နှစ်ရှည်ထောင်ဒဏ်ကျ ခံနေရသည့် ယူနတီသတင်းဂျာနယ်မှ သတင်းသမားများ၏ အယူခံလွှာကို ၎င်း တို့၏ ရှေ့နေများက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ သြဂုတ် ၂၈ ရက်တွင် တင်သွင်းခဲ့ကြော င်း သတင်းရရှိသည်။
Friday, 29 August 2014
ထိုင်းနိုင်ငံ စက်ရုံပေါက်ကွဲမှုတွင် မြန်မာတစ်ဦး ထပ်မံသေဆုံး

စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် ဓာတ်ပုံ - ဟင်္သာနီ (မွန်မြေ)
ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရသူ မြန်မာလူမျိုး ၁၈ ဦး အနက် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားကြောင်းသတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန်ကြိုးသိုင်းခြင်းလုပ်ငန်းစတင်ဟုဆို

သြဂုတ်လ ၂၆ရက်က စတင်တွေ့ရှိထားပြီဟု ဆိုသော ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန်အတွက် ကြိုးသိုင်းခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း နတ်စင်တစ်ရာဆရာ တော်၏ မိန့်ကြား ချက်အရ သိရသည်။
Android စမတ်ဖုန်းများပေါ်မှ ညစ်ညမ်းဗီဒီယို ကြည့်ရှုမှု iOS ထက် ပိုများ

Android စမတ်ဖုန်းများပေါ်မှ ညစ်ညမ်း ဗီဒီယို ကြည့်ရှုမှုနှုန်းသည် iPhone ပေါ်မှ ကြည့်ရှုမှုနှုန်းထက် ပိုမိုများကြောင်း Pornhub မှ ထုတ်ပြန်ခဲ့သည့် infographic အရ သိရသည်။
ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်လိုက်ပြီဟု တရားဝင်ကြေညာ

ဟောလိဝုဒ်၏ အကျော်ကြားဆုံး စုံတွဲတစ်တွဲဖြစ်သည့် ဘရတ်ပစ်တ်နှင့် အန်ဂျလီနာ ဂျိုလီတို့သည် ယခုအခါ လက်ထပ်ပြီးဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတဲ့အပေါ် မော်ဒယ် သန္တာလိုင် တုံ့ပြန်

မော်ဒယ် သန္တာလိုင်က သူမကို ယခုရက်ပိုင်း အွန်လိုင်းပေါ်က တဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ခံထားရတာနဲ့ ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျာက်နှာမှာ တုံ့ပြန်လိုက်ပါတယ်။
သင့်ဖူးစာရှင်မှန်ရဲ့လား တွက်ကြည့်ရအောင်

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင် ရယ်၊ သင့်ရဲ့ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ ကဲအစမ်းလေးလုပ်ကြည့်ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။
အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ
မိုးရာသီရောက်လာလို့ အပန်းဖြေ ဥယျာဉ်တွေမှာ ပုံမှန်ပြုလုပ်နေကျ ဖျော်ဖြေရေး အစီအစဉ်တွေကို ရာသီ ဥတု အပေါ်မူတည်ပြီး ပြုလုပ်လာကြပါတယ်။ ဒါကြောင့် အခမဲ့ပြုလုပ်ပေးတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ နည်းသွားပေမယ့် အားလပ်ရက်တွေမှာ အပန်းဖြေဥယျာဉ်တွေကိုသွားမယ့်သူတွေအတွက် စု စည်းဖော်ပြပေးလိုက်ပါတယ်။
မက်ဆီထက် မိမိက ပိုကောင်းဟု ရော်နယ်ဒိုပြော

ဥရောပအကောင်းဆုံး ကစားသမားဆုရရန်ရေပန်းစား နေသည့် ရီးရဲလ် မှ ပေါ်တူဂီ တောင်ပံ တိုက် စစ်မှူး ရော်နယ်ဒို က မက်ဆီနှင့် အပြိုင် အဆိုင်ဖြစ် ခြင်းမျိုး မရှိသော်လည်း မိမိကသာ ပိုကောင်းသည်ဟု ထင်ကြောင်း အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားလိုက်သည်။
ဒီလိုအကျင့်မျိုးတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေတာ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့ အကျိုး ဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင် တန်း အ မှတ် စဉ် (၁) သင် တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။
စာမေးပွဲအောင်မြင်ပြီး အလုပ်မ၀င်ခဲ့သော နေ့စားလပေးလစ်လပ် နေရာများတွင် မအောင်မြင်ခဲ့သူများနှင့် အစားထိုးမည်
ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမ ၁၆၀၀ ကျော်ကို သြဂုတ် ၆ရက်က ခန့်အပ်ထားခဲ့သော်လည်း လာရောက်တာဝန်ထမ်းဆောင် သည့်အရေအတွက် မပြည်မီခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး မအောင်မြင်ခဲ့သူများအား ပြန်လည် စိစစ် အလုပ် ခန့်အပ် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးကျင့်ခန်းပေါင်က ပြောသည်။
နိုင်ငံရေးပါတီများ ကိုယ်စားပြုမည့် အဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေ
နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲမူဘောင်အတွက် ဆွေးနွေး ကြသည့် အခါ မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီ အားလုံး ကိုယ်စားပြု၍ ဆွေးနွေးနိုင်မည့် အဖွဲ့အစည်း တစ်ခုကို စက်တင်ဘာအတွင်း ဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ပြော ကြားသည်။
ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာ တွင် နိုင် ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက် သန်းကျော် တောင်းခံ ထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာ ၂၅ ရာခိုင်နှုန်း လှူဒါန်းငွေများကို အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့မည်ဟုဆို
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာထဲမှ ၂၅ ရာ ခိုင်နှုန်းလစဉ်လှူဒါန်းငွေများကို နိုင်ငံတစ်ဝန်းရှိ အမှန် တကယ် ဆင်းရဲနွမ်းပါးချို့တဲ့သူများအား ထိရောက်စွာ ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန် စွာ ဆောင်ရွက်ခဲ့ကြသူများအား ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘာသာစကားအခက်အခဲကြောင့် ပြည်တွင်းကစားသမားများ ပြည်ပမှ မခေါ်ယူခြင်းဖြစ်
မြန်မာကစားသမားများကို ပြည်ပနိုင်ငံများမှ ခေါ်ယူကစားခြင်းမရှိသည့် အဓိကအကြောင်းရင်းမှာ ဘာသာ စကား အားနည်းမှုကြောင့်ဖြစ်ကြောင်း ယူ-၁၉ လက်ရွေးစင် လက်ထောက်နည်းပြ ဦးညီညီလတ်က ပြော သည်။
အမေရိကန် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံသုံးနိုင်ငံတွင် မြန်မာပါဝင်

အမေရိကန်ကားကုမ္ပဏီဖြစ်သော ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ ကားအရောင်းပြခန်းကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အာဆီယံနိုင်ငံများ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး သုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်နေကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာန စီးပွားရေး နှင့် စီးပွားရေးလုပ်ငန်းရေးရာဌာန မှ သတင်းရရှိသည်။
လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ် တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေ ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။
ထုံးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရန် ထင်းအစားကျောက်မီးသွေးသုံးရန် လှုံ့ဆော်မည်

ဝက်ဝံထုံးကုန်းတွင်ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်း အစားကျောက်မီးသွေးကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။
နောင်ချိုမြို့နယ်အတွင်း ရှိ ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များပြုန်းတီးမှု များလာနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာသဖြင့် ထုံးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုသည့် ထင်း အစားကျောက်မီးသွေးကို အစားထိုးအသုံးပြုနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့၊ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။
ရန်ကုန်တွင် နေ့ခင်းကြောင်တောင် အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်
သာကေတမြို့နယ်တွင် နေ့ခင်းကြောင်တောင် အချိန်မှာပင် လူမြင်ကွင်း ကားလမ်းပေါ်၌ လူမိုက်အုပ်စုနှစ်စု ချိန်းဆို၍ မင်းမဲ့စရိုက်ဆန်ဆန်ဓားများ၊ တုတ်များဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
Subscribe to:
Posts (Atom)