Tuesday, 9 September 2014

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ မြန်မာပွဲစဉ်များ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၁၄ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်းပွဲစဉ်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပလျက်ရှိသည့် အဆိုပါ ပြိုင်ပွဲအုပ်စု (က)၏ နောက်ဆုံး ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ တွင် မြန်မာ ယူ-၁၉ အသင်းနှင့် အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရုရှ သမ္မတ ပူတင်ကို အတ္တကြီးသူဟု ဒလိုင်းလားမား ဝေဖန်

Dailama to Putin
တိဘက်ဒေသ၏ ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လက်ရှိ ရုရှ သမ္မတ ပူတင်မှာ အတ္တကြီးသူ ဖြစ်သည်ဟု စက်တင် ဘာ ၇ ရက်က ဂျာမန် သတင်းစာ တစ်စောင်၏ အင်တာဗျူးတစ်ခုတွင် ဝေဖန်ခဲ့ပြီး ပူတင်သည် ဘာလင်တံတိုင်းကို ပြန်တည်ဆောက်လိုပုံ ရသည် ဟု ထင်ရကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။“သူရဲ့ ရပ်တည်ချက် ပုံစံက ငါမှငါ ဆိုတာပါပဲ ” ဟု တစ်ကျော့ပြန် သမ္မတ တာဝန်ထမ်းဆောင်နေသော ပူတင်ကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ထောက်ပြခဲ့သည်။

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်း


ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ထူးခြားသည့် စိန်ခေါ်မှု တစ်ခုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့သည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

 အီဂျစ်နိုင်ငံသား ဖြစ်ခဲ့သူ ဆရာဝန်တစ်ဦးအဖြစ် အသက် မွေးခဲ့သူ အယ်လ်ဇာဝါဟီရီ၏ ၅၅ မိနစ်ကြာ သတင်းထုတ်ပြန်ချက် ကို နိုင်ငံတကာအကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ပညာရှင်များက အမျိုးမျိုးတုံ့ပြန်ကြသည်။ ပညာရှင်အချို့ကတော့ အီရတ်နှင့် ဆီး ရီးယားကို အခြေပြုပြီး ကြီးထွား လာနေသည့် IS (Islamic  State) အဖွဲ့၏ သြဇာကို ယှဉ်ပြိုင်ဖို့ လူ အင်အားစုဆောင်းသည့် ခြေလှမ်း အဖြစ် သုံးသပ်ကြသည်။

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Photo: အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်
Tuesday, September 9, 2014

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။

ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး (ဓာတ်ပုံ −အောင်သစ်လွင်)
7Day Daily.
အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက်

Photo: လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက် 
Tuesday, September 09, 2014

လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍  တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။   “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။   တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို အသုဘချခြင်းဖြစ်ကြောင်း ကျိန်စာတိုက်သူများက ပြောကြားကြကြောင်း သိရသည်။   ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့ကလည်း အဆိုပါကျောက်ကြီးတောင်ခြေတွင် ဒေသခံရွာသားများ ကျိန်စာတိုက်ပွဲလုပ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်က ကံတောရွာနတ်တောင်ခြေနတ်စင်တွင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရသော လပေါင်း ၂၁ လပြည့်အတွက် ကျိန်စာတိုက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆန္ဒပြခြင်းထက် ကျိန်စာတိုက်ပွဲများက အစွမ်းထက်မြက်ပြီး လူသေဆုံးထိခိုက်မှုများရှိ၍ ကျိန်စာတိုက်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။ 

Eleven
လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍ တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို
အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။ တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို

Monday, 8 September 2014

ချီလီစစ်အာဏာသိမ်း ၄၁ နှစ်မြောက် ချီတက်ပွဲ အဓိကရုဏ်းဖြစ်

Photo: ချီလီစစ်အာဏာသိမ်း ၄၁ နှစ်မြောက် ချီတက်ပွဲ အဓိကရုဏ်းဖြစ်
Monday, September 8, 2014

ချီလီမှာ စစ်တပ်အာဏာသိမ်းမှု ၄၁ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည် ချီတက်ပွဲမှာ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ချီတက်ပွဲအစမှာ ငြိမ်းချမ်းခဲ့ပေမယ့် ရဲအဖွဲ့နဲ့ တချို့ ဆန္ဒပြသမားတွေ အပြန်အလှန့် ပစ်ပေါက်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာ ဖြစ်ပါတယ်။

ရုတ်ရုတ်သဲသဲ အခြေအနေကို တားဆီးဖို့ ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲ ခဲ့ရပါတယ်။

တချို့ ဆန္ဒပြသမားတွေဟာ လမ်းပေါ်မှာ အတားအဆီးတွေကို ချထားပြီးနောက် မီးရှို့ခဲ့ကြပါတယ်။

ချီလီမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ် လာတာ နှစ်ပေါင်း ၂၀ ကျော် ရှိလာပေမယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေးလက် ထက်မှာ ပျောက်ဆုံး သွားတဲ့ သူတွေရဲ့ ဆွေမျိုးသား ချင်းတွေဟာ စစ်ဗိုလ်ချုပ်တွေ ဖျောက် ဖျက် ထားတဲ့ သမိုင်းကို ပြန်ဖော်ဖို့ ကြိုးစားနေကြတာပါ။

ပီနိုရှေး လက်ထက်မှာ ပျောက်ဆုံးသွားသူတွေ ဘယ်လို ဖြစ်သွားသလဲ၊ သူတို့ရဲ့ ရုပ်ကြွင်းတွေကို ပြန်ပေးဖို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြတာပါ။

ပီနိုရှေးခေတ်မှာ အသတ်ခံခဲ့ရတဲ့လူတွေထဲက အနည်းစုလောက်ကိုပဲ မထင်မရှား ကျင်းကြီးတခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပီနိုရှေးဟာ ၁၉၇၃ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

၁၉၇၃ ကနေ ၁၉၉၀ အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ခုံရုံးတင် အစစ်ဆေးမခံခဲ့ရပါဘူး။

အဲဒီကာလအတွင်း လူပေါင်း ၃ ထောင်ဝန်းကျင် ပြန်ပေးဆွဲ သတ်ဖြတ်ခံရပြီး လူပေါင်း ၂ သောင်း ၈ ထောင်လောက် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။

DVB
ချီလီမှာ စစ်တပ်အာဏာသိမ်းမှု ၄၁ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည် ချီတက်ပွဲမှာ အဓိကရုဏ်း ဖြစ်ခဲ့ ပါတယ်။

အချိုရည်သောက်ခြင်းကြောင့် ကယ်လိုရီ များလာခြင်း သတိထားရန်လို

အမြဲဆိုသလို သောက်သုံးလေ့ရှိသော အချိုရည်များကြောင့် ကယ်လိုရီပိုများလာခြင်းအပေါ် သတိထား ရန် လိုအပ်သည်။

မေမြတ်နိုးကို ရဲတိုင်ပြီး အရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာ အလှ မယ် မေမြတ်နိုး ကို လိမ်ညာမှုများ အတွက် ကိုရီးယားနှင့် မြန်မာ ရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့်   အရေးယူရန် တောင်းဆို သွားမည် ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ပါလက်စတိုင်းကစားသမား ဂိုးအများဆုံးသွင်းယူ

ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားပြိုင်ပွဲ (PFF Peace Cup 2014) တွင် ပါလက်စတိုင်းအသင်းကစားသမား အာမက်မေဟာက သွင်းဂိုးငါးဂိုးဖြင့် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

အင်္ဂလန်အသင်း သင်ယူစရာ ကြီးကြီးမားမားမရှိဟု ဟော့ဆန်ပြော

Photo: အင်္ဂလန်အသင်း သင်ယူစရာ ကြီးကြီးမားမားမရှိဟု ဟော့ဆန်ပြော
Monday, September 8, 2014

 ကမ္ဘာ့ဖလားပြိုင်ပွဲမှ အလဲလဲအပြိုပြို  ထွက်ခွာခဲ့ရ သော်လည်း အင်္ဂလန်အသင်း အား အောက်ခြေသိမ်းပြောင်းလဲမှုများ  လုပ်ဆောင်ရ မည်ဆိုခြင်းကို ရွိုင်ဟော့ဆန် က ပယ်ချလိုက်သည်။

အင်္ဂလန်ကစားပုံနှင့် ဟော့ဆန်အတွက် ထူးချွန်သော ကစားသမားများ ရရှိနိုင်မှု နှင့် ပတ်သက်၍လည်း ဝေဖန်မှုများရှိခဲ့သည်။ သို့သော်ဖြုတ်၊ ထုတ်၊ သတ်လုပ် ရန်မလိုဟု လီဗာပူးနည်းပြဟောင်းကပြောသည်။

၂၀၁၆ ယူရိုခြေစစ်ပွဲကို ဆွစ်ဇာလန်နှင့် ကစားရန် ပြင်ဆင် နေစဉ် ဘီဘီစီ Radio Five Live အင်္ဂလန်တွင် ပြောကြားရာ၌ သဘာဝအတိုင်းဖြစ်ပေါ်တိုးတက် မှုမှာ အင်္ဂလန်အသင်းလမ်း ကြောင်းမှန်ပေါ် ပြန်ရောက်ရန် လုံလောက်သည် ဟု ဟော့ဆန် က ပြောကြားသည်။

ဘရာဇီးကမ္ဘာ့ဖလားတွင် စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် သင်ခန်းစာရခဲ့ပါသလားဟု မေးမြန်းရာ၌ ဟော့ဆန် က ‘‘မရှိပါဘူး။ ကျွန်တော်တို့ ဦး နှောက်ပေါက်မတတ်စဉ်းစားကြ တယ်။ သင်ခန်းစာတွေ အများ ကြီးရတယ်လို့ ပြောလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေက သေးသေး မွှားမွှားတွေပါ’’ဟု အင်္ဂလန်နည်းပြ   ဟော့ဆန်က ပြောသည်။

Ref:Goal
7Day DAILY
ကမ္ဘာ့ဖလားပြိုင်ပွဲမှ အလဲလဲအပြိုပြို ထွက်ခွာခဲ့ရ သော်လည်း အင်္ဂလန်အသင်းအား အောက်ခြေ သိမ်းပြောင်းလဲမှုများ  လုပ်ဆောင်ရ မည်ဆိုခြင်းကို ရွိုင်ဟော့ဆန် က ပယ်ချလိုက်သည်။

အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ အာဖဂန်နိုင်ငံသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ

Photo: အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ အာဖဂန်နိုင်ငံသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ
Monday, September 8, 2014

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့သူ လေးဦးကို တရားရုံးက စက်တင်ဘာ ၇ ရက်တွင် သေ ဒဏ်ချမှတ်လိုက်ကြောင်း သိရ သည်။

တာလီဘန်ခေတ်ကျော်လွန်သွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်နေသော်လည်း အဆိုပါ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြစ်စဉ်က အမျိုး သမီးများ အကြမ်းဖက်ခံရမှုများ ရှိနေဆဲဖြစ်ကြောင်းကို ပြသလျက်ရှိသည်။

သြဂုတ် ၂၃ ရက် နံနက်ပိုင်းက မင်္ဂလာဆောင်တစ်ခုမှ မြို့တော်က ဘူးလ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာသည့် အမျိုးသမီးတစ်စုကို ရဲတပ်ဖွဲ့ ယူနီဖောင်းများ ၀တ် ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသူ များက ကားများ အတွင်းမှ ဆွဲထုတ်ကာ လုယက်ရိုက်နှက်ပြီး ခေါ်ဆောင်သွားကာ အုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးများအနက်မှ တစ်ဦးမှာ ကိုယ်ဝန်ရသွားကြောင်း သိရသည်။

မုဒိမ်းကျင့်ခံခဲ့ရသူအမျိုးသမီးက မျက်နှာကို ဖုံးအုပ်ထားပြီး တရားရုံး၌ ထွက်ဆိုခဲ့ ရာတွင် “ပဂါမန်မြို့ကို ကျွန်မတို့ မိသားစုနဲ့ သွားခဲ့ပါ တယ်။ ပြန်လာတဲ့ အချိန်မှာ အဖမ်း ခံခဲ့ရပြီး တစ်ယောက်က ကျွန်မရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန် ထားပြီး နောက်တစ်ယောက်က လက်ဝတ် လက်စားတွေကို လုပါတယ်။ ပြီး တော့ အားလုံးသိပြီးကြတဲ့ အတိုင်းပါပဲ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အမှုအား စစ်ဆေးနေချိန်တွင် တရားရုံးအပြင်ဘက်၌ တရားခံများ ကို သေဒဏ်ချမှတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

မြို့တော်ကဘူးလ်ရဲချုပ်ဇဟာဇာဟာက ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်ရန် တရားရုံးတွင် တင်ပြခဲ့သည်။

“သူတို့ကို ရဲယူနီဖောင်းတွေနဲ့ ဖမ်းမိပြီး နှစ်နာရီအတွင်းမှာ သူတို့ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပါ တယ်” ဟု ဇဟာက ပြောကြားသည်။

တရားခံ ခုနစ်ဦးအနေဖြင့် ယခုပြစ်ဒဏ်အတွက် အယူခံလျှောက်ထားခွင့် ရှိကြောင်း သိရသည်။ အာဖဂန်နစ္စတန်ဥပဒေအရ သေဒဏ်စီရင်ခွင့်ပြုရန် သမ္မတက လက်မှတ်ရေးထိုးပေးရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် မုဒိမ်းမှုများထက် လက်နက်ကိုင်လုယက်တိုက်ခိုက် မှုများ ကိုသာ သေဒဏ်ချ မှတ်ခြင်းဖြစ်သော်လည်း သမ္မတ ဟာမစ်ကာဇိုင်းက ယ ခုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ခုနစ်ဦးကို သေဒဏ်ချ မှတ်ရန် စက်တင်ဘာ ၇ ရက်က တောင်းဆိုခဲ့သည်။

၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရ ကျဆုံးပြီးနောက်ပိုင်း အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ အခွင့်အရေးတိုးတက်ရန် နိုင်ငံတကာက ဒေါ်လာဘီလျံများစွာ အကုန်အကျခံကာ ပံ့ပိုးပေးခဲ့သည်။

တာလီဘန်တို့၏ ပြင်းထန်သော ဆွန်နီအစ္စလာမ္မစ်ဥပဒေအရ အမျိုးသမီးများ အနေဖြင့် ဦးခေါင်းကို အပြည့်ဖုံးထားရပြီး ပြင်ပအလုပ်လုပ်ခွင့် လည်း ပေး မထားဘဲ အိမ်မှအပြင်သို့ ထွက်ပါက အသက်ကြီး သောအမျိုးသားအဖော်တစ်ဦး လိုက်ပါရန် ပြဌာန်းထားသည်။

Ref: AFP
Mizzima - News in Burmese
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးလေးဦးအား အုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့သူ လေးဦးကို တရားရုံးက စက်တင် ဘာ ၇ ရက်တွင် သေ ဒဏ်ချမှတ်လိုက်ကြောင်း သိရ သည်။

မြန်မာဘောလုံးနှင့် ပြည်သူ့အသံ

 
ဓာတ်ပုံ−အီးပီအေ
မြန်မာဘောလုံးအသင်းများအပေါ် ယခုနှစ်တွင် ပရိသတ်များကများစွာ မမျှော်လင့်ထားသော် လည်း အောင်မြင်မှုများ တစ်ခုပြီးတစ်ခု ရရှိနေသည်။ ၂၀၁၃ဆီးဂိမ်းတွင် မြန်မာ့ ယူ−၂၃အမျိုးသားဘောလုံး အသင်း အိမ်ကွင်း၌ မရှုမလှရှုံးနိမ့်ပြီး အုပ်စုမှထွက်ခဲ့ရပြီးနောက် ယခုနှစ်ပိုင်း အတွင်း အောင်မြင်မှု တစ်ခုမျှ မပြနိုင်သောကြောင့် အမျိုးသားဘောလုံးအသင်း များအပေါ် ပရိသတ်များက စိတ်ပျက်နေခဲ့သည်။ 

အင်္ဂလန်အသင်း သင်ယူစရာ ကြီးကြီးမားမားမရှိဟု ဟော့ဆန်ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲမှ အလဲလဲအပြိုပြို  ထွက်ခွာခဲ့ရ သော်လည်း အင်္ဂလန်အသင်း အား အောက်ခြေ သိမ်းပြောင်း လဲ မှုများ  လုပ်ဆောင်ရ မည်ဆိုခြင်းကို ရွိုင်ဟော့ဆန် က ပယ်ချလိုက်သည်။

မြန်မာယူ-၁၉အသင်း ထိုင်းကိုနိုင်ပြီး အကြိုဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း

Photo: မြန်မာယူ-၁၉အသင်း ထိုင်းကိုနိုင်ပြီး အကြိုဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း
Monday, September 8, 2014

၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ ဒုတိယရက်ပွဲစဉ် တွင် မြန်မာအ သင်းက ထိုင်းအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ယူခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၆ရက်ကကျင်း ပခဲ့သည့် ၎င်းပွဲစဉ်သည် အုပ်စု (က)တွင်ပါဝင်သည့် မြန်မာယူ- ၁၉အသင်း၏ ဖွင့်ပွဲပွဲစဉ်ဖြစ်ပြီး  ထိုင်းအသင်းကို ခြေအသာဖြင့် ယှဉ်ပြိုင်ကစားနိုင်ကာ ရမှတ်သုံးမှတ်ရယူနိုင်ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှား အသင်းအား အနိမ့်ဆုံးသရေရလဒ်ရရှိရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် အင်ဒို နီးရှားအသင်းကို အနိုင်ယူထား သည့် ထိုင်းအသင်းမှာပထမပိုင်း တွင် ခံစစ်ကိုဦးစားပေးခဲ့သော ကြောင့် မြန်မာအသင်း ထိုးဖောက်ရန်အခက်တွေ့ခဲ့ပြီး ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာ အသင်းက ပိုမိုဖိအားပေးခဲ့ရာပွဲ ချိန် ၄၆မိနစ်တွင် တိုက်စစ်မှူး အောင်သူက ဦးဆောင်ဂိုးသွင်းယူ ခဲ့သည်။ ပွဲချိန် ၆၃မိနစ်တွင် မြန် မာအသင်းအတွက် ဒုတိယဂိုးကို ထိုက်ထိုက်အောင်က အလွတ် တည်ကန်ဘောမှတစ်ဆင့်အပြင်း ကန်သွင်းကာရယူခဲ့ခြင်းဖြစ်သည်။

ပွဲချိန် ၆၉မိနစ်တွင် ကွင်း လယ်ကစားသမား ကျော်မင်းဦး မှာနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံခဲ့ ရပြီး လက်ကျန်ပွဲချိန်များတွင် မြန် မာအသင်းသည် ကစားသမား တစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရ သည်။ ထိုင်းအသင်းအတွက်ပွဲချိန်  ၉၀မိနစ်တွင် ထိုင်းကစားသမား တစ်ဦးက မြန်မာကစားသမား သန်းပိုင်ကို အ၀င်ကြမ်းသဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ် ပယ်ခံခဲ့ရသည်။

အုပ်စု(ခ)အခြားပွဲစဉ်တွင် ဂျပန်ယူ-၁၉ အသင်းက သြစတြေးလျအသင်းကို ၄-၃ဂိုးဖြင့်အနိုင်ယူခဲ့သည့်။ ၎င်းအုပ်စု အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သည့် သြစတြေးလျအသင်းမှာ နှစ်ပွဲဆက်အရှုံးဖြင့်အုပ်စုအဆင့်မှ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။

အာဆီယံ ယူ-၁၉ အုပ်စု နောက်ဆုံးပွဲစဉ်များကို စက်တင် ဘာ ၉ရက်တွင် ဆက်လက်ကျင်း ပမည်ဖြစ်ပြီး မြန်မာစံတော်ချိန်ည နေ ၄နာရီတွင် မြန်မာနှင့်အင်ဒိုနီး ရှား၊ ည ၆နာရီခွဲတွင် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။

7Day DAILY 

မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - VTC News)
မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - VTC News)
၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ ဒုတိယရက်ပွဲစဉ်တွင် မြန်မာအ သင်းက ထိုင်းအသင်း ကို ၂-၁ ဂိုးဖြင့်အနိုင်ယူခဲ့သည်။

ပရိသတ်များနဲ့ မွေးနေ့အကြို ပြုလုပ်ခဲ့တဲ့ နေတိုး

Photo: ပရိသတ်များနဲ့ မွေးနေ့အကြို ပြုလုပ်ခဲ့တဲ့ နေတိုး
Monday, September 8, 2014

 မွေးနေ့တွင် ချောင်းသာ ကမ်းခြေ၌သာ ရှိမည်ဖြစ်သော ကြောင့် We Love Nay Toe အ ဖွဲ့နှင့် အကြိုမွေးနေ့ပွဲကို စက်တင်ဘာ ၆ ရက်ည က ပြုလုပ်ခဲ့ ကြော င်း နေတိုး ကပြောသည်။

‘‘သူတို့အဖွဲ့က မွေးနေ့ကျ ရင်   အလှူလုပ်ဖို့သွားကြမှာဆို တော့ အခုရက်ကို ပုသိမ်နဲ့ချောင်း သာကြားမှာရှိတဲ့    မူလတန်းစာ သင်ကျောင်း  တစ်ကျောင်းကို လာလှူရင်း ကျွန်တော့်အတွက် အမှတ်တရ မွေးနေ့ လက်ဆောင် တွေ ပေးကြ တယ်။ အဲဒါကြောင့် ကျွန်တော်ကလည်း သူတို့အ တွက် လက်ဆော င်လေးေ တွ ပေး တယ်’’ ဟု ၎င်းကပြောသည်။

We Love Nay Toe အဖွဲ့ သားများအား  နေတိုးကိုယ်တိုင် မွေးနေ့အမှတ်တရ အင်္ကျီအတွက် ဒီဇိုင်းရေးပေးခဲ့သလို အကြိုမွေး နေ့ပွဲတွင်လည်း We Love Nay Toe စာတန်းပါသော လက်ပတ် လေးများကို အမှတ်တရ လက် ဆောင်အဖြစ်    ပြန်လည်ပေးခဲ့ သည်။

‘‘မွေးနေ့တိုင်းကတော့ အမှတ်တရရှိပါတယ်။   ပြီးခဲ့တဲ့ နှစ်ကတော့ မွေးနေ့မှာပဲ သူတို့က ဇီဝိတဒါန သံဃာ့ဆေးရုံမှာ လှူဒါန်းတယ်။  ကျွန်တော်က အရုဏ်ဆွမ်းသွားကျွေးတယ်။  ဒီနှစ်မွေး နေ့ကို ကျွန်တော်က ရန်ကုန်မှာ မရှိဘူးဆိုတော့ အကြိုမွေးနေ့ လေးလုပ်ဖြစ်တဲ့ သဘောပါပဲ။ အဲဒီအတွက် အရမ်းလည်းပီတိ ဖြစ်ရပါတယ်’’ဟု ၎င်းကပြော သည်။ စက်တင်ဘာ တစ်လလုံး ချောင်းသာတွင် ဇာတ်ကားရိုက် ကူးမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်တွင် ကျရောက်မည့်မွေးနေ့ ကိုလည်း ချောင်းသာ၌သာ ဇာတ် ကားရိုက်ရင်း ဖြတ်သန်းသွားမည် ဟု ၎င်းက ဆိုသည်။

‘‘လောလောဆယ်တော့ ပင် လယ်မှာတွေ့တဲ့ ခရုဆိုတဲ့ ဇာတ် ကားလေး ရိုက်ကူးနေပါတယ်။ မင်းသမီးက ခင်ဝင့်ဝါပါ’’ ဟု နေတိုးက ပြောသည်။

7Day DAILY
မွေးနေ့တွင် ချောင်းသာ ကမ်းခြေ၌သာ ရှိမည်ဖြစ်သော ကြောင့် We Love Nay Toe အ ဖွဲ့နှင့် အကြိုမွေးနေ့ ပွဲ ကို စက်တင်ဘာ ၆ ရက်ည က ပြုလုပ်ခဲ့ ကြော င်း နေတိုး ကပြောသည်။

နတ်မြစ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂလာနယ်ခြားစောင့်တပ်သား ၂ ဦးဒဏ်ရာရ

Photo: နတ်မြစ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂလာနယ်ခြားစောင့်တပ်သား ၂ ဦးဒဏ်ရာရ
Monday, September 8, 2014

မြန်မာ- ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်း မူးယစ်ဆေးဝါးသယ်လာသူများနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့ရာ ဘင်္ဂလာဒေခ်ျ့တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း The Cox’sbazar News တွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မူသည် တနင်္ဂနွေနေ့ နံနက် ၇ နာရီခန့်တွင် စိတ်ကြွဆေးပြား သယ်လာသူများနှင့် ဘင်္ဂလားနယ်ခြား စောင့်တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်စပ်တာဝန်ရှိသူများကို ကိုးကားပြီး ယင်းသတင်း တွင် ဖေါ်ပြသည်။

ဒဏ်ရာ ရရှိသွားသူ ဘင်္ဂလာ နယ်ခြားစောင့်တပ်သား နှစ်ဦးမှာ ဟာဘီဘူလ်ရာ ဟာမာန်နှင့် ဟာဘီဒါလူဖူလ် တို့ဖြစ်ကြောင်း CBN သတင်းတပုဒ်က ဆိုသည်။

ပစ်ခတ်မှုတွင် မြန်မာဘက်မှ မူဆလင်လူငယ်တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးမိ သည်။ ၎င်းမှာ အသက် ၂၀ အရွယ်ရှိ ရီယာဇူဟောက်ဆိုသူ ဖြစ်ပြီး မောင်တောမြို့ နယ် ကာယူက်ခါ့လီရွာမှ ဦးစူလတန် အာမတ်၏သား ဖြစ်ကြောင်း ဆိုသည်။ ယခုအခါ သူ့အား ကော့စ်ဘဇားဆေးရုံသို့ တင်ပို့ထားသည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း ကျန် မှောင်ခိုသမားများမှာ ထွက်ပြေးသွားပြီး စိတ်ကြွဆေးပြား ၉၆၀၀၀ ကို မှောင်ခိုစက်လှေပေါ်က ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့ (ကယုချောင်း) အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ်မှ သတင်းအရ နတ်မြစ်အတွင်း သွားရောက် စောင့်ဆိုင်နေစဉ် ဆေးပြား သယ် လာသူ များမှ သူတို့စီးနှင်းလာသော စက်လှေပေါ်မှ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

နိရဉ္စရာ

တက်ကနက်မြို့ နတ်မြစ်တွင် တည်ရှိသော နယ်စပ် အ၀င်အထွက်ဂိတ် ( ဓါတ်ပုံ- နိရဉ္စရာ)
တက်ကနက်မြို့ နတ်မြစ်တွင် တည်ရှိသော နယ်စပ် အ၀င်အထွက်ဂိတ် ( ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာ- ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်း မူးယစ်ဆေးဝါးသယ်လာသူများနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့ရာ ဘင်္ဂလာဒေခ်ျ့တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း The Cox’sbazar News တွင် ဖေါ်ပြသည်။

ဒီချုပ်ပါတီဝင်ဟောင်းများ ပါတီထောင်၊ မထောင် ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြင်ပသို့ ရောက်ရှိနေ သော ပါတီဝင်ဟောင်းများ စုစည်းကာ နိုင်ငံရေးပါတီ တည်ထောင်မည့် ကိစ္စရပ်ကို ယခုလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး လူဦးရေစာရင်းနှင့် မဲပေးခွင့်ရှိသူဦးရေ ဆက်စပ်မှုမရှိဟုဆို

Photo: တစ်နိုင်ငံလုံး လူဦးရေစာရင်းနှင့် မဲပေးခွင့်ရှိသူဦးရေ ဆက်စပ်မှုမရှိဟုဆို
Monday, September 8, 2014

တစ်နိုင်ငံလုံး လူဦးရေ စာရင်းနှင့် ရွေးကောက်ပွဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေသည် ဆက် စပ်မှုမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ၀င်ဦးဝင်းကြည် က ပြောကြား လိုက်သည်။

‘‘၂၀၁၀ တုန်းက မဲဆန္ဒရှင် ၂၉ သန်းဆိုတာ ဟုတ်သလား။ အရင်လူဦးရေ ခန့်မှန်း တုန်းက သန်း ၆၀ မှာ ကိုးသန်းပိုနေသလိုပဲ။ ပိုတဲ့ကိုးသန်းက ကြိုတင်မဲတွေ ဖြစ် သလားလို့ ပြောတာတွေ ရှိပါတယ်။ ဒါတွေက လုံးဝမဟုတ်ပါဘူး’’ ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဝင်းကြည်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူမှုသည် နေရာတစ်နေရာတွင် ရှိနေသည့် လူဦးရေစာရင်းကိုသာ ကောက်ယူခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်၌ အမြဲနေထိုင်မှု အိမ် ထောင်စုစာရင်း ရှိ၊ မရှိတို့နှင့် မသက်ဆိုင်ဘဲ မဲဆန္ဒရှင်စာရင်း သည် အိမ်ထောင်စုစာရင်းရှိသူ မဲပေးပိုင်ခွင့်ရှိသူများကိုသာ အခြေခံ၍ ပြုစုခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်က ဗဟို သန်းခေါင်စာရင်းကော်မရှင်က ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့ သည်။ လူဦးရေစာရင်းသည် ယခင်ခန့်မှန်းအသုံးပြုခဲ့သော လူ ဦးရေထက် ကိုးသန်းခန့်ကွာဟ နေသည်။

ယခင်လူဦးရေ သန်း ၆၀ ဟု ဆိုထားသဖြင့် ကိုးသန်း ဘယ် ရောက်သွားသလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပသည့် ၂၀၀၈ ခုနှစ်က လူဦးရေ ၅၇ သန်း ရှိသည်ဟု ဆိုသဖြင့် ခြောက်သန်း ဘယ်ရောက်သွားသလဲ မေးခွန်း များနှင့် ဝေဖန်မှုများသည် လူမှု ကွန်ရက်စာမျက်နှာများနှင့် မီဒီ ယာများတွင် ကျယ်ပြန့်စွာ ထွက် ပေါ်လာခဲ့သည်။

၂၀၁၅ မေလတွင် အသက် အရွယ်အပိုင်းအခြားနှင့် အသေး စိတ်အချက်အလက် များ ပါဝင် သည့် လူဦးရေစာရင်းကို သန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်မည့် အချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းနှင့် တစ်နိုင်ငံလုံးခြုံကြည့် ပါက အနီးစပ်ဆုံးတူညီမည်ဖြစ်ပြီး ၉၅ ရာခိုင်နှုန်းခန့် တူညီပင်လျှင် လုပ်ငန်းအောင်မြင်သည်ဟု ဆိုနိုင်ကြောင်းဦးဝင်းကြည်က ပြောသည်။

၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီး ဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းကို လူထုအခြေပြုအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ၍ပြုစုနေခြင်း ဖြစ်သော်လည်း ရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးနိုင် ရန်မှာမူ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် ဆုံးဖြတ်ချိန်ပေါ်တွင် မူတည် သည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

‘‘အချိန်က သိပ်ကပ်နေပြီ။ ကော်မရှင်ကလည်း မလုပ်လို့မရဘူး။ ဒါကြောင့် အချိန်ရလို့ရှိရင်တော့ ပိုပြီး စနစ်တကျ ကျင်းပပေးနိုင်မှာ ပါ’’ ဟု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ဆိုသည်။

7Day DAILY 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
တစ်နိုင်ငံလုံး လူဦးရေ စာရင်းနှင့် ရွေးကောက်ပွဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေသည် ဆက် စပ်မှုမရှိကြော င်း ပြည်ထော င်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ၀င်ဦးဝင်းကြည် က ပြောကြား လိုက်သည်။

ကမ္ဘာ့လှည့်ခရီးသွားများ ဆွဲဆောင်နိုင်ရန် မနူဟာအရုပ်သွန်းပွဲတော် ဒုတိယအကြိမ် ကျင်းပ

 Photo: ကမ္ဘာ့လှည့်ခရီးသွားများ ဆွဲဆောင်နိုင်ရန် မနူဟာအရုပ်သွန်းပွဲတော် ဒုတိယအကြိမ် ကျင်းပ
Monday, September 8, 2014

ပုဂံမြို့ ခရီးသွားရာသီ အစတွင် ပြုလုပ်သော မနူဟာ အရုပ်သွန်းပွဲတော်ကို ကမ္ဘာ့လှည့် ခရီးသွားများဆွဲဆောင်ရန်ရည် ရွယ်ကာ စက်တင်ဘာ ၇ ရက် တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။အဆိုပါအရုပ်သွန်းပွဲတော် ကို မနူဟာဘုရား ပွဲတော် အစနေ့ ဖြစ်သော စက်တင်ဘာ ၇ ရက် တွင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

 ခရီးသွားရာသီအစ၏ ဆွဲ ဆောင်မှုအဖြစ် မနူဟာဘုရားပွဲ တွင် နှစ်စဉ်ကျင်းပ သည့် အရုပ် သွန်းပွဲတော်ကို ပုဂံမြို့ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၊ ဟိုတယ်လုပ်ငန်းရှင် များအသင်း၊ ဧည့်လမ်းညွှန်များ အသင်းတို့ ပူးပေါင်း၍ ဆုပေးသည့် စနစ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

 ‘‘ဒီအရုပ်သွန်းပွဲကို ဧည့် သည်တွေက အရမ်းစိတ်ဝင်စား တယ်။ အဲဒါကြောင့် စည်ကား အောင် ပြုလုပ်ပေးတာ။ အရုပ် သွန်းတဲ့ သူတွေလည်း ကောင်း မွန်အောင် ပြုလုပ်ဖို့အတွက် ဆု ပေးတဲ့ စနစ်လုပ်ပေးတာပါ။ ဧည့် သည်တွေ ဒီအချိန်ဆိုရင် ပုဂံမှာ အရုပ်သွန်းပွဲရှိတယ်ဆိုတာ သိစေချင်တာပါ’’ဟု ပုဂံမြို့စားသောက်ဆိုင်လုပ်ငန်းရှင်များ  အသင်းမှ ဦးတင့်ဆွေကပြောသည်။

ယခုနှစ်အရုပ်သွန်းပွဲတော် တွင် အရုပ်ပေါင်း ၇၈ ရုပ်ပါဝင်ပြီး ပြိုင်ပွဲဝင် ၂၈ ရုပ်ဖြင့် ယှဉ် ပြိုင်ခဲ့သည်။ အရုပ်သွန်းပွဲတော်တွင် ဘုရားလောင်းသိဒ္ဓတ္ထမင်းသား အရုပ်က ပထမဆုရရှိသွားပြီး ဗိုလ်ချုပ်အောင်ဆန်းအရုပ်က နှစ်သိမ့်ဆုသာရရှိခဲ့သည်။

အဆိုပါပွဲတော်တွင် အရုပ် မျိုးစုံကို ၀ါးဖြင့် ပြုလုပ်ပြီး ရုပ် လုံးပေါ်တွင် ဆေးသုတ်အလှဆင် ကာလူများက အရုပ်အတွင်းသို့ ၀င်၍ လှည့်လည်သွားလာပြသခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် အရုပ် သွန်းပွဲတော်တွင် ဒေါ်အောင်ဆန်း စုကြည်အရုပ်မှာ နှစ်သိမ့်ဆုရရှိခဲ့သည်။

7Day DAILY 

ပုဂံ-ညောင်ဦးတွင် မနူဟာအရုပ်သွန်းပွဲတော်လှည့်လည်ကျင်းပနေစဉ် (ဓာတ်ပုံ - မင်းနိုင်အောင်)
ပုဂံ-ညောင်ဦးတွင် မနူဟာအရုပ်သွန်းပွဲတော်လှည့်လည်ကျင်းပနေစဉ် (ဓာတ်ပုံ - မင်းနိုင်အောင်)
ပုဂံမြို့ခရီးသွားရာသီအစတွင် ပြုလုပ်သော မနူဟာ အရုပ်သွန်းပွဲတော်ကို ကမ္ဘာ့လှည့် ခရီးသွားများ ဆွဲဆောင်ရန်ရည်ရွယ်ကာ စက်တင်ဘာ ၇ ရက် တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ အဆိုပါ အရုပ်သွန်း ပွဲတော်ကို မနူဟာဘုရားပွဲတော် အစနေ့ ဖြစ်သော စက်တင်ဘာ ၇ ရက် တွင် ကျင်းပပြု လုပ်ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အိန္ဒိယကမ်းခြေသို့ဝင်ရောက်

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်း ရပ်ဝန်း သည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင် ရောက်နေကြောင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။