မန္တလေး၊ ဇူလိုင် ၂၄- မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် တစ်လုံးတွင် တည်းခိုနေသူအား ရဲ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ရာမှ အိန္ဒိယနိုင်ငံမှဝယ်ယူလာသည့် သေနတ်တစ်လက်အပါအဝင် ပန်း ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ အားဖမ်းဆီးရမိရာ ကွင်းဆက်တရား ခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအ တွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Friday, 25 July 2014
MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ် သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
အိန္ဒိယတွင် ၇နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခြင်း ခံရပြန်
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရွာတစ်ရွာတွင် အသက် ၇ နှစ်အရွယ် ကလေးမ တစ်ဦး သစ်ပင် တစ်ပင်တွင် ကြိုးဆွဲချ သတ်ဖြတ်ခြင်း ခံထားရသော အနေအ ထားဖြင့် သေဆုံး နေကြောင်း ကြာသပတေးနေ့ (ဇူလိုင်လ ၂၄ ရက်) က တွေ့ရှိ ခဲ့ရပြီး ထိုမိန်းကလေးမှာ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရဖွယ် ရှိကြောင်း ဒေသခံများက သံသယ ဖြစ်ခဲ့ကြ သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အာဆီယံ တက္ကသိုလ်ရေကူးပြိုင်ပွဲ အတွက် ရေကူးကစားသမားများ ရွေးမည်

အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့တွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲအတွက် ကစား သမားရွေးပွဲကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် နည်းပြ ချုပ်ဖြစ် သူ ဦးမောင်မောင်စိန်က ပြောဆိုသည်။
မလှိုင်နယ်တွင် မိုးခေါင်နယ်ကျယ်ဝန်းသဖြင့် နွားစာရှားပါးမှု ကြုံတွေ့နေရ

မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နယ်ကျယ်ဝန်း သဖြင့် ဒေသခံ တောင်သူများ နွားစာရှားပါးမှု အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ပျောက်ဆုံး အယ်လ်ဂျီးရီးယား လေယာဉ်၏ အပျက်အစီးကို ပြန်တွေ့
ဇူလိုင် ၂၄ ရက်နေ့က ပျောက်သွားတဲ့ အယ်လ်ဂျီးရီးယားလေယာဉ်ကို မာလီနိုင်ငံ ပိုင်နက်ထဲမှာ ပျက်ကျ ထားတဲ့ လေယာဉ်အပိုင်းအစတွေ ရှာတွေ့ပြီလို့ အနောက်အာဖရိက ကုန်းပိတ်နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂီလ်ဘာ့ဒ် ဒီအန်ဒေရေက ပြောပါတယ်။ လေယာဉ်ကို မာလီနိုင်ငံ ဂေါင်မြို့ ရဲ့တောင် ပိုင်း မှာ ရှာတွေ့တာလို့ သူက ဆက်ပြော ပါတယ်။
အရေးပေါ်ဆင်းသက်စဉ်ပျက်ကျခဲ့သည့် ထိုင်ဝမ်လေယာဉ်

ထိုင်ဝမ်ကျွန်းပိုင် ထရန်အေးရှားလေကြောင်းလိုင်းရဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ချက်အရ တာဘို ဒလက်သုံး ခရီးသည်တင်လေယာဉ်ဟာ ရာသီဥတုဆိုးရွားစဉ် ဆင်းသက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ကျခဲ့ တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ဦးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်များတွင် သုတေသနဆောင်ရွက်ရန် ဂျပန်က ဒေါ်လာ ၂၅ သန်းကူညီ

ရန်ကုန်နည်းပညာတက္ကသိုလ်အားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်နည်းပညာတက္က သိုလ်နှင့်မန္တလေးနည်းပညာတက္က သိုလ်တို့တွင် သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်း များဆောင်ရွက်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ် လာ ၂၅ သန်းတန်ဖိုးရှိထောက်ပံ့ မှုပေးအပ်ရန် ဇူလိုင် ၂၃ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
မြန်မာ့နိုင်ငံရေးကိစ္စတရုတ်နိုင်ငံအနေဖြင့်ပါဝင်ပတ်သက်ခြင်းမရှိဟုမြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးပြော
ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲလာသောမြန်မာ့နိုင်ငံရေး ကိစ္စတွင်တရုတ်နိုင်ငံအနေဖြင့်ပါဝင် ပတ် သက်ခြင်း မရှိကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Yang Houlan ကပြည်ထောင် စုနေ့စဉ် သို့ ယနေ့ပြောကြားသည်။
ရုရှားက ယူကရိန်းတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်စွပ်စွဲ
ရုရှားစစ်တပ်က ယူကရိန်းပိုင်နက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အထောက်အထားများ မိမိတို့တွင် ရှိနေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။
တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး

တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါပြန့်ပွားကာ လူတစ် ဦး သေဆုံးခဲ့ခြင်းကြောင့် အာဏာပိုင်များက မြို့အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြ စ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထား သည်။
ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိ
ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြော ကြား ချက် အရ သိရသည်။
လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP)
အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ADB ဘဏ်ကနေပြီး လာမည့် ၅ နှစ်တာကာလမှာ မြန်မာနိုင်ငံတွင်း ဖွံ့ ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ထိုင်း မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လူမှုအခြေပြု အဖွဲ့ အစည်း က တာဝန်ရှိသူတွေနဲ့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာရောက်တွေ့ ဆုံ ဆွေးနွေး ခဲ့ကြပါ တယ်။
AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း
ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များ အတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင် သူ နှစ်သောင်းကျော် ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။
လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ

ခရီးသည်အယောက်ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံပိုင် လေယာဉ်တစ်စင်းဟာ အာဖရိကတိုက် အနောက်ပိုင်း မာလီနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။
မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်

မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး

သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ် ဦးမျော ပါ သေဆုံးကာ တံတားနှစ်စင်းလည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးအပါအ၀င် ဘက်စုံလုံခြုံရေးစနစ်များ စီမံဆောင်ရွက်ထားဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော
ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာန ချုပ်များ အပါအ၀င် နယ်နိ မိတ်မျဉ်းတစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံ ရေးစနစ်များစီမံဆောင်ရွက်ထားသည်ဟု ပြည်ထဲ ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင်ပြော သည်။
Subscribe to:
Posts (Atom)