Monday, 15 September 2014

Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်

Photo: Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်
Monday, September 15, 2014

ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း Desktop Application ဗားရှင်းအသစ်များကို ထုတ် လုပ်ထားကြောင်း သိရသည်။

''အခုကုမ္ပဏီမှ အသစ်ထုတ်လုပ် သော Version 5.0 ကို ထုတ်လုပ်လိုက်ပါ ပြီ။ ဒါကြောင့် ဗီဒီယိုခေါ်ဆိုမှု (Video Calling))ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရပါ ပြီ။ ဒါကြောင့် အခုဆိုရင် Viber ကနေ ဗီ ဒီယိုခေါ်ဆိုမှု လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ် ပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်လို့ မိတ်ဆွေ တို့အနေနဲ့လဲ ကျေနပ်ပျော်ရွှင်မယ်လို့ မျှော် လင့်ပါတယ်'' ဟု Viber ၏ CEO Talmon Marco က ပြောသည်။

ယခု အသစ်ထုတ်လုပ်လိုက်သော Version 5.0 တွင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိမိသူငယ်ချင်းများ၏ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နှင့် Scan ဖတ်တာပဲဖြစ်ဖြစ်၊ လုပ်ဆောင် ပြီးပါက မိမိ၏ Contacts များအား အလွယ် တကူ စီမံခန့်ခွဲနိုင်သော နည်းစနစ်လည်း ပါဝင်ကြောင်း ၄င်းကဆိုသည်။

Viber တွင် အသုံးပြုနိုင်သော အရာများမှာ စာပို့ခြင်း၊ ရုပ်သံခေါ်ဆိုခြင်း၊ text message များ၊ ရုပ်ပြောင် စတစ်ကာ များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ၊ ပုံကြမ်းများ၊ HD အရည်အသွေး ဖုန်းခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်ပြီး ယခုထုတ်လုပ်လုပ်သော Version 5.0 ကြောင့်Video Calling နှင့် Push To Talk တို့ကိုလည်း အသုံးပြုနိုင်ခဲ့သလို Viber Out အနေနှင့်လည်း နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ခြင်းများ ကိုလည်း ပြုလုပ် နိုင်သည်။

ယခုအချိန်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register (စာရင်းသွင်း)ထား သူ သန်း ၆၈ဝရှိပြီး နေ့စဉ်ပုံမှန် အသုံးပြု သူသန်း ၄ဝဝ ကျော်ရှိသလို မြန်မာနိုင်ငံ တွင် Viber အသုံးပြုသူ ငါးသန်းကျော်ရှိနေ ပြီဖြစ်ကြောင်း Viber ကုမ္ပဏီမှ စက်တင် ဘာ ၁၁ ရက်က (Version 5.0 ) ဗားရှင်းအ သစ်ထုတ်လုပ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Yangon Media Group
ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်

Photo: IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်
Monday, September 15, 2014

အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့် သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျ သို့ ပြန် လာကြမည်ဆိုပါက နိုင်ငံ၏ လုံခြုံရေး ထိခိုက်လာမည့်အရေးကို စိုးရိမ်မှုများ ကြီးထွားမြင့်တက်လာလျက်ရှိသဖြင့် အကြမ်းဖက် ဝါဒ အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ၍ မြင့်သောအဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သြစတြေးလျ အစိုးရ က ကြေညာခဲ့အပြီး နှစ်ရက်အကြာတွင် တိုနီအက်ဘက်ထ်က ယခုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သောင်းကျန်းလျက်ရှိသော အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်မည့် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်း အဖွဲ့တွင် သြစတြေးလျလည်း ပူးပေါင်းပါဝင်ရန် အမေရိကန်က သြစတြေးလျအား တရားဝင် မေတ္တာရပ်ခံခဲ့ပြီးနောက် သြ စတြေးလျ လေကြောင်း ဆိုင် ရာအမှုထမ်း ၄၀၀ ခန့် နှင့် စစ်ဘက်အမှုထမ်း၂၀၀ ခန့် တပ်ဖြန့်ချထားမည့် အစီအစဉ် ကို ကြေညာ ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အနေဖြင့် တိုက်ပွဲ ဝင်တပ်ဖွဲ့များ စေလွှတ်တပ်ဖြန့်ရုံသာမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ခြင်း အကျပ်အတည်း ပို၍ မကြီးမား လာအောင် ကာကွယ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ အားထုတ် မှုများတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

“သြစတြေးလျတပ်ဖွဲ့တွေ အနေနဲ့ အီရတ်နိုင်ငံအတွင်း စစ်ဆင်တိုက်ခိုက်ရေးတွေမှာ မပါဝင်ခင် မှာ နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်ရဦးမယ်ဆိုတာကတော့ ထင်ရှားပါတယ်” ဟု သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ် အက်ဘက်ထ်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေး နိုင်ငံတကာ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ သြစေတြးလျနိုင်ငံက ပြင်ဆင်ထားပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်အဖွဲ့ဟာ အီရတ်က လူတွေလောက်ကိုပဲ၊ အရှေ့အလယ်ပိုင်းဒေသက လူတွေလောက်ကိုပဲ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သြစတြေး လျ အပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက ဆိုခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား ဆန့်ကျင်ချေမှုန်းရေး ညွန့်ပေါင်းအဖွဲ့တစ်ရပ် ခိုင်ခိုင်မာမာဖြစ်လာအောင် အမေရိကန်နိုင်ငံက ဆောင်ရွက်လျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း IS အား တိုက်ခိုက်ရေး တွင် အာရပ်နိုင်ငံများ၏ ထောက်ခံမှုရအောင် စည်းရုံးရေးအတွက် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လျက် ရှိသည်။

Ref:AFP
Mizzima - News in Burmese
အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိ ကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့် မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

Photo: အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ
Monday, September 15, 2014

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေး ရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူ တယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြား သည်။

အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင် သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။

“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။

“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . . 
ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။

ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။

“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။

မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

Eleven Media Group
အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေး ဖမ်းဆီး မှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေး ရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်

Photo: မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်
Monday, September 15, 2014

ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

“အကယ်ဒမီအတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှုကလည်း ပြီးသလောက် ဖြစ်နေပါပြီ။ နောက်လထဲမှာ အကယ်ဒမီစင်မြင့် ဆောက်ဖို့၊ အကယ်ဒမီဗန်းကိုင် ရွေးဖို့ကိစ္စတွေ စလုပ်တော့မယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွေးလိုက်တာကလည်း ဒီရက်လေးက စနေနေ့လည်း ဖြစ်တယ်။ နေ့ကောင်းရက်သာလည်း ကျတဲ့အတွက် ရွေးလိုက်တာပါ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ၂၀၁၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှ စုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင်ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကာ ခြောက်ကားကို နောက်ဆုံးဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ်လိုက်ကြောင်းကို ကြိုတင် ကြေညာခဲ့ခြင်းခဲ့အပေါ် ရုပ်ရှင်လောကသား အချို့က ဝေဖန်ခဲ့ကြသည်။

“ကျွန်တော် ကိုယ်တိုင်လည်း ဆန်ကာတင် ဇာတ်ကား အမည်တွေကို ကြိုတင်ကြေငြာတာနဲ့ ပတ်သက်ပြီး သဘောသိပ်မကျပါဘူး။ မြန်မာရုပ်ရှင်ဇာတ်ကားက တစ်နှစ်ကို ဆယ်ကားကျော်လောက်ပဲ ထွက်တော့တာဗျာ။ ဒီထဲကနေမှ ခြောက်ကားကို ဆန်ခါတင် ရွေးလိုက်ကြောင်း ကြေညာလိုက်တော့ ဒီဇာတ်ကားတွေကို ကြည့်ပြီးတဲ့ ပရိသတ်တွေတောင် ဆုရမယ့်သူကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်မှာပဲ။ ဒါဆို အကယ်ဒမီပေးပွဲ အပေါ် ပရိသတ် စိတ်ပါဝင်စားမှုက လျော့သွားမှာပဲလေ” ဟု မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးဆန်ခါတင် ဇာတ်ကားများကို ကြိုတင် ကြေညာခဲ့ခြင်းအပေါ် ဒါရိုက်တာဦးနှင်းမိုးက ဝေဖန်ထောက်ပြသည်။ 

“အကယ်ဒမီ ဆိုတာကတော့ မလိုချင်တဲ့ အနုပညာရှင် မရှိပါဘူး။ အနုပညာလောကမှာ အစ်မက ကျန်တဲ့အရာတွေနဲ့ ပတ်သက်ပြီး သိပ်ပြီး ရုန်းကန်ရတာမျိုး မရှိဘူး။ ဒါပေမဲ့ အကယ်ဒမီနဲ့ ပတ်သက်ရင်တော့ အစ်မက အမြဲတမ်း ကံဆိုးပါတယ်။ အဲဒီအတွက် သိပ်ပြီး မမျှော်လင့်ရဲပါဘူး။ အစ်မနဲ့ စုန်းပြူး ဇာတ်ကားမှာ အတူတွဲပြီး သရုပ်ဆောင်ရတဲ့ မသိင်္ဂီထွန်းတို့ ဆိုလည်း ကောင်းတာပဲလေ” ဟု စုန်းပြူး ရုပ်ရှင်ဇာတ်ကားနှင့် အမျိုးသမီးဇာတ်ပို့ဆု ရရန် ရေပန်းစားနေသည့် သရုပ်ဆောင် ခိုင်သင်းကြည်က ပြောကြားသည်။

The Voice Weekly
ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

မယူတောင်တန်းမှ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာရောက်

တောဆင်ရိုင်းများ အများဆုံးလာရောက်ကျက်စား လျက်ရှိသော မောင်တောမြို့နယ် မယူတောင်တန်းတွင် ဆင်ဖမ်း ဆီးခြင်း၊ အယဉ်သွင်းခြင်းလုပ် ငန်းများကို ဆင်ဖမ်းအဖွဲ့တစ်ဖွဲ့ က လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့ပြီး ယခုအခါဆင်ဖမ်းခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်၍ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာ ရောက်သောင်း ကျန်းမှု များရှိနေ ကြောင်း မယူတောင်တန်းအနီး နေထိုင်လျက်ရှိသည့် ရွာခံများကပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု ငါးလအတွင်း ဒေါ်လာသုံးဘီလီယံကျော်

မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထား သော ပမာဏ၏ ထက်ဝက်ကျော်ဖြစ်သော အမေရိကန်ဒေါ်လာသုံးဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ် ၀င်ရောက်နိုင်

Photo: မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ် ၀င်ရောက်နိုင်
Monday, September 15, 2014

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကယ်လ်မေဂီ(Kalmaegi) ဖြတ်သန်းတိုက်ခတ်နိုင်သည့် မုန်တိုင်းလမ်းကြောင်းပြ သရုပ်ဖော်ပုံကို မုန်တိုင်းစောင့်ကြည့်ရေးဌာန Weather Underground က တွက်ချက်သရုပ်ဖော်ထားပုံ။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်။

 တောင်တရုတ်ပင်လယ် ၌ အားကောင်းနေသည့် တိုင်ဖွန်း မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ၀င်ရောက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။

တောင်တရုတ် ပင်လယ် ၌ ပြီးခဲ့သည့် သုံးရက်ခန့်ကပင် နိုင်ငံတကာအမည်တပ်မုန်တိုင်း Kalmaegi တိုက်ခတ်နေခြင်းဖြစ် ပြီး လက်ရှိခန့်မှန်းချက်များအရ စက်တင်ဘာ ၁၈ ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ၀င်ရောက် လာနိုင်သည်ဟု ခန့်မှန်းထား ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘ဒီနေ့အထိ ခန့်မှန်းချက်ကတော့ မုန်တိုင်းငယ်အနေနဲ့ကို ၀င်လာနိုင်တယ်။ ကုန်းတွင်းမုန်တိုင်းအဖြစ် လာမယ်ဆိုတော့ အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ဖို့ လိုတာပေါ့။ ဒီမုန်တိုင်းပြီးသွားရင်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဆက်တိုက်ဖြစ်လာနိုင်တယ်’’ဟု ၎င်းက ပြော ကြားသည်။

ယင်းမုန်တိုင်းသည် မြန်မာ နိုင်ငံအထက်ပိုင်းဒေသ ကုန်းတွင်းပိုင်းသို့ တစ်နာရီလေတိုက်နှုန်း ၄၅ မိုင်ခန့်ဖြင့် ၀င်ရောက်လာနိုင်သောကြောင့် ကချင်နှင့် ရှမ်းပြည် နယ်ဒေသအချို့တွင် မိုးရော၊ လေပါကောင်းနိုင်ကြောင်း သတိ ပေးထားသည်။

တိုင်ဖွန်းမုန်တိုင်း Kalmaegiသည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အတွင်း ဖိလစ် ပိုင်နိုင်ငံ
မြောက်ပိုင်း ကမ်းခြေသို့ ၀င်ရောက်ကာ ထိုမှတစ်ဆင့် ကုန်းတွင်း မုန်တိုင်းအဖြစ် တရုတ် ပြည်နှင့် ဗီယက်နမ်နိုင်ငံမြောက် ပိုင်ဒေသများသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း အမေရိကန် အမျိုးသား မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ နောက် စက်တင်ဘာ ၁၈ ရက် ညနေတွင် လားရှိုးမြို့ အရှေ့ဘက်မိုင် ၂၅၀ ခန့်၊ မိုင်းယောင်းမြို့မြောက်ဘက် ၂၂၅ မိုင်ခန့် တရုတ်ပြည်မ ယူနန်ပြည်နယ်အတွင်း ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း အဆင့်ဖြင့် ၀င်ရောက်လာနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

လက်ရှိကာလတွင် မြန်မာ နိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာနေ ပြီး စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းတွင် စစ်ကိုင်း၊ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ ကော့သောင်း၊ ကလေးမြို့နှင့် ပုသိမ်ကြီးမြို့ နယ်တို့တွင် ပုံမှန်မိုးရေချိန်ထက် ပိုမိုရွာသွန်းခဲ့ကြောင်း မိုး/ဇလ  ဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း စံချိန်တင်မိုးရွာခဲ့ပြီး မြို့တွင်း မြေနိမ့်ဒေသအချို့ ရေလွှမ်းမိုးမှုကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။

7Day DAILY
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကယ်လ်မေဂီ(Kalmaegi) ဖြတ်သန်း တိုက် ခတ်နိုင် သည့် မုန်တိုင်းလမ်းကြောင်းပြ သရုပ်ဖော်ပုံကို မုန်တိုင်းစောင့်ကြည့်ရေးဌာန Weather Underground က တွက်ချက်သရုပ်ဖော်ထားပုံ။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်။

ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား

Photo: ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား
Monday, September 15, 2014

လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေးခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ယေဘုယျသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အား မန်ယူအသင်းဘုတ် အဖွဲ့က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန်ညွှန်ကြားထားပြီး အမှန်တကယ် အထမြောက်နိုင်ရန် ငွေစိတ်ကြိုက် အသုံးခွင့်ပြုထားကြောင်းသိရသည်။

 မန်ယူက ရော်နယ်ဒိုကို ၂၀၀၉ ခုနှစ် နွေရာသီက ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ် သို့ ရောင်းချခဲ့သည်။ လာမည့် ဇန်န၀ါရီအပြောင်း အရွှေ့ကာလတွင် ဖြစ်နိုင်ခြေ ရှိသောခေါ်ယူမှုအတွက် ပေါ်တူဂီလက်ရွေးစင်ရော်နယ်ဒိုကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်း မည်ဖြစ်သည်။ ယင်းအချိန်တွင် ရော်နယ်ဒိုမှာ အသက် (၃၀)နှစ် ရှိမည်ဖြစ်ပြီး ကမ်းလှမ်းမည့်ငွေပမာဏကိုရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က လက်ခံဖွယ်ရှိသည်။

ရော်နယ်ဒိုကလည်း အသင်းဟောင်းမန်ယူသို့ တစ်နေ့ပြန်လာ လိုကြောင်း ပြော ကြားထားသည်။ ရီးရဲလ်အတွက် ပွဲပေါင်း ၂၅၀ ကစားပေးထားပြီး ၂၅၅ ဂိုး သွင်းယူ ထားသော ရော်နယ်ဒိုသည် ရီးရဲလ်အသင်းကို ဂါရက်ဘေးလ်နှင့် ရိုဒရီဂွတ်ဇ် တို့ ရောက်ရှိလာ ခြင်းကြောင့် အသင်းအပေါ် ၎င်း၏ လွှမ်းမိုးမှု အရှိန်အ၀ါ လျော့ပါး သွားခဲ့သည်။ ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ဥက္ကဋ္ဌပီရက်ဇ်က ချယ်လ် စီးအသင်းမှ ဟားဇက်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Ref: AFP
7Day DAILY
လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေး ခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက် များ ယေဘုယျ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်

Photo: မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်
Monday, September 15, 2014

 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၄ ရက် နံ နက်ကတည်းက စတင်ရွာသွန်းခဲ့ သောမိုးကြောင့် မြို့အတွင်းဖြတ်သန်းစီးဆင်းနေသည့် ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်း မြောင်းရေများလျှံကာ ချမ်းအေးသာစံမြို့နယ်၊   အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနိမ့်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့နေရသဖြင့် ရပ်ကွက်အချို့မှပြည်သူများ  ရေလွတ်ရာလမ်းများပေါ်သို့    တက်ရောက်နေထိုင်နေရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများကပြောသည်။

‘‘မိုးရွာတိုင်း ရေမြုပ်တယ်။ အိမ်အောက်ထပ်က မြုပ်သွားပြီ။ ဒီနှစ်ပိုဆိုးတယ်’’ဟု မန်းတော် သာရပ်ကွက်တွင်နေထိုင်သူ ကို အောင်ကိုလတ်က ပြောသည်။ ရွှေတစ်ချောင်း  ကန်ပေါင်မှာ အသစ်ပြုပြင်ပြီးဖြစ်သော်လည်း ၄၁ လမ်းနှင့် ၄၂ လမ်းရှိ ရွှေတစ် ချောင်းမြောင်းကူးတံတားမှာ နိမ့် နေ၍ အဆိုပါတံတားနေရာမှာ ရေများလျှံကျခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဗထူးအားကစား ကွင်းအတွင်း၌လည်း ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့သဖြင့် ရေစုပ်စက် များဖြင့် စုပ်ထုတ်နေရသော ကြောင့် ယှဉ်ပြိုင်ကစားမည့် ရတ နာပုံအသင်းနှင့် နေပြည်တော် အသင်းတို့၏ ပွဲစဉ်ကို   ညနေ ၅ နာရီနောက်ပိုင်းမှသာ ဗထူး ကွင်းတွင် စတင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ကိုနေမျိုးကပြောကြားသည်။

ရေလျှံနေသည့်  ရပ်ကွက် များနှင့် လမ်းများတွင် သဲအိတ် သုံးထောင်ကျော် ချထားပေးထား ပြီး ရေစုပ်စက်ဖြင့် စုပ်ထုတ် ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦး စိုးတင့်အောင်ကပြောသည်။

7Day DAILY 

စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက်များထံသို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက် များထံ သို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။

ပြည်နယ်အစိုးရဆောင်ရွက်သော ဆောက်လုပ်ရေး စီမံကိန်းများကို ကော် မတီဖွဲ့၍ ပြန်စစ်မည်

ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့သော ဆောက်လုပ် ရေးစီမံကိန်းများကို ကော်မတီ ဖွဲ့ စည်း၍ ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်သည်။

နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး

Photo: နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး
Monday, September 15, 2014

 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ်များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

‘‘အလယ်တန်းအခမဲ့ပညာ ရေးစနစ်လို့သာပြောနေတာ။ နာဂဒေသမှာ စာအုပ်တောင်အလုံ အလောက်မရဘူး။ ခုနစ်တန်း၊  ရှစ်တန်းတွေက တချို့တစ်ဝက်ပဲ ရှိတယ်။ ငါးတန်းဆိုရင် မြန်မာ ဖတ်စာ တစ်အုပ်ပဲရှိသေးတယ်’’ ဟု ပန်ဆောင်မြို့မှ ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

သင်ကြားရေးပြဋ္ဌာန်းစာ အုပ်များမရှိသည့်အတွက် အပြင် ဈေးဆိုင်များမှ ဈေးကြီးပေးကာ ၀ယ်သုံးနေရသော်လည်း စာအုပ် မလုံလောက်သည့် ပြဿနာကြုံ တွေ့နေရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ စာ အုပ်တွေကို ကျောင်းမဖွင့်မီတင် ပို့ပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းကို နှစ်စဉ်တင်ပြပေးနေတာ ပဲ။ နန်းယွန်းမြို့ကို မရောက်လာ တာ။ တချို့ရွာတွေက အမက ကျောင်းတွေဆိုရင် လုံးလုံးမရတဲ့ ကျောင်းတွေတောင်ရှိတယ်’’ဟု ပန်ဆောင်ဒေသခံအထက်တန်းပြ ဆရာ ဦးဌေးဝင်းကပြောသည်။

ကျောင်းများတိုးချဲ့ဖွင့်လှစ် ခွင့်ပြုလာသော်လည်း စီမံချက် များပြောင်းလဲမှုမရှိဘဲ အရင်စီမံ ချက်အတိုင်းဆောင်ရွက်နေခြင်း နှင့် ပုံနှိပ်ဖြန့်ချိရေးမှ စာအုပ်အ လုံအလောက်မပို့ပေးနိုင်ခြင်း ကြောင့်  ကျောင်းသုံးစာအုပ်များ အလုံအလောက်မရှိခြင်းဖြစ် ကြောင်း  နန်းယွန်းမြို့ အထက ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးရှေးကမ်းကပြောသည်။

နိုင်ငံတော်စီမံချက်ဖြင့် အခ မဲ့မူလတန်း၊ အလယ်တန်းပညာ ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သော်လည်း ဝေးလံသည့် နယ်စပ်ဒေသများတွင် စာအုပ်စာတမ်းများနှင့် ကျောင်းသုံးပစ္စည်းများသယ်ယူ ရန် သယ်ယူစရိတ်အတွက် နှစ်စဉ်အခက်အခဲကြုံနေရသည်ဟုဆို သည်။

နန်းယွန်းမြို့နယ်တွင် အ ထက်တန်းကျောင်း သုံးကျောင်း အပါအ၀င် အခြေခံပညာကျောင်း ပေါင်း ၁၁၈ ကျောင်းထိ ဖွင့်လှစ် ထားသည်။

7Day DAILY 

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ် များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေ ရကြောင်း သတင်းရရှိသည်။

သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

Photo: သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
Monday, September 15, 2014

၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှသိမ်းဆည်းခံထား ရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

‘‘စက်တင်ဘာ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ဖို့ စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာကိုခွင့်ပြု ချက်တင်တယ်။ ခွင့်တော့ပြုတယ် ဒါပေမဲ့ ခွင့်ပြုချက်တောင်းခံတဲ့ ပုံစံထဲက လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ခွင့်မပြုဘူး။ ဒါကြောင့် စက်တင်ဘာ ၉ ရက်မှာခွင့်ပြုချက်ဆက်တင်ပြီး စက်တင် ဘာ ၁၄ ရက်မှာ ပထမဆုံးအ ကြိမ်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါ တယ်’’ဟု သိမ်းဆည်းလယ်ယာ မြေများပြန်လည်ရရှိရေး တောင်းဆိုခဲ့သော ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံကိုရန်နိုင်မြင့် ကပြောကြားခဲ့သည်။

မကျီးခွကျေးရွာအုပ်စု၊ မကျီးဘုတ်ကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောကျောင်းကြီးကျေးရွာအုပ်စု၊ သုံးပန်လှကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ၂၃၀ ခန့်သည် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာ ရီအချိန်မှစတင်၍ ချောင်းဦးမြို့ အရဲကျောင်းဘုရားဆိုင်းဘုတ် ရှေ့ (ချောင်းဦး-ပခုက္ကူလမ်း)တွင် စုရပ်အဖြစ် စတင်ဆန္ဒဖော် ထုတ်ခဲ့သည်။

တောင်သူများလုပ်ကိုင်စား သောက်လျက်ရှိသည့် လယ်ယာ မြေဧက ၃၅၅၀ ကို ပြည်သူ့လုပ်အားနေရာချထားရေးဦးစီးဌာနမှ ၁၉၇၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး အမှတ်(၄) ပေါက်အင်းစိုက်ကွင်းအဖြစ် သတ်မှတ်ကာ ဂျုံ၊ ကုလားပဲစိုက်ခင်းများ တောင်သူများသို့ အနှီး (အငှား)ချကာစိုက်ပျိုးစေ ခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတအပါ အဝင် လွှတ်တော်ရေးရာကော် မတီများ၊ ဝန်ကြီးဌာနများသို့ တင် ပြခဲ့သည်။ ၂၀၁၃ နိုဝင်ဘာအ တွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ် ယာမြေများအား မြေယာပိုင်ဆိုင် မှုပုံစံ(၁)လျှောက်ထားခဲ့သဖြင့် လယ်သိမ်းခံ တောင်သူများက ကန့်ကွက်ခဲ့သည်။ ၂၀၁၄ မတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ မကျီး ခွကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့်တောင်သူများအား ရပ်/ကျေးမြေအသုံးချစီမံခန့်ခွဲမှုကော် မတီက စစ်ဆေးခဲ့ကြောင်း သိ ရသည်။

7Day DAILY 

ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှ သိမ်းဆည်း ခံထားရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒ ထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

နာဂဒေသ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍဖြစ်

နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်း ပန်းဆက်သွယ်ရေး အခန်းကဏ္ဍ သာ အဓိကဖြစ်သည်ဟု ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသဥက္ကဋ္ဌ ဦးရူစံကြူးက ပြောသည်။

တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်

Photo: တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်
Monday, September 15, 2014

ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြသည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့် သည့် နည်းအတိုင်း အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက် သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ခေါင်းကိုက်ခြင်းကို အဓိကဖြစ်စေနိုင်သောအရာမှာ စိတ်ဖိစီးခြင်းဖြစ်ပြီး ခေါင်း တစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် တရားထိုင်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာရေဗက္ကာ အာဝင်ဝဲလ်စ်က ‘‘Headche’’ဂျာနယ်တွင် ယခုသီ တင်းပတ်အတွင်း ထောက်ပြရေး သားထားသည်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ ၁၉ ဦးကို သုတေသီများက အုပ်စုနှစ်စုခွဲကာ ၁၀ ဦးကိုတရားထိုင်ခြင်း၊ ယောဂနည်းအတိုင်း အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ရန် ညွှန်ကြားခိုင်းစေခဲ့သည်။ ၎င်းတို့ကို သီတင်းအပတ်စဉ်တိုင်း ငါးရက်ကြာမျှတစ်နေ့လျှင် ၄၅ မိနစ်စီ တရားထိုင်ခိုင်းခဲ့သည်။ အခြားဝေဒနာရှင်ကိုးဦးကို စံချိန်မီဆေးဝါးများဖြင့် ကုသပေးခဲ့သည်။ ထို့နောက်၎င်းတို့၏ ခေါင်းကိုက်ဝေဒနာခံစားရမှုအဆင့်နှင့် ကြာမြင့်ချိန်တို့ကို သုတေသီများက မေးမြန်းလေ့လာခဲ့သည်။

တရားထိုင်သော ဝေဒနာရှင်များမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာလျော့ပါးသွားပြီး ဝေဒနာပြင်းထန်မှုပိုနည်းသွားကြောင်း သု တေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင် ရာကျန်းမာရေးပိုကောင်းလာပြီး ခေါင်းကိုက်ဝေဒနာကို ထိန်းချုပ် ခံစားနိုင်မှုလည်း ပိုလာကြောင်း ဒေါက်တာဝဲလ်စ်ကပြောသည်။

တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ခေါင်းကိုက်ဝေဒနာကို ကုသသူများမှာ ဆေးဝါးဖြင့်ကုသသူများထက် ပိုမိုသက်သာမှုရှိကြောင်း ယခု လေ့လာမှုကဖော်ပြသည်။ 

Ref:UPI
7Day DAILY
ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာ ထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်

Photo: ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်
Monday, September 15, 2014

တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေးသွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။

‘‘တတိယတစ်ကိုယ်တော် ခွေကို ဇူလိုင်လောက် ထွက်မယ် လို့ ပြောထားတာ။ ဒါပေမဲ့ ကျန်း မာရေး မကောင်းတာနဲ့ ကောင်း ပြန်တော့လည်း ဆိုတာ အားမရ လို့ ခုမှ ဆိုရတာဆိုတော့ ပြော ထားတာနဲ့ အချိန်နဲ့ ဟနေလို့ ပရိသတ်ကိုတောင်းပန်တဲ့အနေနဲ့ တင်ပေးဖြစ်တာ’’ဟု ၎င်းက ပြော သည်။

အွန်လိုင်း   တင်ပေးမည့် သီချင်းသုံးပုဒ်မှ တစ်ပုဒ်ကို စက် တင်ဘာလဆန်းတွင်   တင်ပေး ထားပြီး    ကျန်သည့်နှစ်ပုဒ်ကိုမူ ဆယ့်ငါးရက်ခန့်စီခြား၍ တင်ပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘လောလောဆယ် အတိတ် ရဲ့ အရိပ်ဆိုတဲ့ သီချင်းတင်ထား တယ်။ အဲဒီသီချင်းက ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ တတိယတစ်ကိုယ်တော်ခွေရဲ့ နာမည်ကိုလည်း ဒီသီချင်းထဲမှာ ပါတဲ့ အနှေးပြကွက်ဆိုတဲ့ စကား လုံးလေးကို ကြိုက်လို့ သုံးထား တယ်’’ဟု လင်းနစ်က ပြောသည်။

ယင်းအခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး ၎င်းကိုယ် တိုင်ရေးထားသည့် သီချင်းရှစ်ပုဒ် ပါဝင်ကာ ကိုယ်ပိုင်သံစဉ်သီချင်း များသာ ပါဝင်မည်ဟု ၎င်းက ပြောသည်။

‘‘ဒီအခွေမှာ သီချင်းဟောင်း တစ်ပုဒ်ပြန်ဆိုချင်တယ်ဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ဆိုနေကျ    ဆရာစောဘွဲ့မှူးရဲ့ သုခုမ၏ သီးသန့်ပိုင်ရှင်သီချင်း ကို သူငယ်ချင်းတွေ ရွေးပေးလို့ ဆိုထားတယ်’’ ဟု    ၎င်းက ပြော သည်။

ယင်းသီချင်းခွေအတွက် သီချင်းနှစ်ပုဒ် အသံသွင်းရန် ကျန် ရှိနေပြီး အောက်တိုဘာလကုန် တွင် ထွက်ရှိနိုင်ရန် ကြိုးစားသွား မည်ဟု ၎င်းက ဆိုသည်။

7Day DAILY
တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေး သွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။

ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ

Photo: ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ
Monday, September 15, 2014

ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

ဂျေးဇီသည် စက်တင်ဘာ ၁၂ ရက်ညတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြု လုပ်သော ဖျော်ဖြေပွဲအတွင်း ၎င်း၏ သီချင်း Beach Is Better ကို သီဆိုခဲ့ သည်။ ဂျေးဇီသည် သီချင်းစာသားအချို့ကို‘‘သူကလေးက နောက် ထပ် တစ်ယောက် ကိုယ်ဝန်ဆောင်ထားတယ်’’ဟူ၍ ပြောင်း လဲသီဆိုခဲ့ရာမှ ဘီယွန်းစေး ၌ ဒု တိယကိုယ်ဝန်ရှိနေပြီဟူသော သတင်းများ ပို၍ ထွက်ပေါ်စေ ခဲ့သည်။

ဘီယွန်းစေးနှင့် ဂျေးဇီတို့၌ ၂ နှစ်အရွယ် သမီးတစ်ဦးရှိသော် လည်း ၎င်းတို့အိမ်ထောင်ရေးမှာ အဆင်မပြေ၍ ကွာရှင်းပြတ်စဲ တော့မည်ဟူသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိသည်။

စက်တင်ဘာ ၁၂ ရက် ညတွင် ဂျေးဇီသီချင်းစာသား ပြောင်းလဲသီဆိုမှုနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်စားလှယ်က မည် သည့်မှတ်ချက်မှ ပြောကြားခြင်းမရှိဟုလည်း Raclar သတင်းက ဖော်ပြသည်။ ဂျေးဇီနှင့် ဘီယွန်းစေးတို့ ဇနီးမောင်နှံသည် လက်ရှိတွင် ဥရောပတိုက်သို့ ‘‘On the Run’’ အမည်ရ ဖျော်ဖြေရေးခရီးထွက် လျက်ရှိသည်။

Ref:IB Times
7Day DAILY
ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယ ကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

ဟိုတယ်အသစ်ဆောက်လိုသူများ တိုင်းအစိုးရခွင့်ပြုချက်ရယူရန်မလိုတော့

မန္တလေးတိုင်းဒေသကြီး အတွင်း ဟိုတယ်အသစ်ဆောက် လုပ်လိုသူများအနေဖြင့် တိုင်းဒေ သကြီးအစိုးရ ခွင့်ပြုချက် ရယူရန် မလိုအပ်တော့ကြောင်း သတင်း ရရှိသည်။

ချင်းပြည်နယ်တွင် မိုးရာသီအတွင်းဆိုင်ကယ်များဖြင့်သာ အဓိကသွားလာနေရ

Photo: ချင်းပြည်နယ်တွင် မိုးရာသီအတွင်းဆိုင်ကယ်များဖြင့်သာ အဓိကသွားလာနေရ
Monday, September 15, 2014

မိုးရာသီကာလဖြစ် သော လေးလတာအတွင်း မိုးများ ချိန်တွင် ဒေသခံ တိုင်းရင်း သားများ အနေဖြင့် ပြည်နယ်အတွင်းတစ် နေရာနှင့်တစ်နေရာသွားလာရာ တွင် ဆိုင်ကယ် များကိုသာ အဓိ ကအားထား၍ သွားလာနေရကြောင်း ဒေသခံပြည်သူ များထံမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပြုလုပ်ရသည်မှာ ချင်းပြည်နယ်အတွင်းရှိတောင် ကုန်းတောင်တန်းများသည်တစ်ခု နှင့်တစ်ခု ဆက်စပ်တည်ရှိမနေ ဘဲ၊ သက်နုကျောက်များဖြင့်ဖွဲ့ စည်းတည်ရှိနေခြင်းကြောင့်မိုးရာ သီကာလမိုးများစွာရွာသွန်းသော အခါတွင် လမ်းပိုင်းများပြိုကျပြီး ကားလမ်းများ ပိတ်နေတတ် သည်။ ထိုအခါတွင်ဆိုင်ကယ်များ ဖြင့်သွားလာမည်ဆိုပါက ဆိုင် ကယ်များအား ထမ်း၍ လွယ်လင့် တကူ ဖြတ်ကျော်သွားလာနိုင် ခြင်း၊ ခရီးတွင်ခြင်းတို့ကြောင့် မိုးရာသီကာလဆိုင်ကယ်များဖြင့် သွားလာနေရခြင်းဖြစ်သည်။

‘‘ဆိုင်ကယ်နဲ့ဆိုတော့တော် ရုံလမ်းပိတ်တာလောက်တော့ ဖြတ်ကျော် သွားလာလို့ ရတယ်။ ပျက်ရင်လည်း ပြင်ရတာလွယ် တယ်။ တောင်ယာ ထွက်သီးနှံကုန် စည်တွေအပါအ၀င် ကဏ္ဍစုံအ တွက် အသုံးပြုသွားလာရတာ လွယ်တဲ့အတွက်ကြောင့် ဆိုင် ကယ်နဲ့ပဲ မိုးရာသီကာလမှာအဓိ ကထားသွားလာနေရတယ်’’ဟု ချင်းတိုင်းရင်းသားတစ်ဦးကပြော သည်။

တရုတ်နိုင်ငံထုတ် Kenbo တံဆိပ် 125အင်ဂျင်ပါဝါရှိဆိုင် ကယ်တစ်စီးလျှင် ကျပ်ခြောက် သိန်းဝန်းကျင်သာရှိပြီး ချင်းတောင်တန်းပေါ်တွင် ဆိုင်ကယ် များက သွားလာရေးအတွက်အသုံးဝင်ဆုံးဖြစ်ကာ အခြားဆိုင်ကယ်များမှာ သွားလာရမလွယ်ကူဘဲပျက်စီးမှုလွယ်ကူသောကြောင့် ယင်းဆိုယ်ကယ်များကိုသာ အားထား သွားလာနေရခြင်းဖြစ်သည်။

7Day DAILY 

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် ခက်ခဲစွာ သွားလာနေကြ ရသည်(ဓာတ်ပုံ − ကိုစိုင်း)
မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် ခက်ခဲစွာ သွားလာနေကြ ရသည်(ဓာတ်ပုံ − ကိုစိုင်း)
မိုးရာသီကာလဖြစ် သော လေးလတာအတွင်း မိုးများ ချိန်တွင် ဒေသခံ တိုင်းရင်း သားများ အနေဖြင့် ပြည် နယ် အတွင်းတစ် နေရာနှင့်တစ်နေရာသွားလာရာတွင် ဆိုင်ကယ်များကိုသာ အဓိကအားထား၍ သွား လာနေ ရကြောင်း ဒေသခံပြည်သူ များထံမှ သတင်းရရှိသည်။

တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ

Photo: တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ
Monday, September 15, 2014

မြစ်ဝကျွန်းပေါ်ဒေသ၊ တ လုပ်လပ်အရှေ့ကျေးရွာကလေး တွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့် ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။

‘‘ကလေးက ဒီတောင်ကို သိပ်တက်ချင်တယ်။ သူ့ဆန္ဒက ဒီ တောင်ထိပ်မှာ ခြေချချင်တာ။ လူ့ဘ၀မှာ လုပ်ချင်တာကို လူတိုင်းမလုပ်နိုင်ဘူးလေ။ ကိုယ့်ကလေး က သူလုပ်ချင်တာ တစ်ခုကို လုပ် နိုင်ခဲ့တာကို အဒေါ်တို့က ဂုဏ်ယူ တယ်။ အခုသူ့အတွက် ကောင်း အောင် မိသားစုတွေ ၀ိုင်းဆု တောင်းပေးတာပဲ တတ်နိုင်ပါ တယ်’’

ပြီးခဲ့သည့် ၁၄ ရက်က ခါ ကာဘိုရာဇီတောင်ထိပ်တွင် မြန် မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ သည့် တောင်တက်သမားကို ဝေယံမင်းသူ၏ တစ်အိမ်တည်း နေ အဒေါ်အရင်းဖြစ်သူက လေ သံမှန်မှန်လေးဖြင့် တစ်လုံးချင်း ပြောသည်။ သြဂုတ် ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်နောက်ပိုင်း ကတည်းကစ၍ စက်တင်ဘာ ၁၄ ရက်အထိ ဝေယံမင်းသူနှင့် အတူ တောင်တက်သော အောင် မြင့်မြတ်တို့နှစ်ဦးမှာ အဆက် အသွယ် လုံးဝပြတ်တောက်နေ သည်။

၎င်းတို့နှစ်ဦးကို ရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်ထူးဖောင်ဒေးရှင်းနှင့် တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း (သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)က စက် တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ခဲ့သည်။ တပ်မတော် (လေ)နှင့် ထူးဖောင်ဒေးရှင်းက ရဟတ် ယာဉ်များအသုံးပြုရှာဖွေခဲ့သည် ဟု ဆိုသည်။ စက်တင်ဘာ ၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ် သားကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်း လုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ယင်းဘလူးစ ကိုင်းအဖွဲ့အနေဖြင့် ရှာဖွေကယ် ဆယ်ရေးဆက်လက်လုပ်ဆောင် ရန် မသေချာတော့ကြောင်း စက် တင်ဘာ ၁၄ ရက်တွင် ထူးဖောင် ဒေးရှင်းမှ ပြောကြားလာသည်။

‘‘ဝေယံမင်းသူမှာ (အသည်း ရောင်အသားဝါ) ဘီပိုးရော၊ စီပိုး ပါရှိတယ်။ ဒါကြောင့် သူတောင် တက်တယ်။ ကျန်းမာတယ်။ သူက အရမ်းစိတ်ဓာတ်ကြံ့ခိုင် တယ်’’ဟု အသက် (၅၆) နှစ်အ ရွယ် ဒေါ်မမလေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်အ ရှေ့ရွာတွင် မွေးဖွားကြီးပြင်းခဲ့ သည့် ကိုဝေယံမင်းသူသည် အထက်တန်းကို ရန်ကုန်မြို့၊ အထက (၂) ကမာရွတ်တွင် တက်ရောက်အောင်မြင်ခဲ့သည်။ ယင်းနောက် သင်္ချာအဓိကဖြင့် ဘွဲ့ရခဲ့သလို တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း(သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)၏ တောင်တက်သမားတစ်ဦး ဖြစ်လာခဲ့ သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ တရုတ် နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာတောင် တန်းအရှေ့ဘက်တွင် တည်ရှိ သည်။ ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့ သော ပထ၀ီလေ့လာမှုစစ်တမ်း တစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅၈၈၁ မီတာ(၁၉၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်အဖြစ် သတ်မှတ်ထား သည်။ ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိအိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံသား နမားဂျွန် ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ ဖူးသည်။

ဝေယံမင်းသူ၊ အောင်မြင့် မြတ်၊ ဟန်လင်းထွန်း၊ ကျော် ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင် မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေ ယျာထွန်း စသည့်တောင်တက်သမားရှစ်ဦးပါဝင်သည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)   အဖွဲ့သည်မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ရန် စီစဉ်ခဲ့ကြသည်။  ပူတာအိုသို့ ရောက်ရှိနေ သော တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူမိသား စုဝင်တို့နှင့် ဆက်သွယ်ရန် 7 Day Daily မှ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း တယ်လီဖုန်းဆက် သွယ်ရေးကွန်ရက်အဆင်မပြေ ခြင်းကို ကြုံရသည်။

‘‘ရှာဖွေရေးက အခုထိ မစရ သေးဘူး။ ဒီမှာမိုးလေ၀သက မ ကောင်းဘူး။ သဘာဝဖောင်ဒေး ရှင်းရယ်၊ ဦးတေဇရယ်၊ တရုတ် တွေရယ်၊ အင်တိုင်အားတိုက် တော့ ရှာနေကြတာပါပဲ။ အခက် အခဲတွေရှိတယ်လို့ ပြောတယ်။ ကျွန်မတို့က ပူတာအိုမှာပဲ စောင့်  နေရတယ်။ အဲဒီတောင်ခြေဘက် ကို သွားဖို့က မလွယ်ဘူး’’ ဟု ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူ အသက် (၅၈) နှစ်အရွယ် ဒေါ်ခင် ဆွေတင်က 7 Day Daily နှင့် ဖုန်းအဆက်အသွယ်ရစဉ်အတွင်း ပြောကြားသည်။

ဝေယံမင်းသူ၏ ဇာတိ တလုပ်လပ် အရှေ့ကျေးရွာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ်တွင်ရှိပြီး  မအူပင်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဧရာ ၀တီမြစ်ဝကျွန်းပေါ်တွင် မွေးဖွား ခဲ့သူ ဝေယံမင်းသူသည်သူ့အသက် (၂၈) အရွယ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ ခြေချနိုင်ခဲ့သည်။

‘‘ကျွန်မတို့ ဘာသာတရားက ကံတရားကို ယုံကြည်တယ်။ ကလေးရဲ့အသက်ရဲ့ကံပဲဆိုတာ ကို နားလည်ထားပါတယ်။ သူက ဘယ်ခရီးသွားသွား အိမ်မှာ လူကြီးတွေကို ကန်တော့ပြီးမှ သွားတတ် တယ်။ နွေးနွေးထွေးထွေးနေတတ် တဲ့ ကလေးတစ်ယောက်ပါ။ အခု သူ့ဘ၀လေး တည်ငြိမ်အောင် မေတ္တာပို့ပေးတာ တစ်ခုပဲပေါ့’’ဟု ဝေယံမင်းသူကို ထိန်းကျောင်းပြု စုလာခဲ့သူ ဒေါ်မမလေးကဆိုပါ သည်။

7Day DAILY 

တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
မြစ်ဝကျွန်းပေါ်ဒေသ၊ တလုပ်လပ်အရှေ့ကျေးရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင် အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့်တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော

Photo: ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့်တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော
Monday, September 15, 2014

ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များတွင် ဘင်္ဂါလီ လူဦးရေလေး သောင်းခန့် တိုးပွားလာနေ ကြောင်း ရခိုင်အမျိုးသားအင် အားစုများက နိုင်ငံတော်သမ္မတ ထံသို့တင်ပြစာတွင် ဖော်ပြထား သည်။

စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူ ညီစောင့်ရှောက်ရေးရဟန်းတော် များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တို့က ဘင်္ဂါ လီလူမျိုးများ နေရာချထားရေး နှင့် ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံ တော် သမ္မတထံသို့ ပေးပို့သော စာတွင် ယင်းကဲ့သို့ ဖော်ပြထား ခြင်းဖြစ်သည်။

ယင်းတင်ပြစာကို စက်တင် ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှတစ်ဆင့်နိုင်ငံတော် သမ္မတထံ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကဆိုသည်။ အဆိုပါ စာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ ဘင်္ဂါလီလူမျိုး ၁ ဒသမ ၃၃ သန်းရှိသည့်အနက် ရခိုင်ပြည် နယ်တွင် ၁ ဒသမ ၀၅ သန်းခန့်ရှိ ကြောင်း၊ သန်းခေါင်စာရင်းကာ လတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ လူမျိုးခြောက်ထောင်သာစာရင်း ကောက်ခံပြီး ကျန်သူများမှာ တရားမ၀င် ရိုဟင်ဂျာအမည်ခံ၍ စာရင်းအကောက်မခံဘဲဖီဆန်နေ ကြောင်းနှင့် ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များ၌ ဘင်္ဂါလီလူဦးရေ လေး သောင်းခန့် တိုးပွားလာနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။

ယင်းအချက်နှင့် စပ်လျဉ်း၍ ‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ကျွန် တော်တို့ကို ပြောကြားထားတာ တွေရှိပါတယ်’’ ဟု စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးခင်ရီထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရုံးအဖွဲ့မှူးသို့ ဆက်သွယ်၍ စာဖြင့်ရေးသားအ ကြောင်းကြားထားရန်နှင့် ၀န်ကြီး ခရီးထွက်နေသောကြောင့် လတ် တလောတွင် ပြန်လည်ဖြေကြား ရန် အဆင့်သင့် မဖြစ်သေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဒုက္ခသည်စခန်း များတွင်လူဦးရေတိုးပွားလာခြင်း မှာ တရားမ၀င်ဝင်ရောက်နေထိုင် သူများရှိနေ၍ဖြစ်ကြောင်းရခိုင်အ မျိုးသားအင်အားစုများကသုံးသပ် သည်။

ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး စောင့် ရှောက်မှုများ ထောက်ပံ့မှုရခြင်း ကြောင့်လည်း ယင်းကဲ့သို့ ၀င် ရောက်နေထိုင်မှုမျိုးရှိကြောင်း ၎င်းတို့ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ အမှတ် (၄) ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ အခြားဒေသများမှ ခိုးဝင်မှု၊ ခိုး ထွက်မှုများရှိတတ်ပြီး လုံခြုံရေး တပ်ဖွဲ့များက ပင်လယ်ပြင်ဝင် ပေါက်ကို အချိန်ပြည့် စောင့် ကြည့်နေရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှာ စစ်တွေ မြို့အနောက်ပိုင်းတွင် အများဆုံး တည်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ရှိသည်ဟု ခန့်မှန်းထား သည်။ သို့သော် ဒေသအတွင်း အဖွဲ့အစည်းများက တစ်ဖက် နိုင်ငံ ပင်လယ်ရေလမ်းမှ တစ် ဆင့် ခိုးဝင်မှုများ ရှိနေသည့်အ တွက် ယင်းပမာဏထက် များ ပြားနိုင်ကြောင်း ဆိုသည်။ တစ် ဘက်နိုင်ငံ နယ်စပ်မောင်တော တွင်မူ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုမှ မရှိသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်းသားလူဦးရေမှာ ၈ ရာခိုင်နှုန်းခန့် သာရှိကြောင်း သတင်းရရှိသည်။

ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူစသည့် မြို့နယ် များ၌လည်း ဘင်္ဂါလီ ဒုက္ခသည် စခန်းများတည်ရှိသည်။

7Day DAILY 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များတွင် ဘင်္ဂါလီ လူဦးရေလေး သောင်းခန့် တိုးပွား လာနေ ကြောင်း ရခိုင်အမျိုးသားအင်အားစုများက နိုင်ငံတော်သမ္မတ ထံသို့တင်ပြစာတွင် ဖော်ပြထားသည်။