Monday, 25 August 2014

ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး

Photo: ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး
Monday, August 25, 2014

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အကျဉ်းထောင်ထဲတွင် အကျဉ်းသား (၁၀၀၀)ကျော် ရှိနေသည့်အနက် အုံကြွမှုတွင် (၇၀၀)ကျော် ပါဝင်ခဲ့ကြသည်။ ဩဂုတ် (၂၅)ရက် နံနက်ပိုင်းက အစပြုသော အုံကြွမှုသည် အကျဉ်းသားများက ထောင်တွင်း အုပ်ချုပ်မှု ပုံစံများအပေါ် မနှစ်မြို့ခြင်း၊ ရိက္ခာပေးဝေမှုနှင့် သန့်ရှင်းရေး စံနှုန်းများအပေါ် မကျေနပ်ခြင်းတို့ကြောင့်ဟု ဒေသခံ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

ပြည်တွင်း သတင်းဌာနများက အကျဉ်းသားများသည် အဆောက်အအုံ အမိုးတစ်ခုပေါ်တွင် လူအချို့ကို ရိုက်နှက်ပြီး ၎င်းတို့၏ လည်ပင်းများကို ကြိုးကွင်းစွပ်၍ ခြိမ်းခြောက်နေသည်ကို ပြသခဲ့သည်။ ထောင်စောင့်များက အကျဉ်းသားများကို ကျွေးမွေးသည့် အစားအသောက်များသည် အလွန် ဆိုးရွားညံ့ဖျင်းသည့် အခြေအနေကို ကန့်ကွက်ရာမှ အုံကြွမှု စတင်ခြင်းဟု သိရှိရသည်။

အုံကြွခဲ့သည့် ထောင်သားများသည် မျက်နှာများကို အဝတ်များဖြင့် စည်းနှောင် ကာကွယ်ထားခဲ့ပြီး ဆူပူမှုကို ဦးဆောင်သူများက အနည်းဆုံး ထောင်စောင့်နှစ်ဦးကို ဓားစာခံများ အနေဖြင့် ထိန်းသိမ်း ဖမ်းဆီးထားခဲ့သည်။ “သူတို့ဟာ ဓားစာခံတွေကို ခြိမ်းခြောက်ဖို့အတွက် အကျဉ်းသား တစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို အသုံးပြုပြီး စိတ်ဓာတ်ရေးရာ ညှင်းပန်းခဲ့ပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထို့အပြင် အကျဉ်းထောင်ထဲတွင် မနှစ်မြို့စရာ၊ ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

အကျဉ်းထောင်တွင်း ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် အတောအတွင်း မူးယစ်ဆေးဝါး မှောင်ခို ပြိုင်ဘက်ဂိုဏ်းသားများ အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ယူဆရသည်။ လတ်တလောတွင် ဓားစာခံများကို ထိန်းသိမ်းထားသည့် အုံကြွသူများကို ရဲတပ်ဖွဲ့များက ညှိနှိုင်း စကားပြောဆိုနေဆဲ ဖြစ်သည်။

ပါရာနာပြည်နယ် လုံခြုံရေးမှူး မာရီယာ တီရက်ဇာ အူလီဂိုမက်စ် ကိုယ်တိုင် ကက်စ်ကာဗဲလ်သို့ သွားရောက်ပြီး ညှိနှိုင်းဆွေးနွေးမှုကို ဦးဆောင် တာဝန်ယူရန် စီစဉ်ထားသည်။ ဘရာဇီးသည် ကမ္ဘာပေါ်တွင် အကျဉ်းသား အရေအတွက် စတုတ္ထ အများဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားပေါင်း သုံးသိန်းကျော်ကို ထိန်းသိမ်းထားသည်။

BBC
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်း သား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အတိတ်မေ့သွားပေမယ့် အတိတ်သစ်များ ဖန်တီးပေးနိုင်တဲ့ ချစ်သူ

Photo: အတိတ်မေ့သွားပေမယ့် အတိတ်သစ်များ ဖန်တီးပေးနိုင်တဲ့ ချစ်သူ
Monday, August 25, 2014 

ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အပြင်က လက်တွေ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ဖြစ်သူက Krickitt လို့ အမည်ရပြီး အမျိုးသားက Kim ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်က အမျိုးသမီးဟာ ၂၄ နှစ်၊ အမျိုးသားက ၂၇ နှစ် ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြောင့် နှစ်ယောက်သား ကား အက်ဆီးဒန့် တစ်ခု ကြုံတွေ့ခဲ့ရ ပါတယ်။ အမျိုးသမီး ဖြစ်သူဟာ အိမ်ထောင်ကျပြီး နှစ်နှစ်အတူ နေထိုင်ခဲ့ကြတဲ့ အမှတ်တရ အားလုံး အတိတ်အားလုံးကို မေ့သွားပါတယ်။ Kim ကတော့ မမေ့ ပါဘူး။ 

လက်ထက်ပွဲ ဗီဒီယိုခွေများ ပြန်ကြည့်သည့်တိုင် Krickitt မှာ အေးဆက်ဆက် နှစ်လုံးသား တစ်စုံသာ ရှိပါတော့တယ်။ ချစ်သူကို မစွန့်လွတ်နိုင်တဲ့ Kim ကတော့ သူမကို ပြန်လက်ခံနိုင်ဖို့ ကြိုးစားပါတယ်။ ယင်း ကြိုးစားမှုက အတိတ်များကို ပြန်လည်အမှတ်ရစေဖို့ မဟုတ်ပါဘူး။ သူမကို Kim ဟာ တကယ်ချစ်ကြောင်း သိစေဖို့ ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ကြိုးစား မှုကြောင့် ချစ်သူတွေ ပြန်ဖြစ်သွားပါတယ်။ အတိတ်ကို သတိရလို့ ပြန်တွဲတာ မဟုတ်ပါဘူး။ သူမဟာ အချစ်စစ်ကို အတိတ်မေ့ပြီး ဘ၀ သစ် တစ်ခုမှာ ပြန် လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၃ နှစ်ကြာမှ အိမ်ထောင် နောက် တစ်ခါ ပြန်ပြုပါ တယ်။ ယခုတော့ သားသမီးတွေပါ ရှိနေပါတယ်။ ငယ်စဉ်က ချစ်ကြိုက်ခဲ့ တာတွေ၊ ပထမ တစ်ကြိမ် အိမ်ထောင်ပြုပြီး အမှတ်တရများ သူမဆီမှာ မရှိပါဘူး။ သို့ပေမယ့် ၁၈ နှစ်တာ အမှတ်ရစရာများ ဖြစ်ရပ်များက သူမ တစ်ဘ၀ စာ အတွက် လုံလောက်ကြောင်း ပြောဆိုဝန်ခံပါတယ်။ သားသမီးတွေတောင် ရှိနေပါပြီ။ 

အမေရိကန်က Kim နဲ့ Krickitt တို့ရဲ့ ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး The Vow လို့ အမည်ပေးထားပါတယ်။ ၂၀၁၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ယင်း ရုပ်ရှင်ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင် အောင်မြင်ခဲ့ ပါတယ်။ သူတို့ရဲ့ အကြောင်းအစုံအလင်ကို အောက်ပါ လခ့်နှစ်ခုမှာ ၀င်ရောက် ဖတ်ရှု နိုင်ပါတယ်။
http://www.dailymail.co.uk/tvshowbiz/article-2733142/Mother-five-Katie-Price-shows-incredible-figure-skimpy-underwear-three-weeks-giving-birth.html
http://en.wikipedia.org/wiki/The_Vow_%282012_film%29 

အောင်ခမ်း (ရိုးရာလေး)
ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အပြင်က လက်တွေ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ဖြစ်သူက Krickitt လို့ အမည်ရပြီး အမျိုးသားက Kim ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်က အမျိုးသမီးဟာ ၂၄ နှစ်၊ အမျိုးသားက ၂၇ နှစ် ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြောင့် နှစ်ယောက်သား ကား အက်ဆီးဒန့် တစ်ခု ကြုံတွေ့ခဲ့ရ ပါတယ်။ အမျိုးသမီး ဖြစ်သူဟာ အိမ်ထောင်ကျပြီး နှစ်နှစ်အတူ နေထိုင် ခဲ့ကြ တဲ့ အမှတ်တရ အားလုံး အတိတ်အားလုံးကို မေ့သွားပါတယ်။ Kim ကတော့ မမေ့ ပါဘူး။

အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ

Photo: အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ
Monday, August 25, 2014

အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။

အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။

ဆီးရီးယားတွင် အစိုးရကို တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာချိန်တွင် ဗြိတိန်ရှိ အစ္စလာမ် လူငယ်အချို့သည် သူပုန်တပ်များထံ သွားရောက်ပူးပေါင်းခဲ့ပြီး ထို့နောက်တွင် IS တို့နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ယခင်က ISIS ဟု လူသိများခဲ့သည့် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူကာ အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဘာရီသည် ဆီးရီးယားတွင် တော်လှန်ရေး တိုက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဗြိတိန်မှ ထွက်ခွာသွားသူ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ် အချို့၏ အဆိုကို ကိုးကားပြီး Fox News က ဖော်ပြခဲ့သည်။ IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား သုံးဦးထက်မနည်း ပါဝင်သည့် အဖွဲ့ခွဲတစ်ခု ရှိနေပြီး ယင်းတို့ကို The Beatles ဟု ခေါ်ဝေါ်ကြကြောင်း၊ ဘာရီသည် ၎င်းတို့အနက် တစ်ဦးဖြစ်ကြောင်း Sunday Times နှင့် Sunday People သတင်းစာများက ဖော်ပြခဲ့သည်။

ဗြိတိန်ထောက်လှမ်းရေးဌာန MI5 နှင့် MI6 တို့ အနေဖြင့်မူ ဘာရီသည် ဖိုလေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူအဖြစ် အခိုင်အမာ လက်ခံထားသော်လည်း လူသိရှင်ကြား မှတ်ချက်မျိုး မပေးသေးဟု ဆိုသည်။ ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဆီးရီးယား မြောက်ပိုင်းတွင် ပြန်ပေးဆွဲ ခံရပြီး ပျောက်ကွယ်သွားကာ ပြီးခဲ့သည့် သီတင်းပတ်တွင်မှ ၎င်းကို သတ်ဖြတ်သည့် ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။

ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများက ဘာရီနှင့်အတူ လှုပ်ရှားနေသည့် IS အဖွဲ့ဝင်များအဖြစ် ဘာမင်ဂမ်မှ အသက်(၂၀)အရွယ် အဘူဟူစိန်အယ်လ် ဘရစ်တာနီ၊ ဟမ့်ရှိုင်းယားမှ အသက်(၂၃)နှစ်အရွယ် အဘူ အက်ဘ်ဒူလာ အယ်လ် ဘရစ်တာနီတို့ကိုလည်း ဖော်ထုတ် သိရှိထားကြောင်း သိရသည်။ Daily Mail က IS တို့ကြားတွင် ၎င်းတို့ကို ဂျွန်၊ ဂျော့ဂ်ျနှင့် ရင်ဂိုဆိုသော အမည်ဝှက်များဖြင့် လူသိများကြောင်းလည်း ဖော်ပြခဲ့သည်။

Daily Mail ၏ အဆိုအရ Beatles တို့သည် ဥရောပ နိုင်ငံများထံမှ ပေးချေခဲ့သည့် ပြန်ပေးငွေ အမြောက်အမြား ရှိနေပြီးနောက် ကူဝိတ်၊ သို့မဟုတ် ကာတာ တစ်နိုင်ငံတွင် အခြေချ အနားယူနိုင်လောက်အောင် ကြွယ်ဝနေပြီဟု ကြွားဝါလေ့ ရှိကြောင်းလည်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ တောင်းဆိုသည့် ငွေကြေးကို ပေးချေသည့် မူဝါဒမျိုး မရှိသော်လည်း အခြားဥရောပ နိုင်ငံများတွင် ယင်းသတ်မှတ်ချက်မျိုး ပြဋ္ဌာန်း မထားချေ။

IS တို့သည် ဖိုလေအပြင် အခြား အမေရိကန် ဓားစာခံ သုံးဦးမျှကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ယင်းတို့အနက် တစ်ဦးသည် စတီဗန် ဆော့လော့ဖ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျွန်ဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွက ဖိုလေကို ခေါင်းဖြတ် သတ်ဖြတ်သည့် ဗီဒီယိုအတွင်း ဖော့လော့ဖ်၏ ပုံရိပ်ကို ဖော်ပြခဲ့ပြီး အမေရိကန်၏ အပြုအမူများအပေါ် မူတည်က ဆော့လော့ဖ်၏ ကံကြမ္မာကို ဆုံးဖြတ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။

7Day News Journal
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန် ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆ ထားကြောင်း သတင်းရရှိသည်။

မလေးရှားလေယာဉ် အမှုထမ်းအကြီးအကဲက သြစတြေးလျ အမျိုးသမီး ခရီးသည်ကို မဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားခံရ

မလေးရှားလေကြောင်းလိုင်း၏ MH 20 လေယာဉ်ခရီးစဉ်မှ လေယာဉ်အမှုထမ်းအကြီးအကဲက သြစတြေး လျ အမျိုးသမီးခရီးသည်တစ်ဦးကို လေယာဉ်ပေါ်တွင် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည်။

ချမ်းသာခြင်းမှာ အပြစ်မကင်းပါသောကြောင့်

Photo: ချမ်းသာခြင်းမှာ အပြစ်မကင်းပါသောကြောင့်
Monday, August 25, 2014

ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတိုအတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကို  စုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေနဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက် နေသလဲဆိုတာကို ဖော်ထုတ်သွားမှာ ဆိုပဲ။

သူများဥစ္စာ အစစ်အခံရ မှာ ၀မ်းတော့ သာစရာ မဟုတ်ပါဘူးခင်ဗျာ။ နို့ပေတဲ့ ကြံဖန်ဝမ်းသာ ဖို့ရန် ရှိတာကတော့ အဲဒီ အစုံအစမ်း အစစ်အဆေး ခံရမယ့် လူတွေထဲမှာ ကျုပ်တို့ရဲ့ အောက်ခြေ က သာမန်မြန်မာပြည်သူများ မပါဘူးဗျ။ ဘာကြောင့်ဆို ကျုပ်တို့က ဆင်းရဲတာကိုး။ ဆိုတော့ကာဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဖြစ်တဲ့ ကျုပ်တို့ပြည်သူများနဲ့တော့ ဝေးလှတဲ့ ကိစ္စပေါ့ဗျာ။ ဒီတစ်ပွဲမှာ ကျုပ်တို့က ပွဲကြည့်ပရိသတ် လုပ်ရမှာခင်ဗျ။ အချိန်တိုတိုနဲ့ ချမ်းသာသွားကြတဲ့ သူတွေထဲ မှာ ဘယ်သူတွေများ ပါမလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းမှာပဗျာ။ ပြော သလို လုပ်ဖို့သာ လိုပါတယ်။

အင်း.. ထူးလည်း ထူးတဲ့ ရွှေပြည်ပါဗျာ။ ၂၀၁၄ ခု ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲနံပါတ် ၁၂ ချိတ်တဲ့ ကျုပ်တို့ရွှေပြည်မှာ အချမ်းသာဆုံးလူသားတွေ ရှိနေတာ မထူးခံနိုင်ပါရိုးလား။ ခက်တာက ကျုပ်တို့ လူမျိုးကလည်း ထစ်ခနဲရှိ ‘ကံ’ ဆိုတာကိုသာ ယိုးမယ်ဖွဲ့တတ်ကြတဲ့ စိတ်စွဲလမ်းမှုကလည်း ရှိထားတော့ ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ လူချမ်းသာတွေရှိနေတာကို ပြဿနာလို့ မထင်ခဲ့ကြဘူးဗျ။ သတ္တ၀ါတစ်ခု ကံတစ်ခုဆိုသဟာလို အားလုံးဟာ သူ့ကံနဲ့သူဖြစ်နေတာဆိုပြီး အမှတ်ထားတော့ ခက်သားကလား။

ပြောရဦးမယ်ဗျ။ လူအများစုကတော့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတယ်။ စားစရာ အာဟာရမပြည့်မစုံဘ၀နဲ့ သက်ဆိုးမရှည်ရှာ ဖြစ်နေရတယ်။ အဲသလို အချိန်မှာ အချို့သော လူတစ်စုကတော့ မော်တော်ကား ထည်လဲစီးတယ်။ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဟိုတယ်ကြီးတွေမှာ စားတယ်။ နားတယ်။ ပြည်သူ လူအများစုက ဆင်းရဲနုံချာလှတဲ့ဘ၀မှာ တစ်နေရာက တစ်နေရာ ကုန်းကြောင်းလျှောက်နေရတဲ့အချိန် ချမ်းသာသူတစ်စုဟာ ရွှေပြည်တစ်ခွင်မှာ ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့ စိတ်ထင်ရာ သွားနေနိုင်ကြတယ်ဗျာ။

ဆင်းရဲသား ပြည်သူအများဟာ ဆင်းရဲလွန်းလှတဲ့ ဘ၀မှာ မ၀ရေစာ စားရ၊ ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကျောင်းရတဲ့ ဒဏ်တွေကြောင့် ရောဂါဘယထူပြောနေကြတယ်။ အများစုဟာ သက်ဆိုးမရှည်ရှာဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့  အသက်ဆုံးပါးသွားကြတယ်။ ဆေးရုံဆေးပေးခန်းလည်း မသွားနိုင်ပါဘူး။ နို့ပေတဲ့ အစောက ဘာမှန်းမသိဘဲနဲ့ ချမ်းသာနေကြတဲ့ လူအချို့ကတော့ နတ်သုဓာ အရသာရှိလှတဲ့ အာဟာရဆိုတာကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် စားရတဲ့ဘ၀မို့ အားလုံးဟာ ဆူဖြိုးနေကြတယ်။ စားလွန်းမက စားရလွန်းလို့ စားပိုးနင့်တာမျိုးပဲရှိမယ်။ ကျုပ်တို့သာမန်ပြည်သူများလို အာဟာရမပြည့်လို့ နုံးခွေချည့်နဲ့တော့ မဖြစ်ဘူး။ အဲသလိုအခါမျိုးမှာလည်း သူတို့ဟာ နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ ဆေးရုံဆေးခန်းတွေမှာသွားအနားယူရင်း ဆေးကုနိုင်ကြတယ်ဗျာ။

အရပ်ထဲမှာ မြန်မာ့ဆိုရှယ်လစ်ခေတ်ကို ကောင်းကောင်းမီလိုက်တဲ့ လူကြီးများအကြားမှာ တစ်ခါတစ်ခါ ပြန်ပြောရင်း ‘ဟား’ကြတဲ့ ဟာသလေးရှိသဗျ။ တကယ့်အဖြစ်လား၊ ဘာလားတော့ သူတို့လည်း မရေရာဘူးဗျ။ အနှီဟာသက ဘယ့်နှာလဲဆိုတော့ တစ်ခါသားမှာ မြန်မာ့ဆိုရှယ်လစ်ပါတီဝင် အကြီးအကဲတစ်ဦးဟာ ကုလားထိုင်မှာ ထိုင်ရတာကြာလာတော့ ဆီးပူညောင်းညာဖြစ်သတဲ့။ ကုလားထိုင်မှာ ထိုင်ရတဲ့ ကာလကလည်း ကြာဆို အနှစ် ၂၀ေ လာက် ရှိနေမင့်ဟာကိုး။ ၁၉၆၂ခုနှစ်ကတည်းက တိုင်းပြည်ရဲ့ ရှောင်မရရှားမရတဲ့ သမိုင်းပေးတာဝန်ကိုဝင်ပြီးထမ်းထားရတာ၊ အဲဒါ၁၉၈၀ ကျော် လောက်လည်း ကျရော ကုလားထိုင်မှာ ထိုင်ရတာ ရောဂါတွယ်လာတာပေါ့ဗျာ။ ဆီးဝမ်းလေ မမှန်တော့ဘူးတဲ့ဗျ။ ဒါနဲ့ နိုင်ငံတာဝန်တွေက ခဏနားလိုက်ပါဆိုပြီး အနှီအဘကို တပည့်တွေက ဖျောင်းဖျကြတယ်။ ဆေးကောင်းဝါးကောင်းတွေလည်း ပေးတယ်။ ဒါတွေဒါတွေ သောက်ရင် ပျောက်ပါတယ်။ သာမန် အညောင်းထိုင်တဲ့ ဝေဒနာပါ ဆိုပြီး သမားတော်များကလည်း အစီရင်ခံကြတယ်။

အဲဒါဗျာ အနှီ အဘက လုံးဝလက်မခံဘူးတဲ့ဗျ။ ဆွစ်ဇာလန်က အယ်လ်ဖိုင်း တောင်တန်းကြီးတွေကို ငေးရင်း အေးအေးသက်သာ ဆေးကုခံချင်တာတဲ့။ သူ့ရောဂါက ဆီးမသွား၊ လေမလည်ရုံကလေးပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်စနစ်တောင်မှ လုပ်ထားပြီးမှ သူ့ရောဂါကိုလည်း မြန်မာ့နည်းမြန်မာ့ဟန် ငရုတ်ကောင်းတစ်ပိဿာ ပြာချသောက်ရင် ပျောက်ပါတယ်ဆိုတာ မရဘူး။ သူ့အောက်က ၀န်ကြီးတွေက လည်း ပြောမရတဲ့အဆုံးမှာ လိုက်လျောလိုက်ရတာပေါ့။ ဒါနဲ့ နောက်ဆုံးတော့ ဆွစ်ဇာလန်မှာ ဆေးသွားကုတာပေါ့။ ဟိုက ဆရာဝန်တွေကလည်း ပြောပါတယ်။ဘာမှ မစိုးရိမ်နဲ့။ အထိုင်များလို့ဖြစ်တာ။ နောင်တိုင်းပြည် ပြန်တဲ့အခါ ကုလားထိုင်မှာ အကြာကြီး မထိုင်ပါနဲ့။ တိုင်းပြည်တွင်း အေးအေးချမ်းချမ်းရှိတဲ့ နေရာလေးတွေဆီ မကြာခဏ လည်ပတ်ပေးပါလို့လည်းအကြံပြုလိုက်သတဲ့။

အနှီခေါင်းဆောင်ကြီး ပြန်လာပြီးတဲ့နောက် လက်အောက် ၀န်ကြီးတွေဟာလည်း အညောင်းထိုင် ဆီးပူလေချုပ် ဖြစ်တယ်ဆိုပြီး ထစ်ခနဲရှိ ဆွစ်ဇာလန်ပြေး ဆေးသွားကုတော့တာပဲတဲ့။ နောက်ဆုံး ၀န်ကြီးအတော်များများ ဆေးသွားကုလိုက်တာ သိပ်မကြာပါ ဘူး။ တစ်ခါက တွင်းထွက် သံယဇာတများနဲ့ ချမ်းသာလှတဲ့ တိုင်းပြည်ဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်စာရင်း ထဲမှာ ပါလာတော့သတဲ့ဗျာ။ ဘာကြောင့်ဆို သူတို့က တိုင်းပြည်ဘဏ္ဍာနဲ့ ဆေးကုနေကြတာကိုးခင်ဗျ။  ပုံပြင်မို့ မယုံချင်လည်း မယုံနဲ့ပေါ့ဗျာ။ တစ်ခါက ဒေါ်အောင်ဆန်းစုကြည်လည်းသူ့ရဲ့ စနေ၊ တနင်္ဂနွေ ခြံရှေ့မိန့်ခွန်းတစ်ခုမှာကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တစ်ပြည်က နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဟာ တစ်ပတ်တစ်ခါ နိုင်ငံခြားသွားပြီး ဆံပင်ညှပ်တဲ့အကြောင်း ပြောဖူးထားတာလည်း ရှိပါသေးရဲ့။

ဆိုချင်တာကတော့ဗျာ . . .။  ကျုပ်တို့လို ဆင်းရဲသူအများစုရှိရာ ရွှေပြည်ကြီးမှာ အစောက ပြောတဲ့  ဘီလျံနာ သူဌေးကြီးများ ရှိနေသေးတာဟာ သာမန်သွေးရိုးသား ရိုးမှ မဟုတ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် အနှီ နိုင်ငံမှာ တစ်ခုခုလွဲနေပြီဆိုတာ သေချာသဗျ။ ဒါပေတဲ့ အစောက ပြောခဲ့သလိုကျုပ်တို့ သာမန်ပြည်သူဆိုတာ ကလည်း ကံကိုယုံသူများဆိုတော့ ဒါဟာ သူ့ရဲ့ အတိတ်ဘ၀ကုသိုလ်က ထောက်ကူမတဲ့အတွက် လက်ရှိဘ၀မှာ ကြွယ်ဝချမ်းသာတာလို့  ထင်နေတာကိုး။ တော်ကြာ အဲသလို ကြီးပွားနေတာကို ကိုယ်တွေကများ သွားပြီး ဘယ့်နှယ်ဘယ်လို ထောက်ပြရင် မနာလိုရာ ကျမှာလည်း ကြောက်တာကိုး။ ဒါ ကြောင့်မို့ ဘာပဲဖြစ်ဖြစ် တရားသဘောနဲ့ မုဒိတာပွားဖို့ပဲ အားသန်ကြတယ်။

ဒီစိတ်ဓာတ်ဟာ ကောင်းပါတယ်။ နို့ပေတဲ့ တစ်ဖက်မှာ မတရားမှုတွေကို လျစ်လျူရှုပေးနေသလိုလည်း ဖြစ်သွားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ များရာစုဖြစ်တဲ့ ပြည်သူလူထုကြီးဟာနဖူးကချွေး ခြေမကျအောင် လုပ်နေရတယ်။ မိုးလင်းမိုးချုပ် အလုပ်နဲ့ လက်ပြတ်တယ်လို့ကို မရှိဘူး။ နို့ပေတဲ့ ဆင်းရဲနေကြတယ်။ အဲဒီအချိန်မှာ လူအချို့တော့ ဘာရယ် မည်မည်ရရ မဟုတ်ဘဲနဲ့ ကြီးပွားလာကြတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုတာလို မင်းပေါက်စိုးပေါက်ရောက်အောင်လုပ်နိုင်ပြီဆိုတာနဲ့ ငွေကြေးအသပြာ စီးပွားဥစ္စာဆိုတာ ဒီရေအလားပဲ။

အဲသလို လူတစ်စုထဲမှာ ၀န်ကြီးတွေ ပါတယ်။ အစိုးရ အမှုထမ်းတွေပါတယ်။ သူတို့နဲ့ နှီးနွှယ်ပတ်သက်တဲ့ မိတ်ဆွေသင်္ဂဟတွေ ပါတယ်။  အာဏာရှိမယ်။ လူလည်လုပ်နည်း သိမယ်ဆိုရင် အဲဒီလူတစ်ယောက်ဟာ ကျုပ်တို့ ရွှေပြည်မှာ နေ့ချင်းညချင်း ကြီးပွား နိုင်တာပေါ့။

သူတိုလက်ထဲမှာ ငွေရှိတယ်။ အာဏာရှိတယ်။ ဒါကြောင့် နိုင်ငံရဲ့ အကောင်းဆုံးအခွင့်အလမ်းတွေဟာ နောက်ဆုံးတော့ သူတို့အတွက်ပဲ။

ကြားလိုက်ပါသေးရဲ့။ ဟိုတစ်နေ့က သတင်းတစ်ခု ထွက်လာတယ်။ရန်ကုန်မြို့အနောက်ပိုင်းခရိုင်မှာ ဧရာမလူနေမြို့ ပြ စီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်မယ်ဆိုလား။ ဒီသတင်းကြားတော့ ကျုပ်တို့ သာမန်ပြည်သူတွေ ပျော်မယ်များထင်နေသလား။

နေစရာအိမ်မရှိပေတဲ့ မျှော်လင့်ချက် ရေးရေးလေးတောင်မှ စိတ်ထဲမှာ ပေါ်မလာဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ကာ သိနေတယ်လေဗျာ။ သိနေတယ်။ ဒါဟာ ငွေရှင် ကြေးရှင် စီးပွားရေးသမား တစ်စုစာရဲ့ လက်ထဲပဲ ရောက်မှာပဲ ဆိုတာ။

ဒါနဲ့ မရှေ့မနှောင်းမှာပဲ ဆက်ကြားရပါသေးတယ်။ အဲဒါကတော့ ကျုပ်တို့ ရွှေပြည်ကြီးမှာတဲ့ တစ်နေ့ကို ငွေကျပ် သိန်းပေါင်းတစ်ထောင်နဲ့အထက် ဘဏ်မှာ အပ်နေတဲ့သူက လူပေါင်း တစ်ထောင်လောက်ရှိဆိုပဲ။ ကဲ . .  .ကိုယ့်လူများ ဘာပြောဦးမလဲဗျာ။ ကမ္ဘာ့ဘဏ်ပဲ မျက်စိမှောက်ကာ အတွက်အချက်မှားတာပဲလား မသိဘူး။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံမှာ ဘဏ်ထဲကို နေ့တိုင်း သိန်းတစ်ထောင်လောက် အပ်နေတဲ့သူက လူတစ်ထောင်ဆိုတော့ ဘယ်နေရာမှာ ဘာတွေ လွဲနေသလဲဆိုတာ ကျုပ်တို့ ဆန်းစစ်ကြည့်မှ တော်မယ်။

အခုန အိမ်ရာ စီမံကိန်းကို  အထက်ပိုင်းလူတွေကြားမှာ နှစ်များစွာ အတွင်းကျိတ် စီစဉ်လာပြီး ပြည်သူအကြား ဘွားခနဲ ချပြလိုက်တဲ့အတွက် လွှတ်တော် အမတ်အချို့လည်း မျက်လုံးပြူး သွားတယ်ဆိုပဲ။ သူတို့မှ မသိလိုက်ရဘဲကိုး။ သြော် ..လွှတ်တော် အမတ်ဆိုတာလည်း ရုပ်ရှင်ထဲက ရဲတွေလိုပါပဲလား။ ပွဲပြီးပြီဆိုမှ သူတို့ခမျာ သိရရှာတာ။ ကျုပ်တို့ပြည်သူကတော့ မိအေးဆယ်ခါ၊ ဆယ့်ငါးခါ နာခဲ့ပြီးသူတွေဆိုတော့ ကျပ်ဘီလီယံ ခုနစ်ထောင်နဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံလောက် ကုန်မယ်ဆိုတာလည်း ရင်မခုန်ပေါင်ဗျာ။ တော်ကြာ တန်ဖိုးနည်းအိမ်ရာ ဆိုသဟာတွေလို နောက်ဆုံးတော့ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ လက်ထဲရောက်ပြီး ဆင်းရဲသားက လမ်းဘေးမှာ တဲထိုးနေရတဲ့ ဘ၀က ဘ၀ပဲ ဖြစ်နေဦးမှာဆိုတာ သိနေပြီးသားမင့်ဟာ။

အခုတော့ ပြီးခဲ့တဲ့ မတ်လအတွင်းက အသစ်ပြဋ္ဌာန်းလိုက် တယ်ဆိုတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုပြီး နောက်ပိုင်းတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ ငွေ ပမာဏ သိန်းတစ်ထောင်နဲ့ အထက်အပ်နှံတာ ဘာညာ ရှိလာတဲ့အခါ ဆိုင်ရာစစ်ဆေးရေးအ ဖွဲ့ကို သတင်းပို့ရမယ်လို့ဆိုတယ်။  အထက်မှာ ဘစီတို့ အစီရင်ခံခဲ့သလို နောက်ဆုံးသတင်းတွေအရ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ကလည်း ဟောဒီ ရွှေပြည်မှာ အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာလာသူတွေရဲ့ နောက်ကွယ်မှာ ဘာလုပ်ငန်းတွေ လုပ်နေသလဲဆိုတာ စုံစမ်းသွားတော့မှာ ဖြစ်ပါသတဲ့ဗျာ။

ဒါကြောင့် ပြောတာ။ သိပ် ကောင်းတဲ့အစီအစဉ်ပါလို့။ ရွှေပြည်ကြီးမှာ မွန်သူဌေး ဦးနာအောက်တို့လို၊ ကျွဲကျောင်းသားဘ၀ကနေ ဘဏ်သူဌေးတက်ဖြစ် လာတယ်ဆိုတဲ့  ရခိုင်အမျိုးသား ရဲကျော်သူတို့လို၊ တက္ကစီထောင်ပြီး ကြီးပွားသွားတဲ့ ပဲရော့ဦးဆန်နီတို့လို၊ ယောဂီသွေးဆေးနဲ့ သူဌေးဖြစ်တဲ့ ယောဂီဦးတင်တို့လို၊ နဂါးဆေးပေါ့လိပ်ပိုင်ရှင် နဂါးဒေါ်ဦးတို့လို ကိုယ့်ခွန်ကိုယ့်အားနဲ့ ကြိုးစားပြီး သူဌေးဖြစ်တဲ့သူတွေ တစ်ခါက ရှိခဲ့ဖူးပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ဘာနဲ့ စမတ်ကျကျ ဖြစ်နေကြတဲ့ သူဌေးကြီးတချို့ရှိပါတယ်။ သူတို့ ဘယ်လိုကြီးပွား လာကြသလဲဆိုတာ ကျုပ်တို့ သိရရင် ကောင်းတာပေါ့ခင်ဗျ။

နောက်ပြီး ကျုပ်တို့ အစိုးရအဖွဲ့ထဲမှာ ငွေကြေးပြည့်စုံပြီး လုပ်ငန်းရှင်တစ်ပိုင်း ဖြစ်နေကြတဲ့ ၀န်ကြီးများကိုလည်း ထူးဆန်းစွာတွေ့နေရတယ်။ ဒီလောက်အလုပ်များတဲ့ ၀န်ကြီးအချို့ခမျာ တစ်ချိန်တည်းမှာ စီးပွားရေးအလုပ်ကိုပါ ကြီးပွားအောင် လုပ်နိုင်တာ အံ့စရာတစ်ပါးပါ။ ၀န်ကြီးလစာကို အရင်းတည်ကာ ဆွေစဉ်မျိုးဆက်  တစ်သက်စားမကုန် ပြည့်စုံကုံလုံနေပုံဟာ ဥရုဂွေးက ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဘွဲ့ရထားတဲ့သူကြီးကို လက်ဆွဲပြီးပြချင်စရာ။  ခမျာ ကြီးပွားအောင်မှ မလုပ်တတ်ရှာတာကိုး။

ကျုပ်တို့ အိမ်နီးချင်း ပေါက်ဖော်ကြီးတို့ တိုင်းပြည်မှာတော့ မော်စီတုံးအလွန် အာဏာရလာ တဲ့ တိန့်ရှောင်ဖိန်က ‘ချမ်းသာတာအလှ’ လို့ ပြောပြီး နိုင်ငံပိုင် ချုပ်ကိုင်ထားတဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးကို သွားဖို့ သူ့နိုင်ငံသားတွေကို တပ်လှန့်ခဲ့တယ်။ အဲဒီနောက်ပိုင်း ပေါက်ဖော်ကြီးများ ချမ်းသာသွားပုံဟာ ကိုယ့်လူများ မြင်တဲ့အတိုင်းပဲ။  ကဲ.. ကျုပ်တို့  ရွှေပြည်ကြီးမှာကောဗျာ။ ကမ္ဘာကရင်သပ်ရှုမောရတဲ့ သူဌေးကြီးများရှိပေတဲ့ နိုင်ငံသားအများစုက ဆင်းရဲနေတော့ကာ သူတို့ရဲ့  ချမ်းသာမှုဟာ လှပတယ်လို့ ဆိုနိုင်ပါ့မလားခင်ဗျ။ လူတစ်ယောက်ကချမ်းသာပြီး လူတစ်ရာက ငတ်နေတယ်ဆိုရင် အနှီချမ်းသာမှုဟာတစ်ခုခုလွဲနေလို့ပေါ့ဗျာ။ ဒီအခါချမ်းသာတာဟာလည်း အပြစ်တစ်ခု ဖြစ်နိုင်တာပဲဟာ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါ သည်။)
7Day DAILY
ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတို အတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကိုစုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိကရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေ နဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက်နေသလဲဆိုတာကို ဖော်ထုတ်သွားမှာဆိုပဲ။

ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း

Photo: ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း
Monday, August 25, 2014

အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။

ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်သိမှု တာဝန် ယူမှု အလေ့အကျင့်ကောင်းများ မြှင့်တင်ရေး၊ ICT ကို သင်ကြားမှု၊ သင်ယူမှုတွင် တွင်ကျယ်စွာ အသုံးပြုရေး၊ စာသင်ဆောင်များ၊ ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ ကျောင်း သူအဆောင်များတွင် ရေ၊ မီးပြည့်စုံရေးနဲ့ သန့်ရှင်းသပ်ရပ်ရေး၊ ပညာရေးမြှင့်တင်မှု အကောင်အ ထည်ဖော်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘‘ကျောင်းက ပါချုပ်ကတော့ သောကြာနေ့ည နေပြည်တော်ကို ဆင်းသွားပြီး စနေနေ့ညတွင်းချင်း ပြန်လာတယ်လို့ သိရပါတယ်။ တနင်္လာနေ့ မနက်မှာ ကျောင်းမှာ ရှိတဲ့ ပါမောက္ခ၊ ဌာနမှူးတွေနဲ့ အစည်းအဝေးခေါ်ပြီး ၀န်ကြီးရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည် ပြောပြခဲ့တယ်။ ဌာနမှူးတွေက တစ်ဆင့် ဌာနမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ထပ်ဆင့်ပြောပြ ကြပါတယ်။ အဆင့်ဆင့်လိုက်နား ထောင်၊ ရေးမှတ်၊ ပြန်ပြောကြ တာဆိုတော့ ၀န်ကြီးရဲ့ မှာကြား လမ်းညွှန်မှု အတိမ်အနက်၊ ဆိုလို ရင်းနဲ့ ကွဲလွဲမှုအနည်းနဲ့ အများရှိ နိုင်ပါတယ်’’လို့ တက္ကသိုလ်ဆရာ တစ်ဦးက သုံးသပ်ပြပါတယ်။

‘‘ဌာနမှူးက ဌာနတွင်း အစည်းအဝေးခေါ်ပြီးတော့ ပြန် ပြောတဲ့အထဲမှာ ပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးအကျယ်တ၀င့်ပြောသွားတာ မရှိဘူး။ ပညာရေးဥပဒေတွေကို စဉ်းစားသုံးသပ်ဖို့ဆိုလား တစ်ခွန်းပဲကြားလိုက်ရတယ်။ သဲသဲကွဲကွဲတောင် မဟုတ်ဘူး။ ဆိုလိုတာက အဲဒါနဲ့ ပတ်သက်ပြီး အဓိကထားပြောမသွားဘူး။

‘‘တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ရေးဖြစ်တော့မယ်။ တာ ၀န်ကျနေရာ အပြောင်းအရွှေ့ တွေ မရှိတော့ဘူး။ ကိုယ့်တက္က သိုလ်မှာ  ၀င်ငွေရဖို့အတွက်  သင် တန်းတွေ ဖွင့်ရမယ်။ အလှူရှင်ရှာ ရမယ်။ ဘတ်ဂျက်ကို ငါးနှစ်စာ ဆွဲမယ်လို့လည်း ဆိုတယ်။ ကျောင်း သား၊ ကျောင်းသူကနေ ဆရာ၊ ဆရာမကို ပြန်လည်အမှတ်ပေး အကဲဖြတ်မယ့် QA (Quality Assurance) စနစ်ကျင့်သုံးမယ်လို့ လည်း ပြောပါတယ်။ ကျောင်း သား၊  ကျောင်းသူကိုယ်တိုင်  ကျောင်းအပ်ရမယ်လို့ ဆိုတယ်။ One Stop Service နဲ့ ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီ ကိစ္စတွေမှာ ဆရာ၊ ဆရာမတွေ မပတ်သက်ကြဖို့ သတိပေးပါ တယ်။ နောက်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်တက္ကသိုလ်၊ ကိုယ့်ကျောင်း လုံခြုံရေးအတွက် ကိုယ့်အိမ်လုံခြုံရေး ကိုယ်တာဝန် ယူရသလို သဘောထားရမယ်လို့ ပြောသွားပါတယ်’’လို့ ထပ်ပြီး ပြောပြပါတယ်။

ဆိုတော့ နေပြည်တော်မှာ ၀န်ကြီး အဓိကထားဆွေးနွေးတဲ့ ခေါင်းစဉ်အကြောင်းအရာနဲ့ အဆင့်မြင့်ပညာကဏ္ဍမှာ တာဝန် ထမ်းဆောင်နေကြတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေဆီ ရောက်လာတဲ့ ညွှန်ကြားချက်များက တစ်ထပ်တည်းကျပါ့မလား တွေးမိပါ တယ်။ ဆိုလိုတာက ပညာရေးအ တွက် အသက်တမျှ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေများ၊ နည်းဥပဒေ များနဲ့ ပတ်သက်ပြီး တက္ကသိုလ် ဆရာ၊ ဆရာမအများစု ဘာမှ မသိကြရဘူး ဖြစ်နေတယ်။

  အချိန်ယူ လေ့လာဖတ်ရှု အကြံပြုနိုင်အောင် ဝေငှပေးတာ မျိုးလည်း တက္ကသိုလ်အများစုမှာ မရှိဘူးလို့ သိရပါတယ်။ အမျိုး သားပညာရေး ဥပဒေမူကြမ်းတို့၊ အဆင့်မြင့်ပညာရေး ဥပဒေ ဒုတိယမူကြမ်းတို့ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေလက်ဆင့်ကမ်းရယူထားကြရတယ်လို့ ဆိုပါတယ်။ လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခွင့်၊ အကြံပြုမေးမြန်းခွင့်များကိုလည်း ဖန်တီးမပေးဘူးလို့ ပြောပြပါတယ်။

ဇူလိုင်လထဲတုန်းက ပညာ ရေး ၀န်ကြီးရုံးက စာအမှတ် ၁၂၀ ခွဲ ၁ (စ) ၂၀၁၄ (၄၁၅) နဲ့ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အလိုက် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ကိစ္စကို အကြောင်းကြားထားကြောင်း မိတ်ဆွေဆရာ တစ်ဦးက ပြောပြပါတယ်။

ကျောင်းတိုင်းမှာ တက္ကသိုလ်မိတ်ဆက်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဖို့၊ ပညာရပ်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ အနုပညာ ဆိုင်ရာ ရက်သတ္တပတ် သတ်မှတ် ၍ လှုပ်ရှားမှုများဆောင်ရွက်ဖို့၊ လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်တိုင်း စာသင်နှစ်ဖွင့်ပွဲ ပြုလုပ်ဖို့၊ အထက်ပါလှုပ်ရှား ဆောင်ရွက်မှုအားလုံးကို ရုပ်မြင် သံကြား၊ သတင်းစာ၊ ဂျာနယ်၊ စာ စောင်၊ မီဒီယာများမှာ ပါဝင် ရေးသားကြဖို့၊ လှုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်များကိုဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ယခုပညာသင်နှစ်ဝက်  ကာလအတွက် ပြက္ခဒိန်များ ရေးဆွဲတင်ပြဖို့များဖြစ်ကြောင်း ဆိုပါတယ်။

ဝန်ကြီးနဲ့တစ်ကွ အထက်လူ ကြီး တာဝန်ရှိသူများအနေနဲ့ မြန် မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ဥပဒေရေးရာကိစ္စများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စများကို အားစိုက်ကြိုးပမ်း လျက်ရှိကြပါတယ်။ သို့သော် လက်တွေ့ အကောင်အထည် ဖော် လှုပ်ရှားကြရမယ့် အောက် ခြေအဆင့်မှာ ပွဲလမ်းသဘင်များ၊ ပေါ်လစီဆိုင်ရာ အခမ်းအနားများ ကို ဦးစားပေးနေကြပါသေးတယ်။

ဥပမာ အခုဖွင့်လှစ်နေတဲ့ ပညာသင်ကာလအတွက်ဆိုရင် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ စာသင်ရက်စုစု ပေါင်း ၆၄ ရက်ပဲရှိပါတယ်။ ဇွန်လဆန်းမှာ တက္ကသိုလ်တွေစပြီးဖွင့်ပေမယ့် ကျောင်းသား၊ ကျောင်းသူ မစုံလင်တာရယ်၊ ပုံနှိပ်စာအုပ်ရောင်းပေးဖို့ အဆင်သင့်မဖြစ်ကြတာကြောင့် တက္ကသိုလ် အများစုမှာ ဇွန်လလယ်ခန့်ရောက်မှစပြီး စာသင်ကြရတာပါ။ စက်တင်ဘာလလယ်မှာ စာမေးပွဲတွေ စတင်ပါတယ်။ ဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ၊ အသင်း အဖွဲ့ဆိုင်ရာ၊ စီမံချက်ဆိုင်ရာပွဲ လမ်းသဘင်တွေကြောင့် စာသင်ပျက်ကြတဲ့ ရက်တွေလည်းရှိတယ်လို့ တတိယနှစ်ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

ဒီစာရေးရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းရှင်းပြောရရင်တော့ နေပြည်တော်မှာရှိတဲ့  ၀န်ကြီးအနေနဲ့နယ်က တက္ကသိုလ်တွေအထိ ကိုယ်တိုင်ဆင်း ပကတိအခြေအနေကို လေ့လာပြီး မှာကြားလမ်းညွှန်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ၀န်ကြီးရဲ့ အဓိကအရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေအထိ ဂဃနဏနားလည်သဘောပေါက်သိရှိအောင် စာနဲ့ဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှ ဖြစ်စေ အချိန်နဲ့အမျှ အသိပေးနိုင်ရင် ပိုပြီး အဆင်မပြေနိုင်ဘူးလားလို့ အကြံပြုချင်ပါတယ်။ ပိုပြီး ထိရောက်မှုရှိမယ်လို့ ထင်ပါတယ်။ ခုတော့ ၀န်ကြီးက တခြား၊ ဆရာ၊ ဆရာမတွေက သတ်သတ်ဖြစ်နေတယ်လို့ တချို့က သုံးသပ်ပြပါတယ်။ကျောင်းသား၊ ကျောင်းသူ များအနေနဲ့ ကြည့်မယ်ဆိုရင် လည်း ပညာရေးဆိုင်ရာ ဥပဒေ တွေ၊ ၀န်ကြီးနဲ့ ပါချုပ်တွေရဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ လုပ်ငန်းအစီအ စဉ်ဆိုတာတွေကို လောလော ဆယ်အခြေအနေနဲ့ ပြောရရင် အူရီးဒူးတို့၊  တယ်လီနောတို့ လောက် စိတ်မ၀င်စားကြဘူး။ သူတို့ တက္ကသိုလ်တွေမှာရှိတဲ့ Lab ခန်း၊ e-library ခန်း၊ ကွန်ပျူတာ ခန်းတွေက ပိတ်ထားတတ်တော့ အပြင်မှာ Wi-Fi Free အပြိုင်အ ဆိုင်ပေးနေတဲ့ လက်ဖက်ရည် ဆိုင်၊  စားသောက်ဆိုင်တွေမှာ ပိုပြီး  အချိန်ကုန်ခံနေတတ်ကြ တယ်။

ကျုပ်လည်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတစ်ဆင့်လမ်းညွှန်ထားတဲ့ ပညာရေးဝန် ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ကို ၀င် ကြည့်မိပါတယ်။ သတင်းတွေ၊ လုပ်ငန်းအစီအစဉ်တွေ၊ သုတေ သနစာတမ်းတွေ၊ မှာကြားချက် တွေ ဘာမှ Up to Date မဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသား ပညာရေးဥပဒေမူကြမ်းနဲ့ ပတ် သက်လို့လည်း အစိုးရရဲ့ တရားဝင်ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ရှာကြည့်မိပါတယ်။ တွေ့ရတာက မပြည့်စုံတဲ့ မူကြမ်းတစ်မျက်နှာနဲ့ လွဲမှားဖော်ပြထားတဲ့ ငွေကြေးခ၀ါချမှုဥပဒေတစ်မျက်နှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အတွက် ပညာ ရေးကဏ္ဍ အသက်တမျှ အရေး ကြီးနေချိန်မှာ ပညာရေးဝန်ကြီး ဌာနရဲ့ လျှို့ဝှက်ကိစ္စများမှအပ ကျန်သော သတင်းများ၊ ဆောင် ရွက်ချက်များကို ပြည်သူတွေသိ အောင် ချပြစေလိုပါတယ်။ ခု တော့ တိုင်းပြည်ရဲ့ ပညာရေး ယန္တရားမှာ ပါဝင်ခုတ်မောင်းခရီး နှင်နေကြတဲ့ ၀န်ထမ်းတွေ၊ ဆရာ၊ဆရာမတွေကိုယ်တိုင် သတင်း အချက်အလက်များကို အတိအကျမရဘဲ ဖြစ်နေသေးတာမဖြစ်သင့်တဲ့ အခြေအနေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။

7Day DAILY
အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထူးအိမ်သင်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်နဲ့ ရိုးရိုးလေး ခံစားသီဆိုခဲ့တယ်ဆိုတဲ့ သျှီ

Photo: ထူးအိမ်သင်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်နဲ့ ရိုးရိုးလေး ခံစားသီဆိုခဲ့တယ်ဆိုတဲ့ သျှီ
Monday, August 25, 2014

ထူးအိမ်သင်ဂီတပွဲတော် တွင် ပရိသတ်အားပေး မှု အများ ဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုးသီချင်း သီဆိုရာ တွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုး ရိုးလေး ခံစားကာ သီဆိုခဲ့သည်ဟု ပြောသည်။

‘‘ပရိသတ်အားပေးသံက အနုပညာသမားရဲ့ အသက်လို ဖြစ်နေတာဆိုတော့ သူတို့လက် ခုပ်သံအချက်တိုင်းက ကိုယ့်အ တွက် အသက်ပိုရှည်ခွင့်ရခဲ့သလို ပါပဲ။ ပိုပြီးတော့လည်း တွန်းအား ရတယ်။ ညတုန်းက ပရိသတ်တွေ လည်း Heart ထိသွားပုံရပါတယ်။ လက်ခုပ်တွေ အကြိမ်ကြိမ်တီးကြ တယ်။ အဲဒီအချိန်မှာ ကိုယ့်ရင်ထဲ မှာလည်း တကယ်ကို လှိုက်လှိုက် လှဲလှဲနဲ့ ပိုပြီးခံစားရတယ်’’ ဟု ၎င်းက ပြောသည်။

ထူးအိမ်သင်အလွမ်းပြေ ပြုလုပ်သည့်ပွဲဖြစ်သောကြောင့် အလွမ်းဓာတ်ခံရှိသူများအနေဖြင့် ငိုနေသူများ၊ မျက်ရည်ဝိုင်းနေသူ များရှိသလို   ကိုယ်တိုင်လည်း ငိုချင်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း မျက်ရည်မကျဘဲ သီချင်းဖြင့်သာ ငိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ ဗင်းဆင့် ဗန်ဂိုးသီချင်းသည် ၎င်းငယ်ရွယ် စဉ်အချိန်ကတည်းက နားထောင် ပြီး သီချင်း၏ အဓိပ္ပာယ်ကို မသိ သော်လည်း မျက်ရည်ကျခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက် ညတွင်ပြုလုပ် သည့် ဖျော်ဖြေပွဲ၌ ပြောခဲ့သည်။

‘‘အဲဒီသီချင်းကလည်း ဗင်း ဆင့်ဗန်ဂိုးရဲ့ ဘ၀ကိုဒီသီချင်းထဲ မှာ ပြည့်ပြည့်စုံစုံခံစားလို့ရ တယ်။ စာသားတစ်ကြောင်းချင်းဖတ်နေ ရင်းနဲ့ကို သူ့ဘ၀တစ်ခုလုံးကို မြင် ပြီး ရင်ထုမနာဖြစ်ရတယ်။ အနု ပညာသမားတစ်ယောက်အနေနဲ့ ခံစားပေးလို့လည်း ပိုရတယ်’’ ဟု သျှီက အဆိုပါ သီချင်းနှင့်ပတ် သက်၍ ၎င်း၏ခံစားချက်ကို ပြော ပြသည်။

ယင်းဖျော်ဖြေပွဲတွင် သျှီက ထူးအိမ်သင်ရေးသားသည့် လူနဲ့ အင်္ကျီသီချင်းနှင့် ထူးအိမ်သင်သီ ဆိုခဲ့သော ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းနှစ်ပုဒ်ကို သီဆိုပေးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် သီဆိုသည့် သီချင်းများကို  ထူးအိမ်သင်၏ ပရိသတ်များက ဝေဖန်ခဲ့ကြသော် လည်း  သျှီ၏သီဆိုမှုကိုမူ ချီးကျူး ခဲ့ကြသည်။ 

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင်ဂီတပွဲတော်တွင် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုး သီချင်း သီဆိုရာ တွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုး ရိုးလေး ခံစားကာ သီဆိုခဲ့ သည်ဟု ပြောသည်။

ထိုင်းစက်ရုံပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မြန်မာအမျိုးသမီးလုပ်သားအတွက် ဘတ်တစ်သိန်းခွဲကျော် လျော်ကြေးပေး

Photo: ထိုင်းစက်ရုံပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မြန်မာအမျိုးသမီးလုပ်သားအတွက် ဘတ်တစ်သိန်းခွဲကျော် လျော်ကြေးပေး
Monday, August 25, 2014

စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက် ဘုရင့်ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် (ဓာတ်ပုံ-ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN))  ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုး ပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် သေဆုံးသူမြန်မာ အမျိုးသမီးအတွက် ထိုင်း အစိုးရ နှင့် အလုပ်ရှင်က ဘတ်ငွေတစ် သိန်းခွဲကျော် (ကျပ် ၄၅ သိန်းဝန်း ကျင်)လျော်ကြေးပေးခဲ့ပြီး ဒဏ် ရာရသော အလုပ်သမားများကို လည်း လျော်ကြေးပေး ရန် မြန်မာ သံအရာရှိရှေ့တွင် ဒေသဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများက ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN)မှ သတင်းရရှိသည်။

ဩဂုတ် ၁၇ ရက်က စမွန်ပါ ကန်မြို့နယ် ဆေးဆိုးပန်းရိုက် စက်ရုံရှိ ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား ၁၈ ဦး ဒဏ်ရာရကာ ဒဏ်ရာပြင်းထန် သည့် အမျိုးသမီးတစ်ဦးမှာ ဩဂုတ် ၁၉ ရက်တွင် ဆေးရုံ၌ သေဆုံးခဲ့သည်။ ၎င်းတို့အားလုံးမှာ MOU စနစ်ဖြင့် သွားရောက် သူများဖြစ်သည့်အပြင် ထိုင်းနိုင်ငံ လူမှုဖူလုံရေးအာမခံရထားသူများ ဖြစ်သောကြောင့် ထိုင်းအစိုးရ၏ ထောက်ပံ့ကြေး ရရှိခြင်းဖြစ် ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)မှ ဦးအောင်ကျော်က ပြောသည်။
‘‘အလုပ်ရှင်သူဌေးက အလုပ်သမားတိုင်းကို နစ်နာကြေးများပေးမယ်လို့ ကတိပေးပြီး ပထမဦးဆုံးအနေနဲ့ သေဆုံးသွား သူ အမျိုးသမီးအတွက် ဘတ်ငွေ တစ်သိန်းခွဲကျော်ပေးတာပါ။ ကျန်လုပ်သားတွေကိုလည်း အသေးစိတ်စိစစ်ပြီး ဆက်ပြီးပေးသွားမယ်လို့ ကတိပြုသွားပါတယ်။ မြန်မာအလုပ်သမား သံအရာရှိရှေ့မှာ ကတိပေးတာပါ’’ ဟု ဦးအောင်ကျော်က ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ရွာမှဖြစ်ပြီးအဆိုပါဆေးဆိုးပန်း ရိုက်စက်ရုံတွင် အလုပ်လုပ်နေ သူဖြစ်သည်။ ၎င်း၏ ခင်ပွန်းမှာလည်း ဒဏ်ရာပြင်းထန်ပြီး ထိုင်းဘုရင့်ဆေးရုံတွင် ဆေးကုနေရဆဲဖြစ်ကာ  သား၊ သမီးသုံးဦး  ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအတွက် စုစု ပေါင်းလျော်ကြေး ထိုင်းဘတ်ငွေ ၁၅၁,၇၈၃ ရရှိခဲ့ပြီး ဒဏ်ရာရ အလုပ်သမားရှစ်ဦး ဆေးကုနေရ ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ အစိုးရကလည်း ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ခဲ့ သည့် မြန်မာအလုပ်သမား ၁၈ ဦးအတွက် ထောက်ပံ့ကြေးထိုင်း ဘတ်ငွေ ၄၆,၀၀၀ ပေးခဲ့ပြီး ပျက် စီးသွားသော တန်းလျားများ ပြန် လည်တည်ဆောက်နေစဉ် နေရာ ထိုင်ခင်း စီစဉ်ပေးထားရန်နှင့် လတ်တလောတွင် အလုပ်သမား များ၏ စားဝတ်နေရေးအတွက် နေစရာ၊ စားစရာများ အခမဲ့ ထောက်ပံ့ထားရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ညွှန်ကြား ထားသည်။

7Day DAILY 

စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက်ဘုရင့်ဆေးရုံတွင် ဆေးကုသမှုခံနေစဉ်
စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက်ဘုရင့်ဆေးရုံ တွင် ဆေး ကုသမှု ခံနေစဉ်
စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက် ဘုရင့်ဆေးရုံ တွင် ဆေးကု သမှု ခံနေစဉ် (ဓာတ်ပုံ-ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN))  ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုး ပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် သေဆုံးသူမြန်မာ အမျိုးသမီးအတွက် ထိုင်း အစိုးရ နှင့် အလုပ်ရှင်က ဘတ်ငွေတစ် သိန်းခွဲကျော် (ကျပ် ၄၅ သိန်းဝန်း ကျင်)လျော်ကြေးပေးခဲ့ပြီး ဒဏ် ရာရသော အလုပ်သမားများကို လည်း လျော်ကြေးပေး ရန် မြန်မာ သံအရာရှိရှေ့တွင် ဒေသဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများက ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN)မှ သတင်းရရှိသည်။

မိတ္ထီလာပဋိပက္ခကြောင့် အိုးအိမ်မဲ့သွားသူများအား မဲနှိုက်၍ လုံးချင်းတိုက်များ နေခွင့်ပေး

Photo: မိတ္ထီလာပဋိပက္ခကြောင့် အိုးအိမ်မဲ့သွားသူများအား မဲနှိုက်၍ လုံးချင်းတိုက်များ နေခွင့်ပေး
Monday, August 25, 2014

မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် သွားသူများအတွက် လုံးချင်း တိုက်အလုံး ၃၅၀ကို မဲနှိုက်၍နေထိုင်ခွင့်တင်စပေးနေပြီဖြစ်ကြောင်းသ တင်းရရှိသည်။

မိတ္ထီလာအကြမ်းဖက်မှုဖြစ် စဉ်တွင်  ချမ်းအေးသာယာရပ် ကွက်ရှိ လူနေအိမ်ခြောက်ရာ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦး ရေသုံးထောင်ကျော်ဒုက္ခသည်စ ခန်းသို့  ရောက်ရှိခဲ့သည်။  ချမ်း အေးသာယာရပ်ကွက်တွင် မီး လောင်ဆုံးရှုံးခဲ့သူများ မဲနှိုက်ရာ ဗုဒ္ဓဘာသာဝင်အိမ်ထောင်စု ၉၅စုနှင့် အစ္စလာမ်ဘာသာဝင်အိမ် ထောင်စု ၂၅၅စုတို့သည် လုံးချင်း တိုက် ၃၅၀ကို မဲပေါက်၍ကနဦးစ တင်နေထိုင်ခွင့်ရရှိခြင်းဖြစ်သည်။  ၎င်းတို့သည် အကြမ်းဖက်မှုဖြစ် စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာမှသာ နေအိမ်များ၌စတင်နေထိုင်ခွင့်ရရှိခြင်းဖြစ်သည်။

မိတ္ထီလာမြို့ ချမ်းအေးသာ ယာရပ်ကွက်ရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုကြောင့်ဒုက္ခသည် စခန်းများတွင်ရောက်ရှိနေသည့် ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလာမ် ဘာသာဝင်များနေထိုင်ရန် မန္တ လေးတိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် MMရောင်နက်ဗလီမိ သားစုအလှူရှင်များ၏ငွေကြေး များဖြင့် ယခုနှစ်ဇန်န၀ါရီလဆန်း မှစတင်ကာတည်ဆောက်နေခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

‘‘ဒီလ ၁၉ရက်နေ့က မဲနှိုက် ပြီးချပေးတာပါ။ အိမ်ထောင်စု အားလုံးတော့မရသေးပါဘူး။အိမ် ထောင်စု ၂၅၀တော့စတင်နေနေ ပါပြီ။ ကျန်တဲ့အိမ်ထောင်စုတွေ က နေရာတော့ရသွားပြီ။ဒါပေမဲ့ အသေးစိတ်မပြီိးသေးလို့နေလို့မ ရသေးတာပါ’’ဟု မိတ္ထီလာဒုက္ခ သည်များအတွက်အဆောက်အ အုံဆောက်လုပ်ပေးသည့် MM ရောင်နက်ဗလီမိသားစုဆောက် လုပ်ရေးတာဝန်ခံဦးခင်နန်းက ပြောသည်။

ဒုက္ခသည်စခန်းတွင်ကျန်ရှိ နေသော ချမ်းအေးသာယာရပ် ကွက်မှ မီဘေးသင့်အိမ်ထောင်စု ၃၄၄စုအတွက် ၁၅ × ၄၀ပေအ ကျယ်အ၀န်းရှိတိုက်ခန်း ၃၄၄ခန်း ပါနှစ်ခန်းတွဲတိုက် ၁၇၁လုံးကို စက်တင်ဘာတွင် အပြီးတည် ဆောက်ပေးသွားမည်ဖြစ်ကြောင်းဦးခင်နန်းကပြောသည်။

မိတ္ထီလာပဋိပက္ခကြောင့် နေအိမ်မီးလောင်၍ ဒုက္ခသည်စခန်းသို့ရောက်ရှိလာသော အခြားရပ်ကွက်များမှ  စာရွက်စာတမ်းအထောက်အထားမှန်ကန်သောအိမ်ထောင်စုများသည် ၎င်းတို့ယခင်က  နေထိုင်သောနေရာများတွင်နေထိုင်နေကြပြီဖြစ်သည်။

 မတ်လ ၂၁ရက်မှ ၂၃ရက် ထိဖြစ်ပွားခဲ့သော မိတ္ထီလာအ ကြမ်းဖက်မှုဖြစ်စဉ်တွင် လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ခြေ၁၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကာလူဦး ရေ တစ်သောင်းနီးပါးဒုက္ခသည်စ ခန်းသို့ရောက်ရှိခဲ့သည်။ လက်ရှိ အချိန်တွင် ဒုက္ခသည်စခန်းသုံးခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် သုံး ထောင်ကျော်  ကျန်ရှိနေသေး ကြောင်းသတင်းရရှိသည်။

7Day DAILY 

မိတ္ထီလာပဋိပက္ခကြောင့် အိုးအိမ်မဲ့ခဲ့သူများအတွက် ဆောက်လုပ်နေသော အဆောက်အအုံများ (ဓာတ်ပုံ - ငြိမ်းချမ်း)
မိတ္ထီလာပဋိပက္ခကြောင့် အိုးအိမ်မဲ့ခဲ့သူများအတွက် ဆောက်လုပ်နေသော အဆောက်အအုံများ (ဓာတ်ပုံ - ငြိမ်းချမ်း)
မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် သွားသူများအတွက် လုံးချင်း တိုက်အလုံး ၃၅၀ကို မဲနှိုက် ၍နေထိုင်ခွင့်တင်စပေးနေပြီဖြစ်ကြောင်းသ တင်းရရှိသည်။

ငါးဖမ်းစက်လှေတစ်စီး မီးလောင်ပြီး ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေ

သံဖြူဇရပ်မြို့နယ်နှင့် ထိစပ်နေသော မြန်မာ့ပင်လယ် ပြင်တွင် ငါးဖမ်းစက်လှေတစ်စီး မီးလောင် ခဲ့ပြီး ရေ လုပ် သားတစ် ဦးပင်လယ်အတွင်း ပျောက်ဆုံး နေ၍ ရှာဖွေမှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင် စွမ်း၏ နှစ်ဆခန့်ရှိနေ

Photo: ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင် စွမ်း၏ နှစ်ဆခန့်ရှိနေ
Monday, August 25, 2014

ပြည်တွင်း ဘီယာထုတ်လုပ်နိုင်စွမ်းသည် လီတာသန်း ၁၇၀ သာရှိပြီး ပြည်ပမှ လီတာသန်း ၁၆၀ ခန့် ဝင်ရောက်နေသည်။ 

မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင်စွမ်း၏ နှစ်ဆခန့်ရှိနေသည်ဟု Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသူ ဦးသိန်းထွန်း(ဥက္ကဋ္ဌ- MGS ကုမ္ပဏီအုပ်စု) က ပြောသည်။

“ထုတ်နိုင်တာက သန်း ၁၇၀ လီတာ။ ဒါပေမဲ့ ရောင်းနေတာက သန်း ၃၃၀ လီတာ။ လီတာ သန်း ၁၆၀ က နိုင်ငံခြားကနေ မှောင်ခိုဝင်တယ်။ ဒီမှာ အပြည့်အ၀ ထုတ်နိုင်ရင် နိုင်ငံခြားကို ငွေတွေ စီးမထွက်နိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှု နှစ်စဉ်မြင့်တက်လျက်ရှိသည်ဟု ဘီယာထုတ်လုပ် ရောင်းချသူများက ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ရောင်းအားအမြင့်ဆုံးဖြစ်သော မြန်မာစည်ဘီယာရောင်းချမှုသည် ၁၀ လအတွင်း ခွက်ပေါင်း သန်းလေးရာကျော်အထိရှိခဲ့ပြီး နှစ်စဉ် စံချိန်တင်ရောင်းချနေရသည်ဟု ဆိုသည်။

မြန်မာဘရူဝါရီလီမိတက်မှ အရောင်းညွှန်ကြားရေးမှူး ဒေါ်မြစိမ်းရီက “ဘီယာသောက်သုံးတဲ့ နှုန်းတွေက များလာပါတယ်။ လူဦးရေ များလာတာနဲ့အမျှ၊ ယောက်ျားလေး ဦးရေများလာတာနဲ့အမျှ ဘီယာသောက်လာတာတွေ များလာပါတယ်။ နှစ်တိုင်း ကျွန်မတို့မှာ အကျဆိုတာ မရှိဘူး။ ဈေးကွက်မှာ ယှဉ်ပြိုင်မှုမရှိတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

Myanmar Carlsberg ကုမ္ပဏီသည် လာမည့်အောက်တိုဘာလတွင် ဘီယာအမျိုးအစား သုံးမျိုးနှင့် စည်ဘီယာကိုပါ ထုတ်လုပ်ရောင်းချသွားမည်ဟု ဦးသိန်းထွန်းက ပြောသည်။

ယင်းကုမ္ပဏီ၏ လေ့လာချက်အရ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း ဘီယာသောက်သုံးမှုသည် တစ်နှစ်အတွင်း ပျမ်းမျှ လေးလီတာသာရှိနေပြီး အာရှတိုက်၏ အနိမ့်ဆုံး သောက်သုံးမှုနှုန်းတွင်သာရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရက်ပြင်းထက် ဘီယာသောက်သုံးမှု အလေ့အထ ပိုမိုထွန်းကားလာပြီး အရောင်းဆိုင်များ၏ စာရင်းများအရ စည်ဘီယာသောက်သုံးမှုနှုန်း ၆၀ ရာခိုင်နှုန်းရှိပြီး ပုလင်းနှင့် သံဘူး သောက်သုံးမှု ၄၀ ရာခိုင်နှုန်း ရှိနေသည်။

လက်ရှိပြည်တွင်းထုတ် ဘီယာများမှာ မြန်မာ၊ ဒဂုံနှင့် မန္တလေးဘီယာ တို့ဖြစ်သည်။ မကြာမီကာလအတွင်း Carlsberg ဘီယာနှင့် Heineken ဘီယာတို့ ပြည်တွင်းတွင် ထုတ်လုပ်မှု စတင်မည်ဖြစ်သည်။

Mizzima - News in Burmese
ပြည်တွင်း ဘီယာထုတ်လုပ်နိုင်စွမ်းသည် လီတာသန်း ၁၇၀ သာရှိပြီး ပြည်ပမှ လီတာသန်း ၁၆၀ ခန့် ဝင်ရောက်နေသည်။

တပ်မတော်အစိုးရ လက်ထက် MoU ထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းအချို့ အပြီးရပ်ဆိုင်း

ယခင်တပ်မတော်အစိုးရ လက်ထက်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် MoU (နားလည်မှု စာချွန်လွှာ) ရေးထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းများအနက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသော စီမံကိန်းအချို့ကို အပြီးရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

ဝန်ကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ၏ ငွေကြေးခ၀ါချမှုဖြစ်စဉ်များကို စိစစ်သွားမည်ဆို

Photo: ၀န်ကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ၏ ငွေကြေးခ၀ါချမှုဖြစ်စဉ်များကို စိစစ်သွားမည်ဆို
Monday, August 25, 2014

ငွေကြေးခ၀ါချမှု ထိန်းချုပ်ရေးအတွက် ၀န်ကြီးများ၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီအလိုက် စစ်ဆေးစိစစ်မှုများ ဆောင်ရွက်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ FIU တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။

ထိုသို့ ထိန်းချုပ်မှု ဆောင်ရွက်ရာတွင် အစိုးရ၀န်ကြီးအဆင့် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးခ၀ါချမှု ဖြစ်စဉ်များကို တွေ့ရှိရပါက ခိုင်လုံသည့် သက်သေများဖြင့် သတင်းပေးနိုင်ပြီး ယင်းသတင်းများအတိုင်း စိစစ်ဖော်ထုတ် အရေးယူမှုများကိုပါ လုပ်ကိုင်သွားမည်ဟု သြဂုတ် ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် ကျင်းပသော ငွေကြေးခ၀ါချမှုဥပဒေ ရှင်းလင်းပွဲတွင် ပြောသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ငွေကြေးခ၀ါချမှုက ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တာလဲ၊ ငွေပမာဏ ဘယ်လောက်အထိ လုပ်နေကြတာလဲ ဆိုတာတွေကို လေ့လာရတော့မယ်။ သိပ်မကြာမီ နှစ်တွေတုန်းက သာမန်စပယ်ယာတစ်ဦးကနေ အရမ်းကို ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားတာမျိုးလို အချိန်တိုအတွင်း ကြီးပွားလာတဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါတွေကို စုံစမ်းဖို့အတွက် ဒီအဖွဲ့ FIU ကို ဖွဲ့ထားတာပါ။ အဲဒါတွေအတွက် အစီအစဉ်တွေ စီမံမှုတွေ ရှိပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ငွေကြေးခ၀ါချမှုများကို တိုက်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တို့ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကာ ယင်းတို့မှတစ်ဆင့် သတင်းရယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူးမြင့်စိုးက “ အရမ်းချမ်းသာတဲ့ ပုဂ်္ဂိုလ်မှ၊ ပြည်ထောင်စုဝန်ကြီးမှ မဟုတ်ဘူး။ အဲဒီထက်မြင့်တဲ့ အခွင့်အာဏာရှိသူကလည်း ငွေကြေးခ၀ါချမှု ဥပဒေနဲ့ မလွတ်ကင်းတာကိုတွေ့ရင်တော့ ဥပဒေကြောင်းအရ အရေးယူမှုက လုပ်ရမှာပဲ။ စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီရဲ့ ငွေကြေးစီးဆင်းမှုကိုလည်း စုံစမ်းပြီး လုပ်သွားမှာပါ။ လောလောဆယ်မှာတော့ သတင်းရယူတဲ့ အပိုင်းကနေ အရင်သွားရမှာပါ ”ဟု ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများအတွက် စီးပွားရေးလုပ်ငန်း နယ်ပယ်အလိုက် အသင်းအဖွဲ့များကို သတင်းပေး အဖွဲ့အစည်းများအဖြစ် ထားရှိမည်ဖြစ်ကာ လူပုဂ်္ဂိုလ်တစ်ဦးချင်းစီ၏ သတင်းပေးမှုများကိုလည်း လက်ခံကာ စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ဘယ်အဆင့်ပုဂ်္ဂိုလ်ပဲဖြစ်ဖြစ် သတင်းပေးမှုရှိလာရင် စိစစ်အရေးယူမှု လုပ်သွားမှာပါ။ ခိုင်လုံတဲ့ သတင်းဖြစ်ဖို့နဲ့ သက်သေအထောက်အထား မှန်ကန်မှုတွေတော့ ရှိရမှာပါ ”ဟု ပြောသည်။

နိုင်ငံတကာမှ သုတေသနပြုချက်များအရ ကမ္ဘာ့တစ်ဝန်း နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ၌ ငွေကြေးခ၀ါချမှု ပါဝင်သည့် ငွေကြေးပမာဏမှာ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်မူ ၂၀၀၂ခုနှစ်မှ လက်ရှိ အချိန်အထိ ၁၀ နှစ်ကျော်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်မှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို သိမ်းဆည်းထားနိုင်ခဲ့သည်။ ထို့အတူ ဆက်လက်စုံစမ်းဆဲအမှု ငါးမှုလည်း ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese 

အစိုးရဝန် ကြီးအဆင့်အပါအဝင် လုပ်ငန်းရှင်များကြီးများ၏ ငွေကြေးခဝါချမှုဖြစ်စဉ် များကို တွေ့ရှိရပါက ခိုင်လုံသည့်သက်သေများဖြင့် သတင်းပေးနိုင်သည်။ ဓာတ်ပုံ- အီပီအေ
အစိုးရဝန် ကြီးအဆင့်အပါအဝင် လုပ်ငန်းရှင်များကြီးများ၏ ငွေကြေးခဝါချမှုဖြစ်စဉ်များကို တွေ့ရှိရပါက ခိုင်လုံသည့်သက်သေများဖြင့် သတင်းပေးနိုင်သည်။ ဓာတ်ပုံ- အီပီအေ
ငွေကြေးခ၀ါချမှု ထိန်းချုပ်ရေးအတွက် ၀န်ကြီးများ၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်း တစ်ခုချင်းစီအလိုက် စစ်ဆေးစိစစ်မှုများ ဆောင်ရွက်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးတပ်ဖွဲ့ FIU တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။

အမေရိကန်ဒေါ်လာ ဘီလီယံချီကုန်ကျနိုင်သည့် ရန်ကုန်ဘူတာကြီး စိတ်ကူးပုံစံကို ဂျပန်နိုင်ငံ အီတိုချီကုမ္ပဏီက သက်ဆိုင်ရာသို့ အဆိုပြုတင်ပြထား

Photo: အမေရိကန်ဒေါ်လာ ဘီလီယံချီကုန်ကျနိုင်သည့် ရန်ကုန်ဘူတာကြီး စိတ်ကူးပုံစံကို ဂျပန်နိုင်ငံ အီတိုချီကုမ္ပဏီက သက်ဆိုင်ရာသို့ အဆိုပြုတင်ပြထား
Monday, August 25, 2014

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရာတွင် ဘူတာကြီး နှင့်ဆက်စပ်ပြီး စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံအီတိုချီကုမ္ပဏီ Itochi Company က သက်ဆိုင်ရာသို့ အဆိုပြုပုံစံ တင်သွင်းထားကြောင်း သိရသည်။

အဆိုပါစိတ်ကူးပုံစံတွင် လက်ရှိရန်ကုန်ဘူတာကြီးအား ရှေးမူမပျက် ထားရှိပြီး ယင်း၏အနောက်တွင်ခေတ်မီအဆောက်အအုံများ ထည့်သွင်း တည် ဆောက်ထားသည့်ပုံစံဖြစ်သည်။

''အီတိုချီက လက်ရှိတိုကျိုဘူတာကြီးပုံစံကို နမူနာယူပြီး စိတ်ကူးပုံစံ ရေးဆွဲထားတာဖြစ်ပါတယ်။ တိုကျိုဘူတာကြီးကို အပြင်ကကြည့်လိုက်ရင် ဘူတာရုံဟောင်းကြီးကို မြင်ရမှာပဲ။ အတွင်းကိုဝင်လိုက်မှ အထဲမှာ ခေတ်မီ အဆောက် အအုံတွေ၊ ခေတ်မီရထားကြီးတွေကိုမြင်ရမယ်'' ဟု
အဆိုပါ စီမံကိန်းနှင့်နီးစပ်သူ အင်ဂျင် နီယာတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောပြသည်။

အီတိုချီက သက်ဆိုင်ရာသို့တင် ပြထားသည့် ရန်ကုန်ဘူတာကြီး စိတ် ကူးပုံစံတွင် ပန်းဆိုးတန်းခုံးကျော် တံတားကို ခေတ်မီအဆောက်အအုံ များက ငုံပြီးတည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့အပြင်ခေတ်မီအဆောက် အအုံများသည် မြန်မာ့မီးရထားပိုင် မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်း နှင့်ယှဉ်လျက် ဆူးလေဘုရားလမ်းမှ သိမ်ဖြူလမ်းအထိ တစ်ဆက်တစ်စပ် တည်း တည်ဆောက်ထားသည်ကို တွေ့ရသည်။

''ရထားပို့ဆောင်ရေးလုပ်ငန်း ဆိုတာ အရှုံးခံပြေးရတဲ့လုပ်ငန်းဖြစ် တယ်။ အဲဒါကြောင့် ဘူတာရုံတွေ မှာ စီးပွားရေး အဆောက်အအုံတွေ၊ ရှော့ပင်းစင်တာတွေနဲ့ ပူးတွဲတည် ဆောက်နိုင်မှသာ ရင်းနှီးမြှုပ်နှံသူတွေ က စိတ်ဝင်စားကြပါတယ်။ နိုင်ငံ တကာမှာလဲ အဲသလိုလုပ်ကြပါတယ်။ ဘူတာရုံတွေမှာ ဈေးဝယ်စင်တာတွေ တွဲပြီး တည်ဆောက်တဲ့အခါ ရင်းနှီး မြှုပ်နှံသူတွေအတွက် အဆင်ပြေသလို ဈေးဝယ်ထွက်ကြသူတွေရှိလို့ ရထား ကို လူတွေ ပိုအသုံးပြုလာတတ်ကြ တယ်။ ရန်ကုန်ဘူတာကြီးကိုလဲ အီ တိုချီက အဲဒီစိတ်ကူးနဲ့ ပုံစံရေးဆွဲတင် ပြထားတယ်လို့ ထင်ပါတယ်'' ဟု ဝါရင့်အင်ဂျင်နီယာကြီးတစ်ဦးက သုံး သပ်သည်။

အီတိုချီက တင်ပြသော ဒီဇိုင်း သည် စိတ်ကူးပုံစံအဆင့် ဆိုသော်လည်း မြေပြင်ကွင်းဆင်းကာ ပကတိအခြေ အနေအပေါ် အခြေခံတင်ပြထား ခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရှိ နိုင်သဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု များအတွက် အခက်အခဲဖြစ်နိုင် သလို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့်သူများ အတွက်လည်း စီးပွားရေးတွက်ခြေ ကိုက်မှုကို စနစ်တကျတွက်ချက်ပြီးမှ ဆောင်ရွက်နိုင်မည့် အခြေအနေဖြစ် နေကြောင်း သတင်းရရှိသည်။

Yangon Media Group
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရာတွင် ဘူတာကြီး နှင့်ဆက်စပ်ပြီး စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံအီတိုချီကုမ္ပဏီ Itochi Company က သက်ဆိုင်ရာသို့ အဆိုပြုပုံစံ တင်သွင်းထားကြောင်း သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်း လယ်မြေများ တစ်ဧက ကျပ်သိန်းထောင်ချီ မြင့်တက်

ရန်ကုန်မြို့သစ်စီမံကိန်းမြေဧက ၃၀,၀၀၀ ကျော်တွင် ပါဝင်နေသော လယ်မြေများမှာ တစ် ဧကလျှင် ကျပ် သိန်း ၁,၀၀၀ မှ ၁,၂၀၀ ကျော်အထိ ရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်သွား ကြောင်း လှိုင်သာယာ၊ တွံတေး ကားလမ်း နံဘေးရှိလယ်မြေများကို အရောင်းအ၀ယ်ပြုလုပ်နေသူများထံမှ သတင်းရရှိသည်။

ရခိုင်နှင့် ကုလကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း

Photo: ရခိုင်နှင့် ကုလကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း
Monday, August 25, 2014

ရခိုင်တိုင်းရင်းသားများနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် နမ်ဘီးယားသည် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂအနေနှင့် ဘက်မလိုက်မှု၊ မျှတမှု၊ လူသားချင်းစာနာမှုတို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပဋိပက္ခများကို ဖြေရှင်းရန် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက်ဆွေးနွေးရန် လိုအပ်သည်ဟု နမ်ဘီးယားက ပြောဆိုခဲ့ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်လည်း နမ်ဘီးယားက ရခိုင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့သည်။

"ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ ဖြစ်စေရမယ်လို့ ပြောတယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရကို ဖိအားပေးခြင်း မလုပ်ဘဲ ထိရောက်သော အကူအညီများပေးရန်၊ နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်များကို ရခိုင်တိုင်းရင်းသားများအား မတိုက်တွန်းဘဲ ဘင်္ဂါလီများကို သွားရောက်တိုက်တွန်းရန် နမ်ဘီးယားကို တင်ပြခဲ့ကြောင်း မြို့မိမြို့ဖများထံမှ သိရှိရသည်။

"UN နဲ့ ရခိုင်တို့ကြားမှာ နားလည်မှု တည်ဆောက်ဖို့ UN ဘက်က အမှန်ကို မြင်တတ်ဖို့ ဦးစွာ ကြိုးစားရပါလိမ့်မယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

နမ်ဘီးယားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ လာရောက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုလသမဂ္ဂ အပါအဝင် INGO အများစုသည် လူ့အဖွဲ့အစည်း နှစ်ခုကြား မမျှမတ အကူအညီပေးခြင်း၊ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ INGO များကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

The Voice Weekly
ရခိုင်တိုင်းရင်းသားများနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည် နယ် ခရီးစဉ်တွင် ပြောကြားသည်။

တိကျတဲ့သတင်းပေးရင် အိန္ဒိယ သူပုန်ကိစ္စ ကူညီမယ်လို့ မြန်မာဝန်ကြီး ကတိပြု

Photo: တိကျတဲ့သတင်းပေးရင် အိန္ဒိယ သူပုန်ကိစ္စ ကူညီမယ်လို့ မြန်မာဝန်ကြီး ကတိပြု
Monday, August 25, 2014

အိန္ဒိယဘက်က သတင်းအချက်အလက်တွေ ပေးရင် နယ်စပ်သူပုန်အဖွဲ့တွေကို တိုက်ထုတ်ရေးကိစ္စကူညီ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း အိန္ဒိယ PTI သတင်းက ဖေါ်ပြပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံ၊ မဏိပူရ စတဲ့ နယ်စပ်ဒေသတွေက ULFA အာသံသူပုန်အဖွဲ့၊ NSCN-K နာဂသူပုန်အဖွဲ့နဲ့ PLA၊ PREPAK စတဲ့ တခြား ခွဲထွက်ရေး လူမျိုးစုသူပုန်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခိုအောင်းနေကြတဲ့အပြင်၊ လေ့ကျင့်ရေးစခန်းတွေ ဖွင့်ထားကြတယ်လို့ အိန္ဒိယဘက်က ပြောဆိုပြီး၊ အဲဒီသူပုန်တွေကို လက်ခံမထားဘဲ၊ မောင်း ထုတ်ပေးဖို့ အိန္ဒိယအစိုးရအဆက်ဆက်က တောင်းဆိုခဲ့ကြပါတယ်။

မကြာခင်က နေပြည်တော်မှာကျင်းပခဲ့တဲ့ အာဆီယံညီလာခံကိုတက်ရောက်ခဲ့သူ အိန္ဒိယအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံစဉ် အတွင်း နယ်ခြားသူပုန်ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို PTI သတင်းက မေးမြန်းခဲ့ရာမှာ မြန်မာ့နယ်မြေကို အသုံးချပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဘယ်အကြမ်းဖက် အဖွဲ့အစည်းကိုမှ လက်ခံမှာ မဟုတ် ကြောင်း၊ တကယ်လို့ မြန်မာ့မြေပေါ်မှာ အဲဒီလိုအဖွဲ့တွေ ရှိနေမယ်ဆိုရင် အိန္ဒိယ အစိုးရနဲ့အတူ အပြည့်အဝ ပူးပေါင်းတိုက်ထုတ်မှာဖြစ်ကြောင်း၊ အိန္ဒိယဘက်ကသာ အဲဒီသူပုန်အဖွဲ့တွေရဲ့ တည်နေရာ၊ လေ့ကျင့်ရေး စခန်းတွေ စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အတိ အကျ ပေးမယ် ဆိုရင် မြန်မာဘက်က အရေးယူဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ဒေသ ဟာ တောတောင် ထူထပ်ကြောင်း၊ မကြာခင်လပိုင်းတွေက အိန္ဒိယနယ်စပ်တလျှောက်မှာ တရားမဝင် လက်နက်တွေဖမ်းဆီးမိခဲ့ကြောင်း၊ ဒီပြဿနာဖြေရှင်းဖို့ နှစ်နိုင်ငံ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့က အသင့်ရှိကြောင်းလည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့နယ်နမိတ်အတွင်း ဝင်ရောက်ပြီး သူပုန်စခန်းတွေကို စီးနင်းတိုက်ခိုက်ခွင့် ပြုနိုင် မပြုနိုင်မေးမြန်းတဲ့အခါ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရ အဲဒီလိုလုပ်ရပ်မျိုးခွင့်ပြုမထားကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့တယ်လို့ PTI သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
အိန္ဒိယဘက်က သတင်းအချက်အလက်တွေ ပေးရင် နယ်စပ်သူပုန်အဖွဲ့တွေကို တိုက်ထုတ်ရေး ကိစ္စ ကူ ညီ ဆောင် ရွက်နိုင် မှာဖြစ်ကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း အိန္ဒိယ PTI သတင်းက ဖေါ်ပြပါတယ်။

အထက်ပေါင်းလောင်းစီမံကိန်း ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်


အထက်ပေါင်းလောင်းလျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျင်ဆောင်)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ဆောက် လျက်ရှိသော လျှပ်စစ်ဓာတ်အား ပေးစီမံကိန်း တစ်ခုဖြစ်သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားစတင် ထုတ်လွှတ်ပေးနိုင်တော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။

စိတ်ဖိစီးမှုလျော့ကျစေမည့် လေ့ကျင့်ခန်းများ

စိတ်ဖိစီးမှုလျော့ကျစေနိုင်သည့် လေ့ကျင့်ခန်းလုပ်ရန်နည်း လမ်းများကို ဖော်ပြပေး လိုက်ပါ သည်။ ယောဂ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် နှလုံးခုန်နှုန်းနှေးကွေးသွားစေပြီး ခေါင်းကို ကြည်လင်စေသည်။ မတ်တတ်ရပ်ပြီး ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်စင်းစင်းထားပါ။ ခြေထောက်ကို ပခုံး အကျယ်အတိုင်းကားထား ပါ။ လက်နှစ်ဖက်လုံးကွေး၍ ဘေးသို့ထုတ်ပါ။ ညာဘက်တံတောင်ဆီသို့ ဘယ် ဘက် ဒူးကိုမတင်စဉ် အသက်ရှူသွင်းပြီး ခြေထောက်ကိုပြန်ချစဉ် အသက်ရှူထုတ်ပါ။ ကျန်တစ်ဖက်ကိုလည်း ယင်းနည်း အတိုင်း ထပ်၍လုပ်ပါ။

ခေါင်းလောင်းရှာဖွေနေသည့် ကမ်းစပ်တွင် မွန်တိုင်းရင်းသားတစ်ရာကျော် ဆုတောင်း

Photo: ခေါင်းလောင်းရှာဖွေနေသည့် ကမ်းစပ်တွင် မွန်တိုင်းရင်းသားတစ်ရာကျော် ဆုတောင်း
Monday, August 25, 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့် ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာသာဖြင့် ဆုတောင်းခဲ့ကြောင်း သတင်းရရှိသည်။

ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းမှ ကြီးမှူး၍ ဗုဒ္ဓမြတ်ဘုရားရှင်များနှင့် မွန်ဓမ္မ စေတီခေါင်းလောင်းတော်ကြီးတို့ အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပူ ဇော်ခဲ့ခြင်း ဖြစ်သည်။

‘‘ကမ်းစပ်မှာစင်ထိုးပြီး ကန် တော့ပွဲပေးတယ်။ ဆွမ်းကပ် တယ်။ မွန်လိုရွတ်ဖတ်ကြတယ်။ ပစ္စည်းပွဲတွေက အများကြီးပဲ။ ဘုရားပန်းအစုံ၊ သစ်သီးပွဲတွေ ရော’’ဟု ယင်းနေရာတွင် တာဝန် ကျနေသည့် ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ  ဦးဝင်းလွင်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ မွန်တိုင်း ရင်းသားလူငယ်များစုပေါင်း၍ ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရေးအတွက် အထောက်အကူပြု ရန် လာရောက်အဓိဋ္ဌာန်ပြုဆု တောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းမှ သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးလုပ်ငန်းကို သြဂုတ် ၉ ရက်က စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက် တွင် သဲသောင်တူးစက်ဖြင့် ရှိမည့် နေရာကို တည်နေရာသတ်မှတ် ကာ သဲစုပ်ယူမှုများပြုလုပ်ခဲ့ ကြောင်း၊ သြဂုတ်လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြော ကြားထားသော်လည်း ရက်တိုးချဲ့ လုပ်ဆောင်ရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် ၂၄ ရက်နေ့တွင် သဲသောင်တူးစက်ဖြင့် ဆက်လက်တူးဖော်နေပြီး သတ်မှတ်ရက်နီးလာ၍ လာကြည့်သူများ ပိုများလာကြောင်း၊ ရုံးပိတ်ရက်ဖြစ်သဖြင့် ငါးဖမ်းလှေအစီး ၂၀ ခန့်ထိ ထွက်နေရကြောင်း၊ သမ္ဗန်စက်လှေ ဂိတ်မှူး ဦးဇင်ဘိုက ပြောသည်။

ကမ်းနားတွင် အများပြည်သူ ကြည့်ရှုရန် အမိုးများကာပေးခြင်း၊ မှန်ပြောင်း  ခြောက်ခုခန့် အများပြည်သူကြည့်ရှုရန် တပ်ဆင်ထားသည်။

ရေငုပ်သမား ဦးစံလင်းသည် ကော့သောင်းရှိ နေအိမ်ကိုရောင်း ချ၍ ဓမ္မစေတီခေါင်းလောင်းဆယ် ယူရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ ဦးဝင်းမြင့်က ဆက်လက်မတည် ၍ ယခုလို ဆယ်ယူခြင်းဖြစ်ကြောင်း အခြားစေတနာရှင်များ၏ လှူဒါန်းငွေများကိုလည်း ဘဏ်တွင် ထည့်

သွင်းထားပြီး ယနေ့ထိ ထုတ်ယူသုံးစွဲခြင်းမရှိသေးကြောင်း၊ ဆယ်ယူ ရေးအဖွဲ့ ထံမှ သတင်းရရှိသည်။

7Day DAILY 

ခေါင်းလောင်းရှာဖွေမှုကို လာရောက်စောင့်ကြည့်နေကြသူများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ခေါင်းလောင်းရှာဖွေမှုကို လာရောက်စောင့်ကြည့်နေကြသူများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့် ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာသာဖြင့် ဆုတောင်းခဲ့ကြောင်း သတင်းရရှိသည်။