Sunday, 10 August 2014

နိုင်ငံတကာအကူအညီများဘင်္ဂါလီများကိုသာ ဦးတည်နေပါက ရခိုင်တိုင်းရင်းသား များနှင့် သဘောထားဆက်လက်ကွဲမည်ဟုဒုသမ္မတပြော

နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ဦးတည်နေမည်ဆိုပါက ဒေသခံ ရခိုင် တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။

မြန်မာ့လက်ရွေးစင်ဟောင်းတွေနဲ့ အနုပညာရှင်တွေ ဘာ့ကြောင့် ဘောလုံးကန်ကြတာလဲ

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတွေနဲ့ ရုပ်ရှင်အစည်းအရုံး လက်ရွေးစင်အသင်းတို့ သြဂုတ် ၉ရက်နေ့ က သုဝဏ္ဏကွင်းမှာ MFF Ooredoo Charity Cup 2014 ရန်ပုံငွေဖလားအဖြစ် ခြေစမ်း ယှဉ်ပြိုင် ခဲ့ ပါတယ်။ ဘာအတွက် သူတို့ဘောလုံးကန်ကြတာလဲ။

ကနေဒါ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံနှစ်ဆယ်စာရင်းတွင် မြန်မာပါဝင်

Photo: ကနေဒါ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံနှစ်ဆယ်စာရင်းတွင် မြန်မာပါဝင်
Sunday, August 10, 2014

ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။

အာရှဒေသတွင်း ဖိုရမ်တက် ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကနေဒါနိုင်ငံ ခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ် ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ကမ်းလှမ်းခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲကူညီ ရေးကိစ္စရပ်များတွင် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲသို့ လာ ရောက်လေ့လာခွင့် ပေး၊ မပေး ကိစ္စမှာမူ ရွေးကောက်ပွဲကော်မ ရှင်နှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။
‘‘ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ တွေမှာလည်း ကူညီဖို့အသင့်ရှိ တယ်လို့ ပြောပါတယ်။ ဒါက သူ ဆန္ဒရှိတာကို အစိုးရကို ပြောတာ ဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ကူညီမှာ လဲဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်က သီးခြားလွတ်လပ် တဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ တိုက်ရိုက်ဆက် သွယ်ရမှာပါ’’ဟု ၎င်းက ပြော သည်။

သမ္မတနှင့် ကနေဒါဝန်ကြီး တို့တွေ့ဆုံမှုတွင် မြန်မာ−ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတွင် လူထုအခြေပြုအဖွဲ့ အစည်းများ တိုးတက်ရန်နှင့် ငြိမ်း ချမ်းရေးဖြစ်စဉ်များ တိုးတက်စေ ရေးအတွက် ကနေဒါက ပါဝင်ကူ ညီရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်း က ပြောသည်။

ထို့အပြင် ရှည်လျားသည့် နယ်စပ်လမ်းကြောင်းကို ပိုင်ဆိုင် ထားသည့် ကနေဒါအနေဖြင့် နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်သည်။

‘‘ကနေဒါမှာလည်း ရှည် လျားတဲ့နယ်နိမိတ် ရှိတယ်။ နယ် စပ်ဒေသကို ထိန်းကျောင်းတဲ့အ ခါ သူတို့မှာ အတွေ့အကြုံရှိတဲ့ အတွက် အခုမြန်မာလ၀ကနဲ့ ပူး ပေါင်းပြီး နည်းပညာအကူအညီ ပေးရေးတွေ စနေပါပြီ။ ဒီအစီ အစဉ်က နယ်စပ်ဒေသအားလုံး နဲ့ ဆိုင်ပါတယ်’’ ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းအပြင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် လူကုန်ကူးမှုဖြစ်စဉ် များတွင် နှစ်နိုင်ငံပူးပေါင်းမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ကမ်းရိုးတန်းတစ်လျှောက် နယ် နိမိတ်ထိန်းသိမ်းကိုင်တွယ်ရေး ကိစ္စများ အကူအညီပေးမည်ဖြစ် ကြောင်း တွေ့ဆုံပွဲအပြီး ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

7Day Daily

မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။

ဆုကြေးငွေ ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့်မည့် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

ဆုကြေးငွေစုစုပေါင်း ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့် မည့် အမျိုးသားတံခွန်စိုက် ဘတ် စကက်ဘောပြိုင်ပွဲ ကို သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အီရန်လေယာဉ်တစင်းပျက်ကျရာ ၄၈ ဦး သေဆုံး

Photo: အီရန်လေယာဉ်တစင်းပျက်ကျရာ ၄၈ ဦး သေဆုံး
Suanday, August 10, 2014
 
လေယာဉ်စီးခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၈ ဦးတင်ဆောင်လာတဲ့ အီရန်နိုင်ငံက Sepahan Air Iran-140 လေယာဉ်ဟာ အီရန်နိုင်ငံ Mehrabad လေဆိပ်က ယနေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ထွက်ခွာလာရာ နိုင်ငံ မြောက်ပိုင်း Tabas ဒေသနားမှာ ပျက်ကျသွားခဲ့ပါတယ်။ 

ပျက်ကျသွားတဲ့ အီရန် လေယာဉ် အပိုင်းအစတခု၊ ဓာတ်ပုံ- ဂျပန်တိုင်းမ်
Sepahan Air Iran-140 plane Sepahan Air Iran-140 plane Sepahan Air Iran-140 plane

 လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါလာသူ ၄၈ ဦးလုံး အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အီရန် နိုင်ငံပိုင်သတင်းဌာန IRNA ကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်က ဖော်ပြတာမှာ လူ ၃ ဦးကို မီးလောင် ဒဏ်ရာ တွေနဲ့ လေယာဉ်ပျက်ကျရာဒေသက အနီးဆုံး ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ IRNA ရဲ့ အဆိုအရ လေယာဉ်အင်ဂျင်ရပ်သွားပြီး လေယာဉ်ဟာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။ 

လေယာဉ်ကို ပြုပြင် ထိန်းသိမ်းရေးလုပ်ဆောင်ချက်အားနည်းမှုတွေကြောင့် အခုလို လေယာဉ်ပျက်ကျ သွားခဲ့ရတာဖြစ်လို့ အီရန်နိုင်ငံရေး သမား တွေကတော့ အီရန်နိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တဲ့ အပေါ် အပြစ်တင်ပြောဆိုနေကြတယ်လို့ ဒါကာ ထရီဗျူးန် သတင်းတပုဒ်က ဆိုပါတယ်။ 

ဒါကြောင့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ဖို့ မှောင်ခိုဈေးကွက်က တင်သွင်းတဲ့ပစ္စည်းတွေကိုပဲ အသုံးပြုနေရတာ ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် လေယာဉ်အသစ်ဝယ်ယူဖို့လည်း ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

Mehrabad လေဆိပ်ဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့အနောက်ဘက်မှာ တည်ရှိပြီး ပြည်တွင်း ခရီးစဉ်တွေကို အဓိက ပျံသန်းရာနေရာဖြစ်ပေမယ့်  ပြည်ပ လေကြောင်း ခရီးစဉ်တွေအတွက် အသုံးပြုနေ တဲ့ လေဆိပ်လို့လည်း သိရပါတယ်။ 

ဧရာဝတီ BLOG 
ပျက်ကျသွားတဲ့ အီရန် လေယာဉ် အပိုင်းအစတခု၊ ဓာတ်ပုံ- ဂျပန်တိုင်းမ် 
Sepahan Air Iran-140 plane Sepahan Air Iran-140 plane Sepahan Air Iran-140 plane
လေယာဉ်စီးခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၈ ဦးတင်ဆောင်လာတဲ့ အီရန်နိုင်ငံက Sepahan Air Iran-140 လေယာဉ်ဟာ အီရန်နိုင်ငံ Mehrabad လေဆိပ်က ယနေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ထွက်ခွာလာရာ နိုင်ငံ မြောက်ပိုင်း Tabas ဒေသနားမှာ ပျက်ကျသွားခဲ့ပါတယ်။ 

ဆိပ်ကမ်းများတွင် သံသယဖြစ်ဖွယ်ရာ တွေ့ရှိပါက ဂိုထောင်တစ်ခုထားရှိပြီး အသေးစိတ်စစ်ဆေးမည်

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်သည့် ဆိပ်ကမ်းငါးခုတွင် တရားမဝင်ကုန်သွယ်မှု ပညာပေးဖမ်းဆီးမှု ကာလ ပြီးမြောက်ပါက သံသယ ဖြစ်ဖွယ်ရာများတွေ့ရှိလျှင် ကုန်သေတ္တာများကို မိုးလုံလေလုံ ဂိုထောင်တစ်ခု ထားရှိ၍ အသေးစိတ် ဖွင့်ဖောက် စစ်ဆေးသွားမည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့မှ ညွန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။

ဟဲဗီးဝိတ်ချန်ပီယံလူးဝစ်၏ မန်နေဂျာ ဖရင့်မယ်လိုနေက ကယ်လီဟူသော မိန်းမသားဘ၀သို့ပြောင်းလဲတော့ မည်ဖြစ်ကြောင်းကြေညာလိုက်ရာ အံသြတုန်လှုပ်ကြရ


ဖရင့်မယ်လိုနေကို လင်းနော့ခ်လူးဝစ်ဆိုတဲ့ ဗြိတိန်နိုင်ငံသား နာမည်ကျော် ဟဲဗီးဝိတ်လက် ဝှေ့ချန်ပီယံ နဲ့ အတူတွဲသိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ လူးဝစ်စ်ကို ဗြိတိန်ရဲ့ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် ဆယ်စုတစ်စုကြာရှိနေအောင်လုပ်ပေးခဲ့တဲ့ သူ့ရဲ့မန်နေဂျာ (မြှင့်တင်ရေးမှူး)ဖြစ်နေလို့ပါ။ဖရင့်ကို ခပ်ရင့်ရင့် စကား ပြော တတ်သူအဖြစ်လဲ သိကြပါတယ်။အသက် ၆၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖရင့်က သူ့အနေဲ့ ကယ်လီ ဆို တဲ့အမည်သစ်နဲ့ အမျိုးသမီးဘ၀ကိုပြောင်းလဲခံယူလိုက်ပြီလို့ကြေညာလိုက်တော့ အားလုံး အထိတ် တလန့်ဖြစ် ကုန်ပါ တယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Sunday, August 10, 2014

ယမန်နေ့ မြန်မာစံတော်ချိန်(၁၁း၃၀)အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေ ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေရာမှ အားအလွန်ကောင်းနေပါတယ်။
 
ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မွန်ပြည်နယ်မှာ ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
 
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးဆက်လက် ပိုနေပါမယ်။နေပြည်တော်အနီးတစ်ဝိုက်နဲ့မန္တလေးမြို့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေထိ ခန့်မှန်းချက်ကတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာပါမယ်။  

MRTV-4
ယမန်နေ့ မြန်မာစံတော်ချိန်(၁၁း၃၀)အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေ ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေရာမှ အားအလွန်ကောင်းနေပါတယ်။

မြန်မာနိုင်ငံတွင် အီဘိုလာအတွက် ပြင်ဆင်ထား

 မြန်မာနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် ပိုးတွေ့ရှိလျှင် ဆေးကုသနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများရှိ ဗဟို ဆေးရုံကြီး လေးခုနှင့် ခရိုင်ဆေးရုံ ၁၅ ခုတို့ကို ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။

မြို့နယ် ၅၀ ကျော်၏ မြို့ပြစီမံကိန်းများ ၂၀၁၅ အပြီးဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် လူဦး ရေတစ်သိန်းနှင့်အထက်ရှိသော မြို့ပေါင်း ၅၆ မြို့နယ်၏ မြို့ပြစီ မံကိန်း ရေးဆွဲခြင်းကို ၂၀၁၅ တွင်   အပြီးသတ်  ဆောင်ရွက် သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်အေးအေးမြင့်က ပြောသည်။

အီရန်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ

အီရန်နိုင်ငံ မြို့တော်တီဟီရန်၏ မီရဘက် လေဆိပ်အနီးတွင်  သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံ 
နက် ၉ နာရီ ၄၅ မိနစ်က ခရီးသည် တင် လေယာဉ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ၅၀ ဦး သေဆုံးဖွယ်ရှိကြောင်း အီရန်သတင်း ဌာနကများက ဖော်ပြခဲ့သည်။

မိုင်ချက်အမည်ရှိ ပြည်တွင်းအပလီကေးရှင်းထွက်မည်

Photo: မိုင်ချက်အမည်ရှိ ပြည်တွင်းအပလီကေးရှင်းထွက်မည်
Suanday, August 10, 2014

မြန်မာ့ရိုးရာဇာတ်ကောင်၊ ရုပ်ပုံများပါဝင်မည့် My Chat အမည်ဖြင့် စာပို့အပလီကေးရှင်းတစ်ခုကို မကြာမီကာလအတွင်းအများပြည်သူသုံးနိုင်စွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အန်းဒရိုက်ဖုန်းများနှင့် တက်ဘလက်များတွင် အသုံးပြုနိုင်ပြီး မြန်မာပြည်ဈေးကွက်အတွက် သီးသန့်ပြုလုပ်ပေးထားခြင်းဖြစ်ကာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကဲ့သို့ Status များနှင့်မိမိကြိုက်နှစ်သက်သည့်ပုံများတင်နိုင်ခြင်း၊ မိမိသူငယ်ချင်းများနှင့် စကားပြောဆိုနိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာအရုပ်စတစ်ကာများအဖြစ်ဖိုးဝရုပ်၊ ဖိုး သာထူးနှင့် ဦးရွှေရိုး၊ ဒေါ်မိုးစသည့်အရုပ်စတစ်ကာများကို အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ စတစ်ကာများကို ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ရာ အပလီကေးရှင်းတစ်ခုလုံးကိုမြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အပလီကေးရှင်းကိုအသုံးပြုသည့် အင်တာနက်ကွန်ရက်ဖြစ်သော 3Gနှင့် ၀ိုင်ဖိုင်စနစ်အပေါ်မူတည်၍ အသုံးပြုရသည့် အရည်အသွေးကွာခြားနိုင်ကြောင်း My Squar မှ သိရသည်။

MyChat Application တွင် လက်ရှိပဏာမလုပ်ဆောင်နိုင်မှု များအပြင် စတစ်ကာအသစ်များ၊ လုပ်ဆောင်ချက်အသစ်များ ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ပြီး www.mysquar.com တွင် သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။

MySquar မှာ ယခင်က မှန်၊ မှားဂိမ်း(My True False) အပါအ၀င်အက်ပလီကေးရှင်း ခြောက်မျိုး ဖန်တီးထုတ်လုပ်ထားပြီးဖြစ်ရာ MyChat အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းကို မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY
မြန်မာ့ရိုးရာဇာတ်ကောင်၊ ရုပ်ပုံများပါဝင်မည့် My Chat အမည်ဖြင့် စာပို့အပလီကေးရှင်းတစ်ခုကို မကြာမီကာလအတွင်းအများပြည်သူသုံးနိုင်စွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ရန် ဂျပန်အစိုးရ ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးမည်

Photo: မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ရန် ဂျပန်အစိုးရ ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးမည်
Suanday, August 10, 2014
 
Myanmar Telecomတယ်လီဖုန်းနဲ့ အင်တာနက် အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပြုပြင်တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၁၀ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ချေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ခီရှီဒက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုခီရှီဒ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ်လ ၉ ရက် မနက် ၁၀ နာရီခွဲက နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ ဦးဝဏ္ဏမောင်လွင်က လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စီးပွားရေး ရင်းနှီးမှု ပိုမိုခိုင်မာတည်ဆောက်နိုင်အောင် ဂျပန်လူမျိုး စီးပွားရေးသမားတွေအတွက် ဗီဇာဆောင်ရွက်မှုကို ပိုမိုလွယ်ကူ အဆင်ပြေအောင် မြန်မာဘက်က ပြုလုပ်သွားမယ့်အကြောင်း ဂျပန်သတင်း ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဒီဗွီဘီ
Myanmar Telecomတယ်လီဖုန်းနဲ့ အင်တာနက် အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက် အအုံ တွေ ပြုပြင်တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၁၀ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ချေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ခီရှီဒက မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။

ကျိုင်းတုံ၌ မှောင်ခိုစစ်ဆေးနေသည့် Mobile Team အဖွဲ့တစ်ဖွဲ့ ရုပ်သိမ်း

နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဝင်၊ ထွက်ပေါက်များ၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်မှ စတင်ကာ မှောင်ခိုကုန်ပစ္စည်းများ စစ်ဆေးလျက်ရှိသည့် Mobile Team အဖွဲ့များကို သြဂုတ်လ ၇ ရက်နေ့က ရုပ်သိမ်းပေးလိုက်ကြောင်း ယင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့နှင့် ကုန်သည်ကြီးများထံမှ သိရှိရသည်။

ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်

Photo: ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်
Suanday, August 10, 2014

GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

GSMသုံးစွဲသူများထဲမှအများဆုံး ငွေဖြည့်သုံးစွဲသူများကို သြဂုတ် ၇ ရက်မှစတင်၍ ရွေးချယ်ပြီး မက်ဆေ့ခ်ျပို့မည်ဖြစ်ပြီးထိုမက်ဆေ့ခ်ျ တစ်စောင်ပြ၍ ဆင်းမ်ကတ်သုံးကတ် သွားရောက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာမှူးကြီး ဦးအောင်ကျော်သက်က ပြောသည်။
‘‘မက်ဆေ့ခ်ျရတဲ့သူက လမ်း ညွှန်ထားတဲ့ ဖုန်းကို ဆက်ပြီး ကိုယ်နဲ့နီးစပ်ရာ E-Lite ဆိုင်မှာ သွားဝယ်လို့ရပါတယ်’’ ဟု ဦး အောင်ကျော်သက်က ပြောသည်။
မိုဘိုင်းဖုန်းသုံးစွဲမှု အများ ဆုံးအနက် တစ်ရာခိုင်နှုန်းခန့်သာ ကနဦးရွေးချယ်ပြီး မက်ဆေ့ခ်ျများ ပေးပို့ခြင်းဖြစ်ပြီး ၁၅၀၀ ကျပ်တန် WCDMA မိုဘိုင်းဆင်းမ်ကတ် သုံး ကတ်ကို E-Lite ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ 

မက်ဆေ့ခ်ျပို့ရာတွင် လမ်း ညွှန်ထားသည့် ဖုန်းနံပါတ်နှင့် 1876 Call Center များသို့ ဖုန်း ဆက်မေးမြန်းနိုင်ပြီး ရရှိထား သည့် မက်ဆေ့ခ်ျကို ပြသ၍ နီး စပ်ရာ မြို့နယ်ရှိ E-Lite ဆိုင်ခွဲ များတွင် ၀ယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။
‘‘ဖုန်းနံပါတ်နဲ့ မက်ဆေ့ခ်ျကို သေချာပြောရင် ဘယ်နေရာမှာ အနီးစပ်ဆုံး ၀ယ်လို့ရမလဲဆိုတာ ပြောပေးပါတယ်။ MPT က ပို့ ထားတဲ့ မက်ဆေ့ခ်ျတော့ လုံးဝ ဖျက်လို့ မရပါဘူး။ အဲဒါကိုပြပြီး ဆိုင်မှာ သွားထုတ်ရမှာပါ’’ ဟု 1876 Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မက်ဆေ့ခ်ျတွင် လမ်းညွှန် ထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းတွင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ခ်ျ ထပ်မံဝင်ရောက်မည့် အချိန်မှသာ ၁၅၀၀ ကျပ်ဖြင့် သွားရောက်ဝယ် ယူနိုင်မည်ဖြစ်သည်။

7Day Daily 

ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ

Photo: အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ
Suanday, August 10, 2014 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာ ဆောင်ရွက်ရမည့် ကြေညာစာတမ်း အကောင်အထည် ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံ အသိုက်အဝန်း အကောင်အထည်ဖော်မှု ဖြစ်ပေါ် တိုးတက်မှုများ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာ ကော်မရှင်၏ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၅ ခုနှစ် လုပ်ငန်း အစီအစဉ် များနှင့် ဘဏ္ဍာငွေ တို့ကို အတည်ပြုခြင်း၊ အာဆီယံ နော်ဝေ မိတ်ဖက် အစီအစဉ် ဆိုင်ရာ ပူးတွဲ ကြေညာချက် တစ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက နော်ဝေ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ အတည်ပြုခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ၊ ဒေသတွင်း ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပြင်ပ ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ဌာန ဖြစ်စဉ်များနှင့် ဦးဆောင် ဦးရွက် အစီအစဉ်များ ဆိုင်ရာ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ် တို့ကို ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက် ကျင်းပမည့် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၄) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် စပ်လျဉ်းသည့် ကြိုတင် ပြင်ဆင်မှုများ ကိုလည်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

မြ၀တီ
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။

မန္တလေး ပဋိပက္ခတွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်

မန္တလေးမြို့တော်၌ ဇူလိုင်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဆူပူမှုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူ ၁၁ ဦးကို ကျူးလွန်သည့် ပုဒ်မအရ သြဂုတ်လ ၈ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ 

မန္တလေး ပဋိပက္ခတွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်

မန္တလေးမြို့တော်၌ ဇူလိုင်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဆူပူမှုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူ ၁၁ ဦးကို ကျူးလွန်သည့် ပုဒ်မအရ သြဂုတ်လ ၈ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ 

မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်

Photo: မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်
Suanday, August 10, 2014 

အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့်အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ်လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

(၁)ကျွန်မက အားကစားဝါသနာအိုးကြီးတစ်ယောက်ပါ
အားကစားကို စွဲလန်းရူးသွပ်တဲ့ အမျိုးသမီး အမြောက်အများရှိကြတယ်။ ဒါပေမဲ့ အမျိုးသမီးအများအပြားကတော့ ဒါကို လုံးဝကို စိတ်ဝင်စားမှုမရှိကြပါဘူး။ ပြဿနာက သူတို့ ဟာ တီဗီဖန်သားပြင်ရှေ့မှာ အကြာကြီး အချိန်ကိုဖြုန်းတီးနေကြရတာကိုပါပဲ။ ဒါကို ပျော်နေသလို ထင်နေရပေမဲ့ စိတ်ထဲမှာတော့ တစ်နည်းနည်းနဲ့ သူတို့ ထွက်ပေါက်ရချင်နေကြပါတယ်။ တချို့သော အမျိုးသမီးတွေက အဲ့ဒါကို ကောင်လေးတွေ စိတ်ဝင်စားမှုရတဲ့ အချက်လို့ယုံကြည်ကြတယ်။ သူနှစ်သက်တဲ့အရာကို သူလည်း သဘောကျပေးရမယ်ပေါ့။ တကယ်တော့ အဲဒီနည်းလမ်းက မမှန်ကန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေပေးရမယ့်အချိန်မှာ သင်ပျော်ရွှင်မှုရအောင် သူမက ESPN ကို ဆက်ကြည့်ပေးနေမယ်ဆိုရင် မပျော်ရွှင်မှုတွေ ထပ်ပြီးဖြစ်လာဖို့ပဲ ရှိတော့တယ်လို့ Behavioral scientist and dating expert Christie Hartman( Ph.D.,) ကပြောဆိုခဲ့ပါတယ်။

(၂) လွတ်လပ်မှုကို နှစ်သက်တယ်
သူမရဲ့ လွတ်လပ်မှုကို သူမတန်ဖိုးထားတာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ သူမတကယ် ကြိုက်နှစ်သက်တဲ့အရာတွေကို ဇွတ်အတင်း အရယူလိုက်မှာ မဟုတ်ပါဘူး။ သူတို့ကို လွတ်လပ်မှု အရမ်းပေးလိုက်တဲ့အခါမှာ အမျိုးသမီးတွေက သူတို့ ကို ဂရုစိုက်မခံရဘူးလို့ ခံစားကြတယ်။

(၃) ကျွန်မ အမြဲတမ်း ပျော်ရွှင်တယ်
သူမနဲ့ လက်တွဲတဲ့အစပိုင်းမှာတော့ သူမက လက်တွေကိုဖြုတ်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလည်း သူမ အရင်အတိုင်းဆက်ဖြစ်နေတယ်။ အမျိုးသမီးတွေက သူတို့ လက်တွဲဖော်တွေအကြောင်းကို ဒီလိုနေရာမျိုးမှာ အရမ်းသတိထားတတ်ကြတယ်။ စိတ်ထိခိုက်မှုမရစေချင်ဘူး။

(၄) မိန်းမလေးသူငယ်ချင်းအများကြီးရှိတာ ကောင်းပါတယ်
သီအိုရီအရတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ ခင်ကြတယ်။ တကယ်တမ်းကျတော့ ယောက်ျားလေးနဲ့ မိန်းကလေးသူငယ်ချင်းမိတ်ဆွေတွေဖြစ်လာရင် မနာလိုမှုတွေဖြစ်လာတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတဲ့တအခါမှာ မနာလိုမှု အတိုင်းအတာတစ်ခုထိ ရှိတာ သဘာဝဖြစ်ပါတယ်။ မွေးရာပါလည်းဖြစ်တယ်။

(၅) ကျွန်မကို ဂရုစိုက်ပေးစရာမလိုပါဘူး

ဂရုစိုက်မှုကို မလိုလားတဲ့ မိန်းကလေးတစ်ယောက်နေနဲ့တော့ ဒီစကားကို နှုတ်ကဖွင့်ပြောနေမှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်လက်တွဲဖော်က စည်းကမ်းတွေ သတ်မှတ်ထားပြီး သူမက အဆင်ပြေတယ်လို့ အမြဲတမ်းပြောနေမယ်ဆိုရင် တစ်စုံတစ်ခုဖြစ်လာနိုင်ပါတယ်။ တောင်းဆိုရမှာကို အခက်အခဲဖြစ်စေနိုင်တယ်၊ (သို့) ဂရုစိုက်မှုလိုချင်တယ်လို့ ပြောရမှာကို အခက်တွေ့ပါလိမ့်မယ်။ ပထမချိန်းတွေ့တဲ့နေ့မှာ တောင်းဆိုမှုတွေဘာမှ မပြောဘဲ သင်သာပြောနေမယ်၊ သူဆီက ဘာမှမကြားခဲ့ဘူးဆိုရင် အဲဒါက ပြဿနာတစ်ခုဖြစ်ပါတယ်။

(၆) ကျွန်မအဆင်ပြေပါတယ်
သူမအနေနဲ့ ဒေါသကို ထုတ်ဖော်မှာ မဟုတ်ပါဘူး။ သဘောထားကြီးကြီးနဲ့ သူ့ဒေါသကို သူဖုံးကွယ်ဖို့ကြိုးစားတယ်။ အဟုတ်ကို အဟုတ်တိုင်းပြောတာက ဒေါသတွေ၊ ဆန့်ကျင်မှုတွေဖြစ်စေတတ်တယ်။ ဒါကြောင့် အဆင်ပြေတယ်လို့ ပြောလိုက်တာက အမှန်ကို ပြောတာထက်လွယ်ကူတယ်။ 

Source: menshealth.com
Trend Myanmar
အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ် လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့် အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ် လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

Ebola ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဂီနီနိုင်ငံ နယ်စပ်တွေ ပိတ်

Photo: Ebola ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဂီနီနိုင်ငံ နယ်စပ်တွေ ပိတ်
Suanday, August 10, 2014 

Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။

လိုက်ဘေးရီးယားနဲ့ Sierra Leone နိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်တယ်လို့ ဂီနီနိုင်ငံက စနေနေ့က ကြေညာပါတယ်။ ဒီနိုင်ငံ ၃
နိုင်ငံလုံးမှာ Ebola ကြောင့် သေဆုံးသူပေါင်း တစ်ထောင်နီးပါး ရှိနေပါတယ်။

နောက်ဆုံးသေဆုံးသူတွေထဲကတယောက်က စပိန် Catholic သာသနာပြုအဖွဲ့နဲ့ လိုက်ဘေးရီးယားမှာ လုပ်အားပေးနေတဲ့ Congo သီလရှင် တယောက်ဖြစ်ပါတယ်။ Nigeria နိုင်ငံမှာလည်း Ebola ကြောင့် သေဆုံးသူ ၂ ယောက်ထက် မနည်းရှိပါပြီ။

ရောဂါပြဿနာကို ကိုင်တွယ်နိုင်ရေး နောက်ထပ်ဘဏ္ဍာငွေသုံးစွဲနိုင်ဖို့ လိုက်ဘေးရီးယား၊ Sierra Leone၊ ဂီနီနဲ့ Nigeria နိုင်ငံတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာထားပါတယ်။ အနောက်အာဖရိကမှာ အခုပျံ့နှံ့နေတဲ့ Ebola ရောဂါကူးစက်မှုဟာ အရင်ဒီ Virus ကြောင့် ကူးစက်မှုတွေအားလုံးထက်ကို ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ကူးစက်နေတာဖြစ်ပါတယ်။ ဒီရောဂါကုသနိုင်ဖို့ ကုသနည်းရော ဆေးဝါးပါ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန) 

အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။