Wednesday, 29 October 2014

MPT ထက် အင်တာနက်လိုင်း ကောင်းမွန်သောကြောင့် အောင်လံမြို့တွင် အော်ရီဒူးသုံးစွဲသူ မြင့်တက်နေ

အင်တာနက်လိုင်းပါ တစ်ခါတည်း ပါရှိပြီး အင်တာနက်အသုံးပြုခြင်း ကောင်းမွန်နေသည့်အတွက် မကွေး တိုင်းဒေသကြီး အောင်လံမြို့တွင် အော်ရီဒူးဖုန်းကတ်များနှင့် ငွေဖြည့်ကတ်များ အရောင်းသွက်နေကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။

ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ရွေးကောက်ခံများ ခန့်အပ်နိုင်လျှင် ပြုပြင်ပြောင်းလဲရေး အောက်ခြေအထိ ရောက်နိုင်

အခြေခံဥပဒေပြင်ဆင် ရေးအကြံပြုချက်တွင် ထည့်သွင်းထားသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးအား  ပြည်သူ့ရွေးကောက်ခံများနှင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးသို့ ပြင်ဆင်နိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အောက်ခြေအထိ ပိုမိုထိရောက်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကသုံးသပ်သည်။

အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်

Photo: အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်
Wednesday, october 29, 2014

အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အနာဂတ် ကာလတွင် အင်အား ပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက်လှမ်းရေးအဖွဲ့က သတိပေး ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ်ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည်ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံတွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက်မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက်ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန် နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင် လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက် ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အထည်ချုပ်ကျွမ်းကျင် လုပ်သားနည်း၍ အပ်ထည်နောက်ကျ

Photo: အထည်ချုပ်ကျွမ်းကျင် လုပ်သားနည်း၍ အပ်ထည်နောက်ကျ
Wednesday, october 29, 2014

အထည်ချုပ်လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက် ပိုမိုကျယ်ပြန့်လာသော်လည်း ပြည်တွင်းလုပ်သား မကျွမ်းကျင်မှုနှင့် အမှာစာလွဲချော်မှုများကြောင့် အထည်ပြန် အပ်ချိန် နောက်ကျနေရကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင် အသင်း က ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ဈေးကွက် ပိုကျယ် လာပေမယ့် လုပ်သား ကျွမ်းကျင်မှုတွေ၊ အမှာစာတွေ ပေးပို့တဲ့အပိုင်း မှာ လွဲချော်မှုလေးတွေ ရှိနေတဲ့အတွက် အပ်ထည်ပြန်အပ်ချိန် နောက်ကျတာပါ”ဟု ဆိုသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းအတွင်း ယခင်မှာယူနေကျနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်ဈေး ကွက်အပြင် အနောက် ဥရောပမှ ဂျာမနီ၊ အင်္ဂလန်နှင့် စပိန်ဈေးကွက်များကိုလည်း တင်ပို့မှုများ ပိုမိုတိုး တက်လာသော်လည်း အထည်ပြန်အပ်ချိန် နောက်ကျ မှုကြောင့် ဈေးကွက်ထိခိုက်မှု အနည်းငယ် ရှိလာ သည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ဦးမြင့်စိုးက “အထည်ချုပ်လုပ်ငန်းက အခုနောက်ပိုင်း ပြိုင်ဆိုင်မှု ပိုပြင်းထန် လာတယ်။ နိုင်ငံတကာလုပ်ငန်း ကြီးတွေ ၀င်လုပ်လာတာဆိုတော့ အချိန်တိုတိုနဲ့ အပ်ထည်လိုချင်တယ်။ ဒီမှာကလည်း လုပ်သားကျွမ်းကျင်မှုနဲ့ တရုတ်နိုင်ငံက ကုန်ကြမ်းကို စောင့်ရတာတွေရှိတော့ အပ်ထည်နောက်ကျတော့ ၀ယ်လက်တွေက မကြိုက်ဘူး”ဟု ဆိုသည်။

လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ဂျပန်၊ အနောက်ဥရောပနိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်သင်တန်းများ၊ စက်ပြင်သင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောသည်။

လုပ်သားပေါများမှုနှင့် လုပ်ခလစာပေါများမှုကြောင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များ ပိုမိုဝင်ရောက်လာပြီး ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ခဲ့ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ပြည်တွင်းအထည်ချုပ်ထုတ်လုပ်မှု ၆၅ ရာခိုင်နှုန်းကို အာရှဈေးကွက်သို့ တင်ပို့ နေပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ဥရောပနှင့် လက်တင်အမေရိက ဈေးကွက်သို့ တင်ပို့နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြော သည်။

Mizzima - News in Burmese  

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထည် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ထားသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထည် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ထားသည်။
အထည်ချုပ်လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက် ပိုမိုကျယ်ပြန့်လာသော်လည်း ပြည်တွင်းလုပ်သား မကျွမ်း ကျင်မှုနှင့် အမှာစာလွဲချော်မှုများကြောင့် အထည်ပြန် အပ်ချိန် နောက်ကျနေရကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင် အသင်း က ပြောသည်။

ကမ္ဘာအေး လူကူးခုံးကျော်တံတား ဒီဇင်ဘာတွင် ၅၀ ရာခိုင်နှုန်း အပြီးသတ်မည်

Photo: ကမ္ဘာအေး လူကူးခုံးကျော်တံတား ဒီဇင်ဘာတွင် ၅၀ ရာခိုင်နှုန်း အပြီးသတ်မည်
Wednesday, october 29, 2014

စက်လှေကားနှစ်စင်း ထည့်သွင်း ဆောက်လုပ်မည့် ကမ္ဘာအေး လူကူး ခုံးကျော် တံတား ဆောက်လုပ်မှုသည် လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သဖြင့် ဒီဇင်လအတွင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းလူကူး ခုံးကျော်တံတားသည် ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် ဆောက်လုပ် သော လူကူးခုံးကျော်တံတား သုံးစင်းအနက် တတိယမြောက် တံတားဖြစ်ကာ တံတားအရှည် ၈၅ ပေ၊ ကင်းလွတ်အမြင့် ၁၈ ပေ၊ လျှောက်လမ်းအကျယ် ရှစ်ပေဖြင့် ဆောက်လုပ်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လူသွားလူလာ အများဆုံး နေရာတွေကို ရွေးချယ်ပြီးတော့ လူကူးတံတား ဆောက်တာပါ။ လာမယ့် နှစ်ထဲမှာလည်း လိုအပ်ရင် လိုအပ်တဲ့ နေရာတွေကို ထပ်လုပ်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်အတွင်း ဆောက်လုပ်ခဲ့သော လူကူး ခုံးကျော်တံတား သုံးစင်းအနက် ခရေပင် လမ်းဆုံအနီးရှိ လူကူး ခုံးကျော်တံတားသည် ဇူလိုင်လ အတွင်းက ပြီစီးခဲ့ပြီး၊ ပန်းဆိုးတန်း ခုံးကျော်တံတားသည် နိုင်ဝင်ဘာ လကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း၊ တံတားသုံးစင်းအတွက် အသုံးပြု ဘတ်ဂျက်ကို လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားသည်။

“ဂမုန်းပွင့်က ဈေးဝယ်သူတွေ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ အမြဲတမ်း ရှုပ်နေ တာ လူကူးတံတား ဆောက်တာအပြင် စည်းကမ်းမဲ့ လိုင်းကားတွေ၊ တက္ကစီတွေ နဲ့ ဖြစ်သလို လမ်းကူးတဲ့ သူတွေကိုလည်း စောင့်ကြည့် ဒဏ်ရိုက်တာမျိုးတွေ လည်း လုပ်သင့်တယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အငှားယာဉ် မောင်း ဦးမြင့်နိုင် က ဆိုသည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက် အောက် တွင် လူကူး ခုံးကျော်တံတား ရှစ်စင်းနှင့် ဆောက်လုပ်ဆဲ လူကူး ခုံးကျော် တံတား နှစ်စင်းရှိကြောင်း အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly
စက်လှေကားနှစ်စင်း ထည့်သွင်း ဆောက်လုပ်မည့် ကမ္ဘာအေး လူကူး ခုံးကျော် တံတား ဆောက်လုပ်မှု သည် လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သဖြင့် ဒီဇင်လအတွင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ခွင့်ပြုချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများ သက်ဆိုင် ရာက အမြန် ဆုံး စိစစ်ဖော်ထုတ်ရန် လိုအပ်နေဟု ထောက်ပြ


ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် တရား မဝင်ဆောက်လုပ်သည့် အဆောက် အအုံ အများအပြား ရှိနေသည့်အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာအရ ခွင့်ပြု ချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ အမြန်ဆုံးစိစစ်ဖော်ထုတ်ရန်လိုအပ်နေကြောင်း တပ်မတော် သား အမျိုး သားလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြ ဆွေးနွေးခဲ့သည်။

နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, October 28, 2014

နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မှ ''နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့် မြင့်မြင့်လုပ်ကြပါ၊ သိက္ခာမဲ့တဲ့ နိုင်ငံ ရေးမလုပ်နဲ့၊ ကိုယ်ကပြိုင်ဘက်က ပြိုင်ဘက်ပဲ၊ ပြိုင်ဘက်အကြောင်း ပြောတဲ့နေရာမှာတောင် အဆင့် မြင့်မြင့် ပြောရမယ်။ တချို့တွေက တခြားသူကို ရင့်ရင့်သီးသီးပြောလို့ ရှိရင် သူတို့နိုင်တယ်လို့ ထင်တယ်။ တကယ်တော့ သူတို့ရှုံးတာပဲ၊ ကိုယ့် ရဲ့ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံက မယဉ် ကျေးရင်၊ သိက္ခာမရှိလို့ရှိရင် ကိုယ် ရှုံးတာပဲ။ ဟိုဘက်က ရှုံးတာမဟုတ် ဘူး။ အဲ့တော့ နိုင်ငံရေးလုပ်တယ် ဆိုတာ အဆင့်မြင့်မြင့်လုပ်ရမယ်။ ဒီနိုင်ငံဟာ နိုင်ငံရေး အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံဆိုတာ ဖြစ် သွားအောင်လို့ အခုချိန်မှာ လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။ ဒီအခွင့် အရေးတွေကို အဟောသိကံ မဖြစ် ပါစေနဲ့'' ဟု ပြောကြားသွားခဲ့သည်။

Yangon Media Group
နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

တူရကီအစိုးရ နယ်စပ်လုံခြုံရေး တိုးမြှင့်

Photo: တူရကီအစိုးရ နယ်စပ်လုံခြုံရေး တိုးမြှင့်
Wednesday, october 29, 2014

တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။

Turkishအစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက တူရကီရှေ့တန်းစည်း ပေါ်က နယ်စပ်စခန်းကို သိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ က တွန်းလှန်ခဲ့ပါတယ်။ တပ်စခန်းဟာ ဆီးရီးယားနိုင်ငံတွင်းက ခိုဘာနီနဲ့ တူရကီနိုင်ငံတွင်းက မာစစစ်ပီနာတို့ကြား ချိတ်ဆက်ထားတာပါ။

ဒါဟာ တိုက်ခိုက်ရေးသမားတွေအတွက် နယ်စပ်မြို့ကနေ တူရကီကို ဖြတ်သန်းနိုင်တဲ့ တခုတည်းသော တရားဝင်လမ်းကြောင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့   လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ ချီတဲ့ အိုင်အက်စ်  တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ပေမယ့် ခိုဘာနီကို သိမ်းပိုက်ရေး လက်မလွှတ်ဘဲ ၁ လကျော် ကြာ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတော့ တူရကီရဲတွေက တောင်ကုန်းတွေပေါ်ကနေ ခိုဘာနီကို လှမ်းကြည့်နေတဲ့ မီဒီယာသမားတွေနဲ့ လေ့လာသူတွေကို လူစုခွဲခဲ့တယ်လို့ ရိုက်တာစ် သတင်းဌာနမျက်မြင်သက်သေက ပြောပါတယ်။

၃ နှစ်ခွဲကြာ ဆီးရီးယားပြည်တွင်းစစ်ကို စောင့်ကြည့်လေ့လာနေတဲ့ ဆီးရီးယား လေ့လာရေးအဖွဲ့ကတော့ ခိုဘာနီမြို့ ရက် ၄၀  တိုက်ပွဲအတွင်း သေဆုံးသူ ၈၁၅ ယောက်ရှိပြီလို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောပါတယ်။

ဒီဗွီဘီ
တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။

သံတွဲ ညမထွက်ရအမိန့် ရုပ်သိမ်းမှု မြို့ခံများ ကြိုဆို

Photo: သံတွဲ ညမထွက်ရအမိန့် ရုပ်သိမ်းမှု မြို့ခံများ ကြိုဆို
Wednesday, october 29, 2014

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်တာကို မြို့ခံတွေက ကြိုဆိုကြပြီး မြို့လုံခြုံရေး အခြေအနေလည်း ကောင်းတယ်လို့ ပြောကြပါတယ်။

ပြည်နယ်အစိုးရက သံတွဲမြို့ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်တဲ့ အတွက် အောက်တိုဘာ ၂၈ ရက်ကစပြီး ညမထွက်ရအမိန့် ရုပ်သိမ်းခဲ့ပါတယ်။
သံတွဲမြို့ မီးရှို့မှု ဖြစ်ပွားစဉ်က

သံတွဲမြို့ခံ ဦးဝင်းနိုင်က “ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ကတည်းက ပုဒ်မ ၁၄၄ ထုတ်ခဲ့တာဗျ။ သံတွဲမြို့ အခြေအနေက ကောင်းနေပါပြီ၊ အခုအချိန်လောက်ဆို ရုပ်သင့်ပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားခရီးသွား လုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်နေတယ်လေ။ ဒေသခံ တောင်သူလယ်သမားတွေ အရောင်းအ၀ယ်လုပ်ဖို့ သွားဖို့ လာဖို့တွေ ကိစ္စတွေမှာ တော်တော် အခက်အခဲ ဖြစ်တယ်လေ။ မြို့လုံခြုံရေး ပိုပြီး လုပ်ဆောင်လာနိုင်တာလည်း တွေ့ရတယ်။ ပဋိပက္ခတွေဟာ ပြည်နယ်ဖွံ့ဖြိုးကို ထိခိုက် စေနိုင်တယ် ဆိုတာကိုလည်း ဒေသခံတွေ သိလာကြတာလည်း ပါတယ်။ ပြည်သူတွေက တော်တော်လေး သဘောပေါက်လာကြပြီ” လို့ ပြောပါတယ်။

သံတွဲမြို့မှာ ညမထွက်ရအမိန့် ရုပ်သိမ်းခဲ့ပေမယ့် ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ မြေပုံနဲ့ မင်းပြားမြို့တို့မှာတော့ ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်ထားတုန်း ဖြစ်ပါတယ်။

မောင်တောမြို့က တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင် ဦးလှမြင့်က “မောင်တောမှာတော့ ပုဒ်မ ၁၄၄ ဆက်ထုတ်ထားဖို့ လိုဦးမယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးအပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ ဒီမှာက ဘင်္ဂါလီများတော့ လုံခြုံးရေးပိုင်းက ကိုင်တွယ်ရခက်တာတွေလည်း ရှိတာ တွေ့ရတယ်။ ပြီးတော့ ၁၄၄ ထုတ်ပြီးကတည်းက မြို့မှာ ညဘက် ခိုးတာတို့၊ လုတာတို့ကအစ အဲ့ဒါတွေ ပျောက်သွားတယ်။ အိမ်ဖောက်ထွင်းတာတို့ ဘာတို့ မရှိသလောက် ဖြစ်သွားတယ်။ ဒေသခံ တိုင်းရင်းသားတွေကတော့ ၁၄၄ ထုတ်ထားတာ ထောက်ခံတယ်။ ရုပ်သိမ်းဖို့တော့ ဖြစ်နိုင်မယ် မထင်ဘူး။ ညမထွက်ရအမိန့်က ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ထားတာဆိုတော့ မြို့ကလည်း ၂၄ နာရီ မီးလာတာ မဟုတ်ဘူးလေ။ မြို့ခံတွေအတွက် သိပ်တော့ အခက်အခဲ မရှိဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မြို့နယ်အတော်များများမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်ခဲ့ကြပါတယ်။

DVB 

သံတွဲမြို့ မီးရှို့မှု ဖြစ်ပွားစဉ်က

သံတွဲမြို့ မီးရှို့မှု ဖြစ်ပွားစဉ်က

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်တာကို မြို့ခံတွေက ကြိုဆိုကြပြီး မြို့လုံခြုံရေး အခြေအနေလည်း ကောင်းတယ်လို့ ပြောကြပါတယ်။

KIA ဖမ်းဆီးခံ မှော်လုပ်သား(၅၀)ကျော် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာ

Photo: KIA ဖမ်းဆီးခံ မှော်လုပ်သား(၅၀)ကျော် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာ
Tuesday, October 28, 2014

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီး သွားသော မှော်လုပ်သား(၅၀)ကျော်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အဆိုပါမှော်ဒေသတွင် ပယင်းမှော်၊ ချမ်းသာကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ ပိန်းနွဲကုန်းမှော်၊ နဂါးအိုင်မှော်၊ လဘူခမှော်စသဖြင့် ပယင်းကျောက်နှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့မှ မှော်လုပ်သားများ အား အချိန်မရွေး ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

``ဖမ်းသွားတာကတော့ ကြာပါပြီ၊ အခုမှ ပြန်လွတ်လာတာ၊ အစတုန်းကတော့ လူသစ်လုပ်ဖို့ ဖမ်းသွားတာပါ၊ အစိုးရတပ်တွေ ၀င်လာတာနဲ့ Online ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါ တယ်´´ ဟု တနိုင်းမြို့ခံတစ်ဦးက ပြောသည်။

KIA ဖမ်းဆီးခံ မှော်လုပ်သားများသည် တောထဲတောင်ထဲတွင် သွားလာခဲ့ရပြီး KIA အဖွဲ့ လှုပ်ရှားနေထိုင်ရာ စခန်းများ၌ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ ညပိုင်းတွင် ကြိုးတုပ်ချုပ်နှောင်ထားကြောင်း၊ ထိုသို့ ဖမ်းဆီး ထားစဉ် ထမင်းပင် ၀လင်အောင်မစားရကြောင်း ပြန်လည်လွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးက ပြော သည်။

``သူတို့စစ်သားတွေလဲ အနေအထိုင်ဆင်းရဲပါတယ်၊ ထမင်းဟင်းတောင် ၀အောင် မစားရဘူး၊ တွေ့တဲ့ရွာတွေ ကို ၀င်ပြီး ဆန်တောင်း၊ ဆီတောင်း စားနေရတာ၊ ကျွန်တော်တို့ကိုလည်း ကြာကြာ ကျွေးမထားနိုင်တော့လို့ ငွေ တောင်းပြီး ပြန်လွှတ်ပေးတဲ့ သဘောပါ´´ ဟု တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်လုပ်သား ကိုဝင်းရွှေက ပြောသည်။

KIA ဖမ်းဆီးခံရသော မှော်လုပ်သား(၅၀)တွင် အရွယ်မရောက်သေးသော လူငယ်များလည်း ပါဝင်နေပြီး မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း၊ မှော်လုပ်သားတစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေ(၅၀၀၀၀)ကျပ်စီ ပေးခဲ့ရကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)
Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီး သွားသော မှော်လုပ်သား(၅၀)ကျော်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

Two Piece ၀တ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တိုင်း နာမည်ကြီးပြီလို့ ထင်နေတာမျိုးဟာ လွဲနေတဲ့ အမြင်တစ်ခုလို့ ထောက်ပြဝေဖန်လိုက်တဲ့ ခင်ဝင့်ဝါ

Photo: Two Piece ၀တ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တိုင်း နာမည်ကြီးပြီလို့ ထင်နေတာမျိုးဟာ လွဲနေတဲ့ အမြင်တစ်ခုလို့ ထောက်ပြဝေဖန်လိုက်တဲ့ ခင်ဝင့်ဝါ
Wednesday, october 29, 2014

Miss Supranational ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါဟာ ခုလက်ရှိမှာ ဇာတ်ကားတော်တော်များများရဲ့ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးနေရပြီဖြစ်ပြီး လတ်တလောမှာတော့  ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်နေတဲ့ မြှားနတ်မောင် ဖွက်ထားတဲ့မြှား ကားမှာ စိုင်းစိုင်းခမ်းလှုင်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဇာတ်ကားတွေမှာ သူမ သရုပ်ဆောင်ရတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တော့ “ညီမက အသစ်တစ်ယောက်ဖြစ်တဲ့အတွက် အရမ်းတော့အားမရဘူးပေါ့။ အသစ် တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေမှာပါ။ အဲ့ဒီ လိုအပ်ချက်တွေကို လဲ တစ်ကားနဲ့တစ်ကားမှာ တတ်နိုင်သမျှ နည်းအောင် ညီမကြိုးစားနေပါတယ်။ ဒီကားပြီးရင် မကြည်ဖြူနဲ့ရိုက်ဖို့ရှိပါတယ်။ မကြည်ဖြူနဲ့က တစ်လတစ်ကား ရိုက်တယ်။ ဒါမှမဟုတ်ရင် တစ်လခြား တစ်ကားပေါ့။ သစ္စာနှင်းဆီနဲ့ရွှေစင်ဦးကျတော့ ၁၀ ကားစီ ချုပ်ထားပါတယ်။ သူတို့က  စာချုပ်ချုပ်ထားပေမဲ့ ညီမနဲ့က ညီအစ်မတွေလိုခင်တဲ့အတွက် အရမ်းကြီးမကြပ်ဘူး။ လွတ်လဲ လွတ်လပ်ပါတယ်။ ဇာတ်ကတော့ သိပ်အများကြီး မရွေးဖြစ်ဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်တွေကိုပဲ လာငှားကြတာများတော့ ပြီးတော့ အသစ်လဲဖြစ်တဲ့ခါကျတော့ ညီမအနေနဲ့က ဒီကားမရိုက်ချင်ဘူး။ ဟိုကားရိုက်ချင်တယ်ဆိုပြီး ပြောခွင့်လဲမရှိပါဘူး။ ခုချိန်ထိရိုက်နေရတဲ့ ကားလေးတွေကတော့ အားလုံးညီမနဲ့ လိုက်တဲ့ကား များပါတယ်။ ကိုယ့်ကို ရွေးချယ်ပေးလာတဲ့ ဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးပါတယ်။”လို့ သူမက ဆိုပါတယ်။

Miss တစ်ယောက်ဖြစ်တာကြောင့် အနေအထိုင်၊ အသွားအလာ၊ အပြောအဆိုပိုင်းကအစ ထိန်းထိန်းသိမ်းသိမ်းနေလေ့ရှိတဲ့ သူမက “ကိုယ်က Miss တစ်ယောက်လည်း ဖြစ်တယ်၊ သရုပ်ဆောင် တစ်ယောက်လဲဖြစ်တဲ့အတွက် ကိုယ့်ရဲ့ image ရော၊ နိုင်ငံရဲ့ Image ရောမကျအောင်အတတ်နိုင်ဆုံး သွားလာပြောဆို နေထိုင်ရပါတယ်။ အနုပညာရှင်တစ်ယောက်မို့လို့လဲ အသွားအလာ အနေအထိုင်ကအစ ဆင်ခြင်ရပါတယ်။ facebook ပေါ်ပုံတင်တာက အစ ဆင်ခြင်ပြီး တင်ပါတယ်။ fb သုံးတဲ့တွက် ကောင်းကျိုးလဲရှိသလို ဆိုးကျိုးလဲရှိတယ်။ facebook သုံးတဲ့တွက် ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရသလို သူတို့ရဲ့ထောက်ပြဝေဖန်မှုတွေကို ပြင်ဆင်လို့ရတယ်။ ကောင်းသောနည်းလမ်းနဲ့သုံးတာ ကောင်းပါတယ်။ Social Network ကိုလဲ ကောင်းသော အသုံးပြုတဲ့ ပုံစံနဲ့ပဲ သုံးစေချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် fb မှာ အရမ်းဟော့တဲ့ပုံတွေ ခုနောက်ပိုင်းဆို တင်လာကြတာမျိုးရှိတယ်။ ပုံတင်တဲ့အခါမှာ အနုပညာရှင်ဆိုပြီး တင်လိုက်တဲ့ခါကျတော့ အားလုံး မကောင်းဘူးဆိုပြီး သိမ်းကျုံးပြီးမြင်သွားတတ်ကြတယ်။ တကယ်မလုပ်တဲ့သူတွေပါ နစ်နာတယ်။ အဲ့ဒီတော့ ပုံတွေဆို စဉ်းစားချင့်ချိန်ပြီး တင်စေချင်တယ်။ ကိုယ်တစ်ယောက်ကြောင့် တစ်ပါးသူတွေ ထိခိုက်မှာကို မဖြစ်စေချင်ပါဘူး။ fb မှာ two piece နဲ့တင်ရင် နာမည်ကြီးမယ်လို့ထင်နေတဲ့ တချို့ သူတွေရဲ့အမြင်ကို ဒါက ပြိုင်ပွဲစည်းကမ်းအရ Miss ပြိုင်တဲ့ ဘယ်ပွဲမဆို two piece နဲ့ပြိုင်ရတယ်။ ဘယ်အင်တာနေရှင်နယ် ပြိုင်ပွဲမဆိုပေါ့။ ဒါကို အဲ့လိုဝတ်ပြီး facebook ပေါ်တင်ရင် နာမည်ကြီးမယ်လို့ ထင်နေတာက သူတို့တွေရဲ့ တလွဲအမှားကြီးပေါ့နော်။ အဲ့တွက်ကြောင့် ကောင်းသော နာမည်ကြီးချင်းမျိုးနဲ့ပဲကြီးကြပါပေါ့။ ဆိုးတဲ့နာမည်ကြီးချင်းမျိုးနဲ့ဆို ကိုယ်လဲ မကောင်းဘူး။ နောင်တွက်လဲ မကောင်းဘူး”လို့ပြောပြခဲ့ပါတယ်။

Trend Myanmar
Miss Supranational ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါဟာ ခုလက်ရှိမှာ ဇာတ်ကားတော်တော်များများရဲ့ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးနေရပြီဖြစ်ပြီး လတ်တလောမှာတော့  ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်နေတဲ့ မြှားနတ်မောင် ဖွက်ထားတဲ့မြှား ကားမှာ စိုင်းစိုင်းခမ်းလှုင်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို

Photo: စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို
Wednesday, october 29, 2014

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီ တစ်ထည်နဲ့ ဖိနပ် တစ်ရံ အဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ် ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန် ခဲ့ ပါတယ်။

ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက် ရှိကြောင်း သိရ ပါတယ်။

ရိုးရာလေး
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်

Photo: အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်
Wednesday, october 29, 2014

လျှပ် စစ်အန္တရာယ် ကင်းရှင်းစေရေးအ တွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊သုံးစွဲခြင်းများကိုတိကျသည့် အရေး ယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။

အောက်တိုဘာ ၂၈ရက်တွင်ကျင်း ပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ကွာလတီမမီသော လျှပ်စစ်ပစ္စည်းများကို မည်သူများ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်သုံးစွဲခွင့် ပြုထားသည်ဟူသည့် မေးခွန်းနှင့်စပ် လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းအရင်း လေးမျိုးရှိ ပြီး ဓာတ်အားလိုင်းများ နိမ့်ကျပြတ် ကျမှု၊ သုံးစွဲသူများ သွယ်တန်းထား သည့် လျှစ်စစ်ကြိုးများ ပေါက်ပြဲ ပြတ်ကျမှု၊ အရည်အသွေးနိမ့်သည့် ပစ္စည်းများ သုံးစွဲမှု၊ လျှစ်စစ်အန္တရာယ် ကင်းရှင်းရေး ကာကွယ်ရေးအသိမရှိ မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည် ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဒုတိ ယဝန်ကြီး ဦးမော်သာထွေးက ပြော သည်။

ယင်းက ဆက်လက်ပြီး''သွယ် တန်းထားတဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေဟာ ကာလကြာရင်လည်း လဲဖို့ လိုသလို ဈေးပေါပေါနဲ့ ဖြစ်သလိုလုပ် ထားတဲ့ ပစ္စည်းတွေဆိုရင်လည်း ဝင် ရောက်စိစစ်ခြင်းတွေလုပ်တာတွေ ကို လျှပ်စစ်ဥပဒေနဲ့အညီ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်''ဟုဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဆွေးမြေ့လျှပ်စစ်ဓာတ် ကြိုးများ၊ ဟောင်းနွမ်းဓာတ်တိုင်များ၊ အန္တရာယ်ရှိလျှစ်စစ် သွယ်တန်းမှုများ နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်း ခြင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဝေဖန်ထောက်ပြမှုများကို အကြိမ် ကြိမ်တိုက်တွန်းဆောင်ရွက်ခဲ့မှု အပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပြုပြင်ဆောင်ရွက်မှု ကတိ ကဝတ်များပြုခဲ့သော်လည်း လျှပ်စစ် ကြောင့်သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လွှတ်တော် အတွင်း ဝေဖန်ပြောကြားခဲ့သည်။

''ကွာလတီမမီတဲ့ ပစ္စည်းတွေ ကို ပြည်သူတွေက သုံးကြတယ်။ ဒီ ကွာလတီမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ဘယ်ကနေဘယ်လို ခွင့်ပြုချက် တွေနဲ့ တင်သွင်းဖို့ ခွင့်ပြုထားတာ လဲ။ ကွာလတီမီမမီကို တာဝန်ရှိတဲ့ သူတွေကနေ တိုင်းတာစစ်ဆေးရမှာ ဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်အတွင်း မေးခွန်းထုတ်ပြော ဆိုသည်။

ယင်းအပေါ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော် သာထွေးက ''လျှပ်စစ်ပစ္စည်းတွေတင် သွင်းတာ သုံးစွဲတာဟာဥပဒေနဲ့ဆိုင် ပါတယ်။ ဒါကြောင့် လျှပ်စစ်ဥပဒေ ကို လွှတ်တော်အသီးသီးက အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်က မကြာခင် ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိကျတဲ့ အရေးယူမှု လုပ်ဆောင်ချက်တွေကို အတိကျဆုံး ဆောင်ရွက်နိုင်မယ့် နည်းဥပဒေတွေ ပါ ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။

YM, MP
Yangon Media Group
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကိုတိကျသည့် အရေးယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။

မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်

Photo: မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်
Wednesday, october 29, 2014

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က“ကျွန် တော်တို့ ယူ-၁၉အသင်းဟာ နိုဝင်ဘာ (၁) ရက်နေ့ နံနက်ပိုင်း မှာမြို့တွင်းကို လှည့် လည်အောင် ပွဲခံ ဖို့စီစဉ် ထားပါတယ်။ ဒါ့အပြင်နိုင်ဝင်ဘာ (၂) ရက်နေ့ညနေပိုင်းမှာတော့ ဂီတဖျော်ဖြေပွဲတစ်ခုကျင်း ပသွားမှာပါ။ ပါဝင်မယ့် အဆိုတော်တွေနဲ့ ဘယ်တီးဝိုင်းတွေဖြစ်မလဲဆိုတာကိုတော့တိုင်ပင်နေတုန်းပါပဲ။

ဒီပွဲမှာ ပရိသတ်တွေဆီက ၀င်ကြေးကောက်ခံသွားမှာဖြစ်ပြီး ရရှိမယ့် ၀င်ငွေအားလုံးကို ယူ-၁၉အ သင်းကို ဂုဏ်ပြုဆုငွေ အဖြစ်ပေးအပ်သွားမှာပါ”ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင် ခဲ့သောကြောင့် လမည့်နှစ်တွင်နယူးဇီလန်နိုင်ငံ၌ကျင်းပမည့်ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့ညနေပိုင်းတွင်လည်း ယူ-၁၉ အသင်းကိုသီးသန့် ဂုဏ်ပြုပွဲ တစ်ပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘလ(၂) ရက်နေ့တွင်ကျင်းပမည့်ဂီတဖျော်ဖြေပွဲ၏လက်မှတ်ခများကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ဦးစိုးမိုးကျော်က ထပ်မံပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပါဝင်မည့် အဆိုတော်များကို အတည်မပြုနိုင်သော်လည်း TheTree Band နှင့်အတူလင်းလင်း၊ ဟန်ထွန်း၊ သအို၊ဂျီလတ်၊ ချစ်သုဝေ အစရှိသော အဆိုတော်များ ပါဝင်သီဆိုဖျော်ဖြေဖွယ် ရှိနေ သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပ သွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ် ထည့်ပေးရန် ဆန္ဒပြမည်

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းပေးရန် ရန်ကုန် မြို့တော်ရှိ မြို့ တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) ဦးဆောင်ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း MTUF ၏ ပြန်ကြားရေး တာဝန်ခံ ဦးသက်နှင်းအောင် က ပြောကြားသည်။

အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း

Photo: အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း
Wednesday, october 29, 2014 

ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီ ရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

ပြည်တွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားစွာ ဝင်ရောက်လာခြင်းအပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်ပကုမ္ပဏီများ ချိတ်ဆက် ဆောင်ရွက်မှု များလာခြင်းကြောင့် အမေရိကန်ငွေဈေးမှာ ပိုမိုမြင့်တက် လာနိုင်သည်ဟု ၎င်းကဆိုသည်။
“ဒေါ်လာဈေးက ပြန်ကျမယ့် အလားအလာ သိပ်မရှိဘူး။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှု ပိုမိုများလာတဲ့အတွက် အမေရိကန်ငွေဈေးက တဖြည်းဖြည်း မြင့်တက်လာနိုင်တယ်” ဟု ဦးသန်းချိုက သုံးသပ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးသော်လည်း ယခုရက်ပိုင်း၌ ဈေးကွက်အတွင်း လိုအပ်သည့် ပမာဏကို ရောင်းပေးနိုင်ခြင်း မရှိသောကြောင့် အမေရိကန် ငွေလဲနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူ ဦးလှထွန်းခိုင်က ပြောကြားသည်။

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ဈေးကွက် လိုအပ်ချက်အတိုင်း မရောင်းချနိုင်ခြင်းမှာ ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ အမေရိကန် ဒေါ်လာပေါက်ဈေးများ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေးမှာ ၁၀၀၄ ကျပ် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ မြန်မာငွေ တစ်ထောင်ကျပ်ဝန်းကျင် ဖြစ်ပါက အသင့်လျော်ဆုံး ဖြစ်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာ ရှိသည့် ငွေလဲနှုန်း ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။

The Voice Weekly
ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာ ပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိ ခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ

Photo: လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ
Wednesday, october 29, 2014 

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက်သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ်ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သိန်းဟန်ဦးဆောင်၍ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်လမ်းအတိုင်း ယင်းတော်၊ ပျော်ဘွယ်၊ ရမည်းသင်းရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ လူတိုက် ပြေးသော ကားနောက်ကို အဆက်မပြတ်လိုက်လံရှာဖွေရာ ရမည်းသင်းမြို့နယ် သဲကွဲဂိတ်တွင် လူတိုက်ပြေးသော ကားကို ည ၁ဝ နာရီတွင် ဖမ်းဆီးရမိ ခဲ့သည်။

ကားမှာ မန္တလေးမြို့ စက်မှု(၁)ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း စိုးမင်းဇော်(ခ)ရှမ်းလေး(၃၂ နှစ်)မောင်းနှင်သည့် ၈ှု။ ---- နီဆန်း ၁၂ ဘီး လိမ္မော်ရောင်ယာဉ်ဖြစ်ပြီး မြို့မရဲစခန်းက ယာဉ်မောင်း စိုးမင်းဇော်ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက် တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက် သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ် ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်

Photo: တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်
Wednesday, october 29, 2014 

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

တန်ဆောင်တိုင် ပွဲတော်လုံခြုံရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာ ရဲမှူးကြီးမြင့်ထူးက အခုလိုပြောခဲ့ တာပါ။

"ကျင်းပတဲ့အချိန်မှာ လုံခြုံရေးကိုတော့ ကျနော်တို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်ချိန်မှာ ရှိနေတဲ့အင်အားအပြင် တောင်ကြီး တောင်းပိုင်းခရိုင်မှာရှိတဲ့ ၄ ခရိုင် အင်အားတွေကို ခေါ်ယူပြီးမှသာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့နေရာမှာလည်း ကျနော်တို့ လုံခြုံရေးကို အခြေ ၃ ခြေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အခြေ လုံခြုံရေး၊ အရေးကြီးတဲ့လုံခြုံရေး၊ အရေးပေါ်လုံခြုံရေးဆိုပြီးတော့မှ ၃ ပိုင်းခွဲပြီးတော့ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့နဲ့ လုံခြုံရေးမှာဆိုရင်လည်း ကျနော်တို့အင်အားအပြင် စွမ်းအားရှင်တွေအပါအဝင် အင်အား ၁ဝဝဝ ကျော်နဲ့ပါ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်"

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် ညပိုင်းက အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)နဲ့ မော်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

RFA Burmese
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်

Photo: လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်
Wednesday, october 29, 2014

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်တွေ့ဆုံပြီး လူမှုကွန်ရက်မီဒီယာက ခိုတောင်ကျွန်းလူသတ်မှုမှာ သူ့မိသားစု ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေတဲ့အပေါ် ဆွေးနွေးတိုင်ကြားသွားမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းဖို့ ရှိတယ်လို့ လိပ်ကျွန်းသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် မှုခင်းဆေးပညာဆိုင်ရာအရာရှိတွေ၊ ဗြိတိန်သံရုံးတာဝန်ရှိသူတွေ၊ ရဲချုပ်တို့ရှေ့မှာ သားဖြစ်သူရဲ့ ဒီအန်အေကို စစ်ဆေးပြပြီး သံသယတွေ ရှင်းလင်းမယ်လို့ သူကဆက်ပြောပါတယ်။ 

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့မိဘတွေက သူတို့သားဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ရဲတွေက ရိုက်နှက် စစ်ဆေးတာ မခံနိုင်လို့ ၀န်ခံခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေး အတွက် အောက်တိုဘာ ၂၇ ရက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တောင်းဆိုချက်တွေ ပေးပို့ခဲ့အပြီး လိပ်ကျွန်းသူကြီးဘက်ကလည်း သတင်းစာရှင်းလင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု တရားခံအစစ် ဖမ်းဆီးရမိကြောင်း အမှုတွဲကို တည်ဆောက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ပြည်တွင်းနဲ့ ပြည်ပ လူမှုကွန်ရက် မီဒီယာ အများစုက ဒီအမှုပေါ် သံသယဖြစ်နေကြပါတယ်။ 

အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုအကြောင်း စပြီးတင်လိုက်ကတည်းက like လုပ်သူပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိသွားတဲ့ စီအက်စ်အိုင်အယ်လ်အေ (CSI LA) ဖေ့စ်ဘုတ်စာမျက်နှာhttps://www.facebook.com/CSILA90210 မှာ အဓိက တရားခံအဖြစ် ကျွန်းသူကြီးရဲ့ သားဖြစ်သူ နုမ်းဆွတ် ခေါ် နိုင်းဝါလ်လုတ့် တုဝီချဲနဲ့တကွ ကျွန်းပေါ်က မာဖီးယားတွေကို အထောက်အထားတွေနဲ့ ပစ်မှတ်ထားတင်ပြနေပါတယ်။

DVB
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင် လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

Photo: အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်
Wednesday, october 29, 2014

အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီး တွေနဲ့ သမီးတွေအပေါ် လိင်ပိုင်းရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။
ရှေ့နေတွေကတော့ နတ်ဘုရားတည်ရှိမှုအပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင် ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ်အပိုင်းလို့ ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် ခုခံလျှောက်လဲသူ ဂိုအယ် ရတ်ဇန်ကတော့ မဖွယ်မရာ လုပ်မှုနဲ့ မုဒိမ်းမှု စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ တဲလ်အဗစ်ခရိုင် တရားရုံး ကတော့ မြို့တလွှားက အိမ်အသီးသီးမှာ ပိတ်ထားတဲ့ ဇနီးသည် ၂၁ ယောက်နဲ့ သမီး ၃၈ ယောက်အပေါ် ကျွန်ပြုမှု သီးခြားအမှုတွဲတွေကနေ သူ့ကို တရားသေ လွှတ်ပေးခဲ့ဖူးပါတယ်။ 

ကိုယ်ပေါ်မှာ သူ့ရုပ်ပုံနဲ့ နာမည်ကို ဆေးမင်ကြောင်ထိုးထားတဲ့ ဇနီးသည် အများအပြားက သူတို့သဘောနဲ့ သူတို့ အတူနေခဲ့ကြတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

ဇနီးသည်တွေထဲက တယောက်ကတော့ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ခုတကြိမ် ပြစ်ဒဏ်စီရင်မှုကို ကြိုဆိုလိုက်ပါတယ်။ 

၂၀၁၀ ပြည့်နှစ်က အစ္စရေးရဲ့ချန်နယ်တန်း ရုပ်သံလိုင်းက တဲလ်အဗစ်မြို့က သူ့အိမ်တလုံးကို ချဉ်းကပ်ပြီး သူ့ဘဝကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။ 

သူကတော့ အမျိုးသမီးတွေရဲ့ လိုအင်ဆန္ဒအားလုံးနဲ့ တန်ဖိုးအားလုံးကို ဖြည့်စွမ်း ပေးနိုင်လို့ သူမှာ အရာရာပြည့်စုံနေတယ်လို့ ချန်နယ်တန်း သတင်းထောက်တွေ ကို ပြောခဲ့ပါ တယ်။

DVB
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီး တွေနဲ့ သမီးတွေအပေါ် လိင် ပိုင်း ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ် လိုက်ပါတယ်။