Monday, 18 August 2014

ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ

Photo: ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ
Monday, August 18, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။

စစ်တပ်အရာရှိ ၂ ယောက်ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်တွေက သက်သေပြခဲ့ပါတယ်။

ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်

အခိုးခံရတဲ့ လက်နက်တွေဟာ လတ် တလော နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရော တရားမ၀င် လက်နက်တွေကို အစိုးရက စီးနင်း သိမ်းဆည်းမှုတွေနဲ့ပါ မပတ်သက်ဘူးလို့  ဗဟိုတရားသူကြီးချုပ် ဗိုလ်ချုပ် ဂျီရာကမွတ်ပန်က ပြောပါတယ်။

စစ်ဘက်ဝန်ထမ်းတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ သိမ်းထားတဲ့လက်နက်တွေ ဖြစ်ပြီး စီရင်ချက်ချပြီးသားအမှုတွေက သက်သေခံလက်နက်တွေ ဖြစ်တယ်။

အမှု ပိတ်သိမ်းပြီးပေမယ့် နောင်တချိန် ပြန်စစ်ဖို့ လိုရင် စစ်နိုင်အောင် အချိန်ကာလ တခုထိ သိမ်းထားတဲ့ လက်နက်တွေထဲက အခိုးခံရတာလို့ သူက ဆက်ပြောပါတယ်။

အမှုတွေကတော့ ခြိမ်းခြောက်ငွေညှစ်တာ၊ လူသတ်ဖို့ ကြိုးစားတာနဲ့ အများပြည်သူနေရာ တွေမှာ ခွင့်ပြုချက် မရှိဘဲ လက်နက်ကိုင်ဆောင်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းလက်နက်တွေကို သိုလှောင်ထားတဲ့ အခန်းသော့အတွက် တရားရုံးအရာရှိ ဗိုလ်ကြီး ချိုင်နာဖိုလ်မှာ တာဝန်ရှိတဲ့အတွက် ဖမ်းထားလိုက်ပြီး ဖြစ်ပါတယ်။

 ဒီဗွီဘီ

ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်း များကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

ပဲခူးရေဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာမှ အပြန် လှူဒါန်းသူတစ်ဦး ရေနစ်သေဆုံး

ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ ဆေးဝါးနှင့် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့သော မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းသားအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် သင်တန်းသားတစ်ဦး အပြန်တွင် လမ်း တစ်ထောက် နားရာ၌ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။

"လူ ၂၀၀ ရှိတဲ့ ရွာက လူနာ ၃၀ လောက် ရောက်လာတယ်ဆိုတာ ကပ်ဘေးဆိုးပါပဲ" ဆီယာရာလီယွန်ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ကျန်းမာရေးတာဝန်ရှိသူ အန်ဂျာဝေါ့ဇ်နှင့် အီဘိုလာရောဂါ ဖြစ်ပွားမှု အကြောင်း မေးမြန်းခြင်း

Photo: "လူ ၂၀၀ ရှိတဲ့ ရွာက လူနာ ၃၀ လောက် ရောက်လာတယ်ဆိုတာ ကပ်ဘေးဆိုးပါပဲ" ဆီယာရာလီယွန်ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ကျန်းမာရေးတာဝန်ရှိသူ အန်ဂျာဝေါ့ဇ်နှင့် အီဘိုလာရောဂါ ဖြစ်ပွားမှု အကြောင်း မေးမြန်းခြင်း
Monday, August 18, 2014

အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေတာဟာ အခုဆို သေဆုံးသူတစ်ထောင်ကျော်ရှိပြီး သောကြာနေ့ကစလို့ နိုင်ငံတကာကပ်ဘေးဆိုးတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အနောက်အာဖရိကနိုင်ငံအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပြီဖြစ်ပါတယ်။
ဒါကြောင့် အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုအကြောင်းကို သိရအောင် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီယာရာလီယွန်မှာ ဆေးကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)မှ အရေးပေါ်ကုသရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စအန်ဂျာဝေါ့ဇ်ကို စီအင်န်အင်န်မှ ပလိုက်ဂျင်က မေးမြန်းထားတာတွေ ကောက်နုတ်
ဖော်ပြလိုက်ပါတယ်။

မေး- ဒီအစီအစဉ်မှာပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်ဆုံး ဆရာမအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ ဘယ်လိုအနေအထားတွေအောက်မှာ လုပ်နေရတယ်ဆိုတာကို
ပြောပြပေးပါ။ ဘာကြောင့်လဲဆိုတော့ ဆရာမရဲ့ အလုပ်တွေက အရမ်းခက်ခဲတယ်ဆိုတော့လေ။ ဟုတ်တယ်နော်။

ဖြေ- ဟုတ်ပါတယ်။ ကိုင်လာဟန် (ဆီယာရာလီယွန်)မှာတော့ တော်တော်လေးခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဆီမှာ နေ့တိုင်းလာနေတဲ့ 
လူနာတွေ အများကြီးဖြစ်နေပြီး အဲဒါတကယ်ပဲလည်း ထိန်းမရဖြစ်နေပြီလို့ ကျွန်မထင်ပါတယ်။ ဒီတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ဒီလို ရောဂါပိုးပျံ့နှံ့လာမှုကို ထိန်းနိုင်ဖို့ တကယ်ပဲခက်နေပါတယ်။

ကျန်းမာရေးစောင့်ရှောက်တဲ့ ဆေးပညာရှင်တွေအတွက် ခက်ခဲတဲ့ကိစ္စတွေထဲက တစ်ခုကလည်း ဒီလိုအီဘိုလာဗိုင်းရပ်စ်ကို ကုသနေရတဲ့သူတွေ ကိုယ်တိုင်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမယ့် အခြေအနေအောက်မှာ လုပ်နေရတယ်နော်။ ဆရာမအတွက်ရော ဒီမှာလုပ်နေတာဟာ ကိုယ်တိုင်အတွက် အန္တရာယ်ဘယ်လောက်ကြီးပါသလဲ။ ပြီးတော့ ဆရာမရော ဒီရောဂါကို ကြောက်နေပါသလား။ ဟင့်အင်း။ ကျွန်မတို့အပိုင်းက ပြောရရင်တော့ ဒါဟာ ပထမဆုံး အီဘိုလာဖြစ်တဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေအနေနဲ့လည်း အဖွဲ့တွင်း
တင်းကျပ်တဲ့ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဆေးဝါးတွေ အကုန်လုံးရှိသလို ၀န်ထမ်းတွေအားလုံးကလည်း ကောင်းကောင်း လေ့ကျင့်ပြီးသားလူတွေ ဖြစ်ပါတယ်။ သန့်ရှင်းရေးစနစ်အားလုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေး နည်းလမ်းအားလုံးကို ကျွန်မတို့လုပ်ထားပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကို ကြောက်ရွံ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကိုင်တွယ်ကုသနေရတာတွေကို ကောင်းကောင်းသိထားပါတယ်။

မေး- အခု ဒီအီဘိုလာရောဂါ ဖြစ်စဉ်အကုန်လုံးကို ကိုင်တွယ်နေတော့ ဆရာမတို့ ချဉ်းကပ်မှုနည်းလမ်းက ဘယ်လိုမျိုးလဲ။ ကုသရေးအပိုင်းရော ထိန်းချုပ်ရေးအပိုင်းမှာပါရောပေါ့။ လုပ်ဖို့လိုနေတယ်ဆိုတဲ့ နည်းလမ်းတွေရော ရှိပါသလား။

ဖြေ- ဟုတ်ကဲ့။ ဒီကိုင်လာဟန်မှာရှိတဲ့ ကျွန်မတို့အတွက်ကတော့ ကုသရေးဌာနကိုပဲ အဓိကထားလုပ်ထားတာပါ။ ဆိုလိုတာက လူနာတွေ ဒီကိုလာရင် သူတို့ကို သီးခြားထားလိုက်ပြီး ကုသမှုပေးလိုက်တာပါ။ ကုသမှုပိုင်းမှာလည်း ကျွန်မတို့ သက်သာရုံပဲ ကုသနိုင်တာပါ။ လူနာတွေရဲ့ ဝေဒနာပိုင်းပြောဆိုမှုတွေကို ကုသမှုပေးပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ပါဘူး။ ပုံမှန်အားဖြင့် ရောဂါပြန့်ပွားမှု စတင်လာပြီဆိုရင် ထိစပ်မှုတွေကို လိုက်ကြည့်ရပါမယ်။ နေရာအနှံ့ ရွှေ့ပြောင်းကုသနိုင်ဖို့ ကောင်းမွန်တဲ့ သတိပေးစနစ်တစ်ရပ် ရှိရပါမယ်။ ကပ်ဘေးမှ 
ရှင်သန်ရေး စနစ်ကောင်းတစ်ရပ် ထားရှိရပါမယ်။ အဲဒါ ဒီမှာမရှိပါ။ ပြီးတော့ ကျွန်မတို့ နယ်စည်းမခြားအဖွဲ့အနေနဲ့ လိုအပ်နေတဲ့ နေရာတိုင်းမှာ လိုက်လုပ်နိုင်တဲ့ စွမ်းရည်မျိုးလည်း ရှိမထားပါဘူး။

မေး- ဒီအနောက်အာဖရိကနိုင်ငံတွေ အထူးသဖြင့် ဆရာမအလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်တဲ့ ဆီယာရာလီယွန်မှာ အနည်းဆုံးတော့ သူတို့တွေ အကောင်းဆုံးလုပ်နိုင်မယ်ထင်လား။ ဘာကြောင့်လဲဆိုတော့ သူတို့က တချို့နေရာတွေမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပြီး တချို့နေရာကို ကန့်သတ်ပိတ်ဆို့ထားဖို့လည်း လုပ်နေတော့လေ။ သူတို့တတ်နိုင်တာကို 
သူတို့လုပ်နေတယ်လို့ ဆရာမထင်ပါသလား။

ဖြေ- အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးတို့က ဒီရောဂါပြန့်ပွားမှုကို ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး။ သူတို့အနေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ Dabijo (ph) နဲ့ CDC လို အဖွဲ့မျိုးတွေက အစိုးရကို ပိုမိုထောက်ပံ့တာကို လိုအပ်နေပါတယ်။ လက်ရှိမှာ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်တယ်ဆိုရင် ဒီကိုင်လာစန်ခရိုင်မှာ ဘာတွေချမှတ်လုပ်ဆောင်ထားသလဲဆိုတာ ကျွန်မတို့ မမြင်ခဲ့ရဘူး။ ဒါပေမဲ့ နောက်ထပ် ကျန်းမာရေးပညာရှင်တွေ လိုမယ်။ ရောဂါကူးစက်မှုထိန်းချုပ်ရေး အထူးကျွမ်းကျင်ပညာရှင်တွေ လိုမယ်။ ကပ်ရောဂါဗေဒပညာရှင်တွေ ဒီခရိုင်ထဲကို များများပို့ဖို့လိုပါမယ်။

မေး- လူထုတွေကို အီဘိုလာရောဂါပိုးနဲ့ ပတ်သက်လို့ ပညာပေးရေး၊ ဒေသခံပြည်သူတွေကို ဒီရောဂါအကြောင်း သိနားလည်ဖို့နဲ့ ကုသမှုသေချာခံယူဖို့ အကြောင်းတွေက ဘယ်လောက်အရေးကြီးပါသလဲ။

ဖြေ- ကျွန်မတို့ လုပ်ဆောင်နေတဲ့ နယ်ပယ်တွေထဲမှာ ဒါလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျွန်မတို့မှာ ရပ်ရွာအခြေခံ ကျန်းမာရေးလုပ်သား ၂၅၀ လောက်က တစ်ရွာပြီးတစ်ရွာ ကူးသန်းသွားရင်းနဲ့ လူထုဆီကို မှန်ကန်တဲ့သတင်းပေးပို့မှုတွေ လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုထိ လုံခြုံမှုရှိတဲ့နေရာရယ်လို့ မရှိသေးဘူး။ လူတွေက (ရောဂါကြောင့်
သေဆုံးတဲ့) အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ကြတဲ့အခါ ကူးစက်ခံရတာမျိုးတွေ၊ ရောဂါဖြစ်ပြီး အကုမခံရှောင်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာတွေမှာ လူနာတွေ
ရှိနေဆဲပါပဲ။ ဒါကြောင့် လူထုကို နေရာစုံလိုက်ကုသရေး ဒီမှာလုပ်နေတာဟာ ကျွန်မတို့ လိုအပ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

မေး- အခုလိုဖြစ်နေတာတွေဟာ ဒေသခံလူထုအတွက် အရမ်းဝမ်းနည်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရေအတွက် ကိန်းဂဏန်းတွေအကြောင်း ဆက်ပြောနေရလို့ပါ။
ဥရောပ (သို့မဟုတ်) အမေရိကတိုက်ကို ဒီရောဂါပျံ့နှံ့လာမှာကို ကြောက်နေရတဲ့အကြောင်းလည်း ပြောနေရပါတယ်။ ဒါပေမဲ့ ဒါဟာ ဆရာမ အခု ဒီမှာ ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ ရပ်ရွာတွေအတွက် တကယ်ဆုံးရှုံးရမှု၊ ထိခိုက်ရမှုတွေပါပဲ။ ဟုတ်တယ်နော်။

ဖြေ- တကယ်ပဲ ၀မ်းနည်းကြေကွဲစရာပါ။ ရွာလုံးကျွတ်လို ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့မှာ ရွာတစ်ရွာက နောက်ဆုံးကျန်တဲ့လေးဦးကို ကျွန်မတို့ ကုပေးခဲ့ရတယ်။ တစ်ရွာလုံးက အီဘိုလာနဲ့ သေသွားတာ။ ဒါမှမဟုတ် ကျွန်မတို့ ဆေးကုသရေးဌာနထဲ ရောက်လာတာတွေရှိတယ်။ ရွာတစ်ရွာကဆိုရင် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လူနာ ၃၀ လောက် ရောက်လာတယ်။ 
ဘာကြောင့် သူတို့ ဖြစ်သလဲဆိုရင် (ရောဂါမကူးစက်အောင် သေချာမလုပ်ထားတဲ့) မလုံခြုံတဲ့ အသုဘချတာတွေကို တက်ခဲ့ကြလို့ပဲ။ လူ ၂၀၀ ရှိတဲ့ ရွာမှာ လူနာ ၃၀ လောက် ရောက်လာတယ်ဆိုတာ ကပ်ဘေးဆိုးပါပဲ။ အထူးသဖြင့်တော့ ကျွန်မတို့အနာဂတ်ကို ကြည့်ရမယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် အကျိုးသက်ရောက်မှုက လူတိုင်းဖျားနာနေတာပဲ။ ဒါပေမဲ့ ဖျားတဲ့လူတွေကို ဘယ်သူက ဂရုစိုက်ကြသလဲ။ မိန်းမတွေ နာဖျားနေတယ်။ အခုတော့ လူတော်တော်များများ စိုက်ပျိုးရေးမလုပ်နိုင်ကြတော့ဘူး။ အနာဂတ်က ဘာလဲ။ ဒီမှာ အနာဂတ်မှာကော ကျွန်မတို့ ဘာစားသောက်ကြရမလဲပေါ့။

7Day DAILY

Ref: Ebola, is spreading through Africa and beyond: CNN, 7 August
ရေးသားသူ : ကျော်မျိုး
Ebola, is spreading through Africa and beyond: CNN, 7 August ရေးသားသူ : ကျော်မျိုး
အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေတာဟာ အခုဆို သေဆုံးသူ တစ်ထောင်ကျော် ရှိပြီး သောကြာနေ့ကစလို့ နိုင်ငံတကာကပ်ဘေးဆိုးတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အနောက်အာဖရိကနိုင်ငံအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပြီဖြစ်ပါတယ်။

Master Sports စက်ရုံမှလုပ်သားများအတွက် အဓိကထားပြီး အလုပ်အကိုင် အခွင့်အလမ်းပြပွဲပြုလုပ်

Photo: Master Sports စက်ရုံမှလုပ်သားများအတွက် အဓိကထားပြီး အလုပ်အကိုင် အခွင့်အလမ်းပြပွဲပြုလုပ်
Monday, August 18, 2014

စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ Master Sports ဖိနပ်စက်ရုံမှ လုပ်သားတွေအတွက် အဓိကရည်ရွယ်ပြီး  လှိုင်သာမြို့နယ်ကနောင် ခန်းမမှာ သြဂုတ်လ(၁၆) ရက်နေ့ကအလုပ်အကိုင် အခွင့်လမ်းပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြီးမှူးပြီးပြုလုပ်ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲမှာ ကုမ္ပဏီ(၂၇)ခုနဲ့ ပြခန်းပေါင်း (၃၄)ခန်းပါဝင်ပြီး One Stop Service နှင့်အလုပ်ခန့်ထားမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။
 
အခုလိုပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကို Master Sports ဖိနပ်စက်ရုံမှ လုပ်သား များလည်း လာရောက်လျှောက်ထား တာတွေတွေ့ရပါတယ်။အဆိုပါစက်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လုပ်သားတွေအတွက်တင် မဟုတ်ဘဲ အခြား အလုပ်ကို စတင်ဝင်ရောက် လျှောက်ထားလိုသူတွေအတွက်ပါ အခုလို လုပ်ဆောင်ပေးခဲ့သလို Master Sports စက်ရုံမှလုပ်သားတွေရဲ့ ရသင့်တဲ့ နစ်နာကြေးတွေကိုလည်း ရရှိရန်လုပ်ဆောင်ပေးမှု အပိုင်းတွေကိုလည်း တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
လက်ရှိမှာတော့ ပြုလုပ်ခဲ့တဲ့ ပထမနေ့မှာပဲ လာရောက်လျှောက်ထားသူဦးရေဟာ (၄၅၀) ခန့်ရှိခဲ့ပြီး အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကိုတော့ (၂) ရက်ကြာပြုလုပ် သွားမှာ ဖြစ်ပါတယ်။

MRTV-4
စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ Master Sports ဖိနပ်စက်ရုံမှ လုပ်သားတွေအတွက် အဓိက ရည်ရွယ်ပြီး  လှိုင်သာမြို့နယ်ကနောင် ခန်းမမှာ သြဂုတ်လ(၁၆) ရက်နေ့ကအလုပ်အကိုင် အခွင့် လမ်းပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကြီးမှူးပြီးပြုလုပ် ခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲမှာ ကုမ္ပဏီ(၂၇)ခုနဲ့ ပြခန်းပေါင်း (၃၄)ခန်းပါဝင်ပြီး One Stop Service နှင့်အလုပ်ခန့်ထားမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။

စောငမန်းနဲ့ တူးတူး သရေပွဲဖြစ်ခဲ့တဲ့ မြန်မာပြည် ချန်ပီယံလုပွဲ

Photo: စောငမန်းနဲ့ တူးတူး သရေပွဲဖြစ်ခဲ့တဲ့ မြန်မာပြည် ချန်ပီယံလုပွဲ
Monday, August 18, 2014

Myanmar မှ အဓိက ပံ့ပိုးကူညီ သည့် ၂၀၁၄ ခုနှစ် မြန်မာပြည်ချန်ပီယံ ရိုးရာလက် ဝှေ့စိန်ခေါ်ပွဲကို သြဂုတ် ၁၇ ရက်က အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ချန်ပီယံစိန် ခေါ်ပွဲဖြစ် သည့်  စောငမန်းနှင့် တူးတူးတို့ပွဲမှာ အနိုင်အရှုံး အဖြေမပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲ ပထမပွဲစဉ်ဖြစ်သည့် စောရွှေကျော် (ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး (T&T) ပွဲ စဉ်မှာ အကြိတ်အနယ် ထိုးသတ်ရင်း သရေကျခဲ့သလို ဒုတိယ ပွဲစဉ်ဖြစ်သည့် သားအသဲတစ်ပွင့် (စွမ်းကေ ကေ)နှင့် အားမာန် (T&T)တို့ ပွဲစဉ်မှာလည်း အနိုင်၊ အရှုံး ပြတ်ပြတ်သားသား မထိုးသတ်နိုင်ဘဲ သရေဖြင့် ပြီးဆုံးခဲ့သည်။

တတိယပွဲစဉ်ဖြစ်သည့် ရွှေခါးပတ် ချန်ပီယံဟောင်း ရွှေဝါထွန်း(ရွှေသောင်းရင်း)နှင့် လုံးချော(သတ္တိ)တို့ အထူး ပွဲစဉ်တွင်လည်း ပူးတွဲသရေဖြင့် အဆုံးသတ်ခဲ့သည်။ ၁၀ စုနှစ်ကြာ ချန်ပီယံဖြစ်ခဲ့သည့် ရွှေသောင်း ရင်း လက်ဝှေ့ကလပ် နည်းပြဆရာ ရွှေဝါထွန်းက ပွဲမတိုင်ခင်တွင် လုံးချောအား မကျေပွဲပြန်နွှဲမည်ဟု ဖွင့်ဟ ခဲ့ဖူးသော်လည်း လက်ဝှေ့ပွဲတွင် အသက်အရွယ်ကြောင့် ထင်သလောက် ထိုးသတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရွှေဝါထွန်းနှင့် ထိုးသတ်သည့် ရွှေခါးပတ်ချန်ပီယံဟောင်း လုံးချောသည် ထိုပွဲတွင် ပြတ်ပြတ်သားသား အလဲထိုးနိုင်စွမ်း ရှိသော်လည်း အားကုန်ထိုးသတ်ခြင်း မပြုဘဲ ပူးတွဲသရေ ရယူသွားခဲ့ခြင်း ဖြစ်သည်။

ရွှေဝါထွန်းနှင့် လုံးချောတို့ပွဲအပြီးတွင် ရိုးရာလက်ဝှေ့လောကမှ အနားယူသွားသည့် ရိုးရာလက်ဝှေ့ကျော် တွေ့မရှောင်က ကြိုးဝိုင်းအတွင်းသို့ လာရောက် နှုတ်ဆက်ခဲ့သည်။ ထို့နောက် တွေ့မရှောင်ကို လက်ဝှေ့ပွဲ စီစဉ်သူ ဦးစိုးသန်းဝင်း၊ ထက်လင်း တိုင်းရင်းဆေးဥက္ကဋ္ဌနှင့် ၀ါသနာရှင်အချို့မှ ဆုကြေးငွေများ ချီးမြှင့်ခဲ့ သည်။

ထို့နောက် စတုထ္ထမြောက်ပွဲစဉ်အဖြစ် ဖိုးလပြည့် (ရွှေဖူး)နှင့် စောအယ်လေး (ထော့မဲပါ)တို့ပွဲစဉ်ကို ဆက် လက်ပြုလုပ်ခဲ့ပြီး ဖိုးလပြည့်က စောအယ်လေးကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲ ဒုတိယအချီ အစောပိုင်းတွင် စောအယ်လေး၏ လက်သီးချက်များကြောင့် ဒုတိယအချီတွင် ဖိုးလပြည့် အမှတ်စဉ် နှစ် ကြိမ် တိုင်တိုင် ရေတွက်ခံခဲ့ရသော်လည်း ဒုတိယအချီ ၂ မိနစ် ၄၀ စက္ကန့်တွင် ဖိုးလပြည့်၏ ပြင်းထန်သည့် ခြေကန်ချက်ကြောင့် စောအယ်လေး ၀မ်းဗိုက် အကန်ခံခဲ့ရပြီး အနား တောင်းခဲ့သည်။

စောအယ်လေးသည် အနားတောင်းအပြီးတွင် ပြန်လည်ထိုးသတ်နိုင်ခြင်း မရှိသောကြောင့် ဖိုးလပြည့်က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပဉ္စမမြောက် ပွဲစဉ်အဖြစ် ကျားပေါက် (ရွှေသောင်းရင်း)နှင့် ရဲတံခွန်(အလင်းရောင်)တို့ပွဲတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သတ်ပုတ်နိုင်သော်လည်း အလဲ မထိုးနိုင်ခဲ့သည့်အတွက် သရေကျခဲ့သည်။

ဆဋ္ဌမမြောက် ပွဲစဉ်တွင် ရဲရင့်အောင် (နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ) တို့ပွဲ တွင် ရဲရင့်အောင်က တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် စောဂပရေမှူးသည် ရဲရင့်အောင်ကို ပထမအချီ တွင် ဘတစ်ပြန်၊ ကျားတစ်ပြန် သတ်ပုတ်နိုင်ခဲ့သော်လည်း ဒုတိယအချီနောက်ပိုင်းတွင် သက်လုံကျဆင်း ခဲ့သည့်အပြင် အမှတ်စဉ်များ ရေတွက်ခံရကာ အနားတောင်းခဲ့ရသည်။ ထို့နောက် စောဂပရေမှူးသည် တတိယအချီတွင် သုံးကြိမ်မြောက် အမှတ်စဉ် ရေတွက်ခံခဲ့ရာတွင် ပြန်လည် ထိုးသတ်နိုင်ခဲ့ခြင်း မရှိသဖြင့် ရဲရင့်အောင်က အလဲထိုး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သတ္တမမြောက် ပွဲစဉ်အဖြစ် ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)တို့ ပွဲစဉ်ကို ဆက်လက်ပြု လုပ်ခဲ့ပြီး စောဂေါ်မူတို့က ဒုတိယအချီ ၂ မိနစ် ၃၄ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ စောဂေါ်မူတို သည် အသက်ငယ်ရွယ်သူပီပီ ပထမအချီ စသည်နှင့် လွန်စွာလျန်မြန်သည့် လက်သီးတွဲလုံးများ၊ ခြေကန် ချက်များဖြင့် ထိုးသတ်ခဲ့သဖြင့် ဒုတိယအချီ ၁ မိနစ် ၄၆ စက်္ကန့်တွင် ထွန်းထွန်း အနားတောင်းခဲ့ရသည်။

အနားတောင်းပြီး ဆက်လက်ထိုးသတ်ရာ စောဂေါ်မူတို၏ လက်သီးချက်များ ထပ်မံထိခဲ့ပြီး အမှက်စဉ် ရေ တွက်ခံရကာ အမှတ်စဉ် ၁၀ ကြိမ် အထိ ပြန်လည်မထိုးနိုင်သောကြောင့် စောဂေါ်မူတိုက အလဲထိုး အနိုင် ရခဲ့ခြင်း ဖြစ်သည်။ အသက်အရွယ်ငယ်ပြီး အလားအလာကောင်းသည့် စောဂေါ်မူတိုသည် ၎င်းထက် ထိုး သတ်ရင့်သော ထွန်းထွန်းကို အလဲထိုးနိုင်ခဲ့သဖြင့် လက်ဝှေ့ပွဲစီစဉ်သူများ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။

ထို့နောက် ပရိသတ်များ မျှော်လင့်နေသည့် အဋ္ဌမမြောက် ပွဲစဉ် မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲဖြစ်သည့် စောငမန်း (ရွှေဖူး)နှင့် တူးတူး(နဂါးမာန်)တို့ပွဲစဉ်ကို ဆက်လက်ပြုလုပ်ခဲ့သည်။ ချန်ပီယံစိန်ခေါ်ပွဲ ပထမအချီ တွင် လက်ဝှေ့ပရိသတ်များမှ တူးတူး၏နာမည်ကို သံပြိုင်အော်ဟစ် အားပေးခဲ့ကြသည်။ ပထမအချီတွင် တစ်ဦးနှင့်တစ်ဦး အကဲစမ်းနေပြီး လက်ဝှေ့ပွဲ အနည်းငယ် အေးသယောင်ရှိသော်လည်း ဒုတိယ၊ တတိယ၊ စတုထ္ထအချီများတွင် ပွဲရှိန် တဖြည်းဖြည်း တက်လာခဲ့သည်။ နောက်ဆုံးအချီတွင် တူးတူးက စောငမန်းကို တရစပ် တိုက်စစ်ဖွင့် ဖိထိုးနိုင်ခဲ့သော်လည်း အပြတ်အသတ် အလဲထိုးနိုင်ခဲ့ခြင်း မရှိသဖြင့် ပူးတွဲသရေဖြင့် သာ ပြီးဆုံးခဲ့ရသည်။

စိန်ခေါ်သူ တူးတူးအနေဖြင့် စောငမန်းကို သရေသာ ထိုးသတ်နိုင်ခဲ့သဖြင့် မြန်မာပြည် ချန်ပီယံဘွဲ့ မျှော် လင့်ချက် လက်လွှတ်ခဲ့ရသလို တူးတူးကို မရှုံးနိမ့်ခဲ့သည့် စောငမန်းက လက်ရှိချန်ပီယံဘွဲ့ကာ ကွယ်နိုင်ခဲ့ သည်။

Mizzima - News in Burmese
Myanmar မှ အဓိက ပံ့ပိုးကူညီ သည့် ၂၀၁၄ ခုနှစ် မြန်မာပြည်ချန်ပီယံ ရိုးရာလက် ဝှေ့စိန်ခေါ်ပွဲကို သြဂုတ် ၁၇ ရက်က အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ချန်ပီယံ စိန် ခေါ်ပွဲဖြစ်သည့်  စောငမန်းနှင့် တူးတူးတို့ပွဲမှာ အနိုင်အရှုံးအဖြေမပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား

Photo: စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား
Monday, August 18, 2014

စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့်အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့်လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ မှ ပေတလူ(ခ) မျိုးငြိမ်းဇော်၊ မျိုးဝင်း၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်၊ ဒေါ်ခင်မြင့်၊ မစန်းကျင်နုတို့အား ကျူးလွန်ခဲ့သူများအဖြစ် အရေးယူပေးရန် သြဂုတ်လ ၁၅ ရက်က လက်ပန်လှရဲစခန်းမှ (ပ)၁၆၃/ ၁၄။ ပြစ်မှုပုဒ်မ ၃၃၃ /၁၄၉/၄၂၇/၅၀၅ (ခ)အရ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

ထို့ပြင် မဆန်းကြင်နု (၃၇)နှစ် ခြေထောက်တွင် သေနတ်မှန်ခဲ့ရာမှ ပြင်းထန်စွာ ဒဏ်ရာရအောင် မဆင်မခြင် သေနတ်ပစ်ခတ်သူကို ဖော်ထုတ် အရေးယူပေး ပါရန် ဒေါ်စန်းတင့်က တိုင်တန်းခြင်းကို လက်ပံလှ ရဲကင်းစခန်းက (ပ)၁၆၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈အရ သြဂုတ် ၁၅ ရက်က လက်ခံထားရှိသည်။

အမှုဖွင့်အရေးယူခြင်းအပြင် ရဲတပ်ဖွဲ့နှင့် ဒေသခံတောင်သူများ ညှိနှိုင်းမှုတစ်ခု ကို ပြုလုပ်ခဲ့ပြီး အချက်လေးချက်ဖြစ်သည့် ကျောင်းဆောင်နှင့် နေအိမ် ပျက်စီးမှုများကို ပြင်ဆင်ပေးရန်၊ သေနတ်ဒဏ်ရာရရှိသူအား ဘ၀အာမခံ ချက် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်း၍ တရားစွဲဆိုပေး ရန်၊ နောင်တွင် ယခုကဲ့သို့သော အကြမ်းဖက်မှုများကို မပြုရန် စသည်တို့ ပါဝင်၍ တိုင်းဒုတိယရဲမှူးကြီး မြင့်စိုးနှင့် ရဲမှူးအောင်စိုးက လက်မှတ်ရေးထိုးထားသည် ဟု ဒေသခံ ကိုမျိုးက ပြောသည်။

တပ်မတော် သိမ်းယူထားသော မြေဧကများ သုံထောင်ကျော်ရှိရာမှ ဂရိတ်ဝေါလ်က သီးစားချလုပ်ကိုင်နေပြီး ယင်းတို့ မလုပ်ကိုင်နိုင်ဘဲ ကျန်ရှိနေသည့် မြေလွတ်များပေါ်တွင် ညောင်ဝန်းကျေးရွာ တောင်သူများက ၀င်ရောက်လုပ်ကိုင်ရန် အဆိုပါရွာရှိ ဘောလုံးကွင်းအတွင်းတွင် သြဂုတ် ၁၄ ရက်က တိုင်ပင်နေစဉ် ရဲတပ်ဖွဲ့ဝင် ငါးဆယ်ခန့်က ကားဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ဖေါက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံတောင်သူ ကိုမျိုးက ပြောသည်။

“သြဂုတ်လ ၁၄ ရက်မှာ ရဲတွေက ရွာထဲကို ၀င်လာပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးတာ လုပ်တယ်”ဟု ဒေသခံ ကိုမျိုးက ပြောကြားခဲ့သည်။

“အဲလိုစီးနင်းတဲ့ အချိန်မှာ မဆိုင်တဲ့ ဈေးသည် မစန်းကြင်နု အပြန်မှာ ပစ်လိုက်လို့ ခြေထောက် သေနတ်မှန်တာကြောင့် ရွာသားတွေက ပစ်ပေါက်တာ၊ ခုခံတာတွေ လုပ်တာပါ”ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ရွာသား နှစ်ရာခန့်သည် ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ကျောက်ခဲများ၊ တုတ်များကို ကိုင်ဆောင်ကာ ပစ်ပေါက်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သည့် ဆိုင်ကယ် လေးစီးနှင့် လောကဟိတ လူမှုကူညီရေးအသင်းပိုင် ယာဉ်တစ်စီးတို့ကို ရိုက်ချိုးဖျက်ဆီးခြင်းခံခဲ့ရသဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese 

ညောင်ပင်ဝန်းကျေးရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဒေသခံနှင့် လုံခြုံရေးယူထာသည့် ရဲများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး
ညောင်ပင်ဝန်းကျေးရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဒေသခံနှင့် လုံခြုံရေးယူထာသည့် ရဲများကို တွေ့ရ စဉ်။ ဓာတ်ပုံ - အောင်ကိုဦး
စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့် အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့် လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ

Photo: စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ
Monday, August 18, 2014 

လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သြဂုတ် ၁၆ နှင့် ၁၇ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ၌ လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသည့် စက်ရုံပေါင်း ၃၀ကျော်မှ လုပ်သား နှစ်ထောင်နီးပါး အလုပ်ခေါ်ယူသော အလုပ်အကိုင်ပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်အကိုင်ပြပွဲတွင် အလုပ်လိုအပ်သော လုပ်သားများအပြင် အလုပ်ရှင်ထွက်ပြေး၍ အလုပ်လက်မဲ့ ဖြစ်နေသည့် မာစတာစပေါ့မှ ရာချီသောလုပ်သားများလည်း အလုပ်နေရာရရှိစေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
ပြပွဲသို့လာရောက်၍အလုပ် ရှာဖွေသူများတွင် မာစတာစပေါ့ စက်ရုံမှ လုပ်သားများအပြင် လုပ် ငန်းခွင်အတွေ့အကြုံမရှိသေးသူ များလည်း လာရောက်လျှောက် ထားလျက်ရှိသည်။ အလုပ်သမား ခေါ်ယူမှုတွင် အများစုမှာ လုပ်ခ လစာကျပ် တစ်သိန်းဝန်းကျင်ဖြင့် လုပ်သားများအတွက် နေစရိတ်၊ စားစရိတ် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘အလုပ်ရှင်တွေအနေနဲ့ အခုမာစတာစပေါ့က အလုပ်သ မားတွေဟာ သူတို့ကြောင့် အလုပ်ပိတ်ရတာမဟုတ်ဘူး။ သူတို့ တွေအတွက် ဘာလုပ်ပေးရမလဲ ဆိုတော့ သူတို့က အချုပ်အလုပ် အတွေ့အကြုံရှိပြီးသား။ ဒါကြောင့်ဒီလှိုင်သာယာထဲမှာရှိတဲ့ အနီးအ နားက အချုပ်အလုပ်ဖြစ်တဲ့ ဖိနပ် စက်ရုံတွေ၊ အထည်ချုပ်စက်ရုံ တွေခေါ်၊ အလုပ်သမားတွေခေါ် ပြီး ပွဲလုပ်ပေးလိုက်တာ။ အကယ် ၍ ဒီလုပ်သား ၇၀၀ သာ အလုပ် တကယ်လုပ်မယ်ဆိုရင် ဒီမှာ ခေါ်တာ၇၀၀ မကဘူး။ တစ်ခါတည်း အလုပ်ရသွားနိုင်တယ်’’ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ထို့ကြောင့်မာစတာစပေါ့မှ လုပ်သားများကို ဦးစားပေးအလုပ် ခန့်ထားရန် အစိုးရက မေတ္တာ ရပ်ခံထားသော်လည်း ထိုလုပ် သားများမှာ စိုးရိမ်မှုကြောင့် မာစ တာစပေါ့စက်ရုံမှ လုပ်သားများ ဟု မပြောဆိုဘဲ လျှောက်ထားမှု များကြောင်း သတင်းရရှိသည်။

‘‘သူတို့က မာစတာစပေါ့က ပါလို့ တရားဝင်မပြောတော့ သူ တို့ဘယ်လောက်အလုပ်ရလဲ မသိဘူး။ စက်ရုံတွေဘက်ကလည်း မပေးတော့ သူတို့အလုပ်ရတဲ့ စာရင်းမရှိဘူး။ ဒါပေမဲ့ အလုပ် လျှောက်ထားသူနဲ့ အလုပ်ရတဲ့သူ အများဆုံးကလည်း စက်ရုံကမှန်း တော့ သိတယ်’’ဟု လှိုင်သာယာ မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စက်ရုံနှစ်ရုံလောက်တော့ လျှောက်ထားတယ်။ ဒါပေမဲ့ မလုပ်သေးပါဘူး။ ဒီဘက်က နစ်နာကြေးရမှပဲ လုပ်ဖို့ ရည်ရွယ်ထားတယ်။ တော်ကြာဟိုရောက်တော့မှ အလုပ်ရှင်က ဒီကိစ္စဖြေ ရှင်းနေတဲ့အချိန် အပြင်ထွက်ဖို့ ခွင့်မပြုရင် ဒီဘက်လွတ်၊ ဟိုဘက်လည်း လွတ်သွားမှာ စိုးရိမ်တယ်။ အဲဒါကြောင့် ရစရာရှိတာ ရမှပဲလုပ်တော့မယ်’’ဟု မာစတာစပေါ့အထည်ချုပ်စက်ရုံမှ အလုပ်သမား မ၀င်းဝင်းခိုင်ကပြောသည်။

အဆိုပါပြပွဲတွင် အလုပ် လျှောက်ထားသူ ခြောက်ရာနီးပါး ခန့်ရှိပြီး ချက်ချင်းအလုပ်ရရှိသူ ၈၂ ဦးရှိခဲ့သည်။ အလုပ်လျှောက် ထားသူများကို စက်ရုံများက တစ် ပတ်အတွင်း အလုပ်အင်တာဗျူး များခေါ်ဆိုခန့်အပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသော နေရာ အား သောင်တူးစက်ဖြင့် ယနေ့ စတင်တူးဖော်မည်

Photo: ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသော နေရာ အား သောင်တူးစက်ဖြင့် ယနေ့ စတင်တူးဖော်မည်
Monday, August 18, 2014  

ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသည့် နေရာအား သြဂုတ် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် သောင်တူးစက်ဖြင့် စတင်တူးဖော်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက်အား သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားများအား အမှူးထား၍ နတ်စင်တစ်ရာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်ကာ သံဃာတော် ၃၂ ပါးက စက်လှေများဖြင့်ပတ်၍ ပဋ္ဌာန်းအကျဉ်း ရွတ်ဖတ်ပြီး မေတ္တာပို့မှုများကို ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း (ယခုပုဇွန်တောင်ချောင်း) သုံးခွဆုံရာ ရေပြင်အောက်၌ နစ်မြုပ်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာဖွေခြင်းကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ခေါင်းလောင်းကြီးရှိနေနိုင်သည်ဟု ယူဆရသည့် နေရာအား သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီး ဆယ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်က “ဘုန်းဘုန်းတို့ ဒီနေ့ခေါင်းလောင်းကြီးရှိတယ်လို့ ယူဆထားတဲ့နေရာရဲ့ အရပ်ရှစ်မျက်နှာကိုပတ်ပြီး ပဋ္ဌာန်းအကျဉ်းရွတ်ဖတ်ပြီး မေတ္တာပို့ခဲ့တာ ဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက် ၉ နာရီမှာ သူတို့စပြီး တူးဖော်လိမ့်မယ်။ မနက်ဖြန်ဆိုရင်တော့ အဖြေထွက်လာလိမ့်မယ်။ ဒါပေမဲ့ မကောင်းတဲ့အတ္တ၊ လောဘစိတ်တွေနဲ့ ဖော်လို့မရနိုင်ဘူး။ ကောင်းတဲ့စိတ်နဲ့ ဖော်ရင်တော့ သူတော်ကောင်းတွေ စောင့်ရှောက်ကူညီမှုတွေကို ရရှိမှာပါ” ဟု သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် မိန့်ကြားသည်။

ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သည့်သူ အားလုံးမှာလည်း သက်သတ်လွတ်စားကာ ရှာဖွေမှု ပြုလုပ်နေကြောင်း သိရပြီး ယင်းသတ်မှတ်နေရာကို တူးဖော်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ ခေါင်းလောင်းကြီးဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မင်းအောင်က “သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှာ ရေငုပ်သမားတွေက ခေါင်းလောင်းကြီးလို့ ယူဆရတဲ့ အရာကို စတွေ့တာဖြစ်တယ်။ အဲဒီနေရာကို မနက်ဖြန်မနက်ပိုင်းမှာ စတင်တူးဖော်ပါလိမ့်မယ်” ဟု သြဂုတ် ၁၇ ရက်က ပြောကြားသည်။

အဆိုပါခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်း က သွန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်း အချို့တွင် ဖော်ပြ ထားပြီး ရေအောက် တွင် နစ်မြုပ်နေသည်မှာ နှစ်ပေါင်း ၄၀၃ နှစ် ရှိပြီဖြစ်ကာ ပြန်လည်ရှာဖွေ ဆယ်ယူရရှိနိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်။  

Eleven Media Group  

ခေါင်းလောင်းကြီးရှိသည်ဟုယူဆပြီး အနက်ရောင်အလုံးဖြင့် အမှတ် အသားပြု ထားသည့်နေရာအား သံဃာတော်များ စက်လှေဖြင့်ပတ်၍ ပဋ္ဌာန်းရွတ်ဖတ်နေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ခေါင်းလောင်းကြီးရှိသည်ဟုယူဆပြီး အနက်ရောင်အလုံးဖြင့် အမှတ် အသားပြု ထားသည့်နေရာအား သံဃာတော်များ စက်လှေဖြင့်ပတ်၍ ပဋ္ဌာန်းရွတ်ဖတ်နေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ဓမ္မစေတီခေါင်းလောင်းကြီး ရှိနိုင်သည်ဟု ယူဆသတ်မှတ်ထားသည့် နေရာအား သြဂုတ် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် သောင်တူးစက်ဖြင့် စတင်တူးဖော်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက်အား သြဂုတ် ၁၇ ရက် မွန်းလွဲ ပိုင်းက သန်လျင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘုရားများအား အမှူးထား၍ နတ်စင် တစ်ရာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်ကာ သံဃာတော် ၃၂ ပါးက စက်လှေ များဖြင့် ပတ်၍ ပဋ္ဌာန်းအကျဉ်း ရွတ်ဖတ်ပြီး မေတ္တာပို့မှုများကို ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်၏ အသိအမှတ်ပြုမှု နိုင်/ကျဉ်းအဖွဲ့အစည်းများ လိုလား

Photo: နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်၏ အသိအမှတ်ပြုမှု နိုင်/ကျဉ်းအဖွဲ့အစည်းများ လိုလား
Monday, August 18, 2014 

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်မှ အသိအမှတ် ပြုစေလိုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၁၇ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ပြီး ဩဂုတ် ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးဘိုကြည်က “ဒီအလုပ်ရုံဆွေးနွေးပွဲက ရလာတဲ့ ထွက်ရှိချက်တွေကို အစိုးရဘက်ကို ပို့မှာပါ။ ဖြစ်နိုင်လို့ရှိရင် ကျယ်ကျယ်ပြန်ပြန့် အစိုးရအပါအဝင် ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့၊ လွှတ်တော်က အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို ကျွန်တော်တို့ ပိုပြီးလိုလားတယ်” ဟု ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အဖြစ် အတိုက်အခံအများစု လက်ခံနိုင်လောက်သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် မူကြမ်းတစ်ခု ထွက်လာမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ထွက်ပေါ်လာပါက လွှတ်တော်နှင့်အစိုးရတို့မှ တရားဝင်ပြဌာန်း ပေးစေလိုကြောင်း ဦးဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီမှ ဦးတိုးကျော်လှိုင်က “အားလုံးကို ခြုံငုံမိတဲ့နောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး ဖြစ်ဖို့ရာက ကျွန်တော်တို့ တော်တော်လေး စဉ်းစားပြီးတော့ ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒါကြီးက ကျသွားပြီးပြီဆိုရင် အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကျန်တဲ့သူတွေ အကျုံးမဝင်တဲ့သူတွေ ပေါ်လာခဲ့ရင် ဖြေရှင်းရတာ ခက်လာမယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများ၊ အသိပညာရှင်များ၊ ဥပဒေပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ တိုင်း/နယ်ဒေသပေါင်းစုံမှ တက်ရောက်လာကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ကိုယ်စားလှယ်များ စုစုပေါင်းဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သည့် ထည့်သွင်းစဉ်းစားသင့်သော အချက်များကို ဆွေးနွေးခဲ့ကြသည်။

Eleven Media Group
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို သြဂုတ် ၁၇ ရက်က ကျင်းပစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
 နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အစိုးရနှင့်လွှတ်တော်မှ အသိအမှတ် ပြုစေလို သည် ဟု နိုင် ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

မိုက်ကယ်ဂျက်ဆင်၏ Neverland အိမ်ကြီးကို ရောင်းမည်

 
 ဖျော်ဖြေရေးလောကသတင်း၊ သြဂုတ်(၂)၊ ရဲရင့်တည် ကွယ်လွန် သွားသော ပေါ့ပ်အဆိုတော် မိုက်ကယ် ဂျက်ဆင် နေထိုင်ခဲ့သည့် Neverland အိမ်ကြီး သည် အမွှေဆက်ခံသူသားသမီးများအတွက် ပြုပြင် ထိန်း သိမ်းရန် ကုန်ကျစရိတ်များနေသဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ ဖြင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း Gulf Daily News ၏အင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Laptop တွေ ခေတ်ကုန်ပြီး Rolltop တွေ လာတော့မယ်


နည်းပညာ တိုးတက်မှု စွမ်းပကားတွေနဲ့ ကွန်ပျူတာတွေလည်း ကြီးမားပြီး နှေးကွေးတဲ့ အဆင့်တွေကနေ စွမ်းဆောင်ရည်တွေက အဆင့်ဆင့်မြင့်မားလာသလို အခုဆို လူတော်တော်များများလည်း လက်ပ်တော့ပ် ကို အလွယ်တကူ သယ်ယူသွားလို့လည်း ရတဲ့ကွန်ပျူတာ အဖြစ် အသုံးပြုကြပါတယ်။

ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်

 Photo: ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်
Monday, August 18, 2014 

ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းပေါ်မူတည်၍ အမတ်ဦးရေ အချိုးကျရရှိမည့် ပီအာရ်ကို မည်သို့သောနည်းလမ်းဖြင့် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲများ၌ အသုံးပြုမည်ဆိုသည်ကို သြဂုတ် ၁၈ ရက် ကျင်းပ မည့် အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်တော့မည်ဟု အမျိုးသားလွှတ်တော် ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင်တချို့က မဇ္ဈိမကို ပြော သည်။

“တစ်ရက်နဲ့ ဆွေးနွေးလို့ မပြတ်ရင် ပြတ်တဲ့အထိ ဆွေးနွေးသွားမှာပါ”ဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးက ပြောသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးသူ အနိုင်ရစနစ်မှ အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ခွင့်ရမည့် ပီအာရ်စနစ်ကို ပြောင်းသုံးရန် ကော်မရှင်ဖွဲ့ ဆွေးနွေးနေကြခြင်းဖြစ်သည်။ ကော်မရှင်သည် ပီအာရ်နှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ပုံစံလေးမျိုးကို ရေးဆွဲ ထားပြီး ယင်းတို့ အနက် အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်ရွေးချယ် ရန်သာ ရှိတော့သည်ဟု ၎င်းက ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်မှာ ကျင့်သုံးမလဲဆိုတာ ဒီတစ်ခေါ က် ဆွေးနွေး ပွဲမှာ မပြတ်ရင် လွှတ်တော်တင်တဲ့အခါမှာ ပြန်ဆုံးဖြတ်လို့ရပါတယ်” ဟု ဦးဗညားအောင်မိုးက ဆိုသည်။ ၎င်းက တစ်နိုင်ငံလုံး သို့မဟုတ် တိုင်း(သို့မဟုတ်) ပြည်နယ် မည်သည့်နေရာများအတွက် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲဖွယ်ရှိသည်ဟု ယူဆထားသည်။

တိုင်းရင်းသားပါတီတို့က နိုင်ငံတစ်ဝန်းရရှိသည့် စုစုပေါင်းမဲအရေအတွက်ဖြင့် အချိုးချပါက ကိုယ်စားပြုခွင့် လျော့နည်းနိုင်ပြီး တန်းတူအခွင့်အရေးမရနိုင်၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှု နုနယ်သေးချိန်တွင် မသင့်လျော်သေးစသဖြင့် မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုကာ ကန့်ကွက်ထားကြပြီး ၃၆ ဦးပါ ကော်မရှင်တွင် ရှစ်ဦး နုတ်ထွက်ထားကြသည်။

“ခုတော့ သူတို့ရဲ့အသံတွေ ပျောက်သွားတာပေါ့”ဟု အခြားသော ကော်မရှင် အဖွဲ့ဝင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၃) အမတ်ဦးဖုန်းမြင့်အောင်က ဆိုသည်။

၎င်းသည် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး လွှတ်တော်သို့ အဆိုတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် တစ်ဦးလည်းဖြစ်သည်။ ၎င်းနှင့်တစ်ပါတီတည်းဖြစ်သူ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် အမှတ်(၁)၊ အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။

“ဒါပေမဲ့ လွှတ်တော်ကို ပြန်တင်လာရင် ကန့်ကွက်လို့ အကျိုးမရှိဘူးဆိုပေမယ့် ကန့်ကွက်စရာရှိတာကိုတော့ ကန့်ကွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

၎င်းသည် ကော်မရှင်အဖွဲ့မှ နုတ်ထွက်ထားသူဖြစ်ပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းလာလျှင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ထပ်မံကန့်ကွက် သွားမည်ဟု ပြောသည်။ အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင် အထည်ဖော်ရေးကော်မရှင်သည် လာမည့် စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းရန် တာဝန်ယူထားသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဏျွစနစ်အလိုမရှိဟု ဇူလိုင်လအတွင်း ဆန္ဒပြနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဏျွစနစ်အလိုမရှိဟု ဇူလိုင်လအတွင်း ဆန္ဒပြနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို
ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းပေါ်မူတည်၍ အမတ်ဦးရေ အချိုးကျ ရရှိမည့် ပီအာရ်ကို မည်သို့သောနည်းလမ်းဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အသုံးပြုမည် ဆိုသည် ကို သြဂုတ် ၁၈ ရက် ကျင်းပမည့် အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်တော့မည်ဟု အမျိုးသား လွှတ်တော်ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင်တချို့က မဇ္ဈိမကို ပြောသည်။

မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်

Photo: မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်
Monday, August 18, 2014 

သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ် မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ငါးရက်ကြာ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ဆိုးလ်မြို့လူထုတွေ့ဆုံ ပွဲတစ်ခုတွင် ကိုရီးယားကျွန်း ဆွယ်ပြန်လည် သင့်မြတ်ရေးအတွက် တိုက်တွန်းခဲ့သည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုမှ အစီအစဉ်အများအပြားကို ကွန်ပြူတာပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ မြောက်ကိုရီးယားမှ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အဆင်သင့်ဖြစ်စေ ရန် လေ့ကျင့်မှု ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုအား တုန့်ပြန်မည့် နည်းလမ်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ နည်းလမ်းအား ယမန်နှစ်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့်အမေရိ ကန်တို့၏ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းခဲ့သည့် နည်းလမ်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းပစ်ရန် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ညှာမှု မရှိသော တုန့်ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား စစ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက “မြောက်ကိုရီးယားက ရန်စတိုက်ခိုက်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။

Re:AFP
Mizzima - News in Burmese
သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက် ထားသော် လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင် လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်သူ ၆၀ ရာခိုင်နှုန်း လွှတ်တော်အမတ်နှင့် ကိုယ်စားပြုပါတီ မသိကြဟု စစ်တမ်းတစ်ခုဆို

Photo: ပြည်သူ ၆၀ ရာခိုင်နှုန်း လွှတ်တော်အမတ်နှင့် ကိုယ်စားပြုပါတီ မသိကြဟု စစ်တမ်းတစ်ခုဆို
Monday, August 18, 2014 

ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လွှတ်တော်ကိုယ်စားလှယ်များကို သက် ဆိုင်ရာဒေသခံ မဲဆန္ဒရှင်များက အမည်နှင့်ပါတီတွဲ၍ မသိရှိသူ ၆၀ရာခိုင်နှုန်း ရှိသည်ဟု စိမ်းလန်းအမိမြေအဖွဲ့က ကောက်ယူ ခဲ့သော နိုင်ငံတော် သမ္မတနှင့် လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင် သဘောထား စစ်တမ်းများက ဆိုသည်။

အဆိုပါစစ်တမ်းကို ရန်ကုန်မြို့ရှိ မြို့နယ်၂၄ခု၊ မန္တလေးမြို့ရှိ မြို့နယ် ငါးခုမှ ဒေသခံဦးရေ ၆,၀၀၀ ကျော်ကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ ခုနှစ်တို့တွင် သုံးကြိမ် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းတွင် မိမိတို့မြို့နယ်အတွက် ကိုယ်စားပြုသော ကိုယ်စားလှယ်များကို အမည်နှင့် ပါတီတွဲ၍ သိရှိသူ ၃၅ ရာခိုင်နှုန်းကျော်သာ တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အမည်နှင့် တွဲ၍ သိရှိသူ ၁၀ ရာခိုင်နှုန်း ယင်းစစ်တမ်းတွင် ဖော်ပြထားသော်လည်း ကျန် ၆ ရာခိုင်နှုန်းအတွက် ဖော်ပြမထားပေ။ ဖြေဆိုသူများအနက် အတန်းပညာ မြင့်မားသူများနှင့် အသက်အရွယ်ကြီးသူများက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို သိရှိသူများသည်ကို တွေ့ရသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို နည်းနည်းသိသေးတယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆို မသိသလောက်ဘဲ။ သိတာ ၁၅ ရာခိုင်နှုန်းပဲရှိတယ်”ဟု စိမ်းလန်းအမိမြေ အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

ဖြေဆိုသူအများအနက် အများဆုံးသိသည့် လွှတ်တော်ကိုယ်စားလှယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပြီး ဒုတိယအသိများဆုံး ကိုယ်စားလှယ်မှာ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူ ဖြူသင်းဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။

အချို့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း သို့ ရောက်ရှိနေ ပြီး ဒေသခံလူထုထံ မရောက်ရှိနိုင်၍လည်းကောင်း၊ အချို့မှာ နေ သည့်နေ ရာနှင့် ရွေးကောက်ခံနေရာတို့ မတူညီမှုကြောင့်လည်းကောင်း၊ အချို့မှာ လူထုနှင့် ထိတွေ့မှုမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု မင်္ဂလာတောင်ညွန့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“လူထုမသိတာက ဘာမှမလုပ်တဲ့ ကိုယ်စားလှယ်ဆိုရင်တော့ ဘယ်သိမလဲ”ဟု ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စောဝေ က ပြောသည်။

လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ကုန်ကျစရိတ်များ၊ နေ့တွက်စရိတ်၊ ခရီးစရိတ်နှင့် အခြားအသုံးစရိတ်များအတွက် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းထက်ပိုသော ကြိုတင်ငွေထုတ်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖြေဆိုသူများက လွှတ်တော်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်ကို အများဆုံးရွေးချယ်ထားပြီး အခြေခံပညာမြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးတရားမျှတမှုရှိရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ရာဇ၀တ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရေး၊ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားများ၏ ဒီမိုကရေစီရပိုင်ခွင့် ကျင့်သုံးနိုင်ရေး အာမခံချက်တို့ ဆွေးနွေးစေလိုကြသည်။

Mizzima - News in Burmese
ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာဒေသခံ မဲဆန္ဒရှင်များက အမည်နှင့် ပါတီတွဲ၍ မသိရှိသူ ၆၀ရာခိုင်နှုန်း ရှိသည်ဟု စိမ်းလန်းအမိမြေအဖွဲ့က ကောက်ယူခဲ့သော နိုင် ငံတော် သမ္မတနှင့်လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင်သဘောထား စစ်တမ်းများက ဆိုသည်။

နေပြည်တော်အနီး ဗဟိုပြု၍ ငလျင်လှုပ်

ယနေ့ နံနက်အစောပိုင်းက နေပြည်တော်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ကြိမ်လှုပ်ခဲ့ကြောင်း မိုး/ဇလဌာန (ငလျင်ဌာခွဲ)မှ သတင်းရရှိသည်။

အီရတ်နှင့် ဆီးရီးယား၌ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်

Photo: အီရတ်နှင့် ဆီးရီးယား၌ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ် 
Monday, August 18, 2014

အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများက ၎င်းတို့ ထိန်းချုပ်ထားသည့် အီရတ်နှင့် ဆီးရီးယား နယ်မြေများ၌ လူရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အီရတ်ရွာတစ်ရွာမှ ပြန်ပေးဆွဲထားသော အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ယာဇီဒီလူမျိုးစုဝင် ၈၀ ခန့်ကို IS စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဆီးရီးယားနိုင်ငံ ဒါအယ်ဇာပြည်နယ်တွင် IS တပ်ဖွဲ့ဝင်များကို ဆန့်ကျင်သည့် ဒေသခံမျိုးနွယ်စုဝင် ၇၀၀ ကျော်ကို IS စစ်သွေးကြွများက ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း သတ်ဖြတ်ခဲ့သည်။

အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် ငြင်းဆိုသည့် အမျိုးသားများကို သတ်ဖြတ်ခဲ့ကြောင်း ယာဇီဒီလူမျိုးစုများမှာ ဒုက္ခသည်များအဖြစ် ပုန်းရှောင်နေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အကြမ်းဖက်မှုများကြောင့် အီရတ်တစ်နိုင်ငံတည်းတွင်ပင် ဒေသခံပေါင်း ၁ ဒသမ ၂ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

IS တပ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံတွင် ဦးစွာပေါ်ထွက်လာပြီး သမ္မတ အာဆတ်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ကာ လက်ရှိကာလတွင် အီရတ်မြောက်ပိုင်း ဒေသအများစုကိုပါက သိမ်းပိုက်ထားပြီး မိုဆိုးမြို့ကို IS မြို့တော်အဖြစ် သတ်မှတ်ထားသည်။

၎င်းတို့သည် အစွန်းရောက် ဆွန်နီအစ္စလာမ္မစ် ဝါဒကို လက်ခံသူများဖြစ်ပြီး မွတ်ဆလင် မဟုတ်သူများ၊ ရှီးယား မွတ်ဆလင်များကို မိစ္ဆာအယူ ရှိသူများဟု သတ်မှတ်ထားကာ လိုက်လံ သတ်ဖြတ်လျက် ရှိသည်။

IS စစ်သွေးကြွများကို ခုခံတိုက်ခိုက်နိုင်ရန် အီရတ်မြောက်ပိုင်းရှိ ကာ့ခ်များကို အမေရိကန်က လေကြောင်း အထောက်အပံ့ ပေးအပ်လျက် ရှိသလို ဗြိတိန်နိုင်ငံကလည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။

The Voice Weekly
အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများက ၎င်းတို့ ထိန်းချုပ်ထားသည့် အီရတ်နှင့် ဆီးရီးယား နယ်မြေများ၌ လူရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့ တွဲနေကြပြီလား

 Photo: Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့ တွဲနေကြပြီလား
Monday, August 18, 2014

ဟောလိဝုဒ်မင်းသမီးချော Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့နှစ်ယောက် ဒိတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ကတည်းက အားလုံးက အံ့အားသင့်နေကြပါတယ်။ E! News ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Jennifer Lawrance ဟာ Nicholos Hoult နဲ့ လက်တွဲဖြုတ်လိုက်ပြီး ကတည်းက ရှေ့လလောက်ကစပြီး Chris Martin နဲ့ တွဲနေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကို ဒီလို သံယောဇဉ်ကြိုး စတင်ချည်နှောင်ပေးလိုက်တဲ့ အရာကတော့ "The Hunger Games: Catching Fire" ဖြစ်ပြီး တစ်ယောက်က ဒီဇာတ်ကားအတွက် သရုပ်ဆောင်တယ်၊ ကျန်တဲ့တစ်ယောက်က ဇာတ်ဝင်တေးဆိုရင်း ငြိချင်သလိုလို ဖြစ်နေခဲ့တာပါ။

Martin ဟာ Gwyneth Paltrow နဲ့ ကွဲပြီးတဲ့နောက်ပိုင်း တစ်ယောက် တည်း ဖြစ်နေ ခဲ့ တာဖြစ်ပြီး Gwyneth Paltrow ကတော့ Glee ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Brad Falchukနဲ့ ဒိတ်လုပ်နေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကွဲပြီးတဲ့နောက်ပိုင်း သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး ကလေးနှစ်ယောက်ကိုတော့ တစ်ယောက် တစ်လှည့်စောင့်ရှောက် ကြပါတယ်။

နောက်ထပ် ထူးဆန်းတဲ့ သတင်းကတော့ Lawrance ပြတ်ဆဲထားတဲ့ Hoult ကတော့ ခုလတ်တလော Kristen Stewart နဲ့ တွေ့ဖြစ်နေပါသတဲ့။

Ref:starpulse.com
Trend Myanmar
ဟောလိဝုဒ်မင်းသမီးချော Jennifer Lawrance နဲ့ Coldplay အဆိုတော် Chris Martin တို့နှစ်ယောက် ဒိတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ကတည်းက အားလုံးက အံ့အားသင့်နေကြပါတယ်။ E! News ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Jennifer Lawrance ဟာ Nicholos Hoult နဲ့ လက်တွဲဖြုတ်လိုက်ပြီး ကတည်းက ရှေ့လလောက်ကစပြီး Chris Martin နဲ့ တွဲနေခဲ့တာပါတဲ့။ သူတို့နှစ်ယောက်ကို ဒီလို သံယော ဇဉ်ကြိုး စတင်ချည်နှောင်ပေးလိုက်တဲ့ အရာကတော့ "The Hunger Games: Catching Fire" ဖြစ်ပြီး တစ်ယောက်က ဒီဇာတ်ကားအတွက် သရုပ်ဆောင်တယ်၊ ကျန်တဲ့တစ်ယောက်က ဇာတ်ဝင်တေးဆိုရင်း ငြိချင်သလိုလို ဖြစ်နေခဲ့တာပါ။

တာမွေတွင် ၁၉၉၉ ခုနှစ်က ဆောက်လုပ်သော ခြောက်ထပ်တိုက် အမိုးပြိုကျ

Photo: တာမွေတွင် ၁၉၉၉ ခုနှစ်က ဆောက်လုပ်သော ခြောက်ထပ်တိုက် အမိုးပြိုကျ 
Monday, August 18, 2014

တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းတွင် ၁၉၉၉ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့သော ခြောက်ထပ်တိုက် ညာဘက် အပေါ်ဆုံးထပ်ရှိ လသာဆောင်အမိုးမှာ သြဂုတ်လ ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပြိုကျခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၏ ညာဘက် အပေါ်ဆုံးထပ်ရှိ အရှည် ၁၅ ပေ၊ အကျယ် လေးပေခန့် ထုထည် ၃ လက်မခန့်ရှိသော ကွန်ကရစ်တိုက် နဖူးစီး လသာဆောင် အမိုးမှာ ရုတ်တရက် ပြိုကျခဲ့ကြောင်း၊ ယင်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“အမိုးပေါ်က အမှုန်တွေ ကျလာပြီးတော့ ဝုန်းဆိုပြီး အသံကြားတော့ ငလျင်လှုပ်တာ မှတ်ပြီး တိုက်အောက်ကို ပြေးဆင်းလာတာ၊ အောက်ရောက်မှ ကိုယ့်အိမ်က အမိုးပြိုကျတာမှန်း သိတယ်” ဟု အဆိုပါ အမိုးပြိုကျသည့် တိုက်ခန်းတွင် နေထိုင်သူ ဒေါ်ခင်ခင်မြတ်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်ပေါ်တွင် လူဦးရေ ၆၆ ဦး နေထိုင်ပြီး ယင်းသို့ အမိုးပြိုကျပြီးနောက် အိမ်ထောင်စုလေးစု၊ လူဦးရေ ၃၂ ဦးမှာ ယင်းရပ်ကွက်ရှိ ပုညကာရီ ဓမ္မာရုံတွင် ခေတ္တနေထိုင်လျက် ရှိကြောင်း၊ ကျန်ရှိသူများမှာ ဆွေမျိုးနေအိမ်များထံ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ရှင်းပြသည်။

အဆိုပါ ကန်ထရိုက်တိုက်မှာ သက်တမ်းအားဖြင့် ၁၅ နှစ်ခန့်သာ ရှိပြီး ဆောက်လုပ်သော ကန်ထရိုက်ကို မသိရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) က လာရောက်စစ်ဆေးပြီး အဆိုပါတိုက်၏ ကြံ့ခိုင်မှု အခြေအနေပေါ် မူတည်ကာ နေထိုင်ရန် သင့်မသင့်ကို တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့တော် ကြည့်မြင်တိုင်မြို့နယ် ညဈေးအနီးရှိ မကျည်းတန်းတောင် အနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်အဟောင်း၏ ဝရန်တာ ပြိုကျခဲ့ရာ တိုက်အောက်တွင် ဈေးရောင်းနေသော အမျိုးသားတစ်ဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly
တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းတွင် ၁၉၉၉ ခုနှစ်ခန့်က ဆောက်လုပ် ခဲ့သော ခြောက် ထပ်တိုက် ညာဘက် အပေါ်ဆုံးထပ်ရှိ လသာဆောင်အမိုးမှာ သြဂုတ်လ ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပြိုကျခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူ များမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ရဲများထုတ်ပြန်

Photo: လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူ များမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ရဲများထုတ်ပြန်
Monday, August 18, 2014

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခို သွင်းခံ ရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အသက်သေဆုံးနေသူတစ်ဦးနှင့် အသက်ရှင်လျက် ၃၄ ဦးတို့ကို အဆိုပါ ကုန်သေတ္တာအတွင်းမှ တွေ့ရှိခဲ့ရာ ၁၃ ဦးမှာ ကလေးငယ် များဖြစ်ကြောင်း သိရသည်။

အသက်ရှင်နေသူများတွင် အသက် ၁၈ နှစ်မှ ၇၂ နှစ်အကြား အမျိုးသားကိုးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ ဖြစ်ပြီး ကလေး ၁၃ ဦးသည် အသက် တစ်နှစ်မှ ၁၂ နှစ်အရွယ်များ ဖြစ်ကြောင်း သိရသည်။ သေဆုံးသွား သူမှာ အသက်၄၀ ၀န်းကျင်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ကယ်တင်ထားသူများသည် ခန္ဓာကိုယ်အပူချိန်ကျခြင်းနှင့် ရေဓာတ် ခမ်းခြောက်ခြင်းတို့ ခံစားနေရ သောကြောင့် ဆေးရုံများသို့ ပို့ထားရပြီး အဆိုပါမြို့ရှိ ဆစ်ခ်ဘာသာဝင်များကလည်း လာရောက်ကူညီမှုများ ပြု လုပ်နေကြောင်း သိရသည်။

ရဲများက စကားပြန်များ၏ အကူအညီဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေးမြန်းစုံစမ်းရန် ပြင်ဆင်လျက်ရှိသည်။ ၎င်းတို့အား ထည့်သွင်းသယ်ဆောင်လာသည့် ကုန်သေတ္တာ သည် ဘယ်လ်ဂျီယံနိုင်ငံ ဇီဘရူဂီမြို့ သင်္ဘောဆိပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး လန်ဒန်မြို့Tibury ဆိပ်ကမ်းသို့ ရောက်ရှိပြီး ၁၂ နာရီအကြာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခိုသွင်းခံရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။