Monday, 17 November 2014

အရှိန်မထိန်းနိုင်သော ထရပ်ကား ဓမ္မာရုံအတွင်း ဝင်တိုက် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အင်းစိန်မြို့ နယ် ပြည်တော်သာကွေ့အနီးရှိ ဓမ္မာ ရုံအတွင်းသို့ နိုဝင်ဘာ ၁၆ရက်က ထရပ်ကားတစ်စီး အရှိန်လွန်ကာ ဝင်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်း ပြီးသေဆုံးကာ နှစ်ဦးမှာ ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၅နာရီခန့် တွင် ယာဉ်မောင်းလှိုင်ထွန်း မောင်း နှင်လာသော နစ်ဆန်းယူဒီထရပ်ကား (အဖြူအဝါကြား)သည် ဘုရင့်နောင် လမ်းမကြီးအတိုင်း ပေါက်တောဝ ဘက်သို့ မောင်းနှင်လာစဉ် အင်းစိန် မြို့နယ် ပြည်တော်သာကွေ့ အရောက် အရှိန်လွန်ကာ ပေါက်တောဝရွှေစိန် အေးစေတီတော်အနီးရှိ ဓမ္မာရုံအ တွင်းသို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

မြေငလျင်သတင်း

(၁၇-၁၁-၂၀၁၄)ရက် မြန်မာစံတော်ချိန် နံနက် (၁၁း၀၄း၁၃)နာရီ အချိန်တွင်မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်တောင်ယွန်းယွန်းဖက် ၄၉ ကီလိုမီတာ (မိုင် ၃၀ ခန့်)အကွာ ပြည်တွင်း တစ်နေရာကို ဗဟိုပြုလျက် အင်အား (၅.၄)အားအသင့်အတင့်ရှိ တဲ့မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရှိ USGS မှ တိုင်းတာရရှိခဲ့ပါတယ်။

ဘန်ကီမွန်းကို ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင် ဆန္ဒပြမည်

မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည် ဆိုသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ရခိုင်လူမှုအဖွဲ့အစည်းများက စစ်တွေမြို့၌ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

ယင်းသို့ သုံးနှုန်းပြောဆိုမှုကို ကန့်ကွက်သည့်အနေနှင့် ဘန်ကီမွန်းဆီကိုပါ ဆန္ဒပြသည့်နေ့တွင် ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုမည်ဟု ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ စသည့် အဖွဲ့ပေါင်း ၄၀ ကျော်မှ လူပေါင်း ၂၀၀ ကျော် အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

အိုဘားမားသည် စစ်ရေးဘက်တွင်စီမံခန့်ခွဲမှု မရှိသလောက် နည်းဟု အမေရိကန်အရာရှိကြီးဟောင်းနှစ်ဦးက ဝေဖန်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် စစ်တပ်နှင့်ပတ် သက်၍ စီမံခန့်ခွဲမှု မရှိသလောက် နည်းဟု လီယွန်ပန်နက်တာနှင့် ရောဘတ်ဂိတ်စ်တို့က ဝေဖန်လိုက် ကြောင်း သိရ၏။

လွန်ခဲ့သော ၂၅ နှစ်မှ နှစ် ၃ဝ အတွင်း အိမ်ဖြူတော်တွင်းအာဏာ ကို ဗဟိုကချုပ်ကိုင်ထားခဲ့သည်ဟု ရော်နယ်ရီဂင်သမ္မတဖောင်ဒေးရှင်း တွင် အဖွဲ့တစ်ဖွဲ့က ဆွေးနွေးစဉ် ပန်နက်တာက ဆိုသည်။

အိမ်ဖြူတော်တွင် အာဏာကို ဗဟိုက ချုပ်ကိုင်ထားသောကြောင့် အသံအနည်းငယ်မျှကိုသာ ကြားရ တော့သည်ဟု ပန်နက်တာနှင့်ရော ဘတ်ဂိတ်စ်တို့က ဆိုသည်။ သင်အိမ် ဖြူတော်သို့ ရောက်သောအချိန်တွင် ဘာလုပ်သင့်သည်ဆိုသည်ကို အိမ် ဖြူတော်ဝန်ထမ်းက ဆုံးဖြတ်ပြီးဖြစ် သည်ဟု ပန်နက်တာက ဆိုသည်။ အိုဘားမားအစိုးရဟူ၍ကား အမည် နာမကို အသုံးမပြုဘဲ ထားသည်။

ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စာတိုက်က ပါဆယ်ထုတ်တွေကို ကိုင်တွယ်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီက လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပါဝင်တဲ့ ပါဆယ်ထုတ် တစ်ထုတ်ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ ပါဆယ်ထုတ်ထဲမှာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး အဲဒီပါဆယ်ထုတ်က အမေရိကန်နိုင်ငံဆီ ပို့ဆောင်မယ့် အထုတ်ဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ့ ခေါင်း၊ ခြေချောင်းနဲ့ ဆေးမင်ကြောင် ထိုးထားတဲ့ လူကြီး တစ်ယောက်ရဲ့ အရေပြားတွေကို အထုတ်ထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အိုင်အက်စ် အဖွဲ့တွေ အ၀ိုင်းခံထားရသည့် ခိုဘာနီမြို့တိုက်ပွဲများ ငြိမ်သက်

Photo: အိုင်အက်စ် အဖွဲ့တွေ အ၀ိုင်းခံထားရသည့် ခိုဘာနီမြို့တိုက်ပွဲများ ငြိမ်သက်
Monday, November 17, 2014

အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အဝိုင်းခံထားရတဲ့ ဆီးရီးယား နယ်စပ်မြို့ ခိုဘာနီ ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ငြိမ်သက်နေ ပါတယ်။ခိုဘာနီဟာ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကိုဟန့်တားဖို့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းတပ်တွေ ရဲ့ စွမ်းရည်ကို စမ်းသပ်မှု ဖြစ်လာနေပါတယ်။

၂ လကြာ ဝန်းရံမှုအတွင်း အိုင်အက်စ်တွေက လက်နက်လူသူ စစ်ကူတွေ ရနေပါတယ်။ လတ်တလောရက်တွေအတွင်း အမေရိကန်လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်ကနေ အိုင်အက်စ်တွေရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိမှန် ခဲ့ပြီးပါပြီ။

စစ်သွေးကြွတွေဟာ အယ်လ်ကေဒါနဲ့ ချိတ်ဆက်ထားတဲ့ ခိုရာစံအုပ်စုတွေနဲ့အတူ ရှိနေတယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းဌာနချုပ်က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။

အမေရိကန်ဦးဆောင်တပ်တွေက လေကြောင်းတိုက်ခိုက်မှု သီတင်းပတ်တွေနဲ့ချီ ကြာပေမယ့် စစ်သွေးကြွတွေရဲ့ ခြေကုပ်ကို မချိုးဖောက်နိုင်သေးပါဘူး။

အမေရိကန်က ကြိုဆိုတဲ့ အီရတ်က ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်တွေရောက်လာမှာကို ဆီးရီးယားက ကာ့ဒ်တပ်တွေက မျှော်လင့်နေပါတယ်။

ပဲ့ရှ်မာဂါတပ်တွေက ကိုဘာနီမြို့က တပ်တွေကို ကူညီပြီး ရွာတချို့ကို ပြန်ထိန်းချုပ်နိုင်အောင် ကူညီခဲ့ပေမယ့် မြို့တွင်းထိန်းချုပ်ရေး မျဉ်းတွေ အနားကိုတော့ မရောက်သေးပါဘူး။

DVB TV NEWS
အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အဝိုင်းခံထားရတဲ့ ဆီးရီးယား နယ်စပ်မြို့ ခိုဘာနီ ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ငြိမ်သက်နေ ပါတယ်။ခိုဘာနီဟာ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကိုဟန့်တားဖို့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းတပ်တွေ ရဲ့ စွမ်းရည်ကို စမ်းသပ်မှု ဖြစ်လာနေပါတယ်။

၂ လကြာ ဝန်းရံမှုအတွင်း အိုင်အက်စ်တွေက လက်နက်လူသူ စစ်ကူတွေ ရနေပါတယ်။ လတ်တလောရက်တွေအတွင်း အမေရိကန်လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်ကနေ အိုင်အက်စ်တွေရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိမှန် ခဲ့ပြီးပါပြီ။

အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်သတ်မှတ်ရန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ

Photo: အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်သတ်မှတ်ရန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
Monday, November 17, 2014

အနည်းဆုံး အခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်သမား ၅၀၀ ခန့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်သားများ စု ပေါင်းပြီး အနည်းဆုံးအခကြေးငွေ နှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို သည့် ဆန္ဒပြပွဲတွင် အလုပ်သမား ဦးရေ ၁,၅၀၀ ပါဝင်မည့်ဟု ခွင့်ပြု ချက်တောင်းခံထားသော်လည်း ဆန္ဒပြပွဲတွင် လူငါးရာကျော်သာ လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံငါးရုံခန့်မှ လုပ်သားငါးရာ ခန့် ပါဝင်ခဲ့ပြီး ဆန္ဒပြတောင်းဆို မှုကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ လှိုင်သာယာအောက်ထိပ်မှတ် တိုင်မှ အောင်မြေသာယာဘုရား အနီး မြို့နယ်အားကစားကွင်း အထိ ချီတက်ဆန္ဒပြတောင်းဆို ခဲ့သည်။

‘‘တချို့အလုပ်သမားတွေက သူတို့စက်ရုံတွေမှာ ဆန္ဒပြကြလို့ ပင်ပန်းပြီး မလိုက်နိုင်တာနဲ့ တချို့ က စက်ရုံမပိတ်လို့ မလာနိုင်ကြ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ တို့ကတော့ ရှိတဲ့သူနဲ့ပဲ မဖြစ် ဖြစ်အောင် ဆန္ဒဖော်ထုတ်ကြမှာ ပါ’’ဟု ဆန္ဒပြပွဲတွင် လိုက်ပါ တောင်းဆိုသည့် Gallent Ocean အအေးစက်ရုံမှ အလုပ်သမား မလှလှက ပြောသည်။

ယင်းကဲ့သို့ အနည်းဆုံး အခ ကြေးငွေနှုန်းထား ထွက်ရှိမှုအပေါ် အလုပ်သမားများ စိတ်ဝင်စားမှု နည်းပါးလာရခြင်းနှင့် ပတ်သက် ၍ ဆန္ဒပြပွဲတွင် လိုက်ပါဆောင် ရွက်သော အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ‘‘အခုလို အချိန်ကြန့်ကြာနေတဲ့ အပေါ် အလုပ်သမားတွေကတော့ ယုံကြည်မှု မရှိကြတော့တာ။ ရွေး ကောက်ပွဲနီးမှ လုပ်ပေးဖို့ များ တယ်။ အခုချိန်ကတော့ အချိန်ဆွဲ ထားတာပေါ့။ အခုဆိုရင် ၀န် ထမ်းတွေပဲ လစာနှစ်ကြိမ်တိုးနေ ပြီ။ နောက်တတိယအကြိမ် ထပ် တိုးဖို့ လွှတ်တော်က အတည်ပြု ပြီးပြီဆိုတော့ ကျွန်တော်တို့ အ လုပ်သမားတွေကိုလည်း အမြန် ဆုံးသတ်မှတ်ပေးဖို့ လိုအပ်နေပြီး လို့ သုံးသပ်လို့ ဆန္ဒဖော်ထုတ်ခဲ့ တာပါ’’ ဟု ဆိုသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားအပါအ၀င် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ပြင် ဆင်သည့် ဥပဒေအရ တနင်္ဂနွေ ပိတ်ရက်များအတွက် လုပ်ခလ စာရရှိရေး၊ အလုပ်ရှင်က အလုပ် သမားများအား တစ်ဖက်သတ် အလုပ်ထုတ်မှု ရပ်ဆိုင်းပေးရေး၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်ကို မလိုက်နာသည့် အလုပ် ရှင်များအား ထောင်ဒဏ်ချမှတ် သည့် ဥပဒေပြင်ဆင်ပေးရေးနှင့် အလုပ်သမားများ သွေးစည်းညီ ညွတ်ရေး၊ လွတ်လပ်သည့် အ လုပ်သမား အဖွဲ့အစည်းပေါ် ပေါက်ရေး၊ အဂတိလိုက်စားမှု ပပျောက်ပြီး တရားဥပဒေစိုးမိုး ရေး စသည့်အချက်ခြောက်ချက် ကို တောင်းဆိုခဲ့သည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်စဉ် (ဓာတ်ပုံ - အေးမြတ်သူ)
7Day Daily
အနည်းဆုံး အခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်သမား ၅၀၀ ခန့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်သားများ စု ပေါင်းပြီး အနည်းဆုံးအခကြေးငွေ နှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို သည့် ဆန္ဒပြပွဲတွင် အလုပ်သမား ဦးရေ ၁,၅၀၀ ပါဝင်မည့်ဟု ခွင့်ပြု ချက်တောင်းခံထားသော်လည်း ဆန္ဒပြပွဲတွင် လူငါးရာကျော်သာ လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

သမ္မတက စစ်ကိုင်းတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အား ရာထူးမှ အနားယူခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြု လိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။

တပ်မတော် ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက်လာတော့မည်


တပ်မတော် ဆေးတက္က သိုလ် နောက်ပိုင်း အပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မ တော်တွင် ဆရာဝန်အဖြစ် တာ ၀န်ထမ်းဆောင်နေသော ဆေး ပညာမဟာဘွဲ့ တက်ခွင့်မရသည့် ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

‘‘စစ်ဆေးရုံတွေမှာ လူနာက မရှိသလောက်နဲ့ သွားတော့ ဆေး သိပ်မကုရဘူး။ ဒါကြောင့် ထွက် ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေ ကို ပို့မယ်လို့ ပြောတယ်။ အပတ် စဉ်က (၇) လောက်ကနေဆိုတော့ လူက မနည်းဘူး’’ ဟု တပ်မတော် စစ်ဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီး တစ်ဦးက ပြောသည်။

အကြမ်းဖက်သမား လေးဦးစလုံး ဖမ်းဆီးမိပြီဟု ဆို

ရဲတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည့် အကြမ်းဖက် သမား လေးဦးစလုံး ဖမ်းဆီးထား နိုင်ပြီး နေပြည်တော်၏ ကွပ်ကဲမှု ဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Sunday, 16 November 2014

MPT ဖုန်းဘီလ် အများအပြား ဖြတ်တောက်ခံရလျှင် Call Center သို့ အကြောင်းကြားနိုင်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ပြီး ဖုန်းအလုံးရေ တစ် ရာကျော်ခန့်အား ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ဘီလ်အများအ ပြား ဖြတ်တောက်ခံခဲ့ရပါက Call Center သို့ အကြောင်းကြားနိုင် ကြောင်း သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ နှစ်ရက်လောက်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်သွားတာပါ။ ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှု ဖြစ်ပေါ်ခဲ့တဲ့ လူတွေအနေနဲ့ ဖြစ်တဲ့နံပါတ်နဲ့ Call Center ကို အကြောင်းကြား နိုင်ပါတယ်။ System မှားယွင်းမှု ကြောင့် ဖြစ်ခဲ့တဲ့ နံပါတ်တွေဆို ရင် ဘီလ်ပြန်ထည့်ပေးတာမျိုး အထိ လုပ်ပေးသွားဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ တတိယနေ့အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကြေးသွန်းဘုရား ရှေ့ကနေ မနက် ၁၀ နာရီခွဲက စတင်ကာ ရွှေတိဂုံဘုရားဆီ ဆန္ဒပြ ချီတက်နေကြပါတယ်။

အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပေဒကို မကျေနပ်လို့ သပိတ်မှောက်ပြီး ကျောင်းသားတွေ ဆန္ဒပြနေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ ဖြစ်ပါတယ်။

ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ အစည်းအဝေးလုပ်မည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတိုက်တွင် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၅၀ ခန့်ကို ဖိတ်ကြားထားကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

သမ္မတဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေးတွင် ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေး

ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။

နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ထရီလီယံရှိကာ တိုးတက်မှုနှုန်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီနိုင်ရန် အမေရိကန်က ငြိမ်းချမ်းရေး အစီအစဉ်စတင်

မြန်မာ့ပြုပြင်ပြောင်းလဲ ရေးတွင် အောက်ခြေအထိ နား လည်သဘောပေါက်၍ နက်နက် ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန် မာပြည်ငြိမ်းချမ်းရေးအစီအစဉ် (Peace Crops) ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်ကို နိုဝင် ဘာ ၁၃ ရက်ကကျင်းပခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးများအားလုံး ပြီးဆုံးချိန် သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ မတွေ့ဆုံမီ ကြေညာခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

Friday, 14 November 2014

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်

နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီး စဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက် ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာ စေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြောက်ပိုင်းတိုင်းရှိ ရှေ့တန်းစခန်းတွင် ဘန်ကာငါးလုံးတည်ဆောက်ခွင့်ပြုရန် ကာကွယ်ရေးဒုဝန်ကြီးပြော

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရှေ့တန်းစစ်မြေပြင်စခန်း သုံးခုတွင် ဘန်ကာ ငါးလုံးတည်ဆောက်ရန် လွှတ်တော်မှ ခွင့်ပြုပေးပါက ရှေ့တန်းရောက်တပ်မတော်သားများအနေဖြင့် အလွန် ပင်ဝမ်း မြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီးက ပြောသည်။

လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု

လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့် နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။

နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။

အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပြင် ဆင်ရန် မြန်မာ အစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။

ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။