ထီသုံးစောင်ထိုးရာ တစ်စောင်ကတွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်တိုင်ရွာသို့လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝ ခန့်လျော့ နေသဖြင့် ထီဆိုင်သွား စုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေး လိုက်ရသည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ်ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
Thursday, 18 September 2014
ဆက်ကြေးမပေးနိုင်သော ဒေသခံ ၁၀ ဦးအား မိုင်းရှင်းလင်းစေခိုင်းမှု KIA ခေါင်းဆောင်ပိုင်းထံ ကန့်ကွက်စာပို့
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်နေ တစ်ပိုင်တစ်နိုင်သစ်ခုတ်လုပ်ငန်း လုပ်ကိုင် သူဒေသခံ (၁၀) ဦး အားစက်တင်ဘာ ၁၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးပြီး မိုင်းရှင်းလင်း ခိုင်းစေမှုကို မကျေနပ်သဖြင့် ကန့်ကွက်စာပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အိုင်စီတီမြို့တော်တည်ဆောက်ရေး စီမံကိန်းမြေအတည်ပြုရန် လာမည့်တစ်ပတ်အတွင်း တိုင်းအစိုးရအဖွဲ့နှင့် ဆွေးနွေးမည်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နည်းပညာလုပ်ငန်းအများစု လုပ်ကိုင်နေသည့် MICT Park ဝန်း တစ်နေရာ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈျိမ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိုင်စီတီမြို့တော် (ICT City) တည်ဆောက်ရေး မြေနေ ရာ သတ်မှတ်နိုင် ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာမည့်တစ်ပတ်အတွင်း ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ခန္တီးရှိ စက်လှေများကို ဆက်ကြေးကောက်နေ

ခန္တီးမြစ်ဆိပ်အတွင်း ရပ်နားထားသည့် ခရီးသည်တင်သင်္ဘောများကို တွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ခန္တီနှင့် တိုက်တီးပြေးဆွဲလျက်ရှိသော စက်လှေ များကို နာဂအမျိုးသားဆိုရှယ်ကောင်စီအဖွဲ့ (NSCK)က ဆက်ကြေးများ ကောက်ခံနေသည် ဟု ဒေသ ခံ စက်လှေပိုင်ရှင် များက စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်၏ ထက်ဝက်ခန့်ဖြစ်သော ကန်ဒေါ်လာ သန်း ၂,၄၀ဝ ကျော် ဩဂုတ်လအတွင်း ဝင်ရောက်

တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုဖြင့် လာရောက်ဖွင့်လှစ်သည့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်နေရာ ကို တွေ့ရစဉ်။ (ဓာတ်ပုံဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ဧပြီ ၁ ရက်မှ သြဂုတ်လကုန်အထိ ကန်ဒေါ်လာ ၃,၁၈၃ သန်းကျော် ဝင်ရောက်ထားခြင်း ဖြစ်သည်။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကို ဩဂုတ်တစ်လတည်းတွင် ဝင်ရောက်ခဲ့ရာ ပို့ကုန်ကဏ္ဍနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့် လုပ်ငန်းများစွာ ပါဝင်လာလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စာရင်းများတွင် ဖော်ပြထားသည်။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကို ဩဂုတ်တစ်လတည်းတွင် ဝင်ရောက်ခဲ့ရာ ပို့ကုန်ကဏ္ဍနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့် လုပ်ငန်းများစွာ ပါဝင်လာလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စာရင်းများတွင် ဖော်ပြထားသည်။
စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရဆောင်ရွက်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန် လို၍၊ ပြည်နယ်အစိုးရ အဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော်ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူး များထံမှ သိရှိရသည်။
UNFC မှ ကေအင်န်ယူ ခွဲထွက်မည့်ကိစ္စ မဆုံးဖြတ်သေး
ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ကရင်အမျိုးသားအစည်းအ ရုံး ဌာနချုပ်တည်ရှိရာ လော်ခီးလာ၌ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) မှ ခွဲထွက် မည့်ကိစ္စကို မဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားသရုပ်ဆောင် လီဂျင်ဝတ်နဲ့ ကောင်ဟိုဂျင်း
ကိုရီးယားသရုပ်ဆောင် မင်းသားနှင့် မင်းသမီးများဖြစ်ကြ သော လီဂျင်ဝတ်နှင့် ကောင်ဟိုဂျင်းတို့ လမ်းခွဲ လိုက်ပြီဟု တရား ၀င် အတည်ပြုသတင်းထုတ်ပြန် လိုက်သည်။
ငလျင်ဧရိယာအတွင်းပါဝင်နေသော်လည်း Capital City စီမံကိန်း စိတ်ဝင်စားသူများဟုကုမ္ပဏီပြော
ဆောက်လုပ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Capital Development မှ တည် ဆောက်သည့် Capital City သည် ငလျင်ဧရိယာအတွင်း ပါဝင်နေသော်လည်း စိတ်ဝင်စားသူများပြားကြောင်း သတင်း ရရှိသည်။
ကိုယ်ဝန်ဆောင်လက္ခဏာမတွေ့ရတဲ့ ဘီယွန်းစေး

ပြင်သစ်နိုင်ငံ ပါရီ မြို့တွင် အဆုံးသတ်သည့် on the run ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဘီယွန်းစေး ကိုယ် ၀န်ဆောင်ထား ပြီဆိုသည့် သတင်းကို ဂျေးဇီ က ပြောကြားလိုက်သည်ဆိုသော အ တည်မပြုရသေးသည့် အွန်လိုင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ဘီယွန်းစေးမှာ နောက်ထပ် ကိုယ်ဝန်ဆောင်ထားရပြီ ဟူသော ကောလာဟလသတင်းများ ထွက်ပေါ် လာသည်။
ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား

စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ ဩစတြေး လျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန် ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။
သစ်မှောင်ခို အပြီးသတ် ထိန်းချုပ်ရန် တပ်မတော်နှင့် ပူးပေါင်း ဆောင် ရွက်နေကြောင်း အစိုးရ ပြောကြား
တရားမဝင် သစ်ထုတ်လုပ်မှုများ အပြီးသတ် ထိန်းချုပ်ရန်အတွက် သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ထား သည့်အပြင် သစ်တောများအတွင်း သစ်ခိုးထုတ်နေသော မှောင်ခိုဂိုဏ်းများကို တပ်မတော်နှင့် သစ်တော လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်
သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံ အလွဲ သုံးစား မှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက်တင်မှုကို ပြင်ဆင်ပေးရန် မန္တလေး တိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်း ရရှိသည်။
ပြည်တွင်းရေနံလုပ်ကွက်များမှ ရသော ဝင်ငွေနှင့် အခွန်များ ထုတ်ပြန်ပေးမည်ဟု အစိုးရဆို
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်း လုပ်ကိုင်နေသော ကမ်းလွန်ရေနံ လုပ်ကွက် များနှင့် ကုန်တွင်းရေနံလုပ်ကွက်များမှရရှိသည့် အခွန်နှင့် ဝင်ငွေပမာဏကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
စစ်တွေတွင် စက်လှေ တစ်စီးပေါ်မှ ဗုံးနှစ်လုံးတွေ့
စစ်တွေမြို့ကသည်း ရပ်ကွက်ဆတ်ရိုးကျချောင်း ဆိပ်တံတားတွင် ရပ်ထားသော စက် လှေတစ်စီးကို ရှာဖွေရာ အမေရိကန်လက်ပစ်ဗုံးနှစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီး ပြောင်းရွှေ့ခံရမှုအပေါ် ၀န်ကြီးဌာန မှဖြေရှင်းချက်ပေးရန် အကျိုးတော်ဆောင်အဖွဲ့ တောင်းဆို
ကျောင်းဝင်ခွင့်လက်ခံမှု ပြဿနာဖြစ်ခဲ့သည့် ရန်ကင်းတီတီစီကျောင်းအုပ် ဆရာမကြီးကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ ပညာရေးကောလိပ်သို့ ပြောင်းရွှေ့ ခံရခြင်းကို ပညာရေးဝန်ကြီးဌာနမှ ဖြေရှင်းချက် ထုတ်ပေး ရန် ကျောင်း အကျိုးတော်ဆောင် အဖွဲ့ ကတောင်းဆိုလိုက်သည်။
အမေရိကန်အပါအ၀င် နိုင်ငံအချို့နှင့် ငွေစာရင်းလွှဲပြောင်းရာတွင် ခက်ခဲနေဆဲဟုဆို
မြန်မာနိုင်ငံတွင် ဈေးကွက်ရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန် အမေရိကန် က စီးပွားရေးပိတ်ဆို့ မှုဖြေလျှော့ ပေးသော်လည်း အချို့ငွေစာရင်းလွှဲပြောင်းမှုများတွင် ယခုအချိန်ထိ အခက်အခဲရှိနေ ဆဲ ဖြစ် ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ

ဓာတ်ပုံ−ကျော်ဇင်သန်း
သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံး ဆယ် က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။
မိုဘိုင်းဆင်းမ်ကတ်မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ်ဆွဲမည်ဟုဆို

ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ −ကျော်ဇင် သန်း)
မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီ အစဉ်များ ပြုလုပ်၍ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။
မန္တလေးမြို့ပြဧရိယာ စစ်ကိုင်းအထိပါနိုင်ဟု ပညာရှင်ခန့်မှန်း
မန္တလေးမြို့ပြဧရိယာချဲ့ထွင်မှုသည် နယ်ကျော်၍ စစ်ကိုင်းမြို့အထိပါရောက်ရှိ သွားနိုင် ကြောင်း ပြင် သစ်နိုင်ငံ မှ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများလေ့လာနေ သည့် FASEP အဖွဲ့မှ Team Leader Mr. Christian Moncet က ခန့်မှန်းလိုက်သည်။
Subscribe to:
Posts (Atom)