Tuesday, 4 November 2014

ရာသီဥတု အခြေအနေကြောင့် တောင်ကြီးမီးပုံးပျံပွဲ ပြိုင်ပွဲဝင်မီးပုံးများ မလွှတ်တင်ဘဲ ရွှေ့ဆိုင်းလိုက်ရ

Photo: ရာသီဥတု အခြေအနေကြောင့် တောင်ကြီးမီးပုံးပျံပွဲ ပြိုင်ပွဲဝင်မီးပုံးများ မလွှတ်တင်ဘဲ ရွှေ့ဆိုင်းလိုက်ရ
Tuesday, November 4, 2014

ရာသီဥတု အခြေအနေ ဆိုးရွားနေမှုကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံအဖွဲ့မှာ နိုဝင်ဘာ ၃ ရက်က လွှတ်တင်ယှဉ်ပြိုင်မှု မလုပ်ခဲ့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု နဂါးနီညမီးကြီး မီးပုံးပျံ မီးအဖွဲ့ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီနောက်ပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း မြူများကျဆင်းကာ ပိတ်မှောင်သွားပြီး လေပြင်းများ တိုက်ခိုက်လာခဲ့ခြင်းကြောင့် ပြိုင်ပွဲဝင် မီးပုံးပျံများ လွှတ်တင်ရန် အခဲအခဲ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များက ဆိုသည်။

"နှင်းတွေကျနေတော့ ယမ်းက ငိုတာတွေဘာတွေဖြစ်တတ်တယ်၊ တိမ်ထဲဝင်သွားရင်လည်း ယမ်းမီးကျဉ်တွေက မမြင်ရတော့ဘူး။ လေတွေ တိုက်တော့လည်း  မီးပုံးပျံ ထောင်လို့မရဘူး” ဟု နဂါးနီ ညမီးကြီး မီးပုံးပျံ အဖွဲ့မှ ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

မီးပုံးပျံ အဖွဲ့များအနေဖြင့် လနှင့်ချီ အချိန်ယူ ပြင်ဆင်ထားကြသည့်အတွက် အောင်အောင်မြင်မြင် လွှတ်တင်နိုင်သည့် ရာသီဥတု အခြေနေ မရှိခြင်းကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ပြိုင်ပွဲရက်အတွင်း အလှည့်ကျ လွှတ်တင်နိုင်ရန် စီစဉ်သွားမည်ဟုလည်း စက္ကုပသာဒ အမှတ်ပေးဒိုင် အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၃ ရက် ည ၇ နာရီမှ ၁၁ နာရီ အထိ စိန်နားပန် မီးပုံးပျံ အမျိုးအစား ၄ လုံးနှင့် ညမီးကြီး မီးပုံးပျံ ၂ လုံး စုစုပေါင်း ၆ လုံးသာ လွှတ်တင်နိုင်ခဲ့ပြီး မီးပုံးပျံ ၁၀ လုံးကျော် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီး ၈၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံး နှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေလေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ရာသီဥတု အခြေအနေ ဆိုးရွားနေမှုကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံ အဖွဲ့မှာ နိုဝင်ဘာ ၃ ရက်က လွှတ်တင်ယှဉ်ပြိုင်မှု မလုပ်ခဲ့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု နဂါးနီညမီးကြီး မီးပုံးပျံ မီးအဖွဲ့ခေါင်းဆောင် ခွန်ကိုးကိုးက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ယနေ့ထွက် ရှိမည်

နိုင်ငံရေး ပါတီ (၅၆) ပါတီမှ ရွေးချယ် ထားသော (၁၅) ဦးကော်မတီ အဖွဲ့ဝင် များ၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို ယနေ့ ချမှတ် နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးမှုပြုလုပ်

Photo: တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးမှုပြုလုပ်
Tuesday, November 4, 2014

ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး တွင် လွန်ခဲ့သောအပတ်က လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပွားခဲ့ရာ နေအိမ် များ၊ စီးပွားရေးလုပ်ငန်းများအပြင် ဝန်ကြီးချုပ်၏ ရုံးအပါအဝင်အမှောင် ကျသွားခဲ့ကြောင်း၊ လျှပ်စစ်မီးမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ တစ်နိုင်ငံလုံး သို့ ပြန်လည်ပေးနိုင်ခဲ့ကြောင်း အစိုး ရက ပြောကြားခဲ့ကြေင်း CNA သတင်းက ဆိုသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ကြောင်း ယခုအ ခါ တစ်နိုင်ငံလုံး ပုံမှန်ပြန်ဖြစ်သွား ပြီးဟု စွမ်းအင်ဝန်ကြီးနာစ်ရှုလ်ဟာ မစ်က သတင်းထောက်များကို ပြော ခဲ့သည်။ လွန်ခဲ့သော စနေနေ့နေ့လယ် မှစ၍ လျှပ်စစ်မီးပြတ်တောက်သွား ခဲ့သည်ဟု ဆိုသည်။ ''ဒီကိစ္စကိုအ တည်ပြုနိုင်ဖို့ စစ်ဆေးရေးကော်မ တီတစ်ရပ် ဖွဲ့စည်းလိုက်ပါ''ဟု ၄င်း ကဆိုသည်။

ဤကော်မတီက သူ့ရဲ့ တွေ့ရှိချက်တွေကို သုံးရက်အတွင်း အစီရင်ခံလိမ့်မည် ဟုလည်း ၄င်းက သတင်းထောက်များကို ပြောခဲ့သည်။

စနေနေ့ညပိုင်းမှာ မီးပြန်လာ တော့ ဒါကာတစ်မြို့လုံးဝမ်းသာအား ရ အော်ဟစ်သံတွေကိုကြားခဲ့ရ ကြောင်း၊ နေအိမ်များမှ လူများမှာ အိမ်ပြင်သို့ထွက်နေခြင်း၊ သို့မဟုတ် အိမ်ခေါင်းမိုးပေါ်သို့ တက်နေခြင်း များကို ပြုလုပ်ခဲ့ကြရသည်ဟုဆို သည်။

ဒါကာမြို့မှာ လူ ၁ဒသမ၅သန်း နေထိုင်လျက်ရှိသည်။

မီးအမှောင်ကျသွားခဲ့၍ တစ္ဆေမြို့နှင့် တူနေခဲ့ကြောင်း၊ နေ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရုံးခန်းများအားလုံးအမှောင်လွှမ်း သွားခဲ့ကြောင်း၊ ဆေးရုံနှင့် နိုင်ငံတ ကာလေဆိပ်တွင် အရန်မီးစက်များ ကို ချက်ချင်းမောင်းနှင်း အသုံးပြုခဲ့ ရကြောင်း၊ ရေများမရရှိဘဲဖြစ်သွား ရကြောင်း သတင်းများက ဆိုသည်။

အစိုးရပိုင်လျှပ်စစ်ဓာတ်အား ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ချောင်ဒရီအလန်ဂါဟူစိန်က ဓာတ် အားလွဲလိုင်းကျဆင်းသွားမှုကို အ ပြစ်ပြောခဲ့သည်။ ထိုလိုင်းမှာ အိန္ဒိ ယနိုင်ငံမှ လာသောလိုင်းဖြစ်သည်။ အမျိုးသားဓာတ်အားလိုင်းနှင့် ချိတ် ဆက်သောမြို့အားလုံးမှောင်သွားခဲ့ သည်။

Ref: CNA
Yangon Media Group
ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး တွင် လွန်ခဲ့သောအပတ်က လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပွားခဲ့ရာ နေအိမ် များ၊ စီးပွားရေးလုပ်ငန်းများအပြင် ဝန်ကြီးချုပ်၏ ရုံးအပါအဝင်အမှောင် ကျသွားခဲ့ကြောင်း၊ လျှပ်စစ်မီးမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ တစ်နိုင်ငံလုံး သို့ ပြန်လည်ပေးနိုင်ခဲ့ကြောင်း အစိုး ရက ပြောကြားခဲ့ကြေင်း CNA သတင်းက ဆိုသည်။

ဘယ်လာရုစ်နိုင်ငံကို အရိုးသားဆုံး စီးပွားဖက်အဖြစ် မြန်မာ ကာချုပ် ပြောဆို

Photo: ဘယ်လာရုစ်နိုင်ငံကို အရိုးသားဆုံး စီးပွားဖက်အဖြစ် မြန်မာ ကာချုပ် ပြောဆို
 Tuesday, November 4, 2014

ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် ၀န်ကြီးချုပ် မစ်ခေး မိုင်ယက်စကီနိုဗစ်ခ်ျနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဘယ်လာရုစ်နိုင်ငံဟာ မိမိတို့အတွက် ရိုးသားမှု အရှိဆုံး လုပ်ဖေါ်ကိုင်ဘက် ဖြစ်တာကြောင့် အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့၊ စီမံကိန်းတွေ ပူးတွဲအကောင်အထည်ဖေါ်ကြဖို့ စိတ်ဝင်စားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ Belarusian News သတင်းစာကဖေါ်ပြပါတယ်။

အဲ့ဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မင့်စ်မြို့မှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင် စတယ်လင်လိုင်း ခံတပ်နေရာနဲ့ စစ်သမိုင်းပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဝင်ဖြစ်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ သီးခြား လွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပြီး၊ မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ကမ္ဘာ့ သတင်းမီဒီယာ လွတ်လပ်မှု မရှိဆုံး နိုင်ငံများ စာရင်းမှာ ဘယ်လာရုစ် နိုင်ငံဟာ မြန်မာ နဲ့အတူ ပူးတွဲ ဖော်ပြခံရလေ့ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံမှာ နိုဝင်ဘာ ၅ ရက်နေ့ အထိ လည်ပတ်မယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို အသွား ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ပါတယ်။

RFA
ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဘယ်လာရုစ် ၀န်ကြီးချုပ် မစ်ခေး မိုင်ယက်စကီနိုဗစ်ခ်ျနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့တော်၌ ယာဉ်ကြောပိတ်ဆို့မှု ခြောက်လအတွင်း ဖြေရှင်းမည်ဟုဆို

ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျရန် လာမည့် သုံးလမှ ခြောက်လအတွင်း ဖြေရှင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးမည်ဆိုပါက နိုင်ငံရေးယုံကြည်မှု ပိုမို တည်ဆောက် လာနိုင်မည်ဟုဆို

နိုင်ငံတော်သမ္မတနှင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေဖြင့် KNU ထိပ်သီးခေါင်းဆောင်များကို နေပြည် တော်တွင် တွေ့ရခဲ့ သကဲ့သို့ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင် များကို တွေ့ဆုံ ဆွေးနွေးမည်ဆိုပါက နိုင်ငံရေးယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောသည်။

အာဆီယံထိပ်သီအစည်းအဝေး ကာလအတွင်း လုံခြုံရေး တင်းကျပ်မည်

Photo: အာဆီယံထိပ်သီအစည်းအဝေး ကာလအတွင်း လုံခြုံရေး တင်းကျပ်မည်
Tuesday, November 4, 2014

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံသား စိစစ်ရေး လက်မှတ် ဒါမှမဟုတ် ခိုင်လိုင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ခရီးသွားလာဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းတဲ့အပေါ်မှာ ကြည်ဖြူစွာ ခံယူပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသိပေး ဖော်ပြထားပါတယ်။

အာစီယံထိပ်သီး အစည်းအဝေးကာလအတွင်းမှာ လုံခြုံရေးတာဝန်တွေကို တိုးမြှင့်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီဗွီဘီ
အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံသား စိစစ်ရေး လက်မှတ် ဒါမှမဟုတ် ခိုင်လိုင် တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ခရီးသွားလာဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

အနိမ့်ပျံ မောင်းသူမဲ့ လေယာဉ်များကို ပစ်ချနိုင်သည့် လေဆာစနစ်တစ်ခု တရုတ်စမ်းသပ်နေ

Photo: အနိမ့်ပျံ မောင်းသူမဲ့ လေယာဉ်များကို ပစ်ချနိုင်သည့် လေဆာစနစ်တစ်ခု တရုတ်စမ်းသပ်နေ
Tuesday, November 4, 2014

ခပ်နိမ့်နိမ့် ပျံသန်းနေသည့် မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ချေမှုန်း ပစ်ချနိုင်သည့် လေဆာလက်နက် စနစ်တစ်ခုကို တရုတ်က အကောင်အထည်ဖော် တီထွင်နေကြောင်း သတင်းရရှိသည်။

တရုတ်အစိုးရ မီဒီယာဖြစ်သည့် Xinhua က အဆိုပါ လေဆာလက်နက် စနစ်အကြောင်း ဖော်ပြခဲ့ပြီး အမြင့်ပေ အနိမ့်ပိုင်းမျှတွင် ပျံသန်းနေသည့် အပေါ့စား မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ဆိုသည်။ အဆိုပါ လေဆာလက်နက်သည် အကွာအဝေး (၂)ကီလိုမီတာ အတွင်းရှိ အသေးစား လေယာဉ် အမျိုးမျိုးကို အတိမ်းအစောင်းမရှိ ပစ်ချနိုင်ကြောင်း Xinhua က ဖော်ပြခဲ့သည်။

တရုတ် ရူပဗေဒ အင်ဂျင်နီယာ အကယ်ဒမီ (CAEP)က အဆိုပါ လေဆာလက်နက် စနစ်ကို အဓိက အကောင်အထည်ဖော် တီထွင်နေခြင်းဟု ဆိုသည်။ Xinhua က ပြောက်ကျား ဆေးရောင်များ ခြယ်သထားသည့် သတ္တုသေတ္တာများနှင့် မီးလောင်ပျက်စီးနေသည့် အသေးစား မောင်းသူမဲ့ လေယာဉ်ငယ်လေးတစ်ခု၏ ဓာတ်ပုံများကို ပြသခဲ့သည်။

Xinhua က တရုတ်နိုင်ငံ၏ မြို့ပြဧရိယာများတွင် အနာဂတ်ကာလ အရေးအခင်းများ ကြုံလာပါက အလွန်အသုံးဝင်မည့် လက်နက်စနစ်တစ်ခု ဖြစ်မည်ဟု မှတ်ချက်ပြုထားသည်။ သေတ္တာငယ်များအဖြစ် တပ်ဆင်ထားသော လက်နက်စနစ်သည် အမြင့်မီတာ (၅၀၀)တွင် တစ်နာရီ (၁၁၂)မိုင်နှုန်းထိ ပျံသန်းနေသော လေယာဉ်ငယ်များကို ပစ်ချနိုင်ကြောင်း သိရသည်။

အဆိုပါ လက်နက်စနစ်ကို ယာဉ်များပေါ်တွင် တပ်ဆင်ပြီး စမ်းသပ်ဆဲ အခြေအနေ၌ မောင်းသူမဲ့လေယာဉ်ငယ် (၃၀)ကျော်ကို အောင်မြင်စွာ ပစ်ချထားပြီး ဖြစ်ကြောင်းလည်း CAEP က ဆိုသည်။ အဆိုပါ လက်နက်စမ်းသပ်မှုတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်မြင်မှုရခဲ့ကြောင်းလည်း CAEP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

7 Day Daily
ခပ်နိမ့်နိမ့် ပျံသန်းနေသည့် မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ချေမှုန်း ပစ်ချနိုင်သည့် လေဆာ လက်နက် စနစ်တစ်ခုကို တရုတ်က အကောင်အထည်ဖော် တီထွင်နေကြောင်း သတင်းရရှိသည်။

၂၀၁၅ အာရှ အမျိုးသမီး ခြေစစ်ပွဲအဆင့် မှာ စမ်းသပ်ခံရမယ့် မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း



မြန်မာ ယူ ၁၉ အမျိုးသား လက်ရွေးစင် အသင်း ရဲ့ အိမ်ရှင် အာရှ ယူ ၁၉ ပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ အခုတစ်ခါ အလှည့်ကျလာတာ က မြန်မာ ယူ ၁၉ အမျိုးသမီးအသင်း ပဲ ဖြစ်ပါတယ်။

အီဘိုလာရောဂါ သတိပေးနှိုးဆော်ချက် ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိစေရန် ဆောင်ရွက်မည်

Photo: အီဘိုလာရောဂါ သတိပေးနှိုးဆော်ချက် ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိစေရန် ဆောင်ရွက်မည်
Tuesday, November 4, 2014

အီဘိုလာ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သော သတိ ပေးနှိုးဆော်ချက်ကို ပြည်သူများ ပိုမိုကျယ် ပြန့်စွာသိစေရန် ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့်ပတ် သက်ပြီး နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံမီဒီ ယာများမှတစ်ဆင့် သတိပေး နှိုးဆော်ချက် များကိုထုတ်ပြန်ကြေညာလျက်ရှိကာ ပုဂ္ဂလိ ကသတင်းမီဒီယာများတွင်လည်း ထုတ်ပြန် ကြေညာရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

''အီဘိုလာရောဂါက မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုပေမယ့် ဖြစ်ပွားတဲ့နိုင်ငံတွေ မှာက သေဆုံးမှု အလွန်များနေပါတယ်။ အခု လောလောဆယ်မှာ အဝင်ဂိတ်တွေမှာတော့ စစ်ဆေးတာတွေကို လုပ်နေပါတယ်။ အီ ဘိုလာအကြောင်းကိုလဲ ပြည်သူတွေကျယ် ကျယ်ပြန့်ပြန့်သိအောင် သတိပေးနှိုးဆော် ချက်တွေကို နိုင်ငံပိုင်သတင်းစာနဲ့ ပုဂ္ဂလိက မီဒီယာတွေကနေသိအောင် ထုတ်ပြန်ကြေ ညာသွားမှာပါ'' ဟု ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အီဘိုလာရောဂါကြောင့် သေ ဆုံးသူဦးရေမှာ ကမ္ဘာပေါ်တွင် ၅ဝဝဝနီးပါး ရှိနေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ကူး စက်ခြင်းမရှိစေရန် ကျန်းမာရေးဦးစီးဌာန အနေဖြင့် အထူးဂရုစိုက်ကာ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

''လွန်ခဲ့တဲ့တစ်လအတွင်း အီဘို လာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားတဲ့နိုင်ငံ တွေကိုသွားရောက်ခဲ့သူတွေနဲ့ နိုင်ငံတကာ ခရီးသွားသူတွေမှာ အီဘိုလာသံသယလက္ခ ဏာတွေဖြစ်ပေါ်နေတယ်ဆိုရင် ကျန်းမာ ရေးဌာနကို ချက်ချင်းသတင်းပေးပို့ပြီး ဆေး ကုသမှုကိုခံယူဖို့ လိုအပ်ပါတယ်''ဟု ယင်း က ထပ်မံပြောကြားသည်။

အီဘိုလာသံသယလက္ခဏာများ မှာ ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သား နှင့် အဆစ် အမျက်များ နာကျင်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက် ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန် ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ခန္ဓာ ကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိ ခြင်းတို့ဖြစ်ကြောင်း ယင်းက ဆက်လက် သတိပေး ပြောကြားသည်။

ထို့ပြင် အီဘိုလာဗိုင်းရပ်စ်ရော ဂါမှာ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသ ရန်ခက်ခဲသည့်အပြင် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်ခက်ခဲကြောင်း၊ ရောဂါဖြစ်ပွား သည့်နိုင်ငံများနှင့် ရောဂါဖြစ်ပွားသူများ၏ သေဆုံးနိုင်မှုရာခိုင်နှုန်းများ၊ အီဘိုလာကူး စက်နိုင်သောနည်းလမ်းများ၊ အီဘိုလာဗိုင်း ရပ်စ်ရောဂါသံသယလက္ခဏာများ၊ အီဘို လာရောဂါကူးစက်မှုမရှိစေရေး ကာကွယ် ရန်နည်းလမ်းများ ဖော်ပြပါရှိသည်။

''တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။ လက်ကို ရေ နဲ့ဆပ်ပြာနဲ့ မကြာခဏဆေးကြောဖို့ လိုပါ တယ်။ ရောဂါပိုးရှိသူရဲ့သွေးနဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်တွေကို ထိတွေ့ကိုင်တွယ် ခြင်းမပြုရပါဘူး''ဟု ယင်းက ဆက်လက် သတိပေးပြောကြားသည်။

အဆိုပါကြေညာချက်တွင် ရော ဂါပိုးရှိသောလူ၊ တိရစ္ဆာန်တို့၏သွေးနှင့် ¤င်း ခန္ဓာကိုယ်မှထွက်သောအရည်များရှိနိုင်သည့် အရာဝတ္ထုပစ္စည်းများဖြစ်သည့် ခုံများ၊ စားပွဲ များ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည် တို့အား ထိတွေ့ကိုင်တွယ်ခြင်းမပြုရဟု သတိ ပေးကြေညာထားကြောင်း သိရသည်။

အဆိုပါသတိပေးနှိုးဆော်ချက် တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါလူနာများကို ကာ ကွယ်ကုသရာတွင် ကိုယ်ခန္ခာကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်းများပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည်ဟု ညွှန်ကြားထားပြီး ပြည့်စုံသော ကိုယ်ခန္ဓာ ကာကွယ်ရေးဝတ်စုံနှင့်ပစ္စည်းများဝတ်ဆင် ခြင်းမပြုဘဲ လူနာအား ထိတွေ့ကိုင်တွယ် ခြင်းမပြုရဟု ကျန်းမာရေးဝန်ထမ်းများကို ညွှန်ကြားထားသည်။

Yangon Media Group
အီဘိုလာ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သော သတိ ပေးနှိုးဆော်ချက်ကို ပြည်သူများ ပိုမိုကျယ် ပြန့်စွာ သိစေရန် ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီယာရာလီယွန် နိုင်ငံ၏ ကျေးလက် ဒေသ များတွင် အီဘိုလာ ကူးစက် ပြန့်ပွါးမှု တစ်ဟုန်ထိုး မြင့်တက်လာ

ဖရီးတောင်း၊ နိုဝင်ဘာ ၃။ ဆီယာရာလီယွန်နိုင်ငံ၏ အချို့ဒေသများတွင် အီဘိုလာရောဂါ ကူးစက်ပြန့်ပွါးမှု နှုန်းမှာ လွန်ခဲ့သောနှစ်လခန့် ကထက် ကိုးဆအထိ ပိုမိုလျင်မြန်စွာ ကူးစက်လျက်ရှိကြောင်း အာဖရိက အုပ်ချုပ်ရေး တပ်ဦး(အေဂျီအိုင်) အဖွဲ့ကနိုဝင်ဘာလ ၂ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်က ဆိုသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။“လိုင်ဘီးရီးယားတွင် အီဘိုလာ ထပ်မံ ကူးစက်ပြန့်ပွါးမှုများ နှေးကွေးသွားပုံ ရသော်လည်း ဆီယာရာလီယွန်၏ အချို့ဒေသများတွင် အီဘိုလာမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဆက်လက်ကူးစက်ပြန့်ပွါးလျက်ရှိသည်” ဟု အေဂျီအိုင်၏ အစီရင်ခံစာက ဆိုသည်။

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Stalin’s Line ဒုတိယ ကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာနှင့် စစ်သမိုင်းပြတိုက်သို့သွားရောက်လေ့လာ


ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂ ရက် နေ့လယ် ပိုင်းတွင် ဘယ်လာရုစ်တပ်မတော်မှ Deputy Chief of General Staff, Major General Glod Igor နှင့်တာဝန်ရှိသူ များလိုက်ပါလျက် မင့်စ်မြို့ရှိ Stalin’s Line ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာ Complex သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ငွေဖြူ၊ ငွေမည်းနှင့် ပတ်သက် ၍ ကုမ္ပဏီနှင့် အမှုပေါင်း ၄၆ မှုစစ်ဆေးပြီးဖြစ်သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ မရှိသေး

ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့် ကုမ္ပဏီတစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ငွေဖြူ၊ ငွေမည်းနှင့် ပတ်သက် ၍ ကုမ္ပဏီနှင့် အမှုပေါင်း ၄၆ မှုစစ်ဆေးပြီးဖြစ်သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ မရှိသေး

ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့် ကုမ္ပဏီတစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။

လျှပ်စစ်ဖြန့်ဖြူးနိုင်မှု မဂ္ဂါဝပ် ၄ဝဝဝ အောက်သာရှိသော မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှုပြုလုပ်ထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံနှင့် မဂ္ဂါဝပ် ၃ဝဝဝဝ ကျော်အထိရှိနေ

Photo: လျှပ်စစ်ဖြန့်ဖြူးနိုင်မှု မဂ္ဂါဝပ် ၄ဝဝဝ အောက်သာရှိသော မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှုပြုလုပ်ထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံနှင့် မဂ္ဂါဝပ် ၃ဝဝဝဝ ကျော်အထိရှိနေ
Tuesday, November 4, 2014

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ သို့ စွမ်းအင်တင်ပို့ရောင်းချရန် စီစဉ်ထား သည့် အစီအစဉ်တွင် အချိန်ကာလအားဖြင့် တိတိကျကျသတ်မှတ်ထားခြင်း မရှိသေး သော် လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နား လည်မှုပြုထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိနေပြီး တရုတ်နိုင်ငံနှင့်မဂ္ဂါဝပ် ၃၁၄၅၁ ရှိနေ ကြောင်း Hydropower in Myanmar; Sector analysis and related legal reforms စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီးလေးခု နှင့် မြစ်လက်တက်များရှိနေကြောင်း၊ ယင်း တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မှုပမာဏ မဂ္ဂါဝပ် ၄ဝဝဝ ရရှိနေ ကြောင်း၊ လက်ရှိအ ခြေအနေတွင် မြန်မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်း သော ပြည်သူများ လျှပ်စစ်မီးအပြည့်အဝရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ လျှပ် စစ်စွမ်းအားလိုအပ်မှုအား ဖြေရှင်းသည့်အနေ ဖြင့် မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်ရှိသုံး စွဲနေသောပမာဏထက် လာမည့် ၂ဝ၁၅ ခုနှစ် နှင့် ၂ဝ၂ဝ ကြားတွင် ငါးဆတိုးမြ§င့်ရန် ကြေ ညာထားကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ၅ မဂ္ဂါ ဝပ်အထက် ရေအားလျှပ်စစ်စီမံကိန်း အခု ၂ဝရှိနေကြောင်း၊ ယင်းအနက် ၁၇ခုမှာ အစိုးရ ၏အစီအစဉ်ဖြင့် ဆောင်ရွက်နေ သည့် ရေအား လျှပ်စစ်စီမံကိန်းများဖြစ်ပြီး တစ်ခုမှာ ဒေသ အလိုက်အစီအစဉ်ဖြင့် ပြုလုပ်သည့် စီမံကိန်း ဖြစ်ပြီး အခြားနှစ်ခုမှာ မြန်မာအစိုးရနှင့်တရုတ် အစိုးရပိုင်လုပ်ငန်းတို့ ဖက်စပ်လုပ်ကိုင်မှုဖြစ် ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ လက်ရှိအချိန်၌ ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရေးလုပ်ငန်းများ သည် ဖက်စပ်လုပ်ငန်းများဘက်တွင်  အလေး သာနေကြောင်း၊ လက်ရှိအချိန်ထိ ကမ်းလှမ်း ထားသည့် လုပ်ငန်း ၄၄ ခုရှိနေကြောင်း အ ဆိုပါစာတမ်းတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာအစိုးရအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် ရေအားလျှပ်စစ်ကဏ္ဍတွင် လက်မှတ် ရေးထိုးထားမှုများရှိကြောင်း၊ ဥပမာ-အိန္ဒိယ နိုင်ငံ၏ National Hydroelectric Power Corporation(NHPC) ဖြင့် ၂ဝဝ၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း၊ ယင်း အစီအစဉ်မှာ ချင်းတွင်းမြစ်တွင်းတည်ဆောက် မည့် မဂ္ဂါဝပ် ၁၂ဝဝ ရှိသည့် ထမံသီရေအား လျှပ်စစ်လုပ်ငန်းစဉ်ဖြစ်ပြီး ယင်းရေအားလျှပ် စစ်စီမံကိန်းမှ ထွက်ရှိသော စွမ်းအင်၏  ရာ ခိုင်နှုန်း ၈ဝ အား အိန္ဒိယနိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ အလားတူ ၂ဝဝ၈ခုနှစ်တွင် လည်း NHPC နှင့်Myanmar Hydroel- ectric Power Department တို့အကြား ဖက် စပ်လုပ်ငန်းအနေဖြင့် ထမံသီနှင့်ရွှေစာရေး ရေ အားလျှပ်စစ်စီမံကိန်းများအား လုပ်ဆောင် သွားရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

“သံလွင်မြစ်မှာ ဆည်ဆောက်ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့မယ့် အစီအစဉ်က စနေ ပါပြီ။ ထိုင်းဘက်က EGAT ကတော့ ဒီရေ အားလျှပ်စစ်တွေကို ထုတ်ပြီးတော့ ပြည်ပ တင်ပို့ဖို့ဆိုတဲ့အပိုင်းကို ဦးစားပေးပြီးတော့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘူး။  နောက် credit rate ကနိမ့်တယ်။ ဒါ ကြောင့်မို့ နိုင်ငံတကာအဖွဲ့အစည်းတွေက funding ထောက်ပံ့ပေးမှာမဟုတ်ဘူးဆိုတော့ ဒါတွေကို export လုပ်ဖို့ဆိုတဲ့ ထောင့်က ပြောတယ်။ ကျွန်တော်တို့အမြင်ကတော့ ကိုယ့်နိုင်ငံတွင်းမှာ ဖူလုံဖို့ကို ဦးစားပေးသင့် တယ်လို့မြင်တယ်။ အဲလိုပဲ သဘာဝပတ်ဝန်း ကျင်ရှုထောင့်ကကြည့်ရင်လည်း အကြီးစားစီ မံကိန်းတွေကို မလုပ်စေချင်ဘူး”ဟု  Parami Energy Group of Companies မှ CEO ဦး ပြည့်ဝထွန်းက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့်မူ မဂ္ဂါဝပ် ၁ဝçဝဝဝ ရှိသော ရေအားလျှပ်စစ်အားထုတ်ယူရန် မြန် မာအစိုးရနှင့် ည§ိနှိုင်းဆောင်ရွက်နေကြောင်း၊ အချိန်အတိအကျအား ဖော်ပြထားခြင်းမရှိ သေးသော်လည်း အဆိုပါထိုင်းနှင့်ချုပ်ဆိုထား သောနားလည်မှုစာချွန်လွှာသည် သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ် စစ်စီမံကိန်းနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါ စီမံကိန်းအရ ဆည်ငါးခုအား သံလွင်မြစ်ပေါ် တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း လျှပ်စစ်ထွက်ရှိမှုပမာဏ မဂ္ဂါဝပ် ၁၈ဝဝဝ ရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တာ ဆန်းရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၁၁ဝ ရရှိမည်ဖြစ်ကြောင်း၊ အလားတူ ထိုင်း နိုင်ငံအနေဖြင့် ဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းမှ မဂ္ဂါဝပ် ၁၂ဝဝ ရရှိမည်ဖြစ်ကြောင်း နှင့် ဝဲကြီးရေအားလျှပ်စစ်စီမံကိန်းမှလည်း မဂ္ဂါဝပ် ၅၆ဝဝ ရရှိမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု မှာ ကရင်ပြည်နယ်မြောက်ဖျားပိုင်းတွင်ရှိ ကြောင်း၊ EGAT ၏ ထုတ်ပြန်ချက်အရ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် လျှပ်စစ်စွမ်းအားများအား ထိုင်းနိုင်ငံ၏ Nati- onal Grid ထဲသို့ ၂ဝ၁၉ ခုနှစ် နောက်ဆုံး ထား၍ ပို့လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ကဏ္ဍ၌ အမြောက်အမြားမြ§ုပ် နှံထားသော်လည်း တရုတ်နိုင်ငံအနေဖြင့်လည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် အများ ဆုံးငွေရေးကြေးရေးထောက်ပံ့နေသော နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖြင့်လည်း အမျိုးအ စားစုံလင်သော စွမ်းအင်တင်ပို့ရောင်းချမှုတို့အ တွက် နားလည်မှုစာချွန်လွှာများ အမြောက် အမြားထိုးထားသည့်နိုင်ငံဖြစ်ကြောင်း သိရ သည်။

“အမှန်တော့ ရေအားလျှပ်စစ်စီမံကိန်း က မြန်မာနိုင်ငံနဲ့ မကိုက်ပါဘူး။ ဘယ်နိုင်ငံ မှလည်း ရေအားလျှပ်စစ်ကို base loadမသုံး ပါဘူး။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ကို base loadသုံးတယ်ဆိုကတည်းက တစ်ခုခုမှား ယွင်းနေပါပြီ”ဟု Smart Group of Compa- nies မှ Managing Directorဖြစ်သူဦးကျော် ကျော်လှိုင်က ဆိုသည်။

အလားတူ တရုတ်အစိုးရပိုင် စွမ်းအင် လုပ်ငန်းများမှာလည်း အကြီးစားရေအားလျှပ် စစ်စီမံကိန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ် သက်နေကြကြောင်း၊ ယင်းကဲ့သို့ပါဝင်မှုတွင် အနာဂတ်အတွက် စီစဉ်ထားသော project များတွင်ပါဝင်မှုရှိသကဲ့သို့ လက်ရှိလုပ်ဆောင် နေသော တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နေကြကြောင်း၊ တရုတ်အစိုးရပိုင်စွမ်း အင်လုပ်ငန်းများက တည်ဆောက်နေသော စီမံကိန်းများ၏ စုစုပေါင်းထုတ်လုပ်နိုင်မည့် စွမ်းအင်ပမာဏမှာ ၃၁၄၅၁ မဂ္ဂါဝပ်ရှိကြောင်း၊ ယင်းစီမံကိန်းများမှရရှိသော လျှပ်စစ်စွမ်းအား ၏ အများစုကို  တရုတ်နိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများအနက် အများစုကို ၂ဝဝ၇ ခုနှစ်ကတည်းက မြန်မာအ စိုးရနှင့် တရုတ်နိုင်ငံ၏ Power Investment Corporation တို့က စီစဉ်ခဲ့သော ဧရာဝတီ မြစ်ပေါ်တွင် ဆည်ခုနစ်ခုတည်ဆောက်မည့် စီမံကိန်းများလည်းပါဝင်ကြောင်း၊  သို့သော် လည်း ယင်းစီမံကိန်းမှာ ဆန့်ကျင်မှုများ ကြောင့် ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း၊ အထူး သဖြင့် မြစ်ဆုံဆည်မှ ထွက်ရှိသည့်မဂ္ဂါဝပ် ၆ဝဝဝ အထိ မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု ထက် ပြည်တွင်းတွင်ရှိသော ၇၅ ရာခိုင်နှုန်း ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရန်သာ ဦးစားပေးသင့်ကြောင်း၊ ပြည်တွင်း တွင် သဘာဝပတ်ဝန်းကျင်အနေအထားနှင့် လူတို့၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက် မည့်စီမံကိန်းကြီးများ အကောင်အထည်ဖော် နေခြင်းထက် အကယ်၍လိုအပ်ပါက အသေး စားရေအားလျှပ်စစ်စီမံကိန်းကလေးများဖြင့် သာ ဒေသအလိုက် လိုအပ်ချက်ကို ဖြည့် ဆည်းသင့်ကြောင်း လေ့လာသုံးသပ်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိသည့် သဘာ ဝဓာတ်ငွေ့များကို ပြည်တွင်း၌ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက် အနည်းငယ်သာ အသုံးပြုပြီး အများစုကို ထုတ်ရောင်းလျှက် ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ထုတ် ပြန်ချက်အရ ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ အထိ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ သ ဘာဝဓာတ်ငွေ့သုံးစက်ရုံ စုစုပေါင်း ၃ဝ မှ ၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ်ဖြန့်ဖြူးပေးခဲ့ကြောင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မတိုင်မီ မဂ္ဂါဝပ် ၅၂ဝ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက “တစ်နိုင်ငံလုံးမှာ လက်ရှိ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄çဝဝဝ ကျော် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့် အဝလည်ပတ်နိုင်ခြင်းမရှိသေးတဲ့အတွက် မ ဂ္ဂါဝပ် ၃ဝဝဝ ကျော်ပဲ ထုတ်လုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့ကမ်းလွန်မှရှိသော ဓာတ်ငွေ့များ ကို ထုတ်ရောင်းလျက်ရှိပြီး နိုင်ငံ အတွက် လို အပ်သည့် လျှပ်စစ်ဓာတ်အားများကိုမူ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမည့် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည် ဆောက်၍ဖြည့်ဆည်းရန်စီစဉ်ခြင်း၊ သဘာဝ ဝန်းကျင်နှင့် မြစ်ချောင်းများ ထိခိုက်စေမည့် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက် ပြီး ထုတ်လုပ်သုံးစွဲရန်စီစဉ်ခြင်းများသည်  အန္တ ရာယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဧရာဝတီ၊ သံလွင်ကဲ့သို့သော မြစ်ကြီး များအပါအဝင် မြစ်များပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်းပေါင်း ၃၂ ခုအထိကို နိုင်ငံ ခြားရင်းနှီးမြ§ုပ်နှံမှုဖြင့် တည်ဆောက်ရန် စီ စဉ်ထားပြီး သံလွင်မြစ်တစ်ခုတည်းပေါ်တွင် စီမံကိန်းခြောက်ခုအထိ တည်ဆောက်ရန် စီ စဉ်နေခြင်းဖြစ်ကြောင်းနှင့် အဓိကတည်ဆောက် ခွင့်ရထားသည့်ကုမ္ပဏီများမှာလည်း ရွှေတောင်၊ အေးရှားဝေါလ်၊ IGE ကုမ္ပဏီများနှင့် တရုတ် ကုမ္ပဏီများသာဖြစ်ကြောင်း သိရသည်။     

Eleven Media Group 

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းတစ်နေရာအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတစ်နေရာအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ သို့ စွမ်းအင်တင်ပို့ရောင်းချရန် စီစဉ်ထားသည့်အစီအစဉ်တွင် အချိန် ကာလအားဖြင့် တိတိကျကျသတ်မှတ်ထားခြင်း မရှိသေးသော် လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နား လည်မှုပြုထားသည့် ပမာဏမဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိနေပြီး တရုတ်နိုင်ငံနှင့်မဂ္ဂါဝပ် ၃၁၄၅၁ ရှိနေကြောင်း Hydropower in Myanmar; Sector analysis and related legal reforms စာတမ်းအရ သိရသည်။

အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား

Photo: အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား
Tuesday, November 4, 2014

အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က အတည်ပြုပြောကြားသည်။

အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။ 

"စားသောက်ဆိုင်မှာ အနုကြမ်းစီးမှုဖြစ်ပွားတာပါ။ ငွေနဲ့ရွှေတွေပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေကိုတော့ လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်" ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခန့်က ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ သိရသည်။

အနုကြမ်းစီးမှုအားကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအနုကြမ်းစီးမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို လုယက်မှုအဖြစ် (ပ) ၁၁၄၂/၂၀၁၄ ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။        

Eleven Media Group 
 
အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင် အား နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခွဲက တွေ့ရစဉ်

အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင် အား နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခွဲက တွေ့ရစဉ်      

အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင် တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က အတည်ပြုပြောကြားသည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ငွေဖြူ၊ ငွေမည်းနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် အမှုပေါင်း ၄၆ မှုစစ်ဆေးပြီးဖြစ်သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ မရှိသေး


ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ တစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။

ဘီလာရုစ်နိုင်ငံရှိ ဒုတိယကမ္ဘာစစ်သမိုင်းဝင်ခံတပ်နေရာများသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သွားရောက်လေ့လာ

ဘီလာရုစ်သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက မင့်စ်မြို့ရှိ စတယ်လင်လိုင်း ဒုတိယကမ္ဘာစစ် အတွင်း သမိုင်းဝင်ခံတပ်နေရာ Complex သို့သွားရောက်လေ့လာခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းအရ သိရသည်။

မန္တလေးမြို့တွင်ယခင်နှစ်များထက် အိမ်ငှားခ ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ငှားခများ ယခင်နှစ်များထက် ပိုမိုဈေးမြင့်လာခဲ့ရာ တစ်လလျှင် ထရံကာ၊ သွပ်မိုးကို အနည်းဆုံး ငွေကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲထိ၊ ရိုးရိုးနံကပ်တိုက် ပေ ၂ဝx ၆ဝကို ငွေကျပ်သုံးသိန်း မှ လေးသိန်းထိ၊ RC သုံးထပ်တိုက်တွင် ခြံကျယ်ပါကို တစ်လလျှင် ခြောက်သိန်းမှ ၁၁ သိန်းထိရှိကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်

Photo: နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်
Tuesday, November 4, 2014

၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။

၂။ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသားဖော်ပြခဲ့သည့်အတွက် ပြန်လည်တောင်းပန်စာကို မြန်မာသံတော်ဆင့်ဂျာနယ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် (၂)ကြိမ်ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ညှိနှိုင်းခဲ့ပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက ဂျာနယ်နှင့် ဆွေးနွေးပြီး ဂျာနယ်က တောင်းပန်စာကိုတစ်ကြိမ်သာ ထည့်သွင်းပေးမည်ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာမူကြမ်းကို ပူးတွဲ၍ ပေးပို့ခဲ့ပါသည်။ အဆိုပါ ပေးပို့လာသည့် တောင်းပန်စာဖော်ပြပေးမည့်အကြိမ်အရေအတွက်နှင့် တောင်းပန်စာတွင် ဖော်ပြပေးမည့်အရေးအသားများသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေပြီး အကြည်ညိုပျက်စေသည့် ရေးသားချက်များနှင့်နှိုင်းယှဉ်ပါက ထိရောက်လုံလောက်စွာ ချေဖျက်ပေးနိုင် ခြင်းမရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက်ပုတ်ခတ်ရာ ရောက်သည့် စာသားများပါဝင်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့်ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
The Mirror Daily
၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့ သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။