Thursday, 31 July 2014

Ladies’ Code အဖွဲ့ သြဂုတ် လအတွင်း အယ်လ်ဘမ်သစ် ထွက်မည်ဟုဆို

31jl3
အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားသည့် Ladies’ Code ဆက်ကျော်သက် အမျိုးသမီး အဆိုအဖွဲ့သည် ပရိသတ်များ အတွက် အံ့သြဖွယ် သတင်းကောင်း အချို့ ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး ၎င်းတို့သည် သြဂုတ် ၇ရက်၌ တစ်ကိုယ်တော် အယ်လ်ဘမ် တစ်ချပ်နှင့် အတူ ပရိသတ် ရင်တွင်းသို့ ပြန်လည် ဝင်ရောက် လာမည်ဟု k pop net  တွင် ရေးသားထားသည်။“အခုထုတ်ခဲ့ အယ်လ်ဘမ်ကနေ Ladies’ Codeအဖွဲ့ရဲ့ လွမ်းမောစရာ ဂီတသံစဉ်နဲ့ ပိုပြီးကြည်လွင် ရွှင်ပြတဲ့ အသံတွေကို အဆင့်မြင့် ပုံစံ ပြုပြင်ပြောင်းလဲ ထားတာ တွေ့ရမှာ ဖြစ်သလို နားဆင်သူတွေ အဖို့ ကြည်နူး ချမ်းမြေ့စေရုံ သာမက ကြည့်ရှုသူတွေ အတွက်လည်း စတိတ်စင်ပေါ်က သူတို့ရဲ့ ထူးခြားထင်ရှားတဲ့ကပြ ဖျော်ဖြေမှုတွေ ကိုလည်း မြင်တွေ့ရမှာပါ”ဟု ၎င်းတို့၏ အေဂျင်စီ Polaris Entertainment က မှတ်ချက်ပြု ပြောကြားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

Photo: နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
Thursday, July 31, 2014

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေး မယ်ယန်းပူးပေါင်းဂိတ် Mobile Team အဖွဲ့ခေါင်းဆောင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင် ဦးစီးသည့်စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းမီဒီယာများပါဝင်သောအဖွဲ့သည် ဇူလိုင် ၂၅ ရက် ည ၁ဝ နာရီက တောင်ကြီးမှ တာချီလိတ်သို့ သံလွင်လိုင်းပြေးဆွဲသည့် ၄၈/----Hiace အဖြူရောင်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံး ရှစ်တုံး၊ အလေးချိန် ၂၄ ဒသမ ၈ ကီလို၊ ဆင်ရုပ် ၈၃ ရုပ်၊ အလေးချိန် ၂၁ ဒသမ ၅ ကီလို၊ လက်ကောက် ၆ဝ၃ ကွင်း၊ အလေးချိန် ၃ ကီလို၊ ကျောက်ပုတီး လုံး ၂၇ဝ၊ အလေးချိန် ၁၅ ကီလို၊ ဆည်းလည်းကျောက်ပြားခေါင်းလောင်း ၁၄ ကီလို၊ ကျောက်ဖြတ်စ ၂ ဒသမ ၁ ကီလို၊ ကျောက်လက်ပတ် ၄ဝ ဒသမ ၅ ကီလို၊ ပုတီး ကုံး ၁၂ဝ၊ အလေးချိန် ၁ဝ ဒသမ ၅ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၅၃၅ဝဝ ကို ရှာဖွေတွေ့ရှိသဖြင့် ယာဉ်ပိုင်ရှင် နန်းစမ်နွမ်ဟွမ်ကိုမေးရာ သံလွင်ယာဉ်လိုင်းတွင် အသင်းဝင်ယာဉ်ဖြစ်ပြီး သံလွင်ဂိတ်မှူးမှ တင်ဆောင်ပေးရန် သယ်ဆောင်ခ ၅ဝဝဝဝ ဖြင့်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပိုင်ရှင်မှာ ဒေါ်ဂျမ်းစိန်ဖြစ်ပြီး မန္တလေးမှတာချီလိတ်သို့ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရပြီး သက်သေခံ ပစ္စည်းများအား မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ် လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဝင်းခိုင်က အဆိုပါပစ္စည်းများအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်း က အကောက်ခွန်ဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

အကောက်ခွန်မဲ့ပစ္စည်းသယ်ဆောင်လာသူ ကျောက်စိမ်းပိုင်ရှင်အား ဥပဒေအရအရေးယူပေးရန် လက်ထောက်ညွှန်ကြားရေးမှူးက တရားလို ပြုလုပ်တိုင်တန်းရာ ဒေါ်ဂျမ်းစိန်အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူပြီး သက်သေခံပစ္စည်းများကို ကျောက်စိမ်းအရိုင်းတုံး ဟုတ် မဟုတ်နှင့် တန်ဖိုးငွေတွက်ချက်စစ်ဆေးထင်မြင်ချက်တောင်းခံနိုင်ရန် ဦးဆောင် ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သတ္တု တွင်းဝန်ကြီးဌာန နေပြည်တော်သို့ ပေးပို့ထင်မြင်ချက်တောင်းခံထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေး မယ်ယန်းပူးပေါင်းဂိတ် Mobile Team အဖွဲ့ခေါင်းဆောင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင် ဦးစီးသည့်စားသုံးသူအကာ အကွယ်ပေးေ ရးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီး ဌာန၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းမီဒီယာများပါဝင်သောအဖွဲ့သည် ဇူလိုင် ၂၅ ရက် ည ၁ဝ နာရီက တောင်ကြီးမှ တာချီလိတ်သို့ သံလွင်လိုင်းပြေးဆွဲသည့် ၄၈/----Hiace အဖြူရောင်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံး ရှစ်တုံး၊ အလေးချိန် ၂၄ ဒသမ ၈ ကီလို၊ ဆင်ရုပ် ၈၃ ရုပ်၊ အလေးချိန် ၂၁ ဒသမ ၅ ကီလို၊ လက်ကောက် ၆ဝ၃ ကွင်း၊ အလေးချိန် ၃ ကီလို၊ ကျောက်ပုတီး လုံး ၂၇ဝ၊ အလေးချိန် ၁၅ ကီလို၊ ဆည်းလည်းကျောက်ပြားခေါင်းလောင်း ၁၄ ကီလို၊ ကျောက်ဖြတ်စ ၂ ဒသမ ၁ ကီလို၊ ကျောက်လက်ပတ် ၄ဝ ဒသမ ၅ ကီလို၊ ပုတီး ကုံး ၁၂ဝ၊ အလေးချိန် ၁ဝ ဒသမ ၅ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၅၃၅ဝဝ ကို ရှာဖွေတွေ့ရှိသဖြင့် ယာဉ်ပိုင်ရှင် နန်းစမ်နွမ်ဟွမ်ကိုမေးရာ သံလွင်ယာဉ်လိုင်းတွင် အသင်းဝင်ယာဉ်ဖြစ်ပြီး သံလွင်ဂိတ်မှူးမှ တင်ဆောင်ပေး ရန် သယ်ဆောင်ခ ၅ဝဝဝဝ ဖြင့်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပိုင်ရှင်မှာ ဒေါ်ဂျမ်းစိန်ဖြစ်ပြီး မန္တလေးမှ တာချီလိတ်သို့ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရပြီး သက်သေခံ ပစ္စည်းများအား မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ် လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဝင်းခိုင်က အဆိုပါပစ္စည်းများအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်း က အကောက်ခွန်ဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်

Photo: ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်
Thursday, July 31, 2014

 ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒီအများပိုင် ကုမ္ပဏီဟာ ကနဦးအနေနဲ့ ဆိပ်ကမ်းနဲ့ နီးတဲ့ နေရာတခုခုမှာ ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ယာယီထားနိုင်မယ့် Bonded Wearhouse တခု တည်ထောင်သွားမယ်လို့ ရှင်းပြပါတယ်။

လက်ရှိ ပြည်ပ ကားတင်သွင်းနေသူတွေအနေနဲ့ ရန်ကုန်ဆိပ်ကမ်းရောက်ပြီး ကားတွေကို အကောက်ခွန်က နှစ်လ ထက်ကျော်ပြီး လက်မခံခြင်း၊ လက်ရှိ လှိုင်သာယာ ကားအရောင်းအ၀ယ် ကွင်းကလည်း သြဂုတ်လ ၁ ရက်နေ့ကစ ကားညအိပ်ထားတာ လက်မခံခြင်း စတဲ့ ပြဿ နာတွေကြုံနေရတယ်လို့ ကားရောင်းဝယ်သူတွေက ပြောပြကြပါတယ်။

ဒီဗွီဘီ

 ဓာတ်ပုံ – ထွန်းထွန်းသိန်း
ဓာတ်ပုံ – ထွန်းထွန်းသိန်း
ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲ ရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့ ရှိတယ် လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြော ပါတယ်။

ထိုင်းလက်ရေးလှပြိုင် ပွဲမြန်မာကလေးငယ်အနိုင်ရ

 Photo: ထိုင်းလက်ရေးလှပြိုင် ပွဲမြန်မာကလေးငယ်အနိုင်ရ
Thursday, July 31, 2014

  မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားသော ကလေးငယ်တစ်ဦးသည်ထိုင်း နိုင်ငံ၌ ကျင်းပခဲ့သော ထိုင်း လက်ရေးလှပြိုင်ပွဲ၌ အနိုင်ရခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြ သည်။

ယမန်နေ့ကကျင်းပသော ထိုင်းအမျိုးသားဘာသာစကား နေ့အထိမ်းအမှတ်လက်ရေးလှ ပြိုင်ပွဲတွင် Tak ခရိုင်ရှိ Arunmetha ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၁၂ နှစ်)အရွယ် Yasa ဆိုသည့် မြန်မာကလေးငယ်သည် မူလတန်း အဆင့်ထိုင်းလက်ရေးလှပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

ထိုင်းအခြေခံပညာသင်ကြားရေးကော်မရှင် အထွေထွေအတွင်း ရေးမှူး Kamol Rodkhai က မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးမှ မွေးဖွားခဲ့သော Yasa သည် ထိုင်းလက်ရေးလှပြိုင်ပွဲ၌အနိုင်ရခဲ့ခြင်းကြောင့် ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်းနှင့် အံ့အားသင့်ဖွယ်အဖြစ်အပျက်တစ်ခုဖြစ် ကြောင်းပြောသည်။

Yasa ကို Tak ခရိုင်ရှိ Phop Phra ဒေသတွင် မွေးဖွားခဲ့ခြင်းဖြစ် သည်ဟုသိရသည်။ Yasa ၏ ဆရာဖြစ်သူ Saeng- arun Son saen က ''မြန်မာဘာသာသင်ကြားရေးစင်တာမှာ ပညာစသင်ခဲ့တဲ့ Yasa ဟာ အစောပိုင်းက ထိုင်းစာလုံးဝမတတ်ခဲ့ပါဘူး။ ဒါပေမယ့် အသက်(၁ဝနှစ်) အရွယ်အထိ ထိုင်းစာမတတ်ခဲ့တဲ့ Yasa ဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော် လောက်ကမှ ထိုင်းစာစသင်ခဲ့တာပါ။ ဥာဏ်ကောင်းတဲ့ Yasa ဟာထိုင်း ဘာသာစကားသင်ခန်းစာတွေကို စိတ်ဝင်တစား သင်ယူခဲ့တာကြောင့် တတ်မြောက်မှုနှုန်းမြန်ခဲ့ပါတယ်။ အတန်းထဲမှာလဲ Yasa ဟာ ထိုင်း ဘာသာစကားကိုရေးသားရာမှာ လက်ရေးအလှဆုံးသူဖြစ်သလို၊ အထူး ချွန်ဆုံးသူလဲဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတစ်နိုင်ငံလုံးမှာ ပထမရခဲ့တာ ကအံ့သြစရာမရှိပါဘူး''ဟု ပြောသည်။

The Union Daily
မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားသော ကလေးငယ်တစ်ဦးသည်ထိုင်း နိုင်ငံ၌ ကျင်းပ ခဲ့သော ထိုင်း လက်ရေးလှပြိုင်ပွဲ၌ အနိုင်ရခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြ သည်။

မြန်မာနိုင်ငံသည် ဗိုင်ဘာအတွက် အရေးကြီးသည့် ဈေးကွက်တခုဖြစ်

Photo: မြန်မာနိုင်ငံသည် ဗိုင်ဘာအတွက် အရေးကြီးသည့် ဈေးကွက်တခုဖြစ်
Thursday, July 31, 2014

မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တဲ့ ဗိုင်ဘာကို သုံးစွဲသူအရေအတွက် ၅ သန်း ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ဈေးကွက်တခု ဖြစ်တယ်လို့ ဖိုင်ဘာရဲ့ စီအီးအို တယ်လ်မွန် မာကို (Talmon Marco) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်ကို မနေ့က ရန်ကုန်မှာ ရှင်းပြခဲ့ပြီး ဗိုင်ဘာသုံးစွဲသူ မြန်မာတွေအတွက် ပိုပြီး အဆင်ပြေလာအောင်လုပ်ပေးမယ်လို့လည်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

imagesဗိုင်ဘာရဲ့ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာတာဝန်ခံ ဒေါ်ဝတ်ရည်အောင်က“မြန်မာနိုင်ငံမှာ သုံးလို့ မရသေးတဲ့ ဗိုင်ဘာရဲ့ တခြားလုပ်ဆောင်ချက်တွေ သုံးလို့ရအောင် လုပ်ပေးသွားဖို့ တိုင်ပင်နေပါတယ်။ ပြီးတော့ မြန်မာဘာသာနဲ့ ရေးထားတဲ့ မြန်မာနိုင်ငံသားတွေအတွက် သီးသန့််ရေးထားတဲ့ စတစ်ကာတွေလည်း လုပ်ပေးသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မရှိသေးပေမယ့် ရေရှည်အစီအစဉ်မှာတော့ ထည့်သွင်းထားပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အင်တာနက်လိုင်းနဲ့ အခမဲ့ ဖုန်းခေါ်နိုင်တာ၊ စာ၊ အသံနဲ့ ဗွီဒီယိုတွေ အခမဲ့ ပို့နိုင်တာကြောင့် မြန်မာနိုင်ငံမှာ သုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တယ်လို့ သုတေသန အဖွဲ့အစည်းတခု ဖြစ်တဲ့ On Device Research က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။

DVB
မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တဲ့ ဗိုင်ဘာကို သုံးစွဲသူအရေအတွက် ၅ သန်း ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ဈေးကွက်တခု ဖြစ်တယ်လို့ ဖိုင်ဘာရဲ့ စီအီးအို တယ်လ်မွန် မာကို (Talmon Marco) က ပြောပါတယ်။

ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူး သွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ

Photo: ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူး သွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ
Thursday, July 31, 2014

 ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်၌ မူးယစ် ဆေးဝါးမှုဖြင့် အချုပ်ခံ နေရသော ခင်ပွန်းဖြစ်သူထံသို့ ၎င်း၏ ဇနီးဖြစ်သူက စိတ်ကြွရူးသွပ်မူးယစ် ဆေးပြား ပေးပို့ရန် ကြိုးပမ်းစဉ် ဇူလိုင် ၂၆ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဘားအံ အကျဉ်းထောင် တာဝန်ကျ ဝန်ထမ်းများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဖော်ထုတ် ဖမ်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှု ဖြင့်အချုပ်ခံနေရသူ နိုင်နိုင်အေး(၃၃နှစ်) မြိုင်ကလေး ဘိလပ်မြေစက်ရုံကားဝင်းနေသူထံသို့ ၎င်း၏ဇနီးဖြစ်သူ မဝါဝါအောင်(ခ)မယဉ်ယဉ်အေး(၃၆နှစ်)မှ ဧည့်တွေ့လာရောက်စဉ် ၎င်းသယ်ဆောင်လာသော ပန်းရောင်လက်ဆွဲခြင်းအတွင်း ကော်ဖီမစ်၊ မုန့်ထုပ်များ ယူဆောင်လာမှုအပေါ် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် တာဝန်ကျ ကြီးကြပ်ရေးမှူး ဦးတင့်လွင်၊ ဘားအံအကျဉ်းထောင်တံခါးမကြီး ရှာဖွေရေး တာဝန်ကျ တပ်ကြပ်သိန်းထွန်းလွင်တို့က ဖွင့်ဖောက်စစ်ဆေးခဲ့ရာ Fun-O ယိုးဒယား ကွတ်ကီးမုန့်ထုပ်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ပြား၊ အလေးချိန် ၅ဒသမ ၇ ဂရမ်၊ ၁ ပြားလျှင် ဒေသတန်ဖိုး ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉၉၅ဝဝ တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများကို အကျဉ်းထောင် အတွင်းသို့သယ်ဆောင်တင်သွင်းခဲ့သူ မဝါဝါအောင်(ခ)မယဉ်ယဉ်အေးအား ဘားအံမြို့မရဲစခန်းက အမှုဖွင့်လှစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ ရေးဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အကျဉ်းထောင်အတွင်း
WY စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ မဝါဝါ အောင်(ခ)မယဉ်ယဉ်အေးအား စစ်ဆေးရာ ၎င်းဆေးပြားများအား ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်းဖြစ်သော ဥာဏ်လင်း (၂၈)နှစ် ဆိုသူက ဇူလိုင်၂၆ ရက် နံနက် ၉ နာရီက မဝါဝါအောင်(ခ)မယဉ်ယဉ်အေးအား ဘားအံအကျဉ်းထောင်ရှိ ခင်ပွန်းဖြစ်သူထံဧည့်တွေ့ လာရောက်စဉ် ထောင်ရှေ့လမ်းမတွင် ဆေးပြားပါသော မုန့်ထုပ်အားလာပေး၍ ယူလာရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ဘားအံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)

Myanmaalinn
ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်၌ မူးယစ် ဆေးဝါးမှုဖြင့် အချုပ်ခံ နေရသော ခင်ပွန်းဖြစ်သူထံသို့ ၎င်း၏ ဇနီးဖြစ်သူက စိတ်ကြွရူးသွပ်မူးယစ် ဆေးပြား ပေးပို့ရန် ကြိုးပမ်းစဉ် ဇူလိုင် ၂၆ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဘားအံ အကျဉ်းထောင် တာဝန်ကျ ဝန်ထမ်းများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဖော်ထုတ် ဖမ်းရမိခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်အား ဒက်္ခိဏခရိုင် တရားရုံးတွင် ကြားနာစစ်ဆေး၊ ကျန်းမာရေး မကောင်းဟု မီဒီယာများကို ပြောကြား

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယမန်နေ့က နေပြည်တော် ကောင်စီ နယ်မြေ ဒက်္ခိဏခရိုင် တရားရုံးတွင် ရုံးထုတ်ကြားနာ စစ်ဆေးခဲ့ပြီး၊ တရားရုံးမှ ပြန်လည် ထွက်ခွာချိန်တွင် မီဒီယာများအား မိမိကျန်းမာရေး မကောင်းကြောင်း ပြောကြားခဲ့သည်။

facebook မှ မိုဘိုင်းဖုန်းများတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org App ကို မိတ်ဆက်

Photo: facebook မှ မိုဘိုင်းဖုန်းများတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org App ကို မိတ်ဆက်
Thursday, July 31, 2014

ကမ္ဘာ့ပေါ်မှာ ရှိတဲ့ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဆယ်လူလာရရှိနိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်ကြပြီး အဲဒီအထဲကမှ ၃၀ ရာခိုင်နှုန်းလောက်ဟာ အင်တာနက်ကို အသုံးပြုနေကြပါတယ်။ လက်သင့်ခံနိုင်လောက်သော အခြေအနေနှင့် နားလည်သဘောပေါက်မှုတို့ဟာ အဲဒီ အင်တာနက်အတားအဆီကို ကျော်လွှာပြီး လက်ခံနိုင်စေဖို့အတွက် Facebook ဟာ Internet.org App ကို ထုတ်လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ အဲဒါဟာ အခမဲ့ပေးမယ့် ၀န်ဆောင်မှုတစ်မျိုးလဲဖြစ်ပါတယ်။
အဲဒီ App ကနေပြီး သူတွေဟာ ကျန်းမာရေးနဲ့ပတ်သက်တာ ၊ ၀န်ထမ်းဆိုင်ရာများ အခြား ပြည်တွင်း သတင်းအချက်အလက် များကို data charges မပါပဲ အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ App ကနေပြီး အဲဒီလိုမျိုး အခမဲ့ဝန်ဆောင်မှုတွေကို ပေးထားတဲ့အတွက် လူတွေဟာ အွန်လိုင်းကို ရောက်လာကြပြီး သူတို့အတွက် အသုံးဝင်တဲ့ အခြားရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မြှာ့ဖစ်ပါတယ်။
လောလောဆယ်တော့ ယခု Internet.org app ကို ဇင်ဘာဘွေမှာ ရှိတဲ့ Airtel ကုမ္ပဏီကနေ ၀န်ဆောင်မှုပေးထားတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး မကြာမှီ တစ်ကမ္ဘာ့လုံးကို တိုးချဲပေးမယ်လို့ ဆိုပါတယ်။

Ref : Newsroom.fb.com
YangonMediaGroup
ကမ္ဘာ့ပေါ်မှာ ရှိတဲ့ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဆယ်လူလာရရှိနိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်ကြပြီး အဲဒီအထဲကမှ ၃၀ ရာခိုင်နှုန်းလောက်ဟာ အင်တာနက်ကို အသုံးပြုနေကြပါတယ်။

မိုင်းပေါ်ဈေးမီးလောင် ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံး

ဓါတ်ပုံ- မိုင်းပေါ်ဈေး မီးလောင်ကျွမ်းပြာကျထားသည်ကိုတွေ့ရစဉ်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ မိုင်းပေါ်ဈေး ယမန်နေ့က မီးလောင်ကျွမ်း ခဲ့ရာ ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံးကြောင်း ဒေသတွင်းသတင်းအရ သိရှိရ သည်။

ရန်ကုန်မြို့ အိမ်ရာလိုအပ်ချက် နှစ်စဉ်ကြီးမား နေသော်လည်း အစိုးရ၏ တန်ဖိုးနည်း အိမ်ရာ ဖော်ဆောင်မှု နည်းပါးနေသေးဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၀- ရန်ကုန်မြို့ပေါ်သို့ အလုပ်လုပ်ကိုင်ရန် တက်ရောက်လာသည့် ကျေးလက်နေ သူများ နှစ် စဉ် များပြားနေခြင်း ကြောင့် ရန်ကုန် အိမ်ရာလိုအပ်ချက်ကြီးမား နေပြီး အစိုးရ၏ တန်ဖိုးနည်း အိမ်ရာလုပ်ငန်း များမှာ ထိရောက်မှု နည်းပါးနေကြောင်း အိမ် ခြံမြေလုပ်ငန်းရှင်များကဆိုသည်။

တူရကီ အမျိုးသမီးများ ဒုဝန်ကြီးချုပ်ကို အရွဲ့တိုက်၍ အပြုံးဓာတ်ပုံများ ရိုက်တင်

Photo: တူရကီ အမျိုးသမီးများ ဒုဝန်ကြီးချုပ်ကို အရွဲ့တိုက်၍ အပြုံးဓာတ်ပုံများ ရိုက်တင်
Thursday, July 31, 2014

တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌ ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုဖြစ်ပြီး အမျိုးသမီးများ လူမြင်ကွင်းတွင် မရယ်သင့်ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘူလန်အရင့်က မိန့်ခွန်း ပြောကြားသွားခြင်းကို ကန့်ကွက်သည့် အနေနှင့် တူရကီနိုင်ငံ တစ်ဝန်းရှိ အမျိုးသမီးများက ပြုံးရယ်နေသည့် ဓာတ်ပုံများ ရိုက်ကူး ဖြန့်ဝေလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“ရိုးသားဖြူစင်မှုက အရေးကြီးပါတယ်။ အများပြည်သူ နေရာတွေမှာ အမျိုးသမီးတွေ မရယ်သင့်ပါဘူး” ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘန်လန်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် တူရကီ လူမှုမီဒီယာများတွင် အမျိုးသမီးများ၏ ဝေဖန်တုံ့ပြန်မှုများ ပေါ်ပေါက်လာပြီး လူမြင်ကွင်း နေရာများတွင် အမျိုးသမီးများ ပြုံးရယ်နေသည့် ဓာတ်ပုံပေါင်း ထောင်ပေါင်းများစွာကို ဖြန့်ဝေခဲ့ကြသည်။

ခါခါလာ (ပြုံးရယ်သူဟု အဓိပ္ပာယ်ရသည့်) ဟု အမည်ပေးထားသော ဓာတ်ပုံပေါင်း ၃၀၀,၀၀၀ ကျော်ကို Twitter ပေါ်တွင် ဖြန့်ဝေခဲ့ကြပြီး အခြားသော ဓာတ်ပုံများကို တွန်းလှန်ခုခံပြုံးသူ၊ ခုခံတွန်းလှန်သည့် အမျိုးသမီး စသည့် နာမည်များဖြင့် ဖြန့်ဝေခဲ့ကြသည်။

“အဲဒီလို ပြောကြားတာက ရှေးရိုးဆန်တဲ့ ပြောကြားမှုပါ။ အရမ်းပဲ ဒေါသထွက်ဖို့ ကောင်းပါတယ်” ဟု နာမည်ကြီး စာရေးဆရာနှင့် နိုင်ငံရေးရာ သုံးသပ်သူ အတ်တီမဲကူရန်က ပြောကြားလိုက်သည်။

ထို့နောက်တွင် အတ်တီမဲကူရန်က ပြုံးရယ်နေသည့် ဓာတ်ပုံရိုက်လိုက်ပြီး အွန်လိုင်းတွင် ဖြန့်ဝေခဲ့ကာ အခြားသော တူရကီ အမျိုးသမီးများလည်း မိမိကဲ့သို့ ပင် ပြုံးရယ်နေသည့်ပုံများ ဖြန့်ဝေရန် တိုက်တွန်းခဲ့သည်။

“ငါက လွတ်လပ်တဲ့ လူတစ်ယောက်ပါ။ ပြုံးမယ် မပြုံးဘူးဆိုတာ ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ” ဟု အသက် ၂၃ နှစ်အရွယ် တူရကီအမျိုးသမီး ဟာဇယ်က ပြောကြားလိုက်သည်။

တူရကီနိုင်ငံတွင်းရှိ အမျိုးသားများကလည်း ဒုတိယ ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ဝေဖန်လျက်ရှိသည်။

“အမျိုးသမီးတွေ လူမြင်ကွင်း နေရာတွင်မှာ မရယ်ရဘူးဆိုရင် အမျိုးသားတွေလည်း လူမြင်ကွင်းမှာ မငိုသင့်ဘူး” ဟု တူရကီ ရုပ်မြင်သံကြား တင်ဆက်သူ ပါတကယ်က မှတ်ချက်ပြုလိုက်ပြီး ဝန်ကြီးချုပ် အာဒိုဂန် မိန့်ခွန်းပြောကြားစဉ် ကာလအတွင်း မကြာခဏ ငိုလေ့ရှိသည့် ဒုတိယဝန်ကြီးချုပ် ဘူလန်ကို ရည်ညွန်း ပြောကြားလိုက်သည်။

The Voice Weekly
တူရကီအမျိုးသမီးများ လူမြင်ကွင်း နေရာများ၌ ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုဖြစ်ပြီး အမျိုး သမီး များ လူမြင်ကွင်းတွင် မရယ်သင့်ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘူလန်အရင့်က မိန့်ခွန်း ပြောကြား သွားခြင်းကို ကန့်ကွက်သည့် အနေနှင့် တူရကီနိုင်ငံ တစ်ဝန်းရှိ အမျိုးသမီးများက ပြုံးရယ်နေသည့် ဓာတ်ပုံများ ရိုက်ကူး ဖြန့်ဝေလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့

Photo: အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့
Thursday, July 31, 2014

ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။

သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက်ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။

''မွေးဖွားခဲ့တဲ့ (၂၄)ကြိမ်မှာ သား ၁၄ဦး၊ သမီး ၁၂ဦး မွေးဖွား ခဲ့ပါတယ်။ အကြီးဆုံး သားကြီးက ၃၈နှစ်ရှိပြီး အငယ်ဆုံးသားက ၁၂ နှစ်ရှိနေပါပြီ။ အန်တီက တစ်နှစ်ကို ၁ယောက်နှုန်းနဲ့ မွေးဖြစ် ခဲ့တာပါ။ သူတို့ အသက် ရှစ်နှစ် ကိုးနှစ် ရောက်ပြီးမှ ဆုံးသွား ခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ယောက်ျားလေး ငါးဦး၊ မိန်းကလေး ရှစ်ဦးပဲ ရှိတော့တယ်။ ဆရာဝန်တွေ၊ အိုဂျီတွေ အပြင်ဆေးရုံ တွေကိုလည်း အမျိုးမျိုးပြောင်း ပြီး မွေးခဲ့ ရတာ တွေလည်းရှိပါတယ်'' ဟု ဒေါ်ခင်သူဇာက ပြောကြားသည်။

''အန်တီ့ ယောက်ျား ဦးမြင့်ဝေက ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်း အငြိမ်းစားဖြစ်တာက တစ်ကြောင်း၊ ကလေးတွေက အများကြီး ဖြစ်နေတာက တစ်ကြောင်း၊ သူတို့နဲ့ နေရေး၊ စားရေး၊ ကျောင်းတက်တဲ့ ကိစ္စတွေမှာလည်း အခက်အခဲတွေကတော့ ရှိပါတယ်။ သားသမီး၂၆ဦးမှာ အန်တီတို့ အဘိုးကြီး အဘွားကြီးတွေကို လေးဦး ငါးဦးပဲ လုပ်ကြွေး ရင်တောင်မှ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ကလေး ၂၆ဦး မွေးဖွားခဲ့သည့် ဒေါ်ခင်သူဇာတို့ မိသားစုတွင် ဆုံးပါးသွားသည့် သားသမီးများ မပါ လက်ရှိ သားသမီး ၁၃ဦးအပြင် မြေး ၁၇ဦး၊ မြစ်တစ်ဦး ရရှိနေ ပြီ ဖြစ်သည်။ ဒေါ်ခင်သူဇာမှာ အသက် ၅၇နှစ် ရှိပြီး ယောက်ျားဖြစ်သူ ဦးမြင့်ဝေမှာ ၆၄နှစ် ရှိကြောင်း သိရသည်။

ထိုမိသားစုအား ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က မိဘ ကျေးဇူးကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်အလိုက် အလှူဒါနများ ပြုလုပ်ပေးခြင်း၊ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များမှ အလှူငွေများ ပေး အပ်ထောက် ပံ့ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေါ်ခင်သူဇာ၏ ပြောကြားချက် အရ သိရသည်။

မောင်မျိုး (ဧရာဝတီ)
မြ၀တီ
ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်

Photo: အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်
==================================================

နေပြည်တော်    ဇူလိုင်   ၃ဝ

အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းက အမျိုးသားပြိုင်ပွဲ၌ နှစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တစ်သင်းတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲ တွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးအသင်းက ဗိုလ်စွဲမည်ဖြစ်သည်။ မြန်မာလူငယ်အသင်းများ    အောင်မြင်မှုရရှိရေးအတွက်လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက် ရှိပြီး မြန်မာနည်းပြများက ကိုင်တွယ်လျက်ရှိသည်။

ပြိုင်ပွဲဝင်မည့် မြန်မာလူငယ်အမျိုးသား(က)အသင်းတွင် အုပ်ချုပ်သူ ဦးမျိုးဝဏ္ဏထွန်း၊ နည်းပြချုပ် ဦးကျော်စွာဝင်း၊ လက်ထောက်နည်းပြ ဦးလွှမ်းမိုး၊ ကစားသမားများအဖြစ် ဇော်မျိုး၊ ခွဲခြားမောင်၊ ဇော်ထက်ဝေ၊ သွင်ထူးဇင်၊ ရဲနောင်ထွန်း၊ ဇော်ဝင်းလှိုင်၊ ဇော်မျိုးလင်း၊ မင်းကျော်သူ၊ နေလင်းအောင်၊ ငြိမ်းချမ်းအောင်၊ မျိုးမင်းဦး၊ မျိုးမင်းသူ၊ အမျိုးသား(ခ)အသင်းတွင် အုပ်ချုပ်သူ ဦးထွန်းငွေ၊ နည်းပြချုပ် ဦးရဲမြင့်၊ လက်ထောက်နည်းပြဦးတင့်ဝေ၊ ကစားသမား ရဲစည်သူ၊ ပြည့်စုံစိုး၊ တိုးမင်းမောင်၊ အောင်နိုင်ချစ်၊ ခွန်ဘိုဘို၊ ရန်ပိုင်၊ ဇော်လွင် ထွန်း၊ စံညွန့်မောင်၊ သက်အောင်၊ မင်းသိန်းဦး၊ နိုင်ထက်အောင်၊ ပြည့်စုံအောင်၊ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ ဒေါ်မာမာနိုင်၊ နည်းပြချုပ် ဦးသိန်းဆွေ၊ လက်ထောက်နည်းပြ ဦးကျော်စိုးအောင်နှင့် ဦးကျော်မိုးနိုင်၊ ကစားသမား ချိုချိုဝင်း၊ ခင်သက်ဝေ၊ ဥမ္မာသန်း၊ အေးနန္ဒာမြင့်၊ ဇာဇာလှိုင်၊ ဖြူသွယ်စိုး၊ အိနန္ဒာ၊ ထက်ထက်လင်း၊ သီတာလွင်၊ ဖီစီ၊ ညိုမာထွန်းနှင့်ဆုဆုဝေလွင် တို့ပါဝင်ကြသည်။
(ရှိုင်းထက်ဇော်)
အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။

လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု

တောင်သူလယ်သမားများကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို နှစ်ရှည် အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးနိုင်ရန် သဘောတူညီချကများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်သည်။“ပြန်လည်ရောင်းချရာတွင် လက်ရှိကျင့်သုံးနေတဲ့ ကြိုက်ရောင်း ကြိုက်ဝယ်မူကို အခြေခံပါမယ်။ ရောင်းချပြီးနောက် စက်ပစ္စည်းအမျိုးအစားအလိုက် အာမခံကာလသတ်မှတ်ပြီး ၀န်ဆောင်မှုပေးပါမယ်”ဟု သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကျော်ဆန်းက လွှတ်တော်တွင် ရှင်းပြသည်။လွှတ်တော်က အတည်ပြု လိုက်ပြီး ဖြစ်သည့်အတွက် ကိုရီးယားနိုင်ငံ Daedong Industry Co.,Ltd မှ ထုတ်လုပ်သည့် စက်ကိရိယာ များကို အရစ်ကျပေး သွင်းရာတွင် ဆိုင်းငံ့တစ်နှစ်ဖြစ်ပြီး ငါးနှစ် အရစ်ကျပေးရမည်ဖြစ်သည်။ စက်ကိရိယာ များကို ထုတ်လုပ်ပြီး အရည်အသွေးများ စစ်ဆေးရန်အတွက် အချို့လေးလကြာယူပြီး ဆောင်ရွက်ပေးမည်ဟု သဘောတူညီချက် ရရှိထားသည်။

လိုင်လီတိုက်စစ်မှူး အိုရီဂီအား လီဗာပူးစာချုပ်ခေါ်ယူ


ပရီမီယာလိဂ်ကလပ် လီဗာပူး အသင်းသည် ပြင်သစ်ပထမတန်း ကလပ် လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုရီဂီအား ပြောင်းရွှေ့ ကြေးပေါင် သန်း ၁ဝ(ယူရို ၁၂ သန်း)ဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ပြီး ယခု လက်ရှိတွင် လိုင်လီအသင်းသို့ အငှား ချထားလျက်ရှိသည်။ လိုင်လီအသင်း သို့ အငှားချထားသော်လည်း ၂ဝ၁၅ ခုနှစ်တွင် လီဗာပူးအသင်းသို့ ပြန် လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။

စစ်မှုထမ်းဟောင်း၏ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် ဖမ်းဆီးခံထားရ

စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။
ထို လယ်သမားများသည် စပါးစိုက်ပျိုးရန် လယ်ထဲသို့ ရေမောင်းသွင်းသည်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်း ဟောင်း အဖွဲ့ထံမှ လယ်ယာမြေများ အငှားယူ လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးလှအောင် ဆိုသူက ငါးခိုးသည်ဟု စွပ်စွဲ တိုင်ကြားရာ ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော၌ ပန်းတနော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း လယ် သမားများအား လိုက်ပါ ကူညီပေးနေသည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုဇော်ဇော်က ဧရာဝတီ သို့ ပြောသည်။
“လယ်သမားတွေက ပြီးခဲ့တဲ့ နွေစပါးစိုက်တုန်းက စပါးစိုက်ဖို့ ချောင်းထဲက ရေကို စက်နဲ့ မောင်းတင်တာ။ အဲဒါကို ငါးခိုးတယ် ဆိုပြီး စခန်းမှာ အမှုဖွင့်တာ။ လယ်သမားတွေလည်း မသိဘူး။ ဒီကိစ္စကို ထွေအုပ်၊ မြေစာရင်းနဲ့ တရားရေး ဌာနတွေနဲ့ ညှိနှိုင်း ပေးမယ် ဆိုပြီး လိမ်ခေါ်ပြီးတော့ မြို့ရောက်တော့ အကုန် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာ။ တနေ့က ပထမဆုံး အကြိမ် ရုံးထုတ် တာ”ဟု ၎င်းက ပြောပြသည်။

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

Photo: သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ
Thursday, July 31, 2014

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။

သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့ 
မလှနုထွန်း ပဲဖြစ်ပါတယ်။

သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှ
ရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။

အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ 
အလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။

Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာစတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။

"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို 
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာတော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar ကဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာကပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့ ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီကပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့် 
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့် 
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လားဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့ အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့ 
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ 
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု 
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက် အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmarက ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း 
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့ ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာစိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့ 
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံလုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီကပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း 
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက် အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်းရရှိခဲ့ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်
မြန်မာတိုင်း(မ်)
စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်
မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲအလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်

ပြောဆိုခဲ့ပါတယ်။

ဘုရားခိုးဂိုဏ်းမှသယ်ဆောင်လာသည့် ရတနာပုံခေတ်လက်ရာ ကျွန်းရုပ်ပွားတော်များ စစ်ကိုင်းတွင် ဖမ်းမိ

စစ်ကိုင်းမြို့နယ် ဆွမ်းချက်ကျေး ရွာ သံလမ်းအနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းတပ်ဖွဲ့မှ ရတနာပုံခေတ်လက်ရာ ကျွန်းသားမတ်ရပ် ရုပ်ပွားတော်ကြီးများ နှင့် အခြားရုပ်တုများကို ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က စစ်ဆေးတွေ့ ရှိသဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတို့တိုင်ကြားရာ စစ်ကိုင်းမြို့ ရဲစခန်းမှ (ပ)၃၁၈/၂ဝ၁၄ ဖြင့် အမှုဖွင့် ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ၂၉၅/၅၄ ဖြင့်အရေးယူထားကြောင်း သိရသည်။စစ်ကိုင်းမြို့ အမှတ်(၆၃)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ရဲအုပ်လူလှ၊ တပ်ကြပ်ကြီး စန်းခိုင်နှင့်အဖွဲ့သည် စစ်ကိုင်း အမှတ် (၂)ရဲကင်းစခန်းမှ တပ်ကြပ်လှမြင့် ပူး ပေါင်းအဖွဲ့၊ စီတီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးကျော်နိုင်၊ ဆယ်အိမ်မှူးဦးဇော် ဝင်းအောင်တို့နှင့်အတူ ဆွမ်းချက်ကျေး ရွာ ကားလမ်းံ့ ဝ၂၉၂၈၂ သံလမ်း ကူးနေရာမှ မသင်္ကာသောကားများကို ရပ်တန့်စစ်ဆေးမှုဆောင်ရွက်စဉ် လိုက်ထရပ်ယာဉ်တစ်စီးကို တားဆီးရာ မောင်း ပြေးသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ရဲအုပ် လူလှနှင့် တပ်ကြပ်ကြီးစန်းခိုင်တို့က လိုက် လံဖမ်းဆီးခဲ့သည်။ အဆိုပါကားသည် တပ်မ ၃၃ ရှေ့အရောက် လမ်းမပေါ်မှာ ဖမ်းဆီးရရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ရာ လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် ၈င်္---- နှင့်အတူ ယာဉ်ပေါ်မှ ဘုရားဆင်း တုတော်များကို တွေ့ရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားစီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးရန် ညွှန်ကြားထားပြီး တရားခံအား မဖမ်းဘဲ နားလည်မှုရယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားအစီအမံများဖြင့် စီမံချက်တစ်ခုရေးဆွဲကာ လွတ်မြောက်နေသောတရားခံပြေးများအား ပြန်လည်ဖမ်းဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဇွန် ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တရားခံပြေးတစ်သောင်းကျော်ကို ပြန်လည်ဖမ်းဆီးရန်ညွှန်ကြားထားသည့်စီမံချက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ်ဆောင်ရွက်ရန်၊ မိမိနယ်မြေအတွင်းရှိ တရားခံပြေးများကို ဖမ်းဆီးနိုင်မှုမရှိသေးချိန်တွင် အခြားမြို့နယ် နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များက နယ်ကျော်ဖမ်းဆီးခွင့်ရှိပြီး တရားခံအားဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စသည့်အချက်အလက်များပါဝင်ကြောင်း သိရသည်။

"အခုရဲချုပ်ရုံးကနေ ပြည်နယ်နှင့် တိုင်းအသီးသီးမှာရှိတဲ့ ရဲတပ်ဖွဲ့မှူးတွေကို စီမံချက်တစ်ခုချမှတ်ပြီးတော့ တရားခံပြေးတွေကိုဖမ်းဆီးဖို့ တွန်းအားပေးဆောင်ရွက်နေတယ်။ တိုးတက်မှုဖြစ်စဉ်တွေနဲ့ အခြေအနေတွေကို ချက်ချင်းတင်ပြဖို့ ညွှန်ကြားထားတယ်။ တရားခံပြေးတစ်သောင်းကျော်ကို ဖမ်းမမိသေးဘူးဆိုတဲ့အခြေအနေမှာ အကြောင်းအရာတွေအမျိုးမျိုးရှိနိုင်တယ်။ တချို့တရားခံတွေကလည်း ဝေးလံတဲ့နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေတာတွေရှိနိုင်တယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေါ့ဆတာတွေ၊ တရားခံပြေးနဲ့ ရဲတပ်ဖွဲ့ဝင်တို့နားလည်မှုယူထားပြီး မဖမ်းဆီးတာတွေ၊ တရားခံပြေးရဲ့ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်တွေကောင်းတဲ့အတွက် ရဲကသတင်းမရလို့ မဖမ်းဆီးနိုင်တာတွေ စတဲ့အကြောင်းအရာအချက်အလက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒီလိုလွတ်မြောက်နေတဲ့တရားခံပြေးတွေကို အမြန်ဆုံးဖမ်းဆီးရမိဖို့ ဖိဖိစီးစီးဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမ၀င် တရားခံပြေးနှင့် အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းမ၀င်တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံပြေး ၉၁၀ ယောက်၊ ပြန်တမ်းမ၀င်တရားခံပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄၀၄ ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးကြီးအုန်းခိုင်က ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေါ့ဆတာတွေ၊ တရားခံပြေးနဲ့ ရဲတပ်ဖွဲ့ဝင်တို့နားလည်မှုယူထားပြီး မဖမ်းဆီးတာတွေ၊ တရားခံပြေးရဲ့ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်တွေကောင်းတဲ့အတွက် ရဲကသတင်းမရလို့ မဖမ်းဆီးနိုင်တာတွေ စတဲ့အကြောင်းအရာအချက်အလက်တွေ အများကြီးရှိနိုင်ပါတယ်
ဆက်လက်၍ အမည်မဖော်လိုသူ ရဲအရာရှိက "တစ်ခြားမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေက အခြားမြို့နယ်မှာရှိနေတဲ့တရားခံပြေးကို ၀င်ရောက်ဖမ်းမိရင် ဒေသခံမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကိုအရေးယူသွားမယ်။ တရားခံပြေးနဲ့ နားလည်မှုယူပြီးတော့ မဖမ်းဘဲလွှတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ရဲစည်းကမ်းဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်" ဟုပြောကြားသည်။

ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လုပ်ဆောင်မှုများရှိနေသော်လည်း ရန်ကုန်မြို့နှင့် အခြားမြို့များတွင် အများအားဖြင့် လုံခြုံရေးကိစ္စများ၊ ဆန္ဒပြမှုကိစ္စများနှင့်ပတ်သက်၍သာ အဓိကဖြေရှင်းလုပ်ဆောင်နေခြင်း၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)တို့နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေရသောကြောင့် အခြားရာဇ၀တ်မှုများနှင့် တရားဥပဒေစိုးမိုးမှုအတွက် လုပ်ဆောင်ရာတွင် လုပ်ငန်းလိုအပ်မှုတချို့ရှိနေကြောင်း ပြည်သူတချို့က သုံးသပ်မှုများရှိနေသည်။

ကျပ်သိန်း ၄၀၀ ၀န်းကျင်လိမ်လည်မှုဖြင့် တရားဆွဲပြီး တရားခံပြေးခဲ့မှုကြောင့် အဆိုပါတရားခံအား ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ခုနစ်လအကြာအထိ ဖမ်းဆီးရမိခြင်းမရှိသေးမှုနှင့်ပတ်သက်၍ တရားလို သာကေတမြို့နယ်နေ ဒေါ်ခင်သန်းလှက "၂၀၁၁ ခုနှစ် ရှစ်လပိုင်းကစပြီးတော့ ကျောက်မဲမြို့နယ် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဝင်းထဲမှာနေတဲ့ ဒေါ်သွယ်သွယ်မင်းစိုးနဲ့ စီးပွားရေးအကျိုးတူလုပ်ဖြစ်တယ်။ ၂၀၁၃ ခုနှစ် သုံးလပိုင်းမှာ သူက ကျွန်မရဲ့အမြတ်ငွေတွေကို မပေးတော့ဘူး။ ဒါနဲ့သူ့ကိုဆက်သွယ်ပြီးတော့မေးတဲ့အခါမှာ မန္တလေးမှာနေတဲ့ သင်းသင်းခိုင်ဆိုတဲ့အမျိုးသမီးက သူ့ကိုတစ်ဆင့် လိမ်သွားတယ်လို့ပြောတယ်။ ဒါနဲ့ကျွန်မက သူ့ကိုရာဇ၀တ်မှုနဲ့ရော တရားမမှုနဲ့ပါ ကျောက်မဲမြို့နယ်တရားရုံးမှာ တရားဆွဲတယ်။ ပြီးတော့ သူကထွက်ပြေးသွားလို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ သူ့ကိုဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ တရားခံပြေးအနေနဲ့ ကျွန်မကို ဥပဒေကို လက်တစ်လုံးကြားလုပ်တယ်။ အခုအချိန်ထိလည်း ဖမ်းဆီးဖို့တာဝန်ရှိတဲ့ရဲတပ်ဖွဲ့ကလည်း မဖမ်းနိုင်သေးဘူး။ ကျွန်မအနေနဲ့ကတော့ မြန်မြန်ဆန်ဆန်ဖမ်းမိဖို့နဲ့ ဆုံးဖြတ်ချက်မှန်ကန်စွာနဲ့ အမိန့်ချပေးဖို့ပဲတောင်းဆိုပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းမိဖို့ ကျွန်မအနေနဲ့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးကိုသွားပြီးတော့ အကူအညီသွားတောင်းတဲ့အခါမှာ တာဝန်ရှိတဲ့သူက သူတို့နဲ့မဆိုင်ဘူး မြို့နယ်ကစခန်းမှူးနဲ့ဘဲဆိုင်ပါတယ်လို့ တာဝန်မဲ့စွာပြန်လည်ပြောခဲ့တယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။
ပြည်မြန်မာ