Thursday, 9 October 2014

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ် လေ့လာခြင်းကိစ္စများ ဆွေးနွေးမှုကို ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ်လေ့လာခြင်း ကိစ္စများဆွေးနွေးမှုကို ၂ဝ၁၅ ရွေးကောက် ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင်ဆောင်ရွက်မည်ဟု အောက်တိုဘာ ၇ ရက်က အီတလီ နိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန် ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၈ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက် အရ သိရသည်။

မှုခင်းဒေသဖြစ်လာသော လှိုင်သာယာကို ဒုစရိုက်မှုများထိန်းချုပ်ရေး ဆောင်ရွက်မည်

မကြာခဏ ဖြစ်ပွားနေ သည့် ဒုစရိုက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား နေသော ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာ ယာမြို့နယ်တွင် ဒုစရိုက်မှုများ ကျ ဆင်းရေးအတွက် တရားခံပြေး များနှင့် ဥပဒေပြင်ပ စီးပွားရေး လုပ်ကိုင်သူ များကို ဖမ်းဆီးရေး စီမံချက်စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးရေး ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီက ကန်ဒေါ်လာသန်း ၁၅၀ ချေးမည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ရေနှင့် သန့်ရှင်းမှုကဏ္ဍများအတွက် ပြင်သစ်ဖွံ့ ဖြိုးတိုးတက်မှု အေဂျင်စီ (AFD) က ကာလရှည်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၅၀ ပေးရန် စီစဉ် နေကြောင်း သတင်းရရှိသည်။

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုးစိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ်ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိရာ၌ အနက်သုံး ပေရှိပြီး အခိုင်အခံ့တည်ဆောက်ထားသော ဗြိတိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရကားများ ဈေးတက် အ၀ယ်သွက်

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရရှိမည့် ကားများ၏ ဈေးနှုန်းများ မြင့်တက်နေပြီး အ၀ယ် လိုက်နေ ကြောင်း ပြည်တွင်းကား ဈေးကွက်မှ သတင်းရရှိသည်။

ဟွဒ်ဟွဒ် ဆိုက်ကလုန်းမုန်တိုင်း အိန္ဒိယမြောက်ဘက်ကမ်းခြေသို့ ၀င်နိုင်

ကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော မုန်တိုင်းကို ဆိုက်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်အ ဖြစ် နိုင်ငံတကာ အမည်တပ်လိုက် ပြီဖြစ်ပြီး သုံးရက်ခန့် အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ကမ်းခြေသို့ ၀င်ရောက် သွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဗြိတိန်ရှိ ဘော်ဒါနှစ်ခုတွင် တက်ရောက်နိုင်မည့် ဘော်ဒါနှစ်ခု အကြောင်း ဟောပြောမည်

ဗြိတိန်နိုင်ငံရှိ ဘော်ဒါကျောင်းနှစ်ခုဖြစ်သည့် Broms-grove နှင့် Taunton ကျောင်း များ တွင် တက်ရောက်နိုင်သည့် နွေရာ သီသင်တန်းတို (Summer Prog-ramme) အကြောင်း ဟောပြောပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဗြိတိသျှကောင်စီ စာကြည့်တိုက် Self Access Centre ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အချက်အလက်မပြည့်စုံ၍ ထိုင်းအစိုးရ ဥပဒေအရာရှိက အမှုတွဲဖိုင်ကို ရဲသို့ပြန်အပ်

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရ သည့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားနှစ်ဦး အမှုကို ထိုင်းတရားရုံးက ပယ်ချလိုက် ကြောင်း သတင်းများ အောက်တို ဘာ ၈ ရက် ညနေပိုင်းတွင် ပျံ့နှံ့ သွားခဲ့သော်လည်း အမှန်မှာ ရဲတပ်ဖွဲ့တင်လာသည့် အမှုမှတ်တမ်းတွင် အချက်အလက်များ လို အပ်နေသေး ၍ အစိုးရဥပဒေအ ရာရှိက အမှုဖိုင်ကို ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံလိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်လံမြို့ရှိ အငြိမ်းစားကျောင်းဆရာ၊ ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကူညီထောက်ပံ့မှုများပေးမည်

Photo: အောင်လံမြို့ရှိ အငြိမ်းစားကျောင်းဆရာ၊ ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကူညီထောက်ပံ့မှုများပေးမည်
Thursday, October 9, 2014

 အောင်လံမြို့ပေါ်ရှိ အငြိမ်းစားကျောင်းဆရာကြီး၊ဆ ရာမကြီးများအား ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်ခြင်း နှင့်အခြားကူညီထောက်ပံ့ပေးမှု လုပ်ငန်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု အောင်လံ(ထက်၊ လယ်၊ မူ)အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ(မျိုးဆက်သစ်)အဖွဲ့မှ သတင်းရရှိ သည်။ ‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့  က အာစရိယပူဇော် ပွဲတွေဖြစ် မြော က်အောင်ဆောင် ရွက် ခဲ့ရုံမ က ဒီနှစ်ကစပြီး အောင်လံ ထက်လယ်မူ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေး သွားမှာဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်တွေမှာ လည်း ဆရာကြီး၊ဆရာမကြီးတွေ ကိုအနီးကပ် ကူညီ စောင့်ရှောက်ပေးနိုင်ဖို့တာဝန်ခံ အဖွဲ့ငယ်လေးတွေဖွဲ့ထားပြီးဖြစ် ပါတယ်’’ဟု အဖွဲ့ဥက္ကဋ္ဌကိုဇော်မင်းထွန်း က ပြောသည်။

အောက်တိုဘာ ၈ ရက်က အောင်လံမြို့ပေါ်ရှိ အထက်တန်း အလယ်တန်းနှင့် မူလတန်း ကျောင်းများမှ အငြိမ်းစားကျောင်း ဆရာကြီး၊ ဆရာမကြီး(၁၇၉)အား အာစရိယပူဇော်ပွဲအခမ်းအနား ကို အဝေးရောက်အောင်လံသူ၊ အောင်လံသားများနှင့် ဒေသခံ များပူးပေါင်းပြီး ကျပ်သိန်း ၇၀နီး ပါးအကုန်အကျခံကာ အလှူငွေများလှူဒါန်းခြင်းနှင့် နံနက်စာ၊ နေ့လယ်စာကျွေးမွေးပြီး သြ၀ါဒများခံယူခဲ့ကြသည်။

7Day DAILY 

အောင်လံမြို့ရှိ ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
အောင်လံမြို့ရှိ ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
 အောင်လံမြို့ပေါ်ရှိ အငြိမ်းစားကျောင်းဆရာကြီး၊ဆ ရာမကြီးများအား ကျန်းမာရေး ဆိုင်ရာ ကူညီ စောင့်ရှောက်ခြင်း နှင့်အခြားကူညီထောက်ပံ့ပေးမှု လုပ်ငန်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု အောင်လံ(ထက်၊ လယ်၊ မူ)အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ(မျိုးဆက်သစ်)အဖွဲ့မှ သတင်းရရှိ သည်။

Wednesday, 8 October 2014

လိပ်ကျွန်းလူသတ်မှု အဓိကသက်သေ မောင်မောင်က စွပ်စွဲခံမြန်မာ ၂ဦး သတ်သည်ကို မြင်လည်းမမြင် သိလည်းမသိကြောင်း ပြောကြား

Photo: လိပ်ကျွန်းလူသတ်မှု အဓိကသက်သေ မောင်မောင်က စွပ်စွဲခံမြန်မာ ၂ဦး သတ်သည်ကို မြင်လည်းမမြင် သိလည်းမသိကြောင်း ပြောကြား
Wednesday, October 8, 2014

လိပ်ကျွန်း လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ ဦးကျော်သောင်းက News Watch ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၈ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှ ၁၂ နာရီ ၁၀ မိနစ်ခန့်ထိ မောင်မောင်နှင့်တွေ့ဆုံရခဲ့ခြင်းအပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"မောင်မောင်ရဲ့ထွက်ဆိုချက်ကြောင့် ထောင်ထဲက စွပ်စွဲခံ ကလေးနှစ်ယောက်ဟာ လူသတ်ပါတယ်လို့ဖြစ်သွားမယ့် အား နည်းပါတယ်၊သူ့ရဲ့ ထွက်ဆိုမှုဟာ လူသတ်မှုမမြောက်နိုင်ဘူး"ဟု ယင်းကပြောသည်။

ယနေ့မောင်မောင်ကို သွားရောက်တွေ့ဆုံခဲ့သူများမှာ မြန်မာကောင်စစ်ဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၊ တရားလွှတ်တော်ရှေ့နေများ ပါဝင်သော စုံစမ်းရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်နဲ့အတူ အလုပ်အတူတူလုပ်တာ နှစ်နဲ့ချီကြာပါပြီ။ သူတို့ကအကျင့်စရိုက်က ရမ်းကားသူတွေမဟုတ်ဘူး။ဒါကြောင့်လုံးဝမဖြစ်နိုင်၊ ကျွန်တော်ကိုယ်တိုင်မယုံဘူး၊သူတို့ကို ကျွန်တော်တို့နဲ့ ဖမ်းတဲ့အခါ အရက်မူးမူးနဲ့ဖြစ်သွားတယ်ဆိုတဲ့ စကားကိုပဲ ကြားလိုက်တယ်။ကျန်တာ ကျွန်တော် မသိဘူး ဆိုးပြီးတော့ မောင်မောင်ကပြောပါတယ်"ဟုဦးကျော်သောင်း ကပြောပြသည်။

ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လိပ်ကျွန်း လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ ဦးကျော်သောင်းက News Watch ကို ပြောသည်။

ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို

Photo: ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို
Wednesday, October 8, 2014

မြောက်ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီအက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျားအင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင်စမ်းသပ်ပေးမည့် စေတနာ့ ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

မွေးဖွားစဉ်ကတည်းက ယောက်ျားအင်္ဂါ မပါခဲ့သူများ၊ ကင်ဆာကြောင့် ဖြတ်တောက်လိုက်ရသူများနှင့် ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် ဆုံးရှုံးသွားသူများအတွက် အဆင်ပြေစေရန် ယင်းအင်္ဂါအတုကို စမ်းသပ်ခန်းအတွင်း မွေးမြူခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
ယင်းအဖွဲ့သည် လူသားများတွင် ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုကို တပ်ဆင်စမ်းသပ်နိုင်ရန် အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့ (FDA) ၏ လက်ခံအတည်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်သည်။

ဒေါက်တာ အန်သိုနီနှင့်အဖွဲ့သည် အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများ အစားထိုးနိုင်ရေးအတွက် ကာလကြာမြင့်စွာ စမ်းသပ် တီထွင်လျက်ရှိပြီး၊ ယခုထုတ်လုပ်ထားသည့် ယောက်ျားအင်္ဂါအတုကို တပ်ဆင်လိုသူ၏ ကိုယ်ပိုင်ဆဲလ်များဖြင့် ထုတ်လုပ် မွေးမြူထား နိုင်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ 

ပညာရှင်များသည် လူနာ၏ ဆဲလ်မျှင်များကို ထုတ်ယူပြီး ယင်းဆဲလ်များကို စမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲခန်းသုံး ဖန်ခွက်ထဲတွင် ပေါင်းစပ် မွေးမြူခဲ့ခြင်းဖြစ်ကြောင်း၊ ဆဲလ်များသည် ကြွက်သားမျှင်များ၊ သွေးကြောများဖြင့် ပကတိ လူသားအင်္ဂါကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာစေရန် မွေးမြူပေးနိုင်ခဲ့ကြောင်း၊ ယခုမွေးမြူထားသော အင်္ဂါအတုမှာ သေဆုံးသူ အလှူရှင်ထံမှ ဆဲလ်များကို ထုတ်ယူကာ မွေးမြူထားခြင်း ဖြစ်ကြောင်း The Guardian သတင်းကဆိုသည်။

အကယ်၍ အင်္ဂါအတုတွင် အသုံးပြုထားသော ဆဲလ်များသည် လူနာရှင်နှင့် ကိုက်ညီမှုရှိလျှင် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရုံမျှမက၊ ကံကောင်းလျှင် ကလေးအဖေ ဖြစ်ခွင့်ပင် ရရှိနိုင်ကြောင်း ဒေါက်တာ အန်သိုနီက ပြောကြားသည်။

ယင်းအဖွဲ့သည် ယုန်အထီး ၁၂ ကောင်ကို ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုဖြင့် အောင်မြင်စွာ တပ်ဆင်စမ်းသပ်ပြီး ဖြစ်သည်ဟု The Guardian တွင်ဖော်ပြထားသည်။

The Voice Weekly
မြောက်ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီအက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျားအင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင်စမ်းသပ်ပေးမည့် စေတနာ့ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိကြော င်း The Guardian သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘောကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်

Photo: ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်
Wednesday, October 8, 2014

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန် လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သုံးခန့်ရှိနေသည့်အနက် ၁ ဒသမ ၇ သန်းသည် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လက်မှတ် (ပန်းရောင်ကဒ်) များရရှိထားကာ အထောက်အထားမရှိသူ ငါးသိန်းထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

MWRN ၏ တိုက်တွန်းချက်တွင် မြန်မာအစိုးရအနေဖြင့် ပုံမှန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မူလကိုင်ဆောင်နေသော ယာယီနိုင်ငံ ကူးလက်မှတ်ကိုသာ လုံလောက်သောသက်တမ်း တိုးပေးရန်နှင့် လွယ်ကူမြန်ဆန် သော ဗီဇာသက်တမ်းတိုးမှု အစီအစဉ်များ ချမှတ်ပေးရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဌာန်းထားသောဥပဒေများနှင့်အညီ အကျိုးခံ စားခွင့်ရရန်အတွက် ထိုင်းအစိုးရနှင့် အထူးညှိနှိုင်းဆောင် ရွက်ပေးရန်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရား အမြတ်ထုတ်နေသာ အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ဖမ်းဆီးခံ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ပြည်နှင်ခြင်း၊ လက်ခံ ခြင်းများပြုလုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏အခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အရည်အချင်းပြည့်ဝသော သံအရာထမ်း၊ အမှုထမ်းများ တိုးချဲ့ခန့်အပ်၍ ကူညီမှုပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စသောရာဇ၀တ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရသောအခါတွငလည်း အခြေခံ ရပိုင်ခွင့်ဖြစ်သော ရှေ့နေ၊စကားပြန် စသည့်အထောက်အကူများမရပဲ တရားစီရင်ခံရခြင်းတို့ အပြင် မြန်မာအလုပ်သမားများအနေဖြင့် အသတ်ခံရခြင်း၊ လုယက်ခံရခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂ သိန်းကျော် နေထိုင်အလုပ်လုပ်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် ဥပဒေပါပြဌာန်းမှုများအတိုင်း ခံစားခွင့်များမရှိ ဘဲ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခအဖြစ် သတ်မှတ်ထားသော ဘတ်၃၀၀ကို မရရှိကြပဲ တစ်နေ့လျှင် ဘတ် ၁၂၀ မှ ၁၈၀ ခန့်သာရရှိနေကြောင်း သိရသည်။

Mizzima - News in Burmese 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ)
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ)
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေ သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန်လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်

ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။

စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားများ မြေနုကျွန်းခွဲဝေရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

Photo: စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားများ မြေနုကျွန်းခွဲဝေရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်
Wednesday, October 8, 2014

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု ပဲခူးစုကျေး ရွာ၊ စိန်တောင်ကြီး၊ မြတောင်ကြီးကျေး ရွာသားတို့မှ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တောင်းဆိုချက်လေး ချက်ဖြင့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားတို့ မြေနုကျွန်းခွဲဝေရေး နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ဇွန်လ ၁၁ရက်က အ ချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့သည်။ 

''ကျွန်တော်တို့ရွာကလူတွေ ပထ မတစ်ခါ ဆန္ဒပြရခြင်းအကြောင်းအ ရင်းကမြေနုကျွန်းနှင့် ပတ်သက်လို့ ဥပဒေနဲ့အညီ ဖော်ဆောင်ပေးခြင်း မရှိလို့၊ အခုဒုတိယအကြိမ်လဲ ကျွန် တော်တို့က ၂ဝ၁၂မြေယာဥပဒေနဲ့အ ညီ မြေယာကိုချထားပေးဖို့ပါ။ ဒီမြေ ကြီးတွေသည် ကျွန်တော်တို့နယ်က ပေါ်တဲ့ မြေကြီးဖြစ်တဲ့အတွက် ကျွန် တော်တို့ပဲ ရပိုင်ခွင့်ရှိပါတယ်''ဟု ဦး ဆောင်သူဦးမြင့်ဌေးက ပြောသည်။

ဧရာဝတီမြစ်ရိုးအတွင်း ပေါ် ထွန်းသော မြေနုကျွန်းသည်ဟင်္သာတ မြို့နယ် ခြင်ဘို့အုပ်စုကျောက်ရဲကျေး ရွာနှင့် သုံးမိုင်ခန့်ကွာဝေးပြီး လက်ပံ လှကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ စိန် တောင်ကြီး၊ မြတောင်ကြီးနှင့်တစ်ဖာ လုံခန့်သာ ဝေးကွာသောကြောင့် ၂ဝ၁၂ခုနှစ် မြေယာဥပဒေနှင့်အညီ ခွဲဝေပါက နီးစပ်ရာကျေးရွာမှရရှိမည် ဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံပိုင် မြေကိုယ်ကျိုးရှာသူ အရေးယူပေးရေး၊ မြို့နယ်အမိန့်မဖော်ဆောင်သော အုပ် ချုပ်ရေးမှူးဖယ်ရှားပေးရေး၊ ၂ဝ၁၂ ခုနစ် မြေယာဥပဒေနှင့် မကိုက်ညီ သော ဆုံးဖြတ်ချက်များအား ပြင်ဆင် ပေးရေး၊ ၂ဝ၁၂ခုနစ် မြေယာဥပဒေ နှင့်အညီ မြေယာချထားပေးရေး အ ချက်လေးချက်အား အင်အား ၁ဝဝဦး ခန့်ဖြင့် ကြွေးကြော်တောင်းဆိုကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ သည်။

Yangon Media Group
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု ပဲခူးစုကျေး ရွာ၊ စိန်တောင်ကြီး၊ မြတောင်ကြီးကျေး ရွာသားတို့မှ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တောင်းဆိုချက်လေး ချက်ဖြင့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် သက်သေအဖြစ် ထိန်းထားတဲ့ မြန်မာနှင့် တွေ့ခွင့်ရပြီ

Photo: ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် သက်သေအဖြစ် ထိန်းထားတဲ့ မြန်မာနှင့် တွေ့ခွင့်ရပြီ
Wednesday, October 8, 2014 

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ သူငယ်ချင်းဖြစ်ပြီး ဒီဖြစ်စဉ်မှာ ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဒီနေ့ Kohsamuai မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။

မောင်မောင်နဲ့ တွေ့တဲ့အချိန်မှာ ထိုင်းရဲနဲ့ ဘာသာပြန် ရန်ကုန်မှာနေခဲ့တဲ့ သားကြီးဆိုတဲ့လူ ရှိနေတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောပါတယ်။

ကိုယ်စားလှယ်အဖွဲ့က မေးခွန်းတွေ လွတ်လွတ်လပ်လပ် မေးခွင့်ရပေမယ့် မောင်မောင် ပြန်ဖြေတဲ့ နေရာမှာ တုံ့ဆိုင်းမှုရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။ 

အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့အခါ ရိုက်နှက်မှုရှိလား ဆိုတာကို မေးတဲ့အချိန်မှာ ရဲကို တစ်ချက်ကြည့်ပြီးတော့ မရှိဘူးလို့ ပြန်ဖြေတယ်လို့ အဲဒီအဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

ဗြိတိန်စုံတွဲ အသတ်ရတဲ့ ညမှာ အခုအဖမ်းခံထားရတဲ့ ဇော်လင်း၊ ဝင်းဇော်ထွန်းတို့နဲ့ အတူ အခင်းဖြစ်ပွားရာအနီး ကမ်းခြေမှာ ဘီယာ သောက်ခဲ့ကြတယ်လို့ မောင်မောင်က ပြောတယ်လို့ ဦးမင်းဦးက ပြန်ပြောပြပါတယ်။ အဲဒီနေ့(စက်တင်ဘာလ ၁၄) ည ၁၁နာရီလောက်မှာ သူတို့ဟာ အလုပ်ပြီးလို့ ကမ်းခြေကို လာပြီး ဂီတာတီးတယ်။ မောင်မောင်က အခြားကိစ္စရှိတဲ့အတွက် ညဥ့် ၁၂ နာရီကျော်လောက်မှာ အဲဒီနေရာက ထွက်လာခဲ့ပြီး ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့က ကျန်ခဲ့တယ်လို့ ဦးမင်းဦးက ပြန်လည် ပြောဆိုပါတယ်။

နောက်နေ့မနက် (စက်တင်ဘာ ၁၅) ရက်နေ့မှာ ဗြိတိန်စုံတွဲ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အချိန်မှာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းဟာ အိပ်နေကြတယ်။ သူတို့ ပြန်နိုးလာတဲ့အချိန်မှာ မျက်နှာ အမှုအယာက ပုံမှန်အတိုင်းပဲ။ လူသတ်မှု ကျူးလွန်ခဲ့မယ်လို့ မထင်ဘူးလို့ မောင်မောင်က ပြောတယ်လို့ ဦးမင်းဦးက ရှင်းပြပါတယ်။

မောင်မောင်ဟာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ဘယ်လို အမှုတွေနဲ့ အမှုဖွင့်ထားတယ် ဆိုတာတွေကို မသိဘူးလို့ သူက ဆက်ပြောပါတယ်။ 

မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ မောင်မောင်ကို တွေ့ခွင့်ရဖို့ အောက်တိုဘာလ ၆ ရက်နေ့က တောင်းဆိုပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသား David Miller နဲ့ ဗြိတိန်နိုင်ငံသူ Hannah Witheridge တို့နှစ်ဦးဟာ လိပ်ကျွန်းကမ်းခြေမှာ အသတ်ခံရပြီး စက်တင်ဘာ ၁၅ နေ့က အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ သူငယ်ချင်းဖြစ်ပြီး ဒီဖြစ်စဉ်မှာ ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီနေ့ Kohsamuai မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်


ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံး အသင်း အဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်း သည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာ ရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။