Monday, 11 August 2014

NCCT အဖွဲ့ အချို့မှ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေခြင်း

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် KIA တပ်ရင်း(၆)၊ လက်အောက်ခံ၊ တိုက်နယ်မှူး ဦးဘရန်တောင်-၏ လက်အောက်ငယ်သားဖြစ်သူ KIA- မဟဟ ခေါ် အဖွဲ့(၃)ဦးသည် လုံခင်းကျေးရွာတွင်းရှိ တယ်လီဖုန်းဆိုင်များတွင် အဓမ္မဆက်ကြေးအဖြစ် ဟင်းဆက်များ ယူသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယင်း KIA မဟဟ ခေါ် အဖွဲ့ (၃)ဦးသည် လုံခင်းကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး၊ ကျေးရွာပြည်သူလူထုထံမှ အဓမ္မဆက်ကြေးအဖြစ် လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက်ပြီး တယ်လီဖုန်းဆိုင်များတွင် တစ်သိန်းခွဲတန် HUAWEI တစ်လုံး၊ သုံးသိန်းကျော်တန် SAMSUNG တစ်လုံး၊ ခြောက်သိန်းတန် IPHONE တစ်လုံး စသည်တို့ကို ဆိုင်းတွင်းသို့ဝင်ရောက် ယူဆောင်သွားကြောင်းနှင့် ဆင်းကဒ် တစ်ခုကိုလည်း ဖားကန့် KIA တိုက်နယ်မှူး၏ ယောက်ဖဆိုသူ ဦးယော်ထုန်-မှ အဓမ္မယူဆောင်သွားကြောင်း သိရှိရသည်။

လျှိုမြောင်ကြားမှာသိုဝှက်ထားတဲ့ ကျပ်သိန်းပေါင်း ၆ သောင်းခွဲခန့်ရှိ မူးယစ်ဆေးဝါးတွေ ဖော်ထုတ်ဖမ်းဆီး


Photo: လျှိုမြောင်ကြားမှာသိုဝှက်ထားတဲ့ ကျပ်သိန်းပေါင်း ၆ သောင်းခွဲခန့်ရှိ မူးယစ်ဆေးဝါးတွေ ဖော်ထုတ်ဖမ်းဆီး
Monday, August 11, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်ဆတ်ခရိုင် မယ်ကြုတ် (၂) ကျေးရွာအနီးက လျှိုမြောင်တောင်ကြောတွေကြားမှာ မြေမြှုပ် သိုဝှက် ထားတဲ့ ကျပ်သိန်းပေါင်း (၆၄၁၇၇) ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အခုလ ၁၀ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖော်ထုတ်ဖမ်းဆီးရမိတဲ့ အထဲမှာ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၄၈၁၀ ကျော်ဖိုးရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၆၇၂၀၀၀)ပြား၊ ကျပ်သိန်း (၁၁၂၀) တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၂၀ (အလေးချိန် ၇ ကီလို)၊ ကျပ်သိန်းပေါင်း (၁၀၅၀၀) တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားအမှုန့် (၄၂) ကီလို၊ ကျပ်သိန်းပေါင်း (၁၀၅၀၀) တန်ဖိုးရှိ ပန်းရောင် စိတ်ကြွဆေးပြားအမှုန့် (၄၂) ကီလို၊ ကျပ် သိန်းပေါင်း (၂၆.၆၂၅) တန်ဖိုးရှိ ကဖင်း (၂) အိတ် (အလေးချိန် ၃၅.၅) ကီလို၊ ကျပ်သိန်းပေါင်း (၁၈၀) တန်ဖိုးရှိ ဘိန်းစိမ်း (၁၈) ကီလို၊ ကျပ်သိန်းပေါင်း (၅၀) တန်ဖိုးရှိ ကော်မှုန့် (၁၀၀) ကီလို၊ ကျပ် (၆၆၀၀၀) တန်ဖိုးရှိ အနံ့ဆေးရည် (၁၁) လီတာ၊ အမွှေးရည် (၃) ပုလင်းနဲ့ ချစ်ကြည်ရေး တံဆိပ်တုံးမျိုးစုံ (၉) ခုတို့နဲ့ အတူ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုတဲ့ ပစ္စည်းတချို့ကိုဖမ်းဆီးရမိကြောင်းထုတ်ပြန်ထားပါတယ်။
The Irrawaddy (Burmese Version) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်ဆတ်ခရိုင် မယ်ကြုတ် (၂) ကျေးရွာအနီးက လျှိုမြောင်တောင်ကြောတွေကြားမှာ မြေမြှုပ် သိုဝှက် ထားတဲ့ ကျပ်သိန်းပေါင်း (၆၄၁၇၇) ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အခုလ ၁၀ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒိုးနက်စ်ခ်ရှိ သူပုန်အခြေစိုက်စခန်းကို ယူကရိန်းစစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

Photo: ဒိုးနက်စ်ခ်ရှိ သူပုန်အခြေစိုက်စခန်းကို ယူကရိန်းစစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်
Monday, August 11, 2014

ယူကရိန်း စစ်တပ်သည် ဒိုးနက်စ်ခ်မြို့ရှိ သူပုန်တပ်ဖွဲ့များ၏ အဓိက အခြေစိုက် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ယူကရိန်း အရှေ့ပိုင်း ဒေသတွင် စစ်ရေးအရ အတန်ငယ် အသာစီး ရရှိလာသည့် ယူကရိန်းတပ်များသည် ရုရှားက ကျောထောက်နောက်ခံ ပြုထားသည့် သူပုန်များအပေါ် ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ ယူကရိန်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒိုးနက်စ်ခ်တွင် အဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သော်လည်း အသေအပျောက် အရေအတွက် သတင်းပေးပို့မှု နည်းပါးကြောင်း သိရသည်။
စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်များသည် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားနေပြီဟု ပြောကြားခဲ့သည်။ စစ်ဖြစ်နေသည့် ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည့် အစီအစဉ်ကို ခွင့်ပြုရန်မူ ယူကရိန်း အစိုးရက အင်တင်တင် ရှိနေဆဲ ဖြစ်သည်။
ဧပြီလကတည်းက ယူကရိန်း အရှေ့ပိုင်းတွင် သူပုန်တပ်များနှင့် စစ်တပ်တို့ကြား တိုက်ခိုက်မှုများ စတင်လာခဲ့ရာ အနည်းဆုံး လူ(၁၅၀၀)ကျော်မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူပုန်တပ်များက နိုင်ငံအရှေ့ပိုင်း ဒေသများကို ထိန်းချုပ်ပြီး ယူကရိန်းမှ ခွဲထွက်ကြောင်း ကြေညာခဲ့ကြသည်။
ရုရှားသည် အဆိုပါ ဒေသသို့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည်ဟု လေသံလွှင့်ထားသည်။ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုကမူ ယင်းကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းက တာဝန်ယူပြီး လက်နက်ကိုင် မဟုတ်သည့် အဖွဲ့အစည်းများကို စေလွှတ်မှသာ လက်ခံမည်ဟု ပြောကြားထားသည်။
ဒိုးနက်စ်ခ် ဒေသခံများ အနေဖြင့်မူ အကျပ်အတည်းကြားတွင် ရုန်းကန်နေရပြီး ဗုံးခိုကျင်းများထဲတွင် ခိုအောင်းနေရကြောင်း သိရသည်။ “တကယ့်ကို စစ်ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ မြို့ထဲမှာ သွားနေဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လုံး မြေအောက်ခန်းထဲမှာပဲ အိပ်ခဲ့ရပါတယ်”ဟု အသက်(၄၈)နှစ်ရှိ ရှေ့နေ အိုင်နာ ဒရိုဘိင်ရှက်ဗ်စကာယာက ဆိုသည်။
AP သတင်းဌာနက ဩဂုတ်(၁၀)ရက်မှ စတင်ကာ ယူကရိန်းတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုသည် ပိုမို အရှိန်မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “ရန်သူတွေရဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာ တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့တယ်။ ရန်သူတပ်သားတွေ သေကြတယ်။ အဲဒီ အကြမ်းဖက်သမားတွေဟာ အခုဆိုရင် အရမ်းတုန်လှုပ် ခြောက်ခြားနေကြပါပြီ”ဟု AP သို့ ပြောကြားခဲ့သည်။ ဒိုးနက်စ်ခ်တွင် တိုက်ပွဲများ မဖြစ်မီက လူဦးရေ (၁)သန်းကျော် နေထိုင်သော်လည်း ယခုအခါ လူ(၃)သိန်းမျှ နေရပ်ကို စွန့်ခွာသွားပြီ ဖြစ်သည်။
သူပုန်တပ်များ၏ အဓိက ခြေကုပ်ယူထားရာ အခြားမြို့ တစ်မြို့ဖြစ်သည့် လူဟန့်စ်ခ်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ သီတင်း(၁)ပတ်ကျော်မျှ ရှိလာပြီး သူပုန်တပ်များအတွက် ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရကြောင်း သိရှိရသည်။
_Ref: BBC
 ယူကရိန်း စစ်တပ်သည် ဒိုးနက်စ်ခ်မြို့ရှိ သူပုန်တပ်ဖွဲ့များ၏ အဓိက အခြေစိုက် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ယူကရိန်း အရှေ့ပိုင်း ဒေသတွင် စစ်ရေးအရ အတန်ငယ် အသာစီး ရရှိလာသည့် ယူကရိန်းတပ်များသည် ရုရှားက ကျောထောက်နောက်ခံ ပြုထားသည့် သူပုန်များအပေါ် ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ ယူကရိန်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒိုးနက်စ်ခ်တွင် အဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သော်လည်း အသေအပျောက် အရေအတွက် သတင်းပေးပို့မှု နည်းပါးကြောင်း သိရသည်။စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်များသည် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားနေပြီဟု ပြောကြားခဲ့သည်။ စစ်ဖြစ်နေသည့် ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည့် အစီအစဉ်ကို ခွင့်ပြုရန်မူ ယူကရိန်း အစိုးရက အင်တင်တင် ရှိနေဆဲ ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် စူပါမွန်း ဖြစ်စဉ် အန္တရာယ်ကင်းရေး ပရိတ်များရွတ်

စူပါမွန်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုကာ နေပြည်တော်ကောင်စီ နယ်မြေအပါအ၀င် ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ သြဂုတ် ၁၀ ရက် မတိုင်မီ သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား နာယူ ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားစာ ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားကို အစိုးရ ဘယ်ပေတံနဲ့တိုင်းလဲ

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေကို လွှတ်ပေးလိုက်ရင် ဥပဒေပြု မဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်မယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဋ္ဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအမှုတွေကို ဖြေလျော့ပေးထားပေမယ့် ရာဇဝတ်မှုနဲ့ အကျဉ်းထောင်အတွင်းမှာ ကျန်ရှိနေတဲ့ သူတွေကိုတော့ နိုင်ငံရေး အကျဉ်းသားလို့ အစိုးရက သတ်မှတ်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဦးအောင်သိန်းဟာ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
အကျဉ်းကျနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ နိုင်ငံရေး ပြစ်မှုတွေကို ဖြေလျော့ပေးထားပေမယ့် အခြားရာဇဝတ်မှုတွေ ရှိနေတဲ့အတွက် မလွှတ်ပေးတာလို့ ဦးအောင်သိန်းက ဆိုပါတယ်။
“သူတို့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပေးလိုက်ရင် ကျူးလွန်ခံရတဲ့ သူတွေအတွက် မမျှတဘူးပေါ့။ နိုင်ငံရေးသမားတွေ ရာဇဝတ်မှု ကျူးလွန်းရင် အပြစ်လျော့ပေါ့ရမှာလား။ ဥပဒေပြုမဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ

Photo: အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ
Monday, August 11, 2014

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ ကျော်စိုး(၄၁)နှစ်မောင်းနှင်လာသည့် 4E/xxxx High Class ကင်လုံ အ၀ါရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ယာဉ်မှာရှေ့ဘန်ဘာ ၀ဲဘက်ခြမ်းပိန်ချိုင့်၊ ၀ဲဘက်ရှေ့ဘီးပြုတ်၊ တိုက်ရော့ကျိုး၊ တန်ဘိုးငွေကျပ်(၈)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ကျော်စိုးအား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ ကျော်စိုး(၄၁)နှစ်မောင်းနှင်လာသည့် 4E/xxxx High Class ကင်လုံ အ၀ါရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

ကျားပေါက်နှင့် Y-Talk ပူးပေါင်း၍ မူပိုင်ခွင့် ကုမ္ပဏီ တည်ထောင်ပြီ


Photo: ကျားပေါက်နှင့် Y-Talk ပူးပေါင်း၍ မူပိုင်ခွင့် ကုမ္ပဏီ တည်ထောင်ပြီ
Monday, August 11, 2014

တေးသံရှင် ကျားပေါက်နှင့် Y-Talk တို့ ပူးပေါင်းပြီး အနုပညာရှင် တို့ ရဲ့ ရပိုင်ခွင့်များ အတွက် မူပိုင်ခွင့် ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုကို တည် ထောင် လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။ Digi right လို့ အမည်ပေး  ထားတဲ့ ကျားပေါက် တို့ရဲ့ ဝန်ဆောင် မှု ကုမ္ပဏီ ကတော့ ဂီတ အနုပညာရှင် များရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာကွယ်ပေးခြင်း၊ ဂီတပညာရှင် များ ရဲ့ မူပိုင်ခွင့်များကို ထိန်းသိမ်း ကာ ကွယ်ပေးခြင်း၊ ဂီတပညာရှင် များဝင် ငွေ တိုးပွားရေးနှင့် အပိုဝင်ငွေများ ရရှိရန် ကြိုး စားပေးခြင်း၊ ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ် များအား ဂီတပညာရှင် များဘက်မှနေ၍ ရပ် တည်ဆောင်ရွက်ပေးခြင်း၊ ဂီတပညာ ရှင်များ၏ အနုပညာ ဖန်တီးမှု များ အား မြန်မာပြည်တွင် မက တစ်ကမ္ဘာ လုံးသို့ ဖြန့်ဖြူး ရောင်းချ ကြော်ငြာ ပေးခြင်း၊ အနုပညာရှင် များ၏ ရသင့် ရထိုက်သော အနုပညာ ဖန်တီးမှု အခကြေးငွေ များအား အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဆောင် ရွက်ပေးခြင်း များကို အဓိက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျားပေါက်နှင့် Y-Talk  တို့ ပူးပေါင်း ပြုလုပ်မည့် Digi right ကုမ္ပဏီ အကြောင်းနှင့် ပတ်သက်၍ အနုပညာ အသိုင်း အဝိုင်း မှ မိတ်ဆွေ များအား အသိပေး ရှင်း လင်းခြင်း ကို တော့ သြဂုတ်လ ၃ရက် မွန်းလွဲ ၁ နာရီ က ကန်တော်ကြီးရှိ ကရဝိက် နန်းတော်တွင် ကျင်းပပြုလုပ် ခဲ့သည်။ သီချင်းများကို ဝယ်ယူနိုင်ခြင်း နည်း လမ်း များနှင့် ပတ်သက်ရာ ကိုလည်း Y-talk  မှ ကိုပြည့်မောင်က “website  က တစ်ဆင့်၊ Mobile App က တစ်ဆင့်၊ ပြီးတော့ သီချင်းကို code နဲ့ download လုပ်လို့ ရတာ ရှိမယ်။ ပြီး တော့ gift card လို သီချင်း download card လေးတွေ ဖြန့် မယ်။ သီချင်း တင်ရောင်းတဲ့ နေရာ တိုင်းမှာ ကျွန်တော် တို့နဲ့ လက်တွဲထား တဲ့ Artist တွေ ရဲ့ မူပိုင်ခွင့်တွေကို ကာကွယ် ပေးသွားမယ်” ဟု ပြောသည်။ ကျားပေါက် နှင့်  Y-talk  တို့၏ Digi right ကုမ္ပဏီ၏ လုပ်ငန်းစဉ် များကို မကြာမီ စတင် မည် ဖြစ်ပြီး ကုမ္ပဏီ နှင့် ပထမဆုံး လက်တွဲ သည့် Artist ၁ဝဦးအား ဝန်ဆောင်ခ ၁၂ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း သိရ သည်။
“ဒီကိစ္စ အတွက် အိုင်ဒီယာ ရှိတာက ကြာပြီ။ ဂီတ အစည်းအရုံးမှာ ဝင်ပြီး အရွေး ခံတယ် ဆိုတာလည်း ဒီမူပိုင်ခွင့် ကိစ္စလေးတွေ လုပ်ချင်လို့ပါ။ ဒါပေမဲ့ တခြား တာဝန် ယူရ မယ့် ကိစ္စတွေကလည်း တအား များတော့ ဒီတစ်ခု တည်းကို Focus လုပ်လို့ မရဘူး။ ပြီးတော့ ဒီလို ကိစ္စတွေ ကျတော့ ဗဟိုကချုပ် ကိုင်တဲ့ စနစ်နဲ့ သိပ် မကိုက် ဘူးဗျ။ တစ်သီး ပုဂ္ဂလဖြစ်မှပဲ ပိုအဆင်ပြေမယ် လို့ ယုံကြည်တယ်။ အဲ့ဒီ အတွက်လည်း ဒါကိုလုပ် ဖြစ်ခဲ့တာပါ။ အိုင်ဒီ ယာကရှိတာ ကြာပေမယ့် သီချင်း ကိုရောင်းလို့ ရ မယ့် ဝယ်လို့ ရမယ့် Platform လိုတယ်။ အခု Y-talk  နဲ့ ချိတ်မိတော့ အဆင်ပြေ သွားတာပေါ့။ ဒီမှာက သီချင်းတွေ အပြင် band တစ် band ရဲ့ ပုံ Theme ကိုပါ download အနေ နဲ့ဝယ်လို့ရတယ်။ ဒါက သီချင်းတွေ ကို ဖုန်းတွေက တစ်ဆင့် ဝယ်တာ၊ website ကဝယ်တာ စသဖြင့် လုပ်လို့ ရတယ်။ သီချင်း တင် ရောင်း လို့ရ တဲ့ နေရာ မှန်သမျှမှာ ကျွန်တော်တို့ ရှိမယ်။ အဆိုတော်တွေ အနေနဲ့ သူတို့ရဲ့ မူပိုင်ခွင့်တွေ အတွက် ကျွန်တော် တို့နဲ့ ချိတ်ဆက် တဲ့အခါ ကျွန်တော် တို့က သူတို့ သီ ချင်းတွေ အတွက် မူပိုင်ခွင့်ကို အကာအကွယ် ပေးမယ်” ဟု digi right ကုမ္ပဏီမှ တေးသံရှင် ကျားပေါက်ကပြောသည်။
Popular Journal

တေးသံရှင် ကျားပေါက်နှင့် Y-Talk တို့ ပူးပေါင်းပြီး အနုပညာရှင် တို့ ရဲ့ ရပိုင်ခွင့်များ အတွက် မူပိုင်ခွင့် ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုကို တည် ထောင် လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။ Digi right လို့ အမည်ပေး ထားတဲ့ ကျားပေါက် တို့ရဲ့ ဝန်ဆောင် မှု ကုမ္ပဏီ ကတော့ ဂီတ အနုပညာရှင် များရဲ့ မူပိုင်ခွင့် များကို ထိန်းသိမ်း ကာကွယ်ပေးခြင်း၊ ဂီတပညာရှင် များ ရဲ့ မူပိုင်ခွင့်များကို ထိန်းသိမ်း ကာ ကွယ်ပေးခြင်း၊ ဂီတပညာရှင် များဝင် ငွေ တိုးပွားရေးနှင့် အပိုဝင်ငွေများ ရရှိရန် ကြိုး စားပေးခြင်း၊ ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ် များအား ဂီတပညာရှင် များဘက်မှနေ၍ ရပ် တည်ဆောင်ရွက်ပေးခြင်း၊ ဂီတပညာ ရှင်များ၏ အနုပညာ ဖန်တီးမှု များ အား မြန်မာပြည်တွင် မက တစ်ကမ္ဘာ လုံးသို့ ဖြန့်ဖြူး ရောင်းချ ကြော်ငြာ ပေးခြင်း၊ အနုပညာရှင် များ၏ ရသင့် ရထိုက်သော အနုပညာ ဖန်တီးမှု အခကြေးငွေ များအား အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ဆောင် ရွက်ပေးခြင်း များကို အဓိက ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကွန်ပျူတာနှင့်မျက်စိ


Photo: ကွန်ပျူတာနှင့်မျက်စိ
Monday, August 11, 2014

အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။
မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။
မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။
မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။
ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။
ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။
ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။
အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။
သူတို့က ဘာပြောတတ်သလဲဆိုရင် ‘ မျက်မှန်တပ်ချင်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။
ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။
မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။
ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)

Today Myanmar အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။

ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် စူပါမွန်း ဖြစ်စဉ် အန္တရာယ်ကင်းရေး ပရိတ်များရွတ်

စူပါမွန်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုကာ နေပြည်တော်ကောင်စီ နယ်မြေအပါအ၀င် ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ သြဂုတ် ၁၀ ရက် မတိုင်မီ သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရား နာယူ ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားစာ ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က သြဂုတ် ၅ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် မရောက်မီ သင့်လျော် သည့် ရက်ရာဇာနေ့ကို ရွေးချယ် ကာ သံဃာတော် ၉ ပါး(သို့) ၁၀၅ ပါး ပင့်ဖိတ်၍ တစ်ရက်(သို့) နှစ်ရက် ပရိတ်ရွတ်ခြင်း၊ ဆွမ်းဆပ် ကပ်ခြင်းများ ပြုလုပ်ရမည်ဟု ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းညွှန်ကြားချက်ကြောင့် ရေဘေးရင်ဆိုင်နေရသည့် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကရင်ပြည်နယ်အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးဌာနအားလုံး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခဲ့ကြောင်း သတင်းရရှိသည်။

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ

ငွေကြေး အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ရမည်းသင်း အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း သိရသည်။ ၀န်ကြီးဟောင်း ဦးဆန်းဆင့်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက နှလုံးရောဂါခံစားနေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ပိုင်း ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက် အာမခံရရှိရေး ကြိုးစားနေကြောင်း ၀န်ကြီး ဟောင်း ဦးဆန်းဆင့်၏ အစ်ကိုရင်းဖြစ်သူ ဦးဆန်းမြင့်က ဧရာဝတီကို ပြောသည်။ “လူသာမာန်တွေမှာ တမိနစ်ကို နှလုံးခုန်နှုန်း ၇၀ ကနေ ၈၀ အထိ ရှိတယ်။ သူ့ရဲ့ဆေးစာတွေအရ သူ့မှာက (ဦးဆန်းဆင့်) ၅၆ ပဲ ရှိတယ်။ နှလုံးခုန်နှုန်း မမှန်ဘူး၊ ကျ နေတယ်။ အချိန်မရွေး နှလုံးတိုက်ခိုက်မှု ဖြစ်သွားနိုင်တယ်။ ထောင်ထဲမှာ ထောင်ဆရာဝန် ရှိပေ မယ့် နှလုံးအထူးကုနဲ့မှ ဖြစ်မှာ။ အဲဒါကြောင့် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ အာမခံ လျှောက်ခဲ့ပေမယ့် မရဘူး။ မန္တလေးတိုင်း တရား လွှတ်တော်မှာ ရမလားဆိုပြီး အာမခံ လျှောက်သွားမှာပါ”ဟု ဦးဆန်းမြင့်က ဆိုသည်။

ပြည်တွင်း၌ မိုဘိုင်းနည်း ပညာထုတ်ကုန်များပေါ်မှ သတင်း ဖတ်ရှုမှုနှုန်း ပိုမိုမြင့်တက်နေ


ပြည်တွင်း၌ ဒေသတွင်း သတင်းများနှင့် နိုင်ငံတကာ သတင်းများကို နေ့စဉ်ထုတ် သတင်းစာများထက် မိုဘိုင်းအင်တာနက် ပေါ်မှ ဖတ်ရှုနှုန်းက ပိုမိုမြင့်တက် နေကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူများ ထံမှ စုံစမ်း သိရသည်။
ယခု နောက်ပိုင်းတွင် ပြည်တွင်း၊ပြည်ပတွင်ဖြစ်ပေါ်နေသော နေ့စဉ်သတင်းများကို အွန်လိုင်း ပေါ်၌ ဖတ်ရှုသူဦးရေမှာ ယခင်နှစ် များကထက် ပိုမို မြင့်တက်လာနေခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်း ဖတ်ရှုနှုန်းသည် နေ့စဉ်သတင်းစာ၊ အပတ်စဉ် ဂျာနယ်များ ထုတ်ဝေရသည့် စောင်ရေထက်ပင် အဆပေါင်းများစွာ ပိုမိုနေသည်ဟု ရန်ကုန် အခြေစိုက် သတင်းစာတိုက် အချို့မှ အယ်ဒီတာ အချို့က သုံးသပ် ပြောကြားသည်။ဗြိတိန်နိုင်ငံအခြေစိုက် သုတေသတနနှင့် စစ်တမ်းကောက်ယူ သည့် အဖွဲ့အစည်း တစ်ခုဖြစ်သော On Device Research ၏ ယခုနှစ် ဇွန်လက ထုတ်ပြန်ချက်တွင် မြန် မာ နိုင်ငံတွင် အင်တာနက်ပေါ်မှ သတင်း ဖတ်ရှုသည့် ဦးရေက ထိပ်ဆုံး၌ ရပ်တည်နေပြီး ရုပ်မြင်သံကြား သတင်းကြည့်ရှုသူနှုန်းသည် ဒုတိယနေရာတွင်ရပ်တည်ကာ၊ နေ့စဉ်သတင်း စာဖတ်ရှုသူ အရေအတွက် တတိယ အများဆုံးဟု ဖော်ပြထားသည်။ On Device Research ၏ စစ်တမ်းတွင် အင်တာနက်ပေါ်မှ သတင်းဖတ်ရှုနှုန်း မှာ ၇၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။

စည်းကမ်းမလိုက်နာသည့်အတွက် နှင်ထုတ်ခြင်းအပေါ် အိမ်ရှင်ကိုအပြစ်မတင် သင့်ဟု ဦးရဲထွဋ်ဆို

 Photo: စည်းကမ်းမလိုက်နာသည့်အတွက် နှင်ထုတ်ခြင်းအပေါ် အိမ်ရှင်ကိုအပြစ်မတင် သင့်ဟု ဦးရဲထွဋ်ဆို
Monday, August 11, 2014

မြန်မာနိုင်ငံ၌ ပညာဒါန လာရောက်ပြုလုပ်သည့် ဦးမောင် မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်များအနေနှင့် စည်း ကမ်းမလိုက်နာသည့်အတွက် နိုင်ငံမှ နှင် ထုတ်ခြင်းအတွက် အိမ်ရှင်ကို အပြစ်မတင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ''ဦးမောင်မောင်ဝမ်းကို ပြန် မလာနဲ့လို့ မပြောပါဘူး။ အမြဲ တံခါးဖွင့် ထားပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေက စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ စည်း ကမ်းမလိုက်နာလို့ မောင်းထုတ်တော့မှ အိမ် ရှင်ကို အပြစ်မတင်သင့်ပါဘူး'' ဟု သြဂုတ် ၈ ရက်က မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြု လုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံ၌ အလည်အပတ် လာရောက်သော မြန်မာနိုင်ငံသားဖြစ်နေ ခြင်းကြောင့် မဟုတ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သော်လည်း ဗီဇာစည်းမျဉ်း မလိုက်နာ ပါက နှင်ထုတ်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် ပတ် သက်၍ ဦးမောင်မောင်ဝမ်းအား ဆက်သွယ် မေးမြန်းခဲ့ရာ ''ဗီဇာသက်တမ်း 
ကုန်နေလို့ နိုင်ငံကနေ ပြည်နှင်ဒဏ်ပေးတယ်ဆိုတာ ထမင်းရည်ပူလျှာလွှဲ စကားသာ ဖြစ်တယ်။ ဗီဇာသက်တမ်း လေးရက် ကျော်သွားတာမှန် တယ်။ ဒီလိုကျော်သူမှန်သမျှကို ဘယ်သူ့ကို မှ နှင်ထုတ်တယ်ဆိုတာ မရှိဘူး။ အင်အား သုံး ပြန်လွှတ်တာမရှိဘူး''ဟု တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၌ ပညာဒါနပေး နေသော ဦးမောင်မောင်ဝမ်းကို ဗီဇာသက် တမ်း ကျော်လွန်နေသည်ဟုဆိုကာ သြဂုတ် ၄ ရက်က ရေနံချောင်းတွင် အင်္ဂလိပ်စာ သင် ကြားပို့ချသည့် သင်တန်းကို ဆက်လက်မ သင်ကြားရန် လဝကဦးစီးဌာနမှ အရာရှိ တစ်ဦးက ညွှန်ကြားခဲ့ကြောင်း ဦးမောင် မောင်ဝမ်းက ၄င်း၏လူမှုကွန်ရက်တွင် ရေး သားဖော်ပြခဲ့သည်။
ဦးမောင်မောင်ဝမ်းက ''အိုဗာ စတေးဖြစ်သူတိုင်း တိုင်းပြည်က နှင်ထုတ် သလားဆိုတာ မေးခွန်းထုတ်စရာပါ။ အိုဗာ စတေးဖြစ်ရင် တစ်ရက်သုံးဒေါ်လာ၊ ရက် ၂ဝ ထက်ကျော်ရင် တစ်ရက်ငါးဒေါ်လာနဲ့ နေနိုင်တယ်ဆိုတာ အားလုံးအသိပါ''ဟု သူ ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထား သည်။
ထို့အပြင် ရေနံချောင်းတွင် ဒုတိ ယရက် စာသင်ကြားအပြီးည၌ လဝကနှင့် ရဲများက မော်တော်ကားနှင့် တောက်လျှောက် ခေါ်ဆောင်ကာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိ တာဝန်ယူလုပ်ဆောင် ခဲ့ကြောင်း ဦးမောင်မောင်ဝမ်း၏ ရေးသား ဖော်ပြထားချက်အရ သိရသည်။
ဦးမောင်မောင်ဝမ်းသည် အမေ ရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်သလို ယင်း နိုင်ငံသား ခံယူထားသူလည်းဖြစ်ကာ မြန်မာ နိုင်ငံသို့ ပညာဒါန သင်တန်းပေးရန် ပြန်လာ ခဲ့သူဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့်လည်း အင်္ဂ လိပ်စာ ပို့ချပေးနေသူလည်း ဖြစ်သည်။
Yangon Media Group
မြန်မာနိုင်ငံ၌ ပညာဒါန လာရောက်ပြုလုပ်သည့် ဦးမောင် မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်များအနေနှင့် စည်း ကမ်းမလိုက်နာသည့်အတွက် နိုင်ငံမှ နှင် ထုတ်ခြင်းအတွက် အိမ်ရှင်ကို အပြစ်မတင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ''ဦးမောင်မောင်ဝမ်းကို ပြန် မလာနဲ့လို့ မပြောပါဘူး။ အမြဲ တံခါးဖွင့် ထားပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေက စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ စည်း ကမ်းမလိုက်နာလို့ မောင်းထုတ်တော့မှ အိမ် ရှင်ကို အပြစ်မတင်သင့်ပါဘူး'' ဟု သြဂုတ် ၈ ရက်က မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြု လုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပညာရေးခြစားမှုက ကလေးတွေကို သက်ရောက်တော့ ပိုပြီး အထိနာစေတယ်


Photo: ပညာရေးခြစားမှုက ကလေးတွေကို သက်ရောက်တော့ ပိုပြီး အထိနာစေတယ်
Monday, August 11, 2014

ဒေါက်တာရင်ရင်နွယ်က ''အခြေခံပညာရေး ကို ကြည့်မယ်ဆိုရင် ကလေးတွေကို ကျောင်းသွားဖို့ မိဘတွေက မလွှတ် နိုင်ဘူး။ ကလေးတွေအတွက် အချိန်သီးသန့်မပေးနိုင် ဘူး။ နိုင်ငံတော်က အခမဲ့ပညာရေးတွေ ရှိပေမယ့် ကလေးတွေက အလုပ်လုပ်နေရတာတွေရှိတယ်။ ကျူ ရှင်တွေနဲ့ပတ်သက်ပြီး ခြစားမှုတွေကရှိတော့ ပညာ အရည်အသွေးကလဲယိုယွင်းနေပြီ။ ပညာရေးခြစားမှု က ကလေးတွေကို သက်ရောက်တော့ ပိုပြီးအထိနာ စေတယ်'' ဟု ပြောသည်။
ကျေးလက်ဒေသများတွင် စာသင်ကျောင်း များ မရှိခြင်း၊ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာများ ရှိမနေခြင်း၊ တချို့နေရာများတွင် မူလတန်းကျောင်း ရှိသော်လည်း အလယ်တန်းဆက်တက်ရန် ခက်ခဲနေ ခြင်းတို့နှင့် အခြေအနေအမျိုးမျိုးကြောင့် ကျောင်း ထွက်နှုန်းများနေခြင်းတို့ ရှိနေကြောင်းလည်း သိရ သည်။
ကျောင်းများတွင် ဆရာ၊ဆရာမများက စာ ကို ကောင်းစွာသင်ကြားမှုမရှိဘဲ ကိုယ့်ကျောင်းသား ကို ကျူရှင်ပြန်သင်နေခြင်းတို့ရှိနေကြောင်း၊ ငွေကြေး တတ်နိုင်သော ကလေးများသာ ကျူရှင်တက်နိုင်သည့် အတွက် တခြားကလေးများ ခွဲခြားဆက်ဆံခံရခြင်းနှင့် စာမေးပွဲတွင်လည်း ငွေကြေးတတ်နိုင်သည့်ကလေးများ ကို အခွင့်အရေးပိုပေးခြင်းများရှိနေသည်ဟု သိရသည်။
''ခက်တာက ဆင်းရဲတဲ့နိုင်ငံအများစုမှာ ကျောင်းအဆောက်အအုံကိုပဲ ဦးစားပေးပြီး ဆရာ၊ ဆရာမကို ဦးစားပေးမှု မရှိတာပဲ။ အဓိကက ဆရာ၊ ဆရာမကိုပဲ များများမွေးထုတ်ပေးရမယ်။ Ph.D တို့၊ Master တို့ဆိုတာတွေ မလိုပါဘူး'' ဟု ဒေါက်တာရင် ရင်နွယ်က ပြောသည်။
အခြေခံပညာရေး တိုးတက်နိုင်ရေးအတွက် ကျောင်းများ ထပ်မံဆောက်လုပ်ရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများကို စနစ်တကျ သင်တန်းပေးရမည်ဖြစ် ကြောင်း ပြောသည်။
ဒေါက်တာရင်ရင်နွယ်က ''စာမေးပွဲစနစ်ကို လဲ ပြင်ရမယ်။ စာမေးပွဲစနစ်က ခြစားမှုကို အားပေး နေတယ်။ မိဘကိုယ်တိုင်က ကျူရှင်ကို တောင်းဆိုနေ တယ်။ အလွတ်ကျက်လို့မရတဲ့ စနစ်မျိုးဖြစ်ရမယ်။ နောက်ပြီး တက္ကသိုလ်မှာတော့ Course တွေလျှော့ချ လို့မဖြစ်ဘူး'' ဟု ပြောသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကို အပြည့်အဝ အသိအမှတ်ပြုပေးနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများကို လျှော့ချပေး သွားရမည်ဟု ဆိုသည်။
Yangon Media Group 
 ဒေါက်တာရင်ရင်နွယ်က ''အခြေခံပညာရေး ကို ကြည့်မယ်ဆိုရင် ကလေးတွေကို ကျောင်းသွားဖို့ မိဘတွေက မလွှတ် နိုင်ဘူး။ ကလေးတွေအတွက် အချိန်သီးသန့်မပေးနိုင် ဘူး။ နိုင်ငံတော်က အခမဲ့ပညာရေးတွေ ရှိပေမယ့် ကလေးတွေက အလုပ်လုပ်နေရတာတွေရှိတယ်။ ကျူ ရှင်တွေနဲ့ပတ်သက်ပြီး ခြစားမှုတွေကရှိတော့ ပညာ အရည်အသွေးကလဲယိုယွင်းနေပြီ။ ပညာရေးခြစားမှု က ကလေးတွေကို သက်ရောက်တော့ ပိုပြီးအထိနာ စေတယ်'' ဟု ပြောသည်။
ကျေးလက်ဒေသများတွင် စာသင်ကျောင်း များ မရှိခြင်း၊ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာများ ရှိမနေခြင်း၊ တချို့နေရာများတွင် မူလတန်းကျောင်း ရှိသော်လည်း အလယ်တန်းဆက်တက်ရန် ခက်ခဲနေ ခြင်းတို့နှင့် အခြေအနေအမျိုးမျိုးကြောင့် ကျောင်း ထွက်နှုန်းများနေခြင်းတို့ ရှိနေကြောင်းလည်း သိရ သည်။


မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းငွေထုတ်ဆောင်ရွက်နိုင်သည့် Mobile Banking စနစ်ကို အသုံးပြုနေသူမှာ တစ်သောင်းခွဲခန့်ရှိနေပြီဖြစ်ကြောင်း CB ဘဏ်မှ သတင်းရရှိသည်။Mobile Banking ဝန်ဆောင်မှုကို စတင်ဝန်ဆောင်မှုပေးသည့် ဇူလိုင်လမှစတင်၍ လုပ်ကိုင်ခြင်းဖြစ်ရာ တစ်လအတွင်းအသုံးပြုသူ တစ်သောင်းခွဲရှိနေပြီဖြစ်ကြောင်း CB ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ငြိမ်းက ပြောသည်။
‘‘တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တစ်သောင်းခွဲဆိုတာတော်တော်ကို နည်းနေပါသေးတယ်’’ဟု ဦးကျော်ငြိမ်းက ပြောသည်။
ယင်းစနစ်မှာ ငွေလွှဲသူများ အနေဖြင့် ဘဏ်သို့သွားစရာမလိုဘဲ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပြီး CB ဘဏ်၏ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်ပြုလုပ်နိုင်သည့်စနစ်ဖြစ်သည်။

မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်း မြေယာလျော်ကြေးပြဿနာပြေလည်မှုမရသေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Royal Hi Tech ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီတစ် ခုတို့ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံ ကိန်းအတွက် ဒေသခံတောင်သူ အချို့နှင့် မြေယာလျော်ကြေး ပြဿနာပြေလည်မှုမရှိသေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။
မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ မြင်းခြံ ခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ အနီးရှိ မြေဧကတစ်သောင်းကျော် ပေါ်တွင် အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် စီမံကိန်းအတွင်းပါဝင်သော မြေ ယာများအနက် ၈၀ ရာခိုင်နှုန်း ကျော်ကို မြေယာလျော်ကြေးငွေ များပေးအပ်ပြီးဖြစ်ပြီး ဒေသခံ တောင်သူ ၂၀၀ ခန့်နှင့် မြေယာ လျော်ကြေးပြဿနာပြေလည်မှု မရသေးဘဲ ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံတောင်သူများထံ မှ သတင်းရရှိသည်။

မန်းတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ပြန်ရုပ်သိမ်း


မန္တလေးတွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား ယနေ့ သြဂုတ် ၁၁ ရက်တွင် အပြီး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးလူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မူများကြောင့် ဇူလိုင်လ(၃)ရက်နေ့မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့အကြမ်းဖက်မူများကြောင့် ဇူလိုင်(၃)ရက်တွင် မန္တလေးမြို့ပေါ်(၆)မြို့နယ်နှင့် ဇူလိုင်(၄)ရက်တွင် မန္တလေးခရိုင်တစ်ခုလုံးအား ည(၉)နာရီမှ နံနက်(၅)နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။မန္တလေးမြို့ အခြေနေ ပြန်လည်တည်ငြိမ်လာမှုပေါ် မူတည်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်များလျော့ချပေးခဲ့ပြီး ဇူလိုင်(၂၁)ရက်နေ့တွင် ည ၉ နာရီမှ နံနက် ၃ နာရီသို့၎င်း၊ ဇူလိုင်(၂၈)ရက်နေ့မှတွင် ည ၁၀ နာရီနှင့် နံနက် ၃ နာရီသို့၎င်း ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တွင် အပြီးရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။

ဒဂုံနှင့် တွံတေးတွင် အိမ်ခြံမြေအရောင်းအ၀ယ် ကောင်းနေ

 ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်သည် စီမံကိန်းဖော် ဆောင်ဖွယ်ရှိသော ဒဂုံနှင့် တွံ တေးမြို့နယ်တို့တွင် အရောင်း အ၀ယ်ကောင်းနေကြောင်း ပြည် တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။
‘‘ဈေးကွက် တစ်ခုလုံးက တော့ အရောင်းအ၀ယ်ရော၊ အ ငှားရော အကုန်အေးနေတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိတွင် အိမ်ခြံမြေဈေး သည် အမြင့်ဆုံးသို့ ရောက်ရှိနေ သဖြင့် အရောင်းအ၀ယ်ပြုလုပ် ရန် ခက်ခဲခြင်း၊ အခွန်စံနှုန်းသတ် မှတ်မှုကြောင့် ရောင်းဝယ်သူများ လက်တွန့်လာခြင်း၊ စက်မှုဇုန်များ တွင်လည်း လုပ်ငန်းမလုပ်ဘဲ မြေ ၀ယ်ထားမှုများကို ဒုသမ္မတ ဦး ဆောင်သော အဖွဲ့က ပြန်သိမ်း၍ မူရင်းတန်ဖိုးအတိုင်းပြန်ပေးမည်ဆိုသည့် သတင်းများကြောင့် အရောင်းအ၀ယ် အေးနေကြောင်း အိမ် ခြံမြေ အကျိုးဆောင်များက ပြော သည်။ ‘‘ပါမစ်မြေကွက်တွေက တော့ အရောင်းအ၀ယ်ရှိနေတယ်’’ ဟု အောင်ဆန်းအားကစားကွင်း ဘေးရှိ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦး က ပြောသည်။

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ လျှောက်လွှာတစ်သိန်းကျော်ပြီဟုဆို

လှိုင်သာယာမြို့နယ် ရွှေ လင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံ ကိန်းမှ အခန်းများ ၀ယ်ယူရန် လာရောက် လျှောက်ထားသူ တစ် သိန်းကျော်ရှိကြောင်း သတင်းရရှိ သည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ရောင်းချ သည့် ဗိုလ်ဗထူးနှင့် ဗိုလ်မင်း ရောင်အိမ်ရာစီမံကိန်းပြီးနောက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ ရောင်းချသည့် အဆိုပါရွှေလင် ပန်းအိမ်ရာစီမံကိန်းမှာ လျှောက် ထားသူ အများဆုံး ဖြစ်လာနိုင် သည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် လျှောက်ထားသူ သောင်းဂဏန်းသာရှိသော်လည်း ယခုရွှေလင်ပန်းအိမ်ရာစီမံကိန်းမှာ လျှောက်ထားသူ တစ်သိန်းကျော်နေပြီဖြစ်သောကြောင့်၁၀ ဆကျော်လျှောက်ထားမှု မြင့်တက်လာခြင်းဖြစ်သည်။ ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် လျှောက်ထားသူ များပြားနေခြင်းမှာ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်ထက် အခန်းတန်ဖိုး နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအိမ်ရာစီမံကိန်းများ မဲဖောက်ပေးရန် စီစဉ်နေသူ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ ယခုလာရောက်လျှောက် ထားသည့် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းတွင် ပြင်ပက လက်လုပ်လက်စားများထက် အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားအရာရှိများက အများဆုံးဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေဟုအမေရိကန် နိုင်ငံခြားရေး ၀န်ကြီးပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေဟုအမေရိကန် နိုင်ငံခြားရေး ၀န်ကြီးပြောကြား
Monday, August 11, 2014

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ အနာဂတ်အတွက် စိန်ခေါ်မှုဖြစ် ပြီး မြန်မာ့နိုင်ငံရေးအချိုးအကွေ့ ကို အဆုံးအဖြတ်ပေးမည်ဖြစ်ခြင်း ကြောင့် အမေရိကန်အပါအ၀င် အားလုံးက စောင့်ကြည့်နေပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာ သည့် ရွေးကောက်ပွဲဖြစ်ရန်လို အပ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လိုအပ် ချက်များကို အမေရိကန်အစိုးရက ဖိအားပေး အရေးယူခြင်းဖြင့် အပြစ်ပေးမည် မဟုတ်ကြောင်း နှင့် ပြုပြင်ပြောင်းလဲမှုများတွင် အချိန်ယူရသည်ကို အမေရိကန် အစိုးရအနေဖြင့် နားလည် ကြောင်း ၎င်းကပြောကြားသည်။

သို့သော် မြန်မာနိုင်ငံနှင့် ဆက်ဆံမှုတွင် မျက်ကန်းယုံကြည် မှုမျိုးဖြင့် မဟုတ်ဘဲ လိုအပ်ချက် များကို အတူလက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက 7 Day သတင်းစာ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

‘‘အမေရိကန်ပြည်ထောင်စု မှာတောင် ပြုပြင်ပြောင်းလဲရေး တွေလုပ်ဖို့ အချိန်ယူခဲ့ရပါတယ်။ မြန်မာမှာ ဖြစ်နေတဲ့စိန်ခေါ်မှုတွေ ဖြစ်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး၊ လူမျိုး ရေး၊ ဘာသာရေးဆိုင်ရာပြဿနာ တွေမှာ စိန်ခေါ်မှုတွေရှိနေတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒါမလုပ်လို့ ဒါတော့မလုပ်ပေးဘူး ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးက ပြဿ နာကို မဖြေရှင်းနိုင်ပါဘူး။ နိုင်ငံ တိုင်းမှာ သူ့သမိုင်းကြောင်းတွေ ရှိကြပါတယ်။ ဒါကြောင့် အမေရိ ကန်အနေနဲ့ မြန်မာကို လက်တွဲ ကူညီသွားမှာဖြစ်တယ်’’ဟု ၎င်း ကပြောကြားသည်။

မြန်မာတွင် လက်ရှိ ရခိုင် ပြဿနာမှာ ပြုပြင်ပြောင်းလဲရေး ကိုခြိမ်းခြောက်နေပြီး မြန်မာအစိုး ရလုပ်ရန်ကျန်ရှိသည့် ရခိုင်ပြဿ နာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေရေးရာပြဿနာ စိန်ခေါ်မှု များကို စာရင်းပြုစုထား၍ တစ်ခု ချင်းစီကို သမ္မတဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း အထက်လွှတ်တော် အမတ်များ၏ မြန်မာကို ဖိအားပေးရန် ပေးပို့သည့်စာနှင့် ပတ်သက်၍ ဂျွန်ကယ်ရီက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးကိစ္စကို လည်း ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းနှင့် ပြည့်စုံ စွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ဦး ရွှေမန်းကို ၀ါရှင်တန်ဒီစီသို့ လာ ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ဂျွန်ကယ်ရီကပြောသည်။

‘‘လွှတ်တော်ဥက္ကဋ္ဌကလည်း အမေရိကန်ရဲ့ လွှတ်တော်တွေကို လေ့လာပြီး လွှတ်တော်အမတ် တွေနဲ့ တွေ့ဆုံလိုတယ်။ အမေ ရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်တာကိုလည်း လေ့ လာဖို့အလွန်စိတ်ဝင်စားပါတယ်’’ ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတပေါကြွယ်ဝမှုမှာ တိုင်းရင်း သားအားလုံးနှင့် သက်ဆိုင်ပြီး ယင်းသယံဇာတများကို မြန်မာ အစိုးရခေါင်းဆောင်များက မှန် ကန်စွာ အသုံးချရန် ရွေးချယ်မှု ပြုလုပ်မှသာ ပြည်သူအများအ ကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အမေရိကန်ပြည် ထောင်စုက မြန်မာပြည်သူများ အတွက် စီးပွားရေးပိတ်ဆို့မှုများ ကို ဖယ်ရှားပေးခဲ့ပြီး လက်ရှိတစ် ဦးချင်း ပိတ်ဆို့မှုများကိုမူ ဆက် လက်ထားရှိဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဂျွန်ကယ်ရီ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အပြီး သတင်း စာရှင်းလင်းပွဲတွင် ၎င်းက မြန်မာ ကို ဘားမားဟု မိန့်ခွန်းအစတွင် သုံးနှုန်းခဲ့သော်လည်း အချို့ပြော ကြားချက်များနေရာတွင် မြန်မာ ဟု သုံးစွဲပြောကြားသွားသည်။

7Day News Journal
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ သြဂုတ် ၁၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ သြဂုတ် ၁၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)
လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ အနာဂတ်အတွက် စိန်ခေါ်မှုဖြစ် ပြီး မြန်မာ့နိုင်ငံရေးအချိုးအကွေ့ ကို အဆုံးအဖြတ်ပေးမည်ဖြစ်ခြင်း ကြောင့် အမေရိကန်အပါအ၀င် အားလုံးက စောင့်ကြည့်နေပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာ သည့် ရွေးကောက်ပွဲဖြစ်ရန်လို အပ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်မှု ဒုတိယနေ့တွင် အများပြည်သူထောင်ချီ လာရောက်ကြည့်ရှု ခေါင်းလောင်းကြီး အပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကို စတင်ဖယ်ရှားနေပြီ ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီးတူးဖော်မှုဒုတိယ နေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့ကထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီးဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။ စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းဒုတိယမြောက်နေ့တွင် ဆယ် ယူမှုကို စိတ်ဝင်တစားလာရောက် ကြည့်ရှုသူပေါင်းထောင်ဂဏန်း အထိ မြင့်တက်လာကာ ခေါင်းလောင်း တော်ဆယ်ယူမှုကိုအနီးကပ်ကြည့်ရှု နိုင်သည့် အေးရှားပွိုင့်ဘိုးလိန်း စင်တာဝင်းအတွင်းရှိ ကမ်းနားတွင် လာရောက်ကြည့်ရှုသူများမှာ တစ် ထောင်ကျော်ခန့်ရှိနေကာ အောင်ကံ တလူဘုန်းကြီးကျောင်းနှင့် တပ်ဦးဘုန်း ကြီးကျောင်း၏ကမ်းနားများတွင် လည်း ကြည့်ရှုသူများနှင့်ပြည့်နှက် နေကြောင်း ခေါင်းလောင်းဆယ်ယူ မှုကိုဒေါပုံမြို့နယ်မှလာရောက် ကြည့်ရှုသူ ကိုဝင်းနိုင်ကပြောသည်။