Sunday, 9 November 2014

အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို

အခွန်ဆောင်ရန် ပညာ ပေးကာလသတ်မှတ်ထားသော် လည်း ကုန်ပစ္စည်းရောင်းချခြင်း ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ် စေ အခွန်လျှော့ဆောင်ရန် လိမ်လည်ချုပ်ဆိုသော စာချုပ်များ ကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီး ဌာနမှသတင်းရရှိသည်။
နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။
‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် ပြည်သူ မနာရန်နှင့် တိုင်းပြည် သိက္ခာမကျရန် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေပြင်ဆင် ရာတွင် လူထုပါဝင်ရန်လိုအပ်ပြီး ပြည်သူမနာရန်နှင့် တိုင်းပြည် သိက္ခာမကျစေရန် အေးအေးချမ်း ချမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူထုက ပါဝင်ကူညီရမည်ဆိုသည်မှာ မည်သည့်နည်းလမ်းဖြင့် ကူညီရမည်လဲဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အ၀ရရှိသည့် အစိုးရမဟုတ်သေးကြောင်း ကယားပြည်နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အဝရရှိသည့် အစိုးရမဟုတ်သေးကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ် နဝတ၊ နအဖ။ ၂ဝ၁ဝ ရွေးကော်ပွဲပြီးတော့ အခုအစိုးရ။ အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောရမယ်ဆိုရင်

ဒေသတွင်းလုံခြုံရေးအတွက် မြန်မာအရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် အိန္ဒိ ယအစိုးရသစ်၏မိတ်ဖက်ဆက် ဆံရေးထူထောင်မှုတွင် ဦးစားပေး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် သစ်နရန်ဒရာမိုဒီကပြောကြားသည်။

အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည့် ဝန်ကြီးချုပ် မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ သုံးရက်အလို နိုဝင်ဘာ ၈ ရက် တွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။

မြန်မာအစိုးရကို ဖိအားပေးရန် ကန်လွှတ်တော်အမတ် ၄၀ကျော် အိုဘားမားထံ စာရေးတိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအ ပါအ၀င် အစိုးရ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖော်ဆောင်မှု များ အချိန်ဆွဲနေခြင်းကို ရပ်ဆိုင်း ရေးသမ္မတဦးသိန်းစိန်အား ဖိအား ပေးတောင်းဆိုရန် အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က သမ္မတအိုဘားမားထံ စာရေးသား တိုက်တွန်းလိုက် သည်။

မြန်မာနှင့်အမေရိကန်ဆက် ဆံရေးကို ယခုထက်ပိုမိုတိုးတက် စေလိုပါက လူ့အခွင့်အရေးချိုး ဖောက်မှုများရပ်ဆိုင်းပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို သမ္မ တအိုဘားမားက တိုက်တွန်းရန် လိုကြောင်း အောက်လွှတ်တော် အမတ်များ၏ ပေးစာကို ကိုးကား ၍ RFAသတင်းဌာနက ဖော်ပြသည်။

Saturday, 8 November 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား

ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက် ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

Friday, 7 November 2014

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက  The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည်  နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား

နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌  ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။

ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့

ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမို ကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
အဲဒီစာမှာ အလောင်းကို ရင်ခွဲပြီးစီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မှာ သဂြိင်္ိုဟ်ပေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့က စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း လည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သုသာန်ကိုမှ ရည်ညွန်းမထားဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာသံ တော်ဆင့်ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲနိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

“မုန်တိုင်းငယ်က အခုဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာပဲရှိနေတယ်။ အား ကောင်းလာပြီးတော့ ဆိုင်ကလုန်းမုန်တိုင်း ကိုပြောင်းလဲနိုင်တယ်။ မုန်တိုင်းက Cell နှစ်ခုကွဲနေတယ်။Cell တစ်ခုကမြောက်ဘက် ကို ရွေ့လျားနေပြီး တစ်ခုက မိုးအဖြစ်နဲ့ ရွာ ချလို့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း ဘက်ကိုပျံ့နှံသွားတယ်။ အဲဒါကြောင့်အား ပျော့သွားပြီ။ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းမှာကျန်ရှိနေတဲ့ Cell တစ်ခုကတော့ အားပိုကောင်းလာနိုင်တယ်။ မုန်တိုင်းအရှိန် ကြောင့်တော့ နောက်နှစ်ရက် သုံးရက်အထိ မိုးရွာနိုင်တယ်။ ဒါပေမဲ့ အရင်ရက်တွေက ရွာသလောက်တော့ မိုးမများနိုင်ဘူး”ဟု မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ

အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင် ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။

နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Thursday, 6 November 2014

စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော

Photo: စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော
Thursday, November 6, 2014

မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အခြေခံ၍ ဖြစ်ပေါ်လာ သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး သည် မိမိတို့ရင်ဆိုင်ဖြေရှင်းရ မည့် စိန်ခေါ်မှုများဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။

အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးစိန်ခေါ် မှုများကို လက်တွဲဖြေရှင်းရန်နှင့် နည်းလမ်းများစုပေါင်းရှာဖွေရန် အဓိကရည်မှန်းချက်ကာထားကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတကပြောသည်။

‘‘နိုင်ငံရေးအင်အားစုအချင်း ချင်းအပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆို တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြု ကြိုးပမ်းအကောင်အထည်ဖော် ခြင်းပဲဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မည် သည့်သဘောတူညီချက်မှ ချ မှတ်နိုင်ခြင်းမရှိခဲ့သည့်အပေါ် နိုင်ငံ ရေးအင်အားစုအချို့က နိုင်ငံတ ကာခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ မလာမီ အပြသဘောဆွေး နွေးပွဲတစ်ခုသာဖြစ်ကြောင်း ဝေ ဖန်ခဲ့ကြသည်။

‘‘ဒီနိုင်ငံမှာ အဓိကအကျပ်အ တည်းနဲ့ ရင်ဆိုင်ရမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီ အကျပ်အတည်းနှစ်ခုဖြစ်တယ်။ ဒါကိုလက်တွေ့ကျကျဖြေရှင်းနိုင် ဖို့အတွက် လွတ်လပ်ပွင့်လင်းပြီး ရေရှည်အမြင်ပေါ်မှာ ရပ်တည်ဖို့ လိုတယ်။ ဒါနဲ့ ပတ်သက်လို့ လမ်း ပြမြေပုံသဘောမျိုးရှေ့လုပ်ငန်း စဉ်တစ်ခုထွက်လာအောင် လုပ် နိုင်ရင်တော့ တိုင်းပြည်အတွက် ကောင်းမယ်’’ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ သည် တစ်ကြိမ်တည်းဖြင့် ပြီးပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားမှသာ နိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့်အဖြေတစ်ရပ် ရှာဖွေတွေ့ရှိနိုင် မည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

အဆိုပါရေဒီယိုမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်အရေး ကိစ္စ၊ ဘာသာရေးဆိုင်ရာပဋိပက္ခ များထပ်မံမဖြစ်ပွားရေးနှင့် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်နေ သည့်ကိစ္စရပ်များကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

သမ္မတအိမ်တော်၌ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
7Day Daily
မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုများ ထောင်ဒဏ်ပါ ချမှတ်အရေးယူမည်ဟုဆို

ရန်ကုန်- ရန်ကုန်မြို့တွင် မော်တော်ယာဉ်များစည်းကမ်းမဲ့မောင်းနှင်မှု များပြားလာ၍ ဒဏ်ငွေဖြင့် အရေးယူ ရာမှ ထောင်ဒဏ်ပါ ထည့်သွင်း အရေးယူတော့မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတင်းထုတ်ပြန်သည်။

ငွေဒဏ်ဖြင့် အရေးယူစဉ် က မထီမဲ့မြင် ပြုလုပ်ခြင်းနှင့် စည်း ကမ်းမဲ့မောင်းနှင်ခြင်းများ ရှိနေ ဆဲဖြစ်၍ ၁၉၆၄ မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁ ဖြင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်သွားမည်ဖြစ်သည်။