ကချင်ပြည်နယ်၊ တနိုင်းဟူးကောင်းဒေသတွင် ပီလောပီနံစိုက်ပျိုးရေးလာ ရောက်လုပ်ကိုင်သော ယုဇနကုမ္ပ ဏီအား ဒေသခံ ၉၇ ရာခိုင်နှုန်းက အလိုမရှိကြောင်း မဲပေးမှုများအရ သိရသည်။
Wednesday, 24 September 2014
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာလုပ်သားများကို ရိုက်နှက် စစ်ဆေးလျှင် ဥပဒေအရတုံ့ပြန်မည်ဟု မြန်မာသံအမတ်ပြော
ထိုင်းနိုင်ငံတွင် ဗြိတိန် နိုင်ငံသားစုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့က မြန် မာ လုပ်သား များကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုသို့ရိုက်နှက် ပါက ဥပဒေအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင် က ပြော ကြားသည်။
အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်တပ်များ အခြေစိုက်စခန်းများပျက်စီး

အမေရိကန်ဦးဆောင်သောလေကြောင်းတိုက်ပွဲသည် မြောက်ပိုင်းရှိဆီးရီးယားတပ်များကို ကောင်းစွာ ဖျက် ဆီးတိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းများအရသိရသည်။ ညပိုင်းတိုက်ခိုက်မှုသည် အီရတ်က ဆီးရီးယား ဘက်သို့ အမေရိကန်၏လေကြောင်း တိုက်ပွဲတိုးချဲ့လိုက်ကြောင်း ပြသလိုက်သလို တိုက်ပွဲအခြေ အနေ ပြင်း ထန် လာနေသည် ဆိုသည် ကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။
IS အဖွဲ့ကို အမေရိကန် တစ်နိုင်ငံတည်း တိုက်ခိုက်နေခြင်း မဟုတ်ဟု အိုဘားမားပြောကြား

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေသည်မှာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ပါဝင်လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြား ခဲ့သည်။
JICA ချေးငွေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်မည်

စီးနင်းခသက်သာ၍ အခြေခံလူတန်းစားများသည် မြို့ပတ်ရထားကို အားထားကြသည်(ဓာတ်ပုံ − လင်း ဘိုဘို/ အီးပီအေ)
ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) ၏ချေးငွေဖြင့် ရန်ကုန်မြို့ပတ် ရထား လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။
နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ကျောင်းများတွင် လက်တွေ့သင်ကြားရန် ယာဉ်အို/ယာဉ်ဟောင်းများ ပေးအပ်မည်ဟု ဒုဝန်ကြီးပြောကြား
နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် နည်းပညာ အထက်တန်း ကျောင်းများတွင် လက်တွေ့သင်ကြားရေးနှင့် သင်ထောက်ကူ ပစ္စည်းများအဖြစ် အသုံးပြုနိုင် ရန် အပ်နှံယာဉ်အို/ ယာဉ်ဟောင်းများထဲမှ သင့်တင့်သော ယာဉ်ဟောင်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆော င်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးချန်မောင်က ပြောကြားသည်။
သင့် ကိုယ်ခံအားကို ပျက်စီးစေနိုင်တဲ့ အရာများ

လက်ကိုမကြာခဏဆေးတယ်၊ နေမကောင်းဖြစ်နေတဲ့ လူတွေနဲ့လည်း နီးနီးကပ်ကပ်နေနေတာ မဟုတ်ပဲ ဘာ့ကြောင့်များ ကိုယ်ခံအားဟာ နည်းနေရပါသလဲ။ တစ်ခုခုဆို ဖျားနာတာ လွယ်ကူနေရတာပါလဲ။ သင့်ကိုယ်ခံအားကို ဖျက်စီးပစ်နိုင်တဲ့ တစ်ချို့အချက်လေးတွေ သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် ၁၇ဦး နုတ်ထွက်
မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ထိပ်ပိုင်းအဖွဲ့ဝင်များနှင့် အဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှုတွင် ငွေကြေးအရှုပ်အရှင်းများရှိနေ၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း လူငယ် များ အစည်းအရုံးအဖွဲ့ အထွေထွေအတွင်းရေးမှူး မဟန်နီလွင်က ပြောကြားသည်။
Tuesday, 23 September 2014
၂ဝ၁၃ခုနှစ် အကယ်ဒမီပွဲတွင် ပြည်သူများကြည့်ရှုခွင့်မပေးတော့ အနုပညာရှင် များ ပိုမိုစုံလင်စွာတက်ရောက်နိုင်စေရန်အတွက်ဟုဆို
၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ် ပွဲတွင် ပြည်သူများအား လက်မှတ် ရောင်းချတော့မည် မဟုတ်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။
မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင်တည် ထောင်စဉ် ကတည်း က တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ် အင်္ဂါ ချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
ဘယ်သူလဲ ဗိုလ်တိုက်ဂါး

KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC)
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေနဲ့ ခရီး သွားတွေ ကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာ လို့ ဆိုပါ တယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ် သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။ မီဒီယာတွေမှာ ဗိုလ်တိုက်ဂါး အတော်လေး ကို ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်တိုက်ဂါး ဘယ်လိုလူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဗိုလ်တိုက်ဂါး ဖြစ်ပြီးမှ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားနည်းနေ ပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် ချင်းပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးပါမယ်။
Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်

အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက် တွဲဖော် လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲ ပထမ ရက် တွင် တပ်နေရာချထားရေးအခန်းမှ အချက်တစ်ချို့နှင့် ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲ ပထမနေ့တွင် တပ်နေရာ ချထားရေးအခန်းမှ အချက်တစ်ချို့ အား နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက် သွားရန်ဆိုသည့်အချက်ကို သဘော တူညီခဲ့ကြောင်း သိရသည်။
ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ

ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှု ကို ထောင်ပေါင်း များစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေနှင့်အညီ စောင့်ဆိုင်းရန် မာစတာစပေါ့ဖိနပ်စက်ရုံ လုပ်သားများက စက်ရုံရှေ့၌ တောင်းဆိုနေမှုကို ရုပ်သိမ်း
မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများ စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေ နှင့် အညီစောင့်ဆိုင်းရန် စက်ရုံရှေ့ တွင် တောင်းဆိုသည့်အစီအစဉ်ကို အလုပ်သမားများက ရုပ်သိမ်းခဲ့ ကြောင်း အလုပ်သမားများထံမှ သိရသည်။
အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်

ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတ သစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်း ဌာန က ရေးသားဖော်ပြသည်။
ဝန်ကြီးနှစ်ဦး ရက်ပေါင်း ၅၀ ခန့် တာဝန်ယူအပြီး လွှတ်တော်တွင် ကျမ်းသစ္စာဆို
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်တို့သည် ပြည်ထောင်စုဝန်ကြီး တာဝန်အသီးသီး ရယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် လွှတ်တော်၌ လာရောက် ကျမ်းသစ္စာ ဆိုခဲ့သည်။
အိမ်ဖြူတော်ကို ၀င်ရောက်ရန် ကြိုးစားသူ၏ကားထဲ ကျည်ဆန်အတောင့် ၈၀၀ တွေ့ရှိ

စက်တင်ဘာ ၁၉ ရက်နေ့ အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ပြီး သော့မပိတ် ထားတဲ့ အတွင်းဘက် ၀င်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသား ဟာ တပ်ကြပ်ကြီးဟောင်း တယောက် ဖြစ်ပြီး သူ့ကားထဲမှာ ကျည်ဆန် အတောင့် ၈၀၀ ရှိနေတယ်လို့ ပြည်ထောင်စု တရားရုံး ရှေ့နေတွေ က ပြော ပါတယ်။
Subscribe to:
Posts (Atom)