Friday, 19 September 2014

ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား

Photo: ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား
Friday, September 19, 2014

တောင် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက် တင်ဘာ ၁၈ရက်၌ကျင်းပသည့် ကမ္ဘာ့ ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက်ဖတ်ကြားခဲ့ကြောင်း သိရသည်။

''အစည်းအဝေးက သုံးရက် ကြာမှာဖြစ်ပါတယ်။ စနေနေ့ ပြန် ရောက်မှာဖြစ်ပါတယ်။ တရားပွဲပြုလုပ် ပြီး ညနေလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ကြွလာမှာဖြစ်ပါတယ်''ဟု သီတဂူ ဆရာတော်၏ တပည့်ရင်းဖြစ်သူ ဦး ဘာဘူက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

ကိုရီးယားသို့ရောက်ရှိနေသည့် စက်တင်ဘာ ၁၇ရက် နေ့လယ်ပိုင်း တွင် သီတဂူဆရာတော်ကြီးသည် ဆိုးလ်မြို့ နိုင်ငံတကာအိုလံပစ်အား ကစားကွင်းကြီးတွင် World Alliance of Religions Peace Summit အစည်းအဝေးဖွင့် ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အဆိုပါအ စည်းအဝေးကို ဦးဆောင်ကျင်းပ သည့်ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာ ပြည်မှ ပင့်ဆောင်လာသော ကမ္ဘာ့ ငြိမ်းချမ်းရေးသင်္ကေတဖြစ်သည့် ကျောက်သားဆင်းတုတော်ကို လက် ဆောင်ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးဒုတိယနေ့အ ဖြစ် စက်တင်ဘာ ၁၈ရက်တွင်ဆက် လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သီ တဂူဆရာတော်ကြီးက အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace through Budd- hist Teaching
(မြတ်ဗုဒ္ဓ၏ ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့)ခေါင်းစဉ်ဖြင့် စာ တမ်းကို ၁၅မိနစ်ခန့် ဖတ်ကြားခဲ့သည်။

အဆိုပါအစည်းအဝေးကြီးကို စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရ ရှိရန်နှင့် ဘာသာတရားများညီညွတ် ရေးအတွက် အဓိကရည်ရွယ်ကာပြု လုပ်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ကြီးသို့ နိုင်ငံပေါင်း၂ဝဝမှ Participants ကိုယ်စားလှယ်ပေါင်း ၆ဝဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် သမ္မတ ဟောင်းနှင့် ဝန်ကြီးဟောင်း ၁၅ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးသည် အဆိုပါအစည်းအဝေးတက်ရောက် ရန်အတွက် စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင် ငံ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ကိုရီယားနိုင်ငံ မြန်မာဘုန်းတော်ကြီး ဦးပဏ္ဍိစ္စ ဦးဆောင်သော တောင်ကို ရီးယားရောက် မြန်မာပြည်မှ ဆရာ တော်များနှင့် သံရုံးအရာရှိများမှ လေ ဆိပ်တွင် ကြိုဆိုနှုတ်ဆက်ဂါဝရပြုခဲ့ ကြောင်း သိရသည်။ 

သီတဂူဆရာတော်ဘုရားကြီး သည် ကိုရီးယားဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးသို့ ကြွရောက်နေစဉ် အတွင်း ကိုရီးယားသို့ ရောက်ရှိနေ သည့် မြန်မာလူမျိုးများအား စက် တင်ဘာ၂ဝရက် နံနက် ၁၂နာရီတွင် အင်ချွန်း၊ ဘူဖျောင်းရှိ မြန်မာဗုဒ္ဓသာ သနာပြုကျောင်း ဓမ္မသဘင်ခန်းမတွင် တရားပွဲဟောကြားမည်ဖြစ်ကြောင်း သိရသည်။

TST
Yangon Media Group
တောင် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက် တင်ဘာ ၁၈ရက်၌ကျင်းပသည့် ကမ္ဘာ့ ဘာသာရေးအသိုင်း အဝိုင်း ၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရ ဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက် ဖတ်ကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းရှိ တရားရုံးများတွင် မီဒီယာခန်းများ ထားရှိမည်ဟုဆို

နှစ်ပေါင်း ၅၀ ကျော်ကြာ ပျောက်ကွယ်နေသည့် တရားရုံး သတင်းရယူရေး မီဒီယာခန်းများကို မန္တလေး တိုင်းဒေသကြီးရှိ တရားရုံးများတွင် မီဒီယာများ သတင်းရယူနိုင်ရေးအတွက် မီဒီယာခန်း (Media Corner) များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျင်တင် က ပြောကြားသည်။

၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော

Photo: ၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော
Friday, September 19, 2014

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင်ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက် အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

၎င်းက “၂၀၁၅ ကို မှန်မှန်ကန်ကန်နဲ့ သွားမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ် ခုတည် ဆောက်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်ပါမယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါ တယ်” ဟု ပြောသည်

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တိုင်း ရင်းသားများနှင့်တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံအတွက် မဖြစ်မနေဖြတ်သန်းရမည့်ဖြစ်စဉ် တစ်ခုဖြစ်သော်လည်း လွတ်လပ်ပြီး မျှတ သည့်ရွေးကောက်ပွဲမရှိဘဲ ဒီမိုကရေစီမရှိ နိုင်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒါပေမဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာလည်း မရှိဘူး၊ နောက်ရှိရုံနဲ့လည်းမပြီးဘူး၊ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်” ဟု ဆိုသည်။

၎င်းက “ကျွန်မတို့အဖွဲ့ချုပ်က ဒီမိုကရေစီ အခွင့်အရေးတွေလိုချင်တာနဲ့အမျှ တာဝန်တွေကျေပွန်ဖို့လိုတယ် လို့ခဏခဏ ပဲပြောပါတယ်။ အဲ့ဒါ ပြည်သူတွေ နားလည် အောင်ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့ အတွက်က ကိုယ်က တာဝန်ကျေတဲ့ပုဂ်္ဂိုလ်တွေဖြစ် ဖို့လိုပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်မှ ယခုအချိန်အထိ ကိုင်စွဲထားသည့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးလမ်းစဉ်ကိုလည်း မမေ့ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအား သတိပေးပြောကြား ခဲ့သည်။ ငြိမ်းချမ်းရေးရရှိမှသာ ပြည်ထောင် စု စနစ် ကို ထူထောင်နိုင်မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်း သားများအားလုံးပါဝင်သည့် အဖွဲ့ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Mizzima - News in Burmese 

ပြည်သူ့လွတ်တော်အစည်းအဝေးသို့ ရောက်ရှိသည့် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ပြည်သူ့လွတ်တော်အစည်းအဝေးသို့ ရောက်ရှိသည့် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင် ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက် အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး

Photo: စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး
Friday, September 19, 2014

ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။

ကြာသာပတေးနေ့ နှောင်းပိုင်းမဲရုံတွေ မပိတ်ခင်အထိ၊ မဲပေးတဲ့သူအရေအတွက်ဟာ အလွန်ကို များခဲ့ပါတယ်။ တရားဝင် မဲရလာဒ်တွေကတော့ သောကြာနေ့ မနက်မှာ ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။

လူထုဆန္ဒခံယူပွဲမတိုင်ခင် ကြိုတင်စစ်တမ်းကောက်ယူမှုတွေမှာတော့ မထောက်ခံတဲ့ ဘက် နည်းနည်းလေး အသာစီးရထားပါတယ်။ ကြာသာပတေးနေ့ညနေက ထုတ်ပြန်လိုက်တဲ့ Yougov စစ်တမ်းက နောက်ဆုံးကောက်ခံခဲ့တဲ့ မဲဆန္ဒရှင် ၃၀၀၀ ရဲ့ သဘောထားကတော့ ဗြိတိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကို မထောက်ခံတဲ့ဘက်က ၅၄ ရာခိုင်နှုန်း၊ ထောက်ခံတဲ့ဘက် ၄၆ ရာခိုင်နှုန်း လို့ဖော်ပြနေပါတယ်။

စကော့တလန်နိုင်ငံမှာ မဲပေးနိုင်တဲ့သူ ၄ သန်းထဲက ၉၇ ရာခိုင်နှုန်းက ဒီလူထုဆန္ဒခံယူပွဲမှာ မဲပေးဖို့ မှတ်ပုံတင်ထားကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

စကော့တလန်မဲဆန္ဒခံယူပွဲ။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)
စကော့တလန်မဲဆန္ဒခံယူပွဲ။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)
ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီ ဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီ ဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Friday, September 19, 2014

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု ကျွန်မတို့ ၂ဝ၁၅ ကျရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ အားလုံးသိကြတာပဲ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးအရ ဒီမိုကရေစီလိုချင်ရင် မဖြစ်မနေဖြတ်သန်းရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ဒီတစ်ခုတည်းရှိရုံနဲ့ ဒီမိုကရေစီရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဒါရှိရုံနဲ့ မပြီးနိုင်ဘူး။ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီး ထူထောင်စဉ်က တိုင်းရင်းသားအားလုံးပါဝင်သည့် အဖွဲ့ချုပ်ဖြစ်ကြောင်း၊ ဗမာပါတီမဟုတ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးပါသည့် ပါတီဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို ကျွန်မတို့ကနေပြီးတော့ တန်းတူညီတူအဖွဲ့ဝင်တွေအနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အတူလုပ်နေတဲ့ ပါတီဖြစ်ပါတယ်။အဲဒါကြောင့်မိုလို့ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအနေနဲ့ ဖြစ်သွားအောင်လို့ ကျွန်မတို့ အများကြီးအထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ကရင်ပြည်နယ်ဆိုပေမယ့် အခြားတိုင်းရင်းသားလူမျိုးစုတွေရှိတယ်ဆိုတာ ကျွန်မ မမေ့ပါဘူး။ ကရင်လူမျိုးတွေသာ မဟုတ်ပါဘူး။ အခြားတိုင်းရင်းသား လူမျိုးစုတွေရှိပါတယ်။ နောက်ရွာလေး သေးသေးလေးတွေရောက်တဲ့အခါမှာ နွေးနွေးထွးထွေး ကြိုဆိုတာကတစ်ပိုင်းပေါ့။နောက်တစ်ပိုင်းက နိုင်ငံရေး နိုးကြားတက်ကြွမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်”ဟု ပြောကြားသည်။

ပြည်သူတွေသည် နိုင်ငံရေးအရ တက်ကြွမှ တကယ့်ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီဆိုတာ ပြည်သူများ၏ အုပ်ချုပ်မှုဖြစ်ကြောင်း၊ ပြည်သူများက အုပ်ချုပ်သည့်သူဖြစ်ချင်ဖြစ်ပါက ကိုယ့်မှာ အရည်အချင်းရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါ။အဲဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်တာနဲ့အမျှ ဒီမိုကရေစီတာဝန်တွေကို ကျေပွန်ဖို့လိုတယ်ဆိုတာကို ခဏခဏပြောပါတယ်။အဲဒါကို ပြည်သူတွေနားလည်ရမယ်။ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့အတွက်က ကိုယ်က တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အဖွဲ့ချုပ်က အားလုံးကြိုးစားကြပါ။ ကြိုးစားပြီးတော့ ၂ဝ၁၅ ကို မှန်မှန်ကန်ကန်နဲ့ ဖြတ်သန်းသွားလို့ရှိရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရေးအတွက် အများကြီးအထောက်အကူဖြစ်ပါမယ်”ဟု ဆိုသည်။

လွှတ်တော်သို့ လာရောက်လေ့လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ကရင်တိုင်းရင်းသား ဦးစောစံမင်းက “ကရင်ပြည်နယ် မြို့နယ်အများအပြားကလာ တွေ့ တာ။ လာပြီးတက်ရောက်တာက လွှတ်တော်ဆွေးနွေးပုံကို လေ့လာတဲ့သဘောပေါ့။ လူဦးရေ ၂၅ဝ လောက်ရှိတယ်။ ကရင်၊ မွန်၊ ပအို့ဝ်တိုင်းရင်းသားတွေ ပါတယ်”ဟု ပြောကြားသည်။

“ကျွန်မတို့အဖွဲ့ချုပ်ဝင်များဟာ စပြီးထူထောင်ခဲ့တုန်းက ကျွန်မတို့ အမြဲပဲ လက်ဆုပ်ကိုင်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့လို့ ကျွန်မသတိပေးပါရစေ။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အားလုံးကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေပြောရမယ်။ ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ကိုးကွယ်တဲ့ဘာသာမရွေး ပြောဆိုတဲ့ ဘာသာစကားမရွေး၊ ကိုယ်မွေးဖွားလာတဲ့ နေရာဒေသမရွေး အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လေးစားပြီးတော့ အပြန်အလှန် ကူညီရိုင်းပင်းချင်တဲ့စိတ်တွေကို မွေးကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Eleven Media Group 

စက်တင်ဘာ ၁၈ ရက်က နေပြည်တော်လွှတ်တော်အဆောက်အအုံတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
စက်တင်ဘာ ၁၈ ရက်က နေပြည်တော်လွှတ်တော်အဆောက်အအုံတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံနေ သည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ခုတင် ၅၀၀ ရန်ကုန် အထူးကု ဆေးရုံကြီးတွင် အသည်းအစားထိုး ကုသမှု စတင်တော့မည်

မြန်မာနိုင်ငံတွင် ငါးနှစ်ကျော်ကြာ ရပ်နားထားသော အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးတွင် လာမည့် ၂၀၁၅ ခုနှစ်၌ ပြန်လည်စတင်ရန် စီစဉ်နေကြောင်း အဆိုပါ ဆေးရုံကြီး အသည်းအထူးကုဌာန ပါမောက္ခ ဒေါက်တာဝင်းနိုင်က The Voice သို့ ပြောကြားသည်။

ရခိုင်တွင် တတိယအင်အားစုတစ်ရပ် တည်ထောင်မည်ဟုဆို

ရန်ကုန် - ရခိုင်ပြည်နယ်အတွင်း ရှိ နိုင်ငံရေးပါတီများနှင့် ပြည်နယ် အစိုးရတို့အား ဝေဖန်ထောက်ပြ ရန် တတိယအင်အားစုတစ်ရပ်တည်ထောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တာချီလိတ်၌ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် ရေကြီးရေလျှံသည့်အတွက် ကယ်ဆယ်ရေးများ ပူးပေါင်းဆောင်ရွက်


၂၀၁၄ စက်တင်ဘာလ(၁၇)ရက် ညပိုင်းမှစ၍ စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းအချိန်ထိ အဆက်မပြတ် မိုးများရွာသွန်းမှုကြောင့် ထိုင်း - မြန်မာ နှစ်နိုင်ငံအကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် တောင် ကျရေ များကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ချောင်းရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ရေဘေးသင့် ပြည်သူ များအား ကယ် ဆယ်ရေးအဖွဲ့များဖြင့် ကယ်ဆယ်မှုများ ပြုလုပ်နေလျက်ရှိကြသည်။

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့်နာရီများ စစ်ဆေးမှုကို MobileTeam မှ ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာပို့ထား

Photo: ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့်နာရီများ စစ်ဆေးမှုကို MobileTeam မှ ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာပို့ထား
Friday, September 19, 2014

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့တို့ လေဆိပ်၌ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ် ယူခွင့်ပေးခဲ့မှုနှင့်ပတ်သက်၍ ပြည် ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လိုအပ်သည့်စစ် ဆေးမှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက်တွင် စာပေးပို့ထား ကြောင်း Mobile Team ကွပ်ကဲမှု တာဝန်ခံ ဗိုလ်မှူးတင်ရဲဝင်းက မြန်မာသံတော်ဆင့်သို့ပြောသည်။

““ဘဏ္ဍာရေးဝန်ကြီးဌာနက အကောက်ခွန်ဦးစီးဌာနရဲ့ မိခင်ဌာနဖြစ်တယ်။ အကောက်ခွန်ဦးစီးဌာန ထက်မြင့်တဲ့ authority (အခွင့်အာဏာ)ရှိတဲ့အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာနကို အကြောင်းကြားတာ ကပိုထိရောက်တဲ့ အတွက်ပါ၊ သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန အစီအမံနဲ့ ဆက်လက်လုပ်ဆောင်နေပါ တယ်””ဟု ၎င်းက ထပ်မံပြောကြား ခဲ့သည်။…

စက်တင်ဘာ၃ရက်တွင် ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့် Quartz အမျိုးအစား နာရီ ၉၃၇လုံး အား Mobile Team နှင့် သက်ဆိုင်ရာအဖွဲ့တို့ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇လုံးမှာ အရေအတွက် ကိုက်ညီ သော်လည်း ထုတ်လုပ်သည့် နိုင်ငံမပါသည့် နာရီအလုံး ၈၀၀နှင့် Swiss Made တံဆိပ်ပါရှိသည့် နာရီ ၁၃၇ လုံးပါဝင်ပြီး စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ စစ်ဆေးသည့်ပစ္စည်းများကို ထုတ်ယူခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အကောက်ခွန် တာဝန်ခံထံသို့ ဆက် သွယ် မေးမြန်းရာ ပြန် လည် ဖြေကြားခြင်းမရှိခဲ့ပေ။““ဒီကိစ္စက ရုံးချုပ်ကပဲ ဖြေလို့ရမှာပါ။ အရောင်းဆိုင်တွေအနေ နဲ့ကဖြေပိုင်ခွင့် မရှိပါဘူး””ဟု ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှိ ချယ်ရီဦးအရောင်းပြခန်းမှ အရောင်းတာ ၀န်ခံ တစ်ဦးက ပြောသည်။ ချယ်ရီဦးကုမ္ပဏီရုံးချုပ်သို့ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းဝင်သော်လည်း ဖုန်းကိုင် ဖြေဆို ခဲ့ခြင်းမရှိပေ။

သဉ္ဇာဆွေ
www.facebook.com/myanmarherald
မြန်မာသံတော်ဆင့်သတင်းဌာန
ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့တို့ လေဆိပ်၌ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ် ယူခွင့်ပေးခဲ့မှုနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လိုအပ်သည့်စစ် ဆေးမှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက် တွင် စာပေးပို့ထား ကြောင်း Mobile Team ကွပ်ကဲမှု တာဝန်ခံ ဗိုလ်မှူးတင်ရဲဝင်းက မြန်မာ သံတော်ဆင့် သို့ပြောသည်။

အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ

Photo: အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ
Friday, September 19, 2014

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာလိုက်တဲ့ အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

Guinea နိုင်ငံ အရှေ့တောင်ပိုင်းက Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့က ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ဟာ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးသွားပြီးနောက် ရွာသားတွေရဲ့ သွေးအေးအေးနဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ Guinea အစိုးရ အရာရှိတွေက ပြောပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့လာနေတာနဲ့အမျှ အနောက်အာဖရိကတိုက်အတွင်းက လုံခြုံရေး အခြေအနေအပေါ် စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။ အီဘိုလာရောဂါပိုးကြောင့် လူပေါင်း ၂၆၀၀ လောက် သေဆုံးခဲ့ပြီးဖြစ်ပြီး အများစုဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံတွေက ဖြစ်ပါတယ်။

အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရင်းအမြစ်တွေ ပိုမို သုံးစွဲကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် စည်းဝေးပွဲက တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အီဘိုလာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ လူထုအကြား သတင်းမှားတွေ မရောက်စေဖို့နဲ့ မလိုအပ်တဲ့ ထိန်လန့်မှုတွေ မဖြစ်ပေါ်အောင် သတင်းအချက်အလက် ထုတ်ပြန်မှုတွေ တိုးမြင့် ဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အီဘိုလာအရေးပေါ် တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ebola/2455036.html

အီဘိုလာပညာပေးအဖွဲ့များ
အီဘိုလာပညာပေးအဖွဲ့များ
အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ် တယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာလိုက်တဲ့ အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင် ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာ ကို တွေ့ခဲ့ရ ပါတယ်။

ဥပဒေရေးရာကိစ္စများ တိုင်းအင်န်ဒီအက်ဖ်ရုံးတွင် လာရောက်အကူ အညီတောင်းခံနိုင်

မန္တလေးတိုင်းအင်န်ဒီ အက်ဖ်ပါတီရုံးခန်းသို့ ဥပဒေဆိုင်ရာ အကူအညီများ လာရောက် တောင်းခံပါက အခမဲ့ လိုက်လံ ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိတ်ရောဂါသည် အဓမ္မသမား လက်မှလွတ်ရန် ပေ ၂၀ အမြင့်မှ ခုန်ချခဲ့ရသူ

Photo: စိတ်ရောဂါသည် အဓမ္မသမား လက်မှလွတ်ရန် ပေ ၂၀ အမြင့်မှ ခုန်ချခဲ့ရသူ
Friday, September 19, 2014

လီဗာပူး၊ စက်တင်ဘာ ၁၇။ အင်္ဂလန်နိုင်ငံတွင် ကာမစိတ်မွှန်နေသည့် စိတ်ရောဂါသည် တစ်ဦးက ၎င်းအား ကျန်းမာရေး စောင့်ရှောက်သည့် အမျိုးသမီး ဝန်ထမ်း တစ်ဦးကို အဓမ္မ ပြုကျင့် ရန် ရေချိုးခန်း နံရံကို ချိုးဖောက် ဖျက်ဆီး ဝင်ရောက်လာ သဖြင့် အမျိုးသမီး ဝန်ထမ်း ဖြစ်သူက ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချကာ အလွတ်ရုန်း ခဲ့ရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အမှုအခင်း ဖြစ်ပွား ပုံသည် သည်းထိတ် ရင်ဖို ရုပ်ရှင် The Shining မှ ဇာတ်ဝင်ခန်း တစ်ခန်း ကဲ့သို့ပင် ဆင်တူပြီး ထိတ်လန့် ဖွယ်ရာ ကောင်းသော အဖြစ်အ ပျက် ဖြစ်ကြောင်း mirror သတင်းဌာနက ဖော်ပြသည်။

ဖြစ်ပွားခဲ့ပုံမှာ ပြစ်မှုတရားခံ ခရစ်ကန့်ဝဲလ် ဆိုသူ အသက် ၃၀ ရွယ် စိတ်ဝေဒနာသည်က ဝန်ထမ်း အမျိုးသမီး ဂျီမာရီဆွန်ကို အခန်းတွင်း တံခါး အသေပိတ်ကာ မုဒိမ်း ပြုကျင့်မည် ကြံစည် သဖြင့် ဂျီမာက ရေချိုးခန်းတွင်း ပြေးဝင်ကာ တံခါးသော့ချပြီး ကြောက်လန့် တုန်လှုပ် စွာဖြင့် ခရစ်၏ ရန်ကို ရှောင်တိမ်း နေခဲ့သည်။ သို့ သော်လည်း ကာမစိတ်မွှန် ရူးသွပ် နေသည့် ခရစ်က ထိုင်ခုံဖြင့် ရေချိုးခန်း နံရံကို ရိုက်ချိုး ဖျက်ဆီး ဝင်လာခဲ့ရာ ဂျီမာက ၎င်း၏ လက်တွင်း သက်ဆင်းရမည့် ဘေးမှ လွတ်ရန် ပြတင်းပေါက်က ခုန်ချ လိုက်ရသည်။

ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးခဲ့ရ သဖြင့် ဂျီမာ၏ ခါးရိုးလည်း ကျိုးသွား ခဲ့ရသည်။ အခင်းဖြစ်သည့် နေ့က ဂျီမာသည် ၎င်းတာဝန် ထမ်းဆောင်နေ ရာ မာဆေးဆိုက် ဒေသ ဘိုက်ကန်ဟတ် အရပ်ရှိ ပိုတန် ကျန်းမာရေး ဂရုစိုက် ဝန်ဆောင်မှု ပေးသော ဂေဟာတွင် ညပိုင်းချိန် အလုပ်ဆင်း နေခဲ့ခြင်း ဖြစ်သည်။

"ကျွန်မနေတဲ့ ဂေဟာမှာ ဘယ်တော့မှ တစ်ယောက်တည်း မနေခဲ့သင့်ဘူး။ အဲဒီညက ကျွန်မ စောင့်ရှောက် တာဝန်ယူရတဲ့ သူ ခြောက်ဦး ရှိတယ။် သူတို့ တော်တော် များများဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ ဝေဒနာသည်တွေ ဖြစ်ကြ ပါတယ်။ ဒီညဆိုင်း အချိန်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတာ အတော့်ကို အန္တရာယ် များတာပါ"ဟု ဂျီမာက ပြန်ပြောင်း ပြောခဲ့သည်။

ပြစ်ဒဏ်ကျူးလွန် ခဲ့သူ ခရစ်ကို လီဗာပူး တရားရုံးက လိင်အကြမ်းဖက်ရန် ကြံစည် အားထုတ်မှု၊ သွေးထွက်သံယို ဖြစ်အောင် ကျုးလွန်မှု များဖြင့် အပြစ် ရှိကြောင်း တွေ့ရှိ သဖြင့် ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်သည်။

"ခရစ်က ကျွန်မကို အဓမ္မ သားမယား ပြုကျင့်ဖို့ လုပ်တယ်။ အသတ်တောင် ခံရတော့ မလို့။ ဒီအချိန်မှာ ကျွန်မစဉ်းစားတယ်။ ပြတင်းပေါက်က ခုန်ချဖို့က လွဲလို့ တစ်ခြားလမ်း မရှိတော့ဘူး။ သူသာ ကျွန်မကို မိသွားခဲ့ရင် အဓမ္မပြုကျင့် ခံရနိုင်တဲ့ အပြင် အသတ်ပါ ခံရနိုင်တယ်လေ။ ဒီလို လည်စဉ်းခံရမယ့် အစားပြူ တင်း ပေါက် က ကျွန်မ ခုန်ချခဲ့တယ်"ဟု ဂျီမာကဆိုသည်။

အဆိုပါ ည၏ ညဦးပိုင်းက ခရစ်သည် အဆောက်အအုံ၏ မီးသတိပေး ခေါင်းလောင်းကို မြည်အောင် လုပ်ပြီး အခြားသူ များကို အနှောင့်အယှက် ပေးနေ၍ ဂျီမာ က ဖြေရှင်းပေး ခဲ့ရကြောင်း၊ ခရစ်က ခေါင်းကိုက်သည်ဟု ပြောလာ ချိန်တွင် အပေါ်ထပ်ရှိ ဆေးထားရာ အခန်းသို့ ခေါ်သွား ရာမှ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ ရခြင်း ဖြစ်ကြောင်း ဂျီမာက ပြောခဲ့သည်။

ကျောင်းက ထွက်ပြီးနောက် ယခု စောင့်ရှောက်ရေး ဂေဟာတွင် ဝင်ရောက် လုပ်ကိုင် နေသည်မှာ ဆယ်လကြာ မျှသာ ရှိသေးသည့် ဂျီမာက "ဒီအလုပ်ကို လုပ်တာ က လူတွေကို အကူအညီ ပေးရတာကို ကျွန်မစိတ်မှာ မြတ်နိုးလို့ ပါ။ အဲဒီ ကျွန်မရဲ့ ကရုဏာကြောင့် အသတ် ခံရမယ့် ဘေးနဲ့ တောင် ကြုံလိုက်ရ တာပါပဲ"ဟူ၍ ဂျီမာက ပြောသွား ခဲ့သည်။

Mizzima - News in Burmese
လီဗာပူး၊ စက်တင်ဘာ ၁၇။ အင်္ဂလန်နိုင်ငံတွင် ကာမစိတ်မွှန်နေသည့် စိတ်ရောဂါသည် တစ်ဦးက ၎င်းအား ကျန်းမာရေး စောင့်ရှောက်သည့် အမျိုးသမီး ဝန်ထမ်း တစ်ဦးကို အဓမ္မ ပြုကျင့် ရန် ရေချိုးခန်း နံရံကို ချိုးဖောက် ဖျက်ဆီး ဝင်ရောက်လာ သဖြင့် အမျိုးသမီး ဝန်ထမ်း ဖြစ်သူက ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချကာ အလွတ်ရုန်း ခဲ့ရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုင်ဝမ်တွင် အစားအသောက် ဘေးကင်းရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မည်

Photo: ထိုင်ဝမ်တွင် အစားအသောက် ဘေးကင်းရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မည်
Friday, September 19, 2014 

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖာက်မှုများအတွက် ပိုမိုပြင်းထန်စွာ အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာလိုက်သည်ဟု စက်တင်ဘာ ၁၈ရက်က ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် မညီညွတ်သော ဆီများ နှင့် ပတ်သက်သည့် ပြဿနာ ပေါ် လာပြီးနောက် ထို ကဲ့သို့ ဆို လိုက်ခြင်းလည်း ဖြစ်သည်။

တားမြစ်ထားသောအရာများနှင့် မသင့်တော်သော ပါဝင်ပစ္စည်းများအား အစားအသောက်များထဲတွင် ထည့်ပါက စည်းမျဉ်းစည်းကမ်းချိုးဖောက် သူများ အနေဖြင့် ထောင်ဒဏ် ခုနစ် နှစ် ကျခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုကြောင့် တစ်စုံတစ်ဦး သေဆုံးသွားမည် ဆိုပါ က ချိုးဖောက်သူသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကာ ပိုမိုမြင့်မားသော ဒဏ်ငွေများကိုလည်း ပေးဆောင်ရဖွယ် ရှိသည်။

ကုမ္ပဏီတစ်ခုသည် ဆီဟောင်းများအား ပြန်လည်အသုံးပြုထုတ်လုပ်ထားသော ဆီများကို စီးပွားရေး လုပ်ငန်း ၁၀၀၀ ကျော် သို့ ရောင်းချခဲ့ကြောင်း တွေ့ရှိ ခဲ့ရပြီးနောက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေများ ပိုမိုတင်းကျပ် လိုက်ခြင်း ဖြစ် သည်။

စည်းကမ်းချိုးဖောက်မှုများအတွက် ဒဏ်ငွေများကို ဆယ်ဆခန့် မြှင့်တင်သွား မည် ဖြစ် ပြီး ချိုးဖောက်သူများအနေဖြင့် အများဆုံး အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၆ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ် အဓိပတိ ကျန်းယီဟွာ က ပြောခဲ့သည်။

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းကမ်းချိုးဖောက်မှု များနှင့် ပတ်သက်၍ ဖော်ထုတ်သတင်းပေးသူများအား ထိုင် ဝမ်ဒေါ်လာ နှစ် သန်းအထိ ဆုချီးမြှင့် သွားမည်ဖြစ်သည်။ အကယ်၍ ကုမ္ပဏီလုပ်သားတစ်ဦးက သူအလုပ်လုပ်နေသော ကုမ္ပဏီသည် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများ ချိုးဖောက်နေကြောင်း သတင်းပေး တင်ပြနိုင်မည်ဆိုလျှင် ထိုကုမ္ပဏီ လုပ်သားမှာ ဆုငွေ နှစ်ဆ ရရှိမည် ဖြစ်သည်။

“အစားကောင်း အသောက်ကောင်းတွေ ပေါများလှတဲ့ တိုင်းပြည် တစ်ခု အဖြစ် နာမည်ရနေတဲ့ ထိုင်ဝမ်ရဲ့ ဂုဏ်သတင်းဟာ ဒီလို အစား အသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့်  အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။ အနေအထား မှန်ကို ပြန်ရောက်ဖို့ ကျွန်တော်တို့ အားလုံး အတူတကွ အလုပ်လုပ်သင့်ပါတယ်” ဟု  ဂျီယန်ယီဟွာ က ဆိုခဲ့သည်။

 စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ရေး အစီအစဉ် အနေဖြင့် ဥပဒေတစ်ရပ် ဖြစ်လာရန်မှာမူ လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။ 

Ref:BBC
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖာက်မှုများအတွက် ပိုမိုပြင်း ထန်စွာ အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာ လိုက်သည်ဟု စက်တင်ဘာ ၁၈ရက်က ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ

 Photo: သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ
Friday, September 19, 2014 

သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ သြစတြေးလျနိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။လက်နက်များ အပြည့်အစုံ ကိုင်ဆောင်ထားကြသော ရဲအရာရှိများ အနည်းဆုံး ၈၀၀ ခန့်သည် ယင်းမြို့ကြီးနှစ်မြို့ရှိ အဆောက်အအုံ အချို့ကို ဝင်ရောက်စီးနင်းခဲ့ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

 “အကြမ်းဖက်မှု လုပ်ရပ်များ” ကျူးလွန်မည့် အစီအစဉ်များကို တားဆီးရန် ထိုစစ်ဆင်ရေးက ရည်ရွယ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက် အစီအစဉ်တစ်ခုမှာ အများပြည်သူထဲမှ ကြုံရာကျပန်းလူကို ရွေးချယ်ကာ ခေါင်းဖြတ်ရန် ဖြစ်သည်ဟု ဆိုကြသည်။

အီရတ် နှင့် ဆီးရီးယားတွင် ဖြစ်ပွားနေသော စစ်ပဋိပက္ခ၏ အကျိုးဆက်များ သြစတြေးလျနိုင်ငံအား ရိုက်ခတ်လာမည်ကို စိုးရိမ်မှုများ ကြီးထွား လာ လျက်ရှိရာ သြစတြေးလျတွင် အကြမ်းဖက်ဝါဒအန္တရာယ်၏ စိုးရိမ်ရမှုအဆင့်ကို မြှင့်တင်ထားသည်။

ဆစ်ဒနီမြို့၏ အနောက်ပိုင်းဒေသများ နှင့် ဘရစ္စဘိန်းမြို့၏ တောင်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း နှင့် ထိုဒေသများတွင် ရဲအရာရှိများ ဆက်လက် လှုပ်ရှားဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့မှ ယာယီ ရဲမင်းကြီး အန်ဒရူးကော်ဗင် က ပြောခဲ့သည်။

““ရှာဖွေမှုတွေနဲ့ ဒီစစ်ဆင်ရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ဆက်ပြီး လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေ ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးဟာ အခုလိုအခိုက်အတန့်မှာ အထူးကို အရေးကြီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်ပြောပြနိုင်တာကတော့ ဆစ်ဒနီ တစ်ဝန်းမှာ ဝရမ်း ၂၅ ခု ကို စီမံဆောင်ရွက်ခဲ့ပြီးတော့ အခုလောလောဆယ် အဆင့်မှာ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာပါပဲ။ ပြီးတော့ ပြင်းထန်လှတဲ့ အကြမ်းဖက်ဝါဒဆိုင်ရာပြစ်မှုတွေနဲ့ စွဲချက်အတင်ခံရသူ တစ်ဦးလည်း ရှိနေ ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

သြစတြေးလျ မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကို အကြမ်းဖက်သမားများက စီစဉ်နေ ခဲ့ကြကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်ကြောင့် သြစတြေးလျ အာဏာပိုင်များက စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း  ကော်ဗင်က ဆိုခဲ့သည်။

Mizzima - News in Burmese
သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက် စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဘုရားကျောင်းမှ မျောက်တစ်ကောင် သေဆုံးမှုအတွက် အိန္ဒိယရွာသား ၂၀၀ ခန့် ခေါင်းတုံး၍ ၀မ်းနည်းမှုအထိမ်းအမှတ် ပြုလုပ်


အိန္ဒိယနိုင်ငံ မက်ဒ်ယာပရာဒေ့ရှ် ပြည်နယ်အလယ်ပိုင်း ဒါကာချအာ ကျေးရွာရှိ ဟိန္ဒိုဘုရား ကျောင်းတွင် နေ ထိုင်သော မျောက်နှစ်ကောင် အ နက် တစ်ကောင် မှာ ခွေးတစ်ကောင်က လိုက်ကိုက်ရာမှ ရေနစ် သေဆုံး သွားခဲ့သောကြောင့် အဆိုပါ ရွာတွင် နေထိုင်သူ ၂၀၀ ခန့် သည် ခေါင်းတုံး ၍ ၀မ်းနည်း ခြင်းအထိမ်း အမှတ် အဖြစ် ပြုလုပ်ခဲ့ကြသည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ် တွင် ဖော်ပြ ထားသည်။

ဒီမိုကရေစီရေးနှင့် နိုင်ငံရေးတွင် သံဃာတော်များ ဆက်လက်ပါဝင်မည်

Photo: ဒီမိုကရေစီရေးနှင့် နိုင်ငံရေးတွင် သံဃာတော်များ ဆက်လက်ပါဝင်မည်
Friday, September 19, 2014

သံဃာတော်များက ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေးများတွင် ဆက်လက်ပါဝင်လှုပ်ရှားသွားမည်ဟု ရွှေဝါရောင် နှစ်ပတ်လည်ဖြစ်မြောက်ရေး ကော်မတီမှ ဆရာတော် ဦးစန္ဒာသီရိက ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ကြားလိုက်သည်။

ငြိမ်းချမ်းရေး အမြန်ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီ ကြိုးပမ်းနေစဉ်ကာလတွင် ပါဝင်ခြင်းနှင့် နိုင်ငံရေးအရ လိုအပ်လာသည့် နေရာများတွင်ပါဝင်နိုင်ရန် ဒီမိုကရေစီရေး၊ နိုင်ငံ့အရေး တက်ကြွလှုပ်ရှားနေသူများနှင့် ပူးပေါင်းနိုင်ရန်လည်း စတင်ဆောင်ရွက်သွားတော့မည်ဟု ဦးစန္ဒာသီရိက မိန့်သည်။

အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် ရည်ရွယ်ရခြင်းမှာ “တစ်စုတစ်ဖွဲ့တည်း ဆောင်ရွက်လျှင် နိုင်ငံရေး တွင်မအောင်မြင်” ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲထားခြင်းကြောင့်ဟု ဦးစန္ဒာသီရက မိန့်သည်။

အုပ်ချုပ်သူများက မဖြေရှင်းနိုင်သည့် နိုင်ငံရေးအကျပ်အတည်းများ ရင်ဆိုင်နေရပါက ပဋိပက္ခဖန်တီးကာ ပြည်သူလူထုများအား အာရုံလွှဲနေကြပြီး ဓမ္မစေတီခေါင်း လောင်းကိစ္စမှာလည်း ထိုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟုလည်းဆိုသည်။

နိုင်ငံရေးအကျပ်အတည်းများ ကြားတွင် လူထုအား အာရုံလွှဲရန် လူမျိုးရေး၊ ဘာသာရေးမုန်းတီးရေး ၀ါဒဖြန့် မှုများနှင့် ပဋိပက္ခများ ဖန်တီးခဲ့သော်လည်း သံဃာတော်များက ဝါဒဖြန့်မှုများတွင် လူထုမပါဝင်စေရန် ဘာသာပေါင်းစုံနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ကိုလည်း အသိအမှတ်ပြု သည်ဟု အခမ်းအနားတက် ရောက်လာသူ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ဆိုသည်။

“သံဃာတော်တွေအပေါ်မှာ အနိုင်ကျင့် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ သက်ဆိုင်ရာသူတွေက တောင်းပန်ခဲ့ရင် ကျေအေးဖို့ မေးခွန်းတွေရှိနေတုန်းပါပဲ။ ဒါပေမဲ့ ပြုခဲ့တဲ့သူတွေက ကျကျနနဝန်ခံဖို့ လိုပါတယ်။ ကျေအေးတာက တစ်ကြောင်း အဓိကက တောင်းပန်ဖို့လိုတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားသို့ ဦးစီးလုပ်ဆောင်သည့် သံဃာတော်များမှာ ပြည် သူများ စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း များနှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ သည့် ၂၀၀၇ ခုနှစ်တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့်သံဃာတော်များဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးတွင် မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော် ထောင်ပေါင်းများစွာလမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး သံဃာတော်အချို့မှာ စစ်တပ်၏လမ်းပေါ်တွင် နှိပ်စက်ခံရပြီးအချို့မှာ အကျဉ်းထောင်တွင်း ထိန်း သိမ်းခံခဲ့ရသည်။

ထို့ပြင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်များသို့ ညဘက်တွင် စစ်တပ်က ဝင်ရောက် စီးနင်းကာ သံဃာတော်များကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သံဃာတော်များ ပျံလွန်မှုများ ရှိခဲ့သကဲ့သို့ ပျောက်ဆုံးမှုများကိုလည်း ယနေ့ထိ အရေအတွက် အတိအကျ မသိရသေး ပေ။

စက်တင်ဘာ ၁၈ ရက် ကျင်းပသည့် ရွှေဝါရောင်အခမ်းအနားတွင် သံဃအရေး အရာကိစ္စရပ်များကို အဆုံး အဖြတ်ပေးသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှာလည်း ဗဟိုစနစ်နှင့်ချုပ်ကိုင်ထားပြီး အစိုးရ၏ ချုပ် ကိုင်မှုများရှိနေပြီး သံဃာတော်တို့အား ဖိနှိပ်ချုပ်ချယ်မှုများလည်း ရှိနေသဖြင့် သံဃမဟာနာယကအဖွဲ့အား ခေတ်စနစ် နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဟုဆိုကာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် ရဟန်းသံဃာများ၏ ကျောင်းတိုက်များအား အဓမ္မသိမ်းဆည်းခြင်း၊ နိုင်ငံတော် သံဃယကအဆင့်မှစ၍ သံဃာအဖွဲ့အစည်း အဆင့်ဆင့်တို့အား ပြန်လည်ဖွဲ့စည်းပေးရန်တို့ ပါဝင်သည်။

Mizzima - News in Burmese 

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား ကို ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာ တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ- ငြိမ်သစ်ညီ၊ မဇ္ဈိမ)
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား ကို ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာတွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ- ငြိမ်သစ်ညီ၊ မဇ္ဈိမ)
သံဃာတော်များက ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေးများတွင် ဆက်လက်ပါဝင်လှုပ်ရှားသွားမည် ဟု ရွှေ ဝါရောင် နှစ် ပတ်လည်ဖြစ်မြောက်ရေး ကော်မတီမှ ဆရာတော် ဦးစန္ဒာသီရိက ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ကြားလိုက်သည်။

ကျန်းမာရေးချေးငွေ ကန်ဒေါ်လာ သန်း ၁၀၀ လွှတ်တော်အတည်ပြု

ကမ္ဘာ့ဘဏ်က မြန်မာ့ကျန်းမာရေးကဏ္ဍအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ချေးယူသုံးစွဲရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက အလေးအနက်ထား စိစစ်ခံနိုင်ရေး အသင့်ပြင်ထားရန် ကိုယ်စားလှယ်အချို့က သတိပေး လိုက်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ဘားအံမြို့နယ် ၈၈ ငြိမ်း/ပွင့် အဖွဲ့ဝင် ၁၄ ဦး နုတ်ထွက်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ဘားအံ) အဖွဲ့ဝင် ၁၄ ဦး သည် အမည်ဆင်တူရိုးမှားအဖွဲ့ တစ်ခုကြောင့် ငြိမ်း/ပွင့် ပုံရိပ် ထိခိုက်သဖြင့် စက်တင်ဘာ ၁၆ ရက် က နုတ်ထွက်ခဲ့ကြသည်ဟု ကာယကံရှင် ကိုကျော်ခက မဇ္ဈိမကို ပြောသည်။

အစိုးရကို ဝေဖန်လိုက တိကျစွာထောက်ပြသင့်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သို့ ဦးရဲထွဋ်တုံ့ပြန်

Photo: အစိုးရကို ဝေဖန်လိုက တိကျစွာထောက်ပြသင့်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သို့ ဦးရဲထွဋ်တုံ့ပြန်
Friday, September 19, 2014

 လွှတ်တော်ဥက္ကဋ္ဌတစ်ဦးသည် အစိုးရဌာနဝန်ကြီးများကို ဝေဖန်လိုပါက တိကျခိုင်မာသည့် အချက်အလက်များကို ကိုးကားပြီးမှ ဝေဖန်သင့်သည်ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ၀န်ကြီးဌာနတွေကို ဝေဖန် သုံးသပ်တော့မယ်ဆိုရင် ပိုပြီးတော့မှတိကျ ခိုင်မာတဲ့သတင်းအချက်အလက်နဲ့ အမည်နာမနဲ့ပြောရင်တော့ ကောင်းတာပေါ့” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို စက်တင်ဘာ ၁၈ ရက်က ပြောသည်။

အစိုးရက ဘဏ္ဍာငွေထုတ်ကာ ပြည်သူပိုင်အဆောက်အအုံများ ဆောက်လုပ် ရာတွင် ငွေကြေးသုံးစွဲမှုများ သည် လူစည်ကားသည့် ပွဲဈေးခင်းအတွင်း ဆီးသီးရောင်းသူဈေးသည်တစ်ဦး ဗန်းမှောက်ကျသည်ကို ဝိုင်းဝန်း လုယက်ကြပုံနှင့် ခိုင်းနှိုင်းလျက် ဝေဖန်ပြောဆိုသည်ကို ဦးရဲထွဋ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“သူက ဆီးသီးရောင်းမလို့ ဆီးသီးဗန်းနဲ့ သွားတာပဲ။ မှောက်လည်း မှောက်ရော ဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ် နှိုက်စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့” ဟု ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၇ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ပြောဆိုချက်မှာ အစိုးရအပေါ် ပြည်သူများအထင် မှားနိုင်သလို “တာဝန်ကြီး ကြီးယူထားတဲ့ လူတစ်ယောက်အနေနဲ့ ပြောတဲ့စကား အနေ နဲ လည်း မပြောသင့်ဘူးလို့ ကျွန်တော်ထင် တယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် ပြည်သူပိုင် အဆောက်အအုံများ ဖောက်လုပ်၊ တည်ဆောက်ရာတွင်ပွင့်လင်း မြင်သာမှုရှိစေရန် ညွှန်ကြားထားသောကြောင့် အားနည်းမှုရှိသည့်ဌာနကို အတိအကျထောက်ပြသင့်သည် ဟုလည်း ပြောသည်။

“တိတိကျကျပြောရင် ကျွန်တော်တို့ အရေးယူမယ်။ ကျွန်တော်တို့ အရေးယူ တာဟာ မလုံလောက်ဘူး ထင် လို့ရှိရင် အဂတိ လိုက်စားမှုကော်မရှင် ရှိမယ်။ ဒါပေမဲ့ အားလုံးကိုခြုံပြီးတော့မှ လူကြီးတစ်ယောက် က ပြောလိုက်တဲ့အခါမှာ ကျွန်တော်တို့ ၀န်ကြီးဌာနတွေမှာ တာဝန်ယူလုပ်ဆောင်ရတဲ့သူတွေ ကစိတ်မ ကောင်း ဖြစ်တာပေါ့ ” ဟု ၎င်းက ဆိုသည်။

ဦးခင်အောင်မြင့်သည် နအဖ အစိုးရလက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိအစိုးရလက်ထက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အစိုးရဌာနများနှင့် တပ်မတော်သားများ အပေါ် ထောက်ပြဝေဖန် ခဲ့သူတစ်ဦးဖြစ်သည်။

Mizzima - News in Burmese 

အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့များ ဆွေးနွေးကြမည့် တတိယအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံကို စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပနေပြီး ညီလာခံ အဖွင့်အမှာ စကားပြောကြားနေသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)
အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့များ ဆွေးနွေးကြမည့် တတိယအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်မှု ညီလာခံကို စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပနေပြီး ညီလာခံ အဖွင့်အမှာ စကားပြောကြားနေသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)
 လွှတ်တော်ဥက္ကဋ္ဌတစ်ဦးသည် အစိုးရဌာနဝန်ကြီးများကို ဝေဖန်လိုပါက တိကျခိုင်မာသည့် အချက်အလက် များကို ကိုးကားပြီးမှ ဝေဖန်သင့်သည်ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း ၍ ကျောင်းသား၊ ကျောင်းသူများ

Photo: ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း ၍ ကျောင်းသား၊ ကျောင်းသူများ 
Friday, September 19, 2014

ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံး သွားသော ကြောင့် ယင်းတက္ကသိုလ်မှလက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အဖြေလွှာများမှာ စက်တင် ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ် လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

အဖြေလွှာများ ပျောက်ဆုံး သွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက် ပြန် လည်ဖြေဆို ရန်လိုအပ်သည့် ဘာသာရပ်များ ကို အဆိုပါတက္ကသိုလ်၏ ကြော်ငြာ သင်ပုန်းတွင် ကပ်ထားသော် လည်း ကျောင်းသားများက စာ မေးပွဲပြန် မဖြေနိုင်ကြောင်း ဆန္ဒပြ ခဲ့ကြသည်ဟု သိရသည်။

အဖြေလွှာများပျောက်ဆုံးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်တွင် သိရှိခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးသွားသော အဖြေလွှာများမှ အချို့ကို ကျောင်းနံဘေးရှိရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အချို့အဖြေလွှာများမှာမူ ပျောက်ဆုံးလျက်ရှိကြောင်းကလေးနည်းပညာတက္ကသိုလ်မှဆရာတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အဖြေလွှာပျောက်ဆုံးမှုများဖြစ်ခဲ့သော်လည်း ကလေးမြို့နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၁၈ ရက်တွင် ပုံမှန်ဖြေဆိုရမည့် စာမေးပွဲများ ဆက်လက်ဖြေဆိုခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဖြေလွှာများပျောက်ဆုံးမှု ကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး တွင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်အရေးယူထား သည်။

‘‘ကျောင်းမတိုင်ခင် ဒီဘား ထုတ်တာ (ကျောင်းပျက်ရက်များ ၍ ကျောင်းထုတ်ခြင်း)တော်တော် များတယ်လို့သိရတယ်။ စာမေးပွဲ ရက်မှာလည်း ကျောင်းသားတွေ ထပ်ပြီး အထုတ်ခံရတယ်လို့ကြား တယ်။ အဲဒီလိုတွေဖြစ်လို့ ဒေသ ခံတွေက အဖြေလွှာတွေကို ရေ အိုင်ထဲလွှင့်ပစ်တယ်လို့တော့ ကြားတာပဲ။ ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မသိဘူး’’ဟု နည်းပညာတက္ကသိုလ်ဆရာ တစ် ဦးကပြောသည်။

ကလေးမြို့နည်းပညာတက္က သိုလ်တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကလည်း စာမေးပွဲဖြေဆိုခါနီး အချိန်တွင် ဒေသခံများက စာမေး ပွဲမေးခွန်းများပါသည့် သေတ္တာကို ယင်းကျောင်းအနီးရှိ သုသာန်တွင်ဝှက်ထားသည့် ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့ဖူးကြောင်း အထက်ပါဆရာ ကပြောသည်။

7Day DAILY

နည်းပညာတက္ကသိုလ်(ကလေး)တွင် စာမေးပွဲပြန်လည်ဖြေဆို ရန် ကြေညာချက် ထုတ်ပြန်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)
နည်းပညာတက္ကသိုလ်(ကလေး)တွင် စာမေးပွဲပြန်လည်ဖြေဆိုရန် ကြေညာချက် ထုတ်ပြန်ပြီးနော က် ကျောင်း သား၊ ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)
ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံး သွားသော ကြောင့် ယင်း တက္ကသိုလ်မှ လက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။