Wednesday, 13 August 2014

ရှိန်းလောင်းအတွက် ဆောက်သမ်တန်၏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ဟားလ်စီးတီးလက်ခံ

Photo: ရှိန်းလောင်းအတွက် ဆောက်သမ်တန်၏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ဟားလ်စီးတီးလက်ခံ
Wednesday, August 13, 2014

တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။

တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
 
သို့ဖြစ်ရာဟားလ်စီးတီးအသင်းအနေဖြင့်အချိန်တိုတွင်းပြန်လည်ရောင်းချခြင်းဖြစ်သော်လည်း အမြတ်အစွန်းရခဲ့သည်။ဟားလ်စီးတီးအသင်းနည်းပြ စတိဗ်ဘရုစ် သည် တိုက်စစ်မှူးနေရာကိုအစားထိုးဖြည့်တင်းရန်အတွက် လီဗာပူးလ်တိုက်စစ်မှူး ဘိုရီနီကိုစိတ်ဝင်စားနေသည်။
 
အဆိုပါအီတလီတိုက်စစ်မှူးသည် ဆန်းဒါးလန်းအသင်းသို့ ပေါင်၁၄ သန်းဖြင့်ရောက် ရှိမည်ဟု သတင်းထွက် နေသော်လည်းအခြားကစားသမားများခေါ်ယူချင်နေသေးသော ဆန်းဒါးလန်းနည်းပြ ပိုယက်စ်ကြောင့်အပြောင်းအရွှေ့ကြန့်ကြာနေရသည်။
 
ဟားလ်စီးတီးနည်းပြ စတိဗ်ဘရုစ်သည်ဘိုရီနီအပြင် ကော်နာဝစ်ဟမ်း၊ ဆာခိုနှင့် ဘန်တနာတို့ကိုလည်းခေါ်ယူရန်ချိန်ဆနေသည်။ ဆောက်သမ်တန်အသင်းသည် လိဒ်တိုက်စစ်မှူး ဘီလီရှက်ကိုပေါင် လေးသိန်းခွဲဖြင့်ခေါ်ယူရန်လည်း သဘောတူညီမှုရထားသည်။

 ဒေးလီးမေးလ်
တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမည်

Photo: ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမည်
Wednesday, August 13, 2014

နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့်ပီအက်စ်ဂျီအသင်း၏အဓိကနောက်ခံက စားသမားသီယာဂိုဆေးဗားမှာ ရက်သတ္တပတ်ပေါင်းများစွာအနားယူရတော့မည် ဖြစ်သည်။

ထိုပွဲစဉ်တွင် ဆေးဗားသည် ပွဲချိန် ၁၄ မိနစ်မှာပင်ဒဏ်ရာရရှိခဲ့ပြီးထော့နင်းထော့နင်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ၎င်း၏ဒဏ်ရာကိုဆေးကုသမြှု ပုလုပ်ခဲ့ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မည်ဟုပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်က အတည်ပြုသည်။

“ဆေးလ်ဗားရဲ့ဒဏ်ရာကို အမ်ထရာဆောင်းနဲ့ MRI ရိုက်ပြီး စစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ညာဘက်တံကောက်ကြောကြွက်သားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အပတ်ပေါင်းများစွာ အနားယူဖို့လိုအပ်ပါတယ်” ဟု ပီအက်စ်ဂျီအသင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဆေးလ်ဗားဒဏ်ရာရရှိသွားခြင်းသည် အသင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်းနည်းပြလောရင့်ဘလန့်က ပြောသည်။

“ဆေးလ်ဗားဒဏ်ရာရရှိသွားတာက ပီအက်စ်ဂျီအသင်းအတွက် ကံဆိုးမိုးမှောင်ကျတာပါပဲ။သူ့ကို အကောင်းဆုံးဂရုစိုက် ပြုစုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူ့ကို လိုအပ်လို့ပါ” ဟု ဘလန့်က ပြောသည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ် ပွဲစဉ် ၁ တွင် ရိမ်းစ်အသင်းနှင့် ၂-၂ဂိုးဖြင့် သရေကျခဲ့သည်။ လာမည့်အပတ်တွင် ဘတ်စ်တီယာအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref: goal
နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း၏ အဓိကနောက်ခံက စားသမားသီယာဂိုဆေးဗားမှာ ရက်သတ္တပတ်ပေါင်းများစွာအနားယူရတော့မည် ဖြစ်သည်။ထိုပွဲစဉ်တွင် ဆေးဗားသည် ပွဲချိန် ၁၄ မိနစ်မှာပင်ဒဏ်ရာရရှိခဲ့ပြီးထော့နင်းထော့နင်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ၎င်း၏ဒဏ်ရာ ကိုဆေးကုသမြှု ပုလုပ်ခဲ့ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မည်ဟုပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်ကအတည်ပြု သည်။

၂ဝ၅ဝ တွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်

Photo: ၂ဝ၅ဝ တွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်
Wednesday, August 13, 2014

အာဖရိက တိုက်၌ မွေးဖွားမှု နှုန်းများ မြင့်တက်လာ သောကြောင့် လာမည့် ၃၅ နှစ် အတွင်း ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြား ခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ကိုယ်ဝန်ဆောင် မိခင်များ၏ မွေးဖွားမှုနှုန်း နှစ်ဆ မြင့်တက်လာ ခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကလေးငယ်ပေါင်း နှစ်ဘီလီယံခန့် တိုးပွား လာလိမ့်မည်ဟု ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြားသည်။

"လက်ရှိ အနေအထားတွေ အရ လာမယ့် ၃၅ နှစ် အတွင်း လူ ၁ဝဝ မှာ ၂၅ ယောက်က အာဖရိက နွယ်ဖွားတွေ ဖြစ်နေ လိမ့်မယ်"ဟု ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ တွင် ထုတ်ပြန်ခဲ့သော မှတ်တမ်း များတွင် ဖော်ပြ ထားသည်။ ကမ္ဘာပေါ်ရှိ အသက် ငါးနှစ်အောက် ကလေးများ၏ ၄ဝ ရာခိုင်နှုန်း သည်လည်း အာဖရိက တိုက်မှပင် ဖြစ်လာ လိမ့်မည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြ ထားသည်။

အာဖရိက တိုက်တွင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံသည် ၂ဝ၅ဝ ပြည့်နှစ် ကမ္ဘာလုံး ဆိုင်ရာ မွေးဖွားမှု နှုန်းထား၏ ၁ဝ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ ထို့ပြင် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိ အာဖရိက တိုက်ရှိ လူဦးရေ သည်လည်း ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆ တိုးလာမည် ဖြစ်ပြီး ၂၁ဝဝ ပြည့်နှစ်တွင် လူဦးရေ ၄ ဒသမ ၁ ဘီလီယံသို့ ရောက်ရှိ လာမည် ဖြစ်သည်။

မွေးဖွားမှုနှုန်း တိုးမြင့် လာခြင်းကြောင့် လူဦးရေ သိပ်သည်းမှု သည်လည်း မြင့်တက် လာကာ နိုင်ငံတွင်း နေထိုင် နိုင်သည့် နေရာ များလည်း လျော့နည်း လာလိမ့်မည် ဖြစ်ပြီး ၂ဝ၅ဝ ပြည်နှစ်တွင် တစ် စတုရန်း ကီလိုမီတာတွင် လူ ၈ဝ ခန့် နေထိုင် ရမည် ဖြစ်သည်။ ယင်းပမာဏသည် လက်ရှိ အာရှ တိုက်ရှိ ပမာဏ များထက် များစွာ လျော့နည်းလျက် ရှိနေ သေးသည်။

၂ဝ၃ဝ ပြည့်နှစ် နှောင်းပိုင်းတွင် အာဖရိက တိုက်ရှိ လူများသည် မြို့ကြီး များတွင် နေထိုင် လိမ့်မည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြ ထားသည်။

သို့သော်လည်း ကမ္ဘာ့ကလေးများ သေဆုံးမှုတွင် တစ်ဝက်ကျော် ပါဝင်သည့် အာဖရိကရှိ ကလေးများသည် အသက်ရှင်ရေး အတွက် များစွာ ရုန်းကန် ရမည် ဖြစ်သည်။ ကလေး ၁၁ ဦး သေဆုံးမှုတွင် အသက်ငါးနှစ် မပြည့်သေးသော ကလေး တစ်ဦး အမြဲတမ်း ပါဝင်သည်။
 မဇ္ဈိမ
အာဖရိက တိုက်၌ မွေးဖွားမှု နှုန်းများ မြင့်တက်လာ သောကြောင့် လာမည့် ၃၅ နှစ် အတွင်း ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြား ခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ကိုယ်ဝန်ဆောင် မိခင်များ၏ မွေးဖွားမှုနှုန်း နှစ်ဆ မြင့်တက်လာ ခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကလေးငယ်ပေါင်း နှစ်ဘီလီယံခန့် တိုးပွား လာလိမ့်မည်ဟု ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြားသည်။

ပန်းချီ ရတနာဝင်း၏ အနုပညာများကို တောင်ကိုရီးယားနိုင်ငံ၌ ပြသရန် ဖိတ်ခေါ်

paintingpro
ပန်းချီ ရတနာဝင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Loop အဖွဲ့အစည်းက ဂွမ်ဂျူး ပြတိုက်တွင် Mirror And Monitor of Asia အမည်ဖြင့် ကျင်းပမည် ဖြစ်ခြင်းကြောင့် ၎င်း ဖန်တီးထားသည့် အနုပညာကို လာရောက် ပြသရန် ဖိတ်ကြားခြင်း ခံရသည်ဟု New Zero Art Space ပန်းချီပြခန်းက ပန်းချီ ရတနာဝင်းက ပြောသည်။ယင်းပြပွဲကို သြဂုတ်၂ဝရက်မှ ၂၃ရက် အထိ ကျင်းပမည် ဖြစ်ပြီး တောင်ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီး ဌာန က ထောက်ပံ့ ပေးခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်း မှထုတ်ပယ်ခံ ခဲ့ရသည့် နည်းပြမာတီနို အာဂျင်တီးနား လက်ရွေးစင်နည်း ပြဖြစ်လာ

wai--17
ဘာစီလိုနာအသင်းမှ ထုတ်ပယ်ခံခဲ့ရသော နည်းပြမာတီနိုသည်အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဖြစ်လာခဲ့သည်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဒုတိယရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဆာဘယ်လာသည် ဗိုလ်လုပွဲစဉ်တွင်ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။စာချုပ်သက်တမ်းကုန်ုဆုံးခဲ့ခြင်း ဖြစ်ပြီး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ကာနုတ်ထွက်သွားခြင်းဖြစ်သည်။မာတီနိုသည် ယခုအပတ်အတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီးအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်းအာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြသစ်နာမည်ကို မကြာမီ ကြေညာမည် ဖြစ်သည်။မာတီနိုသည် ၂၀၁၈ ကမ္ဘာ့ဖလားအထိ အာဂျင်တီးနားအသင်းကို တာဝန်ယူမည်ဟု Fox sports၀က်ဘ်ဆိုက်က ဖော်ပြသည်။အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မာတီနိုသည် ပြီးခဲ့သည့်ရာသီကဘာစီလိုနာအသင်းကို နည်းပြခဲ့ရာတွင် အောင်မြင်မူ မရှိရှိခဲ့သူဖြစ်သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည်ဆိုသည့်သတင်း မဟုတ်ကြောင်း ဇာဂနာ ငြင်းဆို

မြန်မာနိုင်ငံ၏ ယခင် အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည် ဆိုသည့် သတင်းသည် အမှန်မဟုတ်ကြောင်း ဇာကနာ က မဇ္ဈိမကို ပြောသည်။
" ဦးသန်းရွှေ ဇာတ်ကားကို ရိုက်မယ့်သူတွေ ရှိတယ်။ သူတို့က ကျွန်တော့ကို အီးမေးလ်ကနေ တစ်ဆင့် အကူအညီတောင်းတယ်။ ကျွန်တော့်ကို လာဆက်သွယ်တော့ ဝိုင်းကူညီပေးပါမယ်။ လိုအပ်တာရှိရင်ကိုပေါ့ ။ ဦးသန်းရွှေနဲ့ ကျွန်တော်က ဘာအဆက်အသွယ်မှလည်း မရှိဘူး။ ဦးအောင်ကြည်ကနေ တစ်ဆင့် ဦးသန်းရွှေကို အကူအညီ တောင်းပေးလိုက်တယ်" ဟု၎င်းက  ပြောသည်။
ဇာဂနာကို အမေရိကန်နိုင်ငံမှ Production Designer ဖြစ်သူMs. Straus Berg ဆိုသည့် အမျိုးသမီးမှ ဦးသန်းရွှေ အကြောင်း ရိုက်ကူးရန် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလပိုင်းက လာရောက် တွေ့ဆုံခဲ့ပြီး အီးမေလ်းမှ တဆင့် ပြောခဲ့ပြီးဖုန်းဖြင့်လည်းတစ်ဆင့် ယင်းဇာတ်ကား အကြောင်း ပြောဆိုခဲ့သည်။

မန္တလေးနှင့် ရန်ကုန်တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီပြုလုပ်မည့် လင်းလင်း

linlin
တေးရေးတေးဆို လင်းလင်းက ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီ ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။ရန်ကုန်မြို့တွင် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ (သို့) ဒီဇင်ဘာလတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး မန္တလေးမြို့တွင်မူ ပါမစ်ရရှိမှု အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပသွားမည်ဟု လင်းလင်းကဆိုသည်။
အဆိုတော်များစုပေါင်းပြီး ဖျော်ဖြေပွဲများပြုလုပ်ရခြင်းကို မနှစ်သက်ပဲ တစ်ကိုယ်တော်သီးသန့်ဖျော်ဖြေမှုမျိုးကို ပိုမိုစိတ်ဝင်စားကာ ဖျော်ဖြေချင် သည်ဟု လင်းလင်းကဆိုသည်။ "တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စုပေါင်းပြီး ဖျော်ဖြေရထက် ဖျော်ဖြေပွဲထက်ပိုကြိုက်တယ်။ အဲဒီလိုဖျော်ဖြေပွဲတွေ မှာ သီချင်းဆိုရတာ သီချင်းဆိုရတယ်လို့ ကိုမထင်တာ၊ ကိုယ်သီချင်းတွေကို ဆက်တိုက် အပုဒ်ရေ ၃ဝ၊ ၄ဝ လောက်ဆက်တိုက်ဆိုပြီး ပရိသတ် ကိုဖျော် ဖြေချင်တာ။" ဟု ၎င်းကပြောသည်။

အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူ သီဆိုခဲ့သော်လည်း ထိုက်သင့်သည့် ပေးဆပ်မှုများ ရှိခဲ့သည်ဟု ဖြူဖြူကျော်သိန်း

Photo: အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူ သီဆိုခဲ့သော်လည်း ထိုက်သင့်သည့် ပေးဆပ်မှုများ ရှိခဲ့သည်ဟု ဖြူဖြူကျော်သိန်း
Wednesday, August 13, 2014
မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေ သည့်အပြင် ခိုးကူးခွေ နှိမ်နှင်းရေး အဖွဲ့တွင် လည်း ပါဝင်ဆောင်ရွက် လျက်ရှိသည့် အဆိုတော် ဖြူဖြူကျော်သိန်းက ၎င်းသီဆိုသည့် အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူသီဆို ခဲ့သော်လည်း အဆိုရှင်သည် ပေးဆပ်ခဲ့သည့် အချိန်များ၊ ကြိုးစားအားထုတ်မှုများနှင့် ထိုက်သင့်သည့် ငွေကြေး ကုန်ကျမှုများလည်း ရှိခဲ့သည်ဟု မဇ္စျိမကိုပြောသည်။
"အစ်မ အနေနဲ့က အခုလို ခိုးကူးတွေကို နှိမ်နှင်းခြင်း လိုက်လုပ်နေတာ ကိုယ့်အတွက်ထက် ဂီတလောကသား အားလုံး အတွက် လုပ်တာပါ။ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ၊ ဝေဖန်မှုတွေ အများကြီး ခံစားရပါတယ်။ "ဟု၎င်းကပြောသည်။
မန္တလေးတိုင်း ခိုးကူးခွေ အမှုတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနိုင်ရရှိ ခဲ့သည့်အပေါ်တွင် မီဒီယာ စာမျက်နှာများ၌ ဆွေးနွေးပြောဆိုမှု အများဆုံး ဖြစ်ခဲ့ရာ ယင်းဆွေးနွေးချက် များတွင် ပါဝင်သည့် ပြောကြားချက်များပေါ် တချို့သော သူများက ၎င်းသီဆိုခဲ့သည့် အင်္ဂလိပ် သီချင်းများသည် ပြန်လည် ကူးယူသီဆိုခြင်း ဖြစ်သည်ဟု ဝေဖန်ခံရခြင်းဖြစ်သည်။
"ဆင်းရဲ မွဲတေမှု အောက်မှာ ၃ဝရာခိုင်နှုန်း ရှိနေလို့ ခိုးကူးခွေ အားပေးတာ။ သူအနေနဲ့ ဘာမှမပြောလိုပေမယ့် ဆင်းရဲမွဲတေမှု မျဉ်းရဲ့ အပေါ်မှာရှိတဲ့ ၆ဝရာခိုင်နှုန်းက ခိုးကူးခွေ အားပေးနေမှုက ဥာဏ်အားဆိုင်ရာ ပညာရေး စနစ်နည်းခဲ့လို့ဖြစ်တယ်"ဟု ဂျာနယ် တစ်ခုတွင်ဖြေ လိုက်ခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာများထက်တွင် ၎င်းအနေဖြင့် အင်္ဂလိပ် သီချင်းများကို ပြန်လည်ကူးယူ သီဆို ခဲ့ခြင်းများကို ပြစ်တင် ဝေဖန် ရှုံချရေးသား ကြခြင်းဖြစ်သည်။
အဆိုတော် ဖြူဖြူကျော်သိန်းသည် " Memoir of Diva ၊ ချစ်သူအမုန်းကျိန်စာနှင့် မိန်းကလေး တစ်ယောက် အသည်းကွဲနေသည်"စသည့် တစ်ကိုယ်တော် အယ်ဘမ် ငါးခွေထွက် ရှိထားပြီး လာမည့် ဒီဇင်ဘာ ၁ရက်တွင် ၎င်း၏တစ်ကိုယ်တော်ရှိုးပွဲကို Lazy Club တီးဝိုင်း အဖွဲ့သားများနှင့် ကမ်းနားလမ်းရှိ Strand ဟိုတယ်၌် ကျင်းပမည်ဖြစ်သည်။
Mizzimaမြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေ သည့်အပြင် ခိုးကူးခွေ နှိမ်နှင်းရေး အဖွဲ့တွင် လည်း ပါဝင်ဆောင်ရွက် လျက်ရှိသည့် အဆိုတော် ဖြူဖြူကျော်သိန်းက ၎င်းသီဆိုသည့် အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူသီဆို ခဲ့သော်လည်း အဆိုရှင်သည် ပေးဆပ်ခဲ့သည့် အချိန်များ၊ ကြိုးစားအားထုတ်မှုများနှင့် ထိုက်သင့်သည့် ငွေကြေး ကုန်ကျမှုများလည်း ရှိခဲ့သည်ဟုမဇ္စျိမကိုပြောသည်။"အစ်မ အနေနဲ့က အခုလို ခိုးကူးတွေကို နှိမ်နှင်းခြင်း လိုက်လုပ်နေတာ ကိုယ့်အတွက်ထက် ဂီတလောကသား အားလုံး အတွက် လုပ်တာပါ။ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ၊ ဝေဖန်မှုတွေ အများကြီး ခံစားရပါတယ်။ "ဟု၎င်းကပြောသည်။

ကရင်နီပြည်နယ်တ၀ှမ်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်

Photo: ကရင်နီပြည်နယ်တ၀ှမ်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်
Wednesday, August 13, 2014

ကရင်နီပြည်နယ်တစ်ဝှမ်း ကျေးရွာပေါင်းစုံ လူထုစည်းဝေးပွဲ တခုကို ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO)မှ ဦးစီး၍ လွိုင်ကော်မြို့ရှိ မော့ဒူဒီးဘိုး ခန်းမမှာ သြဂုတ်လ ၈ ရက်နေ့က ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားခဲ့ပြီး လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုဖို့ ရှိနေပါတယ်။
ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ - ၂၀၁၃)

ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ – ၂၀၁၃)
လူထုအစည်းအဝေးသို့ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်၊ မယ်စဲမြို့နယ်နဲ့ ရှားတောမြို့နယ်ရှိ ကျေးရွာပေါင်း ၉၀ မှ ပြည်သူလူထု စုစုပေါင်း ၄၈၈ ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

လူထုအစည်းအဝေးအတွင်း ကရင်နီလူထုအတွက် အရေးပါတဲ့ ကျေးလက်နေ ပြည်သူလူထုများအပေါ် သက်ရောက်မှုရှိသော မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ရန် လူမှုအဖွဲ့ အစည်းများရဲ့ စည်းရုံးလှုံ့ဆော်မှု အခန်းကဏ္ဍ၊ Genderနဲ့ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍ၊ ရေ၊ မီး၊ လမ်း၊ တံတား အခြေခံအဆောက်အအုံများနဲ့ဆိုင်သော အကြောင်းအရာများ၊ ကျေးရွာရှိ လူထုများရဲ့ ပညာရေး၊ ကလေးသူငယ်များအတွက် ပညာရေးရဲ့ အရေးပါပုံနဲ့ မိဘများနဲ့ လူမှုအသိုင်းအ၀ိုင်းများရဲ့ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခြေခံလိုအပ်ချက်ဖြစ်သော အဆောက်အအုံများ၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ လူမှုအသင်းအဖွဲ့များရဲ့ ကဏ္ဍ၊ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုများ၊ တိုင်းရင်းသားလူမျိုးစုတို့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ကရင်နီပြည်နယ် ဆင်းရဲမွဲတေမှု လျော့ကျရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစတဲ့ တောင်းဆိုချက်များတွေကို ကရင်နီ အမျိုးသမီး အစည်းအရုံး (ကေအန်ဒဗလျူအို) မှ တာဝန်ယူ ဦးဆောင်ပြီး အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အန်ဂျီအို၊ စီဘီအို၊ အိုင်အယ်လ်ဂျီအို၊ ယူအန် အဖွဲ့အစည်းများ၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးပါတီများထံသို့ ပေးပို့သွားမယ်လို့ ကေအန်အိုဒဗလျူက ဆိုပါတယ်။

DVB TV News

ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ – ၂၀၁၃)
ကရင်နီပြည်နယ်တစ်ဝှမ်း ကျေးရွာပေါင်းစုံ လူထုစည်းဝေးပွဲ တခုကို ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO)မှ ဦးစီး၍ လွိုင်ကော်မြို့ရှိ မော့ဒူဒီးဘိုး ခန်းမမှာ သြဂုတ်လ ၈ ရက်နေ့က ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားခဲ့ပြီး လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုဖို့ ရှိနေပါတယ်။

လှိုင်သာယာတွင် လမ်းမဖယ်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က အမျိုးသားတစ်ဦးကို ရိုက်သတ်

လှိုင်သာယာမြို့နယ် ရှမ်းချောင်း ကျေးရွာတွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီခန့်က စက်ရုံကြိုပို့ယာဉ် မောင်းနှင်လာစဉ် လမ်းမဖယ်ပေးသဖြင့်ဟုဆိုကာ အသက် ၃၃ နှစ်အရွယ် အမျိုးသားကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ရိုက်နှက်၍ သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

အီရတ်နိုင်ငံကို အမေရိကန်စစ်သား ၁၃၀ ဦး ထပ်မံ စေလွှတ်

Photo: အီရတ်နိုင်ငံကို အမေရိကန်စစ်သား ၁၃၀ ဦး ထပ်မံ စေလွှတ်
Wednesday, August 13, 2014

အမေရိကန်အစိုးရက အီရတ်နိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၁၃၀ စေလွှတ်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ အမာခံစစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ အီရတ်နိုင်ငံကို ကူညီဖို့ပါလို့ ဆိုပါတယ်။
ကာလီဖိုးနီးယားပြည်နယ် ပဲန်ဒယ်လ်တန်စခန်းက တပ်သားတွေကို မိန့်ခွန်းပြောရာမှာ ကာကွယ်ရေးဝန်ကြီးက အီရတ်ရဲ့ ကာဒစ်စတန်ပြည်နယ်မြို့တော် အာရ်ဘီလ်ကို စစ်သည်တွေ ရောက်သွားပြီး အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ကူညီသွားမယ်လို့ ဆိုပါတယ်။

အရင်က အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေ ထိန်းချုပ်ထားတဲ့ စင်ဂျာတောင်မှာ ပိတ်မိနေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သားတွေကို အမေရိကန်က လေကြောင်းကနေ စားနပ်ရိက္ခာတွေ ချပေး ကူညီခဲ့တာပါ။

ခုတော့ အဲဒီထက်ပိုပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အီရတ်မြောက်ပိုင်းကို လွှတ်လိုက်တဲ့ အမေရိကန်စစ်သည်တွေက လုပ်ဆောင်မယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတယောက်က ပြောပါတယ်။

သြဂုတ် ၁၂ ရက်နေ့မှာဘဲ အီရတ်ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီရဲ့ အိမ်နားက စစ်ဆေးရေးစခန်းကို အသေခံ ဗုံးခွဲသမားတယောက်က တိုက်ခိုက်ခဲ့တယ်လို့ ရဲဘက်သတင်းရင်းမြစ် ၂ ယောက်နဲ့ ဒေသခံမီဒီယာတို့က ပြောပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ သတင်းမသိရသေးပေမယ့် အဆောက်အဦကတော့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

အီရတ်နိုင်ငံဟာ ၂၀၀၆ – ၂၀၀၇ တုန်းက ထိပ်ဆုံးရောက်ခဲ့တဲ့ လူမျိုးရေး ပြည်တွင်းစစ်အပြီး တည်းက တခါမှ မမြင်ဖူးသေးတဲ့ သွေးချောင်းစီးမှု အဆင့်ထဲမှာ ကျရောက်နေတယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။

ဒီဗွီဘီ
အမေရိကန်အစိုးရက အီရတ်နိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၁၃၀ စေလွှတ်ပြီးပြီလို့ ကာကွယ်ရေး ၀န်ကြီး ချပ်ဟေဂယ်လ်က ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အကြို ဟောပြောမည်

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အကြိုနှင့် ၁၉၆၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော မြန်မာ့ “အ” သုံးလုံး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု နှစ် (၅၀) ပြည့် ရွှေရတု အကြို အထိမ်းအမှတ် ပညာရှင်များနှင့် တက်ရောက်လာသူ များ၏ ဟောပြောဆွေးနွေး ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၆ ရက် စနေနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းရှိ တော်ဝင်နှင်းဆီ သီရိခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြားလာ

Photo: ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြားလာ
Wednesday, August 13, 2014

ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်လ ၁၀ ရက်က စတင်ဆယ်ယူနေပြီး ပြည်သူအများ စိတ်ဝင်စားမှုများနေသလို ခေါင်းလောင်းရှာဖွေမှု
လုပ်ဆောင်နေတဲ့ ရန်ကုန်မြစ်အနီး သာကေတမြို့နယ် ရှုခင်းသာတစ်ဝိုက်မှာလည်း လာရောက်ကြည့်ရှုသူ ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။ ၁၆ ရာစုအကုန် ၁၇ ရာစုအစောပိုင်းက ရန်ကုန်မြစ်ကြမ်းပြင်မှာ နှစ်မြှုပ်သွားတယ်လို့ ယူဆထားတဲ့ တန်ချိန် ၂၀၀ ကျော်ရှိ ဓမ္မစေတီ ခေါင်းလောင်းကြီးကို သောင်တူးစက်များအသုံးပြုပြီး ရေငုပ်သမား ၁၀ ယောက်နဲ့အတူ ဦးစံလင်းက ဦးဆောင်ကာ မြန်မာ့နည်း၊မြန်မာ့ဟန်နဲ့ ဆယ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာတော့ ဒီတစ်ကြိမ် ဆယ်ယူမှုမှာ အများပြည်သူ စိတ်ဝင်စားမှုများလာပြီး လက်ရှိဆယ်ယူနေမှု လုပ်နေတဲ့ ရန်ကုန်မြစ်အနီးမှာ လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပါတယ်။ ခေါင်းလောင်းဆယ်ယူဖို့ သတ်မှတ်ထားတဲ့မြစ်ကြောင်း အနီးတစ်ဝိုက်အထိ လာရောက်ကြည့်ရှုသူတွေ များပြားသလို အချို့ကတော့ ခေါင်းလောင်းရှာဖွေနေတဲ့ နေရာအထိ စက်လှေနဲ့ သွားရောက်လေ့လာ ကြည့်ရှုသူတွေလည်း ရှိကြပါတယ်။

ခေါင်းလောင်းကြီးကို မွန်ဘုရင် ဓမ္မစေတီမင်းက ၁၅ ရာစုအတွင်းက သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံဘုရားမှာ လှူဒါန်းထားခဲ့ကာ ၁၆ ရာစုအလွန်မှာတော့ ပေါ်တူဂီနိုင်ငံသား ဒီဗရစ်တို(ခေါ်)ငဇင်ကာက ဖောင်သင်္ဘောနဲ့ ယူဆောင်သွားရာမှာ ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းလောင်းကြီး ဆယ်ယူမှုကိုတော့ သြဂုတ်လ ၁၀ ရက်က စတင်ခဲ့တာဖြစ်ပြီး ၂ ပတ်တာကာလအတွင်း ရရှိနိုင်မယ်လို့လည်း ဆယ်ယူရေးအတွက် ဦးဆောင်ဆောင်ရွက်သူ ဦးစံလင်းက မီဒီယာတွေကို ပြောဆိုထားပါတယ်။

MRTV-4
ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်လ ၁၀ ရက်က စတင်ဆယ်ယူနေပြီး ပြည်သူအများ စိတ်ဝင်စားမှု များနေသလို ခေါင်းလောင်းရှာဖွေမှု လုပ်ဆောင်နေတဲ့ ရန်ကုန်မြစ်အနီး သာကေတမြို့နယ် ရှုခင်းသာ တစ်ဝိုက်မှာလည်း လာရောက်ကြည့်ရှုသူ ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။ ၁၆ ရာစုအကုန် ၁၇ ရာစုအစောပိုင်းက ရန်ကုန်မြစ်ကြမ်းပြင်မှာ နှစ်မြှုပ်သွားတယ်လို့ ယူဆထားတဲ့ တန်ချိန် ၂၀၀ ကျော်ရှိ ဓမ္မစေတီ ခေါင်းလောင်းကြီးကို သောင်တူးစက်များအသုံးပြုပြီး ရေငုပ်သမား ၁၀ ယောက်နဲ့အတူ ဦးစံလင်း က ဦးဆောင်ကာ မြန်မာ့နည်း၊မြန်မာ့ဟန်နဲ့ ဆယ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အကျဉ်းသားတွေ လွတ်မြောက်နေဆဲဖြစ်သည့် ဟေတီထောင်ဖောက်မှု

Photo: အကျဉ်းသားတွေ လွတ်မြောက်နေဆဲဖြစ်သည့် ဟေတီထောင်ဖောက်မှု
Wednesday, August 13, 2014

ဟေတီနိုင်ငံမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထွက်ပြေးမှုဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။ ဟေတီနိုင်ငံရဲ့ မြို့တော်
အနီးက အကျဉ်းထောင်မှာ တနင်္ဂနွေနေ့က ထောင်ဖောက်ထွက်ပြေး မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားအမြောက်အမြား လွတ်မြောက်နေပါတယ်။

ဟေတီရဲအရာရှိတွေက တော့ ထောင်ထဲမှာ ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေက ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဟေတီရဲဌာန ပြောရေးဆိုခွင့်ရှိသူ ကယ်ရီဒတ်ရိုဆာကတော့ ဖြစ်ပွား ခဲ့တဲ့ အကျဉ်းထောင်ဖောက်မှုဟာ ပုံမှန်မ ဟုတ်တဲ့ ထောင်ဖောက်မှုဖြစ်ပြီး ရာဂဏန်းလောက်ရှိတဲ့ အကျဉ်းသားတွေဟာ တိုက်ခိုက်မှု တစ်စုတစ်ရာမရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူ (၁၃) ယောက်ကို ပြန်လည်ဖမ်းမိထားပြီး ဖြစ်ပေမယ့်လည်း ဘယ်နှစ်ယောက်တောင် ထွက်ပြေးလွတ်မြောက်နေတယ်ဆိုတာကိုတော့ အတိအကျပြောဖို့ မသိနိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။ ထွက်ပြေးသူတွေထဲမှာ အရှိန်အ၀ါရှိတဲ့ စီးပွားရေး သမားတစ်ဦးပါဝင်နေပြီး သူ့ကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ဒေါ်လာ (လေးသောင်း) ဆုငွေ ထုတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ကနေဒါနိုင်ငံက ထောက်ပံ့ငွေနဲ့ (၂၀၁၂) ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အကျဉ်းသား (၈၉၇) ယောက်ကို ထိန်း သိမ်းထားတာဖြစ်ပါတယ်။

MRTV-4
ဟေတီနိုင်ငံမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထွက်ပြေးမှုဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။ ဟေတီနိုင်ငံရဲ့ မြို့တော်အနီးက အကျဉ်းထောင်မှာ တနင်္ဂနွေနေ့က ထောင်ဖောက် ထွက်ပြေး မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားအမြောက်အမြား လွတ်မြောက်နေပါတယ်။

တောင်အာဖရိက ဒုသမ္မတ သတ္တုတွင်းသပိတ် သတ်ဖြတ်မှု ဖြစ်စဉ်အတွက် စစ်ဆေးမှုခံယူ

တောင်အာဖရိက ဒုတိယသမ္မတ စီရီလ်ရာမာဖိုဆာသည် နိုင်ငံတွင်းမှ မာရီကန်နာမြို့တွင် ရဲက သပိတ်မှောက် သတ္တုတွင်း လုပ်သား (၃၄)ဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားရုံးတွင် စစ်မေးမှုများကို ထွက်ဆိုခဲ့ကြောင်း သိရသည်။

ရွှေတြိဂံဒေသတွင် ဒေါ်လာ ၇သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းမိ

Photo: ရွှေတြိဂံဒေသတွင် ဒေါ်လာ ၇သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းမိ
Wednesday, August 13, 2014

နယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသရှိ တောအတွင်း မြှုပ်ထားသော အမေရိကန်ဒေါ်လာ  ၇ဒမသ ၃ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရွှေတြိဂံဒေရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း တောတစ်ခုအတွင်း စစ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဟီးရိုးအင်းအတုံးများ၊ ဘိန်းစိမ်းများနှင့် မက်သာဖက် မင်းအပြား နှစ်သန်းခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်းကလည်း ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ရွှေတြိဂံဒေသ တာချီလိတ်မြို့ တွင် ကားတစ်စီးအတွင်း ၀ှက်ထားသော အမေရိကန်ဒေါ်လာ ၂ဒသမ၃ သန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သည်။

ကမ္ဘာ့ဈေးကွက်အတွင်းရှိ ဘိန်းဖြူ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည့် မြန်မာနိုင်ငံသည် အာဖဂန်စ္စတန် နိုင်ငံပြီးနောက် ဘိန်းဖြူအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုနှိမ်နှင်းရေးရုံးက ထုတ်ပြန်ထားသည်။

ဘိန်းဖြူ ၁ဒသမ ၃ တန်၊ ဟီးရိုးအင်း ပေါင် ၂၂၅ ပေါင်နှင့် မက်သာဖက်သမင်းဆေးပြား ၁ ဒသမ ၂ တန် စုစုပေါင်း ဒေါ်လာ သန်း ၁၃၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများကို ဇွန်လအတွင်းက မြန်မာနိုင်ငံတွင် မီးရှို့ဖျက်စီးခဲ့သည်။

Ref:AFP
Mizzima - News in Burmese
နယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသရှိ တောအတွင်း မြှုပ်ထားသော အမေရိကန်ဒေါ်လာ  ၇ဒမသ ၃ သန်း တန်ဖိုး ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တယ်လီနောက ဒေါ်လာ ၂၀ ထက်မပိုသည့် ဟန်းဆက်များ ရောင်းချမည်

Photo: တယ်လီနောက ဒေါ်လာ ၂၀ ထက်မပိုသည့် ဟန်းဆက်များ ရောင်းချမည်
Wednesday, August 13, 2014

တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။

တယ်လီနော ဆင်းကတ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာ ဖြစ်ပြီး နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တယ်လီနောရဲ့ စီအီးအိုက ပြောပါတယ်။

Telenorလူတိုင်းကို အင်တာနက်ဝန်ဆောင်မှု ပေးချင်တာကြောင့် ၂ ဂျီ ရော၊ ၃ ဂျီ နက်စ်ဝေါ့ရောကို ဖြန့်ချိရတာ ဖြစ်ပြီး တယ်လီနောဟန်းဆက်တွေကို ဒေါ်လာ ၂၀ ထက် မပိုတဲ့ ဟန်းဆက်တွေကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။

ဆင်းကတ်အားလုံးကိုလည်း Touch Screen ဖုန်းတွေအပြင် Feature ဖုန်းတွေမှာပါ အင်တာနက် အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာကြောင့် တန်ဖိုးကြီး ဟန်းဆက်များ ရှိဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။

ဆင်းကတ်အားလုံးကို ၁၅၀၀ ထက် ပိုပေးပြီး မ၀ယ်ကြဖို့နဲ့ ပိုပြီးရောင်းချသူတွေ ရှိနေရင်လည်း တယ်လီနောရုံးကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အော်ရီဒူးဖုန်း မှောင်ခိုဈေးကွက်ကို မန္တလေးက အော်ရီဒူးရုံးခန်း ရှေ့မှာ ၁၅၀၀ ထက်ပိုတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကို တွေ့နေရတာကြောင့် တယ်လီနောလည်း မှောင်ခိုဈေးကွက် ရှိလာနိုင်မလားဆိုတာကိုတော့ စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အာရှလူဦးရေ ၁.၁ ဘီလီယံ ရှိတဲ့ထဲက ၁၄၅ သန်းကို တယ်လီနောက ၀န်ဆောင်မှု ပေးနေတာ ဖြစ်ပြီး လက်ရှိမှာ တယ်လီနောက ၀န်ဆောင်မှုပေးနေတဲ့ ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဈေးကွက်ဟာ သက်တမ်းအနုဆုံး ဖြစ်ပါတယ်။

တယ်လီနော(မြန်မာ)ကို မြန်မာနိုင်ငံတနိုင်ငံလုံးအတွက် Telecommunication လိုင်စင် ပေးအပ်ကြောင်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး မြန်မာအစိုးရနဲ့ လိုင်စင်သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ
တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။

အဆင့်မြင့်ကြက်ခြံများ ဆောက်လုပ်ရန် မွေးရေကျေးလက် ၀န်ကြီးဌာန ကျပ်သိန်း ၅၀၀၀ ထုတ်ချေးမည်

ရန်ကုန်တိုင်းအတွင်း ရောဂါကင်းရှင်းသည့် အဆင့်မြင့် ကြက်ခြံ ၂၆ ခြံကို အကောင်အ ထည်ဖော်နိုင် ရန်   မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျပ်ငွေ သိန်း ၅၀၀၀ ထုတ်ချေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းမွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ သ တင်းရရှိသည်။

မျက်နှာဖုံးစွပ် လူသတ်မှု၏ တရားခံပြေးအဖြစ် ကြေညာထားသူကို ၂ နှစ်ကျော်အကြာတွင် ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှုမှ တရားခံပြေး အဖြစ် ကြေညာ ထားသူ အသက် ၃၀ ခန့် အမျိုးသားကို ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှ ကျေးရွာတစ်ခုတွင် ဇူလိုင်လ ကုန်ပိုင်းက ဖမ်းမိခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း

Photo: မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း
Wednesday, August 13, 2014

ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည်သွားသဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သည့် တရားလို ဒေါ်သက်သက်မာသည် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပြည်သူများ လှူဒါန်းခဲ့သည့် ငွေများကို ဦးမြင့်ဝင်းမောင်က သိမ်းဆည်းထားသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယင်းသို့ သိမ်းဆည်းထားသည့် လှူဒါန်းငွေများထဲမှ ငွေကျပ် ၂၁၇ သိန်းကျော်ကို လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်၊ ဘဏ္ဍာရေးမှူး ဒေါ်မေမျိုးစုနှင့် ဦးမြင့်ဝင်းမောင်တို့က ငွေစာရင်းများ မမှန်မကန် ဖော်ပြပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးရဲထွဋ်ခေါင်နှင့် ဦးမြင့်ဝင်းမောင်တို့ကို မဇ္ဈိမက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

ဆန္ဒပြပွဲတွင် ပြည်သူများ၏လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ထားသည့် ဦးရဲထွဋ်ခေါင်ပါ သုံးဦးကို အရေးယူပေးပါရန် ဒေါ်သက်သက်မာ၏ တရားလိုပြုတိုင်တန်းချက်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ်လ ၁၁ ရက်က အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထားသူများကို စုံစမ်းလျက် ရှိသည်။

Mizzima - News in Burmese
ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည် သွား သဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။