Wednesday, 30 July 2014

ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား

Photo: ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား
Wednesday, July 30, 2014

 ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ယခင်က မိုးတွင်းကာလတွင် တောင်တော်ပိတ်ကာ ဖူးမြော်ခွင့်ပြုခြင်း မရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင် မိုးတွင်းကာလများတွင်ပါ ဖူးမြော်ခွင့်ပေး၍ တစ်နှစ်ပတ်လုံး ဖူးမြော်နိုင်ကြောင်းသိရသည်။

''တစ်နှစ်ပတ်လုံးဖွင့်ထားပါတယ်။ မိုးတွင်းလည်းဖူးမြော်နိုင်ပါတယ်''ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ကျသူတစ်ဦးက ရှင်းပြသည်။

ထိုသို့တောင်ပေါ်တက်ရောက်ခွင့်ပြုထားသလို တောင်တက်ကားများလည်း ပြေးဆွဲပေးနေပြီး ခရီးသည်ပေါ်မူတည်၍ နေ့စဉ်ပြေးဆွဲနေလျက်ရှိသည်။ တောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ''မိုးရာသီလည်း တောင်တက်ကားကို လုံခြုံစိတ်ချစွာ စီးနင်းနိုင်ပါတယ်။ ဘာအန္တရာယ်မှမရှိပါဘူး။ ယာဉ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ရယ်၊ ကျွမ်းကျင်ပြီး စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ကြပ်မတ်ကိုင်တွယ်နေတာကြောင့် ဘာမှစိုးရိမ်စရာမလိုဘူး''ဟု ဆိုသည်။

ယခုလိုမိုးရာသီတွင် ပြည်တွင်းမှဘုရားဖူးဧည့်သည်များလည်းလာရောက်ဖူးမြော်ကြသလို ကမ္ဘာလှည့်ဧည့်သည်များလည်း လာရောက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းဘုရာဖူးတစ်ဦးက ''မိုးရေတွေထဲမှာ ဖူးမြော်ရတယ်ဆိုပေမယ့် ပိုပြီးတော့ပျော်ရွှင်ကြည်နူးရပါတယ်။ ပွဲတော်ရက်မှာကျတော့ လူကအရမ်းများတဲ့အခါ နေရာထိုင်ခင်းအခက်အခဲဖြစ်ရတယ်။ ဒါကြောင့်လည်း ဒီလိုကာလကို ရွေးပြီးတော့ လာရောက်ဖူးမြော်ဖြစ်တာဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။

ထက်ခိုင်(စမ်းချောင်း)
The Mirror Daily
ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ဓာတုဗေဒပိုးသတ်ဆေးများ စနစ်တကျမသုံးစွဲခြင်းကြောင့် တောင်သူများ ဓာတုအဆိပ်သင့်၍ သေဆုံးမှုများရှိနေ

မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ သရက်၊ သခွား၊ ဖရဲ စိုက်ပျိုး သည့်တောင်သူများမှာ ဓာတုဗေဒပိုး သတ်ဆေးများကို အကာအကွယ်မဲ့ စနစ်တကျသုံးစွဲခြင်း မရှိခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့်ပန်းမန်များစိုက်ပျိုးထုတ်လုပ်သူများ အသင်း မှ ကော်မတီဝင် ဒေါ်သန်းသန်း ဆွေက ပြောသည်။

e Government စီမံကိန်း၌ ပါဝင်နိုင်ရန် လုပ်ငန်းငယ်များ ကြိုတင်ပြင်ဆင်ထားသင့်

အစိုးရ၏ e Government စီမံကိန်းသည် မကြာခင်ကာလတွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်တော့မည်ဖြစ်ပြီး အဆိုပါ e Government စီမံကိန်း၌ အိုင်စီတီ စီးပွားရေးလုပ်ငန်းငယ်များ ပါဝင် လုပ်ကိုင်နိုင်ရန် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းအချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။ 

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

Photo: ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
Wednesday, July 30, 2014

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

‘‘မဲဖောက်ပေးတာတွေလည်း အခုချိန်ထိ မပေါက်သေးတော့ ဖုန်းမကိုင်နိုင်သေးဘူး။ နိုင်ငံခြားကုမ္ပဏီက ဈေးပေါပေါနဲ့ရောင်းမှပဲ ၀ယ်တော့မယ်။ ကိုယ့်ပြည်တွင်းက ဖုန်းတွေလို လိုင်းကျပ်တာတွေ ဖြစ်နိုင်တယ်။ သူတို့ကတော့ တာဝန်ယူမှုရှိမယ်လို့ ယုံကြည်ပါတယ်’’ဟု မင်္ဂလာဒုံမြို့နယ်တွင်နေသူ ကိုအောင်ထက်ကပြောသည်။

ပြည်ပအော်ပရေတာများအနက် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလအတွင်း ရောင်းချပေးသွားမည်ဟု တရားဝင်ကြေညာထားသည်။ နောက်အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးကမူ ချထားပေးမည့်အချိန်ကို အတိအကျမကြေညာထားသော်လည်း သြဂုတ်လဆန်းပိုင်းတွင် ချထားပေးမည်ဟု ပြည်တွင်းရှိ ဖုန်းဆိုင်အချို့ထံမှ သိရသည်။

‘‘အူရီးဒူးက ဆင်းမ်ကတ်တွေ ဒီလကုန်လောက်တော့ ချထားပေးမယ်ပြောတယ်။ ဒီသြဂုတ်လဆန်းမှာတော့ ချပေးမယ်လို့တော့ သိထားတယ်’’ဟု ပြည်တွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။

အူရီးဒူးသည် ပထမခြေလှမ်းအဖြစ် ဈေးကွက်အတွင်း မိုဘိုင်းဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြုလျက်ရှိပြီး လတ်တလော အခြေအနေအရ လိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရသည်မှာလည်း လက်ရှိဖုန်းများထက် ပိုကောင်းကြောင်း အသုံးပြုသူများက Facebook စာမျက်နှာများတွင် ရေးသားအမှတ်ပေးခဲ့ကြသည်။

သို့သော် လက်ရှိ အစမ်းပေးသုံးနေသည့် ဆင်းမ်ကတ်အရေအတွက်မှာ အနည်းငယ်သာ ရှိနေသေးသည့်အတွက် လိုင်းကောင်းသော်လည်း အသုံးပြုသူများလာချိန်တွင် လိုင်းအခြေအနေ မည်သို့ရှိလာမည်ကို စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။

‘‘အူရီးဒူးက လက်ရှိချထားပေးတဲ့ ဆင်းမ်ကတ်အရေအတွက်က အလွန်ဆုံးရှိရင် ထောင်ဂဏန်းပဲ ရှိဦးမယ်။ 3G ကွန်ရက်ဖြစ်တဲ့အတွက် လိုင်းမိတဲ့နေရာတွေမှာတော့ သုံးရတာမြန်ပေမယ့် တချို့နေရာတွေမှာ သုံးလို့မရသေးဘူး။ တကယ်သုံးတဲ့လူများလာရင် လိုင်းကောင်းမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်းအသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင်နှင့် ငွေ ၁၅၀၀ ကျပ်သာလိုပြီး ကျန်သောကန့်သတ်ချက်များမရှိဘဲ လိုအပ်သလောက် ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည်ဟု ဆိုသည်။

ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်မှာ အရေးပါသလို ဈေးနှုန်းချိုသာသော ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခတို့မှာလည်း ပြည်သူများအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

အူရီးဒူးသည် လိုင်စင်ရပြီးခါစတွင် ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ယူသွားမည်ဟု ပြောထားသော်လည်း လက်ရှိတွင် ‘‘ကျွန်တော်တို့အနေနဲ့ ဖုန်းခေါ်ဆိုခနှုန်းထားတွေကို အားလုံးတတ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေဖြစ်အောင် ဆောင်ရွက်သွားမှာပါ’’ ဟု အမှုဆောင်အရာရှိချုပ် Ross Cormack က ဖြေကြားထားသည်။

၎င်းတို့၏ပြိုင်ဘက် အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ခြင်းမရှိသေးဘဲ မြို့ကြီးများတွင်သာ အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသော်လည်း အူရီးဒူးအနေဖြင့် တိကျစွာ ထုတ်ပြန်ခြင်းမရှိခဲ့သဖြင့် မြို့အားလုံးတွင် အသုံးပြုနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

စက်တင်ဘာလတွင်း ရောင်းချပေးသွားမည်ဟု ကြေညာထားသည့် တယ်လီနောသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်အတွင်း၌ စမ်းသပ်အသုံးပြုခြင်းမျိုးမရှိသေးဘဲ လက်ရှိတွင် ကိုယ်စားလှယ်အချို့နှင့်သာ စမ်းသပ်အသုံးပြုလျက်ရှိသောကြောင့် လိုင်းအခြေအနေကို မသိရသေးပေ။

‘‘သုံးစွဲသူတွေ အားလုံးအတွက် အဆင်ပြေအောင် ဆင်းမ်ကတ်တွေကို ဖုန်းခေါ်တာ၊ SMS ပို့တာနဲ့ အင်တာနက်သုံးတာ စတဲ့ဝန်ဆောင်မှုတွေအားလုံး စပြီးတော့ စမ်းသပ်အသုံးပြုနေပါပြီ။ မကြာခင်မှာပဲ ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချမည့် အချိန်တွင် တာဝါတိုင်တစ်ထောင်ခန့် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်းများစတင်ရန် ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

တယ်လီနောသည် လိုင်စင်ရပြီးခါစ ဖုန်းပြောဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပေးသွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် ‘‘ဖုန်းခေါ်ဆိုခတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးသွားမှာဖြစ်သလို အင်တာနက်သုံးလို့ ပိုက်ဆံကုန်မှာပဲဆိုပြီး စိုးရိမ်စရာမလိုတဲ့ နှုန်းထားမျိုးနဲ့ ကောက်သွားဖို့ ရှိပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောထားသည်။

တယ်လီနောသည် ကွန်ရက်ဖြန့်ကြက်ရာ၌ 2G နှင့် 3G ကွန်ရက်နှစ်ခုလုံးကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်သွားမည်ဖြစ်ပြီး ဆင်းမ်ကတ်တွင် အင်တာနက်ပါ တစ်ခါတည်း အသုံးပြု၍ရမည်ဖြစ်သည်။

ပြည်ပအော်ပရေတာနှစ်ခုလုံးတွင် တူညီသည့်အချက်မှာ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို 4G စနစ်သို့ အလွယ်တကူ အဆင့်မြှင့်နိုင်ရန် ပြင်ဆင်ထားပြီး မှတ်ပုံတင်ရှိသူတိုင်း လိုသလောက် ၀ယ်ယူနိုင်မည့် ဆင်းမ်ကတ်များတွင် နိုင်ငံတကာသို့ သယ်ယူအသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု (Roaming Service)ကိုပါ ထည့်သွင်းပေးထားမည်ဟု ဆိုသည်။

ပြည်ပအော်ပရေတာနှစ်ခု ဈေးကွက်အပြိုင်ကြဲရမည့် အနေအထားတွင် အစိုးရအော်ပရေတာတစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် KDDI နှင့် Sumitomo Operation တို့နှင့် ပူးပေါင်းလိုက်သောကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးရန် အင်အားတောင့်တင်းသော အော်ပရေတာတစ်ဦးဖြစ်လာသည်။

၎င်းတို့သည် မိုဘိုင်းဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချခြင်းကို အခြားအော်ပရေတာများထက် ဦးစွာဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေဟာ ပြိုင်ဘက်တွေထက် မလျော့စေရပါဘူး။ သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ နေရာဒေသမရွေး ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ၀ယ်နိုင်အောင် လုပ်ပေးသွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်တွင် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ လက်ရှိအသုံးပြုသူများ အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့နေရသည့်အတွက် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးသောကြောင့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုမှ နည်းပညာများဖြင့် ကူညီဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

‘‘မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူတွေဟာ နေရာအများစုမှာ တိုင်မမိသလို လိုင်းကျပ်တဲ့ ပြဿနာနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုကြုံတွေ့နေရတာနဲ့ အင်တာနက်ဆိုင်ရာ ပြဿနာတွေ အားလုံးနီးပါးကို ဖြေရှင်းပေးသွားပါမယ်’’ ဟု ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် KSGM (Joint Operation) မန်နေဂျင်းဒါရိုက်တာ တကရှိနာဂရှီမက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဖုန်းပြောဆိုခများနှင့် အင်တာနက်အသုံးပြုခများ လျှော့ချရန် နှုန်းထားတစ်ခုကို အတိအကျ ကြေညာထားခြင်း မရှိသော်လည်း ပြိုင်ဘက်အော်ပရေတာများထက် သာလွန်သော အရည်အသွေးနှင့် သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ဆိုထားသည်။

နောက်ဆုံး အော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့သည် ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းနိုင်ရန် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသလို အခြေခံအဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင်လည်း အားနည်းနေသေးသည့်အတွက် အော်ပရေတာလေးခုထဲတွင် အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်နေသည်။

‘‘အခု ပြည်ပကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းမှုကလည်း ပြီးနေပါပြီ။ Additional Process အတွက် လုပ်နေတာတွေကြောင့်ပါ။ အော်ပရေတာပိုင်းနဲ့ပတ်သက်ပြီး အခုကတော့ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ လုပ်မှာဖြစ်တဲ့အတွက် မတူညီမှုလေးတွေတော့ ရှိနိုင်ပါတယ်’’ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးရှိန်းသူအောင်ကပြောသည်။

ရတနာပုံတယ်လီပို့မှလွဲ၍ ကျန်အော်ပရေတာသုံးခုသည် ဈေးကွက်အတွင်း၌ နေရာရရှိရေး အပြိုင်အဆိုင်ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တယ်လီနောသည် လက်ရှိအချိန်ထိ ကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်းထားသလို ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော အူရီးဒူးသည် လက်ရှိပမာဏကို မပြောသော်လည်း ၁၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက်အများဆုံး ဖြန့်ကြက်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ သုံးနှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

အော်ပရေတာသုံးခုလုံးသည် မြို့ကြီးများတွင်သာမကဘဲ ကျေးလက်ဒေသများထိ ဆင်းမ်ကတ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်သည်။

ငွေဖြည့်ကတ်ရောင်းချရာတွင်လည်း လက်ရှိရောင်းနေသည့် ငါးထောင်၊ တစ်သောင်းတန်ကတ်များ မဟုတ်ဘဲ မိမိလိုသလောက် အနည်းငယ်ကိုသာ ၀ယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာများက ပြောထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးဝန်ဆောင်မှုများ၊ သီးနှံဈေးနှုန်း၊ ရာသီဥတုနှင့် ကုန်အငှားဝန်ဆောင်မှုလုပ်ငန်း စသည့် ၀န်ဆောင်မှုများကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း အူရီးဒူးကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောတွင်လည်း မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ Wikipedia ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည့် ၀န်ဆောင်မှု၊ ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန် သတင်းအချက်အလက်စင်တာများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် Customer Service Center များ ဖွင့်လှစ်၍ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

အော်ပရေတာများအနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို မပေးပါက အရေးယူမှုများ ပြုလုပ်သွားရန်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြုလုပ်သွားမည်ဖြစ်ပြီး စာချုပ်ပါအချက်များအရ အူရီးဒူးသည် သြဂုတ်လနှင့် တယ်လီနောသည် စက်တင်ဘာလ နောက်ဆုံးထား၍ ဆင်းမ်ကတ်များကို ချထားပေးရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

‘‘လိုင်စင်ချပေးတဲ့အခါ ဘယ်အချိန် နောက်ဆုံးထားလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ အဲဒီရက်မှ မလုပ်နိုင်ရင်တော့ အရေးယူဖို့ရှိပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ဆက်သွယ်ရေးအော်ပရေတာများ၏ ပြိုင်ဆိုင်မှုသည် ပြင်းထန်လာပြီး ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုရတော့မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သော်လည်း အဆိုပါလုပ်ငန်းများအား ထိန်းကျောင်းပေးမည့် နည်းဥပဒေစည်းမျဉ်းများလည်း အမြန်ဆုံးထွက်ရှိရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကဆိုသည်။

‘‘ကျွန်တော်အကြံပြုချင်တာက ပြည်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို အေးအေးဆေးဆေးနဲ့ ရွေးချယ်ပြီး အသုံးပြုဖို့ပါပဲ။ ပြည်သူတွေ စင်ပေါ်ရောက်တဲ့ အလှည့်ဖြစ်သွားပြီလို့ပဲ ကျွန်တော် ပြောချင်ပါတယ်’’ ဟု ဦးမင်းဦးက အကြံပြုသည်။

နိုင်လင်းအောင်၊ ဆွေမွန်
7Day Daily
ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ် များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်

  Photo: တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်
Wednesday, July 30, 2014
  
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

Mobile-TeamMobile Team အဖွဲ့က တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေက တရားမ၀င်ကုန်စည် စစ်ဆေးတာတွေကို ဇူလိုင်ကစလို့ လ တလလုံး ပညာပေးကာလအနေနဲ့ စတင်ခဲ့တာပါ။

ပညာပေးကာလ အတွင်းမှာတော့ တရားမ၀င်ကုန်ပစ္စည်းတွေ ဖမ်းမိပါက အရေးယူဆောင်ရွက်တာမျိုးမလုပ်ပဲ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာလောက်ပဲ လုပ်ဆောင်ရာကနေ သြဂုတ်လကနေစပြီး ထောင်ဒဏ်ပါချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင်အရေးယူတော့မယ်လို့ Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“ဒီသတ်မှတ်ချက်အတိုင်းသွားရင်တော့ လက်ရှိ ၁ ရက် ၈ လ မှာ အရေးယူ ကာလ စတင်ပေးရမှာပါ။ အရေးယူကာလမှာ လက်ရှိ ပညာပေးကာလမှာ ဆောင်ရွက်နေတဲ့ အကောက်အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပင်လယ်ကြောင်း အကောက်အခွန်ဥပဒေအပြင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်အတည်ပြုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ လွှဲပြီး အရေးယူရမှာပါ။ ဖြစ်စဉ်ရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ယူသင့် မယူသင့်ကို ဒီအဖွဲ့တွေက ဆုံးဖြတ်သွားမှာပါ။ အားလုံးကို ဒါကြီးနဲ့ ယူမယ်လို့လည်း မဟုတ်ပါဘူး။ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ ကာယကံရှင်တွေ မနစ်နာအောင်လည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီး လုပ်ပေးမှာပါ။”

ပို့ကုန်သွင်းကုန်ဥပဒေနဲ့သာ အရေးယူခံရမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ အချခံရနိုင်ပြီး ငွေဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပညာပေးကာလ တလအတွင်းမှာပဲ ထီးတန်း အေးရှားဝေါ ဆိပ်ကမ်းတွေမှာ ထူးခြားဖြစ်စဉ် ၃၁ ခုထိ တွေ့ရှိခဲ့ရပြီး တရားမ၀င် သယ်ဆောင်လာတဲ့ စက်ပစ္စည်းတွေ နဲ့ ဘေထုတ်တွေ ထောင်ချီ ပါဝင်တာတွေ့ရှိခဲ့ရပါတယ်။

ဆိပ်ကမ်းတွေမှာ တလအတွင်း တွေ့ရှိရတဲ့ ထူးခြားဖြစ်စဉ်တွေကိုလည်း ဦးတင်ရဲဝင်းက က ခုလိုပြောပြပါတယ်။

“ကွန်တိန်နာ ၁ လုံးထဲမှာ စက်ပစ္စည်း ဆိုပါတော့။ တွင်ခုံလို စက်ပစ္စည်း။ ၁ လုံးဆိုပြီး ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တဲ့အခါမှာ ၂ လုံးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ၁ လုံးဆိုတာ မျိုးကလည်း ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ စက်ကြီးတွေ။ ဒီလိုဟာမျိုးတွေလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကွန်တိန်နာ ၇ လုံးနဲ့ ဂျပန်နိုင်ငံက ပို့လိုက်တဲ့ brand new လို့ လိုင်စင်ထဲမှာ ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တော့ ဘေထုတ်တွေ ဖြစ်နေတယ်။ စုစုပေါင်း ဘေထုတ် ၁၁၇၂ ထုတ်လောက်မှာ အထည်မျိုးစုံ ၃ သိန်း ၃ သောင်း လောက်ပါနေတာ တွေ့ရတယ်။ ဒါမျိုးတွေက ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တရားမ၀င်ကုန်သွယ်နေတဲ့ နယ်စပ်လမ်းကြောင်းတွေမှာ ရွေ့လျား စစ်ဆေးရေးအဖွဲ့ Mobile Team တွေဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Mobile Team အနေနဲ့ စတင်ဖွဲ့ စည်းခဲ့တဲ့ အချိန်ကနေ ခုထိ တရားမ၀င် ကုန်စည်ဖမ်းဆီးမှုကနေ ၂၀ ဘီလီယံနီးပါး ရရှိခဲ့ပါတယ်။

DVB
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် အသည်းရောင်အသားဝါရောဂါကို ဦးစားပေးရောဂါဖြစ်လာစေရန် တွန်းအားပေးမည်

Photo: ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် အသည်းရောင်အသားဝါရောဂါကို ဦးစားပေးရောဂါဖြစ်လာစေရန် တွန်းအားပေးမည်
Wednesday, July 30, 2014

လာမည့်ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် အသည်းရောင် အသားဝါရောဂါကို မြန်မာနိုင်ငံ၏ဦးစားပေးရောဂါဖြစ်လာစေရန် နှင့် ရန်ပုံငွေရရှိစေရန် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်က ပြော သည်။

လက်ရှိတွင် ကမ္ဘာ့ကျန်းမာ ရေးညီလာခံမှ သတ်မှတ်ထား သော မြန်မာနိုင်ငံ၏ ကျန်းမာရေး ဦးစားပေးရောဂါသုံးမျိုးမှာ အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်၊ တီဘီ နှင့် ငှက်ဖျားရောဂါတို့ဖြစ်ပြီး ယခု အခါ အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားနှုန်းမှာ အဆိုပါ ရောဂါများနှင့် တန်းတူအနေအ ထားဖြစ်နေခြင်းကြောင့် ဦးစား ပေးရောဂါတစ်ခုအနေဖြင့် ထည့် သွင်းရန် ညီလာခံ၌ တိုက်တွန်း သွားမည်ဖြစ်သည်။
‘‘အဲဒီညီလာခံမှာ အစိုးရပိုင်းကလူတွေ၊ ၀န်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ကြတော့ အဲဒီမှာတွန်းအားပေးရင် ဒီရောဂါကို ဦးစားပေးအနေနဲ့ ထည့်လာမယ်။ ဒါဆိုရင် ရန်ပုံငွေ ရလာပြီးတော့ လူတွေ အခမဲ့ ဆေးကုလို့ရမယ်။အနည်းဆုံးတော့ ပိုက်ဆံသိပ်မများရင်တောင် ကုသနိုင်ဖို့အတွက်ဒီရောဂါက ဦးစားပေးအနေနဲ့ ဖြစ်သင့်တယ်ဆိုတာကို ကမ္ဘာ့ညီလာခံနဲ့ အစိုးရတွေကို တွန်းအားပေးတာပေါ့’’ ဟု ၎င်းကဆိုသည်။

‘‘အိတ်ခ်ျအိုင်ဗီဆေး ဆို လည်း ဈေးကြီးတာပဲ။ ဒါပေမဲ့ သူက ဦးစားပေးထဲမှာပါတော့ ဆေးအလကားဝေတယ်လေ။ တီဘီတို့၊ ငှက်ဖျား တို့ဆိုလည်း အဲဒီလိုပဲ။ ဒီအသည်းဘီပိုး၊ စီပိုးဆိုတာကျတော့ ကုဖို့က ဈေးကြီးတော့ အစိုးရကလည်း မတတ်နိုင်ဘူး။ တကယ်တော့ ဘီပိုး၊ စီပိုးပိုးသတ်ဆေးတွေရှိတယ်။ ဈေးကြီးလို့ မသုံးနိုင်ဘူး။ ဒီတော့ အဲဒီရဲ့ အကျိုးဆက်အဖြစ်နဲ့ နာတာရှည်အသည်းခြောက်၊ အသည်းကင်ဆာတွေဖြစ်လာမယ်’’ ဟု ဒေါက်တာခင်ပြုံးကြည်ကဆိုသည်။

၎င်းတို့အနေဖြင့် ၂၀၁၅ မေလတွင် ကျင်းပမည့် ၂၀၁၄-၁၅ ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အသည်းရောင် အသည်းဝါရောဂါနှင့်ပတ်သက်၍ တွန်းအားပေးခြင်းအပြင် ပြည်သူလူထုကြား အသိပညာတိုးပွားစေရန် အသည်းရောင်အသားဝါအကြောင်း သိကောင်းစရာအသံလွှင့်ကဏ္ဍတစ်ခု ထည့်သွင်းပေးရန်နှင့် အခြေခံကျောင်းများ၏ သင်ရိုးညွှန်းတမ်းတစ်ခု အနေဖြင့် ထည့်သွင်းပေးရန် တောင်းဆိုမည်ဖြစ်သည်။ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၌ ဟောပြောပွဲများကို သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

‘‘ဒါက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဆိုတာ ကျန်းမာ ရေးဝန်ကြီးဌာန၊ အခြားဝန်ကြီး ဌာနတွေနဲ့ ဖြစ်နိုင်ရင် နိုင်ငံတော် သမ္မတထံ ရောက်သွားဖို့လိုတယ်။ ပိုက်ဆံကို အရေးကြီးတဲ့နေရာမှာ သုံးမယ်။ ဒီမှာက စာရင်းဇယား သိပ်မရှိဘူး။ လူကြီးတွေ ကိုယ် တိုင်က ဒီရောဂါအတွက် ဘယ် လောက်သုံးမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်နိုင်ရမယ်။ အားလုံးပူး ပေါင်းလုပ်ဆောင်မယ်ဆိုရင် ရောဂါဖြစ်ပွားနှုန်းတွေက ကျလာမယ်’’ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊  အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရုံး(နယူးဒေလီ)မှ ဒုညွှန်ကြားရေး မှူးချုပ် (ငြိမ်း) ဒေါက်တာမြင့်ထွေးကသုံးသပ်ပြောဆိုသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်ဇူလိုင် ၂၈ ရက်ကို ကမ္ဘာ့အသည်းရောင် အသားဝါနေ့အဖြစ် သတ်မှတ် ထားပြီး အသည်းရောင်အသား ၀ါဘီပိုးသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ကူးစက်လျက်ရှိကာ ဘီပိုးရှိသူဦးရေမှာ သန်း ၄၀၀ခန့်ရှိပြီး စီပိုးရှိသူဦးရေမှာ သန်း ၁၇၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် မူ အသည်းရောင်ဘီပိုးရှိသူ ၁၀ ရာခိုင်နှုန်းရှိပြီး စီပိုးရှိသူ ၂ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းကြားရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး စစ် ဆေးခြင်းအတွက် ကုန်ကျငွေမှာ ပျမ်းမျှအားဖြင့် ငွေကျပ်တစ် သောင်းဝန်းကျင်ရှိသည်။ ဘီပိုး ကာကွယ်ဆေးထိုးမည်ဆိုပါက ကျပ်တစ်သောင်းကျော်နှင့် စီပိုး ကာကွယ်ဆေးထိုးမည်ဆိုပါက ကျပ်တစ်သိန်းကျော်ရှိပြီး ကုန်ကျ စရိတ်မှာ အလွန်ကြီးမြင့်နေခြင်း ကြောင့် ရောဂါရှိ၊ မရှိစစ်ဆေး နိုင်သည့် အခက်အခဲများရှိနေ ကြောင်း သတင်းရရှိသည်။

7Day DAILY
လာမည့်ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် အသည်းရောင် အသားဝါရောဂါကို မြန်မာနိုင်ငံ၏ ဦးစားပေး ရောဂါဖြစ်လာစေရန် နှင့် ရန်ပုံငွေရရှိစေရန် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအသည်း ဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်က ပြော သည်။

အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်

Photo: အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်
Wednesday, July 30, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။

“အန္တရာယ် မဖြစ်အောင် အဝေးကနေ စောင့်ကြည့် စစ်ဆေးပေးနေမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာ တော်တော်လေး တွင်ကျယ်နေပြီ။ ဒါ့ကြောင့် ဒီမှာလည်း သုံးဖို့စီစဉ်ရခြင်းဖြစ်တယ်။ လောလောဆယ်မှာ လုပ် ပေးမယ့်ကုမ္ပဏီနဲ့ ငွေကြေးကိစ္စကို ညှိနှိုင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်သည် အမြန်လမ်းပေါ်တွင် သွားလာမည့် ကားများတွင် အာရုံခံကိရိယာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး Information Traffic Centre မှ စီစီတီဗီနှင့် စောင့်ကြည့်မည်ဖြစ်သည်။ အာရုံခံကိရိယာတပ်ဆင်ထားသော ကားမှာ တစ်စုံတစ်ခုကြောင့် ရပ်သွားလျှင် ယင်းကိရိယာမှတစ်ဆင့် Information Traffic Centre ရှိ တာဝန်ရှိသူများမှ အဝေးထိန်းအသံဖြင့် တစ်စုံတစ်ရာဖြစ် မဖြစ်၊ ယာဉ်မှာ မည်သည့်အတွက်ကြောင့် ရပ်သွားခြင်းကို မေးမြန်းမည်ဖြစ်ကာ အကယ်၍ ကားပိုင်ရှင်မှ မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိလျှင် အမြန်လမ်းရဲတပ်ဖွဲ့များမှ ၎င်းနေရာသို့ သွားရောက်ကာ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းစနစ်သည် ယာဉ်မတော်တဆဖြစ်နေလျှင်လည်း ချက်ချင်းသိနိုင်မည့် စနစ်ဖြစ်သည်ဟု ဦးကြည်ဇော်မြင့် ကဆိုသည်။

“ကားတွေ ယာဉ်အန္တရာယ်မရှိအောင် အရင်ဆုံးလူအင်အားနဲ့ စောင့်ကြည့်တယ်။ အဲဒါကြောင့် ယာဉ်မတော်တဆမှုတွေ လျော့သွားတာ တွေ့ရတယ်။ အခုတော့ နည်းပညာအကူအညီနဲ့ဆက်အကောင်အထည်ဖော်သွားမယ်ဆိုတော့ နောက်ပိုင်းကျရင် ယာဉ်မတော်တဆမှုက အများကြီး လျော့နည်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။

တည်ဆောက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်းရှင်တို့ ပေါင်းထားသော (b smart) ကုမ္ပဏီမှ တာဝန်ယူမည်ဖြစ်သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့နှင့် အမြန်လမ်းအင်ဂျင်နီယာအဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ ၀န်ဆောင်ခပေးရန် မလိုအောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း ခရီးသည်တင်ယာဉ်ကြီးအများစုကို အမြန်နှုန်းတိုင်းတာရေးကိရိယာများနှင့် GPS (Global Positioning System) တပ်ဆင်ထားပြီး သတ်မှတ်မြန်နှုန်းထက် ကျော်လွန်သော ယာဉ်များကို လိုင်စင်ခြောက်လပိတ်သိမ်းနှင့် ဒဏ်ငွေကျပ် ငါးသောင်းပေးဆောင်စေခြင်းနှင့် လမ်းပေါ်တွင် အချိန်ကြာကြာရပ်နားထားခြင်းများကို အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။

Mizzima - News in Burmese
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန် အတွက် နိုင်ငံတကာ တွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့ မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။

ရှိုးဖိနပ်ကထွက်တဲ့ အနံ့အသက် ပြသနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

Photo: ရှိုးဖိနပ်ကထွက်တဲ့ အနံ့အသက် ပြသနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ
Wednesday, July 30, 2014

ရှုးဖိနပ်တွေ၊ sneaker တွေကို စီးရတာကိုမှ စွဲစွဲလန်းလန်းကြိုက်နှစ်ကြသူတွေ အများများကြီးရှိပါတယ်။ Vans, Converse, Nikes နဲ့ Supergas တွေဆိုရင် စီးရတာ သက်တောင့်သက်သာ ရှိလှပါတယ်။ ဒါပေမဲ့ စိတ်ညစ်ဖို့ကောင်းတာတစ်ခုက စီးကောင်းကောင်းနဲ့ နှစ်ဆယ့်လေးနာရီ ခုနစ်ရက်လောက်စီးပြီး မချွတ်တော့ရင်တော့ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်တတ်ပါတယ်။

ဒါပေမဲ့ အဲ့ပြဿနာကင်းရှင်းစေဖို့ အဆင်ပြေတဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။                                 

(၁) ညကျရင် ဖိနပ်ကို ရေခဲသေတ္တာထဲထည့်ထားပါ
အအေးဒဏ်ကြောင့် အနံ့အသက်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပါတယ်။ စီးထားပြီးဖိနပ်တွေဖြစ်တာကြောင့် ရေခဲသေတ္တာထဲမထည့်ခင် ဖိနပ်ကို ပလတ်စတစ်အိတ်လေးနဲ့ တော့ ထုတ်ထားလိုက်ပါ။

(၂) ဖိနပ်ထဲကအခံလေးကို လဲလှယ်ပေးပါ
ရှုးဖိနပ်ရဲ့ အထဲထဲခံထားတဲ့ အပြားလေးဟာ ချွေးတွေကို စုပ်ယူပြီး အနံ့အသက်တွေ ထွက်စေတာဖြစ်တယ်။ ဒါကို ဖယ်ထုတ်ပြီး အသစ်လဲပေးလိုက်ပါ။

(၃) Baking soda မှုန့်ထည့်ပါ
ဆိုဒါမှုန့်ကို ဖိနပ်ထဲ နည်းနည်းစီ ထည့်ပေးလိုက်မယ်ဆိုရင် ဖိနပ်ကနေ စုပ်ယူပြီး တစ်ညနဲ့ အနံ့ဆိုးတွေပျောက်သွားပြီး မွှေးကြိုင်သွားပါလိမ့်မယ်။

(၄) (dryer sheet) အခြောက်ခံစာရွက်တချို့ထည့်ထားပါ
စာရွက်ကိုခေါက်ပြီးထည့်ပါ။ အနံ့ဆိုးတွေကို စုပ်ယူပေးပါလိမ့်မယ်။ အခြောက်ခံစာရွက်( dryer sheets) မရှိရင် သတင်းစာ အစားထိုးသုံးလို့ရပါတယ်။ ဒါပေမဲ့ ရလာတဲ့အနံ့ ခြားနားမှုတော့ရှိနိုင်တယ်။

(၅) ဖိနပ်ကိုလျှော်ပွတ်ပေးပါ
ဖိနပ်ကို အ၀တ်လျှော်စက်ထဲပစ်ထည့်ဖို့မကြောက်ပါနဲ့။ (သို့) ပုဂံဆေးစက်နဲ့တောင် ဆေးလို့ရပါတယ်။ အမာစားသစ်သား၊ ဖန်စ စသည့်ဖြင့်လုပ်ထားတာမဟုတ်ရင် ပြဿနာဖြစ်စရာအကြောင်းမရှိပါဘူး။

Source: luckymag.com
Trend Myanmar
ရှုးဖိနပ်တွေ၊ sneaker တွေကို စီးရတာကိုမှ စွဲစွဲလန်းလန်းကြိုက်နှစ်ကြသူတွေ အများများကြီးရှိပါတယ်။ Vans, Converse, Nikes နဲ့ Supergas တွေဆိုရင် စီးရတာ သက်တောင့်သက်သာ ရှိလှပါတယ်။ ဒါပေမဲ့ စိတ်ညစ် ဖို့ကောင်းတာတစ်ခုက စီးကောင်းကောင်းနဲ့ နှစ်ဆယ့်လေးနာရီ ခုနစ်ရက်လောက်စီးပြီး မချွတ်တော့ ရင်တော့ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်တတ်ပါတယ်။

စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့် သတိပေး မှုများ ပိုမိုလုပ်နေရ

Photo: စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့် သတိပေး မှုများ ပိုမိုလုပ်နေရ
Wednesday, July 30, 2014

စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေးဝန်ထမ်းများက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

‘‘ဘုရားက ပရ၀ဏ်လည်း ကျဉ်းပါတယ်။ ဘုရားဖူးတွေပြည့် နေလို့ ဆိုးဆိုးရွားရွား စုံတွဲတွေ ရှားပါတယ်။ သရုပ်ပျက်တာတွေ ဖြစ်လာခဲ့ရင် ထိန်းသိမ်းပြောဆိုမှု တွေ လုပ်ပါတယ်။ လုံခြုံရေးဝန် ထမ်း ၃၀ ကျော်နဲ့ ဆောင်ရွက်နေ ပါတယ်’’ ဟု ကျိုက်မှော်ဝန်းရေ လယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှသွင်က ဆိုသည်။

လူမှုကွန်ရက် မီဒီယာများ တွင် စေတီရင်ပြင်ပေါ်၌ မဖွယ်မရာနေထိုင်သောပုံကို ရိုက်ထားသည့် တက္ကသိုလ်ကျောင်းသားစုံတွဲပုံနှင့် အခြားကျောင်းသားစုံတွဲဓာတ်ပုံတို့ ပျံ့နှံ့နေပြီး ကျောင်း သားများအနေဖြင့် ဘုရားပရ၀ဏ် အတွင်း နေထိုင်ရန် မပြုမူသင့် သော အမူအရာများဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိသည်။

စုံတွဲများအတွက် သတိပေး ဆိုင်းဘုတ်များရေးထားပြီး စုံတွဲ များကို မဖွယ်မရာတွေ့လျှင် နှင် ထုတ်ကြောင်း၊ အရွယ်မရောက် သေးသော အထက်တန်းကျောင်းသားအတွဲများကို စေတီရင်ပြင်ပေါ်တွင် တွေ့လျှင်ကျောင်းသား မိဘကိုခေါ်၍ အပ်နှံခဲ့ဖူးကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင် ဘုရားဂေါပတွဲဖက်အတွင်းရေးမှူး ဦးညိုဝင်းက ဆိုသည်။

‘‘နယ်ဘက်က ဘုရားတွေ မှာလည်း ကျောင်းဝတ်စုံတွေနဲ့ မဖွယ်မရာလုပ်တာ ရှိတယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာတစ်ယောက် အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး။ ဆရာ မကတော့ ကျောင်းသူတွေကို မြန် မာမိန်းကလေးတစ်ယောက်အ နေနဲ့ ထိန်းသိမ်းရမယ့်ကိစ္စတွေ ကို အမြဲဆုံးမတယ်’’ ဟု မအူပင် တက္ကသိုလ် (မြန်မာစာဌာန) လက်ထောက်ကထိကဟောင်း ဒေါ်စန်းကေသီအောင်က ပြောသည်။

ကျောင်းသားဟောင်းတစ်ဦး က ‘‘သန်လျင်ဂျီတီစီကို ဟိုနေ့က သွားတော့ ကျောင်းအပြင် ကန် တင်းက အိမ်မှာ ဖဲဝိုင်းက နှစ်ဝိုင်း ရှိတယ်။ အဲဒါတွေကြောင့် ဒီလို ပုံတွေ ဗီဒီယိုတွေ တက်လာတာ ပေါ့။ သူတို့မကောင်းလို့ ပုံတွေ တက်လာတယ်ဆိုပေမယ့် ကျောင်း သားတွေ ကျောင်းမှာ ပညာရေး စိတ်ဝင်စားအောင် လုပ်ပေးတဲ့ အရာတွေ မရှိဘူးလေ။ အဲဒါကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ တွေ့နေရတာ။ ဆေးတက္ကသိုလ် ၂ မှာဆို မနက် ၈ နာရီဆိုအနီးအနားဂိမ်းဆိုင်မှာ ဆရာဝန်လောင်းတွေနဲ့ ပြည့်နေပြီ’’ ဟုဆိုသည်။

‘‘ဘုရားအနေအထားက အ တွင်းနည်းနည်းကျတယ်။ စည် ကားမှုနည်းတယ်။ စုံတွဲတွေ မ ဖွယ်မရာတွေ မဖြစ်ရအောင်လို့ လုံခြုံရေးဂေါပကက ပုံမှန်မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ ကြပ်ကြပ်မတ်မတ် လုံခြုံရေးတိုး မြှင့်လုပ်နေပါတယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက်ကလဲ့စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအောင်နိုင်က ဆိုသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘု ရား အချို့အပါအ၀င် လူပြတ်ပြီး ချောင်ကျသော ဘုရားအချို့တွင် လာရောက်သော စုံတွဲအချို့သည် မနေထိုင်သင့်သော အပြုအမူများဖြင့် တစ်ခါတစ်ရံမြင်တွေ့ရလေ့ရှိကြောင်း ဘုရားဖူးအချို့က ပြောသည်။

7Day Daily

စေတီရင်ပြင်တစ်ခုပေါ်တွင် တွေ့ရသည့် စုံတွဲတစ်တွဲ
စေတီရင်ပြင်တစ်ခုပေါ်တွင် တွေ့ရသည့် စုံတွဲတစ်တွဲ
စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေး ၀န်ထမ်း များက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အိန္ဒိယ၊ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများက အမှိုက်သိမ်းယာဉ် (၉၇)စီးရောက်ရှိမည်

ရန်ကုန်မြို့တော်သန့်ရှင်းသာယာရေးအတွက် အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများက အမှိုက်သိမ်း ယာဉ်(၉၇)စီးသည် အောက်တိုဘာလတွင် ရန်ကုန်မြို့ကိုရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မော်တော်ယာဉ်ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖုန်းလိုချင်သည့်ကလေးငယ် ဆိုင်အတွင်းသို့ တံခါးဖျက်ဝင်ရောက်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံရွာအလယ်ပိုင်းအထက်တန်းကျောင်းခွဲအနီးရှိ လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင် အား ဇူလိုင်လ(၂၈)ရက်နေ့ ည(၁၀း၀၀)နာရီခန့်တွင် အသက်(၁၀)နှစ်အရွယ်ရှိ ကလေးငယ်သည် ဆိုင်တံခါး မူလီများအား ၀က်အူလှည့်ဖြင်လှည့်၊ အုတ်ခဲဖြင့်ထုပြီးနောက် ဆိုင်အတွင်း ဖောက်ထွင်း ၀င်ရောက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရှိရသည်။

အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန်ဆွေးနွေး


အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန်ဆွေးနွေး ရန်ကုန်၊ ဇူလိုင် ၂၉  ရန်ကုန်မြို့တွင်းရှိ အဓိကယာဉ် သွားလာမှုများသည့် လမ်းမများတွင် နံပါတ်အနက် ယာဉ် (ကိုယ်ပိုင်ယာဉ်) များကို အချိန်ပိုင်းဖြင့်သာ ဝင်ထွက်ခွင့်ပြုရန် ယာဉ်စည်းကမ်း ထိန်းသိန်းကြီးကြပ်ရေး ကော်မတီ လစဉ်ပုံမှန် အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများက ဆွေးနွေးခဲ့ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။   မ.ထ.သ (မြို့တွင်း) ရုံး၌ ဇူလိုင်လ ၂၅ ရက်က ကျင်းပသည့် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ လစဉ် ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအများစုက ထောက်ခံဆွေးနွေးခဲ့သဖြင့် ကိုယ်ပိုင်ယာဉ်များ အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန် အသေးစိတ် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အစ္စရေး ဒုံးခွင်းဒုံးစနစ် Iron Dome ၏ မှတ်တမ်းများကို Hacker များ ခိုးယူခဲ့ဖူးဟုဆို


အစ္စရေး၏ နာမည်ကျော် ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ် Iron Dome နှင့် ပတ်သက်သည့် အချက်အလက် များကို Hacker များက ခိုးယူသွားခဲ့ဖူးကြောင်း အမေရိကန် အခြေစိုက် ကွန်ပျူတာ မှုခင်းပညာရှင်များ က ပြောကြားခဲ့သည်။

ဂါဇာပိတ်ဆို့မှု မဖယ်ရှားသရွေ့ အစ္စရေးနှင့်အပစ်ရပ်မည်မဟုတ်ဟု ဟားမတ်စ်အဖွဲ့ပြော

Photo: ဂါဇာပိတ်ဆို့မှု မဖယ်ရှားသရွေ့ အစ္စရေးနှင့်အပစ်ရပ်မည်မဟုတ်ဟု ဟားမတ်စ်အဖွဲ့ပြော
Wednesday, 30 July 2014
 
ဟားမတ်စ်အဖွဲ့ စစ်ဦးစီးချုပ် မိုဟာမက်ဒိုင်ယက်က သူ့လူတွေ လွတ်လပ် ဂုဏ်သိက္ခာရှိတဲ့ ဘ၀မှာ မနေနိုင်သေးသရွေ့၊ ဂါဇာ ပိတ်ဆို့ထားမှုကို မဖယ်မချင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ကျနော်တို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ကြားဖြတ်ဖြေရှင်းမှုကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ဟားမတ်စ်ရုပ်သံ အယ်လ်အာဆာကနေ ထုတ်လွှင့်တဲ့ အသံမှတ်တမ်းအတွင်း သူက ပြောပါတယ်။

ဒီအသံလွှင့်မှတ်တမ်းကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။

သူဟာ အစ္စရေးနိုင်ငံတွင်း ရာနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေကို သေကျေဒဏ်ရာရစေတဲ့ အသေခံ ဗုံးခွဲမှုအတော်များများကို နောက်ကွယ်က စီရင်ခဲ့သူလို့ စွပ်စွဲခံထားရပြီး သူဟာ ၂၀၁၂ အစ္စရေးနဲ့ ၈ ရက်ကြာ စစ်ပွဲအတွင်းကလည်း အများပြည်သူကို မိန့်ခွန်းပြောခဲ့ဖူးပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကတော့ အစ္စရေးတင့်ကားတွေဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းက  ဂျဘာလယာအရှေ့ပိုင်းက အိမ်တွေကို ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစနဲ့ ဆေးဘက် လုပ်သားတွေအပါအ၀င် လူ ၁၃ ယောက် သေဆုံးပြီး တခြားလူ အများအပြား ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့က စတဲ့တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းဘက်က အရပ်သား အများစုပါတဲ့လူ စုစုပေါင်း ၁၂၂၄ ယောက် သေဆုံးခဲ့ပြီး အစ္စရေးစစ်သား ၅၃ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးပါတယ်။

ဒီဗွီဘီ

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ – အေပီ)
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ – အေပီ)
ဟားမတ်စ်အဖွဲ့ စစ်ဦးစီးချုပ် မိုဟာမက်ဒိုင်ယက်က သူ့လူတွေ လွတ်လပ် ဂုဏ်သိက္ခာရှိတဲ့ ဘ၀မှာ မနေ နိုင်သေး သရွေ့၊ ဂါဇာ ပိတ်ဆို့ထားမှုကို မဖယ်မချင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

တော်ဝင်လုပ်သားများကို ရိုက်နှက်မှု အင်းစိန်ထောင်ဝန်ထမ်းနှစ်ဦး တောင်းပန်မည်ဟုဆို

တော်ဝင် သစ်အချောထည် လုပ်သားနှစ်ဦးကို ရိုက်နှက်ခဲ့မှုအတွက် အင်းစိန် အကျဉ်းထောင်က ဝန်ထမ်းနှစ်ဦးက သြဂုတ်လ ၃ ရက်နေ့တွင် ပြန်လည် တောင်းပန်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။

သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း

Photo: သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း
Wednesday, July 30, 2014 

ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။

သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောင်္ကျားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့အစားအစာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့နည်းစနစ်ဖြစ်ပါတယ်။

ယောင်္ကျားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ sperm ဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ  ရှိနေဖို့လိုအပ်ပါတယ်။

မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့ အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့ အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။

ယောင်္ကျားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

Potassium နဲ့ sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။

မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။

Ref: onlinehealth.com
Trend Myanmar
ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ် မလား ဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင် နိုင် တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

လေယာဉ်ဆီ မသန့်ရှင်းမှုများကြောင့် လေယာဉ်အင်ဂျင် ထိခိုက်ကာ အန္တရာယ်ရှိနိုင်ဟုဆို

လေယာဉ်ဆီမသန့်ရှင်းမှုကြောင့် လေ ယာဉ်အင်ဂျင်ထိခိုက်ကာ အန္တရာယ်ရှိနိုင်ကြောင်း လေယာဉ်ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေယာဉ်စက်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က The Messenger Media သို့ ပြောသည်။

Ooredoo Myanmar FB Page မှတစ်ဆင့် တရာဝင်ကြေညာချက်

ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။ 

တစ်မိနစ် ၂၅ ကျပ်ဖြင့် တစ်လ ဖုန်းခေါ်နိုင်မည့် MPT ၏ ဝန်ဆောင်မှုအတွက် ကျပ် ၂၅၀၀ ပေးဆောင်ရမည်

Photo: တစ်မိနစ် ၂၅ ကျပ်ဖြင့် တစ်လ ဖုန်းခေါ်နိုင်မည့် MPT ၏ ဝန်ဆောင်မှုအတွက် ကျပ် ၂၅၀၀ ပေးဆောင်ရမည်
Wednesday, July 30, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပထမဆုံးအကြိမ်အဖြစ် အထူးဆောင်ရွက်ပေးသည်ဆိုသော လူသုံးဦးကို တစ်မိနစ် ၂၅ ကျပ်နှင့် တစ်လအတွင်း ဖုန်းခေါ်ဆိုနိုင်မည့် Friends and Family ဝန်ဆောင်မှုအတွက် ၂၅၀၀ ကျပ်ပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဝန်ဆောင်မှုတွင် GSM နှင့် WCDMA ဖုန်းများသာ အသုံးပြုနိုင်ပြီး လတ်တလောတွင် သြဂုတ်လ တစ်လအတွင်းအတွက်သာ စီစဉ်ထားပြီး အသုံးပြုလိုပါက မိမိဆက်သွယ်လိုသော ဖုန်းနံပါတ်သုံးခုကို ၁၃၃၁ ကုတ်နံပါတ်ကို Massage ပေးပို့၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးက ဆင်းမ်ကတ်များ စတင်ရောင်းချတော့မည့်ဆဲဆဲ အချိန်တွင် မည်သည့်အချိန်ကမျှ အရောင်းမြှင့်တင်ရေး အစီအစဉ် မလုပ်ခဲ့ဖူးသော MPT ၏ ဝန်ဆောင်မှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဝန်ဆောင်မှုများကို နိုင်ငံတကာတွင်လည်း ဝန်ဆောင်မှုပေးနေပြီး ဝန်ဆောင်ခ ကောက်ခံသည့် အော်ပရေတာများရှိသလို၊ မကောက်ခံသည့် အော်ပရေတာများလည်း ရှိကြောင်း IT ပညာရှင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောကြားသည်။

“တန်တယ်၊ မတန်ဘူး ဆိုတာကတော့ သုံးစွဲသူရဲ့ရွေးချယ်မှုပဲ” ဟု ၎င်းက ဆိုသည်။

လူသုံးဦးကို တစ်လဝန်းကျင်သာ ဖုန်းပြောနိုင်မည့် အဆိုပါ ဝန်ဆောင်မှုအတွက် ငွေကျပ် ၂၅၀၀ ကျပ်ပေးဆောင်ရမည် ဖြစ်သောကြောင့် လူတစ်ဦးတည်းနှင့် တယ်လီဖုန်းကြာမြင့်စွာ ပြောလေ့ရှိသူများအတွက် တွက်ခြေကိုက်သော်လည်း ယင်းကဲ့သို့ ပြောဆိုလေ့ မရှိသူများအတွက်မူ ကုန်ကျစရိတ် မထူးခြားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူများက ဆိုသည်။

“တစ်ယောက်တည်းနဲ့လည်း ဖုန်းအကြာကြီးမပြောတော့ ကျွန်တော်တို့ဖို့တော့ ဘာမှမထူးဘူး။ ၅၀ ပဲဖြတ်ဖြတ်၊ ၁၀၀ ပဲဖြတ်ဖြတ်။ သုံးလည်းသုံးမှာ မဟုတ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအေးချမ်းအောင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လတ်တလောတွင် အဆိုပါ ဝန်ဆောင်မှု သုံးစွဲလိုသူများသည် ၁၃၃၁ ကုတ်နံပါတ်ကို ဗီစာလုံးနှင့် ဖုန်းနံပါတ်သုံးခု ပေးပို့ရမည်ဖြစ်ပြီး Success! you can call 09….. for Kyats/min until 2014.8.31 နံပါတ်ကိုရရှိပါက စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပထမဆုံးအကြိမ်အဖြစ် အထူးဆောင်ရွက်ပေးသည်ဆိုသော လူသုံးဦးကို တစ်မိနစ် ၂၅ ကျပ်နှင့် တစ်လအတွင်း ဖုန်းခေါ်ဆိုနိုင်မည့် Friends and Family ဝန်ဆောင်မှုအတွက် ၂၅၀၀ ကျပ်ပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းရပ်ဆိုင်းမှု တရုတ်ကုန်သွယ်ရေး အနာဂတ်ကို ဆိုးရွားစေမည်

ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်း ရပ်ဆိုင်းမှုသည် တရုတ်ကုန်သွယ်ရေး အနာဂတ်ကို သိသိသာသာ ဆိုးရွားစေမည်ဟု ဂတ်ဖ်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။