Friday, 8 August 2014

ဆူနာမီမှာ ပျောက်ဆုံးသွားတဲ့ သမီးလေး ၁၀ နှစ်ကြာမှပြန်တွေ့

Photo: ဆူနာမီမှာ ပျောက်ဆုံးသွားတဲ့ သမီးလေး ၁၀ နှစ်ကြာမှပြန်တွေ့
Friday, August 8, 2014

၂၀၀၄ခုနစ် ဆူနာမီရေလှိုင်းတွေနဲ့အတူ ပါဝင်ပျောက်ဆုံးသွားတယ်လို့ ယူဆထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကလေးမလေးဟာ အခုအခါ သူ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံ သွားပါပြီ၊ အဲ့ဒီတုန်းက အသက် ၄ နှစ်ဘဲရှိသေးတဲ့ Raudhatul Jannah  နဲ့ အသက် ၇နှစ်အရွယ် သူတို့မောင်နှမနှစ်ယောက် ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆူနာမီရေလှိုင်းတွေ အနောက် အာချေးက သူတို့ရဲ့အိမ်ကို လွှမ်းသွားတုန်းက ကွဲကွာသွားခဲ့ကြတာပါ၊

ဂျွန်လတုန်းက သူနဲ့ ချွတ်စွပ်တူတဲ့ မိန်းကလေးတယောက်ကို တခြားရွာမှာ သူ့ရဲ့ ဦင်္းလေးက တွေ့ခဲ့တဲ့ အချိန် အထိ ဂျာနာ ကိုသေဆုံးသွားပြီလို့ အားလုံးက ယူဆ ထားခဲ့ကြပါတယ်၊ တံငါသည်လေးတယောက်က ဂျာနာ့ကို ရေထဲက ကယ်ဆယ်လာပြီး သူ့မိသားစုက ဆက်ပြီးစောင့်ရှောက်ထားကြတာပါ၊ ဂျာနာနဲ့ အတူပျောက်ဆုံး သွားခဲ့တဲ့ သူ့ရဲ့ အကိုကိုတော့ အခုထိ ရှာလို့ မတွေ့သေးပါဘူး၊

ဗွီအိုအေ (မြန်မာပိုင်း)
၂၀၀၄ခုနစ် ဆူနာမီရေလှိုင်းတွေနဲ့အတူ ပါဝင်ပျောက်ဆုံးသွားတယ်လို့ ယူဆထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကလေးမလေးဟာ အခုအခါ သူ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံ သွားပါပြီ၊ အဲ့ဒီတုန်းက အသက် ၄ နှစ်ဘဲရှိသေးတဲ့ Raudhatul Jannah  နဲ့ အသက် ၇နှစ်အရွယ် သူတို့မောင်နှမနှစ်ယောက် ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆူနာမီရေလှိုင်းတွေ အနောက် အာချေးက သူတို့ရဲ့အိမ်ကို လွှမ်းသွားတုန်းက ကွဲကွာသွားခဲ့ကြတာပါ၊

ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁၀ မျိုး

Photo: ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁၀ မျိုး
Friday, August 8, 2014

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘ၀ပိုင်ဆိုင်ဖို့ စား သောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှု စတာ တွေ လိုအပ်တဲ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကို အကောင်းဆုံးထိန်း ထားနိုင်ဖို့ကလည်း အထူးလိုအပ်လှပါတယ်။ သစ်သီးတွေဟာ ချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါရှင်တွေ အသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့် အကျိုးဖြစ်စေတဲ့ အသီးတွေအကြောင်း မျှဝေချင်ပါတယ်။

ပန်းသီး

ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းချိုမြတဲ့ ပန်းသီးမှာ ပျော်ဝင်နိုင်စွမ်းရှိ တဲ့ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင် ပါတယ်။

ချယ်ရီသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။

အနက်ရောင်သပြေသီး

သွေးတွင်း သကြားဓာတ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ထိန်းညှိပေး နိုင်တာကြောင့် ဆီးချိုရောဂါကုသရာမှာ အသုံးများပါတယ်။

မာလကာသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး မာလကာသီး မှာပါတဲ့ အာဟာရဓာတ်တွေက ပုံမှန်သွေးတွင်း သကြားပမာဏရှိအောင် ထိန်းထားပေးနိုင်ပါတယ်။

ဂရိပ်ဖရု(ရှောက်ခါးသီးကြီး)

အမေရိကန်ဆီးချိုအဖွဲ့အစည်းရဲ့ စူပါသီးနှံပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ကူညီပေးပြီး ဆီးချိုမဖြစ်အောင်  ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုဖြစ်ရင်လည်း လျော့ပါးသက်သာစေနိုင်ပါတယ်။

ထောပတ်သီး

သွေးတွင်းသကြားပမာဏကို ထိန်းထားပေးပြီး ဆီးချိုဝေဒနာရှင် တွေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

စတော်ဘယ်ရီ

မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးပြီး သွေးဖိအားပုံမှန်ဖြစ် အောင် သွေးတွင်းသကြားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

လိမ္မော်သီး

ကိုယ်အလေးချိန် လျော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ် ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားပမာဏ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

သစ်တော်သီး

ဗီတာမင်အေ၊ ဘီဝမ်း၊ စီနဲ့ အီး၊ အမျှင်ဓာတ်တွေကြောင့် သွေး တွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုလက်စထရောကျစေကာ ကိုယ်ခံ စွမ်းအားကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေပါတယ်။

ကီဝီသီး

ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုပြီး ဗီတာမင်အစုံလည်း ပါ တာကြောင့် ဆီးချိုသမားတွေ လက်စွဲစားပေးသင့်ပါတယ်။

Ref: top10homeremedies
7Day DAILY
ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘ၀ပိုင်ဆိုင်ဖို့ စား သောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှု စတာ တွေ လိုအပ်တဲ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကို အကောင်းဆုံးထိန်း ထားနိုင် ဖို့ကလည်း အထူးလိုအပ်လှပါတယ်။ သစ်သီးတွေဟာ ချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါ ရှင်တွေ အသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေက သွေးတွင်းသကြား ဓာတ် ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့် အကျိုးဖြစ်စေတဲ့ အသီးတွေအကြောင်း မျှဝေချင်ပါတယ်။

အသားအရေအတွက် အခြေခံအကျဆုံး သိသင့်တဲ့ အချက် (၂)ချက်

 Photo: အသားအရေအတွက် အခြေခံအကျဆုံး သိသင့်တဲ့ အချက် (၂)ချက်
August 8, 2014

ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှတော့ မှန်ကြည့်ကြတာပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့အရာကိုတော့ ကျွန်မတို့မမြင်မိကြဘူး ။ ကျွန်မတို့ရဲ့ မျက်နှာတွေကို စစ်ဆေးကြည့်ကြတယ်။ ကိုယ့်အသားအရေပိုင်းကို ဂရုစိုက်ကြတယ်။ ဒါပေမယ့်  ကျွန်မတို့အရေပြားပေါ်က အပျက်အစီးတွေကိုတော့ သာမာန်မျက်လုံးနဲ့ မမြင်နိုင်ပါဘူး။ အသားအရေပိုင်း ဂရုစိုက်တဲ့အခါ အခြေခံအကျဆုံးတစ်ချက်ကိုပဲ ထုတ်ပြချင်ပါတယ်။ အဲ့ဒါကတော့ နေပူဒဏ်ခံမိကြတာပါ။ ထီးတွေ၊ ဦးထုပ်တွေ မပါပဲ ဒီနား၊ ဟိုနားပဲဆိုပြီး သွားလာခြင်းကနေ သင့်အသားအရေဟာ နေပူဒဏ်ကိုခံနေကြရပါတယ်။ ဒီတော့ နေပူဒဏ်ခံနို်င်မယ့်sunscreen ကို လိမ်းကို လိမ်းပေးရမှာပါ။ နောက်တစ်ချက်ကတော့ မျက်နှာအသားအရေမှာ ပြသနာဖြစ်လာပြီဆိုရင် အလွယ်တကူ ဖြေရှင်းနည်း တစ်နည်းပါ။ ကဲ အောက်မှာ အရေးအကြီးဆုံး အချက်နှစ်ချက်ကို ဖတ်ကြည့်လိုက်ပါဦး။

နေပူခံလိမ်းဆေး sunscreen မကြာခဏလိမ်းပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ လူတွေက နေပူခံလိမ်းဆေး ပုံမှန်လိမ်းကြပေမယ့် သူတို့က နည်းနည်းလေးပဲ လိမ်းကြတယ်။  သေသေချာချာပြန်မလိမ်းကြဘူး။ အလှအပရေးရာ ပညာရှင်တွေကတော့ နေပူခံလိမ်းဆေးကို တစ်နေ့လုံး လိမ်းထားဖို့အကြံပေးကြတယ် ။ နေပူခံလိမ်းဆေးမှာ ပါဝင်တဲ့ ပစ္စည်းတွေက အားလုံးမတူညီကြပါဘူး။ တစ်ချို့လိမ်းဆေးတွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ ဒါကို အကြမ်းဖျင်းလောက်တော့ သိထားရမှာပါ။ နောက်ပြီး လူတွေထင်နေကြတဲ့ မိတ်ကပ်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတာ မှားပါတယ်။ လုံလောက်စွာ ကာကွယ်မပေးနိုင်ဘူးဆိုတာ သတိပြုမိကြပါစေ။ ကိုယ့်အသားအရေက ဘယ်လိုအသားအရေမျိုးပဲဖြစ်ပါစေ လူတိုင်းက နေပူခံလိမ်းဆေးလိမ်းဖို့ လိုအပ်ပါတယ်။

အစက်အပြောက်တွေဖယ်ရှားပေးမယ့် အကောင်းဆုံးနည်းလမ်း

အစက်အပြောက်တွေ ဖယ်ရှားပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဗီတာမင်စီနဲ့ သံပုရာသီးကို လိမ်းပေးခြင်းဖြစ်ပါတယ် ။ သံပုရာသီးမှာပါတဲ့ စစ်ထရစ်အက်စစ်က အရေပြားပေါ်က အစက်အပြောက်တွေကိုဖြည်းဖြည်းချင်း ဖယ်ရှားပေးစေပါတယ်။ ဆိုင်မသွားနိုင်လို့ အိမ်မှာပဲ အသားအရေထိန်းသိမ်းမယ်ဆိုရင်လည်း  ဒါကောင်းတဲ့အချက်ပါပဲ။ အိမ်တွင်းအသားအရေထိန်းသိမ်းမှု ပြုလုပ်ခြင်းဟာ အကောင်းဆုံးသော အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုထားတာကြောင့် နည်းမှန်လမ်းမှန် ထိန်းသိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

Ref: queentatifah.com
Trend Myanmar
ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှတော့ မှန်ကြည့်ကြတာပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့အရာကိုတော့ ကျွန်မတို့ မမြင်မိကြဘူး ။ ကျွန်မတို့ရဲ့ မျက်နှာတွေကို စစ်ဆေးကြည့်ကြတယ်။ ကိုယ့်အသားအရေပိုင်းကို ဂရုစိုက်ကြ တယ်။ ဒါပေမယ့်  ကျွန်မတို့အရေပြားပေါ်က အပျက်အစီးတွေကိုတော့ သာမာန်မျက်လုံးနဲ့ မမြင်နိုင်ပါဘူး။ အသားအရေပိုင်း ဂရုစိုက်တဲ့အခါ အခြေခံအကျဆုံးတစ်ချက်ကိုပဲ ထုတ်ပြချင်ပါတယ်။ အဲ့ဒါကတော့ နေပူ ဒဏ် ခံမိကြတာပါ။ ထီးတွေ၊ ဦးထုပ်တွေ မပါပဲ ဒီနား၊ ဟိုနားပဲဆိုပြီး သွားလာခြင်းကနေ သင့်အသား အရေဟာ နေပူဒဏ်ကိုခံနေကြရပါတယ်။ ဒီတော့ နေပူဒဏ်ခံနို်င်မယ့်sunscreen ကို လိမ်းကို လိမ်းပေးရ မှာပါ။ နောက်တစ်ချက်ကတော့ မျက်နှာအသားအရေမှာ ပြသနာဖြစ်လာပြီဆိုရင် အလွယ်တကူ ဖြေရှင်း နည်း တစ်နည်းပါ။ ကဲ အောက်မှာ အရေးအကြီးဆုံး အချက်နှစ်ချက်ကို ဖတ်ကြည့်လိုက်ပါဦး။

ဂျပန်မှာ အလုပ်ရမယ်ဆိုပြီး သိန်း ၃ထောင်ကျော်ဖိုး လိမ်ခံခဲ့ရတယ်

ဂျပန်မှာ Work Permit နဲ့ အလုပ်ရမယ်ဆိုပြီး တစ်ယောက်ကို ကျပ်သန်းတစ်ရာကျော်စီ အလိမ်ခံရတဲ့ ၁၆ယောက်နဲ့ အခြားကိစ္စနဲ့ လိမ်ခံခဲ့ရသူ ၇ယောက်က အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင် သင် တန်းနဲ့ ကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီကို လိမ်လည်ခဲ့တယ်လို့ သြဂုတ် ၆ရက်နေ့ က စွပ်စွဲခဲ့ပါတယ်။

Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်ထံ Color Change malware ပျံ့နှံ့နေဟုဆို

Photo: Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်ထံ Color Change malware ပျံ့နှံ့နေဟုဆို
Friday, August 8, 2014

Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည်ဆိုသော Color Change scam သည် သုံးစွဲသူများကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်တွင် ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူများက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည်ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေးသုတေသီများက ပြောကြားခဲ့သည်။
အဆိုပါ phishing ဆိုက်သည် သုံးစွဲသူများအား နည်းလမ်းနှစ်မျိုးဖြင့် ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။ ပထမနည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီအသုံးပြုခွင့်ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်းများထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည်ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန်တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက်အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက်ခံနေရကြောင့် သတိပေးချက်တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက်တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များအတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ်ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။
အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။

Ref: Mashable
Internet Journal
Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည်ဆိုသော Color Change scam သည် သုံးစွဲသူများကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်ပြီး အဆိုပြုမည့် ဖီလစ်ပိုင်

Photo: ပင်လယ်ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်ပြီး အဆိုပြုမည့် ဖီလစ်ပိုင်
Friday August 8, 2014 
ဖီလစ်ပိုင်နိုင်ငံဟာ အာဆီယံ ၀န်ကြီးများ အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ် အတွင်း နယ်မြေအငြင်းပွားမှုတွေကြောင့် ဖြစ်ပွားလာတဲ့ 
တင်းမာမှုများကို ဖြေလျော့နိုင်စေမယ့် အစီအစဉ်တစ်ခုကို အဆိုပြုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ မြို့တော် နေပြည်တော်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို သောကြာနေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ဖီလစ်ပိုင်နိုင်ငံဟာ အဲ့ဒီအစည်းအဝေးပွဲအတွင်းမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်း ပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို ပြေလျော့အောင် အစည်းအဝေးပွဲအတွင်းမှာ အစီအစဉ် တစ်ခုအဆိုပြုဆွေးနွေးသွားဖို့ စီစဉ်နေပါတယ်။ အဲ့ဒီအစည်းအဝေးပွဲကို ဂျပန်၊ အမေရိကန်၊ တရုတ်နဲ့ တစ်ခြားနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြ မှာဖြစ်ပါတယ်။
 
ဖီလစ်ပိုင် နိုင်ငံဟာ နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တရားဝင်ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ပြီး လုပ်ငန်းစဉ်တစ်ခုချမှတ်ဖို့ကိုလည်း တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပါရာဆယ်ကျွန်းစု တွေအနီးမှာ ရေနံတူးစင်တည်ဆောက်မှုနဲ့ စပရက်တလေကျွန်းစုတွေအတွင်းရှိ သန္တာကျောက်တန်းတွေ အနီး အဆောက်အဦတွေတည်ဆောက်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ဖီလစ်ပိုင်နိုင်ငံအတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။ 

MRTV-4
ဖီလစ်ပိုင်နိုင်ငံဟာ အာဆီယံ ၀န်ကြီးများ အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ် အတွင်း နယ်မြေ အငြင်းပွားမှုတွေကြောင့် ဖြစ်ပွားလာတဲ့ တင်းမာမှုများကို ဖြေလျော့နိုင်စေမယ့် အစီအစဉ်တစ်ခုကို အဆိုပြုေ ဆွးနွေး သွားမှာဖြစ် တယ်လို့ သိရပါတယ်။

ရှပ်ဝါခေါင်းဆောင် ထိုင်း မီဒီယာလုပ်ငန်းရှင်အား အာမခံရုပ်သိမ်းပြီး ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံရန် တရားရုံး အမိန့်ချမှတ်

Photo: ရှပ်ဝါခေါင်းဆောင် ထိုင်း မီဒီယာလုပ်ငန်းရှင်အား အာမခံရုပ်သိမ်းပြီး ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံရန် တရားရုံး အမိန့်ချမှတ်
Friday August 8, 2014 

ထိုင်းရှပ်ဝါ ဆန္ဒပြအဖွဲ့အား ထူထောင်သူ  မီဒီယာလုပ်ငန်းရှင်တစ်ဦးအား အယူခံတရားရုံးက အာမခံ ပေးထားမှု ရုပ်သိမ်းလိုက်ပြီး  သြဂုတ် ၇ က် တွင် ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံစေလိုက်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းတွင် မသမာမှုများ လုပ်ဆောင်ခဲ့ပုဒ်မများဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာထံမှ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားစေခဲ့ပြီး ထိုင်းနိုင်ငံအား ဆယ်စုနှစ် တစ်ခုကြာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စေခဲ့သည့် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ သူ ဆွန်ဓီလင်သောင်ကူအား  ၁၉၉၀ ပြည့်လွန်နှစ်များက ‘လုံခြုံရေးနှင့် ငွေလဲလှယ်မှုအက်ဥပဒေ’ ချိုးဖောက်ခဲ့မှုဖြင့် ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သော်လည်း အာမခံဖြင့် လွှတ်ပေး ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်အား ပယ်ဖျက်ပေးရန် ၎င်း၏ရှေ့နေက တရားရုံးချုပ်တွင် လျှောက်ထားခဲ့ပြီးနောက် အယူခံတရားရုံးက အာမခံပေးထားမှုကို ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

ဆွန်ဓီသည် အခြားအမှုများဖြင့်လည်း တရားရင်ဆိုင်နေရပြီး စွဲဆိုထားသည့် အမှုအများစုမှာ ထိုင်းနိုင်ငံ ရေးတွင် ပါဝင်မှုများနှင့် သက်ဆိုင်ကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ခေါ် ရှပ်ဝါအုပ်စုက ဘုရင့်သစ္စာခံ ဗိုက်ချုပ်ကြီးများက ၀န်ကြီးချုပ်ဟောင်း သက်ဆင်ထံမှ အာဏာသိမ်းရာတွင်  ကူညီထောက် ခံခဲ့ကြသည်။ သက်ဆင် သည် ဆွန်ဓီ၏ ရန်သူတော်တစ်ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်က သက်ဆင်အား အသရေဖျက်မှုနှင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

Ref:AFP
ထိုင်းရှပ်ဝါ ဆန္ဒပြအဖွဲ့အား ထူထောင်သူ  မီဒီယာလုပ်ငန်းရှင်တစ်ဦးအား အယူခံတရားရုံးက အာမခံ ပေး ထားမှု ရုပ်သိမ်းလိုက်ပြီး  သြဂုတ် ၇ က် တွင် ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံစေလိုက်ကြောင်း သိရသည်။

ဆေးရွက်ကြီးမှ လေယာဉ်ဆီ ထုတ်လုပ်ရန်အတွက် ဘိုအင်းနှင့် တောင်အာဖရိ က လေကြောင်းလိုင်း ပူးပေါင်း

ဘိုးအင်းကုမ္ပဏီသည် ဆေးရွက်ကြီး အမျိုးအစားသစ်တစ်မျိုးမှ လေ ယာဉ် လောင်စာဆီ ထုတ်လုပ်ရန် အတွက် တောင်အာဖရိက လေကြောင်းလိုင်း၊ ဒတ်ခ်ျလေယာဉ် ဇီဝလောင်စာဆီ ကုမ္ပဏီ SkyNRG တို့နှင့် ပူးပေါင်းခဲ့သည်။

မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရသည့်နေရာအနီးတွင် ယူကရိန်း တိုက်လေယာဉ်တစ်စင်း ထပ်မံပစ်ချခံရ

Photo: မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရသည့်နေရာအနီးတွင် ယူကရိန်း တိုက်လေယာဉ်တစ်စင်း ထပ်မံပစ်ချခံရ
Friday August 8, 2014 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေဝေဟင်ပေါ်တွင် ပျံသန်းသွားသည့် အစိုးရတိုက်လေယာဉ်တစ်စင်းသည် သြ ဂုတ် ၇ ရက်က ပစ်ချခံခဲ့ရကြောင်း သိရသည်။

ယခုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာသည် မလေးရှားလေကြောင်းလိုင်းမှ လူ ၂၉၈ ဦး သေဆုံးခဲ့သော MH17 လေယာဉ် ဇူလိုင် ၁၇ ရက်တွင် ပစ်ချခံခဲ့ ရ သည့် နေရာအနောက်ဘက် ကီလိုမီတာ ၄၀ ခန့်တွင် ဖြစ်သည်။

ဆူခွိုင်းအမျိုးအစား အဆိုပါတိုက်လေယာဉ်သည် လေထဲတွင် ပေါက်ကွဲသွားပြီး လေယာဉ်မှူးများက လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့ကြသည်။

သူပုန်တို့ ထိန်းချုပ်ထားရာ ဒိုနက်ဆက်ဒေသမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ အကွာတွင် ယင်း ဂျက်လေယာဉ် ပစ်ချခံခဲ့ရကြောင်းကို ယူကရိန်း စစ် တပ် ပြောခွင့်ရသူတစ်ဦးက ပြောကြားသည်။

“လေယာဉ်မှူးက လေယာဉ်ကို နေအိမ်တွေပေါ် ပြုတ်မကျအောင် လမ်းကြောင်း ပြောင်းနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအခါအဆိုပါ လေယာဉ်မှူးကို ရှာဖွေနေကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှာထောက်ခံသည့် သူပုန်များနှင့် လေးလကြာတိုက်ပွဲများဖြစ်ပွားခဲ့ရာ တွင် အစိုးရအနေဖြင့် လေယာဉ်များ ဆုံးရှုံးခဲ့ရပြီး ဇူလိုင် ၂၃ ရက်ကလည်း ဆူခွိုင်းဂျက်လေယာဉ်နှစ် စင်း ပစ်ချခံခဲ့ရသည်။ ယင်း လေယာဉ်နှစ်စင်းကို ရုရှားနယ်မြေပိုင်နက်အတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ယူကရိန်းအစိုးရက စွပ်စွဲထားသည်။

မလေးရှားလေယာဉ် ပစ်ချခံခဲ့ရသည့်နေရာတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် နိုင် ငံတကာ စုံစမ်းရေးအဖွဲ့များက လုပ်ငန်းများကို ရပ်ဆိုင်းထားပြီးနောက် ယင်းနေရာတွင် အပစ်ခတ်ရပ်စဲ မှုကို ယူကရိန်းအစိုးရက ပယ်ဖျက်လိုက်သည်။

Ref:AFP
Mizzima - News in Burmese
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေဝေဟင်ပေါ်တွင် ပျံသန်းသွား သည့် အစိုးရတိုက်လေယာဉ်တစ်စင်းသည် သြ ဂုတ် ၇ ရက်က ပစ်ချခံခဲ့ရကြောင်း သိရသည်။

စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးကို အသုံးပြုကုသရန် ဆုံးဖြတ်ခဲ့မှု အငြင်းပွား

Photo: စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးကို အသုံးပြုကုသရန် ဆုံးဖြတ်ခဲ့မှု အငြင်းပွား
Friday August 8, 2014 

အီဘိုလာရောဂါပိုးကြောင့် အာဖရိကတွင် အသက်ဆုံးရှုံးရသူပေါင်း ၁၀၀၀ နီးပါး ရှိနေသည့်အချိန်တွင် စမ်းသပ်ဆဲအဆင့် အီဘိုလာရောဂါ ကုသဆေးတစ်မျိုးဖြင့် အမေရိကန်လူမျိုးနှစ်ဦးကို ကုသရန် ဆုံးဖြတ်ခဲ့သည့်အပေါ် လူ့ကျင့်ဝတ်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

Samaritan's Purse လူမှုကူညီရေးအဖွဲ့မှ အမေရိကန် ဝန်ထမ်းနှစ်ဦးကို ZMapp ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးနှင့် ကုသပေးပြီးသည့် နောက်တွင် အဆိုပါဆေးကို အနောက်အာဖရိကတွင် သုံးစွဲသင့်၊ မသင့်နှင့် ပတ်သက်ပြီး လာမည့် တစ်ပတ်ထဲတွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာ အဖြေရှာသွားမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

ZMapp ဟု အမည်ရသော အီဘိုလာ ကုသဆေးသည် မျောက်များဖြင့်သာ စမ်းသပ်ရသေးသော စမ်းသပ်မှု အစောပိုင်း အဆင့်သာ ရှိသေးသည့် ဆေးဖြစ်ပြီး အဆိုပါဆေးကို ပမာဏ အများအပြားလည်း ထုတ်လုပ်ဖူးခြင်း မရှိသေးချေ။

ZMapp ဆေးက အီဘိုလာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း လက်ရှိအချိန်ထိ သက်သေ အထောက်အထား မရှိသေးသော်လည်း Samaritan's Purse အဖွဲ့ဝင် ကန့်ဘရန်တလေနှင့် နန်စီရိုက်ဘိုလ်တို့မှာမူ ထိုဆေးဖြင့် ကုသပြီး နောက်ပိုင်းတွင် အခြေအနေ တိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့ ZMapp ဆေးဖြင့် အမေရိကန်နှစ်ဦး သက်သာလာသည့် သတင်းထွက်ပေါ်ခဲ့ပြီးသည့် နောက်တွင် အီဘိုလာကပ်ဘေး ကျရောက်လျက် ရှိသည့် အနောက်အာဖရိက နိုင်ငံများတွင် အဆိုပါဆေးကို အသုံးပြုရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ၁၉၇၆ ခုနှစ်က အီဘိုလာ ရောဂါပိုးကို တွေ့ရှိခဲ့သည့် ပီတာပီယော့ အပါအဝင် အီဘိုလာရောဂါပိုး ကျွမ်းကျင်ပညာရှင် သုံးဦးကလည်း ZMapp ဆေးမှာ စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသော်လည်း ယခုထက်ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

“တကယ်လို့ အီဘိုလာဟာ အနောက်နိုင်ငံတွေမှာ ပျံ့နှံ့နေပြီဆိုရင် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားနေတဲ့ လူနာတွေကို စမ်းသပ်ဆဲ အဆင့်ဆေးပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးပဲဖြစ်ဖြစ် တိုက်ကျွေးသင့်ပါတယ်” ဟု ၎င်းတို့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက် တစ်စောင်ထဲတွင် ဖော်ပြခဲ့သည်။

“အီဘိုလာ အကြီးအကျယ် ပျံ့နှံ့နေတဲ့ အာဖရိကနိုင်ငံတွေဟာလည်း တူညီတဲ့ အခွင့်အရေး ရသင့်ပါတယ်” ဟုလည်း အဆိုပါ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကမူ အီဘိုလာဒဏ် ခံနေရသော တိုင်းပြည်များအနေဖြင့် မစမ်းသပ်ရသေးသော ဆေးဝါးကို အသုံးပြုရန်ထက် အများပြည်သူဆိုင်ရာ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ အပေါ်တွင်သာ အာရုံစိုက်ထားသင့်သည်ဟု ပြောကြားလိုက်သည်။

သို့ရာတွင် “ဆေးဝါးစမ်းသပ်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ တွေ့ရှိလာတဲ့ အချက်အလက်တွေကို ဆက်လက် အသိပေးသွားမှာပါ” ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ကျွမ်းကျင်ပညာရှင်များကလည်း ဆေးမှာ လူအများ ထင်မြင်ထားသကဲ့သို့ အီဘိုလာ ရောဂါပိုးအတွက် တိကျသေချာသည့် အဖြေတစ်ခု မဟုတ်သေးကြောင်း၊ စမ်းသပ်ဆဲအဆင့် ဆေးဖြင့် လူအများကို ကုသရသည့် အခြေအနေနှင့် စိတ်ချရသည့် ကျန်းမာရေး စောင့်ရှောက်မှု အောက်တွင် ရှိနေသော လူနှစ်ဦးကို ကုသရသည့် အခြေအနေမှာ တူညီမှု မရှိကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေမှုများမှာ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာနှင့် ညီညွတ်မှုရှိကြောင်း ပြောကြားခဲ့သည်။

The Voice Weekly
အီဘိုလာရောဂါပိုးကြောင့် အာဖရိကတွင် အသက်ဆုံးရှုံးရသူပေါင်း ၁၀၀၀ နီးပါး ရှိနေသည့်အချိန်တွင် စမ်းသပ်ဆဲအဆင့် အီဘိုလာရောဂါ ကုသဆေးတစ်မျိုးဖြင့် အမေရိကန်လူမျိုးနှစ်ဦးကို ကုသရန် ဆုံးဖြတ် ခဲ့သည့်အပေါ် လူ့ကျင့်ဝတ်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

၈၈၈၈ အထိမ်းအမှတ် အခမ်းအနားများ နိုင်ငံတ၀န်း ကျင်းပ

Photo: ၈၈၈၈ အထိမ်းအမှတ် အခမ်းအနားများ နိုင်ငံတ၀န်း ကျင်းပ
Friday August 8, 2014 

 သြဂုတ် ၈ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ တပါတီအာဏာရှင်စနစ်ကို မြန်မာတနိုင်ငံလုံးက လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်အုံကြွ တွန်းလှန်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံ ၂၆ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာနိုင်ငံတ၀န်း မြို့နယ်အသီးသီးမှာ ၂၆ နှစ်မြောက် ၈၈၈၈ အခမ်းအနားတွေကို ဒီနေ့ ကျင်းပခဲ့ကြပါတယ်။

သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာမှာ ၂၆ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာတော့ ၂၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဟန်းသံဃာတော်တွေ အပါအ၀င်၊ ပြည်သူတွေ စုပေါင်းပြီး ဂုဏ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ့အခမ်းအနားမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက ၈နာရီ ၈ မိနစ်အချိန်မှာ ကမ္ဘာမကြေဘူး သီချင်းကို စတင်သီဆိုခဲ့ကြပါတယ်။

ဒီနောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် သ၀ဏ်လွှာတွေဖတ်ကြားခဲ့ကြပြီး၊ အဲဒီ့အရေးတော်ပုံမှာ သေဆုံးခဲ့ကြသူတွေကို အလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် မဟာဗန္ဓုလပန်းခြံနားမှာ ၈၈၈၈ အရေးတော်ပုံမှာ သွေးမြေကျသေဆုံးသူတွေအတွက် အမှတ်တရအဖြစ် မြေနေရာသတ်မှတ်ခဲ့ကြပါတယ်။

မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက်မှာလည်း ၈၈ အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ မိဘပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်စူးပြီး သံဃာ ၂၆ ပါးကို သင်္ဃန်းနဲ့ ဆွမ်းကျွေး အခမ်းအနား ပြုလုပ်ခဲ့ပြီး လူ ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ မန္တလေးမြို့က ၈၈၈၈ ငွေရတု ဆုံးဖြတ်ချက်ကော်မတီဝင် ဦးတင်အေးကြူက ပြောပါတယ်။

အခမ်းအနားအတွင်း ၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆရာဦးကိုလေးနဲ့ ဦးရွှေထူး စတဲ့ပုဂ္ဂိုလ်တွေက ဟောပြောပြီး ၈ လေလုံး ငွေရတုလုပ်ငန်းစဉ် ဖော်ဆောင်ရေးကော်မတီက လုပ်ငန်းစဉ်တွေကို ရှင်းလင်းဟောကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ၈၈၈၈ ငွေရတု ဆုံးဖြတ်ချက်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ဖို့လည်း ဦးတင်အေးကြူက တိုက်တွန်းခဲ့ပါတယ်။

“ငွေရတုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ပေါ့ဗျာ။ အဲဒီ ဆုံးဖြတ်ချက် ၃ ရပ်ကတော့ ပြည်ထောင်စုညီလာခံ ခေါ်ယူရေး၊ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး ၈၈၈၈ စိတ်ဓာတ်နဲ့ အဲဒီ ရည်ရွယ်ချက် ၃ ရပ်ကို ဆက်လက်ဖော်ဆောင်ကြဖို့ပေါ့ဗျာ။”

ပဲခူးတိုင်း ပြည်မြို့မှာလည်း ၈ လေးလုံး အရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ သရုပ်ဖော် ပါဖောမင့်တခု လုပ်ပြီး စီတန်းလမ်းလျှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်ခရိုင် ၈၈ ကျောင်းသားဟောင်း ဦးဗရှီးက “ဒီနေ့ အခမ်းအနားကို မနက် ၉ နာရီ ထိုးမှာ စတင်။ ပါဖောမင့် တခုလုပ်တယ်။ အဲဒီ ပါဖောမင့်မှာ အဓိက ပါတာကတော့ မီဒီယာဆိုတဲ့ဆိုဒ်က ပါတယ်။ လူ ၄ ယောက်က အိုးတလုံးကို ၀ိုင်းတူးတာ၊ အိုးကို ကိုင်ထားတာ အာဏာပိုင်အဖွဲ့အစည်းက ကိုင်ထားတယ်။ ပြည်သူတွေနဲ့ မီဒီယာတွေကို ပေးရမယ့်ဟာကို မပေးပဲ နောက်ဆုံး အိုးကို ရိုက်ခွဲလိုက်တယ်ပေါ့နော်။ အဲဒီလိုဟာလေး တခု လုပ်တယ်။ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ ၈ လေးလုံးမှာ အသက်ပေးသွားတဲ့ လူတွေကို နံနက် ၉ နာရီထိုးမှာ အလေးပြုတယ်။ ပြီးတော့ မြင်းစီးကျောက်ရုပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ပြီး အုန်းတောလမ်းကနေ ကွေ့တယ်။ ပြည်တက္ကသိုလ်ရှေ့မှာ ဗကသက ကျောင်းသား ကိုမင်းဇော် စကားပြောပြီးတော့ အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်။”
ချီတက်မှုအတွင်း ပြည်မြိုအမှတ် ၁၊ ၂ နဲ့ ၃ က ရဲစခန်းမှူးတွေ တားမြစ်မှုတွေ ရှိခဲ့ပေမယ့် ဘယ်လို အရေးယူမလဲဆိုတာကို အကြာင်းကြားတာမရှိသေးဘူးလို့ ပြောပါတယ်။

အလားတူ အခမ်းအနားတွေကိုလည်း မုံရွာ၊ စစ်ကိုင်း နဲ့ မြင်းခြံမြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဗွီဘီ
သြဂုတ် ၈ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ တပါတီအာဏာရှင်စနစ်ကို မြန်မာတနိုင်ငံလုံးက လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်အုံကြွ တွန်းလှန်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံ ၂၆ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

တရုတ်နှင့်အာဆီယံအကြား ဗျာများရမယ့် မြန်မာ

Photo: တရုတ်နှင့်အာဆီယံအကြား ဗျာများရမယ့် မြန်မာ
Friday August 8, 2014

လာမည့်စနေနေ့တွင် အရှေ့တောင်အာရှ နိုင်ငံများ   အသင်း အာဆီယံ၏ဒေသတွင်းအစည်း အဝေးကို လက်ခံကျင်းပရန် မြန် မာကအားယူနေချိန် နိုင်ငံ၏ အနေအထားသည် ကံဆိုး၊ ကံကောင်း နှစ်ခုစလုံး  ရောထွေးနေသည်ကို တွေ့ရပါလိမ့်မည်။ မြန်မာက သူ၏   အာဆီယံဥက္ကဋ္ဌအဖြစ် ထင်ရှားလာသည့်အနေအထားကို ကြိုဆိုနေသလို ထိုနေရာ၏ လုပ်ရကိုင်ရခက်သည့် ဖိအားများကလည်း တိုးလာနေသည်။ တောင်တရုတ်ပင်လယ်ကရေပိုင်နက်ပြဿနာသည် အာဆီယံအစည်းအဝေးတွင် တရုတ်နိုင်ငံကို လို လားသူနှင့် မလိုလားသူအဖွဲ့များကြားတွင် တိုက်ပွဲတစ်ခုအဖြစ် ပုံစံ ပြောင်းသွားနိုင်ပါသည်။

၂၀၁၁ တွင် မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၁၃ ၌ တာဝန် ယူမည့်အကြောင်းကြေညာခဲ့စဉ် က တိုင်းပြည်ကိုရှေ့တန်းရောက်စေသည့် အဓိကအဆင့်ကြီးတစ်ခု အဖြစ်မြင်ကြသည်။

သို့ရာတွင် ၂၀၁၁ တွင် မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲရေးများလုပ်လာသောအခါ မြန်မာအပေါ်ထားရှိသည့် နိုင်ငံခြားရေးရာမူဝါဒများလည်း  ပြောင်းလဲခဲ့သည်။ မြန်မာကို ၂၀၁၄ ခုနှစ်အာဆီယံ ဥက္ကဋ္ဌပေးအပ်ခြင်းသည် မြန်မာ၏ပြောင်းလဲတိုးတက်မှုများနှင့် ရှေ့ဆက်ပြီးပြုပြင်ပြောင်းလဲရေး များလုပ်ဆောင်ရန် ချီးမြှင့်မှုတစ်ခုဆိုသည်မှာထင်ရှားသည်။

အာဆီယံအတွင်းရေးမှူးချုပ် လီလွန်မင်းက

‘‘မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာဟာ အာဆီယံအဖွဲ့ ဝင်တွေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ကြီးမားတဲ့ထောက်ခံမှု ကိုရနေတဲ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ဒီမိုကရေစီပြောင်းလဲရေးနှင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေကြားမှာ ပေါ်လာတာပဲ’’ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးများ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သလဲဟု မေးခွန်းထုတ်စရာရှိလာ သော်လည်း ထိုအချက်သည် နိုင် ငံခြားရေးမူဝါဒအပေါ်တွင် သက် ရောက်မှုရှိခဲ့သည်ဆိုသည်ကို ငြင်း ပယ်၍မရနိုင်ပါ။ မြန်မာ၏အာဆီ ယံဥက္ကဋ္ဌနေရာက အသီးအပွင့် ရလဒ်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှာ သူ၏အသွင်သစ်လည်းဖြစ်၏။ နောက်ထပ်သိသာထင်ရှားသည့် အချက်က ပြီးခဲ့သည့်သုံးနှစ်အ တွင်း အမေရိကန်နှင့်ဆက်ဆံရေး သိသိသာသာကောင်းလာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် သမ္မတအိုဘားမားပင် မြန်မာ နိုင်ငံကို   လာရောက်ခဲ့သည်။ အနှစ် ၂၀ အတွင်းပထမဆုံးအမေ ရိကန်သံအမတ်ကိုလည်း ပြန် လည်ခန့်အပ်ခဲ့သည်။

အနောက်နိုင်ငံများအကြား မြန်မာ၏ရေပန်းစားမှုက တရုတ် နိုင်ငံကို  စိုးရိမ်ပူပန်စေသည်။ တရုတ်က မြန်မာအထီးကျန်နေ စဉ်မှာ ပြိုင်ဘက်မရှိမြန်မာကိုစိုး မိုးခွင့်ရခဲ့သူဖြစ်သည်။ တကယ် တမ်းတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ခဲ့ခြင်းမှာ မြန် မာနိုင်ငံ၏တရုတ်နိုင်ငံအပေါ် မှီခို အားထားမှုကို  လျှော့ချလိုသည့် မြန်မာခေါင်းဆောင်များကြောင့် တရုတ်က မြန်မာနှင့်ဆက်သွယ်မှု များ လျှော့ချလာသည်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ အတွင်း တရုတ်က မြန်မာတွင် သူ၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ၉၀ ရာခိုင်နှုန်းလျှော့ချခဲ့သည်။ ခေါင်းဆောင်ပိုင်းအဆင့် ခရီးစဉ်များကိုလည်း လျှော့လိုက်၏။

ပြောရမည်ဆိုလျှင် မြန်မာ ၏အာဆီယံဥက္ကဋ္ဌနေရာက ခေါင်းအကြီးအကျယ်ခဲစရာဖြစ်သည်။ အာဆီယံဥက္ကဋ္ဌအနေဖြင့် အာဆီ ယံအစည်းအဝေးများမှာ တွင် ကျယ်သလို တရုတ်လိုလားသူ နှင့်မလိုလားသူများကြားမှာ အိမ် ရှင်နိုင်ငံအဖြစ်  ဖိအားများစွာပေးခြင်းခံရရန်ရှိသည်။

ဥပမာဆိုရလျှင် ၂၀၁၀ ပြည့်နှစ်က အာဆီယံဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်က တောင်တရုတ်ပင် လယ်အငြင်းပွားမှုကို ဒေသတွင်း ထိပ်သီးအစည်းအဝေးမှာ အဓိက ပြဿနာအဖြစ်တင်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဆန့်ကျင်ဘက် ဖြစ်၏။ သူက ရေပိုင်နက်ပြဿနာ ကို အစည်းအဝေးတွင်လွှမ်းမိုး ခွင့်မပြု။ မြန်မာအပေါ်တွင်တော့ ထိုဖိအားတွေက နှစ်ဆဖြစ်လာ သည်။ တစ်ဖက်မှာလည်း တရုတ်က မြန်မာ၏အကြီးဆုံးကုန်သွယ် ဖက်နှင့်   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ထားသည့်နိုင်ငံ ဖြစ်နေသည်။ တရုတ်ဆန့်ကျင် ရေးအာဆီယံအစည်းအဝေး သည် မြန်မာ၏စီးပွားရေးနှင့် နိုင်ငံရေးတွင် မကောင်းသော  အကျိုး ဆက်များပေးလာနိုင်သည်။

သို့သော် ပြီးခဲ့သည့်မေလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာသည် တရုတ်နှင့်ဗီယက်နမ်အကြားတွင် သံတမန်နည်းအရ  ခက်ခက်ခဲခဲ ဖြတ်သန်းစီမံနိုင်ခဲ့သည်။

ယခုအခါတွင် တောင်တ ရုတ်ပင်လယ် ရေပိုင်နက်ပြဿ နာသည် လာမည့်အာဆီယံအစည်း အဝေးတွင် မြန်မာ၏ နိုင်ငံခြား ရေးမူဝါဒကို နောက်တစ်ခါအား စမ်းရန် ခြိမ်းခြောက်တာစူနေပါ ပြီ။

(The Diplomat စာစောင်ပါ ဆောင်းပါးရှင် Shannon Tiezzi ၏ Myanmar, ASEAN, and the China Challenge ဆောင်းပါးကို ထားထားမြင့်  ဘာသာပြန်ဆို သည်။)

7Day DAILY 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပမည့်  MICC(2)ရှေ့မှဝန်ထမ်းနှစ်ဦး (ဓာတ်ပုံ− စိုးဇေယျာထွန်း/ ရိုက်တာ)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပမည့်  MICC(2)ရှေ့မှဝန်ထမ်းနှစ်ဦး (ဓာတ်ပုံ− စိုးဇေယျာထွန်း/ ရိုက်တာ)
လာမည့်စနေနေ့တွင် အရှေ့တောင်အာရှ နိုင်ငံများ   အသင်း အာဆီယံ၏ဒေသတွင်းအစည်း အဝေးကို လက်ခံ ကျင်းပရန် မြန် မာကအားယူနေချိန် နိုင်ငံ၏ အနေအထားသည် ကံဆိုး၊ ကံကောင်း နှစ်ခု စလုံး  ရောထွေးနေသည်ကို တွေ့ရပါလိမ့်မည်။ မြန်မာက သူ၏   အာဆီယံဥက္ကဋ္ဌအဖြစ် ထင်ရှားလာသည့် အနေ အထားကို ကြိုဆိုနေသလို ထိုနေရာ၏ လုပ်ရကိုင်ရခက်သည့် ဖိအားများကလည်း တိုးလာနေ သည်။ တောင်တရုတ်ပင်လယ်ကရေပိုင်နက်ပြဿနာသည် အာဆီယံအစည်းအဝေးတွင် တရုတ်နိုင်ငံကို လို လားသူနှင့် မလိုလားသူအဖွဲ့များကြားတွင် တိုက်ပွဲတစ်ခုအဖြစ် ပုံစံ ပြောင်းသွားနိုင်ပါသည်။

ဆင်းကဒ် ၁၀ သန်း စက်တင်ဘာမှာ တစ်ပြိုင်နက် စတင်ရောင်းချပေးမည်ဟု တယ်လီနောမြန်မာပြောကြား

Photo: ဆင်းကဒ် ၁၀ သန်း စက်တင်ဘာမှာ တစ်ပြိုင်နက် စတင်ရောင်းချပေးမည်ဟု တယ်လီနောမြန်မာပြောကြား
Friday August 8, 2014

လာမယ့်စက်တင်ဘာလကစပြီး အသင့်သုံးစွဲနိုင်မယ့် တယ်လီနောဆင်းကဒ် ၁၀ သန်းကိုတစ်ပြိုင်နက် စတင်ရောင်းချပေးမယ်လို့ တယ်လီနောမြန်မာက
ကြေညာချက်ထုတ်လိုက်ပြီး လိုင်းစွဲအားအတွက်တော့ လတ်တလောမှာ အာမခံနိုင်ခြင်းမရှိဘူးလို့ တယ်လီနောမြန်မာရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောပါတယ်။
 
ဖုန်းခေါ်ဆိုခအတွက် ပြည်တွင်းက ဘယ်ဖုန်းနံပါတ်ကိုမဆို တစ်မိနစ် ၂၅ ကျပ်သာ အများဆုံးရယူမယ်လို့ သတ်မှတ်ပေးထားပြီး ဆင်းကဒ်တန်ဖိုးကိုတော့ ၁၅၀၀ ကျပ်နဲ့ ရောင်းချမယ်လို့ ဦးစိုးသူထွန်းက MRTV- ကိုပြောပါတယ်။ နံပါတ်အပူးနဲ့ လူကြိုက်များတဲ့ နံပါတ်တွေကိုတော့ သီးသန့်ဈေးနှုန်း သတ်မှတ်ရောင်းချ ပေးမယ်လို့လည်း သိရပါတယ်။
 
တယ်လီနောဆင်းကဒ်တွေကို သီးသန့်အရောင်းဆိုင် ၂၀၀ ထားရှိရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နယ်မြေတွေကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။ တယ်လီနောမြန်မာက သူတို့ရဲ့ဆင်းကဒ်တွေကို GSM ဖုန်းတိုင်းနဲ့သုံးစွဲနိုင်အောင် စီစဉ်ထားပြီး ၀န်ဆောင်မှုအနေနဲ့ Video Call အပါအ၀င် 4 G  ကွန်ယက်အဆင့်ထိ ၀န်ဆောင်မှုပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

MRTV-4
လာမယ့်စက်တင်ဘာလကစပြီး အသင့်သုံးစွဲနိုင်မယ့် တယ်လီနောဆင်းကဒ် ၁၀ သန်းကိုတစ်ပြိုင်နက် စတင်ရောင်း ချပေးမယ်လို့ တယ်လီနောမြန်မာက ကြေညာချက်ထုတ်လိုက်ပြီး လိုင်းစွဲအားအတွက်တော့ လတ် တလောမှာ အာမခံနိုင်ခြင်းမရှိဘူးလို့ တယ်လီနောမြန်မာရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်း က ပြော ပါတယ်။

အမေရိကန်စစ်တပ် အီရတ်သူပုန်တွေကို လေကြောင်းကနေ တိုက်တော့မယ်

Photo: အမေရိကန်စစ်တပ် အီရတ်သူပုန်တွေကို လေကြောင်းကနေ တိုက်တော့မယ်
Friday, August 8, 2014 

“အီရတ်သို့ စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် F/A-18 Hornet အမျိုးအစား တိုက်လေယာဉ် တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - AP)”

အီရတ်နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ အတွက် အမေရိကန်သမ္မတ အိုဘားမားက သူရဲ့ စစ်တပ်ကို ခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

လူနည်းစုကို သတ်ဖြတ်တာကနေ ကာကွယ်ဖို့နဲ့ အမေရိကန် အကျိုးစီးပွားတွေကို စောင့်ရှောက်ဖို့ ခုလို လုပ်ရတာဖြစ်တယ် လို့လည်း အိုဘားမားက ဆိုပါတယ်။ လကြောင်းကနေ တိုက်ခိုက်မယ် ဆိုပေမယ့်လည်း ဘယ်အမေရိကန်တပ်ဖွဲ့ကိုမှ အီရတ်ကို ပို့ဆောင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်မစ်ပြည်ထောင်စုလို့ အမည်ရတဲ့ စစ်သွေးကြွတွေရဲ့ အုပ်စိုးမှုဒဏ် ခံနေရတဲ့ အီရတ်ပြည်သူတွေကို လေကြောင်းကနေ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ချပေးခဲ့ပါတယ်။

ယာဇီဒီလို့ အမည်ရတဲ့ အီရတ်ကလူနည်းစု ဘာသာရေးအုပ်စု တစ်စုဟာ အစွန်းရောက် အစ္စလာမ်မစ် တိုက်ခိုက်ရေးသမား တွေရဲ့ ဝိုင်းထားမှုကြောင့် ဆင်ဂျာတောင်ပေါ်မှာ ပိတ်ဆို့ခံနေရပြီး အစာရေစာ ပြတ်လပ်မှု နဲ့လည်း ကြုံနေရပါတယ်။
အဲဒီလူနည်းစုအုပ်စု ထွက်ပြေးရင်လည်း အစွန်းရောက်တွေ လက်အောက်မှာ အသတ်ခံရမှာဖြစ်ပြီး တောင်ပေါ်မှာ ဆက်ပြီး စုစည်းနေရင်လည်း အစာရေစာ ပြတ်လပ်တာကြောင့် အသက်ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဒါကြောင့် လေကြောင်းကနေ ရိက္ခာတွေ သွားချပေးခဲ့တာ ဖြစ်ပါတယ်။

"ကမ္ဘာပေါ်မှာ အကျပ်အတည်းတွေ ဖြစ်တိုင်းဖြစ်တိုင်း အမေရိကန်ပြည်ထောင်စုက ကြားမဝင်သင့်ဘူး ဆိုတာ ကျွန်တော်နားလည်ပါတယ်" လို့ အိုဘားမားက ဆိုပါတယ်။ ဆက်လက်ပြီး အိုဘားမားက "တာဝန်ယူမှုရှိရှိ သတိရှိရှိနဲ့ ဖြစ်လာမယ့် အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေကို ကျွန်တော်တို့ ကာကွယ်ရပါလိမ့်မယ်၊ အမေရိကန်တွေ လာနေပါပြီ" လို့ ပြောပါတယ်။

The Voice Weekly
“အီရတ်သို့ စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် F/A-18 Hornet အမျိုးအစား တိုက်လေယာဉ် တစ်စီး ကို တွေ့ ရစဉ် (ဓာတ်ပုံ - AP)”
အီရတ်နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက် ခိုက် ဖို့ အတွက် အမေရိကန်သမ္မတ အိုဘားမားက သူရဲ့ စစ်တပ်ကို ခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

စာတိုက်လုပ်ငန်း ပြုပြင်ပြောင်းလဲရန် ဂျပန်မှ စစ်တမ်းကောက်ယူ

ဂျပန်နိုင်ငံမှ ပညာရှင်များသည် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် စစ် တမ်းကောက်ယူမှုများ ပြုလုပ်နေသည်ဟု ရန်ကုန်စာတိုက်ကြီးမှ တာဝန်ခံအရာရှိဖြစ်သူ ဦးရွှေထွန်းမောင် က ပြောသည်။

အွန်လိုင်းမှာ လူပြောများနေတဲ့ ရေသူမနဲ့ပတ်သက်လို့

Photo: အွန်လိုင်းမှာ လူပြောများနေတဲ့ ရေသူမနဲ့ပတ်သက်လို့
Friday, August 8, 2014 

အွန်လိုင်းမှာ နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမဆိုတာကို Pirates of the Caribbean ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ 

ဒါပေမယ့် အွန်လိုင်း အသုံးပြုသူတွေကြား ရေသူမ ဆိုတာ တကယ်ရှိတယ်၊ မရှိဘူး၊ အွန်လိုင်းမှာ ခေတ်စား
နေ တဲ့ ဓာတ်ပုံ ကလည်း ဒါဟာ ဖိုတိုရှော့ ပါဆိုပြီး ပြောဆိုငြင်းခုန်နေတာတွေလည်း တွေ့ရပါတယ်။ 

တကယ်တော့ ဖိုတိုရှော့လည်းမဟုတ်ပါဘူး။ ရေသူမဆိုတာကို ပညာရှင်တွေစုပေါင်းပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့ ကြတာဖြစ်ပါတယ်။ 

ပညာရင်တဦးပြောထားတာက သူတို့ ဒီရေသူမ ဆိုတာကို တကယ်အသက်ဝင်တဲ့ ပုံရိပ်တခုဖြစ်လာဖို့ 
လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီး အရိုးစုတွေအကြောင်းလည်း လေ့လာခဲ့ရသလို ငါးတပိုင်း၊ လူတပိုင်း သတ္တ၀ါဆိုတာမှာ ဘယ်လို အရိုးအဆစ်မျိုး ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြတာပါဘဲတဲ့။

နောက်ပိုင်းမှာ တကယ့် အသက်ဝင်တဲ့ ပုံစံဖြစ်ဖို့အရေး အရောင်တွေကိုလည်း သေချာ စီစဉ်ခဲ့တာ လို့ ဆိုပါတယ်။ လူ့အသားရေနဲ့ ငါး အသားအရေကို ဘယ်လို ဆက်စပ်ပြီးလိုက်ဖက်ညီအောင်လုပ်ဆောင် ဖန်တီးရတာ တကယ့် အနုပညာပါလို့လည်း ပညာရှင်တဦးက ပြောပါတယ်။ 

လူပေါင်းသန်းနဲ့ချီတဲ့ သူတွေကို ရေသူမ တကယ်ရှိတယ်လို့ အငြင်းပွားမှုတွေနဲ့ ထင်မှတ်မှားစေတဲ့ အထိ အနုပညာ မြောက်တဲ့ ရေသူမ အရုပ်ကို သူတို့ ဘယ်လို လုပ်ကြသလဲဆိုတာ အခုအောက်က ရုပ်သံဖိုင်မှာ ဧရာဝတီ ပရိသတ် တွေ ကြည့်ရှုနိုင်ပါတယ်။  

ဧရာဝတီ BLOG
အွန်လိုင်းမှာ နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမဆိုတာကို Pirates of the Caribbean ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း

Photo: မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း
Friday, August 8, 2014  

လက်ရှိ မြန်မာနိုင်ငံဒေသအချို့တွင် မိုးများဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေ လျှံခြင်းများဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ မိုးလေဝသပညာရှင်များက ရေဖုံးလွှမ်းနိုင်ချေရှိသည့်ဒေသများကိုလည်း သတိပေးချက်များ ထုတ်ပြန်ထားခြင်းများလည်းရှိနေသည်။
ယင်းသို့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသများတွင်မူ မိုးရွာသွန်းခြင်းမရှိသည့်အခြေအေ န များ ဖြစ်ပေါ်နေသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလေ ဗဒပ ညာ ရှင် ဒေါက်တာထွန်းလွင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရေကြီးမှု သုံးကြိမ် ဖြစ်တယ်လို့သိရတယ်။ အခုရေကြီး မှုဖြစ် တာ က ဘယ် နှစ်ကြိမ်မြောက်လဲ ။ နောက်ဘယ် အချိန်လောက် မှ ဖြစ် နိုင်သေးလဲ။
ဖြေ။ ။ တစ်နှစ်ကို သုံးကြိမ်ဖြစ်ပါတယ်။ ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင် - ဩဂုတ်မှာ တစ်ကြိမ်၊ စက်တင်ဘာ-အောက်တိုဘာမှာ တစ်ကြိမ်ပါ။ အခုကြီးတာက ဒုတိ ယအကြိမ်ပါ။ တတိယရေကြီးကာလကျန်ပါသေးတယ်။ အခု ရေကြီးတာက မုတ်သုံမိုးကြောင့် ပါ။ မုန်တိုင်းမိုး မပါသေးပါဘူး။ အခုချိန်ထိ မုန်တိုင်းမဖြစ်သေး တဲ့အ တွက် နောက်ပိုင်းကျရင် မုန်တိုင်းမိုးလာမှာပါ။ မုတ်သုံ မိုးပါပေါင်း လိုက်ရင်တော့ ပိုဆိုးဖို့ပဲရှိပါတယ်။ ဒီဖြစ်စဉ် မျိုးတွေကလဲ အတိတ်မှာဖြစ်ခဲ့ဘူး ပါတယ်။ ၁၉၇၄ ခုနှစ် တုန်းကဖြစ်ခဲ့ဘူးတယ်။ မုတ်သုံအားကောင်းနေတုန်းမှာ အရှေ့ဘက်က တိုက်ဖုန်းမုန်တိုင်းအကြွင်းအကျန်တစ် ခုလာလိုက်တဲ့ အတွက် ရေကြီး မှုဖြစ်တယ်။ အများမှတ်မိ တဲ့ဖြစ်စဉ်တစ်ခုကိုပြောရရင် ဧရာ ဝတီမြစ်ရေ ကြီးပြီး ပြည်မြို့မှာရှိ တဲ့ ရွှေဆံတော်ဘုရားခြေရင်း မှာရှိ တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ခြေ ရင်း ဒီရေကြီးပြီး၊ တစ်မြို့ လုံး ရေကြီးမှုဖြစ် ခဲ့ပါတယ်။ ဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူး။ ဖြစ်နိုင်တယ်လို့ပြောတာပါ။
ဖြစ်တတ်တဲ့ သဘာဝရှိတယ် လို့ပြောတာပါ၊ အဲ့ဒါကသတိထားသင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်အကြမ်း အားဖြင့် ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။
ဖြေ။ ။ အကြမ်းအားဖြင့်တော့ ငါးမျိုး၊ ခြောက်မျိုးလောက် ပဲရှိပါတယ်။ အသေအပျောက်အများဆုံးက မုန်တိုင်းပါ။ နောက်အပျက်အစီးအများဆုံး ကတော့ ရေကြီးတာပါပဲ။

http://www.dailydemocracytoday.com/2014-03-04-07-01-05/item/416-2014-08-08-04-29-14

Yangon Media Group
လက်ရှိ မြန်မာနိုင်ငံဒေသအချို့တွင် မိုးများဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေ လျှံခြင်းများဖြစ်ပေါ် လျက်ရှိနေ သည်။ ယင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ မိုးလေဝသပညာရှင်များက ရေဖုံးလွှမ်း နိုင်ချေရှိသည့်ဒေသ များကိုလည်း သတိပေးချက်များ ထုတ်ပြန်ထားခြင်းများလည်းရှိနေသည်။

အသက် ၇၆ နှစ် အမျိုးသမီးကြီး နားနှစ်ဖက်ကို လှီးဖြတ်အသတ်ခံရမှု သံသယရှိသူကို ဖမ်းမိ

ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်တွင် လွန်ခဲ့သော သုံးရက်က အသက် ၇၆ နှစ်အရွယ်ရှိ အမျိုးသမီးကြီး နားရွက်နှစ်ဖက် ပြတ်ပြီး လည်ပင်း ထိုးသွင်းဒဏ်ရာများဖြင့် နေအိမ်အတွင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်း သူဟု သံသယရှိသူ အမျိုးသားကို သြဂုတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်က ဖမ်းဆီးရမိ ခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးက ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် သမ္မတထံတင်ပြပေးရန် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံ တောင်းဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုင်းရင်း သားဒေသများတွင် စစ်ပွဲများရပ်တန့် ပေးရေး သမ္မတဦးသိန်းစိန်ထံ တင်ပြပေးရန် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း များမှတောင်း ဆို လိုက်ကြောင်း သိရ သည်။

အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် သမ္မတ တိုက်တွန်း

အာဆီယံနိုင်ငံ များကြား အာဆီယံ နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများ အကြား ချောမွေ့စွာ ဆက်သွယ်နိုင်ရေး အတွက် အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် တိုက်တွန်းလိုကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။