ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ ရဲလေးဦးက မြစ်ကြီးနားမြို့ က နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါး ဝင် ရောက် ရှာဖွေမယ်ဆိုပြီးတော့ ဖမ်းဝရမ်း မပါဘဲ ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ အခုတော့ အဲဒီရဲလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
Monday, 22 September 2014
ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ UNFC ဆိုတာ ခလုတ်ကန်သင်းတစ်ခုလား ?

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် ၃ နှစ် ကျော်သို့ချဉ်းနင်း ၀င်ရောက်လာပြီ ဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် ယနေ့တိုင်ပြီးပြတ်နိုင်မှု မရှိသေးဘဲ အိပ်မက်ရှည် ခရီးတစ်ခု ကဲ့သို့ ဖြစ်နေ ပေသည်။ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အစိုးရ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါသည်။
RSO ကို တပ်ချခွင့်ပေးသော KIA သည်ကချင်ပြည်နယ်အား ဖျက်ဆီးခြင်းသာ ဖြစ်သည်
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ်နယ်မြေအတွင်းမှာ ဘင်္ဂါလီကုလားတွေဟာ ရိုဟင်ဂျာတပ်မတော် ထူထောင်ပြီး အခြေစိုက်ဖို့ တောင်းဆိုခဲ့စဉ်တုန်းက ဂွမ်မော်တို့က မဟုတ်ပါဘူးဆိုပြီး ဖင်ပိတ်ငြင်းခဲ့တာလေး ပြန်မြင်ယောင်မိပါသေးသည်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးဟု တစ်နိုင်ငံလုံးက လက်ခံထားသည့် တိုင်အောင် ဘင်္ဂါလီတွေဟာ ပေါ်ပေါ်တင်တင် တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်သုံးစွဲပြီး ကချင်လူမျိုးများနဲ့ တညီတညွတ်တည်းဖြစ်ကြောင်း ဒီဘင်္ဂါလီတွေရဲ့ အင်အား ဟာလည်း ကချင်လူမျိုးများရဲ့ အင်အားသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပေါ် KIO ကလူတွေ အကျေနပ်ကြီး ကျေနပ်ကြ ပေလိမ့်မည်။
နိုင်ငံသားဖြစ်ခွင့်ရသည့် ဘင်္ဂါလီများကို လိုအပ်လျှင် ဒေသန္တရအမိန့် ထုတ်ပေးမည်ဟုဆို
ရခိုင် ပြည်နယ် မြေပုံမြို့နယ်ရှိ ဘင်္ဂါလီများ အနက် ၁၉၈၂ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံ သားအခွင့်အရေး နေရာချထားပေး ရာတွင် လိုအပ်လျှင်ဒေသန္တရအမိန့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောကြားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ပြည်ပမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၇၀ ကျော် သြဂုတ်လအတွင်း ဝင်ရောက်

မင်းဘူးမြို့နယ်ရှိ ရေနံလုပ်ကွက်တွင် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) ကန်ဒေါ်လာ ၆၇၄ သန်းကို နိုင်ငံခြားကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် သြဂုတ်လအတွင်း နိုင်ငံခြားကုမ္ပဏီ လုပ်ငန်း ၁၃ ခု ဝင်ရောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ ရင်းနှီးမြှုပ်နှံမှုစာရင်းများတွင် ဖော်ပြထားသည်။
ပျောက်ဆုံး တောင်တက်သမား ၂ ဦး အတွက် အသက်အာမခံ ထားခြင်းမရှိ

ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်တွင် လိုက်ပါသွားသည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်းမှ အဖွဲ့ဝင်များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသား တောင်တက် သမား ၂ဦး အတွက် အသက် အာမခံ ထားခြင်း မရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိ
ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်းတွင် ကုန်သွယ်မှု တန်ဖိုးသည် ပြီးခဲ့သည့်နှစ် အ လားတူကာလထက် ကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ မြင့်တက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့် က ပြောသည်။
မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာ တတိယပတ်တွင်တွေ့မည်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ် အရေးတွေ့ဆုံဖွယ် ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။
လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဥပဒေတစ်ခုတော့ရှိသင့်ပြီ
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်လူမျိုးများကိုအရင်းခံ၍ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးဖြင့်ဖွဲ့စည်းထားသောနိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ၁၉၄၈ ခုနှစ်မှ အစပြု၍ နိုင်ငံအတွင်း သူတစ်လူငါတစ်မင်းစိတ်များဖြင့် အချို့သောတိုင်းရင်သားအဖွဲ့ များသည် လက်နက် စွဲကိုင်ကာ တောခို၍တော်လှန်ပုန်ကန်ခဲ့ကြသည်ကို သိရှိကြပြီးဖြစ်ပေလိမ့်မည်။ ၆၇ နှစ်ကျော်ကြာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ပဋိပက္ခများသည် မပြီးဆုံးနိုင်သေးပဲရှိခဲ့ရာမှ ယနေ့ခေတ်တွင် မှာတော့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တော်တော်များများဖြင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင်နေကြပြီဖြစ်ပေသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန် လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ဆွေးနွေးပွဲ (ဓာတ်ပုံ- ကျော်ဇင်သန်း)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၏ Concept (အယူအဆ)နှင့် Process (လုပ်ငန်းစဉ်)ကို ပြည်သူ လူထုအား ချပြရန်လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
IS အဖွဲ့လက်မှ လွတ်မြောက်ရန် ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီသို့ ထွက်ပြေး

ဆီးရီးယား ကာ့ဒ်လူမျိုး အများအပြားသည် အစွန်းရောက် စစ်သွေးကြွအဖွဲ့ Islamic State ၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် စနေနေ့က တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အစ္စလာမ္မစစ်သွေးကြွအဖွဲ့ IS ဆိုတာ ဘယ်သူတွေလဲ

၂၀၁၃ ခုနှစ်တွင် အီရတ်အယ်လ်ကိုင်ဒါအဖွဲ့ (AQI) မှ ပေါ်ပေါက်လာသည်။ ပထမဆုံးသိမ်းယူခဲ့သည့် မြို့မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှ ရက္ကာမြို့ဖြစ်သည်။
ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို

ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ကြသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပ ရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန် ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။
အဘိဓမ္မာအခါတော်နေ့တွင် ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့က ယူနီကုတ်ဖောင့် အခမဲ့သွင်းပေးမည်

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၈ ရက်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အင်တာနက်အသုံးပြုသူ သျှမ်းလူငယ်မောင်မယ်များအား သျှမ်းယူနီကုတ်ဖောင့် အခမဲ့ ထည့်သွင်းပေးမည်ဟု သိရပါသည်။
Sunday, 21 September 2014
မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။
"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။
MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။
Saturday, 20 September 2014
ဂီနီရာတွင် အီဘိုလာဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ဖွဲ့ကို ရွာသားများက သတ်ဖြတ်

ဂီနီရာ နိုင်ငံတွင် အီဘိုလာ ကူးစက်မှုကို လူအများ သတိပြုမိစေရန်
လိုက်လံဆော်ဩနေသည့် ကျန်းမာရေး စောင့်ရှောက်မှု စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုကို
အထင်အမြင် လွဲနေသည့် ရွာသားများက သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာဝန်များနှင့် သတင်းထောက်များ ပါရှိသော အဖွဲ့သည် စက်တင်ဘာ (၁၆)ရက်က နိုင်ငံတောင်ပိုင်း အန်ဇာရီကိုရီ ရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် လူစုကွဲကာ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့အနက် သတင်းထောက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အာဏာပိုင်များထံ အသိပေးခဲ့သည်။ သူမအနေဖြင့် ပုန်းအောင်းနေစဉ် အတောအတွင်း ရွာသားများက ဒေါသတကြီး လိုက်လံရှာဖွေနေသော အသံများကို ကြားခဲ့ကြောင်းလည်း သတင်းထောက်က ဆိုသည်။
ဆရာဝန်များနှင့် သတင်းထောက်များ ပါရှိသော အဖွဲ့သည် စက်တင်ဘာ (၁၆)ရက်က နိုင်ငံတောင်ပိုင်း အန်ဇာရီကိုရီ ရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် လူစုကွဲကာ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့အနက် သတင်းထောက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အာဏာပိုင်များထံ အသိပေးခဲ့သည်။ သူမအနေဖြင့် ပုန်းအောင်းနေစဉ် အတောအတွင်း ရွာသားများက ဒေါသတကြီး လိုက်လံရှာဖွေနေသော အသံများကို ကြားခဲ့ကြောင်းလည်း သတင်းထောက်က ဆိုသည်။
ဒီကေဘီအေအဖွဲ့နှင့် အရပ်သားတို့ ကားတိုက်မှု ဖြစ်ရာမှ အချင်းများပစ်ခတ်၊ တစ်ဦးသေဆုံး
ရန်ကုန် (မဇ္ဈိမ)။ ။ မြဝတီမြို့အတွင်း စက်တင်ဘာ ၁၉ ရက်
နံနက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ
မောင်းနှင်လာသည့် ယာဉ်တစ်စီးနှင့် အရပ်သားပိုင်ကားတို့ တိုက်မိရာမှ
အချင်းများခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။
မြဝတီမြို့နယ် ဆုံစည်းမြိုင်တွင်ပြုလုပ်သည့် DKBA
တပ်မတော်နှစ်ပတ်လည်နေ့အား ၂၀၁၃ ဒီဇင်လာ ၂၁ ရက်က လုံခြုံရေးယူထားသည့် DKBA
တပ်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်သည်မှာ မှန်သော်လည်း
ကောလာဟလများထွက်ပေါ်နေသည့်
အိမ်မွေးခွေးကို မြိုသည့် ၁၇ပေ ရှည်သော မြွေကို ကျောင်းဆရာ တစ်ဦးက နပမ်းလုံး ဖမ်းဆီး
ဖရန့်ဂီနီယာ၊ စက်တင်ဘာ ၁၈။ အနောက် အာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်း
ဖြစ်သည့် ဖရန့် ဂီနီယာနိုင်ငံတွင် ကျောင်းဆရာ တစ်ဦးက သူငယ်ချင်း ဖြစ်သူ၏
အိမ်မွေး အချစ်တော်ခွေးကို ဝါးမြို ခဲ့သော ၁၇ ပေ ရှည်သည့် အန်နာကွန်ဒါ
မြွေကြီး တစ်ကောင်ကို မြစ်အတွင်းမှ ဖမ်းဆီပြီး သူ့အိမ်ရှိ ရေချိုးခန်း
အတွင်း သယ်ဆောင်လာ ခဲ့သည်။
ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၆ဦး ကြေကွဲဝမ်းနည်းမှုများကြောင့် တုန့်ပြန်စကားပြန်မပြောနိုင်
ခါကာဘိုရာဇီ တောင်ထိပ်ရောက်ပြီး
ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ သွားရောက် ခဲ့သည့် သဘာဝခေါ်သံ
ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူ များ၏
မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ
၁၀ မိနစ်ခန့်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
Subscribe to:
Posts (Atom)