Sunday, 31 August 2014

ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်

Photo: ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်
Sunday, August 31, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေ အနေဖြစ်အောင် တွန်းပို့နေတယ်လို့ EU ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရ သဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

EU ထိပ်သီးစည်းဝေးပွဲတွေကျင်းပနေတဲ့ Belgium နိုင်ငံ Brussels မြို့တော်မှာ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso က ယူကရိန်းသမ္မတ Petro Poroshenko နဲ့အတူ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနဲ့ Russia နယ်စပ်နားမှာ Russia လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက Russia တပ်ဖွဲ့ဝင်တွေ လက်နက်တွေ အထောက်အပံ့နဲ့ ဆက်လက် တိုက်ခိုက်နေချိန်မှာ EU က အရေးယူဒဏ်ခတ်မှုသစ်တွေ လုပ်မဲ့ ကိစ္စကို ပြောကြားခဲ့တာပါ။

ယူကရိန်းသမ္မတ Poroshenko ကလည်း လနဲ့ချီကြာနေပြီဖြစ်တဲ့ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အလားအလာဟာ Russia အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။

Russia ရဲ့ တပ်တွေ စစ်လက်နက်ပစ္စည်းတွေယူကရိန်းထဲမှာရှိနေတယ်ဆိုတဲ့ သက်သေတွေထွက်ပေါ်နေ ပေမဲ့ တပ်တွေကို ယူကရိန်းကို မလွှတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်နေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

EU ကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy (ယာ) နဲ့ ယူကရိန်းသမ္မတ Petro Poroshenko (ဝဲ) သြဂုတ် ၃၀၊ ၂၀၁၄)
EU ကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy (ယာ) နဲ့ ယူကရိန်းသမ္မတ Petro Poroshenko (ဝဲ) သြဂုတ် ၃၀၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေ အနေဖြစ်အောင် တွန်းပို့နေတယ်လို့ EU ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရ သဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

EU ခေါင်းဆောင်သစ်တွေ ရွေးချယ်

Photo: EU ခေါင်းဆောင်သစ်တွေ ရွေးချယ်
Sunday, August 31, 2014

EU ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင်သစ်တွေကို စနေနေ့က ရွေးချယ်ကြေညာ ခဲ့တာမှာ ပိုလန်နိုင်ငံဝန်ကြီးချုပ် Donald Turk ကို ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီး ဖယ်ဒရီကာ မိုဂေရီနီ (Federica Mogherini) ကိုတော့ လက်ရှိ Catherine Ashton ယူထားတဲ့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲနေရာအတွက် ရွေးချယ်ခဲ့ကြပါတယ်။ EU အတွက် အရေးကြီးနေတဲ့အချိန်မှာ ရာထူးတာဝန်တွေ
အလွှဲအပြောင်းလုပ်ရတာဖြစ်တယ်လို့ လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌတာဝန်ယူထားတဲ့ Belgium ဝန်ကြီးချုပ်ဟောင်း
Herman Van Rompuy က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်တွေအတွင်း EU ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အရည်အချင်းတွေအားလုံး လိုအပ်မှာဖြစ်ပါတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy ပြောကြားသွားတာဖြစ်ပါတယ်။ EU အတွက် သူမြင်တဲ့ စိန်ခေါ်မှု ၃ ခုကိုပြောကြားသွားတာမှာ စီးပွားရေးတိုးတက်မှု တန့်နေတဲ့ကိစ္စ၊ စစ်အေးစစ်ကာလထဲကဆိုရင် ဥရောပတိုက်ရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ယူကရိန်းနဲ့ Russia ပြဿနာနဲ့ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်ထွက်သွားနိုင်တဲ့ အခြေအနေကို စိန်ခေါ်မှုတွေအဖြစ် ပြောကြားသွားပါတယ်။

စနေနေ့က ရွေးချယ်ခဲ့တဲ့ EU ခေါင်းဆောင်တွေသစ်တွေအနေနဲ့ November လမှာ ရာထူးတာဝန်တွေကို စတင်ယူရမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)
ဥရောပကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ပိုလန်ဝန်ကြီးချုပ် Donald Tusk (ဝဲ)
EU ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင်သစ်တွေကို စနေနေ့က ရွေးချယ်ကြေညာ ခဲ့တာမှာ ပိုလန်နိုင်ငံဝန်ကြီးချုပ် Donald Turk ကို ဥရောပကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

မေမြတ်နိုး၏ Miss Asia Pacific World သရဖူ ရုပ်သိမ်းခံရ မှုအား နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှုက နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေသလိုဖြစ်နေ

၂ဝ၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုကို ရရှိထားသည့် မြန်မာအလှမယ် မေမြတ်နိုးသည် လက်မခံနိုင်သော အပြုအမူများ ဆောင်ရွက်ခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သူက စွပ်စွဲပြောကြားခဲ့ပြီး ၎င်းသည် ကုန်ကျစရိတ်အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ်သရဖူနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းအလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း သိရသည်။

တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား

Photo: တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား
Saturday, August 30, 2014

locmap_TAUNGUP336x240တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတို့အနက် အသက်မပြည့်သေးသူများကို ကျောက်ဖြူမြို့နယ် ရှိ ကျောက်တလုံးဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက သြဂုတ်လ ၃ဝ ရက်နေ့ နံနက်က သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကံဝင်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ပြန်ပို့ မပို့ဆိုတာတော့မသိသေးဘူးဗျ။ သူတို့အားလုံးကတော့ အခုသံတွဲမှာ။ အသက်ကြီးတဲ့သူတွေ ကတော့ သံတွဲထောင်မှာပေါ့။ ငယ်တဲ့ကလေးတွေကျတော့ ဗလီမှာအပ်ထားတယ်”  ဟု ဆိုသည်။

ယခုဖမ်းမိသူများ အထဲတွင် ဘင်္ဂါလီ လူကြီး ၁၆ ဦး၊ အသက် ၁ဝ နှစ်အောက် လူငယ် ၉ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၄ ဦးပါဝင်သည်။

ယခုဖမ်းမိသူများအနက် ဘင်္ဂါလီလူကြီး ၁၆ ဦးအပါအဝင် ရင်ခွင်ပိုက်ကလေး ငယ် ၄ ဦးကို ယင်းတို့၏ မိခင်များနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အသက် ၁ဝ နှစ်အောက် ကလေးငယ်များကို သံတွဲမြို့နယ်ရှိ တောင်ပေါ်ဗလီတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

“ရင်ခွင်ပိုက်ကလေးတွေက သူတို့အမေတွေနဲ့အတူ ထောင်ထဲပါသွားတယ်။ သူတို့ကျတော့ သားအမိ တွဲတွေဆိုတော့ ခွဲထားလို့မရဘူးလေ”ဟု ဒုရဲမှူးကြီး ကံဝင်းက ရှင်းပြသည်။

အဆိုပါဘင်္ဂါလီ ၂၉ ဦးမှာ ကျောက်ဖြူမြို့ ကျောက်တလုံးကယ်ဆယ်ရေး ခစန်းမှဖြစ်ပြီး ယင်းတို့မှာ အမ်း-တောင်ကုတ်လမ်းအတိုင်းကားဖြင့် ရိုးမအရှေ့သို့ ထွက် ခွာလာစဉ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်၊ နံနက် ၁ နာရီဝန်း ကျင်ခန့်က သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ ဦးရဲမာန်ခိုင်က ပြောသည်။

“သူတို့ကိုဖမ်းပြီးတာနဲ့ ချက်ချင်း သံတွဲထောင်ကိုပို့လိုက်တာပဲ”ဟု ယင်းက ဆိုသည်။

နိရဉ္စရာ
locmap_TAUNGUP336x240တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

Saturday, 30 August 2014

တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း

Photo: တန်ဖိုးတက်လာမည့် မြေများ မရောင်းနှင့်ဟု လယ်သမားများအား ဒေါ်စုတိုက်တွန်း
Saturday, August 30, 2014

တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူ လယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။

“ကျွန်မတို့ ကမ္ဘာကြီးက ဘယ်လိုမှ ပိုပြီးကျယ်လာမှာမဟုတ်ဘူး၊ မြေတွေကပိုများလာမှာ မဟုတ်ဘူး၊ ဒီလောက်ပဲရှိမယ်၊ ဒါ့ကြောင့်သေသေ ချာချာ စဉ်းစားပါ၊ ကျွန်မကတော့တောင်သူလယ်သမားတွေကို မရောင်းစေ ချင်ဘူး” ဟု ပြောသည်။

တောင်သူလယ်သမားများအတွက် မြေမှာ အရေးကြီးဆုံး ဖြစ်ပြီး မြေရှိမှာသာလျှင်ကျန်သည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ကြွေးမှီကိစ္စများ၊ အခြားကိစ္စရပ်များ ရင်ဆိုင်နေရပါက တစ်ဦးချင်းလာရောက်တိုင်ပင် ပြောဆိုခြင်းများ ပြုလုပ်ပေးရန် နှင့် မဖြစ်မနေလယ်ယာမြေများ အား ရောင်းချရမည်ဆိုပါကNLD သို့ ဦးစွာ တိုင်ပင်ပြောဆိုခြင်း ပြုလုပ်ရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။

တောင်သူလယ်သမားများအနေဖြင့် မြေများ ရောင်းချရာတွင်တရားဝင်လတ်မှတ်ရေးထိုးပြီးပါက ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ဘဲမိမိမြေအား ပြန်လိုချင် ပါက မည်သူမျှကူညီပေးနိုင်တော့မည် မဟုတ်သဖြင့် မရောင်းချမှီ အခိုင်အမာဆုံးဖြတ်စေလိုသည်ဟုလည်း ဆိုသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အကြောင်းကြောင်းကြောင့် ကိုယ့်လယ်ကွက်ကိုမလုပ်နိုင်တော့ရင် ကျွန်မတို့နဲ့ တိုင်ပင်ပါ ၊ကျွန်မတို့ ဒေသအတွက်၊
ဖွံ့ဖြိုးရေးအတွက် ဘယ်လိုစီမံကိန်းချပြီး လုပ်နိုင်မလဲ စဉ်းစားပြီးပူးတွဲဆောင်ရွက်စေချင်တယ်"ဟု ပြောသည်။

ကော့မှူးမြို့နယ်နှင့် ရန်ကုန်မြို့ကြားရှိ တွံတေးမြို့နယ် တ၀ိုက်တွင်ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာများ ပါဝင်နေသဖြင့်
သာမာန်ပေါက်ဈေးထက်မြေဈေး ၉ ဆ မြင့်တတ်လျက်ရှိပြီး တောင်သူလယ်သမား အများစုမှာ မိမိတို့လယ်မြေများအား ရောင်းချလိုက်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ရခိုင်စုရွာမှ လယ်သမားများကိုယ်စားလှယ်တစ်ဦးက “မြောင်းလုံလုံလောက်လောက်မရှိတော့ စိုက်မယ့် အကွက်ထဲ ရေဝပ်နေရင်စပါးကစိုက်မရဘူး၊ ဒီ့အပြင် ကျွန်တော်တို့ဆီရောက်လာတဲ့ ဓါတ်မြေသြဇာတွေက မစစ်ဘူး၊ အခြားအမှုန့်တွေ ရောထားတော့အလုပ်မဖြစ်ဘူး"ဟု ဆိုသည်။

လယ်သမားများမှ ဖြေရှင်းပေးရန် တင်ပြလာသည့် အချက်များမှာစိုက်ပျိုးစရိတ်ချေးငွေအား အတိုးနည်းသည့် နှုန်းထားဖြင့် ချေးနိုင်ရန် ၊မီတာကြိုးများ စနစ်တ ကျဆက်သွယ်ပေးရန်၊လယ်သမားများ ၀ယ်ယူရာတွင် မြေသြဇာ ကောင်းကောင်းရရန် ၊ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကတ္တရာလမ်းမများ
ဖောက်လုပ်ပေးရန်၊ မွေးမြူရေးတိရစ္ဆာန်များစားကျက်မြေ ပြုန်းမှု ပြဿနာ ဖြေရှင်းပေးရန်တို့ ဖြစ်သည်။

တောင်သူလယ်သမား အရေးကိစ္စများမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော်လည်းဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိမိတာဝန် ယူထားရသည့်ကော့မှူးမြို့နယ်ရှိ ပြဿနာများအား ဦးစားပေး ရှင်းလင်းသွားရန်တောင်သူလယ်သမားများအား ကတိပြုခဲ့သည်။

တောင်သူလယ်သမားများထံမှ တင်ပြလာသည့် အချက်များအား ကော့မှူးမြို့နယ်၊ဌာနဆိုင်ရာများတွင် တွေ့ဆုံပြောဆိုခဲ့သော်လည်းသတင်းထုတ်ပြန်ခဲ့ခြင်းမ ရှိပေ။

Mizzima - News in Burmese 

ပုံစာ- ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည် က သူ၏ မဲဆန္ဒနယ်ရှိ တောင်သူလယ်သမားများနှင့် သြဂုတ်လ၃၀ရက် က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
ပုံစာ- ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်ရှိ တောင်သူ လယ်သမားများနှင့် သြဂုတ်လ၃၀ရက် က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
တောင်သူလယ်သမားများ ပိုင်ဆိုင်ထားသည့်မြေများမှာ အနာဂတ်တွင် ပိုမိုဈေးတတ်လာမည်ဖြစ်သဖြင့် ရောင်းချခြင်းများမပြုကြရန် ကော့မှူးမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)က ကော့မှူးမြို့နယ်ရှိတောင်သူ လယ်သမားများကို သတိပေးြေ ပာဆိုလိုက်သည်။

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ
Saturday, August 30, 2014

ယမန်နေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား
ပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအသင့်အတင့် ရှိနေပါတယ်။
 
ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
 
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။

MRTV-4
ယမန်နေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။

Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း

Photo: Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း
Saturday, August 30, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။

Voice : ဘယ်လိုကြောင့် ပညာသင်ဆုကို လျှောက်ဖြစ်ခဲ့တာလဲ သိချင်ပါတယ်။

HMP : အစ်မက ရန်ကုန်က မဟုတ်ဘူး။ မော်လမြိုင်က။ ကျောင်း (တက္ကသိုလ်) စတက်ကတည်းက ဗြိတိန်ရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်ချင်တယ်။ ပညာတော်သင်ဆုနဲ့ပဲ ကျောင်းသွားတက်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ဘာလို့လဲဆိုရင် UK မှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကျောင်းသွားတက်မယ် ဆိုရင် အရမ်းကို ဈေးကြီးလွန်းတယ်။ ဒါ့ကြောင့် တစ်နေ့ကျရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ချင်တဲ့အတွက် Personal Goal လေးတစ်ခု ထားခဲ့တယ်။ အဲ့ဒီတုန်းကတော့ Chevening Scholarship ကို မသိသေးဘူး။ ပုံမှန်ကြိုးစားခဲ့တယ်။ ၂၀၁၀ မေမှာ MA ဘွဲ့ရတယ်။ ဇွန်မှာ Nelson English Language Centre မှာ အလုပ်ဝင်ခဲ့တယ်။ English Language Teacher for Adult ကျောင်းသားတွေကို စာသင်ခဲ့တယ်။ အလုပ်စလုပ်ကတည်းက ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး ဘယ်လိုအခွင့်အရေးတွေ ရှိမလဲ ရှာခဲ့တယ်။ ပထမဆုံး Chevening Scholarship ကို စသိတဲ့နှစ်မှာ လျှောက်လို့ မရသေးဘူး၊ ဘာလို့လဲဆိုတော့ Chevening ကို လျှောက်ဖို့ Criteria တွေ အများကြီး လိုတယ်။

Voice : Chevening ပညာသင်ဆုရဖို့ ဘယ်လို လိုအပ်ချက်တွေကို အဓိက လိုအပ်ပါသလဲ။

HMP : နံပါတ်တစ်က တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရရမယ်။ နံပါတ်နှစ်အချက်က လုပ်သက် ၂ နှစ်ရှိရမယ်။ IELTS အမှတ်ကောင်းရမယ်။ သတ်မှတ်ထားတာက ၆.၅ သတ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ်တက်မယ့် တက္ကသိုလ်က တောင်းတဲ့ IELTS အမှတ် ရှိရမယ်။ Chevening မှာ သတ်မှတ်တဲ့ IELTS အမှတ်နဲ့ ကိုက်ညီရင် ကိုက်ညီမယ်။ ကိုယ်တက်မယ့် တက္ကသိုလ်ကို မူတည်ပြီး သူတောင်းမယ့် အမှတ်နဲ့ညီမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ UK မှာရှိတဲ့ ဘယ်တက္ကသိုလ်ကိုမဆို လျှောက်ထားလို့ ရတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပေါ် မူတည်ပြီး IELTS အမှတ် ရထားရမှာပေါ့။ Chevening ကို လျှောက်တဲ့အခါမှာလည်း UK မှာ ကိုယ်တက်မယ့် တက္ကသိုလ်ကို လျှောက်ထားဆဲ သို့မဟုတ် ဝင်ခွင့်ရပြီးသား ဖြစ်ရမယ်။ ဘာလို့လဲဆိုရင် Chevening လျှောက်လွှာမှာတင်ပဲ ကိုယ်ရွေးတဲ့ တက္ကသိုလ်ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ထည့်ပေးရတယ်။ ကိုယ်က ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ၊ ဘယ်ဘာသာရပ်ကို လျှောက်မှာလဲ ရွေးချယ်ပြီးသား ဖြစ်ရမယ်။ Chevening ဖောင်ဖြည့်နေတဲ့ အချိန်မှာ တက္ကသိုလ်ကို မရွေးရသေးဘူး၊ တက္ကသိုလ် တစ်ခုလောက်ပဲ ထည့်ရင်လည်း အပယ်ခံရမှာ ဖြစ်တယ်။ Chevening ပညာသင်ဆု လျှောက်တဲ့အခါ Volunteer Experience ကိုလည်း ကြည့်သေးတယ်။ Future Leader တွေအတွက် ဒီပညာသင်ဆုကို ရွေးတဲ့အတွက် ကိုယ်လည်း ထူးချွန်မယ်။ ကိုယ့်စွမ်းအားနဲ့ ကိုယ့်အသိုင်းအဝိုင်း ကိုယ့်ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ့်သူကို ပိုဦးစားပေးတယ်။ ဒါ့ပြင် ပညာသင်ဆု လျှောက်တဲ့အခါ ထောက်ခံပေးမယ့် လူနှစ်ဦး လိုအပ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့်သူရယ်၊ ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့် သူရယ်။ သူတို့ မှတ်ချက်လည်း လိုအပ်တဲ့အတွက် သူတို့ကလည်း အရေးကြီးတယ်။ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့သူကို သေချာရှာပြီး ထောက်ခံချက် ပေးခိုင်းဖို့ လိုအပ်တယ်။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရဖို့ လျှောက်လွှာဖြည့်တဲ့အခါ ဘယ်လိုဖြည့်သင့်ပါသလဲ။

HMP : တချို့က ပညာသင်ဆု လျှောက်တယ်။ တက္ကသိုလ်တစ်ခုပဲ လျှောက်တယ်။ တက္ကသိုလ်နှစ်ခုပဲ ဖြည့်တယ်။ ဒါမှမဟုတ် ပြီးရင်ပြီးသလို အဆင်ပြေသလို တက္ကသိုလ်သုံးခုကို ဖြည့်လိုက်တယ် ဆိုတာမျိုးလည်း မဖြည့်သင့်ဘူး။ Chevening ပညာသင်ဆု မလျှောက်ခင်ထဲက တက္ကသိုလ် သုံးခုလုံးကို လျှောက်ထားရမယ်။ ပညာသင်ဆုရခဲ့ရင် ပထမဆုံး ဦးစားပေး ရေးထားတဲ့ တက္ကသိုလ်ကို တက်ရမယ်။ ဒါ့ကြောင့် လျှောက်လွှာမှာ Random သာ ဖြည့်ထားလိုက်ရင် ကိုယ်ဘယ်လိုပဲ ကျောင်းသုံးခုလုံး ရထားပါစေ ပထမ ဦးစားပေး ရွေးချယ်ထားတဲ့ ကျောင်းကိုပဲ တက်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တက်ချင်တဲ့ ကျောင်းကို First Priority ထားဖို့ လိုအပ်တယ်။

Voice : တက္ကသိုလ် လျှောက်ထားတာမှာ လွဲချော်တာကရော ပညာသင်ဆုကို တစ်ခုခု သွားသက်ရောက်နိုင်ပါသလား။

HMP : ကျောင်းတက်တာက ကိုယ့်ဘာသာ အွန်လိုင်းကနေ လျှောက်ရတာ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ ကျောင်းအဆင့်၊ ကျောင်းသားရေးရာ ဝန်ဆောင်မှုနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ကြည့်ရတယ်။ တက္ကသိုလ်ကလည်း ပညာသင်ဆု လျှောက်သလိုပဲ Essay တွေ ရေးခိုင်းတယ်။ Essay ရေးရင် ဂရုစိုက်ဖို့ လိုတယ်။ သေချာရေးရင် ဝင်ခွင့်ရနိုင်တယ်။ မြန်မာမှာရတဲ့ ဘွဲ့နဲ့ ကိုယ်ဆက်တက်မယ့် ဘာသာရပ် ဆက်စပ်နေပြီး ကိုယ်ဆက်လုပ်မယ့် အနာဂတ် ရည်မှန်းချက်နဲ့ ကိုက်ညီနေရင် ပိုရနိုင်တယ်။ ကျောင်းလျှောက်တဲ့ Application Process က တစ်လလောက် ကြာတယ်။ ဒီတက္ကသိုလ်တွေ လျှောက်ထားရင် တခြားပညာသင်ဆု လျှောက်တဲ့သူတွေနဲ့ ယှဉ်ရင် ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားထားတယ် ဆိုတာ ပြသလိုပဲလေ။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ဘယ်လိုအချက်ကြောင့် လွဲချော်မှု ဖြစ်နိုင်သေးလဲ။

HMP : မြန်မာနိုင်ငံက အင်တာနက် မကောင်းတာကလည်း တစ်ကြောင်း၊ တစ်ကမ္ဘာလုံးက ကျောင်းသားတွေ ဒီပညာသင်ဆုကို လျှောက်ကြတဲ့အတွက် ပညာသင်ဆုရဲ့ System Error ပြတာနဲ့ဆိုရင် ပညာသင်ဆု လျှောက်ဖို့ လွတ်သွားနိုင်ပါသေးတယ်။ လျှောက်လွှာကို စောပြီး တင်စေချင်တယ်။

Voice : Chevening လျှောက်တာ မရဘဲ တက္ကသိုလ်က ဝင်ခွင့်ရနေတယ် ဆိုရင်ရော ဘယ်လိုလုပ်သင့်ပါသလဲ။ 

HMP : အစ်မအနေနဲ့ Chevening လျှောက်တာ နှစ်ခါမြောက်ပါ။ ပထမ တစ်ခေါက်မှာ မရဘူး။ ဒုတိယ တစ်ခေါက်မှ ရတာ။ ပထမတုန်းက Chevening ရော၊ တက္ကသိုလ်ရော တစ်ပြိုင်တည်း လျှောက်တာ။ Chevening က မရဘူး၊ တက္ကသိုလ်က ရခဲ့တယ်။ တက္ကသိုလ်ကို Request လုပ်ပြီး တစ်နှစ်ရွှေ့လိုက်တယ်။ Chevening လျှောက်လို့ မရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ နောက်ထပ် ကြိုးစားလို့ ရသေးတယ်။ ကိုယ့်ဘက်က သေချာအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ဘက်က ပြင်ဆင်ထားပေမယ့် အရွေးမခံရရင်လည်း ရည်မှန်းချက် ရှိမယ်ဆိုရင် မစွန့်လွှတ်သင့်ဘူး။ ထပ်ကြိုးစားသင့်ပါတယ်။

Voice : ကျောင်းသွားတက်ပြီး ပြန်လာရင်ရော ဘယ်လိုပြန်အကျိုးပြုမယ် တွေးထားပါသလဲ။

HMP : ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်မှာ ဆိုတော့ ပြန်လာရင် ပညာရေး နယ်ပယ်ထဲမှာပဲ သက်ဆိုင်တာ တစ်ခုခု ပြန်လုပ်မယ်။ အခုလက်ရှိမှာ အစ်မက ဆရာမ လုပ်နေတဲ့အတွက် ဆရာမပဲ ဆက်လုပ်ချင်တယ်။ ပညာရေးတဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ချင်တယ်။ လုပ်ချင်တာက Mobile Education။ တစ်ခုလုပ်ချင်တယ်ဆိုရင် သင်တန်း တော်တော်များများက ရန်ကုန်မှာပဲ ရှိတာ။ နယ်မှာ တော်တဲ့လူတွေ အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ရန်ကုန် မလာနိုင်ဘူး။ သူတို့မှာရှိတဲ့ အရည်အချင်း ထုတ်ဖော်ဖို့ အခွင့်အရေး မရှိဘူး။ အဲ့လိုလူတွေအတွက် Mobile Education လုပ်ချင်တာ။ Teacher Centre မဟုတ်ဘဲ Student Centre ပေါ့။ နယ်တစ်ခု သွားမယ်။ စိတ်ပါဝင်စားတဲ့သူတွေ အဓိကတော့ ဆရာမဖြစ်ချင်တဲ့ သူတွေကို သင်တန်းပေးမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မြို့ကြီးတစ်မြို့မှာပဲ တော်နေတဲ့သူတွေ စုနေလို့ မရဘူး။ အားလုံး မျှနေဖို့ လိုအပ်တယ်။ ပညာရေးမှာ တန်းတူသွားအောင် လုပ်ပေးချင်တယ်။ 

(ရလေး)
The Voice Weekly
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ ရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်း ဆိုင်ရာ များ မေးမြန်းဖော်ပြလိုက်ပါသည်။

လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး

Photo: လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး
Saturday, August 30, 2014
 
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။

လက်ရှိ ကောက်ယူထားသော စာရင်းများသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး သတ်မှတ်ချက်များအရ လုပ်ထားခြင်းသာဖြစ်ပြီး ၎င်းစာရင်းထဲတွင် နိုင်ငံခြား၌ တာဝန်ထမ်းဆောင်နေသော သံတမန်များသာ ပါဝင်ကြောင်း သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီက ပြောသည်။

“ဒီထဲမှာ မပါသေးတာက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ။ အဲဒါတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိဘူးပေါ့။ ဆိုပါစို့၊ အဲဒါတွေက ၄ သန်းလောက် ရှိမယ်ဆိုရင် ထည့်ပေါင်းလိုက်တော့ ၅၅ သန်းဖြစ်လာမှာပေါ့။ ၃ သန်းရှိမယ်ဆိုရင် ၅၄ သန်းဖြစ်လာမှာပေါ့။ အရင် ခန့်မှန်းပြောခဲ့သလို မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ကတော့ ဟိုမှာလည်း လောက်ရှိနေမလဲ မသိသေးတော့ ပြောလို့မရဘူး။ ကျနော်မှန်းတာကတော့ အဲဒီလောက် မရှိဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပတွင် ရှိနေသော မြန်မာနိုင်ငံ လူဦးရေ အတိအကျကိုမူ လာမည့် ၂၀၁၅ ခုနှစ် မေလလောက်တွင်မှ သိရမည်ဖြစ်ကြောင်း၊ လ၀က အနေဖြင့် ပြည်ပထွက် အလုပ်လုပ်သူများနှင့် ပတ်သက်ပြီး စာရင်းကောက်ယူမှု ရှိခဲ့သော်လည်း တရားဝင် အပေါ်လမ်းမှ ထွက်သွားကြသူများ ရှိသကဲ့သို့ တရားမ၀င် အောက်လမ်းမှ ထွက်သွားကြသူများလည်း ရှိနေသောကြောင့် ထိုစာရင်းများကို လာမည့်နှစ် မေလမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကောက်ယူထားသော သန်းခေါင်စာရင်းများတွင် ကချင်ပြည်နယ်၊ မံစီ၊ လွယ်ဂျယ်နှင့် မိုးမောက်မြို့နယ်များရှိ ကချင် လွတ်လွပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စု ၂၅ စု အပါအဝင် မကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၄၆၆၀၀ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးဟု စာရင်းသွင်းမှသာ ကောက်ခံမည်ဆိုသည့်အတွက် ကောက်ယူနိုင်ခြင်းမရှိခဲ့သော လူဦးရေမှာ ၁ သန်းကျော်ရှိကြောင်း၊ မောင်တော၊ စစ်တွေနှင့် မြောက်ဦးခရိုင်တို့မှဖြစ်ပြီး ရခိုင်ပြည် နယ်အတွင်းရှိ လူဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ဌာနချုပ် တည်ရှိရာ နယ်မြေရှိ ကျေးရွာများတွင်လည်း သန်းခေါင်စာရင်း မေးခွန်းပုံစံများကို အသုံးပြုပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သော်လည်း KNU အဖွဲ့မှ ရရှိသည့် အချက်အလက်များသည် သန်းခေါင်စာရင်း အချက်အလက်များနှင့် အနီးစပ်ဆုံး မှန်ကန်ခဲ့ပြီး သန်းခေါင်းစာရင်း မေးခွန်းပုံစံကို အသုံးပြု ခြင်းမရှိဘဲ ကောက်ယူနိုင်ခဲ့သည့် လူဦးရေမှာ ၆၉၇၅၃ ဦးခန့်ဖြစ်ကြောင်း သိရသည်။

“အခု ရှေ့ပြေးလူဦးရေ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက် ပိုများနေတာကို တွေ့ရတယ်။ လူဦးရေစုစုပေါင်းရဲ့ ၅၁.၈ ရာခိုင်နှုန်းက မိန်းကလေးဖြစ်ပြီး ၄၈.၂ ရာခိုင်နှုန်းက ယောက်ျားလေးဖြစ်တယ်။ မြို့ပြလူဦးရေ အများဆုံးက ရန်ကုန်နဲ့ ကချင်ဖြစ်ပြီး အနည်းဆုံးက ဧရာဝတီနဲ့ မကွေးတို့ဖြစ်တယ်” ဟု ၀န်ကြီး ဦးခင်ရီက ဆိုသည်။

တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန်မြို့ (၅၂၀၉၅၄၁ ဦး) ဖြစ်ပြီး မန္တလေးမြို့သည် ဒုတိယ လူဦးရေ အများဆုံးနှင့် နေပြည်တော်သည် တတိယ လူဦးရေ အများဆုံးဖြစ်သည်။ လူဦးရေ အနည်းဆုံးမှာ ဟားခါး မြို့ (၄၈၂၆၆ ဦး )၊ ထားဝယ် (၁၂၅၂၃၉ ဦး)၊ လွိုင်ကော် (၁၂၈၈၃၇ ဦး) တို့ဖြစ်ကြောင်း သိရသည်။

လူဦးရေ သိပ်သည်းဆအရ ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးဖြစ်ပြီး လူဦးရေ ထူထပ်ဆုံးမှာ ရန်ကုန်မြို့ဖြစ်သည်။ လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။ ရှေ့ပြေးစာရင်းများအရ ပျှမ်းမျှ တအိမ်ထောင်လျှင် လူ ၄ ဒသမ ၄ ဖြစ်ပြီး အိမ်ထောင်စုဝင် အများဆုံးဖြစ်သည့်နေရာမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်သည်။ အိမ်ထောင်စုဝင် အနည်းဆုံးနေရာမှာ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့ ဖြစ်သည်။

သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် ဒေသများတွင် ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဆက်လက် ကောက်ယူနိုင်ရန် ကြိုးစားလျက် ရှိကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။

လူမျိုးသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ မေးမြန်းရာ “ရခိုင်ပြည်နယ်မှာဆိုရင် ကောက်ယူလို့မရတဲ့ အကြောင်းရင်းတွေကလည်း ဒီလူမျိုးတွေဟာ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပါလျက်နဲ့၊ ဘင်္ဂါလီ အဖြူကတ် ကိုင်ထားပါလျက်နဲ့ နိုင်ငံရေးအရ ရိုဟင်ဂျာလို့ မရေးပေးရင် အကောက်မခံဘူးဆိုလို့ သူတို့က တောင်းခံတာကြောင့် မကောက်ဖြစ်ခဲ့တာပါ။ အဲဒီတော့ အဖြေကရှင်းပါတယ်။ နဂိုတည်းက ဘင်္ဂါလီ အိမ်ထောင်စုစာရင်း ကိုင်ထားတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ မှတ်တမ်းတွေအရတော့ ဒီထဲမှာပဲ ပါသွားမှာ ဖြစ်ပါတယ်။ သန်းခေါင်းစာရင်းမှာတော့ သူတို့ ဟာ ကောက်ခံလို့ မရတဲ့အတွက်ကြောင့် ကောက်ခံလို့မရတဲ့ လူဦးရေစာရင်းမှာပဲ ဖော်ပြသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီ ကိုယ်စား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ဖြေကြားခဲ့သည်။

ဧရာဝတီ BLOG

သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)








သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
 ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်နေကြ သူများ မပါဝင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ

Photo: မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ အုတ်ဂူနေရာကို အမြင်တင့်တယ်စေရန် ဒေသခံများလိုလားနေ
Saturday, August 30, 2014

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိကကျသည့်နေရာတွင် ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ပထမဆုံး သမ္မတကြီး စော်ဘွားကြီး စပ်ရွှေသိုက် ဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ နဲ့ရှိနေပြီး ဦးဆောင်လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်။ ညောင်ရွှေမြို့မှာရှိတဲ့ သူနေထိုင်ခဲ့တဲ့ ဟော်နန်းဟာအခု လက်ရှိယဉ်ကျေးမှုပြတိုက်အနေနဲ့ တည်ရှိနေတာကြောင့် နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ နေ့စဉ် လာရောက်လေ့လာကြသလို သူတို့ ရဲ့ အုတ်ဂူကိုလဲ နိုင်ငံခြားသားတွေ လေ့လာကြတဲ့အခါ အခုလိုပြုပြင်မှု မဲ့စွာနဲ့မြင်တွေ့ရင် သူတို့ဘယ်လိုတွေး မလဲဆိုတာမသိဘူး''ဟု ညောင်ရွှေ မြို့မှ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ 

သမိုင်းတစ်ခုအဖြစ် တန်ဖိုး ထားသင့်သော သမ္မတကြီး၏အုတ် ဂူအတွင်းရှိ မြက်နှင့်အပင်ငယ်များ၊ ရေဆိုးရေညစ်များနှင့် လူသွားလမ်း များကို တာဝန်ရှိသူများမှ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလား နေကြောင်း သိရသည်။

KK
Yangon Media Group 

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကျောက် တိုင်ဝန်းလမ်းအရှေ့ဘက်ရှိ မြန်မာ နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သူ စော်ဘွားကြီးစပ်ရွှေသိုက်နှင့် မဟာ ဒေဝီတို့၏ အုတ်ဂူနေရာသည် မြို့၏အဓိက ကျသည့် နေရာတွင်ရှိနေပြီး ယခုအခါ အဆိုပါနေရာ၌ မသန့်ရှင်း သည့်ရေဆိုးရေညစ်များ၊ မြက်ပင်နှင့် အပင်ငယ်များ ပေါက် ရောက်နေသဖြင့် ရှင်းလင်းမှုပြုလုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်း ချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြ ပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

မြန်မာတက္ကသိုလ် ပညာရေး ဘယ်လဲ

ကမ္ဘာကြီးကို ပိုကောင်းသော ပတ်ဝန်းကျင် ဖြစ်စေရန်သော် လည်းကောင်း၊ လူသားတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်သော်လည်းကောင်း အဓိကစွမ်းဆောင်ပေးနိုင်သည့်အရာမှာ ပညာရေး ဖြစ်သည်။

Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Photo: Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်
Saturday, August 30, 2014
   
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆိုလာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မအရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ်ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။

iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့ အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက် အမြောက်အမြားမရှိသေးတာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက်တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။

Source: theverge
Trend Myanmar
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင် လျက် ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။

ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး

Photo: ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး
Saturday, August 30, 2014

မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲ ရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများဆုံးနေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံးနေထိုင်ကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ထိုင်းတို့ မလေးရှားတို့လို နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် မေလကျမှ ထုတ်ပြန်ပေးနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင် အစိုးရက မြန်မာပြည်လူဦးရေ သန်း ၆၀ လို့ သုံးနှုန်းပြောဆိုခဲ့တာဟာ မွေးစာရင်း သေစာရင်းတို့ကိုကြည့်ပြီး ခန့်မှန်းသုံးနှုန်း ပြောကြားခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရွှေအောင် (ဒီဗွီဘီ)

ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး
ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး
မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများ ဆုံး နေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံး နေထိုင်ကြ တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို

Photo: မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို
Saturday, August 30, 2014

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆိုပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင်နေထိုင် သော ကိုသက်ဆိုသူ မြန်မာနိုင်ငံ သားကို ယခုဖမ်းဆီး ခံထားရသူ လေးဦးက သြဂုတ် ၁ ရက်တွင်သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်သူများ သည် ကိုသက်၏ခန္ဓာကိုယ်အပိုင်းအစများကို ပလတ်စတစ် အိတ် ဖြင့်ထည့်၍ အဝေးပြေးလမ်းတွင် သွားရောက်စွန့်ပစ်ရာ ကားတိမ်း မှောက် ရာမှ ဖမ်းဆီးမိခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံ The Star သတင်းဌာန ကဖော်ပြထား သည်။

ဖမ်းဆီးခံထားရပြီး မြန်မာ နိုင်ငံသားဟု ဝန်ခံထားသောသူ များမှာ ကိုမျိုးမြင့်၊  မိုဟာမက်ဟတ်ဆန်အလီ၊ ရှာဟစ်အုတ်မန်းနှင့်ဟာဂျီအစ်မေးလ်တို့ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 ‘‘လူသတ်ပြီးဖမ်းဆီးခံရတဲ့ သူတွေက မြန်မာနိုင်ငံသားလို့ ရဲ ဌာနကိုပြောထား တယ်။ သူတို့က မြန်မာတစ်ယောက်ကိုသတ်ခဲ့ တယ်လို့လည်း ပြောထားတယ်။ သူတို့ရုပ်တွေကြည့်ရတာ မြန်မာ နိုင်ငံသားတွေမဖြစ်နိုင်ဘူး။ ရဲဌာနကိုသေ ချာအောင် စိစစ်ချက်တွေ တောင်းထားတယ်။ သတင်းဌာနတွေ ကတော့ မြန်မာနိုင်ငံသားလို့ရေးသားထားတယ်။ မဖြစ်နိုင်ပါဘူး’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူလေးဦးအနက်ကိုမျိုးမြင့်နှင့် မိုဟာမက်ဟတ်ဆန် အလီတို့ကို စစ်ဆေးပြီးဖြစ်သော် လည်း ရှာဟစ်အုတ်မန်းနှင့် ဟာဂျီအစ်မေးလ်တို့ကို ဘာသာ စကား အခက်အခဲများကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ရုံးချိန်း ထုတ်၍စစ်ဆေးသွားမည်ဟု The Star သတင်းဌာနကဖော်ပြထား သည်။

‘‘မလေးရှားမှာ တချို့တရား  ခံတွေက သူတို့ဖမ်းမိပြီဆိုရင် မြန် မာနိုင်ငံသားလို့ ဝန်ခံကြတယ်။ အဲဒီလိုဝန်ခံပြီဆိုရင် မလေးရှားမှာ လုပ်နေတဲ့  မြန်မာတွေ အတွက် ပြဿနာတော်တော်ရှိတယ်။ တချို့ ဘာသာခြားတွေ ပြစ်မှုလုပ်မိလို့ အဖမ်းခံရရင် အဲဒီလိုဝန်ခံ တာပဲ’’ဟု မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးမင်းကပြောသည်။

7Day DAILY 

မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့ သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးရာ အဆိုပါလေးဦးက မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်း ရရှိသည်။

မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို

Photo: မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို
Saturday, August 30, 2014

ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က “(၁၁) ကြိမ်မြောက် ရုံးချိန်းတုန်းက ဦးစိုးဝင်းနဲ့ ဦးမြင့်ဆွေတို့ အကောင်အထည်ဖော်တဲ့ မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စမှာ ဦးဆန်းဆင့် မပါဝင်ကြောင်း ထွက်ဆိုသွား တယ်။ တို့နဲ့မဆိုင်တာမပါတာဆို မပြော ချင်ဘူး” ဟု သြဂုတ်လ ၂၉ ရက် တရားခွင်တွင် ထွက်ဆိုခဲ့သည်ကို ပြောသည်။

မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စတွင် ဦးဆန်းဆင့်ပါဝင်ပတ်သက်ခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက်တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ဦးဆန်းဆင့်နှင့် သက်ဆိုင်သောကိစ္စများကိုသာ ဆောင်ရွက် လိုခြင်းဟုရည်ညွှန်းပြောကြားသည်။

ပြစ်မှုကြီးမှု ၄၂/၁၄ ပုဒ်မ ၁၂၄(က) အတွက် ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး၊ နိုင်ငံခြားရေး ဒု-၀န်ကြီး ဦးတင်ဦးလွင်၊ အမျိုးသား လွှတ်တော်ညွှန်ချုပ် (ယခင် သမ္မတရုံးဒု-ညွှန်ချုပ်) ဦးကြည်မင်းတို့ သုံးဦးအား (၁၂)ကြိမ်မြောက်ရုံးချိန်တွင် ဒက္ခိဏခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်။

သို့ရာတွင် ယင်းလိုပြသက်သေသုံးဦး စစ်ဆေးပြီးချိန်၌ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် အကျိုးတော်ဆောင်များက ပုဒ်မ ၁၂၄(က)တွင် သက်သေ အားလုံး ၃၆ ယောက်အနက် ၁၉ ယောက် စစ်ဆေးခဲ့ပြီးပုဒ်မ-၄၀၉ အတွက် သက်သေ၂၈ ယောက် တွင် ၁၃ ယောက် စစ်ဆေးပြီး သည့်အခြေအ နေတွင် ဦးဆန်းဆင့်အား စွဲချက်တင်သင့်မတင်သင့် လျှောက်လဲပါရစေဟု ရုံးတော် သို့ မေးမြန်းခဲ့ကြောင်း ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ရှေ့နေက “ကျွန်တော်တို့ ဘက်ကလည်း စွဲချက်မတင်ထိုက်ကြောင်း ပြောခွင့်ရှိတာပေါ့၊ လာ မယ့်ရုံးချိန်းစက်တင် ဘာလ ၂ ရက် အင်္ဂါနေ့မှာ စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်လျှောက်လဲမယ်”ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ
ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်

Photo: ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်
Saturday, August 30, 2014

၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

၂။ အစိုးရသစ် တာဝန်ယူသည့် ကာလမှ စတင်၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီမှု များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူထုဆန္ဒ သဘောထားများ လေ့လာ ဆန်းစစ်ခြင်း၊ ဖြည့်ဆည်းပေးရမည့် အခြေခံ အဆောက် အအုံများ အပါအဝင် ဖြစ်နိုင်စွမ်းလေ့လာ ဆန်းစစ်ခြင်း၊ Conceptual Plan များ ရေးဆွဲခြင်း တို့ကို ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံတော် အပိုင်းမှ ထိုသို့ ဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှ စိတ်ဝင်စား သူများကလည်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို စွမ်းဆောင်နိုင်မှု အတိုင်းအတာ အလိုက် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြပါသည်။

၃။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် အခြားစီမံကိန်းများ တည်ဆောက်သကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ကျသုံးစွဲမှု မပြုဘဲ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပြီး Developer များ၊ ဒေသခံ ပြည်သူလူထု များအပြင် လူတန်းစား အလွှာ အသီးသီးနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် ရည်မှန်းပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၎။ ယခုအချိန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်ရန် နိုင်ငံတော်သို့ တင်ပြပြီး ခွင့်ပြုချက် ရယူလျက် မြို့မြေ သတ်မှတ်ရေး လုပ်ငန်းစဉ်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မကြာမီ အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း Developer တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံး ပူးပေါင်းပါဝင်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးသွား မည် ဖြစ် ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
မြ၀တီ
၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲ လာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိ ရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

အရက်ကင်းစင်စံပြရပ်ကွက်၊ ကျေးရွာများ ဖော်ထုတ်မည်ဟုဆို

အရက်သောက်သုံးမှုထိန်းချုပ်လျှော့ချနိုင်ရေးအတွက် အရက်ကင်းစင်စံပြကျေးရွာ၊ ရပ်ကွက်များ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Wealth-X မှ ထုတ်ပြန်သော ဥရောပတွင် အချမ်းသာဆုံးဘောလုံးသမား ၁၀ဦး

လန်ဒန်− ၂၀၁၄-၁၅ ခုနှစ် ဥရောပဘောလုံးရာသီ စတင်ချိန်မှာပင် Wealth-X ကုမ္ပဏီက ဥရောပ ဘောလုံး လိဂ်များမှ အချမ်းသာဆုံးကစားသမား ၁၀ ဦးကို ထုတ်ပြန်ခဲ့ရာ ရီးရဲလ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုက ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၃၀ ကြွယ်ဝမှု ဖြင့် ဦးဆောင်နေသည်။

ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို

Photo: ကလေးမြို့သစ် စီမံကိန်း မြေဧက ၁၅၉၀ သုံးမည်ဟုဆို
Saturday, August 30, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသနာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ နေရာတွေ ရွေးချယ်တဲ့အခါ ကလေးမြို့ရဲ့ တောင်ဘက်၊ ကလေး-ဂန့်ဂေါလမ်း နေရာကို ရွေးချယ်ခဲ့တယ်။ အဲဒီမှာက လယ်မြေတွေ များတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကလေးမြို့တွင် လူဦးရေ သုံးသိန်းခန့်ရှိပြီး နောင်အနှစ် ၂၀ တွင် ပျမ်းမျှလူဦးရေ ၁ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်ရာ အိမ်ရာလိုအပ်ချက် တစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိ ကလေးမြို့၏ မြို့ပြဖွံ့ဖြိုးမှု ပုံစံအရ နောင်တစ်ချိန်တွင် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် မြို့ရှောင်လမ်း၏ တောင်ဘက်ကြား နေရာကို တိုးချဲ့မည့် မြို့ပြနေရာအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းနေရာမှာ မြို့လှရပ်ကွက်နှင့် အောင်သစ္စာရပ်ကွက် နှစ်ခုကြားတွင် ဖြစ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။

အထက်ချင်းတွင်း ဒေသရှိ မြို့များတွင် ကလေးမြို့သည် ဖွံ့ဖြိုးမှု အားအကောင်းဆုံး ခရိုင်မြို့ဖြစ်ပြီး မကြာမီနှစ်များတွင် အခြားသော မြို့ကြီးများနည်းတူ ခေတ်မီ တိုးတက်လာမည် ဖြစ်ကြောင်း ကလေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။

လက်ရှိ လျာထားသော နေရာမှာ မြို့ကွက်သစ်အတွက် နေရာ ကောင်းမွန်သော်လည်း လယ်ယာမြေများ ပါနေသဖြင့် ဒေသခံ တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန်လိုကြောင်း မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး၊ တမူး၊ ရွှေဘို၊ မုံရွာ စသော မြို့များတွင် မြို့သစ်စီမံကိန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကွက်သစ် စီမံကိန်းအတွက် ဧက ၁၅၉၀ အသုံးပြုမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွင်း စီးပွားရေး၊ သာသ နာရေး၊ အုပ်ချုပ်ရေးနှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း က ပြောကြား သည်။