ဒါရိုက်တာတစ်ယောက်ရဲ့ဖန်တီးတင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်အတွက် ပြောစရာ မလိုအောင် ကြိုးစား တင်ဆက်နေတဲ့ ဒါရိုက်တာနေပိုင်ရဲ့ ခုလက်ရှိ ရိုက်ကူးနေတဲ့ကားကတော့ အနီရောင်ပုံရိပ်ဆိုတဲ့ ကားလေးပါတဲ့။ ဒီကားလေးမှာ အောင်ရဲလင်းရယ်၊ ၀တ်မှုန်ရွှေရည်ရယ် ၊ ကောင်းဆက်ထူး ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ဒီကားလေးက တစ်ခြားကားတွေနဲ့ မတူ ၀ိဥာဉ်ကားဖြစ် တာကြောင့် ဘာ့ကြောင့် ရိုက်ဖြစ်သွားတယ်ဆိုတာ သူ့ကို မေးကြည့်လိုက်တော့ “ဘာလို့ရိုက်ရတာလဲ ဆိုတော့ ကစ်ကစ် ကိုယ်တိုင်လဲ ၀ိဥာဉ်ကားနည်းတယ်။ ကစ်ကစ်ရဲ့ ဒုတိယကားလေးပေါ့။ ပထမကားက ၀ိဥာဉ်ဆိုတဲ့ သီချင်းသံ ပေါ့။ ကျွန်တော်က ပြင်ပလူနေမှု စရိုက်မှာလဲ မယုံလို့မရတာတွေ ရှိတယ်။ ပရလောက မှာလေ။ ကျွန်တော်တို့ က ရုပ်ရှင်ကို နေရာစုံမှာ လိုက်ရိုက်ရတာဆိုတော့ သင်္ချီုင်းတွေမှာ ရိုက်ရတာရှိတယ်။