မြို့သစ်စီမံကိန်း သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုင်သာယာ ကားလမ်းနံဘေး ရှိ မြင်ကွင်းတခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။