံက (၇၉) ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံက (၄၉) ရာခိုင်နှုန်း ရှိသည်။ ငွေကြေး လှူဒါန်းခြင်းတွင် မြန်မာနိုင်ငံက (၉၁) ရာခိုင်နှုန်း ရှိကာ အမေရိကန် နိုင်ငံက (၆၈) ရာခိုင်နှုန်း ရှိသည်။

ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး

Photo: ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး
Thursday, November 20, 2014

ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့ အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် နိုင်ရိုဘီနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်မှုအတွဲလိုက် အတွက် ပြစ်တင်ခံနေရတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကွန်ရက်ကို ဖြိုခွဲဖို့ ကင်ညာအစိုးရက ကြိုးစားနေတာပါ။

အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီ အယ်လ်ရှာဘတ်အုပ်စုက တပ်သားသစ်တွေ အများအပြား စုဆောင်းနေတယ်လို့လည်း ပြောပါတယ်။

ရဲတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီ ၂ ခုကို စီးနင်းခဲ့ပြီး စစ်သွေးကြွ လှုပ်ရှားမှု သက်သေတွေလို့ သူတို့က ပြောတဲ့ စာတွေနဲ့ လက်နက်တွေကို သိမ်းဆည်းခဲ့ပါတယ်။

နောက်နေ့မှာပဲ ဓားတွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားတဲ့ လူငယ်တစုက လူ ၃ ယောက်ကို သတ်ခဲ့ပါတယ်။

.ဒေသခံရဲအုပ် ရစ်ချတ် ငါတီယာကတော့ စုံစမ်းစစ်ဆေးသူတွေက မွန်ဘာဆာရဲ့ မီနာဗလီမှာ တောခုတ်ဓား ၃ ချောင်းနဲ့ လက်ပစ်ဗုံးတလုံး တွေ့ပြီး ဆွာဖာဗလီမှာ ဗုံးတလုံးနဲ့ ဆယ်လီတာ ဓာတ်ဆီဗုံး ၂ လုံး တွေ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စတဲ့ စီးနင်းမှုတွေအတွင်း လူ ၃၇၆ ယောက်ကို ဖမ်းခဲ့ပြီး ၉၁ ယောက်ကိုတော့ သက်သေမရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။

တရားသူကြီးတွေက လူ ၁၅၈ ယောက်ကို အယ်လ်ရှာဘတ်သူပုန်အဖွဲ့ဝင်တွေအဖြစ် စီရင်ချက်ချမယ်လို့ ပြောပြီး တခြားထိန်းသိမ်းခံတွေကို ဘာလုပ်ရမယ်ဆိုတာ စဉ်းစားနေဆဲလို့ ရဲတွေက ပြောပါတယ်။

အရှေ့အာဖရိကရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ မလုံခြုံမှုတွေ ထိုးနှက်နေပြီး မနှစ်ကတော့ အနောက်နိုင်ငံတွေက ကင်ညာမြို့တော်နဲ့ ကမ်းရိုးတန်းဒေသကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့လို့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရင်းမြစ်ကြီးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။

DVB
ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့ အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ

Photo: MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ
Thursday, November 20, 2014 

ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။

ထိုလေယာဉ်သည် ယူကရိန်းဝေဟင် တွင် ဇူလိုင် ၁၇ရက်၌ပစ်ချခံခဲ့ရသည်။
ထိုလေယာဉ်ပစ်ချခံရမှုအတွက် Dutch Safety Board က စုံစမ်းစစ်ဆေးမှု ပြုလုပ် နေသည်။ လေယာဉ်အပျက်အစီးများကိုတွေ့ ရန် မျှော်လင့်ချက်ရှိသည်ဟု ထိုအဖွဲ့ကလွန်ခဲ့ သော ရက်အနည်းငယ်၌ ပြောကြားခဲ့သည်။

လေယာဉ်အပျက်အစီးများကိုရှာဖွေပြီး တွေ့ရှိရသောအပျက်အစီးများကို နယ်သာ လန်သို့ပို့ပေးရန် လေယာဉ်အပျက်အစီးများ ကိုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာဝန်းကျင် ၌တွေ့ရှိနိုင်မည်ဟု DSB က မျှော်လင့်ထား သည်။

လေယာဉ်အပျက်အစီးများကို ရှာဖွေ စုဆောင်းသည့်အလုပ်သည် ရက်အတန်ကြာ အချိန်ယူရမည်ဟု DSB က ဆိုသည်။ ရှာ ဖွေတွေ့ရှိသည့် အပျက်အစီးများကို ယူကရိန်း ရှိခါကော့ဗ်မြို့သို့ပို့ပြီး နောက်ဆုံးတွင် နယ် သာလန်သို့ပို့မည်ဟု သိရသည်။

ထိုလေယာဉ်၏ သေတ္တာနက်ကို အစော ပိုင်းကပင်တွေ့ရှိခဲ့ပြီး ယင်းကိုယူကေလေ ကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနခွဲ(AAIB) က စစ်ဆေးပြီးနောက်ြှီ သို့လွှဲပြောင်းပေးခဲ့သည်။ AAIB သည် ယူကေ၊ ဟမ်ရှိုင်းယားနယ်ရှိဖန်းဘိုရို မြို့တွင်ရှိသည်။

MH-17 သည် ဇူလိုင် ၁၇ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁နာရီ မိ နစ် ၂ဝအထိ ပုံမှန်အတိုင်း ပျံသန်းနေသည်ဆိုသည်ကို သေတ္တာနက်က ပြသည်ဟု စက်တင်ဘာလ ပဏာမ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေယာဉ်အပျက်အစီးများကို နေရာ အနှံ့အပြားတွင် မြေကြီးထဲသို့ စူးဝင်နေသည် ဟု DSB က ဆိုသည်။

လေယာဉ်ပျက်ကျ ပြီးနောက်တစ်နှစ်အကြာတွင် လေယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် လေယာဉ်ပျက်အစအနများတွေ့ရှိမှုအစီရင် ခံစာရေးသားပြီး ပုံနှိပ်ထုတ်ဝေမည်ဟု DSB က ဆိုသည်။

Ref: Daily Mail
Yangon Media Group
ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။

အကြမ်းဖက် အဖွဲ့နှင့် ဆက်သွယ်ဟု သံသယဖြင့် ဖမ်းထားသူ ၂၀မှ ၇ဦးကို အမှုနှင့် မဆိုင်ကြောင်း ပြည်ထောင်စု တရား လွှတ်တော် ချုပ်ထိ တင်မည်

အကြမ်းဖက် အဖွဲ့ အစည်းနှင့် ဆက်သွယ်သည် ဟုဆိုကာ သံသယ ရှိသဖြင့် တောင်ကြီးမြို့ တောင်လေး လုံးထောင်တွင် ဖမ်းဆီးထား သူ အယောက် ၂၀ထဲမှ အမှုနှင့် ငြိစွန်းခြင်း မရှိသည့် ၇ ဦးကို အမှုမှ ပြင်ဆင် ချက်ပေးရန် နေပြည်တော် ကောင်စီရှိ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံး အထိ တင်ပြသွားမည်ဟု ရှေ့နေလိုက် ပါဆောင် ရွက်ပေးနေ သည့်တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တင်သွင်း

Photo: ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တင်သွင်း
Thursday, November 20, 2014

မြန်မာပြည်ရဲ့ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက တင်သွင်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက တင်သွင်းလိုက်တာ ဖြစ်ပြီး၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ လွှတ်တော်အဆင့်မှာတင် ပြင်ဆင်လို့ရတဲ့အပိုင်းနဲ့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲလုပ်ပြီးမှ ပြင်ဆင်လို့ရတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ ဆန္ဒခံယူပွဲ လုပ်ပြီးမှပြင်ရင် အဆင်သင့်ဖြစ်အောင် အခုဥပဒေကြမ်းကိုတင်တာလို့ ဦးစောလှထွန်းက ပြောပါတယ်။

“လောလောဆယ် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးနေကြတယ်လေ။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ပုဒ်မ ၄၃၆(ခ)အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မှာပေါ့။ အဲ့ဒီလို လုပ်ပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ဖို့ ကော်မရှင်တွေဖွဲ့ရမယ်။ မဲဆန္ဒတွေ ယူရမယ်။ ဒါတွေ ဘယ်လို ကျင်းပပြုလုပ် မယ်ဆိုတာကို ဥပဒေပြဌာန်းဖို့ တင်တာပါ။”

ဒီဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်မှာဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။

ရန်ကုန်က တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီက မြန်မာပြည်မှာ အရင်က ကျင်းပခဲ့ဖူးတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေမှာ ဥပဒေနဲ့ ကျင်းပပြုလုပ်ခဲ့တာမဟုတ်ဘဲ ကော်မရှင်ဖွဲ့ပြီး လုပ်ခဲ့တာလို့ ပြောပါတယ်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်တာ ၂ ကြိမ် ရှိခဲ့ဖူးတယ်။ ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတာ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ်။ မဲရုံမှာ မဲပေးကြမယ်ဆိုပြီး မဲပုံး ထောင်ခိုင်းပြီး မဲပေးတာပါ။ အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့လည်း ကော်မရှင်ဖွဲ့ပြီးတော့ ကော်မရှင်ကနေ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုချလိုက်တာပဲ။ လူထုဆန္ဒခံယူခြင်းဆိုင်ရာဥပဒေဆိုတာ မရှိခဲ့ဖူးဘူး။ အခု ဒီဟာကတော့ နဲနဲထူးဆန်းတယ်။ သူတို့ စနစ်တကျလုပ်ချင်လို့ တင်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ရေးထားတဲ့စာသားတွေ မကြည့်ရသေးတဲ့ အခါကျတော့ စာသားအပေါ် ထင်မြင်ချက်ပေးလို့တော့ မရဘူးပေါ့။”

လတ်တလောကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပြီး နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လွှတ်တော်နာယက သူရဦးရွှေမန်းက နောင်နှစ် မေလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ဖို့ရှိတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ပြောထားပြီး ရက်ပိုင်း အတွင်း ဒီဥပဒေကြမ်း တင်သွင်းလာတာလည်း ဖြစ်ပါတယ်။

    DVB
မြန်မာပြည်ရဲ့ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက တင်သွင်းလိုက်ပါတယ်။

မဲနယ်တောင်တစ်ဝိုက် ဘိန်းစိုက်ခင်းများ ရက်အကန့်အသတ်မရှိ ဖျက်သွားမည်

Photo: မဲနယ်တောင်တစ်ဝိုက် ဘိန်းစိုက်ခင်းများ ရက်အကန့်အသတ်မရှိ ဖျက်သွားမည်
Thursday, November 20, 2014

ဟိုပုံးမြို့နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တစ်ကျောရှိ ဘိန်းစိုက်ခင်းများကို ရက်အကန့်အသတ်မရှိ ဖျက်ဆီးသွားမည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။

ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လုံဟေးကျေးရွာအုပ်စု၊ မဲနယ်တောင် တစ်ကျောရှိ ဘိန်းစိုက်ခင်းများအား ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်လုံခြုံရေး အဖွဲ့တို့နှင့်အခြား ပူးပေါင်း အဖွဲ့ဝင်များ နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ပထမအသုတ် ဘိန်းစိုက်ခင်း ဧက ၇၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း က ပြောသည်။

"ဘိန်းစိုက်တောင်သူတွေ ရှိတဲ့ကျေးရွာအုပ်စုတွေမှာ ကျွန်တော်တို့ဘက်က ဘိန်းစိုက်ပျိုးတဲ့ ရာသီမရောက်ခင်ကတည်းက တရားမဝင် ဘိန်းစိုက်ပျိုးမှုတွေကို မလုပ်ဆောင်ဖို့ ပညာပေးဟောပြောတာတွေ အစားထိုးသီးနှံ စိုက်ပျိုးဖို့တွေ တိုက်တွန်း လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လုံဟေးကျေးရွာအုပ်စု၊ မဲနယ်တောင် တစ်ဝိုက်ရှိ ဘိန်းစိုက်ခင်းများအား နိုဝင်ဘာ ၁၇ ရက်မှ စတင်ဖျက်ဆီးလျက်ရှိပြီး ဧက ၁၀၀ကျော် ဖျက်ဆီးထားပြီးဖြစ်ရာ ရက်အကန့်အသတ်မရှိ ဆက်လက်ဖျက်ဆီးသွားမည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်း က မဇ္ဈိမကိုပြောသည်။

"ဘိန်းစိုက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်၊ တစ်ချို့က စီးပွားဖြစ် စိုက်ပျိုးနေကြသလို တစ်ချို့က ဆင်းရဲနွမ်းပါးလို့ စိုက်ပျိုးနေကြတာပါ ” ဟု လုံဟေးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထီး က ပြောသည်။

ဘိန်းစိုက်ပျိုးမှု ပပျောက်ရန်အတွက် အဖွဲ့တစ်ခုတည်း ဆောင်ရွက်၍ မရဘဲအစိုးရ၊ ပြည်သူလူထု၊ နိုင်ငံတကာ၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားမှသာ ရရှိနိုင်မည်ဟု ၎င်းကပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုရှိသည့် အနက် တောင်ကြိုတောင်ကြားနှင့် ထိစပ်နေကြသည့် ကျေးရွာ အုပ်စု ၅ အုပ်စုခန့်သာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ်သည်ဟုလည်း ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု၏ စာရင်းမှတ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ်က ဟိုပုံးမြို့နယ် အတွင်းရှိ ဘိန်းစိုက်ခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင် ဘိန်းစိုက်ခင်း ဧက ၂၀၀၀ကျော် ရှိသည်ဟု ခန့်မှန်းထားရာ ယခင်နှစ်ထက် လျော့နည်းသွားသည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်းက ပြောသည်။

၂၀၁၃ခုနှစ်က မြန်မာနိုင်ငံတွင်  ဘိန်းခင်းအများစုကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဘိန်းခင်းဧက ၆ သောင်းခွဲကျော် ဖျက်ဆီးနိုင်ခဲ့သည် ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ခင်း ၂၆၆၀၀ ဟက်တာ (ဧက ၆ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဘိန်းစိုက်ခင်း ၁၈၄၀၀ ဟက်တာ (ဧက ၄ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ခင်း ၈၃၀၀ ဟက်တာ (ဧက ၂ သောင်းကျော်) စိုက်ပျိုးခဲ့ပြီး  ရှမ်းပြည်နယ်တစ်ခုလုံး၏ ဘိန်းစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမူ၏  ၉၂ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima - News in Burmese
ဟိုပုံးမြို့နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တစ်ကျောရှိ ဘိန်းစိုက်ခင်းများကို ရက် အကန့်အသတ်မရှိ ဖျက်ဆီးသွားမည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။

သင့်အလုပ်ကို ချစ်ခင်တွယ်တာလာစေဖို့ အထောက်အကူပြုမယ့် အချက်(၄)ချက်

Photo: သင့်အလုပ်ကို ချစ်ခင်တွယ်တာလာစေဖို့ အထောက်အကူပြုမယ့် အချက်(၄)ချက်
Thursday, November 20, 2014

ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ မငြီးငွေ့ပဲ ပျော်ရွှင်စွာ လုပ်ကိုင်နေတဲ့သူ ဘယ်နှစ်ယောက်များ ရှိပါသလဲ။ ခုလို အလုပ်မှာ မပျော်ရွှင်ပဲ ပိုက်ဆံတစ်ခုအတွက် လုပ်နေရတဲ့အခါ စိတ်ဆင်းရဲပြီး အလုပ်သွားလေလေ၊ သင့်ဘ၀က ပိုစိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်လာလေလေ ဆိုတာ မယုံမရှိပါနဲ့။ ဒီတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် သင့်ဘက်က ကြိုးစားကြည့်သင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။အလုပ်ချိန်အတွင်းမှာ ကိုယ့်အတွက် အချိန်နည်းနည်း ဖဲ့ယူလိုက်ပါ။

ရုံးရောက်တာနဲ့၊ ကုမ္ပဏီရောက်တာနဲ့ ကွန်ပျူတာရှေ့ထိုင်၊ ထမင်းစားချိန်ခဏကလွဲရင် ကွန်ပျူတာကိုပဲ မျက်နှာချင်းဆိုင်နေမယ့်အစား ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းဖဲ့ယူလိုက်ပါ။ ပြောချင်တာက ထမင်းစားချိန်မှာ အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ထမင်းတူတူ စားတာမျိုး၊ ကော်ဖီသောက်ချိန်မှာ ဘာမှမတွေးပဲ အေးဆေးကော်ဖီသောက်တာမျိုးလေးတွေ လုပ်ပေးပါ။ အလုပ်ဆင်းချိန်ဆိုရင်လည်း သူငယ်ချင်းနဲ့ တွေ့တာမျိုး၊ gym ဆော့တာမျိုး၊ လမ်းလေးနည်းနည်းလျှောက်ပေးတာမျိုး တစ်ခုခု လုပ်ပေးပါ။ ဒါသင့်နေထိုင်မှုပုံစံကို ပြောင်းလဲသွားစေမယ့် အရာပါပဲ။

၂။အလုပ်မှာရော၊ အပြင်မှာပါ သူငယ်ချင်းမိတ်ဆွေ ရှိပါစေ။

အလုပ်တွေ ပင်ပန်းတဲ့အခါ အိမ်ပြန်၊ ရေခဲမုန့်လေးစား၊ ဆိုဖာပေါ်ထိုင်ပြီး ဗီဒီယိုကားတွေပဲ လှိမ့်ကြည့်ဖြစ်နေတာလား။ ဒီလိုလုပ်နေတာမျိုးထက် သူငယ်ချင်းတွေနဲ့ စကားပြောဆို ရယ်မောလိုက်ခြင်းက သင့်စိတ်ထဲက ဖိစီးမှုတွေကို လျော့ကျသွားစေတာပါ။ ဖြစ်နိုင်မယ်ဆိုရင် သင့်အလုပ်မှာလည်း သူငယ်ချင်း မိတ်ဆွေဖွဲ့ထားပါ။ သူငယ်ချင်းနဲ့ အတူတူ အလုပ်လုပ်ရခြင်းဟာ သင့်အတွက် တစ်နေ့တာ အလုပ်ချိန်တွေ ကုန်လို့ ကုန်သွားမှန်းအောင် သိလိုက်မှာ မဟုတ်ပါဘူး။

၃။အလုပ်ကြိုးစားပါ။

ဒီအလုပ်ကြီးက စိတ်ပျက်စရာကောင်းတယ်။ မလုပ်ချင်တော့ဘူး ဆိုပြီး တစ်နေ့တစ်နေ့ ဖြစ်နေမယ့်အစား သင့်အလုပ်မှာ တက်ကြွစွာ ကြိုးစားလုပ်ဆောင်ကြည့်ပါ။ ထူးခြားတဲ့ အကျိုးကျေးဇူး၊ ရလာဒ်ကောင်းကို သင်ခံစားရပါလိမ့်မယ်။ ဒီအလုပ်က မဟုတ်ရင်တောင် ဒီအလုပ်နဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကြောင့် သင်တန်ပြန်ကောင်းကျိုးခံစားရမှာပါ။ ဒါဆို နောက်ထပ်အခွင့်အလမ်းကောင်းတွေ မပေါ်လာဘူးလို့ ဘယ်သူပြောနိုင်သလဲ။

၎။ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် လုပ်ပါ။

ကိုယ်က ဒဲ့ထိုးပြောတတ်တဲ့သူ၊ မဟုတ်မခံပြောဆိုတတ်တဲ့သူဆိုပေမယ့် ဒါတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ အသုံးမ၀င်လှပါဘူး။ ဒီတော့ အလုပ်ခွင်က လူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားကြည့်ပါ။ သင်အဆင်ပြေလာပါလိမ့်မယ်။

Ref:herworldplus.com
Trend Myanmar
ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ မငြီးငွေ့ပဲ ပျော်ရွှင်စွာ လုပ်ကိုင်နေတဲ့သူ ဘယ်နှစ်ယောက်များ ရှိပါသလဲ။ ခုလို အလုပ်မှာ မပျော်ရွှင်ပဲ ပိုက်ဆံတစ်ခုအတွက် လုပ်နေရတဲ့အခါ စိတ်ဆင်းရဲပြီး အလုပ်သွားလေလေ၊ သင့်ဘ၀က ပိုစိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်လာလေလေဆိုတာ မယုံမရှိပါနဲ့။ ဒီတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် သင့်ဘက်က ကြိုးစား ကြည့်သင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့

တပ်မတော်သားများသည် နိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ဟု တပ်မတော်သားကိုယ်စားလှယ် တုံ့ပြန်

တပ်မတော်သားများသည်လည်း နိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဒုတိယဗိုလ်မှူးကြီးငွေစိုးက ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Thursday, November 20, 2014

ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည်ဟု လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို process အတိုင်းသာ သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး ခေတ္တနားနေချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းချက် များအပေါ် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ဒေါ်စုက ''အခုဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်တာ ၂ဝ၁၅ ရွေး ကောက်ပွဲအပြီး နောက်အစိုးရတက် မှ အတည်ပြုမယ်လို့ပြောတယ်ဆို တာ process ကို ပြောတာပါ။ process ဆိုတာ အဲလိုပဲသွားရမှာပဲ လေ။

ဘာဖြစ်လို့လဲဆိုတော့ ဒီပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် တယ်ဆိုပါတော့။ ဒီပုဒ်မ ၄၃၆ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာ လျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ် လေ။ အဲဒီဟာတွေကျတော့ အချိန် အရရော ခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒီ process အရ တော့ လုပ်ရမှာပဲ။ ဥပဒေသဘော တရားအရ ဥပဒေပညာရှင်တွေကို မေးကြည့်ရင်ပိုကောင်းတယ်။ ပုဒ်မ ၅၉(စ) ပြင်ဖို့ဆိုတာကလဲ သူ့ပရော စက်နဲ့သူသွားရမယ်။ ပုဒ်မ၅၉(စ)မပြင်ခင် ၄၃၆ ကို ပြင်ရမယ်။ အဲလို သူ့အဆင့်နဲ့သူရှိတယ်။ အဲလိုလုပ် ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့က သဘာဝ ကျတယ်''ဟု ပြောသည်။

ယင်းမတိုင်မီ အမျိုးသားဒီမို ကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က သတင်းစာရှင်းလင်းပွဲတစ်ခု ၌လည်း တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တွင် တပ်မတော်၏ သဘောထား ပြောင်းလဲလာနိုင်သည်ဟု ပြောခဲ့ သည်ဆိုသော်လည်း လက်ရှိလွှတ် တော်ထဲတွင် ဆွေးနွေးသည့်အခါ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ဆိုသည်။

''အန်တီတို့ကတော့ ရှင်းရှင်း လေးပဲ။ အခုဒီမိုကရေစီလမ်းကြောင်း သွားတဲ့ဆီ ပိုပိုပြီး ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ ကိုက်ညီရမယ်။ ဒါပဲ အဲဒီတော့ အန်တီတို့လဲ ပြောပြီးပြီ။ တပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့ သဘောမတူတာက ဒီမို ကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးကိုက် ညီစေချင်တယ်။ တပ်မတော်ကို ဦး တည်ပြီးတော့ တပ်မတော်ကိုအပြစ် ရှာတဲ့ ပုံစံမျိုးမဟုတ်ဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် လိုသည်ဆိုခြင်း မှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက် ညီရမည်ဖြစ်ကြောင်း၊ မည်သို့ပင် ပြောစေ တပ်မတော်အား ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပေးထား သည့် ကဏ္ဍသည် ဒီမိုကရေစီစံနှုန်း နှင့် မကိုက်ညီကြောင်း၊ ယင်းအချက် ကို လူတိုင်းသိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ဖြည့်စွက်ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲ အပြီးနောက် အစိုးရတက်မှသာ အ တည်ပြုမည်ဟု ပြောနေခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုအမျိုးမျိုးရှိနေပြီး ယခုလွှတ် တော်သက်တမ်းအတွင်း ပြီးစီးမည် မဟုတ်ဟု ယခင်ကတည်းကပြောဆို ထားမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''အ စကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး က ၂ဝ၁၅ မတိုင်ခင် ပြီးနိုင်ချေမရှိဘူး ဆိုတာ စဉ်းစားပြီးသားပါ။ အခုတော့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကိုယ် တိုင် ဝန်ခံလာပြီဆိုတော့ ပိုပြီးသေ ချာသွားတာပေါ့။ အကယ်၍ပြီးနိုင်ခဲ့ မယ်ဆိုရင်လဲ ဒါကဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်ပဲ ဖြစ်နိုင်မှာပါ။ ဒီမိုက ရေစီ နည်းကျတာတော့ မဖြစ်နိုင်ပါ ဘူး။ အရေးကြီးဆုံးက ငြိမ်းချမ်းရေး ပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ထွက်လာတဲ့အချက်တွေကို ဖွဲ့စည်းပုံ ထဲမှာ ထည့်ရမှာပါ။ အဲဒါမပြီးဘဲဖွဲ့ စည်းပုံပြင်ပြီးဖို့ မဖြစ်နိုင်ပါဘူး''ဟု ယင်း အမြင်ကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

သို့သော် ၂ဝ၁၅ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင် ဆင်နိုင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်မှုများအပေါ် နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနေသည်မှာ မကြာသေးကြောင်း၊ ခေတ်ဟောင်းစနစ်ဟောင်းများကို ပြုပြင်ခြင်းအဆင့်သာရှိသေးပြီး မိမိ တို့ပါတီအနေဖြင့် ဖွဲ့စည်းပုံကို ရွေး ကောက်ပွဲအမီ ပြင်နိုင်သည်ဖြစ်စေ၊ မပြင်နိုင်သည်ဖြစ်စေ ဖြတ်သန်းသွား ရန်ရှိကြောင်း ဦးခင်မောင်ဆွေက ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အမျိုးသားပါတီဗဟိုကော် မတီဝင် ဦးအေးသာအောင်က ''နိုင်ငံ အပြောင်းအလဲတွေအတွက် ရှေ့ကို တက်ရမယ့်အချိန်မှာ ဖွဲ့စည်းပုံပြင် ရေး၊ မပြင်ရေးက သိပ်ကိုအရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကား ဖို့က ဖွဲ့စည်းအုပ်ချုပ်ပုံကောင်းမှဖြစ် မှာပါ။ ၂ဝဝ၈ကိုမကြိုက်ခဲ့လို့ ကျွန် တော်တို့က ၂ဝ၁ဝမှာ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ အားလုံးက ပြင်မယ် လို့ ပြောနေသလို ပြည်သူတွေကလဲ ပြင်ဖို့တောင်းနေတယ်။ ကျွန်တော် တို့ကလဲ ၂ဝ၁၅ မတိုင်ခင် ပြင်လိမ့် မယ်လို့ မျှော်လင့်ခဲ့တယ်။ အခုက လွှတ်တော်ဥက္ကဋ္ဌက ၂ဝ၁၅ ရွေး ကောက်ပွဲရလဒ်ကို ကြည့်ဦးမယ့် သဘောမှာရှိတယ်။ ဒါကြောင့် ပြည် သူတွေအတွက်လဲ အလားအလာ မကောင်းနိုင်ပါဘူး''ဟု ပြောသည်။

မိမိတို့၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်လိမ့်မည်ဟု မျှော်လင့် ကာ ပါတီသစ်မှတ်ပုံတင်ခဲ့ကြောင်း သို့သော် ယခုစဉ်းစားစရာဖြစ်လာ ကြောင်း၊ သို့သော် လွှတ်တော်တွင်း၌ ခေါင်းဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်တချို့မှ အင်တိုက် အားတိုက် လုပ်ဆောင်နေကြကြောင်း သို့သော် လွှတ်တော်တွင်း လုပ်ဆောင် ၍ မရရှိနိုင်သည့်အခြေအနေမျိုးကို တွေ့ရှိရသဖြင့် လွှတ်တော်ပြင်ပတွင် ပြန်လည်တောင်းဆိုရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဦးအေး သာအောင်က ဆိုသည်။

Yangon Media Group
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည်ဟု လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံ ဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို process အတိုင်းသာ သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

အိန္ဒိယ နိုင်ငံတွင် အမျိုးသား တစ်ဦးထံမှ အီဘိုလာ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အမျိုးသားတစ်ဦး အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ၄င်းအမျိုးသားအား အခြားသူများနှင့် သီးခြားခွဲ၍ ထားရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ခေါင်းဆောင်အား ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယားနား ပြည်နယ်တွင် ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် မာဟာရာဂျေကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နိုဝင်ဘာ ၁၈ ရက်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မယ့် ကမ္ဘာ့အရှည်ဆုံး Rollercoaster

Photo: ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မယ့် ကမ္ဘာ့အရှည်ဆုံး Rollercoaster
Thursday, November 20, 2014

အနိမ့်အမြင့် အတက်အကျတွေကို အသည်းတယားယားနဲ့ စီးရတာ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ ခုနှစ် Orlando Florida မှာ ဖွင့်လှစ်တော့မယ့် Skyplex အကြောင်း ပြောပြပေးချင်ပါတယ်။ Skyplex ဟာ အမြင့် ပေ ၅၇၀ ရှိမှာဖြစ်ပြီး ၎င်းအား စီးနင်းလိုက်ပါသူတွေကို အောက်ခြေမြေပြင်ဆီသို့ ၁ နာရီ ၆၅ မိုင်နှုန်း တွန်းပို့ပေးမှာဖြစ်ပါတယ်။

ဒေါ်လာ ၂၀၀ မီလီယံ (၁၃၀ မီလီယံ ယူရို) အကုန်ကျခံ တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးရဲ့ ထိပ်မှာ စားသောက်ဆိုင်တစ်ဆိုင်နဲ့ ပတ်ဝန်းကျင်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်မယ့်နေရာတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီ Rollercoaster လိုမျိုး ကမ္ဘာပေါ်မှာ  နှစ်ခုမရှိဘူးလို့ American Coaster Enthusiast fan club က Chris Kraftchick က ပြောဆိုခဲ့ပါတယ်။

သည်းထိပ်ရင်ဖို့ စွန့်စားလုပ်ဆောင်ရတာ ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။

Source: Metro
Trend Myanamr
အနိမ့်အမြင့် အတက်အကျတွေကို အသည်းတယားယားနဲ့ စီးရတာ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ ခုနှစ် Orlando Florida မှာ ဖွင့်လှစ်တော့မယ့် Skyplex အကြောင်း ပြောပြပေးချင်ပါတယ်။ Skyplex ဟာ အမြင့် ပေ ၅၇၀ ရှိမှာဖြစ်ပြီး ၎င်းအား စီးနင်းလိုက်ပါသူတွေကို အောက်ခြေမြေပြင်ဆီသို့ ၁ နာရီ ၆၅ မိုင်နှုန်း တွန်းပို့ပေးမှာဖြစ်ပါတယ်။

IS အုပ်စုများ အီဂျစ်နယ်စပ်ရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ကို စတင်သိမ်းပိုက်

Photo: IS အုပ်စုများ အီဂျစ်နယ်စပ်ရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ကို စတင်သိမ်းပိုက်
Thursday, November 20, 2014

အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသော အစွန်းရောက် အကြမ်းဖက်အုပ်စု ဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့မှ လက်နက်ကိုင်များသည် ယခုအခါ အီဂျစ်နယ်စပ် ဒေသအနီးရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော ဒါနာကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ယခု IS အုပ်စုတို့ သိမ်းပိုက်လိုက်သည့် မြို့မှာ လစ်ဗျား ဗဟိုအစိုးရအဖွဲ့ ယခင်က ရုံးစိုက်ခဲ့သော တိုဘာ့မြို့နှင့် အနည်းငယ်မျှ ကွာဝေးသည့် နေရာတွင် တည်ရှိသည်။

လတ်တလော လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်မငြိမ်မှုများကို IS အုပ်စုက အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခု ဒါနာမြို့ကို သိမ်းပိုက်ထားသော IS အုပ်စု အင်အား ၈၀၀ ခန့် ရှိပြီး ယင်းအနက် ၃၀၀ ခန့်မှာ လစ်ဗျားနိုင်ငံမှ ဂျီဟတ်ဝါဒီများ ဖြစ်ကာ ၎င်းတို့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အုပ်စုတို့နှင့် ပူးတွဲတိုက်ခိုက်ခဲ့သော လက်နက်ကိုင်များ ဖြစ်သည်။

IS အုပ်စု ခေါင်းဆောင် အဘူဘာ ကာအယ်ဘာဒီဒီက လစ်ဗျားစစ်သွေးကြွများ အပါအဝင် အခြားသော တပ်ဖွဲ့ဝင်သစ်များသည် မိမိတို့အဖွဲ့နှင့် လာရောက် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ပြီးခဲ့သည့် သတင်းပတ်အတွင်း အသံဖိုင်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုနောက်ဆုံး IS တို့ သိမ်းပိုက် ရယူထားသည့် ဒါနာမြို့တွင် လူပေါင်း ၁၀၀၀၀၀ ခန့် နေထိုင်လျက် ရှိပြီး အီဂျစ်နိုင်ငံ နယ်စပ်ဒေသနှင့် များစွာ မဝေးကွာဘဲ ဥရောပသမဂ္ဂတောင်ပိုင်း ကမ်းခြေဒေသများနှင့် မိုင် ၂၀၀ ခန့်သာ ကွာဝေးသည်။

လစ်ဗျားရှိ သတင်းရင်းမြစ်များ အဆိုအရ ဒါနာမြို့ရှိ IS အုပ်စုသည် ဆင်ခြေဖုံး ဒေသများတွင် စခန်းများ ဖွင့်လှစ်ထားပြီး စစ်ရေး လေ့ကျင့်သင်ကြားမှုများလည်း လုပ်ဆောင်လျက် ရှိကြောင်း၊ အဆိုပါအဖွဲ့မှ တိုက်ခိုက်ရေးသမား ၃၀၀ ခန့်သည် IS အုပ်စု လိုလားသည့် ဒါနာအခြေစိုက် လူငယ်အစ္စလာမ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ အုပ်စုသည် လစ်ဗျားရှိ အယ်လ်ကေဒါ သစ္စာတော်ခံ အုပ်စုဖြစ်သော အဘူဆယ်လမ် အမည်ရ စစ်သွေးကြွအုပ်စုနှင့်အတူ သြဇာလွှမ်းမိုးရန် ယှဉ်ပြိုင်ကြိုးပမ်းနေရသည်ဟု ယခင် လစ်ဗျား ဂျီဟတ် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ တန်ပြန်အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လစ်ဗျားရဲ့ နိုင်ငံရေး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး IS အုပ်စုတွေက သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံတော် နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ၎င်းကဆိုသည်။

လစ်ဗျားနိုင်ငံသည် အာဏာရှင် သမ္မတ မွမ်မာကဒါဖီ ကျဆုံးသွားသည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မတည်မငြိမ်မှုများနှင့် ရင်ဆိုင်နေရသလို လက်ရှိ အစိုးရမှာလည်း ပြည်တွင်း၌ ထကြွသောင်းကျန်းလျက် ရှိသည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသော အစွန်းရောက် အကြမ်းဖက်အုပ်စု ဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့မှ လက်နက်ကိုင်များသည် ယခုအခါ အီဂျစ်နယ်စပ် ဒေသအနီးရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော ဒါနာကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာန က ရေးသား ဖော်ပြသည်။