Tuesday, 23 September 2014

၂ဝ၁၃ခုနှစ် အကယ်ဒမီပွဲတွင် ပြည်သူများကြည့်ရှုခွင့်မပေးတော့ အနုပညာရှင် များ ပိုမိုစုံလင်စွာတက်ရောက်နိုင်စေရန်အတွက်ဟုဆို

၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ် ပွဲတွင် ပြည်သူများအား လက်မှတ် ရောင်းချတော့မည် မဟုတ်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။

မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ

Photo: မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ
Tuesday, September 23, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင် တည် ထောင်စဉ် ကတည်းက တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
 
 မရမ်းချောင်းတိုက်နယ်ဆေးရုံဟာ အနာကြီးရောဂါကုသရေးအတွက် ရည်ရွယ်တည်ဆောက် ခဲ့တာဖြစ်ပြီး အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေ အပါအ၀င် ရပ်ရွာအိမ်ထောင်စုပေါင်း(၄) ထောင်ကျော် မှီခိုအားထားရာ ဆေးရုံလည်းဖြစ်ပါတယ်။ ဒီဆေးရုံမှာတော့ လက်ရှိအချိန်မှာ ဆေးရုံအတွက် ဆေးဝါးတွေလုံလောက်နေပေမယ့် ခွဲစိတ်ခန်းအသုံးပြုဖို့ အခက်အခဲရှိနေသေးတဲ့ အပြင် အရေးပေါ် လူနာတင်ယာဉ်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဒီဆေးရုံအနီးမှာရှိတဲ့ အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေဟာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ် လာပြီဆိုရင် ရန်ကုန်နဲ့မော်လမြိုင်ဆေးရုံတွေကို လိုင်းကားနဲ့ သွားရတယ်လို့ ဂေဟာမှူးက ပြောပါတယ်။မရမ်းချောင်းကျေးရွာဟာ (၁၉၉၄)ခုနှစ်က ထောက်ကြံ့အနာကြီးဆေးရုံက လူနာတွေကို ပြောင်းရွှေ့ထားဖို့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကျေးရွာမှာ အနာကြီး ရောဂါကြောင့် ဆေးသောက်နေရသူ(၅)ဦးသာရှိတော့တယ်လို့ သိရပါတယ်။

MRTV-4
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင်တည် ထောင်စဉ် ကတည်း က တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ် အင်္ဂါ ချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ဘယ်သူလဲ ဗိုလ်တိုက်ဂါး

Photo: ဘယ်သူလဲ ဗိုလ်တိုက်ဂါး
Tuesday, September 23, 2014

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာ အလုပ်သမားတွေနဲ့ ခရီးသွားတွေကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ်သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။ မီဒီယာတွေမှာ ဗိုလ်တိုက်ဂါး အတော်လေးကို ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်တိုက်ဂါး ဘယ်လိုလူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဗိုလ်တိုက်ဂါး ဖြစ်ပြီးမှ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

လက်ရှိ မြ၀တီ ပဋိပက္ခဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် ထိုင်းဘက်က လာတဲ့ ကုန်ကားတွေကို ဗိုလ်တိုက်ဂါးနဲ့ အဖွဲ့က ခုလို လက်နက်တွေနဲ့ တားဆီး ပိတ်ပင်ခဲ့တဲ့ အတွက် မြန်မာ အစိုးရနဲ့ မြန်မာ စစ်တပ်အတွက် အတော်လေးကို မျက်နှာပူ အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဘာတွေ ဆွေးနွေးဖြစ်ကြတယ်တော့ မသိပါဘူး။ ဗိုလ်တိုက်ဂါးကတော့ ထိုင်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတာတွေ ရပ်ရင်ရပ်၊ မရပ်ရင် ခုလိုပဲ ထိုင်းဘက်ကလာတဲ့ ကုန်ကားတွေကို တားဆီး ပိတ်ဆို့ဦးမှာပဲ ဆိုပြီး မီဒီယာတွေကို ထပ်ပြီး ပြောဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်လာတဲ့ အဖြေက တစ်မျိုးပါ။ မြ၀တီ အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ ၂၇၅ ကနေ ဗိုလ်တိုက်ဂါးရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ရုံးကို စာပို့အကြောင်းကြားပါတယ်။ စာထဲမှာ တိုင်းရင်းသား လက်နက်တပ်ဖွဲ့တွေအနေနဲ့ မြ၀တီ မြို့ထဲမှာ ယူနီဖေါင်းဝတ်၊ လက်နက်ကိုင်ဆောင် သွားလာနေကြတာဟာ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေပြီး မြို့လုံခြုံရေးကိုလည်း ထိခိုက်စေတဲ့အကြောင်း၊ ဒါကြောင့် သဘောတူထားတဲ့ ငြိမ်းချမ်းရေး မူဝါဒ အတိုင်း လိုက်နာဆောင်ရွက်ဖို့ ဆိုပြီး ရေးသားထားပါတယ်။ သဘောကတော့ လက်နက်ကိုင် အဖွဲ့တွေ မြို့တွင်းကိုလာရင် လူဘယ်နှစ်ယောက်၊ ကားဘယ်နှစ်စီး၊ လက်နက် ဘယ်နှစ်လက် စသဖြင့် အစိုးရ တပ်ဖွဲ့ကို ကြိုတင် အကြောင်းကြားပြီး ခွင့်ပြုချက် ရမှ ၀င်ထွက်သွားလာဖို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဒါဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အစိုးရနဲ့ ဗကပ ခွဲထွက်အဖွဲ့တွေ အပစ်ရပ်စဉ်ကတည်းက ချမှတ်ထားခဲ့တဲ့ စည်းကမ်းအဟောင်းတွေပဲ ဖြစ်ပါတယ်။

ဒီ တကြိမ်ကတော့ အတော့်ကို ထူးခြားပါတယ်။ အစိုးရတပ်ရဲ့ အဲဒီ ညွှန်ကြားချက်ကို ဗိုလ်တိုက်ဂါးနဲ့ အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြီး တုန့်ပြန်ပါတယ်။ အစိုးရ တပ်အနေနဲ့လည်း မြို့ထဲဝင်ရင် သူတို့ကို အကြောင်းကြားရမယ်၊ ခွင့်ပြုချက် ရမှ ၀င်ရမယ် ဆိုတဲ့ သဘောပါ။ ဒါဟာ မကြုံစဖူး လက်နက်ကိုင် အဖွဲ့လေး တဖွဲ့က အစိုးရစစ်တပ်ကို တိုင်းသိပြည်သိ လူသိထင်ရှား မင်းတို့ကို ဂရုစိုက်စရာ မလိုဘူး ဆိုပြီး တုန့်ပြန်လိုက်တဲ့ သဘောပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်တိုက်ဂါးရဲ့ အဲဒီ ကြေငြာချက်ကို စာနယ်ဇင်း သတင်းမီဒီယာတွေက အကျယ်တ၀င့် ဖော်ပြကြပါတယ်။ သတင်းခေါင်းစဉ်တွေကတော့ “အစိုးရ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် အပြန်အလှန် သတိပေး အကြောင်းကြားစာ ထုတ်” ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ပါ။ ပြည်သူတွေ တွေးတောကြတာက ဗိုလ်တိုက်ဂါးဟာ မြန်မာ့စစ်တပ်ကို အဲသလောက် အန်တုရလောက်အောင် အစွမ်းထက်၊ အင်အားကြီးသလားပေါ့။

ဒီလိုနဲ့ မြ၀တီမှာ အစိုးရတပ်၊ အစိုးရတာဝန်ရှိသူတွေ၊ ဒီကေဘီအေ နဲ့ ငြိမ်းချမ်းရေးကောင်စီ မြ၀တီ ရုံးတာဝန်ခံတို့ အဲဒီကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ကောင်စီရဲ့ နယ်စပ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အထူးဗျူဟာမှူး တာဝန်ယူထားသူ ဗိုလ်တိုက်ဂါးကတော့ သူ့ကို အရေးယူမှာ စိုးရိမ်ပြီး ကိုယ်တိုင် အစည်းအဝေး မတက်ရဲပါဘူး။ အဲဒီ အစည်းအဝေးမှာ အစိုးရ နဲ့ တပ်ဘက်က ဒီကြေငြာချက်ကို ဗိုလ်တိုက်ဂါး ထုတ်တယ် ဆိုတာ အာမခံ ခိုင်းပါတယ်။ ဒါပေမယ့် ဗိုလ်တိုက်ဂါးက အစည်းအဝေး တက်နေတဲ့ ဒီကေဘီအေ ဒုစစ်ဦးစီးချုပ်ကို ဖုန်းထဲကနေ တဆင့် အဲဒီ ကြေငြာချက် သူထုတ်တာ မဟုတ်ကြောင်း၊ သူ မသိကြောင်း၊ သူ့လက်မှတ်လည်း မဟုတ်ကြောင်း၊ ဒါကြောင့် ပြေလည်အောင် ဖြေရှင်းပေးကြပါ ဆိုပြီး တောင်းပန်ပါတယ်။ နောက်ပိုင်း အစိုးရတပ်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ဗိုလ်တိုက်ဂါးကို ၀ိုင်းထိန်းကြပါ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ နောက်ပိုင်းတော့ အားလုံး သိကြပြီးဖြစ်တဲ့ အတိုင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာန ချုပ်ကနေ ဗိုလ်တိုက်ဂါးက အစိုးရတပ်ကို သတိပေး အကြောင်းကြားစာ ထုတ်တာဟာ ဗဟိုကို မတိုင်ပင်တဲ့ အကြောင်း၊ ဗဟိုရဲ့ သဘော မပါတဲ့အကြောင်း၊ သူ့သဘောနဲ့ သူ ထုတ်တဲ့အကြောင်း၊ ဒါကြောင့် သူ့ ထုတ်ပြန်စာ သူ တာဝန်ယူရမယ် ဆိုတဲ့အကြောင်း ဥက္ကဌ စောဌေးမောင် ကိုယ်တိုင် လက်မှတ်ထိုးပြီး ကရင်ပြည်နယ် နယ်စပ်လုံခြုံရေး ၀န်ကြီးဆီ စာပေးပို့ အကြောင်းကြားတာ လုပ်ခဲ့ပါတယ်။ ဒီလောက်ဆို ဗိုလ်တိုက်ဂါး ရုပ်လုံး နည်းနည်းပေါ်လာပါပြီ။

တကယ်တော့ ဗိုလ်တိုက်ဂါးဟာ KNU/KNLA ငြိမ်းချမ်းရေး အဖွဲ့ကပါ။ ငြိမ်းချမ်းရေး ကောင်စီ ဆိုတာ ကေအဲန်ယူ ပင်မ အဖွဲ့ကြီးကနေ အရင် တပ်မဟာ ၇ တပ်မဟာမှူး အဖြစ် ကာလတာရှည် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်စောဌေးမောင် နဲ့ နောက်လိုက်တချို့ ခွဲထွက်တည်ထောင်ထားတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေး ဖြစ်ပါတယ်။ မြ၀တီနဲ့ အလှမ်းဝေးတဲ့ ထော့ကိုကိုးမှာ အခြေစိုက်ပါတယ်။ နောက်ပိုင်းတော့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့ထဲက တဖွဲ့အဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။ ဗိုလ်တိုက်ဂါးဟာ စောဌေးမောင်နဲ့ အတူ အရင် ကေအဲန်ယူ တပ်မဟာ ၇ မှာ တာဝန်ယူခဲ့ဖူးသူ မဟုတ်ပါဘူး။ နောက်ပိုင်းမှ ၀င်ရောက်လာတဲ့ ခါတော်မီ တော်လှန်ရေးသမား လို့ ခေါ်ရင် ရနိုင်မယ့်သူမျိုးပါ။ သူ အဓိက လုပ်တာက စီးပွားရေးပါ။

တချို့လူတွေ မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၃ နိုဝင်ဘာ ရန်ကုန်မှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကလို့ ဆိုတဲ့ လူတချို့ သတင်းစာရှင်းလင်းပွဲ တခု လုပ်ပါတယ်။ အခုဆို ရန်ကုန်မှာ သူတို့ အဖွဲ့က လူပါလို့ ပြောပြီး လိုင်စင်မဲ့ကားတွေ လိမ်ရောင်းထားတာတွေ အစီး ရာနဲ့ချီ ရှိနေတယ်။ အဲဒီ ကားတွေကို တပ်ဖွဲ့ပိုင်တွေ ဖြစ်တဲ့အကြောင်း ထောက်ခံစာ လုပ်ပေးထားတာတွေ ရှိတယ်။ ဒါနဲ့ ပါတ်သက်ရင် အဖွဲ့ထဲက လူလိမ်လူညာတွေ လုပ်ထားတာကြောင့် တပ်ဖွဲ့အနေနဲ့ တာဝန်မယူနိုင်ဘူး ဆိုပြီး အသိပေး တဲ့ သတင်းစာ ရှင်းလင်းပွဲပါ။ ဒါပေမယ့် အဲဒီလူတွေဟာ နယ်စပ်က ကားတွေကို သူတို့ တပ်ဖွဲ့ထဲက ဘယ်သူတွေ ရန်ကုန်ကို ခိုးသွင်းလာသလဲ ဆိုတာကိုတော့ ပြောမသွားပါဘူး။

ဒီလိုနဲ့ ၂၀၁၄ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက ခေါင်းဆောင်တယောက်ဖြစ်တဲ့ စောတင်မိုသီနဲ့ ဗိုလ်တိုက်ဂါးတို့ မြ၀တီကနေ ရန်ကုန်ကို အစည်းအဝေး တက်ဖို့ ဆိုပြီး သွားကြပါတယ်။ Without ကား သုံးစီးနဲ့ပါ။ လမ်းမှာ မွန်ပြည်နယ် ကျိုက်ထို စိမ်းလဲ့တင် စားသောက်ဆိုင် အရောက် ကားသုံးစီးစလုံး အဖမ်းခံရပါတယ်။ တပ်ဖွဲ့ပိုင် ကားတွေလို့ ပြောပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက လက်မခံပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုဖို့ အစိုးရဟာ ဇီးရိုးပါမစ် တွေ၊ တပိုင်းတစ အခွန်ဆောင်ရတဲ့ ပါမစ်တွေ ချထားပြီးဖြစ်လို့ လိုင်စင်မဲ့ကား ဆက်သုံးနေတာကို ခွင့်မပြုပါဘူး။ ဒီလိုနဲ့ သုံးစီးစလုံးကို ဖမ်းဆီးပြီး ရန်ကုန်က အပြန်မှာလည်း ကားတွေ ပြန်မပေးတော့ပါဘူး။

တကယ်တော့ ဗိုလ်တိုက်ဂါးတို့ဟာ ရန်ကုန်ကို ကားခိုးသွင်းကြတာပါ။ ရန်ကုန်အတက်မှာ Without ကားတွေ စီးပြီးသွား၊ ရန်ကုန်မှာ ရောင်းခဲ့၊ ပြီးရင် နယ်စပ်ကို အခြားကားတွေနဲ့ ပြန် အခေါက်ခေါက် အခါခါ လုပ်ခဲ့တာပါ။ ရန်ကုန်မှာ အဲလို ကားခိုးသွင်းပြီး ရဲစခန်းတွေက ဖမ်းဆီး အရေးယူရတာချည်း ကားအစီးရေ ၅၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ အများစုဟာ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေက ခိုးသွင်းကြတာပါ။ အဓိက နစ်နာရသူတွေက လက်နက်ကိုင် တပ်ဖွဲ့က ကားဆို အာမခံချက် ရှိမယ် ထင်ပြီး ၀ယ်စီးကြတဲ့ မသိနားမလည်တဲ့ ပြည်သူတွေပါ။ ဒါက ကားခိုးသွင်းတဲ့ ဇာတ်လမ်းတွေပါ။ ဒါ့အပြင် အခြားသော ဗိုလ်တိုက်ဂါးရဲ့ ခါတော်မီ တပ်ဖွဲ့ဝင် စုဆောင်းမှု ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီလောက်ဆိုရင် ဗိုလ်တိုက်ဂါး ဘယ်လိုလူ၊ ငြိမ်းချမ်းရေး ကောင်စီ ဆိုတာ ဘယ်လို အဖွဲ့ဆိုတာ ရှင်းလင်းလောက်ပြီမို့ ဗိုလ်တိုက်ဂါးရဲ့ မီဒီယာတွေမှာ လေလုံးမိုးလုံးထွားမှု၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး အစိုးရတပ်နားရွက်ကို တံတွေးဆွတ်ဖို့ ကြံစည်မှု စတဲ့ ကိစ္စတွေကို နားလည်နိုင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
The Irrawaddy (Burmese Version) 

KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC)
KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC)
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေနဲ့ ခရီး သွားတွေ ကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာ လို့ ဆိုပါ တယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ် သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။ မီဒီယာတွေမှာ ဗိုလ်တိုက်ဂါး အတော်လေး ကို ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်တိုက်ဂါး ဘယ်လိုလူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဗိုလ်တိုက်ဂါး ဖြစ်ပြီးမှ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Tuesday, September 23, 2014 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားနည်းနေ ပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်းနဲ့ ကချင်ပြည်နယ် ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးပါမယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေ မှာ မိုးပိုနေပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့ အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေ ရာ ကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ 

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားနည်းနေ ပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် ချင်းပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးပါမယ်။

Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်

Photo: Facebook တည်ထောင်သူ Mark Zuckerberg နဲ့ Priscilla Chan တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်
Tuesday, September 23, 2014 

အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက်တွဲဖော်လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦး ဒိတ်လုပ်ခဲ့ကြတာဖြစ်ပြီး ခုဆိုရင် Mark နဲ့ Priscillaတို့ အတူလက်တွဲနေထိုင်ခဲ့ကြတာ ၁၂ နှစ်နှီးပါး တောင် ရှိနေပါပြီတဲ့။ အချိန်တွေ ဒီလောက်ကြာမြင့်စွာ နှစ်ဦးသား  ဖြတ်သန်းခဲ့ကြတာဟာ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာအသိုက်အမြုံလေးက တဆင့် သမီးရည်းစားဆိုင်ရာ သင်ခန်းစာအချို့ သင်ယူရရှိနိုင်မယ်ဆိုရင် ဒါဟာ ဘာတွေများဖြစ်လိမ့်မလဲ။

(၁) ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် ချစ်သူအတွက် အမြဲတမ်းအချိန်ပေး

Mr Zuckerberg နဲ့ လက်တွဲပြီး သမီးရည်းစားဘဝထဲ ဝင်ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ဦးတွေ့ဆုံဖို့၊ ဒိတ်လုပ်ဖို့အတွက် ကြပ်တည်းတဲ့ အချိန်၊ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သိနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် နှစ်ဦးသား တစ်ပတ်ကို တစ်ညလောက် အနည်းဆုံးအတူရှိဖို့ Mark ကို Priscilla က မေတ္တာရပ်ခံထားပါတယ်။ နာမည်ကြီး၊ လူသိများပြီး အင်မတန် အလုပ်ရှုပ်တဲ့ လူတွေအတွက် အပြင်ထွက်၊ အချိန်ဖြုန်းပျော်ပါးနေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်ရတဲ့သူအတွက် အချိန်ပေးတယ်ဆိုတာ မလွဲမသွေ လိုက်နာရမယ့် နိယာမတစ်ခုပဲလေ။

(၂) တစ်ဦးနဲ့တစ်ဦး အမြဲတမ်း အပြန်အလှန်ချီးမွမ်းအားပေးစကားဆို

သူ့ ယုံကြည်ချက်တွေနဲ့ ရှေ့ရေးကို ကြိုတင်သိမြင်မှုတွေကြောင့် Mark ဟာ ဥာဏ်ရည်ထက်မြက်တယ်ဆိုတာ လူသိများပြီးသားဖြစ်မှာပါ။ မီဒီယာအသံလွင်ဌာနတစ်ခုနဲ့ တွေ့ဆုံပြောဆိုမှု တစ်ခုမှာ ဒီလိုလူသားဆန်တဲ့ လုပ်ငန်းတွေ စတင် ခြေလှမ်းလုပ်ဆောင်လာနိုင်တာဟာ Ms Chan ကြောင့်လည်း အများကြီးပါတယ်လို့ Mr. Zuckerberg က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် သူမလူနာတွေအကြောင်း နှစ်ဦးသား ပြန်လည်ပြောဆိုရာကနေ သူ့အလုပ်အတွက် အသိ၊ အိုင်ဒီယာတွေလည်း ရရှိခဲ့ပါတယ်တဲ့။

(၃) လူမှုမီဒီယာ ဖန်တီးသူရဲ့ ပထမဦးဆုံး အမျိုးသမီးဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ထက်မြက်တဲ့သူဖြစ်အောင် ကြိုးစား

ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်နိုင်သလို စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးဖြစ်တဲ့ Priscilla ဟာ Silicon Valley ရဲ့ ပထမဦးဆုံး အမျိုးသမီးမဖြစ်ခင်မှာကတည်းက အောင်မြင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ Havard University မှာ ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ကြားခဲ့ပြီး San Francisco မြို့ California တက္ကသိုလ်မှာ ဆေးပညာနဲ့ ကျောင်းပြီးထားတဲ့ Priscilla က ခုလက်ရှိမှာတော့ UCSF Benioff Childern’s Hospital မှာ တာဝန်ထမ်းဆာင်နေပါတယ်။ Priscilla ဟာ ယခုလက်ရှိနေရာရောက်လာအောင် အလုပ်ကိုကြိုးကြိုးစားစား လုပ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒုက္ခသည် မိဘနှစ်ပါးမှ မွေးဖွားခဲ့တဲ့ Priscilla ဟာ မိသားစုဝင်တွေထဲမှာတော့ ပထမဦဆုံးကောလိပ်ကျောင်း တက်ဖူးသူ တစ်ဦးဖြစ်ပါတယ်။ သူမနဲ့ Mark တို့ရဲ့ ပညာရေးအကြောင်းကို ပြန်လည်ထောက်ရှုတဲ့အခါမှာ သူတို့စုံတွဲနှစ်ဦးစလုံးက ပညာရေးဖောင်ဒေးရှင်း တစ်ခု တည်ထောင်ဖို့ ကြေငြာခဲ့ကြပါတယ်။ နှစ်ယောက်အတူ နှစ်ပေါင်းများစွာ လက်တွဲပြီးတဲ့နောက် နှစ်ယောက်အတူ ခိုင်မာတဲ့ ခံယူချက်တစ်ခု ရရှိကြတာပါ။

(၄) ဟာသဥာဏ် အမြဲရှိပါစေ

ကွန်ပျူတာ ဂျပိုးတစ်ယောက်ရဲ့ ချစ်သူတစ်ဦးဖြစ်နေရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ သက်သာမှုရစေတာက Mark နဲ့ Priscilla နှစ်ယောက်စလုံးမှာ ဟာသကို နားလည်ခံစားတတ်ကြပြီး ဟာသဥာဏ်လေးတွေ ရှိကြပါတယ်။

(၅) အိမ်မွေးတိရိစ္ဆာန်တွေ ချစ်တတ်အောင် ကြိုးစား

Zuckerberg နဲ့ Priscilla နှစ်ယောက်ဟာ ဟန်ဂါရီ သိုးခွေး Beast ရဲ့ အုပ်ထိန်းသူတွေဖြစ်ကြပါတယ်။ အဲဒီခွေးလေးဟာ ဖေ့စ်ဘုတ်ခ်ပြီးရင် Mark ရဲ့ ဒုတိယဦးစားပေးဖြစ်ကြောင်း ဟိုးအရင်အင်တာဗျူးတစ်ခုမှာ Priscilla က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အချစ်တော်ခွေးလေး ပျော်ရွှင်မှုရရှိစေဖို့ တစ်နေ့တစ်နေ့ မိနစ် ၃၀ လောက် အချိန်ပေးကြတယ်။ ခွေးလေးတစ်ယောက်ကို အတူတကွ ထိန်းကျောင်းယုယပေးတာ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေနဲ့ အတူတကွ အားစိုက်ထုတ်မှုတွေကြောင့် သူတို့စုံတွဲအတွက် အမှန်တကယ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်တဲ့။

Source: Menxp
Trend Myanmar
အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက် တွဲဖော် လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲ ပထမ ရက် တွင် တပ်နေရာချထားရေးအခန်းမှ အချက်တစ်ချို့နှင့် ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲ ပထမနေ့တွင် တပ်နေရာ ချထားရေးအခန်းမှ အချက်တစ်ချို့ အား နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက် သွားရန်ဆိုသည့်အချက်ကို သဘော တူညီခဲ့ကြောင်း သိရသည်။

ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ

Photo: ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ
Tuesday, September 23, 2014 

ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှုကို ထောင်ပေါင်းများစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ဆန္ဒပြသူများသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတော် အလံများ ကိုင်ဆောင်ကာ “စစ်မဖြစ်ရ” နှင့် “လိမ်ညာတာတွေ ရပ်တန်းကရပ်” ဟူသော ကြွေးကြော်သံများဖြင့် မော်စကိုနှင့် စိန့်ပီတာစဘဂ်မြို့ အပါအဝင် အခြားသောမြို့ အသီးသီး၌ စီတန်းလှည့်လည်ကာ ယူကရိန်း စစ်မက် ပဋိပက္ခတွင် ရုရှား ပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။ 

မော်စကိုမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ အဆိုပါ စီတန်းလှည့်လည် ဆန္ဒပြမှုတွင် လူပေါင်း ၅၀၀၀ ကျော်ခန့် ပါဝင်ခဲ့ကြသည်ဟု သိရသော်လည်း ရုရှားအခြေစိုက် AP သတင်းဌာနက ဆန္ဒပြသူ ၂၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရေးသားသည်။ 

အဆိုပါ စီတန်းလှည့်လည်မှုကို ဦးဆောင်သူများက ၎င်းတို့သည် ရုရှားနိုင်ငံ၏ ရန်စပြုမူလိုသော နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်သည့်အနေနှင့် ယခုလို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

ဆန္ဒပြသူများသည် ပွတ်ရှ်ကင်ရင်ပြင်မှ မော်စကို မြို့လယ်ကောင်ရှိ ဆာခါရော့ ရိပ်သာလမ်းအထိ စီတန်း ချီတက်ခဲ့ကြကြောင်း၊ အလားတူ ရုရှားအစိုးရနှင့် ယူကရိန်း ခွဲထွက်ရေးဝါဒီများကို ထောက်ခံသူများကလည်း ယှဉ်ပြိုင် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ယခုဖြစ်ရပ်သည် လွန်ခဲ့သည့် ငါးလတာ ကာလ၊ ယူကရိန်းအရှေ့ပိုင်း ဒေသရှိ ဒွန်နီဆတ်နှင့် လူဟန်ဆတ် ပြည်နယ်များတွင် စစ်မက်ပဋိပက္ခ စတင်ခဲ့ချိန် နောက်ပိုင်း ရုရှားနိုင်ငံတွင်း ပထမဆုံး ပြုလုပ်သော စစ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်သည်။ 

ရုရှား ရေဒီယို အသံလွှင့်ဌာန တစ်ခုဖြစ်သော Ekho Moskvy ၏ အဆိုအရ စစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူဦးရေ ၅၀၀၀၀ ခန့်အထိ ရှိသည်ဟု ခန့်မှန်းသည်။ 

VOA သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ယခုဆန္ဒပြပွဲတွင် စစ်ဆန့်ကျင်ရေး အင်အားစုများသာမက ရုရှားအစိုးရ အတိုက်အခံများလည်း ပါဝင်ပြီး ၎င်းတို့သည် ယူကရိန်းနိုင်ငံတွင်း ငြိမ်းချမ်းရေး ပေါ်ထွန်းရေး၊ ခွဲထွက်ရေး သူပုန်များအပေါ် ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ အဆုံးသတ်ရေးတို့အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ယူကရိန်း အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များသည် စက်တင်ဘာလ ၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ထိုအချိန်နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ပင် ရှိသည်။ 

ယူကရိန်း စစ်မက်ပဋိပက္ခ စတင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ သေဆုံးသူ ၃၀၀၀ ကျော် ရှိသွားပြီ ဖြစ်သည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှု ကို ထောင်ပေါင်း များစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်

Photo: မူးယစ်ဆေးမ၀ယ်ပေးနိုင်သော ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား သတ်ပစ်မည်ဟု KIA အဖွဲ့ ခြိမ်းခြောက်
Tuesday, September 23, 2014

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

``ည ၇ နာရီလောက် ရွာထဲဝင်လာကြတယ်၊ ဦးစိုင်းဦး အိမ်ထဲဝင်သွားတာမြင်တယ်၊ ခဏအကြာမှာတော့ ဦးစိုင်းဦး ရွာထဲထွက်သွားတာ မြင်တယ်၊ ပြန်ကြားတာကတော့ မူးယစ်ဆေးဝယ်ခိုင်းတာဆိုလား´´ ဟု မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဦးစိုင်းဦးအား မူးယစ်ဆေးဝါး ၀ယ်ယူပေးရန် စေခိုင်းခဲ့မှုကို ဦးစိုင်းဦးမှ မူးယစ်ဆေးဝါးရောင်းချသူ မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာ ၎င်းအဖွဲ့မှ သေနတ်များဖြင့် ချိန်ကာ ၀ယ်မပေးနိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

``ရွာထဲမှာ မူးယစ်ဆေးရောင်းတဲ့အိမ်ကို မရှိဘူး၊ ဦးစိုင်းဦး ရွာထဲက ပြန်လာပြီး မူးယစ်ဆေးဝယ်မရတဲ့ အကြောင်း ပြောပြတယ်၊ မူးယစ်ဆေးမသုံးစွဲရလို့ဆိုပြီး အရက်တွေသောက်သွားကြတယ်၊ မူးရူးပြီး အော်ဟစ် နေတာပါ၊ ဘယ်သူမှ မပြောရဲဘူး´´ ဟု အိမ်နီးချင်းတစ်ဦးက ဆိုသည်။

အဆိုပါအဖွဲ့သည် ဦးစိုင်းဦး၏ နေအိမ်၌ အရက်သေစာသောက်စားပြီး မူးယစ်ဆေးဝါးဝယ်ယူပေးခြင်းမရှိသည့် အတွက် ကျေနပ်မှုမရှိကြောင်း၊ နောက်တစ်ခါ ထပ်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပြီး စက်တင်ဘာ ၂၁ ရက် နံနက်၇ နာရီတွင် ၎င်းကျေးရွာမှ ထွက်ခွာသွားကြောင်း သိရသည်။

ဒေသခံရှမ်းတိုင်းရင်းသားတစ်ဦးအား KIA အဖွဲ့မှ မူးယစ်ဆေးဝယ်ခိုင်းခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွား ခြင်းတို့အပေါ် ဒေသခံရှမ်းအားလုံး မကျေမနပ်ဖြစ်နေကြပြီး နောက်တစ်ကြိမ်လာရောက်ပါက အစိုးရတပ်များမှ ယင်း KIA အဖွဲ့အား ဖမ်းဆီးအရေးယူပေးပါရန် လိုလားနေကြကြောင်း ဆင်ဘိုမြို့ခံ ကိုစိုင်းလင်းက ပြောကြားသွားသည်။

စိုင်းပီး
From: KAN
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာနေ ဒေသခံတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မူးယစ်ဆေးဝါးမ၀ယ်ပေးနိုင်မှုကို မကျေမနပ်ဖြစ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေနှင့်အညီ စောင့်ဆိုင်းရန် မာစတာစပေါ့ဖိနပ်စက်ရုံ လုပ်သားများက စက်ရုံရှေ့၌ တောင်းဆိုနေမှုကို ရုပ်သိမ်း

မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများ စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေ နှင့် အညီစောင့်ဆိုင်းရန် စက်ရုံရှေ့ တွင် တောင်းဆိုသည့်အစီအစဉ်ကို အလုပ်သမားများက ရုပ်သိမ်းခဲ့ ကြောင်း အလုပ်သမားများထံမှ သိရသည်။

အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်

Photo: အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်
Tuesday, September 23, 2014

ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတသစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အာဖဂန်နစ္စတန်နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် IEC ဥက္ကဋ္ဌဖြစ်သူ အာမက်ယူဆွတ်နူရီ စတန်နီက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂါနီအာမက်ဇိုင်ကို အာဖဂန်နစ္စတန် သမ္မတသစ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်ဟု ကြေညာသည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ထိပ်တန်း ပြိုင်ဘက်နှစ်ဦး ဖြစ်သော ဂါနီအာမက်ဇိုင်နှင့် အပ္ပဒူလာ အပ္ပဒလာတို့ နှစ်ဦးသည် သူနိုင်သည်၊ ကိုယ်နိုင်သည် ဟူ၍ အငြင်းပွားခဲ့ကြသော်လည်း ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း ညီညွတ်သော အစိုးရ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

ထိုသို့ သဘောတူညီမှု ရရှိပြီး ရက်ပိုင်းအကြာတွင် ရွေးကောက်ပွဲကော်မရှင်က ဂါနီအာမက်ဇိုင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ 

“အာဖဂန်ပြည်သူတွေမှာ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ မှတ်ပုံတင်ကတ်ပြား မရှိတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းဆိုတာ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ လုံခြုံရေး ပြဿနာ ယခုထက်ထိ ရှိနေဆဲ ဖြစ်တာမို့ လွတ်လပ်မျှတမှု ရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းဖို့ အခက်အခဲတွေ ရှိပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲ မဲရေတွက်မှု လုပ်ငန်းစဉ်ကို IEC နှင့် ကုလသမဂ္ဂတို့က ကြီးကြပ်ခဲ့ပြီး မဲရုံပေါင်း ၁၁၉၄၅ ရုံမှ ရလဒ်များသည် တရားဝင် ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၂၆၀ မှ ရလဒ်များမှာ တရားဝင်မှု မရှိဘဲ မဲပုံးပေါင်း ၉၆၇၇ ပုံးကို ပြန်လည်ရေတွက်ခဲ့ရကြောင်း IEC က ထုတ်ပြန်ကြေညာသည်။ 

ထို့နောက် ပြိုင်ဘက်သမ္မတလောင်း နှစ်ဦးအကြား သဘောတူညီမှုတစ်ရပ် ရယူကာ ညီညွတ်သည့် အာဖဂန် အစိုးရတစ်ရပ် ဖွဲ့စည်းပြီး ဂါနီအာမက်ဇိုင်က သမ္မတရာထူး ရယူလိုက်ခြင်း ဖြစ်သည်။ 

အဆိုပါ သဘောတူညီချက်အရ ညီညွတ်သော အစိုးရအဖွဲ့တွင် အပ္ပဒူလာ အပ္ပဒလာက ဝန်ကြီးချုပ်ရာထူးနှင့် တန်းတူဖြစ်သော အုပ်ချုပ်ရေး အကြီးအကဲ ရာထူးကို ရယူမည် ဖြစ်သည်။ 

“ယခုဆိုလျှင် အာဖဂန်နစ္စတန် နိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတစ်ခုလုံး အဆုံးသတ်သွားပြီ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။ 

အာဖဂန်နစ္စတန်၏ အဆိုပါ ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းရွေးကောက်ပွဲသည် အမေရိကန် ဦးဆောင်သောတပ်ဖွဲ့များ တာလီဘန်အစိုးရကို ဖြုတ်ချကာ ဟာမစ်ကာဇိုင်း အစိုးရ တက်လာသည့် နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးသော နိုင်ငံရေးဖြစ်စဉ် ဖြစ်သည်။

The Voice Weekly
ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတ သစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်း ဌာန က ရေးသားဖော်ပြသည်။

ဝန်ကြီးနှစ်ဦး ရက်ပေါင်း ၅၀ ခန့် တာဝန်ယူအပြီး လွှတ်တော်တွင် ကျမ်းသစ္စာဆို

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်တို့သည် ပြည်ထောင်စုဝန်ကြီး တာဝန်အသီးသီး ရယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် လွှတ်တော်၌ လာရောက် ကျမ်းသစ္စာ ဆိုခဲ့သည်။

အိမ်ဖြူတော်ကို ၀င်ရောက်ရန် ကြိုးစားသူ၏ကားထဲ ကျည်ဆန်အတောင့် ၈၀၀ တွေ့ရှိ

Photo: အိမ်ဖြူတော်ကို ၀င်ရောက်ရန် ကြိုးစားသူ၏ကားထဲ ကျည်ဆန်အတောင့် ၈၀၀ တွေ့ရှိ
Tuesday, September 23, 2014

စက်တင်ဘာ ၁၉ ရက်နေ့ အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ပြီး သော့မပိတ် ထားတဲ့ အတွင်းဘက် ၀င်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသား ဟာ တပ်ကြပ်ကြီးဟောင်း တယောက် ဖြစ်ပြီး သူ့ကားထဲမှာ ကျည်ဆန် အတောင့် ၈၀၀ ရှိနေတယ်လို့ ပြည်ထောင်စု တရားရုံး ရှေ့နေတွေက ပြောပါတယ်။

အိုမာ ဂွန်ဇာလတ် ဆိုတဲ့ အသက် ၄၂ နှစ်အရွယ် လူဖြူအမျိုးသားဟာ သြဂုတ်လတုန်းက လည်း အိမ်ဖြူတော်နားမှာ ရစ်သီရစ်သီလုပ်နေလို့ တားဆီးခဲ့ရပြီး အဲဒီအချိန်က သူ့ခါးမှာ ပုဆိန်တလက်ကို တွေ့ခဲ့ရတယ်လို့ ပြည်ထောင်စု တရားရုံးရှေ့နေ ဒေးဗစ် မတ် က ပြောပါတယ်။

ဇူလိုင်လတုန်းကလည်း စနိုက်ပါ ရိုင်ဖယ်နဲ့ ၀ါရှင်တန်နဲ့ အိမ်ဖြူတော် မြေပုံတချပ်နဲ့အတူ အဖမ်းခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

အခုတခေါက်မှာလည်း သူ့မှာ ဓားတလက် ပါတယ်လို့ ၀ါရှင်တန်က မြို့နယ် တရားရုံးပြောခွင့်ရသူ ဆယ်ဒန်းစနုခ်က ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ၁၅ မိနစ် ကြားနာပြီးတဲ့အချိန်မှာ တရားသူကြီးက ဂွန်ဇာလတ်ကို အောက်တိုဘာ ၁ ရက်နေ့အထိ ဆက်ချုပ်ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။

တရားရုံးရဲ့ ကြားနာချက်တွေအရ ဂွန်ဇာလတ်ရဲ့ လုပ်ရပ်ဟာ တားမြစ်ထားတဲ့ နယ်မြေကို ဖြတ်ကျော်ဝင်ရောက်မှု၊ သေစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အကျုံးဝင်ပါတယ်။ ထောင်ဒဏ် ၁၀ နှစ် ကျစေနိုင်နိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။

လုံခြုံရေးစည်း ကျိုးဖောက်မှုနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အခင်းဖြစ်တဲ့ နေ့က သမ္မတ အိုဘားမားနဲ့ မိသားစုတို့ အိမ်ဖြူတော်မှာ မရှိနေပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ညက အဖြစ်အပျက်ကြောင့် စိုးရိမ်ပေမယ့် အိမ်ဖြူတော် လုံခြုံရေးကို တာဝန်ယူထားတဲ့ Secret Service အပေါ်မှာတော့ ရာနှုန်းပြည့် စိတ်ချတယ်လို့ သမ္မတက ပြောတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။

ဒီဗွီဘီ
စက်တင်ဘာ ၁၉ ရက်နေ့ အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ပြီး သော့မပိတ် ထားတဲ့ အတွင်းဘက် ၀င်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အမျိုးသား ဟာ တပ်ကြပ်ကြီးဟောင်း တယောက် ဖြစ်ပြီး သူ့ကားထဲမှာ ကျည်ဆန် အတောင့် ၈၀၀ ရှိနေတယ်လို့ ပြည်ထောင်စု တရားရုံး ရှေ့နေတွေ က ပြော ပါတယ်။

ဝန်ကြီးနာမည်များ အသုံးပြုပြီး ဖုန်းဖြင့် ငွေ ၂၂သိန်း လိမ်လည် ရယူသွားသူများအား အမှုဖွင့်တိုင်ကြား

နိုင်ငံ တော် သမ္မတကြီးမှ ပေးအပ်သည့် ထောက်ပံ့ငွေ သုံးဆုအနက် တတိယဆု သိန်း ၂၁ဝဝ ရရှိပြီး ယင်းငွေများ အမြန်ထုတ်ယူနိုင်ရေးအတွက် အခွန်ဆောင်ခ အဖြစ် ၂၂ သိန်းကို ဘဏ်သို့ လွှဲပြောင်း ပို့ရန် ညွှန်ကြားသဖြင့် လွှဲပြောင်းပေးပို့ သည့် ၂၂ သိန်းကို လိမ်လည်ရယူသွားသူ ဝန်ကြီးအမည်ခံ သုံးဦး အား အရေးယူ ပေးပါရန် စက်တင်ဘာ ၁၈ ရက် က မမိုးမိုးမှ တရားလိုပြု တိုင်တန်း မှုတစ်ခုဖြစ်ပွား ရာ တောင်တွင်းကြီး မြို့မရဲစခန်းမှ (ပ)၂၃ဝ/၂ဝ၁၄ ပြစ် မှုကြီးဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်

Photo: နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်
Tuesday, September 23, 2014

မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း ဖြစ်သည်။

‘‘အထောက်အထားပြည့်စုံ မှုမရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင် ငံသားကတ်ထုတ်ပေးတာကြောင့်တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒထုတ်ဖော်ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်း သူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊ အဘိုး၊ အဘွားမှတ်ပုံတင် မရှိသူများ၊ တိုင်းရင်းသားဘာသာ စကားမပြောဆိုတတ်သူများ ဖြစ် ပြီး အထောက်အထားမပြည့်စုံသူ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံမကြွခြင်း၊ ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက်အထားပြည့်စုံမှုမရှိသော ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားကတ်ထုတ်ပေးခြင်းကို လုံးဝလုံးဝကန့်ကွက်ကြောင်း’’ရေးသားဖော်ပြ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်းကိုယ်တိုင် မြေပုံ မြို့သို့ သွားရောက်ခဲ့သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက် ပါခဲ့ကြောင်း သတင်းရရှိသည်။

၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံနယ်နိမိတ် ၌ ရှစ်နှစ်ဆက်တိုက်တစ်ဆက် တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့်ရရှိ မည်ဖြစ်သည်။

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ဘင်္ဂါ လီများကို စိစစ်ရာ မြို့နယ်အဆင့် မှစ၍ ဗဟိုအထိ အဆင့်ဆင့်စစ် ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ပြော ကြားခဲ့သည်။ 

7Day DAILY

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီအမျိုးသမီးအချို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီအမျိုးသမီးအချို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။

ကန်ဒေါ်လာ ဝယ်လိုအားများမှု၊ ရွှေဈေးကျမှုကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း ရက်ပိုင်းအတွင်း ခုန်တက်

Photo: ကန်ဒေါ်လာ ဝယ်လိုအားများမှု၊ ရွှေဈေးကျမှုကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း ရက်ပိုင်းအတွင်း ခုန်တက်
Tuesday, September 23, 2014

 နိုင်ငံတကာတွင် ကန်ဒေါ်လာ ဝယ်လိုအားမြင့်တက်မှုနှင့် ရွှေဈေးကျဆင်း မှုကြောင့် နိုင်ငံခြားငွေလဲနှုန်းသည် ရက်ပိုင်းအတွင်း ၁၀ ကျပ်ကျော် ခုန်တက် ခဲ့သည်ဟု တရားဝင်ငွေလဲကောင်တာများနှင့် ပြင်ပငွေဈေးကွက် အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။

 မြန်မာနိုင်ငံတွင် အမြင့်ဆုံး ငွေလဲနှုန်းအဖြစ် ၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး ကန်တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်အထိ ဈေးပေါက်ခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်မှစတင်ကာ ကန်ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ် စတင်မြင့်တက် ခဲ့ပြီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်ပဈေးကွက်အတွင်း ကန်တစ်ဒေါ်လာ လျှင် ၀ယ်ဈေး ၉၈၄ ကျပ်၊ ရောင်းဈေး ၉၈၉ ကျပ်ခန့် ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းသည် စက်တင်ဘာ၂၂ ရက် မွန်းလွဲပိုင်းတွင် ဝယ်ဈေး ၉၉၃ ကျပ်၊ ရောင်းဈေး ၉၉၅ ကျပ် အထိ ခုန်တက်လာခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိကဘဏ် ငွေလဲကောင်တာများတွင် စက်တင်ဘာ ၂၂ ရက်က ဝယ်ဈေး ၉၈၃-၉၈၅ ကျပ်နှင့် ရောင်းဈေး ၉၉၁-၉၉၃ ကျပ်ဖြင့် လဲလှယ်ပေးနေသည်။

ကန်ဒေါ်လာသည် အခြား ကမ္ဘာ့အဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက တန်ဖိုးမြင့် တက်လျက်ရှိပြီး နိုင်ငံတကာရွှေဈေးမှာ စက်တင်ဘာ ၁၉ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၂၀ ရှိရာမှ စက်တင် ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ကန်ဒေါ်လာ ၁,၂၁၄ အထိ ဆက်လက်ကျဆင်းခဲ့သည်။

“နိုင်ငံတကာမှာလည်း ကန်ဒေါ်လာကို ဝယ်လိုအားများနေတယ်။ ရွှေဈေးကလည်း ကျနေတယ်။ ပြည်တွင်း မှာ သွင်းကုန်ပမာဏလည်းများနေတော့ အဝေးဈေးကကောင်းနေတယ်။ ဒီရက်ပိုင်းကတော့ တရိပ်ရိပ်ကို တက်နေဦးမှာပါ” ဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ဦးက ပြောသည်။

ပြည်တွင်း နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာ ငွေလဲနှုန်းမှာ ၉၇၃-၉၇၅ ကျပ်ဝန်းကျင်တွင် ဇွန်လ ကုန်မှ စတင်ကာ တည်ငြိမ်နေရာမှ ယခုဈေးကွက်လှုပ်ရှားလာ ခြင်းဖြစ်သည်။

“နိုင်ငံတကာမှာလည်း ဒေါ်လာဈေးမြင့်နေတယ်။ ပြီးတော့ ဒီအချိန်က ပို့ကုန်နည်းပြီး သွင်းကုန်တင်သွင်းမှု တွေ များနေတယ်။ ကုန်သွယ်မှု လိုငွေများနေတယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမှုဘက်တွေ၊ စီးပွားရေးလုပ်ငန်း တွေဘက်ကို ဝင်တာ များနေတာဆိုတော့ စိုးရိမ်စရာမလိုဘူး”ဟု စီးပွားရေးပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးငွေလဲနှုန်းမှာ ၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး ကန်တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်အထိ ဈေးပေါက်ခဲ့သည်။ အနိမ့်ဆုံးငွေလဲနှုန်းမှာ လက်ရှိအစိုးရ တက်ခါစ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်၌ ဖြစ်ပေါ်ခဲ့ပြီး ၇၂၅ ကျပ်သာ ဈေးပေါက်ခဲ့သည်။

Mizzima - News in Burmese 

ကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
 နိုင်ငံတကာတွင် ကန်ဒေါ်လာ ဝယ်လိုအားမြင့်တက်မှုနှင့် ရွှေဈေးကျဆင်း မှုကြောင့် နိုင်ငံခြားငွေ လဲနှုန်း သည် ရက်ပိုင်းအတွင်း ၁၀ ကျပ်ကျော် ခုန်တက် ခဲ့သည်ဟု တရားဝင်ငွေလဲကောင်တာများနှင့် ပြင်ပငွေဈေး ကွက် အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄,၀၀၀ ကျော် ဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံကျော်အထိ ရှိလာ

Photo: တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄,၀၀၀ ကျော် ဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံကျော်အထိ ရှိလာ
Tuesday, September 23, 2014

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(မိုဘိုင်းအဖွဲ့)က တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီးစစ် ဆေးလျက်ရှိရာ စတင်ဖွဲ့စည်းသည့်နေ့မှ စက်တင်ဘာ ၁၈ ရက်အထိ အမှုတွဲပေါင်း ၄,၀၀၀ ကျော် (၄,၂၇၉) မှုနှင့် ဖမ်းဆီးရရှိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၆၈၈ ဘီလီယံရရှိပြီဖြစ်သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုဗဟိုကော်မတီ၏ ကြီးကြပ်ထုတ်နုတ် အင်အား(မိုဘိုင်းအဖွဲ့)က ဖမ်းဆီးရရှိခြင်းဖြစ်ပြီး နယ်စပ်မှ အမှုတွဲပေါင်း ၃,၂၆၄ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၈ ဘီလီယံကျော် ဖမ်းဆီးရရှိခဲ့ပြီး တိုင်းဒေသကြီးများမှ အမှုတွဲပေါင်း ၈၅၈ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် နှစ်ဘီ လီယံကျော် ရရှိကာ စုစုပေါင်းဖမ်းဆီးမှုမှာ အမှုတွဲပေါင်း ၄,၂၇၉ မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ မူဆယ်-မန္တလေးလမ်းကြောင်းမှ အမှုတွဲပေါင်း ၈၇၈ မှု၊ မြ၀တီ-ရန်ကုန်လမ်း ကြောင်းမှ ၈၅၁ မှု၊ မူဆယ်ထုတ်နုတ်အင်အားမှ ၁,၃၆၄ မှု၊ တမူး ထုတ်နုတ်အင်အားမှ အမှု ၂၀၊ တာချီ လိတ် ထုတ်နုတ်အင်အားမှ ၂၃ မှု၊ ကန်ပိုက်တီး (OSS) အင်အားမှ နှစ်မှု၊ မူဆယ် (OSS) အင်အားမှ လေးမှု၊ ကျိုင်းတုံ ထုတ်နုတ်အင်အားမှ သုံးမှု စသည့်အမှုတွဲပေါင်း ၃,၃၇၂ မှုကို မိုဘိုင်းအဖွဲ့များက ဖမ်း ဆီးရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးရမိသည့်ပမာဏမှာ မိုဘိုင်းတင်း စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ၂၀၁၄ စက်တင်ဘာလ တတိယ ပတ်အထိ စာရင်းဖြစ်ပြီး တားဆီးစစ်ဆေးထိန်းသိမ်းထားသည့် ပစ်္စည်းများကို အမှုတွဲဖွင့်ကာ အကောက် ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါမိုဘိုင်းအဖွဲ့များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု များ လျော့နည်း ပပျောက်စေရန် ဗဟိုကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စစ်ဆေးဖမ်းဆီးလျက်ရှိသည်။ တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းငါးခုဖြစ်သည့် အေး ရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ စသည့်ဆိပ်ကမ်းငါးခုတွင် ဇူလိုင် ၁ ရက်က စတင်စစ်ဆေးဖမ်းဆီးခဲ့သည်။

Mizzima - News in Burmese 

မိုဘိုင်းအဖွဲ့မှ စစ်ဆေးနေပြီဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မိုဘိုင်းအဖွဲ့မှ စစ်ဆေးနေပြီဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(မိုဘိုင်းအဖွဲ့)က တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီး စစ် ဆေးလျက်ရှိရာ စတင်ဖွဲ့စည်းသည့်နေ့မှ စက်တင်ဘာ ၁၈ ရက်အထိ အမှုတွဲပေါင်း ၄,၀၀၀ ကျော် (၄,၂၇၉) မှုနှင့် ဖမ်းဆီးရရှိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၆၈၈ ဘီလီယံရရှိပြီဖြစ်သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော

Photo: သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော
Tuesday, September 23, 2014

အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံသားများ သြစတြေးလျသို့ ပြန်လာမည် ဆို ပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်းသြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည်လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီးလွယ်ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်းဖက်မှုလုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ်ကွပ်မျက်မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည်သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ်က  ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေးလျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ်ရပ်အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။

Mizzima - News in Burmese
အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံ သားများ သြစတြေးလျသို့ ပြန်လာမည်ဆိုပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူသတ်မှု၊ လက်နက်ကိုင်ရမ်းကားမှုများကို ထိရောက်စွာနှိမ်နင်းရန် ရန်ကုန်အစိုးရ ကို တောင်းဆို

ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုနှင့် လက်နက်ကိုင် ရမ်းကားမှုတို့ကို တိုင်းအစိုးရက ထိရောက်စွာ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်တွင်းစစ်ကို ထင်ဟပ်စေဖို့ အနက်ရောင် ထိုင်မသိမ်းနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်း

Photo: ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်တွင်းစစ်ကို ထင်ဟပ်စေဖို့ အနက်ရောင် ထိုင်မသိမ်းနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်း
Tuesday, September 23, 2014

 နယ်သာလန်နိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲ၌ မြန်မာပြည်တွင်းတွင်ဖြစ်ပွားနေ သော စစ်ပွဲများကို ထင်ဟပ်စေလို သဖြင့် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ဖျော်ဖြေခဲ့ကြောင်း ဖြူဖြူ ကျော်သိန်းက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားထား သည်။

ဖျော်ဖြေပွဲတွင် ဆံပင်ကိုမူ ထုံးဖွဲ့ခြင်းမရှိဘဲ ဖားလျားချကာ ဖျော်ဖြေခဲ့သည်။

‘‘ချိတ်အဆင်က မြန်မာပြည် ကို ကိုယ်စားပြုတယ်။ အနက် ရောင်က စစ်ကြောင့်ကြေကွဲဝမ်း နည်းရတယ်လို့အဓိပ္ပာယ်ရတယ်။ဆံပင်ဖားလျားချရတာက   စစ် ပြေးနေရလို့ မိန်းကလေးတွေဆံ ပင်တောင်မထုံးဖွဲ့နိုင်ဘူးလို့ဆိုလို တယ်’’ဟု ၎င်း၏ဖက်ရှင်နှင့်ပတ် သက်၍ ဖြူဖြူကျော်သိန်းကဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်ရေးသား ထားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အ ထိမ်းအမှတ်ဂီတဖျော်ဖြေပွဲအဖြစ် အင်န်ဂျီအိုအဖွဲ့အစည်းဖြစ်သော Master Pieceအဖွဲ့ကပြုလုပ်ခြင်း ဖြစ်ပြီးဖျော်ဖြေပွဲကို နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ Ziggo Dome၌ စက်တင်ဘာ ၂၁ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖျော်ဖြေပွဲတွင် The Scare Rockband     ဖန်တီးပေးထားသော ‘‘စစ်’’ဟုအမည်ပေးထားသည့် ကိုယ်ပိုင်သံစဉ်သီချင်းဖြင့်    သီ ဆိုဖျော်ဖြေခဲ့ပြီး ၎င်းနှင့်အတူ အ ဆိုတော် Lလွန်းဝါက ကချင်ဘာ သာဖြင့်   သီဆိုဖျော်ဖြေခဲ့သလို ကမ္ဘာကျော် Metroplitan Or-chestra က တီးခတ်ပေးခဲ့သည်။

စက်တင်ဘာ ၁၆ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ယင်းနိုင်ငံသို့ရောက်ရှိနေစဉ်   ၎င်း၏လှုပ်ရှားမှုများကို ဖြူဖြူကျော်သိန်းက ၎င်း၏ Fan Page တွင် တင်ပေးခဲ့သည်။

ဖျော်ဖြေပွဲပြီးသော်လည်း ယင်းနေရာ၌ စက်တင်ဘာ ၂၄ ရက်တွင် အဆိုတော်လေဒီဂါဂါ၏ ဖျော်ဖြေပွဲရှိသောကြောင့်ဖျော် ဖြေပွဲကြည့်ပြီးမှသာ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း   ယင်းခရီးစဉ်  မသွား ရောက်မီက 7Day Dailyအား ဖြေ ကြားထားသည်။

7Day DAILY
နယ်သာလန်နိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲ၌ မြန်မာပြည်တွင်း တွင်ဖြစ်ပွားနေ သော စစ်ပွဲများကို ထင်ဟပ်စေလိုသဖြင့် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ဖျော်ဖြေ ခဲ့ကြောင်း ဖြူဖြူ ကျော်သိန်းက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားထားသည်။

ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား

Photo: ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား
Tuesday, September 23, 2014

ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန်တိုက်ခိုက်မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဘေးအကြပ်အတည်းဆိုးကြီးကို ကာကွယ်တားဆီးဖို့ အချိန်ရောက်နေပြီလို့ ဆီးရီးယားအတိုက်အခံခေါင်းဆောင် Hadi al-Bahra က နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြောဆိုသွားတာပါ။ စစ်သွေးကြွရဲ့ ရက်စက်ကြုမ်းကြုတ်စွာ နယ်မြေသိမ်းယူမှုတွေကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ အရပ်သား သောင်းဂဏန်း ပိတ်မိနေကြတယ်လို့လည်း ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမခံရတဲ့ နေ့တွေတိုင်းဟာ IS အစွန်းရောက်အဖွဲ့အတွက် အကြမ်းဖက်မှုတွေလုပ်ဖို့ ပိုမိုအခွင့်အလမ်းတွေ ရှိစေတယ်လို့ Al-Bahra က ပြောပါတယ်။ IS အစွန်းရောက်တွေကို ဆီးရီးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ သမ္မတအိုဘားမားက ခွင့်ပြုထားပါတယ်။ ဒါပေမယ့်လို့ ဘယ်တော့ စပြီး တိုက်မလဲဆိုတာ အမိန့်မပေးသေးပါဘူး။

အီရတ်နိုင်ငံတွင်းမှာတော့ အမေရိကန် IS ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အီရတ်တပ်ဖွဲ့တွေနဲ့ ကဒ်တပ်ဖွဲ့တွေအဖို့ စစ်သွေးကြွတွေ သိမ်းယူထားတဲ့နေရာကို ပြန်လည်ထိန်းချုပ်ယူဖို့ ကြိုးပမ်းနေကြပါပြီ။ IS အစွန်းရောက်တွေကို နှိမ်နင်းရေး နိုင်ငံတကာညွန်ပေါင်းအဖွဲ့မှာ နောက်ထပ် နိုင်ငံတွေပါဝင်နိုင်ဖို့ အခု သီတင်းပတ်မှာစတင်မယ့် ကုလသမဂအထွေထွေညီလာခံအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီးအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန် တိုက်ခိုက် မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။