Wednesday, 10 September 2014

ရွှေလီ မြစ်ရေ ပေးဝေရေး စီမံကိန်းနှင့် ပတ်သက်၍ နမ့်ခမ်း ကျားဖြူ ကိုယ်စားလှယ်က ပြည်နယ် လွှတ်တော် အစည်း အဝေးတွင် တင်သွင်း

Photo: ရွှေလီ မြစ်ရေ ပေးဝေရေး စီမံကိန်းနှင့် ပတ်သက်၍ နမ့်ခမ်း ကျားဖြူ ကိုယ်စားလှယ်က ပြည်နယ် လွှတ်တော် အစည်း အဝေးတွင် တင်သွင်း
Wednesday, September 10, 2014

ရွှေလီမြစ်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်ရန် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်း တစ်ခုအား သျှမ်းပြည်နယ် အစိုးရမှမူအားဖြင့် သဘောတူ ထားသည်ဖြစ်ရာ လက်တွေ့ဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုမှ ကန့်ကွက်မည် မလွှဲဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင် အဆိုတင်သွင်းလိုက်ပါသည်။

အဆိုပါရွှေလီမြစ်ရေပေးဝေရေး လုပ်ငန်းကို ပြည်သူလူထုမှ ကန့်ကွက်နေသည့်ကြားက အကောင်အထည်ဖော်ဆောင် ရန်လုပ်ဆောင်နေသည်ကို သျှမ်းပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း လည်းလွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းတင်ဦးက သျှမ်းပြည်နယ်လွှတ်တော်တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် စိုင်းတင်ဦး၏ မေးမြန်းချက်ကို သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက “ စီမံကိန်း ရပ်ဆိုင်းမည် မရပ်ဆိုင်းမည်ကိုပြည်သူ့အထောက်အကူပြုကော်မတီများနဲ့ ညှိနှိုင်းဆောင်ရွက်ကာ ပြည်သူရဲ့သဘောထားပေါ်မူတည်ပြီးဆောင် ရွက်သွားမည် ” ဟု ဖြေကြားသွားခဲ့သည်။

ရွှေလီမြစ်ရေကိုသောက်သုံးရေရရှိသည်အထိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါရေဖြင့် နမ့်ခမ်းမြို့ခံလူထုအား ပထမဦးဆုံးပေးဝေသွားမည်ဖြစ်ပါသည်။

လက်ရှိပုဂ္ဂလိက ကုမ္မဏီခြောက်ခုမှနမ့်ခမ်းမြို့နယ်အတွင်းရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေပြီဖြစ်သဖြင့် သောက် သုံးရေလည်း လုံလောက်စွာရရှိနေပြီဖြစ်ကြောင်း စိုင်းတင်ဦးကပြောသည်။

ရွှေလီမြစ်ရေကိုသောက်သုံးရေအတွက် ပေးဝေမည်ဆိုပါက - မြစ်ရေဆယ်ယူမည့်နေရာသည် မြစ်အကျေပိုင်းတွင်ကျ နေသဖြင့် ရေထဲတွင်ဓါတုပစ္စည်း အညစ်အကြေးများ ပါဝင်နေ ခြင်း (ရေမသန့်ခြင်း) ကြောင့် လူသားများအတွက် အဆိပ်အတောက်ဖြစ်နိုင်ကြောင်း၊ရေပိုက်သွယ် စက်ရုံထောင်မှုကြောင့် သဘာဝပါတ်ဝန်းကျင်ကိုလည်းထိခိုက်မည် ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ စီမံကိန်းအ တွက်မြစ်လက်တက်သုံးခုကို ပိတ်လိုက်ရမည်ဖြစ်သဖြင့် တောင်သူလယ် သမားများစိုက်ပျိုးရေ အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း စိုင်းတင်ဦးကတင်ပြခဲ့ပါသည်။

ထိုကြောင့် ဒေသခံလူထု မလိုလားသော ရွှေလီမြစ်ရေပေးဝေရေးစီမံကိန်းနှင့် ပါတ်သက်၍ သျှမ်းပြည်နယ်စည်ပင် သာယာရေး ဝန်ကြီးဦးစိုင်းလှဝင်း၏ ပြန်လည်ဖြေကြားချက်အပေါ် ကျေနပ်မှုမရှိကြောင်း စိုင်းတင်ဦးက သျှမ်းသံတော် ဆင့်အား ဤကဲ့သို့ ဆက်လက်ပြောပြသည်။

“အထောက်အကူပြုကော်မတီကို ဆွေးနွေးပြီးတင်ထားတာရှိတယ်လို့ သျှမ်းပြည်နယ်စည်ပင်ဝန်ကြီးကပြောတယ်။ လက်တွေ့မှာ အထောက်အကူပြု ကော်မတီသုံးရပ်ကိုဆွေးနွေးထားတာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အထောက် အကူပြုကော်မတီ သုံးရပ်နဲ့ကျတော်တို့ဟာ အမြဲထိတွေ့နေတယ်လေ။ သူတို့ဆီကိုလည်းဘာမှ တင်ထားတာမရှိဘူး လို့ပြောတယ်။ ဒါဟာ လှည့် ပတ်ပြီး ဖြေနေတာလို့ဘဲ ကျနော်ထင်တယ် ” ဟုပြောကြားခဲ့သည်။

လသာသာ ကုမ္မဏီသည် တရုတ်ရေနံဝမ်ပေါင်ကုမ္မဏီ ၏ လက်အောက်ခံကုမ္မဏီဖြစ်သည်ဟု သိရပါသည်။

ရွှေလီမြစ်ရေအား သောက်သုံးရေအဖြစ် သန့်စင်ပြီး နမ့်ခမ်းလူထုအား ဖြန့်ဝေပေးရန် တရုတ် လသာသာ ကုမဏီက ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးစားခဲ့ပါသည်။ သို့သော် ဒေသခံတွင်း ရှမ်းပါတီ ၂ ခုကျားခေါင်း ပါတီဝင် (SNLD) ၊ ကျားဖြူ ပါတီဝင် SNDP နှင့်လူထုက အလိုမရှိသဖြင့်စုပေါင်းလက်မှတ်ရေးထိုးထားကာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက် စာပေးပို့ဖူးသည်။ သို့သော် နမ့်ခမ်းမြို့ စည်ပင်ဥက္ကဌက စိုင်းချစ်ရွှေက သျှမ်းပြည်နယ်အစိုးရသစ်တောနှင့် သတ္တုတွင်း ဝန်ကြီး (ကျားဖြူပါတီ ဥက္ကဌ) စိုင်းအိုက်ပေါင်း ထံမှ ခွင့်ပြုချက်ရထားသည်ဟု ရပ်ကွက်၊ ကျေးရွာ အကြီးအကဲများ အား ခေါ်ယူပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ကလည်း အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့သူ၊မြို့သားများနှင့် စီမံကိန်း တည်ရှိရာ ဒေသအတွင်း ရွာသူရွာသား ၃၀၀၀ ကျော်က သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်စာ ထပ်မံပေးပို့ခဲ့ကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့် /ယိင်းတိုင်း
ရွှေလီမြစ်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်ရန် ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်းတစ်ခုအား သျှမ်းပြည်နယ် အစိုးရမှမူအားဖြင့် သဘောတူထားသည်ဖြစ်ရာ လက်တွေ့ဆောင်ရွက်မည်ဆိုပါက ပြည်သူ လူထုမှကန့်ကွက်မည်မလွှဲဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးစိုင်းတင်ဦးက ပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်း အဝေးတွင် အဆိုတင်သွင်းလိုက်ပါသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရာမှ ပစ်ခတ်မှုကြောင့် ၂ ဦးသေ တဦးဒဏ်ရာရ

Photo: မူးယစ်ဆေးဝါးဖမ်းဆီးရာမှ ပစ်ခတ်မှုကြောင့် ၂ ဦးသေ တဦးဒဏ်ရာရ
Wednesday, September 10, 2014

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲများပူးပေါင်း၍ မူးယစ်ဆေးဝါးသုံးစွဲ သူများအား ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အဖမ်းခံရသူများထဲမှ သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါ သည်။

နမ္မတူမြို့နယ် မန်စံမိန်းမုဘက်က မန်စံရေထိန်းတော နမ့်ဆီလင်းချောင်းဦးတွင်ဖမ်းဆီးခဲ့ပြီးပစ်ခတ် မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၈ ရက်နေ့က အခင်းဖြစ်ပွါးခဲ့ပြီး အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၂၄ တပ်ကဖြစ်ကြောင်း နမ္မတူမြို့နယ် ပန်ဟိုက်ဘက်ကလာခြင်းဖြစ်ကြောင်း နမ္မတူဒေသခံ စိုင်းခမ်း က ပြောသည်။

“နမ့်ဆီလင်း မူးယစ်ဈေးကနေ ဖမ်းဆီးလာတာ။ မူးယစ်သုံးစွဲသူ ၁၂ ယောက်ဖမ်းဆီးရမိတယ်။ အဲဒီက ထွက်လာတော့ အဖမ်းခံရသူ ၁၂ ယောက်ထဲက ၂ ယောက်က ထွက်ပြေးဖို့ ကြိုးစားတော့ ပစ်ခတ်မှုဖြစ် ပွါး တဲ့အထိ ဖြစ်ရတယ်။ တယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တယောက်ကတော့ မန်စံဆေးရုံ ရောက်ပြီးမှ သေ တယ်။ အဖမ်းခံရသူတွေအများစုက တခြားကလာတဲ့လူတွေ မျက်နှာစိမ်းတွေ ဒေသ တွင်းက ၁ ယောက် ၂ ယောက်ဘဲ ပါတယ်။” ဟု စိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတဦးမှာ မန်စံဒေသတွင်နေထိုင်သူ တရုတ်လူမျိုး အားဆန်းဖြစ်ကြောင်း လားရှိုး ဆေးရုံသို့ပို့ဆောင်ဆေးကုနေကြောင်း သိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ သည့်ဈေးရှိ နေပြီး အဆိုပါဈေးအား ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေသေနတ်နှင့် အခြားလက် နက်များကိုင်ဆောင်သည့် သူများကင်းစောင့်ပေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာ အလုပ်လုပ်ကိုင်ရေးအတွက်ပင် ခက်ခဲကြောင်း ထိုဒေသတွင် နေထိုင်သူများလည်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွင်းခံရမှု မကြာခဏ ရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သည့် စိုင်းအိုက်စိုင်း ကပြောပါသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲများပူးပေါင်း၍ မူးယစ်ဆေးဝါးသုံးစွဲ သူများအား ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အဖမ်းခံရသူများထဲမှ သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက် က ဆိုပါ သည်။

မြန်မာအိမ်ကူလုပ်သား ပြည်ပစေလွှတ်မှု အပြီးသတ်ရပ်ဆိုင်း

Photo: မြန်မာအိမ်ကူလုပ်သား ပြည်ပစေလွှတ်မှု အပြီးသတ်ရပ်ဆိုင်း
Wednesday, September 10, 2014

မြန်မာအိမ်အကူ လုပ်သား ပြည်ပသို့ေ စလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြော သည်။

မြန်မာနိုင်ငံမှ အိမ်အကူလုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့်လပိုင်းက ယာယီ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုံးဝ စေလွှတ်ခြင်းမပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။
“ပြီးခဲ့တဲ့ တနင်္လာနေ့က ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ၀န်ကြီး က ပြည်ပအိမ်အကူလုပ်သားစေလွှတ်မှုကို လက်မခံတော့ဘူး”” ဟု ဦးစိုး မြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်အကူလုပ် သားစေလွှတ်မှုကို စင်္ကာပူနိုင်ငံ တစ်နိုင်ငံတည်းကိုသာ တရားဝင်ခွင့်ပြုပေးထားခဲ့ပြီး မလေးရှား၊ ဟောင်ကောင်နိုင်ငံများမှလည်း မြန်မာအိမ်အကူလုပ်သားထောင်နှင့်ချီခေါ်ယူရန် ကမ်းလှမ်းထားမှုများရှိခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးဆဲအဆင့်မှာပင် ရပ်ဆိုင်းမှုများရှိခဲ့သည်။

စင်္ကာပူသို့ တရားဝင်အိမ်အကူ လုပ်သားစေလွှတ်မှုမှာလည်း မကြာခင်က မြန်မာလုပ်သားတစ်ဦးညှင်းပန်းနှိပ်စက်ခံ ရသည့်ဖြစ်စဉ်ထွက်ပေါ်ခဲ့ပြီးနောက် ဆက်လက်စေလွှတ်ခြင်းမပြုရန် မြန်မာဖက်က ယာယီရပ်နားထားခဲ့ပြီး ယင်းအလုပ်သမားများအတွက် လုံခြုံစိတ်ချရမှုရှိစေမည့် အ ချက်များပါဝင်သည့် ညှိနှိုင်းမှုများဖြင့် MOU ရေးထိုးရန် စီစဉ်ခဲ့သေးကြောင်း ယခုအခါ ယင်းအစီအစဉ်ပျက်ပြယ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။

မကြာသေးမီ လပိုင်းက စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက မြန်မာအပါအ၀င် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအစရှိသောနိုင်ငံများမှ အိမ်အကူများအား ဈေးဝယ်စင်တာတခု၌ လူသုံးကုန်သဖွယ် လျော့ဈေးပေး အရောင်းမြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြသည်။

မြန်မာအမျိုးသမီးများအနေဖြင့် ပြည်ပနိုင်ငံများတွင် အိမ်အကူလုပ်သား အဖြစ် သွားရောက်လုပ်ကိုင်နေခြင်းကြောင့် ဖိနှိပ်ညှင်းပန်းခံရမှုများလည်း မကြာခဏ ထွက်ပေါ်နေခဲ့ကာ ယင်းဖြစ်ရပ်များကြောင့် အစိုးရအပေါ် ဝေဖန်မှုများလည်း ထွက်ခဲ့သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ လက်ရှိအချိန်ထိ မြန်မာအမျိုးသမီးများအနေနှင့် ပြည်ပနိုင်ငံများတွင် အိမ်အကူလုပ်သားများအဖြစ် တရားမ၀င်လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပုံ- မြန်မာအိမ်အကူများအား စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက ဈေးလျော့၍ အလုပ်ရှင်များအား ဆွဲဆောင်နေပုံ
ပုံ- မြန်မာအိမ်အကူများအား စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက ဈေးလျော့၍ အလုပ်ရှင်များအား ဆွဲဆောင်နေပုံ
မြန်မာအိမ်အကူ လုပ်သား ပြည်ပသို့ေ စလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြော သည်။

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခြေတစ်ချောင်းဖြတ် ပစ်လိုက်ရသည့် အလုပ်သမား လျော်ကြေး မရသောကြောင့် ဆေးဝါးကုသရန်ပင် အခက်အခဲဖြစ်နေ

Photo: လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခြေတစ်ချောင်းဖြတ် ပစ်လိုက်ရသည့် အလုပ်သမား လျော်ကြေး မရသောကြောင့် ဆေးဝါးကုသရန်ပင် အခက်အခဲဖြစ်နေ
Wednesday, September 10, 2014

မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာတွင် နေထိုင်သော ကိုမြင့်လွင်ဦးသည် တရွာတည်းနေ လယ်ဧကများစွာ ပိုင်ဆိုင်သော ၀န်ထမ်း ဇနီးမောင်နှံထံတွင် ၃နှစ်ကျော်ကြာ အလုပ်လုပ်ကိုင် ပြီးနောက် သြဂုတ်လလယ်တွင် ချွေလှေ့စက်မောင်းရာမှ ခြေထောက်တစ်ချောင်း လုံးနီးပါး ဖြတ်တောက်လိုက်ရသည်။ သို့သော်လည်း လျော်ကြေး တစ်စုံတရာမရဘဲ ဆေးကုသရန် အခက်အခဲ ဖြစ်နေသောကြောင့် မန္တလေး ရွှေတောင်ဦးပညာဒါနကျောင်း ဆရာတော် ရှင်ဝေပုလ္လက ကျပ်တသိန်း မတည်ပေးလိုက်ကြောင်း သိရသည်။

ထိုသို့နှစ်ရှည်စာရင်းငှားအဖြစ်လုပ်ကိုင်နေသော ကိုမြင့်လွင်ဦးမှာ စလင်းမြို့နယ် ငွေတောင်ကျေးရွာရှိ ငွေတောင်ကျောင်းတိုက်ဘုန်းကြီးကငယ်စဉ်ကတည်းက မွေးစားထားသော သူဖြစ်သည်။ ယခုလိုမသန်စွမ်းဖြစ်ပွားခဲ့သောကြောင့် မိမိအနေဖြင့် ဆေးဖိုးဝါခအကုန်အကျခံချင်သော်လည်း ကျေးရွာလမ်းဖောက်လုပ်ခဲ့သောကြောင့် ငွေပိုငွေလျှံမရှိ၍ မန္တလေးရွှေတောင်ကျောင်းထံမှအကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း စလင်းငွေတောင်ရွာဆရာတော် အရှင် စိန်တိတ္တက ပြောသည်။

မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေကို ရန်ကုန်မြို့ရှိ ပညာတတ်လူတန်းစားများပင် အကျွမ်းတ၀င်မရှိကြကြောင်းနှင့် ကျေးလက်နေတောင်သူလယ်သမားသူရင်းငှားများမှာအလုပ်သမားဦးစီးဌာနများအနီးဝန်းကျင်တွင်မရှိသောကြောင့် အလုပ်သမားအခွင့်အရေးများကို မသိရှိကြကြောင်းလည်းတောင်သူလယ်သမားအများစုကပြောဆိုသည်။

ယခုလောလောဆယ်တွင် ထိုခြေတစ်ဖက် ဆုံးရှုံးသွားသူ ကိုမြင့်လွင်ဦးမှာ မကွေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည်။ ပြည်တွင်းအလုပ်သမား ဥပဒေအရအလုပ်ထုတ်ခံရသူနှင့်အလုပ်ရှင်ဘက်မှ လုပ်ငန်းရပ်နားမှုပြုလုပ်သောအခါ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို ၃လမပြည့်သေးပါကလစာတစ်လစာနှင့် နစ်နာကြေးတစ်လစာ ပေါင်းနှစ်လစာပေးရပြီးသုံးလပြည့်ပြီးသူများကို လုပ်အားခတစ်လစာနှင့် နစ်နာကြေးနှစ်လစာပေါင်းသုံးလစာ လျော်ကြေးပေးရပြီး မြန်မာနိုင်ငံအလုပ်သမားဥပဒေများအရ ကိုယ်လက်အင်္ဂါချို့ယွင်းမှုများအတွက်လည်း နစ်နာကြေးရရှိနိုင်ကြောင်း အလုပ်သမားဦးစီးဌာနမှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာတွင် နေထိုင်သော ကိုမြင့်လွင်ဦးသည် တရွာ တည်းနေ လယ်ဧကများစွာ ပိုင်ဆိုင်သော ၀န်ထမ်း ဇနီးမောင်နှံထံတွင် ၃နှစ်ကျော်ကြာ အလုပ် လုပ်ကိုင် ပြီးနောက် သြဂုတ်လလယ်တွင် ချွေလှေ့စက်မောင်းရာမှ ခြေထောက်တစ်ချောင်း လုံးနီးပါး ဖြတ်တောက် လိုက်ရသည်။ သို့သော်လည်း လျော်ကြေး တစ်စုံတရာမရဘဲ ဆေးကုသရန် အခက်အခဲ ဖြစ်နေသောကြောင့် မန္တလေး ရွှေတောင်ဦးပညာဒါနကျောင်း ဆရာတော် ရှင်ဝေပုလ္လက ကျပ်တသိန်း မတည်ပေး လိုက်ကြောင်း သိရသည်။

တောင်းဆိုမှုနှင့် လိုက်လျောမှုကြား လွန်ဆွဲအမြတ်ထုတ်နေဆဲ UNFC

Photo: တောင်းဆိုမှုနှင့် လိုက်လျောမှုကြား လွန်ဆွဲအမြတ်ထုတ်နေဆဲ UNFC
Wednesday, September 10, 2014

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပက်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရ မလိုဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည် မဖော်နိုင်သေးဘဲ တောင်းဆိုမှုနဲ့ လိုက်လျောမှုတွေကြားထဲမှာ ပြည် တွင်းငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန်ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန်တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကိုထောက်ထားငဲ့ညှာ ပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင်တောင် ရာခိုင်နှုန်းနီးပါး လိုက်လျောမှုတွေပြန်ပေးနေတာတွေ့ရပါတယ်။

သို့ပေမယ့်လည်း သြဂုတ်လ ၂၉/၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ United Nationalities Federal Council (UNFC)ရဲ့ အစည်းအဝေး နောက်ဆုံးနေ့မှာပဲ ကရင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ KNU က UNFC အဖွဲ့ထဲက နှုတ်ထွက် လိုက်ပြီဆို ပြီး သတင်းတွေမှာ တွေ့ရပါတော့တယ်။ 

အဓိက နှုတ်ထွက်ရတဲ့အကြောင်းအရင်းများစွာထဲက တစ်ခုကတော့ UNFC ရဲ့ငြိမ်းချမ်းရေး သဘော ထား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲကနေ အလှည့်ကျ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်ဖို့တောင်းဆိုမှုနဲ့ UNFC အဖွဲ့ဝင်လက်နက်ကိုင်တပ်များ အင်အားမညီမျှမှုကို ဖက်ဒရယ် တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွတ်သွင်းပြီး UNFC အဖွဲ့ဝင်တိုင်း သဘောတူညီသယောင် ဆောင်ရွက်နေမှုကိုသည်းမခံနိုင်တဲ့ နောက်ဆုံး နှုတ်ထွက်ခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။

KNU ဘက်ကကြည့်မယ်ဆိုရင်လည်း UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့ သူတွေဟာ နိုင်ငံရေး လုပ်စားတဲ့ လူတွေများပါတယ်။ နိုင်ငံရေး သမားဆိုတာက လည်း သူတို့ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက် ဘာအ ခက်အခဲမှမရှိဘဲ ကမ္ဘာပတ်ပြီးရန်ပုံငွေရှာနေတဲ့ ပညာတတ်အသိုင်းအ၀ိုင်းတွေများတယ်။ ၄င်းတို့လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ တောထဲမှာတစ်ကယ် သေသေကြေကြေလုပ်ခဲ့ကြရပြီး မသေလို့ရာထူးရလာတဲ့ အခါ ကျတော့ ၄င်းတို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို နေရာမပေးဘဲ နိုင်ငံရေးလုပ်စားနေတဲ့ သူတွေကသာ အဲ့ဒီ့နေရာကို ချုပ်ကိုင်ထားကြတယ်လို့ ထင်ပါလိမ့်မယ် ။ မြန်မာနိုင်ငံမှာ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ SSA တောင်ပိုင်းအဖွဲ့တွေလည်း UNFC မှာအရင်က တည်းက မပါဝင်ကြပါဘူး။ ဘာလို့မပါဝင်သလဲဆိုတော့ UNFC ရဲ့ ရှေ့ဆက်လျှောက် မယ့် ခြေလှမ်းတွေနဲ့ ဗိုလ်ကျစိုးမိုးခြယ်လှယ် လာနိုင်တာတွေကို ကြိုတင်ရိပ်မိနေလို့လည်းဖြစ်ပါလိမ့်မယ်။

KNU အဖွဲ့ကို ပြန်ကြည့်လိုက်ရင် KNU ဥက္ကဌကြီး မူတူးဆေးဖိုး က ဆွေးနွေး တဲ့ နှစ်ဦးနှစ်ဖက်မှာ ကောက်ကျစ်စဉ်းလဲတဲ့စိတ်မရှိဖို့ လိုတဲ့အကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း စိတ်ရင်းသဘော ထား မှန်ကန်စွာ နဲ့ ဆွေးနွေးဖို့လိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ KNU အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ (၃)ကြိမ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ (၃)ကြိမ် တွေ့ပြီးပြီ ဆိုတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားနဲ့ စစ်တပ်ရဲ့သဘောထား တွေကို သိထားပြီးပြီလို့ ယူဆရပါတယ်။ အဖွဲ့ဝင်အဖြစ် နေလာတဲ့ကာလအတွင်းမှာ UNFC ဘယ်လိုခြေလှမ်း တွေကို လှမ်းနေလဲဆိုတာသိလောက်ပြီမို့ စောစောစီးစီး အဖွဲ့က ရုန်းထွက်ခဲ့တယ်လို့ထင်မြင်မိပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ UNFC အနေနဲ့ အဖွဲ့အတွင်းမှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ မရှိ တော့တဲ့အတွက် ၄င်းတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာကိုလည်း မှန်းလို့မရသလို အလှည့် ကျ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အိပ်မက်ကလည်း ပျက်ပြယ်သလိုဖြစ်သွားပါပြီ။ ကျန်တဲ့လက်နက် ကိုင်အဖွဲ့ဆိုတာလည်း လူနည်းစုပဲဖြစ်ပါတယ်။ လူမျိုးစုတွေ အလိုက် လက်နက်ကိုင်ဆောင်နေကြပေမယ့် လက် နက်ကိုင်ဆောင်တဲ့အဖွဲ့ အားလုံးဟာ သူတို့လူမျိုးအားလုံးကို ကိုယ်စားမပြုပါဘူး။ UNFC အဖွဲ့ဝင်အဖြစ် ကျန်ခဲ့တဲ့ အဖွဲ့(၁၁)ဖွဲ့ထဲမှာတောင် အချို့အဖွဲ့တွေထဲမှာ လူ(၄/၅)ယောက်ေ လာက်ပဲရှိပါတယ်။

နောက်ဆုံးလိုရင်းကို ပြောရရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့  ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း များ တွေ့ဆုံဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ် တစ်ခုထွက်ပေါ်လာမလားဟု ရင်တစ်ထိတ်ထိတ်နဲ့ မျှော်လင့် ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက် တွေဟာ UNFC ရဲ့ဖွဲ့စည်းပုံမှာပါဝင်တဲ့ ဗဟိုချုပ်ကိုင်မှုသဘောထားအမြင်၊ နိုင်ငံရေးနဲ့ စစ်ရေး အခြေခံ ယူဆချက်၊ ကွဲလွဲချက်တွေကြားမှာ ပျက်ပြယ်သွားတော့မလား ဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

credit :နတ်မျက်စိ
အမေ့အိမ်
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပက်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရ မလိုဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အကောင်အထည် မဖော်နိုင်သေးဘဲ တောင်းဆိုမှုနဲ့ လိုက်လျောမှုတွေကြားထဲမှာ ပြည် တွင်းငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန်ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာ မှန်သမျှ အကုန်တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကိုထောက်ထားငဲ့ညှာ ပြီး တောင်းသမျှအကုန်လုံး မဟုတ် ရင်တောင် ရာခိုင်နှုန်းနီးပါး လိုက်လျောမှုတွေပြန်ပေးနေတာတွေ့ရပါတယ်။

ပြည်တွင်းသုံးစွဲရန် ရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ကို မြင်းခြံဂက်စ်တာဘိုင်နှင့် ဆားခါးသံမဏိစက်ရုံ ပို့မည်

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပြည်တွင်း သုံးစွဲရန် ရရှိသည့် ဓာတ်ငွေ့များကို မြင်းခြံသဘာဝ ဓာတ်ငွေ့ ထိန်းဖြန့် စက်ရုံ (Gas Turbine)နှင့် ဆားခါးသံမဏိ စက်ရုံတို့ကို ပို့လွှတ်သွားမည်ဟု မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်

Photo: ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်
Wednesday, September 10, 2014

 မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ဘုရင်ထံသို့ လက်ဆောင်ပေးအပ် ခဲ့သော ရွှေအစစ်ဖြင့် ပြု လုပ် ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သတင်း ထုတ်ပြန်သည်။

၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌  ထိန်းသိမ်းပြသ ထားသည်။

သန့်စင်သည့် ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး   ရှားပါးသော သမိုင်းဝင်အမွေအနှစ်ပစ္စည်း လည်းဖြစ်သော အဆိုပါရွှေပေ လွှာမိတ္တူကို မြန်မာနိုင်ငံသို့ ပေး အပ်နိုင်ရန် ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သမိုင်းဝင်စာရွက် စာတမ်းများ ထိန်းသိမ်းစောင့် ရှောက်သည့် ဂျာမနီမှ Gottfried Wihelm Leibiniz စာကြည့်တိုက် တို့ ပူးပေါင်း၍ 3D ဒစ်ဂျစ်တယ် နည်းပညာဖြင့် မိတ္တူကူးယူခဲ့ခြင်း ဖြစ်သည်။

ရွှေပေလွှာလွှဲပြောင်းပေး အပ်ရေးအတွက် ၂၀၁၃ခုနှစ်က တည်းက မြန်မာနိုင်ငံယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနတို့ စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ဂျာမနီ-မြန် မာသံတမန်ဆက်ဆံရေး  နှစ် (၆၀)အထိမ်းအမှတ်အခမ်းအနားတွင် ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူကို ပေးအပ်ခြင်းဖြစ်သည်။

ဂျာမနီသမ္မတ ဂျိုအာဂျင် ဂေါက် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်ကတည်းက ယင်းရွှေပေလွှာမိတ္တူကို ပေးအပ် လိုက်ကြောင်း ကမ်းလှမ်းပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောကြားသည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ကျော်က မြန်မာ့လက်မှုအနုပညာ ကို လေ့လာနိုင်မည့်ရွှေပေလွှာ၏ သုံးဖက်မြင်ဒစ်ဂျစ်တယ်မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြသ၍ နေ ပြည်တော်ရှိ အမျိုးသားပြတိုက်၌ ပြသထားမည်ဖြစ်သည်။

     ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူ ပေးအပ်ခြင်းသည် နှစ်နိုင်ငံယဉ် ကျေးမှုဖလှယ်ရေးအတွက်အ လွန်အရေးကြီးသောဆောင်ရွက် မှုဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောယဉ်ကျေးမှုဖလှယ်ရေးသဘောတူညီ မှုမှာ  တိုးတက်ကောင်းမွန်လာနေ ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန် ကြီိးကပြောသည်။

‘‘ခုပြန်ပေးတာကို ယဉ်ကျေး မှုဝန်ကြီးဌာနကို ပြန်လွှဲမှာပေါ့။ ပြီးတော့ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းစဉ်တွေကို ယဉ်ကျေး မှုကလည်း လုပ်မှာပေါ့။ ပထမ ဆုံးရွှေပေလွှာကို ရန်ကုန်အမျိုး သားပြတိုက်မှာ ပြသမယ်။ ပြီးရင် နေပြည်တော်က အမျိုးသားပြ တိုက်မှာ ထိန်းသိမ်းသွားမှာဖြစ် တယ်။ ဒီပေလွှာပြန်ပေးအပ်တဲ့ ကိစ္စက မြန်မာ−ဂျာမနီ နှစ်နိုင်ငံ ကြားက ချစ်ခင်ရင်းနှီးမှုနဲ့ ပူး ပေါင်းဆက်ဆံရေးတိုးမြှင့်ခြင်း အတွက် ယဉ်ကျေးမှုတံတားထိုး လိုက်တာတစ်ခုပဲ’’ဟု ၎င်းက ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံတို့သို့ ဆယ်ရက်ကြာခရီး သွားရောက်နေပြီး သမ္မတ၏ ဂျာမနီခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက နှစ်နိုင်ငံသံတ မန်ဆက်ဆံရေးအစပြုခဲ့သည့် နှစ် (၆၀) အထိမ်းအမှတ်အဖြစ် နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ယဉ်ကျေးမှုမြှင့်တင်ရေး ပြပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပြပွဲတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က မြန်မာနိုင်ငံခြားရေးဝန် ကြီးကို ပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။ မြန်မာ-ဂျာမနီနှစ်နိုင်ငံ ကြား ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်ကို ၂၀၁၃ ခုနှစ်က ရေး ထိုးခဲ့ပြီး ယင်းသဘောတူညီချက် အရ နှစ်နိုင်ငံတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာနေပြီး သတင်းစာဆရာ များအား လေ့လာရေးခရီးစဉ် ဖိတ် ခေါ်မှုများလည်းရှိနေကြောင်း ဂျာ မနီနိုင်ငံခြားရေးဝန်ကြီး စတိုင်း လိုင်ကပြောကြားကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ် ဆိုက်တွင်ဖော်ပြထားသည်။

Goethe-Institute  ကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် အသွင်ကူး ပြောင်းရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု တို့တွင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့မှု များဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးက ကတိပြုပြောကြား ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

7Day DAILY

သက်တမ်းနှစ်၂၅၀ကျော်ရှိနေပြီဖြစ်သော ရွှေပေလွှာအစစ်ကို တွေ့ရစဉ်
သက်တမ်းနှစ်၂၅၀ကျော်ရှိနေပြီဖြစ်သော ရွှေပေလွှာအစစ်ကို တွေ့ရစဉ်
 မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ဘုရင် ထံသို့ လက်ဆောင်ပေးအပ် ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သတင်း ထုတ်ပြန်သည်။

ဓမ္မာရုံအသံချဲ့စက် ကျယ်လောင်စွာဖွင့်သည်ဟုဆိုကာ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်

ရပ်ကွက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်သည်ကို ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ကျယ်လောင်သည် ဟုပြောဆို၍ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင် ဘာလ ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မရမ်းကုန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

စိတ်ဝေဒနာရှင်များ ထိုင်းမှရောက်လာခြင်း ဖြစ်နိုင်ဟု ကော့သောင်းဒေသခံများ သံသယရှိ

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ထိုင်းနိုင်ငံနယ်စပ်မြို့ တစ်မြို့ဖြစ် သည့် ကော့သောင်းမြို့ တွင် ယခုရက်ပိုင်း အတွင်း စိတ်ဝေဒနာရှင် အသစ်များ ထပ်ရောက်လာခြင်းသည် ထိုင်းနိုင်ငံမှ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ကော့သောင်း မြို့ခံအချို့က ပြောကြားသည်။

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်

Photo: ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်
Wednesday, September 10, 2014

ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။ 

သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 

အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 

သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 

ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 

ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 

 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 

ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 

ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 
  
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 

ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 

ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 

ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 

ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 

ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 

အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 

အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 

ဧရာဝတီ BLOG

ခေါင်းတလားနဲ့ ဆရာတော်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ခေါင်းတလားနဲ့ ဆရာတော်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။ 

မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်

Photo: မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်
Wednesday, September 10, 2014

မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။

Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။

မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။

မင်းသော်တာလွင်
Themyawadydaily
မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်အမြဲဝတ်လေ့ရှိတဲ့ အဆင်တန်ဆာတွေက သင်ဘယ်လိုလူလဲဆိုတာ ပြောပြနိုင်

Photo: သင်အမြဲဝတ်လေ့ရှိတဲ့ အဆင်တန်ဆာတွေက သင်ဘယ်လိုလူလဲဆိုတာ ပြောပြနိုင်
Wednesday, September 10, 2014

သင်က အဆင်တန်ဆာတွေထဲမှာ ဘယ်အရာကို စွဲစွဲမြဲမြဲ ဆင်မြန်းလေ့ရှိပါသလဲ။ အဲ့ဒီ အဆင်တန်ဆာတွေကို ကြည့်ခြင်းအားဖြင့် သင်ဘယ်လိုလူလဲဆိုတာ ပြောပြပေးနိုင်တယ်လို့ ဆိုရင် ယုံနိုင်ပါ့မလား။ ကဲ တစ်ချက်ကြည့်လိုက်ပါဦး။

၁။သင်ဟာ နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူဆိုရင်

အများအားဖြင့် နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူတွေဟာ ညဘက်အိပ်ရာဝင် နောက်ကျတတ်ကြပါတယ်တဲ့။ ညဉ့်နက်တဲ့အထိ မအိပ်ပဲ နေလေ့ရှိကြပါတယ်။

၂။သင်ဟာ ဆွဲကြိုးဆွဲရတာ နှစ်ခြိုက်သူဆိုရင်

သင်ဟာ ကျောက်မျက်ရတနာ တစ်မျိုးမျိုးနဲ့ ဆွဲကြိုးမျိုးကို ပုံသေဆွဲတတ်သူဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ဂရုတစိုက်နေတတ်တဲ့သူဖြစ်ပြီး ကိုယ်နေဟန်ထား ကြည့်ကောင်းအောင် အမြဲထိန်းတတ်တဲ့လူပါတဲ့။

၃။သင်ဟာ နားစွဲတွေကို အမြဲဝတ်တတ်သူဆိုရင်

နားစွဲတွေကို တစ်မျိုးပြီးတစ်မျိုး ၀တ်တတ်တဲ့သူတွေဟာ သူတို့ဆံပင်တွေကို လှအောင် ဂရုစိုက်တတ်ကြပါတယ်။ ဆံပင်ကို အမြဲသတတ်တဲ့သူတွေပါ။

၎။သင်ဟာ လက်စွပ်ကို ပုံသေစွပ်တတ်တဲ့သူဆိုရင်

ကတိတည်ပြီး၊ ပြောပြီးသား၊ ပေးပြီးသား ကတိအတိုင်း လုပ်ဆောင်တတ်သူပါ။ နောက်ပြီးတော့ အပြောင်အလက်ပါတဲ့ အရာတွေကိုလည်း သဘောကျတတ်သူပါ။

၅။သင်ဟာ လက်ပတ်လေးတွေ၊ လက်ကောက်လေးတွေ ၀တ်တတ်သူဆိုရင်

စကားပြောတဲ့အခါ လက်ဟန်ခြေဟန်နဲ့ အမြဲပြောတတ်သူတို့ရဲ့ လက်မှာ လက်ကောက် သို့မဟုတ် လက်ပတ်လေးတစ်ခုခုတော့ ရှိနေတတ်ပါတယ်တဲ့။

၆။သင်ဟာ လည်ပင်းမှာ လည်စီးတွေ ပတ်တတ်တဲ့သူဆိုရင်

လည်ပင်းမှာ လည်ပတ်၊ scarf စည်းရတာ နှစ်ခြိုက်သူဆိုရင် သင်ဟာ ရင့်ကျက်တဲ့အလှကို သဘောကျတဲ့သူ ဖြစ်တယ်။ တည်တည်ငြိမ်ငြိမ်နေတတ်တဲ့သူလည်း ဖြစ်တယ်။

Ref:cosmopolitan.com
မေသော်
Trend Myanmar
သင်က အဆင်တန်ဆာတွေထဲမှာ ဘယ်အရာကို စွဲစွဲမြဲမြဲ ဆင်မြန်းလေ့ရှိပါသလဲ။ အဲ့ဒီ အဆင်တန်ဆာတွေ ကို ကြည့်ခြင်းအားဖြင့် သင်ဘယ်လိုလူလဲဆိုတာ ပြောပြပေးနိုင်တယ်လို့ ဆိုရင် ယုံနိုင်ပါ့မလား။ ကဲ တစ်ချက်ကြည့်လိုက်ပါဦး။

ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် ငွေရနိုင်မည့် အစီအစဉ် စတင်တော့မည်

ဖုန်းဝင်လာတိုင်း ကြော်ငြာ ၁ဝ စက္ကန့် ကြည့်ရုံဖြင့် နေ့စဉ် ပိုက်ဆံရနိုင် မည့် အစီအစဉ်ကို ယခုလ ဒုတိယ အပတ်တွင် လုပ်ဆောင်မည်ဟု VMG TELECOMS မှ သိရသည်။

အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ

Photo: အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ
Wednesday, September 10, 2014

‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီသည် လူသာမန်တို့မရောက်လို၊ မနေလိုသည့် နေရာတစ်ခုတွင် သားသမီးများနှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျားတစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်းသုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။

လူမစည်ကားအပ်သည့် နေရာများဟု သတ်မှတ်ကြသည့် ဆေးရုံ၊ တရားရုံး၊ သင်္ချိုင်းကုန်း စသည့်နေရာများနှင့် တွဲစပ်၍ လုပ်ကိုင်စားသောက်နေရသည့် အောက်ခြေအလုပ်သမားများကို လူမှုအသိုင်းအ၀ိုင်းက ယခုအချိန်ထိ အမြင်ကြည်လင်ခြင်းမရှိသေးပေ။ အထူးသဖြင့် ဆေးရုံများရှိ ရေခဲတိုက်အလုပ်သမားများနှင့် သင်္ချိုင်းကုန်းများရှိ ခေါင်းတလားဖြင့် စီးပွားရေးလုပ်စားကြသူများသည် သာမန်လူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ရန်ခက်ခဲသည့် အနေအထားတွင်ပင် ရှိသေးသည်။

ထိုသူများထဲတွင် ဒေါ်လှရီလည်း တစ်ဦးအပါအ၀င်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီလုပ်စားရသည့် အလုပ်မှာ တခြားခေါင်းတလားအလုပ်ဖြင့် စီးပွားရှာသူများကဲ့သို့ ခေါင်းတလားရောင်းခြင်းမဟုတ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လုပ်လေ့မရှိသည့် ဆိုက်ကားနင်းသည့်အလုပ်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီသည် သွားလာလှုပ်ရှားနိုင်သည့် လူများကို လိုရာခရီးသို့ လိုက်ပို့ပေးရသည့် ဆိုက်ကားနင်းခြင်းအလုပ်မဟုတ်ဘဲ ခေါင်းတလားများအား ဆိုက်ကားဖြင့် သယ်ပို့ပေးရသည့်အလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုနေသည်။

ဗဟန်း၊ ရွှေတိဂုံစေတီမြောက်ဘက်မုခ်အနီးတွင် မွေးဖွားလာခဲ့သည့် ဒေါ်လှရီသည် အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ အလုပ်ရှိရာနောက်သို့ လိုက်လာရင်း ယခုရေဝေးသုသာန်အနီး ခေါင်းတလားများရောင်းချသည့် ဆိုင်ခန်းတစ်ခုတွင် ဆိုင်ခန်းရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်နေသူဖြစ်သည်။ ခင်ပွန်းမှာ ယခင်ကပင် ထိုအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် ဒေါ်လှရီလည်း သျှောင်နောက်ဆံထုံးပါ လိုက်လာရင်းပင် ထိုအသိုင်းအ၀ိုင်းထဲတွင် ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း ခင်ပွန်းဖြစ်သူက ယမကာရဲ့ကျေးကျွန်ဖြစ်ကာ အလုပ်လုပ်ကိုင်ခြင်းမရှိတော့သည့် အခြေအနေတွင် မိသားစုစားဝတ်နေရေးအတွက် ဒေါ်လှရီ ယခုအလုပ်ကို အရဲစွန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျသည့် ဒေါ်လှရီသည် အသက်(၂၈)နှစ်အရွယ်တွင် ယခုအလုပ်ကို စလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ခါစအချိန်များက ခေါင်းတလားသယ်သည့် အလုပ်အပြင် စီးနင်းလိုသူများအား လိုရာခရီးသို့ လိုက်ပို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းတလားသယ်သည့် အလုပ်သာ အလုပ်များလာခဲ့သည်ဟုဆိုသည်။

‘‘ယောက်ျားက မူးပဲနေတော့ ယောက်ျားကို မခံချင်တာနဲ့ ဆိုက်ကားဝင်နင်းခဲ့တာပါ’’ဟု ဒေါ်လှရီက ဆိုက်ကားဖြင့် ခေါင်းတလားစသယ်ဖြစ်ပုံကို ဖွင့်ဟသည်။

ဒေါ်လှရီ အလုပ်လုပ်စက ယခုရေဝေးသုသာန်မပေါ်မီ ယခင်သုသာန်အဟောင်းနေရာတွင် စလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က အခြားအမျိုးသားဆိုက်ကားနင်းသူများနှင့် အပြိုင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

‘‘ရေဝေးမတိုင်ခင် ရေဝေးအနောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီကတည်းက လုပ်ခဲ့တာ။ မနက်တိုင်းလည်း မထသ ၃၇ ဂိတ်ကို လေးနာရီအရောက်သွားပြီး ခရီးသည်ကြိုဆိုက်ကားနင်းတယ်။ အမျိုးသားဆိုက်ကားနင်းသူတွေနဲ့ အပြိုင်ပဲ အဲဒီတုန်းက ဆိုက်ကားက ငါးစီးလောက်ပဲ ရှိသေးတယ်’’ဟု ဒေါ်လှရီက သူ၏အလုပ်ဘ၀အစပိုင်းအချိန်များကို ပြောပြသည်။

ယခုအချိန်ထိလည်း အချို့သော ခေါင်းတလားလုပ်သူအချို့နှင့် အလုပ်သမားများက ဈေးသွားလိုသည့်အခါတွင် ရံဖန်ရံခါ လိုက်ပို့ပေးရသေးသည်ဟု ဆိုသည်။ ဒေါ်လှရီအလုပ်လုပ်ခါစက ခေါင်းတလားတစ်လုံးအား ခရီးဝေးသို့ လိုက်ပို့ရလျှင် ငါးရာကျပ်သာရရှိခဲ့သော်လည်း ထိုအချိန်များက နေ့စဉ်ဝင်ငွေ တစ်သောင်းခန့် ပျမ်းမျှရသည်ဟု ဆိုသည်။ ယခုနောက်ပိုင်းတွင်တော့ သူမ၀င်ငွေ လျော့ကျလာသည်။ ခေါင်းတလားဆိုင်တန်းများက ရေဝေးအအေးတိုက်သို့ ခေါင်းတစ်လုံးပို့ရလျှင် နှစ်ရာကျပ်နှင့် အနီးနားဒေသများဖြစ်သည့် ကုန်းတလပေါင်ကဲ့သို့ နေရာများအထိ ပို့ရလျှင် ကျပ်ခြောက်ထောင်အထိရရှိသည်ဟု ဆိုသော်လည်း သူ၏တစ်နေ့ဝင်ငွေမှာ ပျမ်းမျှသုံးထောင်ဝန်းကျင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် လူအများက နာရေးကိစ္စများတွင် ပြင်ပသို့ အားမကိုးတော့ခြင်းကြောင့်ဟု ဆိုသည်။ ‘‘အသက် ၂၈ နှစ်လောက်တုန်းကတော့ တစ်နေ့ကို တစ်သောင်း၊ တစ်သောင်းကျော်ကျော်လောက် ရတာပေါ့။ အခုတော့ အဲဒီလောက်မရတော့ပါဘူး။ အဖွဲ့အစည်းတွေလည်း ပေါ်လာတာကိုး’’ဟု ဒေါ်လှရီက သူ၏လက်ရှိအလုပ်အကိုင်အခြေအနေကို ပြောပြသည်။

ဒေါ်လှရီနေထိုင်ရာနေရာသည် ရပ်ကွက်နှင့် သိပ်အလှမ်းဝေးလှသည် မဟုတ်သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တော့ ခပ်စိမ်းစိမ်းပင်နေသည်ဟု သူကဆိုသည်။ ‘‘အခေါင်းအလုပ်ကို လုပ်နေတော့ သူတို့က စဏ္ဍာလလို့ သတ်မှတ်ထားကြတယ်လေ။ ထိုအခြေအနေဖြစ်နေသော်လည်း ဒေါ်လှရီတွင် စိတ်ပျက်အားငယ်မှုကို မတွေ့ရပါ။ သူ့သားသမီးများနှင့် ဘ၀ကို ရဲရဲတင်းတင်းပင် ဖြတ်သန်းနေသည်။ ခင်ပွန်းဖြစ်သူ ယမကာကျေးကျွန်ဖြစ်ပြီးနောက် အိမ်ထောင်စုဝင်ငွေကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပြီး ခင်ပွန်းအား အိမ်တွင်နေစေကာ သောက်လိုသမျှ ခွင့်ပြုခဲ့သည့် ဒေါ်လှရီသည် ခင်ပွန်းဆုံးပါးသွားချိန်တွင်လည်း သူ့အတွက် ထူးခြားမှုမရှိခဲ့ဘဲ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ မိသားစုအတွက် အဓိက၀င်ငွေကို ရှာဖွေပေးနေသည်။

သားသမီးခြောက်ဦး၏မိခင် ဒေါ်လှရီသည် ငယ်စဉ်ကပင် မိခင်၊ ဖခင်များ ဆုံးပါးသွားခဲ့သဖြင့် ပညာရေးကံအားနည်းခဲ့သူဖြစ်သည်။ သူတို့၏ ဘ၀ဖြတ်သန်းမှုအရလည်း သားသမီးများအား ပညာရေးအမွေ ကောင်းစွာပေးနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဖြင့်ပင် သားသမီးများအား ကျောင်းမှနုတ်ပယ်ကာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်စေခဲ့သည်။ သူ၏ သားသမီးများသည်လည်း သူ့လိုပင် ရေဝေးသုသာန်ကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည်။

သို့သော် ဒေါ်လှရီသည် လက်ရှိတွင် အလုပ်အကိုင်ရှိသည့် သားသမီးများ၏ ထောက်ပံ့မှုကိုမရရှိဘဲ သူ့ဝမ်းသူကျောင်းကာ အတူနေသမီးနှစ်ယောက်နှင့် ဘ၀ကို ဖြတ်သန်းလျက်ရှိသည်။ အဖွဲ့အစည်းများ ပေါ်ပေါက်လာသဖြင့် ၀င်ငွေလျော့ကျလာသည့် ဒေါ်လှရီသည် သူ၏ လျော့ကျသွားသည့်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပြန်ဖြည့်သည့်အနေဖြင့် ရေဝေးသုသာန်ရှိ အလုပ်သမားများအား ထမင်းချိုင့်ပို့ခြင်းအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။

မြန်မာမုန့်များလုပ်ရောင်းသည့် မျိုးရိုးမှ ဆင်းသက်လာသည့် ဒေါ်လှရီသည် သူ့တွင် အခြားအလုပ်တစ်ခုရွေးချယ်ရန် အခွင့်အလမ်းရှိပါက ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရောင်းချလိုသည့် ဆန္ဒရှိသည်ဟုဆိုသည်။

သို့သော် အိမ်ထောင်ရေးကံမကောင်းခဲ့သူ ဒေါ်လှရီသည် လက်ရှိ သူလုပ်ကိုင်ရာ အလုပ်ကိုပင် အသက်ထက်ဆုံး လုပ်ကိုင်သွားရမည်ဟု ယူဆနေသူဖြစ်သည်။ ‘‘အလုပ်ကတော့ အသက်မသေမချင်း လုပ်စားနေရမှာပဲ’’ဟု မျက်နှာတွင် သနပ်ခါးအဖွေးသားလိမ်းထားသော ဒေါ်လှရီကပြောသည်။ သူ၏မျက်လုံးများကတော့ မပြီးဆုံးသေးသည့် ဘ၀တိုက်ပွဲကို တွေးတောရင်း မျှော်ငေးလျက်။

7Day DAILY 

ဒေါ်လှရီ (ဓာတ်ပုံ - သီဟ)
‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီသည် လူသာမန်တို့မရောက်လို၊ မနေလိုသည့် နေရာတစ်ခု တွင် သားသမီးများနှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျားတစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။

Justin Bieberကိုတရာစွဲထားတဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို တရားလိုက ရုတ်သိမ်း

Photo: Justin Bieberကိုတရာစွဲထားတဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို တရားလိုက ရုတ်သိမ်း
Wednesday, September 10, 2014

ကနေဒါနိုင်ငံက တရားလိုတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရား စွဲထားတာကို ရုတ်သိမ်းလိုက်တဲ့အတွက် Justin Bieber ဟာ ကျေးဇူး တင်နေ မိပါတယ်။ အဆိုတော် Justin Bieber ဟာ ၂၀၁၃ ခုနှစ်က Toronto မှာ မှန်လုံကား ယာဉ်မောင်းတစ်ဦးကို တိုက်ခိုက် ခဲ့တယ်လို့စွပ်စွဲခံခဲ့ရတာပါ။

အခင်းဖြစ်ပွားစဉ်က ထိုကားထဲမှာ ခရီးသည်တွေအများကြီးပါဝင်ပါတယ်။ တရားလိုတွေဟာ တိုက်ခိုက်မှုအတွက် Justin Bieber မှာ တာဝန်ရှိတယ်လို့ သက်သေပြနိုင်မယ့် အကျိုးအကြောင်းဆီလျော်တဲ့ သံသယကို မပြနိုင်ခဲ့ပါဘူး။

တရားလို David Mitchell ဟာ တရားရုံးကို တင်ပြခဲ့ရာမှာ ဒီအမှုကို ဆက်လက်ရှည်ကြာအောင် မရွှေ့ချင်တော့တာနဲ့ Justin Bieber အပြစ်ရှိကြောင်း ခိုင်လုံတဲ့သက်သေ မပြနိုင်တဲ့အတွက် လည်းဖြစ်တယ်လို့ ပါဝင်လာပါတယ်။

Justin Bieber ဟာ ဇူလိုင်လက ကယ်လီဖိုးနီးယားမှာ အိမ်နီးချင်း အိမ်တစ်အိမ်ကို ကြက်ဥ တွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် လက်သရမ်းမှုနဲ့ အရေးယူခံခဲ့ရသလို သြဂုတ်လမှာလည်း Miami ကမ်းခြေမှာ ပေါ့ဆစွာ ကားမောင်းမှုနဲ့ အပြစ်အတွက် အသနားခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လ ကလည်း သူ့ရဲ့ ဇာတိဖြစ်တဲ့ ကနေဒါနိုင်ငံ Ontario မြို့မှာ သူ့ရဲ့မီနီဗင် ကားလေးကို အန္တရာယ်ရှိစွာမောင်းနှင် ခဲ့တဲ့အတွက် ဒါဏ်ငွေဆောင်ခဲ့ရပါတယ်။

Ref:starpulse.com
Trend Myanmar
ကနေဒါနိုင်ငံက တရားလိုတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲထားတာကို ရုတ်သိမ်း လိုက်တဲ့ အတွက် Justin Bieber ဟာ ကျေးဇူး တင်နေ မိပါတယ်။ အဆိုတော် Justin Bieber ဟာ ၂၀၁၃ ခုနှစ်က Toronto မှာ မှန်လုံကား ယာဉ်မောင်းတစ်ဦးကို တိုက်ခိုက် ခဲ့တယ်လို့စွပ်စွဲခံခဲ့ရတာပါ။

မွတ်စလင် ညီအစ်ကိုများအဖွဲ့ နောက်တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ KIO နယ်မြေမှာ အခြေချဖို့ ကြိုးပမ်းလာ

Photo: မွတ်စလင် ညီအစ်ကိုများအဖွဲ့ နောက်တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ KIO နယ်မြေမှာ အခြေချဖို့ ကြိုးပမ်းလာ
Wednesday, September 10, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော်ထူထောင်အခြေစိုက်ခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ အခြေပြုသော ဘင်္ဂါလီလက်နက် ကိုင်အဖွဲ့ RSO(Rohingya Solidarity Organization ) က တောင်းဆိုထားကြောင်း ရုပ်သံဖိုင် မှတ်တမ်းများ အရ သိရသည်။

အဆိုပါ ရုပ်သံဖိုင်သည် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ထိုင်းနိုင်ငံ တစ်နေရာတွင် KIA အဖွဲ့မှ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်အား ရိုဟင်ဂျာ အမည်ခံဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအ၀င် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အချို့က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာတပ်မတော် ထူထောင်ရေး တောင်းဆိုမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အဖြေပြန် မပေး ခဲ့သော်လည်း ရိုဟင်ဂျာ၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင် စသည့် တိုင်းရင်းသားများသည် အစိုးရကို အပြစ်မြင် သည်မှာ ထပ်တူဖြစ်ကြောင်း ပြောဆိုမှုကို ကြည့်ခြင်းအားဖြင့် အဆိုပါတောင်းဆိုမှုကို လက်ခံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ ရိုဟင်ဂျာ တပ်မတော်ထူထောင်ဖို့ KIO က လက်ခံစဉ်းစားဖွယ်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ KIO ထိန်းချုပ်နယ်မြေမှာ မွတ်စလင်ညီအစ်ကိုများအဖွဲ့လည်း နေထိုင်ခဲ့ဖူးပါတယ်၊ အခုချိန်ထိ နေထိုင်မှုရှိ၊ မရှိ မသိရပေမယ့် KIO က လက်ခံဖူးတာရှိတော့ ရိုဟင်ဂျာက ထပ်ပြီး လာတောင်းတာဖြစ်မှာပါ ” ဟု မြစ်ကြီးနား မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ရိုဟင်ဂျာအသုံးအနှုန်းနှင့် ပတ်သက်ပြီး ရိုဟင်ဂျာအစား ဘင်္ဂါလီလို့ သုံးနှုန်းရန် ညွှန်ကြားထားကြောင်း၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့သမိုင်းမှာ မရှိကြောင်း၊ ယခုကဲ့သို့ ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမှာ နိုင်ငံရေး ကြိုးပမ်းချက် တစ်ရပ်သာဖြစ်ကြောင်း ထိပ်တန်းတပ်မတော်အရာရှိကြီး တစ်ဦးက ဆိုသည်။
KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံနယ်စပ် အခြေစိုက် အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့ဖြစ်သော မွတ်စလင်ညီအစ်ကိုများအဖွဲ့မှ ကိုယ်စားလှယ် ၂ ဦးနှင့် စကားပြန်တစ်ဦးတို့ ၀င်ရောက်လာခဲ့ဖူးသည်။

အဆိုပါအဖွဲ့သည် အစ္စလာမ် ဘာသာရေး အစွန်းရောက်များဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ဂျီဟတ် စစ်ပွဲ ဆင်နွှဲရန် KIO နှင့် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်စခန်းဖွင့်ပြီး KIA နှင့် ပူးပေါင်းကာ လက်နက်များကို နယ်စပ်မှတစ်ဆင့် တင်သွင်းပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများပင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ယနေ့ထက်တိုင် KIO ထိန်းချုပ်နယ်မြေတွင် လက်ခံထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရခိုင်တပ်မတော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့များလည်း ရှိနေကြောင်း၊ ယခု အခါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ထပ်မံနေထိုင်ခွင့်ပြုပါက ကချင်ပြည်နယ်တွင် ပြဿနာများ ရှုပ်ထွေးလာရုံ သာမက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူသော ခြိမ်းခြောက်မှု အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးက ပြောကြားသွားခဲ့သည်။

သွေးသစ္စာ
Credit to : Kachin Daily News
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင်အခြေစိုက်ခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ အခြေပြုသော ဘင်္ဂါလီ လက်နက် ကိုင်အဖွဲ့ RSO(Rohingya Solidarity Organization ) က တောင်းဆိုထားကြောင်း ရုပ်သံဖိုင် မှတ်တမ်းများ အရ သိရသည်။

မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲအား အချိန်ပြောင်းလဲ ကျင်းပမည်

Photo: မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲအား အချိန်ပြောင်းလဲ ကျင်းပမည်
Wednesday, September 10, 2014

မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် ယူ၁၉ အသင်းတို့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မူလသတ်မှတ်ထားသည့် စက်တင်ဘာ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ(၄း၀၀)နာရီတွင် ယှဉ်ပြိုင် ကစားတော့မည် မဟုတ်ဘဲ ယင်းနေ့ ည မြန်မာစံတော်ချိန် ညနေ (၆း၄၅) နာရီတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် အသင်းမန်နေဂျာများ အစည်းအဝေးတွင် အတည်ပြုခဲ့ကြသည်။ 

သို့ဖြစ်ရာ မြန်မာနှင့် ဗီယက်နမ် ပွဲစဉ်အား ဆီမီးဖိုင်နယ် ဒုတိယ ပွဲစဉ်အဖြစ် ကစားစေမည်ဖြစ်ပြီး ဂျပန်နှင့် ထိုင်းပွဲစဉ်ကို ဆီမီးဖိုင်နယ် ပထမ ပွဲအဖြစ် ကစားစေ မည်ဖြစ်သည်။ အိမ်ရှင်နိုင်ငံမှ ယင်းတို့ အိမ်ကွင်းပရိသတ်များ အဆင်ပြေစေရေး အတွက် ထိုသို့ပွဲချိန် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်းသိရ သည်။

Ref : Myanmar Football Federation 
Yangon Media Group
မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် ယူ၁၉ အသင်းတို့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မူလသတ်မှတ်ထားသည့် စက်တင်ဘာ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ(၄း၀၀)နာရီတွင် ယှဉ်ပြိုင် ကစားတော့မည်မဟုတ်ဘဲ ယင်းနေ့ည မြန်မာစံတော်ချိန် ညနေ (၆း၄၅) နာရီတွင် ယှဉ်ပြိုင် ကစား မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် အသင်းမန်နေဂျာများ အစည်းအဝေးတွင် အတည်ပြု ခဲ့ကြသည်။

လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော

Photo: လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော
Wednesday, September 10, 2014

 မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို  မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံ ထားရခြင်း မရှိသင့်ဟု ယုံကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက်  နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။

ဆွစ်ဇာလန်အခြေစိုက် NZZ သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံခြား သားနှင့် လက်ထပ်ထား၍ သမ္မတလောင်းဖြစ်ခွင့် ကန့်သတ်ခံနေရခြင်းအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

  ‘‘အခြေခံအားဖြင့်တော့ သမ္မတဖြစ်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားမြစ်မခံထား သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ရှင်းလင်းတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ ကျွန်တော့် သဘောကတော့ တရားဥပဒေနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းကို လုပ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး’’ ဟု ၎င်းက ပြော ကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်း ဌာနက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်း ၀င်ရောက်ခွင့် မရအောင် ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ကို ပြင်ဆင်ရန်  မဲပေးမည်ဆိုပါက သမ္မတက မည်သို့မဲပေးရွေးချယ် မည်ဆို သည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။

‘‘တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီး ပွားထက် နိုင်ငံ့ အကျိုးစီးပွားတစ် ခုတည်းကို ဦးစားပေးစဉ်းစားမှာ ဖြစ်တယ်။ ပြီးတော့ လူများစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ် တယ်။ အဲဒီနှစ်ချက်ပေါ်မူတည် ပြီး ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို  ချမှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။

  သမ္မတဦးသိန်းစိန်သည် နောက်ထပ်သက်တမ်းအတွက် အနားယူလိုသည်ဟု မကြာခဏ ပြောကြားခဲ့သော်လည်း ယခုဥရောပ ခရီးစဉ်တွင် တိုင်းပြည်နှင့် ပြည် သူ လူထု၏  ဆန္ဒပေါ်မူတည်၍ နောက်သက်တမ်း  ဆက်လုပ်၊ မလုပ် ဆုံးဖြတ် မည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဖြစ်လိုကြောင်း ပြောကြားထားသော်လည်း  မိမိ၏ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့မှာ နိုင်ငံခြားအစိုးရလက်အောက်ခံဖြစ်သူ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု  ၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကြောင့်  သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရခြင်း ဖြစ်သည်။

‘‘ဒေါ်စုသမ္မတ မဖြစ်လည်း လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို  ဆက်လုပ်သွားမှာ ပဲ။ အားလုံးက ပြောကြတာပဲ။ သားနှစ်ယောက်ကို မြန်မာနိုင်ငံ သား ခံယူလိုက်ဖို့။ ဒါပေမဲ့ ဒေါ်စု က ဒါအတွက် သိက္ခာအကျခံပြီး မလုပ်ဘူး။  ပြီးတော့ ၅၉(စ)ကို လည်း လုံးဝမပြောဘူး’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်မှာ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦးဖြစ်စဉ်နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရုန်းကန်နေရချိန် မြန် မာနိုင်ငံ အခြေအနေတည်ငြိမ်နေခြင်းမှာ တပ်မတော်၏  ကျေး ဇူးကြောင့်ဖြစ် ကြော င်း လက်ရှိ ဖွဲ့စည်းပုံအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခို င်နှုန်း ပါဝင်နေခြင်းအ ပေါ် အဆိုပါ အင်တာဗျူး၌ ကာကွယ်ပြောဆိုခဲ့သည်။

7Day DAILY 

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (PETER SCHNEIDER/EPA)
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်
 မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို  မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံထားရခြင်း မရှိသင့်ဟု ယုံ ကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက်  နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေး စဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။

KIA နှင့် ဘင်္ဂါလီ ပြည်ဖျက်ရန် ကြံစည်ပြီလား

စက်တင်ဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဘင်္ဂါလီ ကုလားအဖွဲ့အစည်းနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ်တွင် လူမှုကွန်ယက်များပေါ်၌ ဂယက်ရိုက်ခတ်လျက်ရှိပေသည်။ ၄င်းအဖွဲ့စည်း နှစ်ဖွဲ့တွေ့ဆုံခဲ့ရာတွင် မြန်မာပြည်သူလူထှတစ်ရပ်လုံးထံမှ ဝေဖန်ချက်ပေါင်းမြောက်များစွာ ထွက်ပေါ်လာခဲ့ပြီး မည်ကဲ့သို့သောရည်ရွယ်ချက်များ၊ မည်ကဲ့သို့သော အကြောင်းပြချက် များဖြင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသည်ကို လည်းအားလုံးသိချင်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ‘ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော် တည်ထောင် ရန်တပ်နေရာပေးရေး’ ဟူသည့် ဆွေးနွေးချက် ၏နောက်ကွယ်တွင် ရှိသော အကြံအစည၊် ရည်ရွယ်ချက် ရည်မှန်းချက် များသည်ကောင်းသောအလားအလာများ မဖြစ်နိုင် သကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ တစ်မျိုးသားလုံး အတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည် ဆိုတာ ကတော့ကျွန်ပ်အဖို့ မလွဲ မှားနိုင်သော ယူဆ ချက် ဖြစ်ပေလိမ့်မည်။

ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆို

Photo: ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆို
Wednesday, September 10, 2014

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသည့် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားတွင် တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများ အပါအဝင် ရခိုင်လူထုက တောင်းဆိုသည်။
အဆိုပါ အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အစိုးရ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဒေသခံများ လူပေါင်း သောင်းနှင့်ချီ တက်ရောက် ဂါရဝ ပြုခဲ့ကြသည်။

ရန်ကုန်မြို့တော်တွင် ရှိသည် ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန်၊ ဆရာတော် အတ္ထုပ္ပတ္တိကို ကျောင်းသင်ရိုးများတွင် ထည့်သွင်း သင်ကြားရန်၊ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဒေါ်ကျော့မေက ပြောကြားသည်။
အဆိုပါ တောင်းဆိုချက်များအပြင် ဆရာတော်ဦးဥတ္တမ အခမ်းအနားကို တစ်နိုင်ငံလုံးတွင် ကျင်းပပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) က ဒုတိယဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။ ဆရာတော်၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အလေးထားရန် လိုအပ်ကြောင်း စာရေးဆရာ တစ်ဦးဖြစ်သူ သားလှက ပြောဆိုသည်။

“ကိုယ့်လူမျိုးကို နယ်ချဲ့သူ၊ ကိုယ့်နယ်မြေကို နယ်ချဲ့သူဟူသမျှ ကာကွယ်ရမယ်၊ တွန်းလှန်ရမယ်၊ ဒါဟာ ဆရာတော် ဦးဥတ္တမရဲ့အဓိက မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ” ဟု ၎င်းကဆိုသည်။ ဆရာတော် ဦးဥတ္တမနေ့ ၇၅ နှစ် မြောက် အခမ်းအနားများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်နေကြကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။
စစ်တွေမြို့ ရူပရပ်တွင် မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် မြန်မာလူထုကို ဖိနှိပ်သည့် မြန်မာနိုင်ငံ ဘုရင်ခံ ဆာရယ် ဂျီနယ်ကရက်ဒေါက်ကို ‘မင်းဗမာပြည်မှ ထွက်သွား’ ပါဝင်သောစာကို ပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံသားများကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

(ခင်မောင်အေး)
The Voice Weekly
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသည့် ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားတွင် တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများ အပါအဝင် ရခိုင်လူထုက တောင်းဆိုသည်။