Saturday, 4 October 2014

မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း

Photo: မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
Saturday, October 4, 2014

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့်ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင်မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီးရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို ခင်မင်တာလောက်ပဲဖြစ်တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
လူနှစ်ယောက် တွေ့ဆုံမှုပေါင်းဖက်မှုသည် ကံပေါ်မူတည်ပြီး ကံကိုလွန်ဆန်သည့်မရသည့်အတွက် အချစ်ရေးနှင့်ပတ်သက်လာလျှင် အနုပညာရှင်မှ အပြင်လူမှ ချစ်သူရွေးထားမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“မိုးယုနဲ့က အဲဒီနေ့က ကြော်ငြာရိုက်ပြီးလို့ ညဘက်မုန့်ထွက်စားတာ၊ အနုပညာမောင်နှမတွေဆိုတော့ ရင်းရင်းနှီးနှီး မုန့်ထွက်စာတာပါပဲ´ ဟု သရုပ်ဆောင် ကောင်းပြည့်က ပြောကြားသည်။

ဒို့တောင်သူသတင်းဂျာနယ်
People power
လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို
ခင်မင်တာလောက်ပဲဖြစ် တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Friday, 3 October 2014

တာဖာဆောင်မှာ တိုက်ပွဲတွေ ဘာ့ကြောင့်ပြန်ဖြစ်သလဲ

Photo: တာဖာဆောင်မှာ တိုက်ပွဲတွေ ဘာ့ကြောင့်ပြန်ဖြစ်သလဲ
Friday, October 3, 2014

တာဖာဆောင်တံတားအနီးမှာ သေနတ်သံများ တိတ်လန့်တုန်လှုပ်ဖွယ်ကြားေ နရသည်။ ယမ်းခိုးယမ်းငွေ့များ ကြားမှာပြေးလွှားတိုက်ခိုက်နေသော အစိုးရတပ်မှ စစ်သည်များ၊ SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်သားများကို မြင်နေ ရသည်။ စစ်ပွဲတစ်ပွဲဖြစ်လျှင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို အနိဋ္ဌာရုံများကို မမြင် မတွေ့ချင်ပါလျက် ဒေသခံတို့ မြင်တွေ့ကြားသိနေရခြင်း သည် စိတ်မကောင်းစရာ ပင်ဖြစ်ပါသည်။

သို့ဆိုလျှင် တိုက်ပွဲဖြစ်အောင် ဘယ်သူဖန်တီးသလဲမေးခွန်းကို ဒေသခံများက အစိုးရတပ်နှင့် SSA(၀မ်ဟိုင်း) အဖွဲ့ကြောင့်ဟု ပြောကြပါသည်။ ဒါဖြင့်ရင် တိုက်ပွဲတွေ ဘာ့ကြောင့် ပြန်ဖြစ်သလဲဆိုတဲ့ မေးခွန်းကိုတော့ အမှန် အတိုင်း ဖြေရရင် SSA(၀မ်ဟိုင်း)အဖွဲ့ကြောင့် တစ်နည်းအားဖြင့် တရားခံဟာ SSA( ၀မ်ဟိုင်း)အဖွဲ့ဟု ပြောချင် ပါသည်။

အကြောင်းပြချက်က ရှင်းပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့သည် ငြိမ်းချမ်းရေး သဘောတူညီမှုများထဲက အချက်များ ကိုဖောက်ဖျက်သောကြောင့် ဖြစ်ပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့သည် အစိုးရအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး ခဲ့ပါသည်။ ထိုသို့ လက်မှတ်ထိုးစဉ်က ကတိက၀တ်များထဲတွင် နယ်မြေကျော် လွန်ပြီး လက်နက်ကိုင်ဆောင်သွားလာပါက နှစ်ဖက် ကြိုတင်ညှိနှိုင်းမှုယူရန်ဟူေ သာ အချက်ပါရှိသည်။ ယခု တာဖာဆောင်မှာ တိုက်ပွဲပြန်ဖြစ်ခြင်းသည် ထိုသေ ဘာ တူညီချက်ကို SSA (၀မ်ဟိုင်း) အဖွဲ့က ချိုးဖောက်ခဲ့သောကြောင့်ဟု ဆိုရပါမည်။

လွန်ခဲ့သော ၃ လကျော်ကာလ ဇွန်လ ၂၆ ရက်နေ့ တိုက်ပွဲများကို ပြန်လည်ပြော ပရပါမည်။ တာဖာဆောင်တံတားသည် SSA (၀မ်ဟိုင်း) အဖွဲ့အား သတ်မှတ်ပေး ထားသော နယ်မြေတွင် မပါဝင်၍ တပ်စခန်းချ နေထိုင်ခြင်းမပြုဘဲ ဖယ်ပေးရန် အစိုးရတပ်များက အကြိမ်ကြိမ်အသိပေးမှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော် SSA (၀မ်ဟိုင်း) အဖွဲ့က ဖယ်မပေးတဲ့အတွက် တိုက်ပွဲများဖြစ်ပွားခဲ့ရခြင်းဖြစ်ပါသည်။ ထိုတိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက်ဖြစ်နိုင်သောကြောင့် အစိုးရတပ်များမှ စောင့်ကြည့်ပြီး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ခဲ့ သည်။

သို့သော် SSA (၀မ်ဟိုင်း)မှ တာဖာဆောင်တံတားကနေလုံးဝမဖယ်ပေးဘဲ ငြိမ်းချမ်းရေး ကတိက၀တ်များကို ဆက်လက်ချိုးဖောက်ခဲ့သည်။ အောက်တိုဘာ ၂ ရက်နေ့တိုက်ပွဲများ မဖြစ်ခင်အချိန်ထိ အစိုးရတပ်များမှ SSA (၀မ်ဟိုင်း)အဖွဲ့ကို နယ်မြေကျူးကျော်နေသည့်အတွက် ဖယ်ရှားပေးရန် အသိပေးသော်လည်း လက်မခံသော ကြောင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ထိုတိုက်ပွဲများကို ဖြစ်အောင်ဖန်တီးနေခြင်းသည် SSA (၀မ်ဟိုင်း)အဖွဲ့ ဖြစ်ပြီး တိုက်ပွဲများ ပြန်ဖြစ်ရသော အကြောင်းတရားသည်လည်း ငြိမ်းချမ်ရေး ကတိက၀တ်များကို SSA (၀မ်ဟိုင်း)အဖွဲ့က ချိုးဖောက်ခြင်းကြောင့်ဖြစ်ပါသည်။ 

SSA (၀မ်ဟိုင်း)အဖွဲ့၏ မဆင်မခြင်လုပ်ရပ်ကြောင့် တာဖာဆောင် ဒေသမှာ တိုက်ပွဲပြန်ဖြစ်လာတာကို ဒေသခံတစ်ဦးအနေဖြင့် လွန်စွာမှပင် စိတ်မကောင်ြး ဖစ်ရ သလို တိုက်ပွဲများအမြန်ဆုံး အဆုံးသတ်စေဖို့လည်း မျှော်လင့်နေမိပါသည်။

စိုင်းခမ်းအောင်
Shan News
တာဖာဆောင်တံတားအနီးမှာ သေနတ်သံများ တိတ်လန့်တုန်လှုပ်ဖွယ်ကြားနေရသည်။ ယမ်းခိုးယမ်းငွေ့ များ ကြားမှာပြေးလွှားတိုက်ခိုက်နေသော အစိုးရတပ်မှ စစ်သည်များ၊ SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်သားများ ကို မြင် နေ ရသည်။ စစ်ပွဲတစ်ပွဲဖြစ်လျှင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို အနိဋ္ဌာရုံများကို မမြင် မတွေ့ချင်ပါလျက် ဒေသခံတို့ မြင်တွေ့ကြားသိနေရခြင်း သည် စိတ်မကောင်းစရာ ပင်ဖြစ်ပါသည်။

အိမ်အကူမဟုတ်ဘဲ အနှိပ်ခန်းပို့ခံရ၍ အမျိုးသမီးတစ်ဦး ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်အကူအလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်လာပြီး အနှိပ်ခန်း ပို့ခံ ရကာ ပြည့်တန်ဆာလုပ်ခိုင်းမည်ကို ကြောက်ရွံ့သဖြင့် အမျိုးသမီးတစ်ဦးထွက်ပြေးလာကြောင်း လားရှိုးမြို့မ ရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။

ယူနိုက်တက်တွင် ဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဟာရဲရာ (၂)ပတ်မျှသာ အနားယူရဖွယ်ရှိ


Photo: ယူနိုက်တက်တွင် ဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဟာရဲရာ (၂)ပတ်မျှသာ အနားယူရဖွယ်ရှိ
Friday, October 3, 2014

တောက်လျှောက် ဒဏ်ရာအခြေအနေဆိုးများ ကြုံနေရသည့် မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းကောင်း တစ်ရပ်အဖြစ် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဟု သိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီသည် အပြည့်အဝ အသင်းနှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီ ဖြစ်သလို နံရိုးအက်သွားသည်ဟု အသင်းက ကြေညာခဲ့သည့် စပိန် ကွင်းလယ် ကစားသမား အန်ဒါ ဟာရဲရာသည်လည်း (၂)ပတ်မျှ အနားယူပြီး ပြန်ကစားနိုင်မည်ဟု မျှော်လင့်နေသည်။ ယူနိုက်တက်တွင် ဒဏ်ရာရ ကစားသမား (၁၀)ဦးမျှ ရှိနေသလို အသင်းခေါင်းဆောင် ဝိန်းရွန်နီနှင့် လူငယ်ခံစစ်သမား တိုင်လာဘလက်ကက်တို့မှာလည်း အနီကတ်ကြောင့် ပွဲပယ်ခံထားရသည်။

ရာသီအစပိုင်းတွင် ရလဒ်များ ယိမ်းယိုင်နေသည်ကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းနေသည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဖယ်လိုင်နီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်းက အသက်ရှူချောင်စရာ ဖြစ်လာသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပေါင်စတာလင် (၂၇.၅)သန်းဖြင့် အဲဗာတန်မှ ပြောင်းရွှေ့လာသည့် ကစားသမားသည် ယခုအခါ ပထမအသင်းနှင့် ပူးပေါင်းပြီး ကာရင်တန်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ သို့သော်လည်း တနင်္ဂနွေနေ့တွင် ကစားမည့် အသင်းဟောင်းနှင့် ပွဲစဉ်တွင် ဖယ်လိုင်နီ ပါဝင်နိုင်ဖွယ် မရှိသေးဟု ဆိုသည်။

စပိန်ကွင်းလယ်လူ ဟာရဲရာသည် ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရသည့် ပွဲစဉ်တွင် နံရိုးထိခိုက်မှု ဖြစ်ခဲ့ပြီး ကာလအတန်ကြာ အနားယူရမည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ (၂)ပတ်မျှအတွင်း အပြည့်အဝ ပြန်လည် သက်သာ ကြံ့ခိုင်လာမည်ဟု မျှော်လင့်နေသည်။ အဲဗာတန်နှင့်ပွဲတွင် ဟာရဲရာ နေရာအတွက် ဒါရင်ဖလက်ချာနှင့် ရွန်နီ၏ နေရာအတွက် ဟွမ်မာတာတို့ကို ဗန်ဂါးလ်အနေဖြင့် ပွဲထုတ်လာဖွယ် ရှိနေသည်။ အခြား သတင်းကောင်း တစ်ရပ်မှာ မိုက်ကယ်ကာရစ်နှင့် ဖီးလ်ဂျုံးစ်တို့သည် ပထမအသင်းနှင့် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့်တိုင် အထောက်အကူ ကိရိယာ မလိုအပ်ဘဲ ပြေးလွှားလေ့ကျင့်နေနိုင်ခြင်း ဖြစ်သည်။ ကာရစ်သည် ဗန်ဂါးလ်လက်အောက်တွင် တစ်ပွဲမျှ ပါဝင်မကစားဖူးသေးသော်လည်း နိုင်ငံတကာ ပွဲစဉ်နားရက်အပြီးတွင် အသင်းနှင့် ပူးပေါင်းနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Soccer Myanmar
တောက်လျှောက် ဒဏ်ရာအခြေအနေဆိုးများ ကြုံနေရသည့် မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ် အဖြစ် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဟု သိရသည်။

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း ၀န်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ

ဗြိတိန် ကမ္ဘာလှည့် ခရီးသည် စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် သေဆုံးသူ နှစ်ဦးအနက် တစ်ဦးထံမှ ရယူထား သည့် DNA နမူနာများက ပြစ်မှုဝန်ခံထားသူ မြန်မာလုပ်သား နှစ်ဦး၏ DNA နှင့် ကိုက်ညီမှု ရှိကြောင်း လည်း ထိုင်းရဲတပ်ဖွဲ့၏ အဆိုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ

Photo: နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ
Friday, October 3, 2014

ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ်ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

၁။ရှုပ်ပွနေတဲ့ ဆံပင်ကို ရှင်းလို့မနိုင်တဲ့အခါ
ဒီနေ့ခေါင်းလျှော်တော့ ပျော့ဆေးထည့်မလျှော်မိလိုက်ဘူး။ အချိန်မရှိတာနဲ့ ဖြောင့်စက်လည်း ဆွဲမလာမိဘူး။ ဒီတော့ ခုလမ်းမှာ ပြသနာတက်တော့တာပေါ့။ လေနည်းနည်းတိုက်တာနဲ့ကို ပွရှုပ်နေတဲ့ဆံပင်ကို ဘယ်လိုသပ်ချသပ်ချ အဆင်မပြေနိုင်ဘူး။ ရုံးမှာလည်း တစ်နေ့လုံးဘယ်လိုများ လုပ်ရပါ့။ ကြည့်ရတာ တစ်နေ့လုံး ဒီလိုပုံစံနဲ့ အဆင်ပြေမယ့်ပုံကို မရှိတော့ပါဘူး။

၂။နေ့လည်စာကို ဘယ်မှာသွားစားရမယ်မှန်း စဉ်းစားလို့ မရတဲ့အခါ
နေ့စဉ်နေ့တိုင်း ရုံးနားက၊ ကုမ္ပဏီနားက  ထမင်းဆိုင်တွေမှာ စားရတာ အဆင်မပြေတော့ဘူး။ အပြောင်းအလဲအနေနဲ့ တစ်ခုခု စားချင်ပေမယ့် နေရာကို စဉ်းစားရတာလည်း ဒုက္ခ။

၃။ရွယ်တူသူငယ်ချင်းတွေရဲ့ စေ့စပ်သတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံအောင်တွေ့ရတဲ့အခါ
ခုတစ်လော ငယ်သူငယ်ချင်းတွေ တော်တော်များများ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ လုပ်လာကြတယ်။ ကွန်ဂရက်ကျူလေးရှင်းလို့ ဆိုနေရပေမယ့် စိတ်ထဲမှာတော့ ငါကတော့ ဆိုပြီး အမြဲတွေးမိနေတော့တာပဲ။

၎။သူဌေးကကိုယ့်ကိုစိတ်အလိုမကျတာ သိတဲ့အခါ
ဘော့စ်ကအမြဲတမ်း ပွစိပွစိ လုပ်တတ်တာမျိုးမရှိပေမယ့် ဒီနေ့လိုမျိုး စူပုပ်မနေတာတော့ ကြာပေါ့။ ကိုယ့်မှာ ဘာများအပြစ်ရှိလို့ပါလိမ့် ဆိုပြီး စဉ်းစားရတာ ခေါင်းတောင်ပေါက်ထွက်တော့မယ်။

၅။ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မိတဲ့အခါ
မနက်က အိပ်ပျော်သွားလို့ လေ့ကျင့်ခန်းမလုပ်ပဲ ထွက်လာမိတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ်။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်လို့များ ဟိုနေ့က ကစားထားတာတွေ အခြေအနေပြောင်းကုန်မှာလား။ စိတ်ရှုပ်လိုက်တာ။

၆။ကားတွေပိတ်၊ ပွိုင့်တွေမိလို့ ကားပေါ်မှာရောက်နေတဲ့အခါ
အလုပ်လာ၊ အလုပ်ပြန်၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် အပြင်ထွက်ရရင်ဖြင့် အသွားအပြန်အချိန်နဲ့ နေ့တစ်ဝက်ကိုကျိုးရော။ အဆင်ကိုမပြေပါဘူး။

Ref:womenshealthmag.com
Trend Myanmar
ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ် ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅ကို ပြင်ဆင်ရန် ဆောင်ရွက်နေဟုဆို

Photo: မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅ကို ပြင်ဆင်ရန် ဆောင်ရွက်နေဟုဆို
Friday, October 3, 2014

မူး ယစ်ဆေးဝါးသုံးစွဲသူများကို အရေး ယူသည့် မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကိုပြင်ဆင် ရန်ဆောင်ရွက်နေကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ကျော်ထွန်းက ပြောသည်။

အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခမိုင်မုန်ကွမ်က မူးယစ် ဆေးဝါးရောင်းဝယ်စားသောက်အ သုံးပြုသူများနှင့်ပတ်သက်၍ လွှတ် တော်အတွင်း မေးမြန်းခဲ့ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် ထောင်ဒဏ်လျှော့ပေါ့သတ်မှတ် ပေးရန်အစီအစဉ်ရှိမရှိကို ထည့်သွင်း မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးက ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကို အရေးယူတဲ့ပုဒ်မ ၁၅ ပြဋ္ဌာန်း ချက်ဥပဒေ ကိုပြင်ဆင်နိုင်ဖို့ အတွက် မူးယစ်ဗဟိုပြည်ထောင်စုရှေ့နေ ချုပ် ပြည်ထောင်စု တရားလွှတ်တော် ရုံးတို့မှတစ်ဆင့် ညှိနှိုင်းရေးဆွဲပြင် ဆင်လျက်ရှိပါတယ်။ ကုလသမဂ္ဂမူး ယစ်ဆေးဝါးဆိုင်ရာရုံးနှင့် အခြား အင်န်ဂျီအိုအဖွဲ့အစည်းများမှ ဥပ ဒေပညာရှင်များဖြင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း'' ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချူပ် ကျော်ကျော်ထွန်းက ပြော သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅အရ မူးယစ် ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိချမှတ်ရန် ပြဋ္ဌာန်း ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအနေဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကို ပြင်ဆင်ရေးဆွဲနေသည်ဟု လွှတ် တော်အတွင်း ပြောကြားခဲ့သော် လည်း ထောင်ဒဏ်သတ်မှတ်ချက် နှင့် မည်သို့ပြင်ဆင်ရန်ဆောင်ရွက် ထားသည်ဟု ပြောကြားခဲ့ခြင်း မရှိ ကြောင်း သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူး ယစ်ဆေးဝါးသုံးစွဲသူကို ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အ ထိလည်းကောင်း၊ ဘိန်းဖြူကိုကင်း၊ မော်ဖင်း ၃ ဂရမ်အောက် ဆေး ခြောက် ၂၅ ဂရမ်အောက်ဘိန်းစိမ်း ၁ဝဝ ဂရမ်အောက်ကို လက်ဝယ် တွေ့ရှိ သယ်ဆောင်ရောင်းဝယ်သူ ကို ပုဒ်မ ၁၆(ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်မှ ၁ဝ နှစ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ချမှတ်နိုင်သည့် ဥပဒေပြ ဋ္ဌာန်းထားကြောင်း သိရသည်။

အထက်ဖော်ပြပါ ဆေးဝါးအ လေးချိန်ထက်ပိုသောအရေအတွက် ကို လက်ဝယ်တွေ့ရှိသယ်ဆောင် ရောင်းဝယ်သူများကို ပုဒ်မ၁၉(က) ဖြင့် ထောင်ဒဏ်နှစ်အကန့်အ သတ်မရှိ ချမှတ်ရန် ပြဋ္ဌာန်းထား သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ဗဟို အဖွဲ့၏ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဆေးကုသရေးအဖွဲ့အနေနဲ့ မူးယစ် ဆေးစွဲရောဂါကာကွယ်ကုသရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲအ ကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Yangon Meida Group
မူးယစ်ဆေးဝါးသုံးစွဲသူများကို အရေး ယူသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကိုပြင်ဆင် ရန်ဆောင်ရွက်နေကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ကျော်ထွန်းက ပြောသည်။

လုပ်ငန်းခွင်ထိခိုက်မှုမရှိဘဲ နာရီပေါင်းတစ်သန်းအထိ လုပ်ဆောင်နိုင်ခဲ့သည့် ကုမ္ပဏီ မြန်မာပြည်မှာ ရှိလာ

လုပ်ငန်းခွင်အတွင်း လိုအပ်သည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများကို အဆင်သင့်ထားရှိသင့်ပြီး ကူညီ ထောက်ပံ့ပေးသူများကိုလည်း အချိန်နှင့်တစ် ပြေးညီ ကူညီဖြည့်ဆည်းပေးနိုင်ရန် လေ့ကျင့်သင်ကြား ပေးသင့်သည်ဟု လုပ်ငန်းခွင်ထိခိုက်မှုမရှိဘဲ အလုပ်ချိန် လေလွင့်ဆုံးရှုံးမှုမရှိအောင် နာ ရီပေါင်းတစ်သန်း အထိ လုပ်ဆောင် ထားသည့် Carlsberg မြန်မာ ကုမ္ပဏီမှ Managing Director Daniel Sjögren က မီဒီယာများသို့ ပြောကြားထားသည်။

AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ လက်မှတ်များ စတင်ရောင်းချ

Photo: AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ လက်မှတ်များ 
စတင်ရောင်းချ
Friday, October 3, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသော အာရှအဆင့် လူငယ်ဘောလုံးပြိုင်ပွဲကြီး ဖြစ်သည့် AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲကြီး အတွက် အထူးလက်မှတ် (Special Package)များကို အောက်တိုဘာလ ၃ ရက်နေ့မှာစတင် ရောင်းချနေပါတယ်။

ရိုးရိုးတန်းနဲ့ အထူးတန်း ပုံမှန်လက်မှတ်များကို လာမဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စတင် ရောင်းချပေးမှာပါ။

လက်မှတ်များကို အောင်ဆန်းကွင်း၊ စလင်းကွင်းနဲ့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ရှေ့မျက်နှာစာတို့တွင် ရောင်းချပေးမှာ ဖြစ်ပြီး လက်မှတ်ဝယ်ယူ လိုသူ များအနေဖြင့် လူတဦး မှတ်ပုံတင်တခု ယူလာရမှာဖြစ်ကာ ၁ ရက်စာ ကြိုတင်လက်မှတ် ၀ယ်ယူပါက လက်မှတ် ၂ စောင် ၀ယ်ယူနိုင်ပြီး ပြိုင်ပွဲနေ့မှာ တော့ လက်မှတ် ၁ စောင် ရောင်းချ ပေးသွားမှာပါ။ မှတ်ပုံတင် ပျောက်ဆုံးနေ သူ ဆိုပါက သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာဖြင့် ၀ယ်ယူနိုင်ပြီး ပြည်ပနိုင်ငံ သား ဖြစ် ပါက ပတ်စ်ပို့ဖြင့် ပြိုင်ပွဲလက်မှတ်များကို ၀ယ်ယူနိုင်တယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်စ်အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

AFC U19 Championship MYANMAR 2014 ပြိုင်ပွဲကြီးကို လာမဲ့ အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုအေမှာ အိမ်ရှင် မြန်မာ၊ အီရန်၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပြီး အုပ်စုဘီတွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားအသင်း၊ အုပ်စုစီတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်အသင်း၊ အုပ်စုဒီတွင် မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနဲ့ အိုမန်အသင်းတို့ ဖြစ်ပါတယ်။

အုပ်စု အေနဲ့ဘီ ပွဲစဉ်များကို ရန်ကုန်တွင် လက်ခံ ကျင်းပမည် ဖြစ်ပြီး အုပ်စု စီနဲ့ ဒီ ပွဲစဉ်များကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပမှာပါ။

DVB
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသော အာရှအဆင့် လူငယ်ဘောလုံးပြိုင်ပွဲကြီး ဖြစ်သည့် AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲကြီးအတွက် အထူးလက်မှတ် (Special Package)များကို အောက်တိုဘာလ ၃ ရက်နေ့မှာစတင် ရောင်းချနေပါတယ်။

ပြည်သူယုံကြည်သည့် ရဲတပ်ဖွဲ့အဖြစ် တည်ဆောက်နိုင်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီးသုံးသပ်ပြောဆို

Photo: ပြည်သူယုံကြည်သည့် ရဲတပ်ဖွဲ့အဖြစ် တည်ဆောက်နိုင်ရန်လိုကြောင်း ပြည်ထဲရေးဝန်ကြီးသုံးသပ်ပြောဆို
Friday, October 3, 2014

ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို အလုံးစုံကူးပြောင်းနိုင်ဖို့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရယူနိုင်ရေးဟာ အရေးကြီးတယ်
လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သုံးသပ်ပြောကြားလိုက်ပါတယ်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရယူနိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့အညီ လူအဖွဲ့အစည်းအတွင်း ပိုမိုထိရောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးသာမက ဘက်မလိုက်ဘဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားထားပါ တယ်။ဒီလိုပြောကြားတာဟာ နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ရွှေရတုအခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒီအခမ်းအနားနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ ဘက်လိုက်မှုကင်းစာဆောင်ရွက်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့အတွင်း အမျိုးသမီးများ အခန်းကဏ္ဍကို တိုးမြှင့်ခွဲဝေပေးလျက်ရှိနေပြီး တိုင်းရင်းသားလူနည်းစုတွေ ပါဝင်မှုမြင့်မားလာစေရေးအတွက်လည်း သတ်မှတ်စံနှုန်းများကို လျော့ချကာစုဆောင်းလေ့ကျင့်ပေးနေ တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို UNODC နဲ့ပူးပေါင်းကာ ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဖို့ (၅) နှစ်တာစီမံကိန်းအဖြစ် ပြီးခဲ့တဲ့သြဂုတ်လ (၁၈) ရက်ကလက်မှတ်ရေးထိုးထား တယ်လို့လည်းသိရပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကိုရရှိဖို့ ကြိုးစားနေရာမှာ အကျင့်ပျက်ခြစားမှုကို အထူသတိထားရမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တိုင်းအနေနဲ့ ရရှိထားတဲ့ ရာထူးအာဏာအပေါ်မှာ အမြတ်ထုတ်အသုံးချခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက အခမ်းအနားမှာ ပြောကြားထားပါသေးတယ်။

MRTV-4
ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို အလုံးစုံကူးပြောင်းနိုင်ဖို့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို တည် ဆောက် ရယူနိုင်ရေးဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက သုံးသပ်ပြောကြားလိုက်ပါတယ်။

Apple Pay စနစ်ပါဝင်လာမည့် 8.1 ကို အောက်တိုဘာ ၂၀ တွင် ကြေညာမည်

Photo: Apple Pay စနစ်ပါဝင်လာမည့် iOS 8.1 ကို အောက်တိုဘာ ၂၀ တွင် ကြေညာမည်
Friday, October 3, 2014

Apple ဟာ ကုမ္ပဏီရဲ့ အသစ်ထုတ်လုပ်ဖြန့်ချိမည့် iOS 8.1 OS တွင် Apple Pay စနစ်ကို အပြည့်အ၀ အသုံးပြုနိုင်မည့်စနစ်ကိုပါ ထည့်သွင်းကာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ကြေညာမှာဖြစ်ပါတယ်။ 

အဆိုပါ Apple Pay စနစ်ပါဝင်လာမည့် iOS 8.1 တွင် အခြားသော features အသစ်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ Apple ဟာ iPhone 6/6 Plus တို့နှင့်အတူ ထုတ်ပေးခဲ့သည့် iOS 8 တွင် ပြဿနာအနည်းငယ်ဖြစ်သော Camera roll ပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ 

ယခုအသစ်ထုတ်လုပ်ဖြန့်ချိမည့် iOS 8.1 တွင် အခြားသော ပြင်ပမှ app များကို ထည့်သွင်းရာတွင် ခွင့်ပြုချက်ပေး/မပေးဆိုသည့် permissions စနစ်ကို ထည့်သွင်း ပေးထားပါတယ်။ 

Ref : GSMARENA
Yangon Media Group
Apple ဟာ ကုမ္ပဏီရဲ့ အသစ်ထုတ်လုပ်ဖြန့်ချိမည့် iOS 8.1 OS တွင် Apple Pay စနစ်ကို အပြည့်အ၀ အသုံးပြုနိုင်မည့်စနစ်ကိုပါထည့်သွင်းကာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ကြေညာမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရာပြည့် ကျပ်သိန်းတစ်ထောင်ကျော် သုံးပြီး နတ်မောက်မှာ ကျင်းပမယ်

Photo: ဗိုလ်ချုပ်ရာပြည့် ကျပ်သိန်းတစ်ထောင်ကျော် သုံးပြီး နတ်မောက်မှာ ကျင်းပမယ်
Friday, October 3, 2014

ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ခုနစ်ရက်ကြာ ပြုလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို ကျပ်သိန်း တစ်ထောင်ကျော် အကုန်ကျခံပြီး ပြုလုပ်မှာဖြစ်တယ်လို့ ရာပြည့်ပွဲတော် ဗဟိုဦးဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းက ဆိုပါတယ်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် ပွဲတော်အတွက် ရန်ပုံငွေတွေ စတင် အလှူခံနေပြီး ကျပ်သိန်းတစ်ရာ ရရှိထားပြီလို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော် လုပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်း၏ မယားညီအစ်ကို သခင်သန်းထွန်းရဲ့သားဖြစ်သူ ဦးအောင်ချိုထွန်းက ဆိုပါတယ်။

ရာပြည့်ပွဲတော်မှာ သီတဂူဆရာတော် တရားပွဲ၊ စာပေဟောပြောပွဲ၊ ပင့်သံဃာ တစ်ထောင်ကို ဆွမ်း၊ သင်္ကန်းကပ်လှူခြင်းတွေ အပါအဝင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ ရာပြည့်ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် စိုက်ထူခြင်းတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်ညမှာတော့ ဇာတ်မင်းသားဖိုးချစ်၊ စွမ်းဇာနည်တို့က ဗိုလ်ချုပ်ဂုဏ်ပြု သဘင်အဖြစ် အခမဲ့ ဖျော်ဖြေကပြမယ်လို့ ဆိုပါတယ်။ ပွဲတော် ရက်တွေအတွင်း ပဲပြုတ်နဲ့နံပြား ဧည့်ခံကျွေးမွေးမယ်လို့လည်း သိရပါတယ်။
ဒီပွဲကို ၂၀၁၅ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်မယ်လို့ ဗဟို ဦးဆောင်ကော်မတီ ဆီကနေ သိရပါတယ်။

The Voice Weekly
ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ခုနစ်ရက်ကြာ ပြုလုပ် မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို ကျပ်သိန်း တစ်ထောင်ကျော် အကုန်ကျခံပြီး ပြုလုပ်မှာဖြစ် တယ် လို့ ရာပြည့်ပွဲတော် ဗဟိုဦးဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းက ဆိုပါတယ်။

Miss ပွဲတွေပြိုင်ရတာ သဘောကျတဲ့အတွက် နောက်ပွဲတွေ ဆက်ပြိုင် သွားဦး မယ်လို့ဆိုတဲ့ Miss Universe 2013 ရဲ့ 1st Runner up အေးချမ်းမိုး

Photo: Miss ပွဲတွေပြိုင်ရတာ သဘောကျတဲ့အတွက် နောက်ပွဲတွေ ဆက်ပြိုင် သွားဦး မယ်လို့ဆိုတဲ့ Miss Universe 2013 ရဲ့ 1st Runner up အေးချမ်းမိုး
Friday, October 3, 2014

လက်ရှိမှာ ဂယက် ရိုက်နေတဲ့ Miss ပွဲတွေရဲ့ အကဲ ဖြတ်မှုတွေနဲ့ပတ်သတ်ပြီး Miss Universe 2013 ရဲ့ 1st Runner up ပိုင်ရှင် အေးချမ်းမိုးကတော့ “ညီမအမြင်ကတော့ တခါတလေကျရင် ညီမတို့ ပြိုင်ပွဲတွေက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ ညီမတို့ဆိုရင် လဲ စ၀င်ဝင်ချင်းမှာပဲ အင်တာဗျူး တစ်ခေါက်ဝင်ရတယ်။ အဲ့ဒီမှာပါမှ ညီမတို့ Activities တွေစလုပ် တာပေါ့။ လူမှုရေးလုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ ညီမတို့ Talent ပြိုင်တာပဲ ဖြစ်ဖြစ် ၊ ခရီးတွေ ဘာတွေလဲ စုသွားရတာတွေ ရှိတော့ ဒီပြိုင်ပွဲတစ်ခုဆိုတာက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်တာ မဟုတ်ဘူး။ ဆုံးဖြတ်တာ မဟုတ်ဘူး။ ကြားထဲမှာရှိတဲ့ Activity တွေထဲကပါ အမှတ်တွေပေးတာဆိုတော့ ပရိသတ် တွေက တစ်ခါတစ်လေ မမြင်ရတာတွေရှိတယ်။ အဲ့ဒါကြောင့်ကိုယ်မှန်းထားတဲ့ သူက အဲ့ Activity တွေမှာ အမှတ်လျော့ကောင်း လျော့လိမ့်မယ်။ မမှန်းထားတဲ့ သူက Activitiesတွေ မှာ ပိုကောင်းပိုနေလိမ့်မယ်။ အဲ့ဒါကြောင့် အပြောင်းအလဲ လေးတွေ ရှိတယ်လို့မြင်ပါတယ်”တဲ့။

သူမယှဉ်ပြိုင်ခဲ့တဲ့ Miss ပြိုင်ပွဲတွေနဲ့ပတ်သတ်ပြီးတော့လဲ “ညီမ အနုပညာ လောကထဲကို စ၀င်လာကတည်းက Miss ပွဲတွေပြိုင်ရတာကို သဘောကျတယ်။ ပွဲတွေနဲ့ပဲ ဒီလောကထဲ ကို ရောက်လာခဲ့တာဆိုတော့ အခွင့်အရေး ရှိရင်တော့ နောက်ပွဲတွေကို ဆက်ပြိုင်သွားဦးမယ်”လို့ သူမက ပြောပါတယ်။

သရဖူ ပြန်သိမ်းခံရတဲ့ ကိစ္စရပ်တွေကိုတော့ သူမက “အဲ့ဒါကတော့ Organization နဲ့Miss တွေရဲ့ အထင်အမြင် လွဲမှားမှုလေးတွေ နည်းနည်းစီ ရှိခဲ့လို့လို့ထင်ပါတယ်။ ဒါဟာ သူတို့ရဲ့ တစ်ဦးချင်းစီနဲ့လဲ ဆိုင်တယ်။ ညီမတို့ Organization နဲ့ကျတော့ ညီမတို့က ညှိညှိနှိုင်းနှိုင်းရှိတယ်။ 

ကိုယ်ဖြစ်ချင်တာကို ကိုယ့် Organization နဲ့ညှိတယ်။ ခွင့်ပြုရင်လုပ်တယ်။ ခွင့် မပြုရင်လဲ ရှောင်လိုက်တယ်။ အရှေ့မှာဖြစ်သွားတာက အချင်းချင်း ညှိနှိုင်းမှုကို ကျော်လွန်ပြီး လူတွေရှေ့မှာ သရဖူ သိမ်းမှုတွေ ဘာတွေဖြစ်သွားရတာပါ”တဲ့။

Trend Myanmar
လက်ရှိမှာ ဂယက် ရိုက်နေတဲ့ Miss ပွဲတွေရဲ့ အကဲ ဖြတ်မှုတွေနဲ့ပတ်သတ်ပြီး Miss Universe 2013 ရဲ့ 1st Runner up ပိုင်ရှင် အေးချမ်းမိုးကတော့ “ညီမအမြင်ကတော့ တခါတလေကျရင် ညီမတို့ ပြိုင်ပွဲ တွေက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ ညီမတို့ဆိုရင် လဲ စ၀င်ဝင်ချင်းမှာပဲ အင်တာ ဗျူးတစ်ခေါက် ၀င်ရတယ်။ အဲ့ဒီမှာပါမှ ညီမတို့ Activities တွေစလုပ် တာပေါ့။ လူမှုရေးလုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ ညီမတို့ Talent ပြိုင်တာပဲ ဖြစ်ဖြစ် ၊ ခရီးတွေ ဘာတွေလဲ စုသွားရတာတွေ ရှိတော့ ဒီပြိုင်ပွဲတစ်ခုဆိုတာက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်တာ မဟုတ်ဘူး။ ဆုံးဖြတ်တာ မဟုတ်ဘူး။ ကြားထဲ မှာရှိတဲ့ Activity တွေထဲကပါ အမှတ်တွေပေးတာဆိုတော့ ပရိသတ်တွေက တစ်ခါတစ်လေ မမြင်ရတာ တွေရှိတယ်။ အဲ့ဒါကြောင့်ကိုယ်မှန်းထားတဲ့ သူက အဲ့ Activity တွေမှာ အမှတ်လျော့ကောင်း လျော့လိမ့် မယ်။ မမှန်းထားတဲ့ သူက Activitiesတွေ မှာ ပိုကောင်းပိုနေလိမ့်မယ်။ အဲ့ဒါကြောင့် အပြောင်းအလဲ လေးတွေ ရှိတယ်လို့မြင်ပါတယ်”တဲ့။

အလုပ်ရှင်ကိုဆဲသဖြင့် တားမြစ်ရာမှ တားမြစ်သူ ဓားနှင့်ခုတ်ခံရ

Photo: အလုပ်ရှင်ကိုဆဲသဖြင့် တားမြစ်ရာမှ တားမြစ်သူ ဓားနှင့်ခုတ်ခံရ
Friday, October 3, 2014 

အလုပ်ရှင်ကို ဆဲသဖြင့် တားမြစ်သည်ကို မကျေနပ်ဘဲ လယ်သူရင်းငှား လုပ်ကိုင်သူ အချင်းချင်း ဆဲဆိုပြီး ဓားနှင့် ခုတ်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁ ရက်၊နံနက် ၉ နာရီခန့်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ အောင်ပန်းစိန်ကျေးရွာ၊ အောင်ပန်းစိန်တဲတန်းရှိ ဦးကျော်တင့် ပိုင်ဆိုင်သည့် လယ်တွင် သူရင်းငှား လုပ်ကိုင်နေသည့် သုံးခွမြို့နယ်၊ အမောင်း ကျေးရွာတွင် နေထိုင်သူ အသက် ၅၅ နှစ် အရွယ် ဦးမြင့်သန်း(ခ)ခွေးကောင်သည် အလုပ်ရှင် ဦးကျော်တင့်၏ ဇနီးဖြစ်သူကို ညစ်ညမ်းစွာဆဲဆိုနေ သည်ကို အခြားလယ်သူရင်းငှား တစ်ဦးဖြစ်သည့် အသက် ၄၆ နှစ်အရွယ် ဦးသိန်းက တားဆီးရာမှ ဓား ခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တားဆီးသည်ကို မကျေနပ်၍ ဦးမြင့်သန်း(ခ)ခွေးကောင်က ဦးသိန်းကို ညစ်ညမ်းစွာဆဲဆိုပြီး အလုပ် တဲပေါ်တွင် အဆင်သင့်ရှိသည့် အရိုး၊ အသွား ၂၄ လက်မခန့်ရှိ ဝါးရိုးတပ် ဓားရှည်ဖြင့် ဦးသိန်းကို လေး ချက်ခုတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ယင်းသို့ခုတ်ခံရသဖြင့် ဦးသိန်းတွင် လည်ပင်းနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှု ခံယူနေရသည်။ 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦးမြင့်သိန်း(ခ)ခွေးကောင်ကို အရေးယူပေးပါရန် ဦးသိန်းက တရားလိုပြုတိုင် တန်းပြီး သုံးခွမြို့မရဲစခန်းက (ပ) ၃၅၆/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

မဇ္ဈိမ
အလုပ်ရှင်ကို ဆဲသဖြင့် တားမြစ်သည်ကို မကျေနပ်ဘဲ လယ်သူရင်းငှား လုပ်ကိုင်သူ အချင်းချင်း ဆဲဆိုပြီး ဓားနှင့် ခုတ်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁ ရက်၊နံနက် ၉ နာရီခန့်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်နယ်နှင့် တိုင်းလွှတ်တော်များ အတည်ပြုထားသော ဥပဒေ ၂၇၀ ကျော်တွင် နည်းဥပဒေ ၇၅ ခုသာ ထုတ်ပြန်နိုင်

အစိုးရသစ် သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေပေါင်း ၂၇၂ ခုတွင် နည်းဥပဒေ ၇၅ ခုကိုသာ ထုတ်ပြန်ထားနိုင်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

မော်ဒယ်အေးချမ်းမြတ်မိုးအမှု စတင်စစ်ဆေး

Photo: မော်ဒယ်အေးချမ်းမြတ်မိုးအမှု စတင်စစ်ဆေး
Friday, October 3, 2014

 မော်ဒယ်အေးချမ်းမြတ် မိုးအသတ်ခံရမှု၏ ပထမဆုံးအကြိမ်ရုံးချိန်းကို အောက်တိုဘာ၂ ရက်တွင် စတင်စစ်ဆေးခဲ့သည်။

ပထမဆုံးရုံးချိန်းတွင် တရားလိုဖြစ်သူ အေးချမ်းမြတ်မိုး၏အစ်ကို အာကာဝဏ္ဏကိုစတင်စစ်ဆေးရာ လူသတ်သမားဟု စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုးကို  လိုက်လံနှောင့်ယှက်မှုများပြုလုပ်ခဲ့၍ အစ်ကိုဖြစ်သူနှင့် စကားများ  ရန်ဖြစ်ခဲ့ပြီးနောက် အံ့ဖြိုးပိုင်က အစ်ကိုဖြစ်သူ အာကာဝဏ္ဏအား နောက်နောင်မလုပ်တော့ပါဘူးဟု ကတိပေးပြောဆိုခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထွက်ဆိုခဲ့သည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ အာကာဝဏ္ဏက ‘‘အခင်းဖြစ်ပြီး နောက် ညီမလေးရဲ့ သူငယ်ချင်း က လာပြောတယ်။ အံ့ဖြိုးပိုင်က သူကိုပြန်မချစ်ရင် သတ်ပစ်မယ်။ သူကိုယ့်သူလည်းသတ်သေမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရတယ်’’ဟု ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က အသက် (၁၉) နှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ ဦးဝိစာရအိမ်ရာဝင်း အတွင်းရှိ နေအိမ်တိုက်ခန်း ဒုတိ ယလွှာအတွင် လည်ပင်းကို ဓား ဖြင့် ထိုး၍ အသတ်ခံခဲ့ရသည်။ အဆိုပါပြစ်မှုကျူးလွန်သူဟု စွပ် စွဲခံထားရသူ အံ့ဖြိုးပိုင်မှာ ရဲမှတ် တမ်းအရ ချစ်သူနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်သေဆုံးသူ၏ မိသားစုဝင်များ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်းပြောဆိုခဲ့သည်။ ထို့အပြင်အောက်တို ဘာ ၂ ရက်ကတရားလို အာကာဝဏ္ဏအား စတင်စစ်ဆေးခဲ့ပြီး လာမည့်အောက်တိုဘာ ၁၆ ရက်တွင်လည်း ၎င်းကိုပင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဘက်မှ တရားလိုပြသက်သေ ၂၀ ဦး စစ်ဆေးခံယူမည်ဖြစ်ပြီး တရားခံပြသက်သေ ဘက်မှစစ်ဆေးခံမည့်သက်သေ အရေအတွက်မှာ မသိရသေးပေ။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် အသက်(၂၂)နှစ်အရွယ် ဒုတိယနှစ်ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။

7Day DAILY 

မော်ဒယ်အေးချမ်းမြတ်မိုး၏ နာရေးကိုတွေ့ရစဉ် (ဓာတ်ပုံ - သန်းဌေး)

မော်ဒယ်အေးချမ်းမြတ်မိုး၏ နာရေးကိုတွေ့ရစဉ် (ဓာတ်ပုံ - သန်းဌေး)

မော်ဒယ်အေးချမ်းမြတ် မိုးအသတ်ခံရမှု၏ ပထမဆုံးအကြိမ်ရုံးချိန်းကို အောက်တိုဘာ၂ ရက်တွင် စတင် စစ်ဆေးခဲ့သည်။

တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆို နိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်

Photo: တယ်လီနောဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂ဝဝကျော်သို့ ဖုန်းခေါ်ဆို နိုင်ပြီး နိုင်ငံငါးနိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်မည်
Friday, October 3, 2014 

အော်ပ ရေတာ တစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန်ဖုန်းခေါ် ဆိုနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံ ငါးနိုင်ငံ သို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ များ အပါအဝင် ကနေဒါအစရှိသည့် နိုင်ငံ များသို့ ဖုန်းအပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံကိုမဆို စာတိုစနစ် (SMS)ပေးပို့ခြင်း အားဈေးနှုန်း အနေဖြင့် ကျပ်၃ဝ သတ်မှတ် ထားကြောင်း သိရ သည်။

တယ်လီနော(မြန်မာ)မှတာဝန် ရှိသူတစ်ဦးက ''ပြည်တွင်းကနေ နိုင်ငံခြား ကောလ် တွေကို အလွယ် တကူ ခေါ်ဆိုနိုင်အောင် ဆောင် ရွက်ထားတယ်။ ဖုန်းခေါ်ဆိုခတွေကို လဲ နှုန်းထား အနည်းဆုံးဖြစ်အောင် သတ်မှတ်ပေးထား ပါတယ်။ ကနေ ဒါနိုင်ငံဆိုရင်၁မိနစ် ၁ဝဝကျပ်လောက် နဲ့ဖုန်းခေါ်နိုင် မှာပါ''ဟုပြောသည်။

အဆိုပါ အော်ပရေတာမှ နိုင်ငံခြားသို့ သယ်ဆောင် အသုံးပြု နိုင်ရန် လက်ရှိတွင် ငါးနိုင်ငံသတ် မှတ်ထားကာ ယင်းတို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အစရှိသည့် နိုင်ငံ များဖြစ်ပြီး လစဉ်နိုင်ငံ ငါးနိုင်ငံခန့် ထပ်တိုးသယ်ဆောင် အသုံးပြုနိုင် ရန် တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာ ဖုန်းခေါ် ဆိုခများကို တစ်မိနစ်လျှင် ကျပ် ၁ဝဝမှ အများဆုံး ကျပ်၈ဝဝ အထိ သတ်မှတ်ထားပြီး အာဂျင်တီးနား သို့ ခေါ်ဆိုပါက ကျပ် ၈ဝဝ၊ သြစ တြေးလျ ကျပ် ၄ဝဝ၊ ဘရာဇီး ကျပ် ၈ဝဝ၊ အမေရိကန် ကျပ် ၄ဝဝဟုဆိုင် ရာ နိုင်ငံအလိုက် အသီးသီးသတ်မှတ် ထားကြောင်း သိရသည်။

''တယ်လီနော ကတ်တွေကို အောက်တိုဘာ ပထမပတ်လောက် မှာ နေပြည်တော်မှာ ရောင်းမယ်၊ နောက်ဒုတိယပတ်လောက်မှာ ရန် ကုန်မှာ ရောင်းပေးနိုင်အောင်စီစဉ်ထား တယ်။ နိုင်ငံခြား ကောလ်တွေ ခေါ် ဆိုရာမှာလဲ လိုင်းကောင်းကောင်း ပြောနိုင်ဖို့အတွက် ကိုပြင်ဆင်ပေး ထားတယ်'' ဟုပြောသည်။

တယ်လီနောမှ ယင်းဆင်းမ် ကတ်စတင်အသုံးပြုချိန်တွင်ဖေ့စ် ဘွတ်တစ်လ အခမဲ့ အသုံးပြုခွင့်ပေး သွားမည်ဖြစ်ကာ Wikipedia (အွန် လိုင်းစွယ်စုံကျမ်း)အား အခမဲ့ အသုံး ပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အော်ပရေတာမှ ပြည် တွင်း(သို့) ပြည်ပသို့ပြောဆို ဆက် သွယ်ခြင်းများ နှင့် ပတ်သက်၍အဆင် မပြေခြင်းများရှိပါကလည်းကောင်း မေးမြန်းစုံစမ်း လိုပါက ဖုန်းနံပါတ် ၉၇၉သို့ တစ်ကြိမ်ခေါ်ဆိုလျှင် ၂၅ ကျပ်ဖြင့် ဆက်သွယ် ခေါ်ဆိုနိုင် ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)ဆင်းမ် ကတ်များကိုမန္တလေးတွင်စက်တင် ဘာ၂၇ရက်မှ စတင်ရောင်းချခဲ့ ကြောင်းသိရသည်။

Yangon Media Group
အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော(မြန်မာ)မှ ပြည်တွင်းမှ နိုင်ငံပေါင်း ၂ဝဝကျော်သို့ အပြန်အလှန် ဖုန်းခေါ်ဆိုနိုင်ရန်ဆောင်ရွက်ထားပြီး နိုင်ငံငါးနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။

ကိုရီးယားဒရာမာဇာတ်လမ်းတွဲဆု သိမ်းကျုံးဆွတ်ခူးသွားတဲ့ You Who Came From The Star

Photo: ကိုရီးယားဒရာမာဇာတ်လမ်းတွဲဆု သိမ်းကျုံးဆွတ်ခူးသွားတဲ့ You Who Came From The Star
Friday, October 3, 2014

SBS ရုပ်သံလိုင်းမှ ထုတ် လွှင့်ပြသခဲ့သော You Who Came From The Star ဒရာမာ ဇာတ်လမ်းတွဲသည် ၂၀၁၄ ကိုရီး ယားဒရာမာဇာတ်လမ်းတွဲ ထူး ချွန်ဆုပေးပွဲ (KDA) ၌ ဆုအများ ဆုံး ဆွတ်ခူးခဲ့သည်။

You Who Came From The Star ဇာတ်လမ်းတွဲသည် ၂၀၁၄ ခုနှစ်အတွက် အကောင်း ဆုံးဒရာမာဇာတ်လမ်းတွဲဆုကို ရရှိခဲ့သည်။ ယင်းဇာတ်လမ်းတွဲဖြင့် ကင်ဆူဟွန်းသည် ဆုပေးပွဲ၏ ဂုဏ်သတင်းအကြီးဆုံးဆုဖြစ် သော Daesang ဆုအပြင် အာရှတစ်ဝန်း၌ ကျော်ကြားမှုအတွက် Hallyu Hot Star ဆုကိုလည်း ရရှိခဲ့သည်။

You Who Came From The Star ဇာတ်လမ်းတွဲဖြင့်ပင် အန်းဂျယ်ဟွန်းက New Actor ဆုကို ရရှိခဲ့ပြီး ယင်းဇာတ်လမ်း တွဲတွင် ဗီလိန်အဖြစ် သရုပ်ဆောင် သော ရှင်းဆောင်ဟော့က Hot Star ဆု ရရှိခဲ့သည်။

You Who Came From  The Star ဇာတ်လမ်းတွဲသည် KDA ဆုပေးပွဲမှ ဆွတ်ခူးရရှိသော ဆုများစွာဖြင့် ၂၀၁၄ ခုနှစ်၏ လူ ကြိုက်အများဆုံးနှင့် အကောင်း ဆုံးဇာတ်လမ်းတွဲဖြစ်ကြောင်း သက်သေပြလိုက်သည်။

KDA ဆုပေးပွဲတွင် ကင်ဂျယ်ဂျွန်းက Triangle ဇာတ်လမ်းတွဲ ဖြင့် Top Excellence, Actor ဆုကို ရရှိခဲ့ပြီး အိုယွန်းဆိုးက Jang Bori is here ဇာတ်လမ်း တွဲဖြင့် Top Excellence, Actress ဆု ရရှိခဲ့သည်။

၂၀၁၄ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲကို အောက်တိုဘာ ၁ ရက်တွင် ဂျင် ဂျူမြို့ Gyeongnam ယဉ်ကျေးမှု နှင့် အနုပညာစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင်မင်းသ မီး ဂန်ဆိုရာနှင့် သရုပ်ဆောင်မင်း သား အိုဆန်ဂျင်တို့က တင်ဆက် သူများအဖြစ် ဆောင်ရွက်ပေးခဲ့ သည်။       

Ref: Soompi
7Day DAILY
SBS ရုပ်သံလိုင်းမှ ထုတ် လွှင့်ပြသခဲ့သော You Who Came From The Star ဒရာမာ ဇာတ်လမ်းတွဲသည် ၂၀၁၄ ကိုရီး ယားဒရာမာဇာတ်လမ်းတွဲ ထူး ချွန်ဆုပေးပွဲ (KDA) ၌ ဆုအများ ဆုံး ဆွတ်ခူးခဲ့သည်။