Thursday, 13 November 2014

ဒေါ်လာဈေးတက်ပေးမယ့် ကုန်ဈေးနှုန်း လိုက် မတက်အောင် ဗဟိုဘဏ်က ထိန်းချူပ်နေ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို မြန်မာငွေတစ်ထောင်ကျော် ဈေးပေါက်ပြီး ဒေါ်လာဈေး တက်လာခဲ့တာမှာ အဆမတန် ထိုးတက် မသွားဖို့ ဗဟိုဘဏ်က ထိန်းချူပ် နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ လက်နက်ဖြုတ်သိမ်းရန် သမ္မတ သဘောတူ

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ အပစ်အခတ် ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်သည့် လက်နက် ဖြုတ်သိမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ များကို နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ ပြုလုပ်ရန်အတွက် သမ္မတ ဦးသိန်းစိန်က သဘောတူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် နိုင်ဟံသာက“ငြိမ်းချမ်းရေးဆွေးနွေးမှုက လမ်းစ ပျောက် နေတာက လမ်းစတခု တွေ့တာပေါ့။ သဘောထားကလည်း အစိုးရပိုင်း သမ္မတနဲ့ ဦးအောင်မင်းတို့ပဲ သဘောထားပေါ့။ ဒီကိစ္စကတော့ တပ်သဘောထား မပါဘူး။ သမ္မတ က ဒီသဘောရှိလာတော့ သူတို့ ကာလုံအစည်းအဝေးမှာ သူက ဒီကိစ္စကိုထည့် သွင်း ညှိမယ့် သဘောရှိတယ်”ဟု ပြောသည်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်သို့ရောက်ရှိပြီး အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ၏ ညစာစားပွဲ တက်ရောက်

Photo: အမေရိကန်သမ္မတ ဘားရတ်အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်သို့ရောက်ရှိပြီး အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ၏ ညစာစားပွဲ တက်ရောက် 
Thursday, November 13, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး  နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၃၆ မိနစ်ခန့်တွင် နေပြည် တော်သို့ ရောက်ရှိ ခဲ့သည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ တွင် ပြုလုပ်ခဲ့သော အာရှ-ပစိဖိတ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက် ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး  နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်မည့် အာဆီယံ၊ အရှေ့အာရှ ခေါင်းဆောင်များအပါအဝင် အာဆီယံဆွေး နွေးဖက်နိုင်ငံများ၏ ညစာစားပွဲကို နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၃ဝ မိနစ်က နေပြည် တော်ရှိMICCခန်းမ၌ ပြုလုပ်ခဲ့ပြီး ထိုညစာ စားပွဲသို့ အမေရိကန်သမ္မတအိုဘားမားတက် ရောက်ခဲ့သည်။

ညစာစားပွဲတွင် သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် ဘေးချင်းကပ်ထိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန် နှင့် သမ္မတအိုဘားမားအကြားတွင် ဒေါ်ခင် ခင်ဝင်းက ထိုင်ခဲ့ခြင်းဖြစ်သည်။

ညစာစားပွဲ၌ သမ္မတဦးသိန်းစိန်ကဂုဏ် ပြုစကားပြောကြားခဲ့ပြီး အာဆီယံအလှည့် ကျဥက္က| တာဝန်ယူထားချိန်လုပ်ဆောင်ခဲ့ သည်များကို ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ ဒီနှစ်မှာအာဆီယံဥက္က|  တာဝန်ယူရတာကို အထူးပင် ဂုဏ်ယူပါတယ်။ ဒီနှစ်အတွင်းမှာ အာဆီယံအသိုင်းအဝန်းထူ ထောင်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည် ငြိမ်ရေးဆက်လက်ထိန်းသိမ်းရေးနဲ့ အာဆီ ယံမိတ်ဖက်နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တွေ ပိုခိုင်မြဲလာစေရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံအ လှည့်ကျဥက္က| တာဝန်ယူထားချိန်၌ လုပ်ငန်း စဉ်အသီးသီး အောင်မြင်စေရေးအတွက် ကူ ညီခဲ့သူများကို ကျေးဇူး တင်ကြောင်း ပြော ကြားခဲ့သည်။

“မြန်မာနိုင်ငံက အာဆီယံဥက္က|တာဝန် ယူစဉ်မှာ လုပ်ငန်းစဉ်အသီးသီး အောင်မြင် ချောမွေ့ရေးအတွက် လက်တွဲဆောင်ရွက်ခဲ့ ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေး ဖက်နိုင်ငံများအားလုံးကိုပါ အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အာဆီယံလုပ်ငန်းစဉ်တွေ ပိုမို တိုးတက်ရေး၊ ဆွေးနွေးဖက်မိတ်ဆက်များနဲ့ ဆက်ဆံရေးတွေ ပိုမိုမြင့်တက်ရေးနဲ့  ကမ္ဘာ့ အသိုင်းအဝန်းမှာ အာဆီယံအသိုက်အဝန်း ကြီး အောင်မြင်စွာ ရှင်သန်ရပ်တည်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

သမ္မတအိုဘားမားသည် နေပြည်တော် သို့ရောက်ရှိစဉ် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာMICC ခန်းမ အနီးရှိ Kempinski  ဟိုတယ်၌ တည်းခိုခဲ့ကာ နေပြည်တော်သို့ ရောက်ရှိအပြီး မိနစ်ပိုင်း အတွင်းမှာပင်MICCခန်းမ၌သမ္မတဦးသိန်း စိန်တည်ခင်းသော  အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ၏ ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

 နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည့်  (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေး  နွေးပွဲ၊ ဒုတိယအကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီးဆွေးနွေးပွဲများသို့  သမ္မတအိုဘားမား တက်ရောက်မည်ဖြစ်ကာ ထိုနေ့မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော် အမတ်အချို့နှင့် သီးခြားစီတွေ့ဆုံရန် အစီ အစဉ်ရှိကြောင်း သိရသည်။ ၎င်းသည် နိုဝင် ဘာ ၁၄ ရက် နံနက် ၈ နာရီအချိန်တွင် နေ ပြည်တော်မှထွက်ခွာပြီး ရန်ကုန်မြို့သို့ဆက် လက်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့၌ သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်အရှေ့  တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရန်ကုန်ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံမှတစ်ဆင့် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာပြီး နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တွင် ပြုလုပ်မည့်G 20 ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ကာ နေပြည်တော်သို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း  မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိချိန်က ရန်ကုန်မြို့၌သာနေထိုင်ခဲ့ပြီး သမ္မတဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြား စီတွေ့ဆုံခဲ့ကာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင်မိန့်ခွန်းပြောကြားခဲ့သည်။

Eleven Media Group
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၃၆ မိနစ်ခန့်တွင် နေပြည် တော်သို့ ရောက်ရှိ ခဲ့သည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ တွင် ပြုလုပ်ခဲ့သော အာရှ-ပစိဖိတ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက် ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်မည့် အာဆီယံ၊ အရှေ့အာရှ ခေါင်းဆောင်များအပါအဝင် အာဆီယံဆွေး နွေးဖက်နိုင်ငံများ၏ ညစာစားပွဲကို နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၃ဝ မိနစ်က နေပြည် တော်ရှိMICCခန်းမ၌ ပြုလုပ်ခဲ့ပြီး ထိုညစာ စားပွဲသို့ အမေရိကန် သမ္မတအိုဘားမားတက် ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် အချက်သုံးချက်ကို ပြောကြားခဲ့သည် ဒုတိယအချက်အနေဖြင့် မြန်မာ့အရေးကို ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုရေးအတွက် မှတ်ကျောက်အတင်ခံမယ့်အချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သင့်ပါတယ်။ 

(၂၅) ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး မလေးရှားကိုယ်စားလှယ်အဖွဲ့ အချိန်မီရောက်မလာ၍ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ အစည်းအဝေး စတင်ခဲ့ရ

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးမျက် နှာစုံညီအစည်းအဝေးစတင်ချိန်တွင် မလေး ရှား ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ အချိန်မီရောက် မလာသောကြောင့် ၁၅ မိနစ်ခန့်စောင့် ဆိုင်းပြီးမှ အစည်းအဝေး စတင် ခဲ့ရကြောင်း သိရသည်။ 

မူလက အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီအချိန်တွင် စတင်ရန် စီစဉ်ထားပြီး အစည်းအဝေးတက်မည့် အာဆီ ယံခေါင်းဆောင် အားလုံး အစည်းအဝေးခန်း အတွင်း ရောက်ရှိနေရာ ယူပြီးချိန်အထိ မလေး ရှားကိုယ်စားလှယ်အဖွဲ့ ရောက်မလာသော ကြောင့် ရောက်ရှိလာချိန်အထိ စောင့် ဆိုင်းပြီး မှ စတင်ခဲ့ရခြင်း ဖြစ်သည်။

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်

Photo: အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်
Thursday, November 13, 2014

 အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အိုဘားမား ပြန်ရောက်လာ ချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုံ့နှေးရပ်ဆိုင်းနေခြင်းကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပြ ဝေဖန်လျက်ရှိကြသည်။ နေပြည်တော်သို့ ရောက်ရှိပြီးနောက် သမ္မတဦးသိန်းစိန်တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင်ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။

7 Day Daily

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များအား နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ဧည့်ခံသည့် ညစာစားပွဲတွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာ ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Wednesday, 12 November 2014

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

Photo: MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို
Wednesday, November 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

ပြည်တွင်းသို့ RSO ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိနေဟု သတင်းထွက်ပေါ်မှုမှာ စိုးရိမ်စရာမရှိကြောင်း ရဲဌာနချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိ နေသည့် သတင်းထွက်ပေါ်နေမှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက် ထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေး သမားလေးဦးကို အမြန်ဆုံးဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံး ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

နေပြည်တော် အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် အစောဆုံးရောက်ရှိခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညဥ့်ဦးပိုင်းတွင် ရောက်ရှိမည်

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် နိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော်သို့ အစောဆုံးရောက်ရှိ လာခဲ့ သည်။

ဝန်ကြီးချုပ်ဟွန်ဆန်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Tuesday, 11 November 2014

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်

Photo: အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်
Tuesday, November 11, 2014

နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှုစုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily
နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဖြေလွှာများ ဖောက်ထွင်းခံရမှု တစ်လကျော်ကြာချိန်အထိ ဖမ်းမိခြင်း မရှိသေး

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် နည်းပညာတက္က သိုလ်တွင် စက်တင်ဘာ ၁၈ ရက် နေ့က စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူဖျက်ဆီးသူကို အမှုဖြစ်ပွားပြီး တစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း ကလေးမြို့ မှုခင်းတပ်ဖွဲ့ ခွဲမှသတင်းရရှိသည်

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

ဧည့်စာရင်းစစ်ရာတွင် နိုင်ငံခြားသားများက မချေမငံပြောဆိုဆက်ဆံဟုဆို

ယခုရက်ပိုင်းတွင် ဧည့် စာရင်းများလိုက်လံစစ်ဆေးသည့် အခါ၌ နိုင်ငံခြာသားအချို့က စစ်ဆေး သည်ကို ရိုင်းပျစွာဆက် ဆံမှုများရှိပြီး ကိုရီးယားလူမျိုးများ မှာ အဆိုးဆုံးဖြစ်သည်ဟု လှိုင် မြို့နယ်မှမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးဦးမြတ်ယုက ပြော ကြားသည်။

‘‘ကျွန်တော်တို့မြို့နယ်ထဲမှာ တော့ ရွှေဟင်္သာကွန်ဒိုက နိုင်ငံ ခြားသားတွေနေတာအများဆုံးပဲ။ အဲဒီတော့ ဧည့်စာရင်းကိုသေချာ ဂရုစိုက်စစ်ရတယ်။ တခြားလူမျိုး တွေထက် ကိုရီးယားတွေက အဆိုးဆုံးပဲ။ စာရွက်စာတမ်း၊နိုင်ငံကူးလက်မှတ်တောင်းလည်း မပေးဘူး။ ရဲစခန်းခေါ်ပြီးစစ်မှ ထုတ်ပေးတယ်။ ဒါတောင် ကျွန် တော်တို့က စကားပြန်နဲ့စစ်တာ ပါ’’ဟု ၎င်းကပြောသည်။

နိုင်ငံတိုင်းတွင် ဥပဒေများရှိ ပြီး လာရောက်နေထိုင်အလုပ်လုပ် သူများအနေဖြင့် လိုက်နာရကာ မြန်မာနိုင်ငံတွင် လာရောက်နေ ထိုင်သည့်နိုင်ငံခြားသားများအနေ ဖြင့် ဥပဒေချိုးဖောက်လျှင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူ သွားမည်ဟု ဦးမြတ်ယုကပြော ကြားသည်။

အမြန်လမ်းတွင် လုယက်ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ

အမြန်လမ်းပေါ်တွင် ကားများအား အုပ်စုဖွဲ့လုယက် ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ ထားပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ညနေက အမြန်လမ်း မိုင်တိုင် ၉၉ အနီးတွင် လူတစ်ယောက်က လမ်းပေါ်၌ ရပ်စောင့်နေကာ အိမ်စီးကား တစ်စီးအား ပေါက်တူးဖြင့် လွှဲရိုက်၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ် သည်။

လမ်းဘေးတွင်လည်း လုယက်ရန် အသင့်စောင့်နေသူ များရှိကြောင်း ကိုယ်တိုင်ရင်ဆိုင် ခဲ့ရသူ ကိုသီဟထွန်းက ပြော သည်။ ကိုသီဟထွန်းက အနီးဆုံး အမြန်လမ်းရဲကင်းတစ်ခုသို့ အ ကြောင်းကြားခဲ့ပြီး နောက်တစ် နေ့တွင် တရားခံနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

အိုဘားမား လုံခြုံရေးအတွက် တိုက်လေယာဉ်နှင့် ကျည်ကာကား အပါအဝင် လက်နက်ပစ္စည်းများ နေပြည်တော်သို့ရောက်

အာဆီယံထိပ်သီး အ စည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမား စီးနင်းမည့် ကားအပါ အ၀င် လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာ ကားများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် လေကြောင်း လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး Air Craftတိုက်လေယာဉ် သုံးစီးနှင့် Ford အမျိုးအစား ကျည်ကာကား ၁၂ စီး ပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ထဲတွင် အိုဘားမားစီးမည့် The Beast ဟု အမည်ပေးထားသည့် ကားလည်း ပါဝင်သည်။

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်

ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

Monday, 10 November 2014

ဦးအောင်သောင်း အမည်မည်းစာရင်းသွင်းခံရခြင်းကို ကန့်ကွက်ရှုတ်ချမှု ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်း သွင်းလိုက်ခြင်းအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြု လိုက်သည်။

အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။