ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်း သွင်းလိုက်ခြင်းအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြု လိုက်သည်။
Monday, 10 November 2014
အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟု ဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူထားသည့် စိစစ်ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်သမ္မတအား ပြောကြား

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဟုဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူ ထားသည့် စိစစ် ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ် သမ္မတ အား နိုဝင်ဘာ၉ရက်နေ့က ပေကျင်း တွင်တွေ့ဆုံစဉ် ပြောကြား ခဲ့သည် ဟု သိရ သည်။
မြန်မာသမ္မတနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေး စဉ် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က ဘင်္ဂလားဒေ့ရှ်သမ္မတ မစ္စတာ အဗ္ဗဒူဟာမစ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ခွာ လာသည်ဟု ဆိုသူများကို အမြန်ပြန်လည်လက်ခံရန် ဆွေးနွေး ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည် ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြချက်အရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုများအပြီး IS အဖွဲ့အကြီးအကဲ၏ ကံကြမ္မာအား အီရတ် စုံစမ်းစစ်ဆေးနေ

အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
ဖမ်းဆီးရခက်လှစွာသော ဘဂ္ဂဒက်ဒီသာ သေရိုးမှန်ခဲ့လျှင် ၎င်းအဖြစ်အပျက်သည် IS အား လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသော ပူးပေါင်းအဖွဲ့ဝင် နိုင်ငံများအတွက်၊ အီရတ်တစ်လွှား IS မှ သိမ်းပိုက်ထားသော နယ်မြေတနံတလျားအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြသော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ကြီးမားလှသော မဟာအောင်ပွဲကြီး ဖြစ်ပေလိမ့်မည်။
၎င်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော ကြေငြာချက်သည် ဝါရှင်တန်မှ IS အား အချိန်အကန့်အသတ်မရှိ စစ်ပွဲဆင်နွှဲမည့်အကြောင်းကို ပိုမိုထင်ရှားစေမည့် သမ္မတ ဘားရတ် အိုဘားမားမှ အီရတ်တပ်ဖွဲ့ဝင်များအား စစ်အကြံပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်အား စေလွှတ်မည့် အကြောင်း ဖွင့်ဟအပြီး၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ဒီ သေဆုံးသွားပြီလား၊ ရှင်နေသေးသလားဟူသည့် မေးခွန်းကို ထိပ်တန်း အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးမှ "အခုအထိတော့ တိကျသော မည်သည့်သတင်းအချက်အလက်မှ ရရှိထားခြင်း မရှိသေးပါဘူး" ဟု ဖြေကြားခဲ့သည်။ "သတင်းတွေက တရားမဝင်ရင်းမြစ်တွေက လာတာဖြစ်ပြီး ခုချိန်ထိ အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ကြိုးစားလုပ်ဆောင်နေ ပါတယ်" ဟု ၎င်းတာဝန်ရှိသူမှ ကနဦးသတင်းပါ အချက်အလက်များကို အသေးစိပ်မရှင်းလင်းပဲ ယေဘုယျသဘော ဖြေကြားသွားသည်။
အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအား ကွပ်ကဲနေသော အမေရိကန်ဗဟိုစစ်ဦးစီးအဖွဲ့က ၎င်းတို့ ပူးပေါင်းအဖွဲ့လေယာဉ်များမှ "လေကြောင်းတိုက်ခိုက်မှုများ များစွာ" ကို "မိုဆူးလ်အနီးရှိ IS ခေါင်းဆောင်များ စည်းဝေးနေသော နေရာတစ်ခု" သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စနေနေ့က ပြောကြားသည်။
"IS ခေါင်းဆောင် အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီက စည်းဝေးနေတဲ့အထဲ ပါသလား/မပါဘူးလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ဗဟိုစစ်ဦးစီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပစ်ထရစ် ရိုင်ဒါက ပြောကြားသည်။ သောကြာနေ့က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများသည် "ကျွန်တော်တို့က ISIL အကြမ်းဖက်ကွန်ယက်ကို ဖိအားပေးနေဆဲ" ဆိုတဲ့ အမှတ်လက္ခဏာ နောက်တစ်ခုပါ" ဟု ၎င်းမှ IS ၏ အခြားနာမည်တစ်မျိုးဖြစ်သော ISIL ကို အသုံးပြု၍ ပြောကြားသွားသည်။ ။
"ဘဂ္ဂဒက်သေဆုံးပြီလို့ ကျွန်တော်တို့ လုံးဝအတည်မပြုနိုင်သေးပါဘူး" ဟု ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့များ သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူစတန်မှ BBC ရုပ်သံ သို့ တနင်္ဂနွေနေ့က ပြောကြားသည်။ "အဖြေအတိအကျပေးဖို့ဆိုလျှင် အတော်လေး အချိန်ယူရနိုင်ပါတယ်"
ဝါရှင်တန်မှ ဘဂ္ဂဒက်ဒီအား ဖမ်းဆီးပေးနိုင်သူကို အမေရကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ကြေငြာကမ်းလှမ်းထားသည်။ အချို့သော လေ့လာမှုစစ်တမ်းများအရ ဘဂ္ဂဒက်ဒီသည် အယ်လ်ကိုင်ဒါအကြီးအကဲ အေမန် အယ်လ်ဇဝါဟီရီထက် သြာဇာအာဏာ ပို၍ပို၍ ကြီးထွားလာနေသည်။
http://www.channelnewsasia.com/…/iraq-investig…/1462912.html
ဓာတ်ပုံ -- မိုဆူးလ်မြို့ရှိ ဗလီတစ်ခု၌ မိန့်ခွန်းပြောကြားနေသော ဘဂ္ဂဒက်ဒီ
Myo Min Thant

အိုဘားမား မိန့်ခွန်းပြောမည့် စိန်ရတုခန်းမ ပြင်ဆင်ရန် Excellent Unit လေလံအောင်

အမေရိကန်သမ္မတ အို ဘားမားမိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမ ပြင်ဆင်ခြင်းလုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unit ဆောက်လုပ်ရေးကုမ္ပဏီက လေ လံအောင်သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေး ခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unit ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Sunday, 9 November 2014
အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို
အခွန်ဆောင်ရန် ပညာ ပေးကာလသတ်မှတ်ထားသော် လည်း ကုန်ပစ္စည်းရောင်းချခြင်း
ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ် စေ အခွန်လျှော့ဆောင်ရန် လိမ်လည်ချုပ်ဆိုသော
စာချုပ်များ ကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီး ဌာနမှသတင်းရရှိသည်။
နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။
‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးက ပြောသည်။
နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။
‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးက
အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် ပြည်သူ မနာရန်နှင့် တိုင်းပြည် သိက္ခာမကျရန် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အခြေခံဥပဒေပြင်ဆင် ရာတွင် လူထုပါဝင်ရန်လိုအပ်ပြီး ပြည်သူမနာရန်နှင့်
တိုင်းပြည် သိက္ခာမကျစေရန် အေးအေးချမ်း ချမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှ င့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ သည်။
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
လူထုက ပါဝင်ကူညီရမည်ဆိုသည်မှာ မည်သည့်နည်းလမ်းဖြင့် ကူညီရမည်လဲဟု
မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှ
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပ
လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အ၀ရရှိသည့် အစိုးရမဟုတ်သေးကြောင်း ကယားပြည်နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အဝရရှိသည့် အစိုးရမဟုတ်သေးကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ် နဝတ၊ နအဖ။ ၂ဝ၁ဝ ရွေးကော်ပွဲပြီးတော့ အခုအစိုးရ။ အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောရမယ်ဆိုရင်
ဒေသတွင်းလုံခြုံရေးအတွက် မြန်မာအရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံသည် အိန္ဒိ ယအစိုးရသစ်၏မိတ်ဖက်ဆက် ဆံရေးထူထောင်မှုတွင် ဦးစားပေး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် သစ်နရန်ဒရာမိုဒီကပြောကြားသည်။
အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည့် ဝန်ကြီးချုပ် မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ သုံးရက်အလို နိုဝင်ဘာ ၈ ရက် တွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။
မြန်မာအစိုးရကို ဖိအားပေးရန် ကန်လွှတ်တော်အမတ် ၄၀ကျော် အိုဘားမားထံ စာရေးတိုက်တွန်း
ဖွဲ့စည်းပုံပြင်ဆင်ရေးအ ပါအ၀င် အစိုးရ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖော်ဆောင်မှု များ အချိန်ဆွဲနေခြင်းကို ရပ်ဆိုင်း ရေးသမ္မတဦးသိန်းစိန်အား ဖိအား ပေးတောင်းဆိုရန် အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က သမ္မတအိုဘားမားထံ စာရေးသား တိုက်တွန်းလိုက် သည်။
မြန်မာနှင့်အမေရိကန်ဆက် ဆံရေးကို ယခုထက်ပိုမိုတိုးတက် စေလိုပါက လူ့အခွင့်အရေးချိုး ဖောက်မှုများရပ်ဆိုင်းပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို သမ္မ တအိုဘားမားက တိုက်တွန်းရန် လိုကြောင်း အောက်လွှတ်တော် အမတ်များ၏ ပေးစာကို ကိုးကား ၍ RFAသတင်းဌာနက ဖော်ပြသည်။

Saturday, 8 November 2014
နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း
စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။
မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား
ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန်
ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက်
ကြောင်း သတင်းရရှိသည်။
မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

Friday, 7 November 2014
နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့
မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။
ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။
သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား

နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။
ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌ ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။
ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့

ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမို ကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။
Subscribe to:
Posts (Atom)