Saturday, 19 July 2014

ဂါဇာမှာ အိမ်စွန့်ခွာပြေးရသူ ၄သောင်းကျော်

Photo: ဂါဇာမှာ အိမ်စွန့်ခွာပြေးရသူ ၄သောင်းကျော်
Saturday, July 19, 2014

 ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးရပြီး၊ ယာယီနေထိုင်ဖို့ စခန်းနေရာတွေ ကို ရှာဖွေ နေကြရ တဲ့ အရေအတွက် ဟာ၊ တစ်ရက် အတွင်းမှာကို၊ ၂သောင်း ၂ ထောင် ကနေ ၄ သောင်းကျော်၊ ၂ ဆ မြင့်တက်ခဲ့ရတယ် ဆိုပြီး၊ ဂါဇာမှာရှိ တဲ့ ကုလသမဂ္ဂ အရာရှိ တွေက ပြောပါတယ်။

အစ္စရေးတို့ ရဲ့ နယ်စပ်တလျှောက် ဗုံးမိုးရွာနေမှု နဲ့၊ ဂါဇာတောင်ပိုင်း မြေပြင် ပစ်ခတ်မှုတွေ ကြောင့်၊ ပါလက်စတိုင်း အရပ်သားတွေဟာ ဂါဇာ အနောက်ဘက်ပိုင်း ကို ဦးတည် ထွက်ပြေး နေကြတယ် လို့ ဆိုပါတယ်။ သောကြာနေ့က စပြီး၊ အစ္စရေး သံချပ်ကာကားတွေ ရဲ့ ပစ်ခတ်မှု တွေ တိုးမြင့် လာနေတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း၊ ပါလက်စတိုင်း အယောက် ၄၀ ထက်မက၊ သေဆုံးခဲ့ရပါ တယ်။ အစ္စရေးဘက်က အချင်းချင်း ပစ်ခတ်မိပြီး၊ စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က၊ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟု ဆီ၊ ဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တာ မှာ၊ အစ္စရေး ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် ရှိတဲ့ အပေါ်၊ အမေရိကန်က ထောက်ခံပါကြောင်း၊ အထူးအလေးပေး ပြောခဲ့သလို၊ စစ်ရေးအရ တိုက်ခိုက်မှုတွေ ပိုမို မဖြစ်ပေါ်ဖို့ လည်း သတိထား ဆောင်ရွက် ဖို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ လုံခြုံရေးဆိုင်ရာ ကက်ဘိနက် အစည်းအဝေးမှာ တော့၊ ပါလက်စတိုင်း လက်နက်ကိုင်တွေ ရဲ့ ဒုံးကျည်တွေ ဝှက်ထားတဲ့ လှိုင်ခေါင်းတွေကို ရှာဖွေ ဖျက်စီးနိုင်ဖို့ ရာ၊ ဂါဇာမှာ မြေပြင် စစ်ဆင်ရေးတွေ တိုးချဲ့ ပြုလုပ်ကြမလား ဆိုတာကို တိုင်ပင်နေကြပါ တယ်။

သောကြာနေ့တုန်းက ပါလက်စတိုင်း လက်နက်ကိုင်တွေ ဟာ၊ အစ္စရေးတောင်ပိုင်း ကို၊ ဒုံးကျည်တွေ နဲ့၊ တနေကုန် ပစ်ခတ် ခဲ့ကြပါတယ်။ ဒီကနေ့ ဂျူလိုင် ၁၉ ရက် စနေမှာ အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့အကြား၊ ကြားဝင် ညှိနှိုင်းပေးဖို့ ရာ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းဟာ၊ အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးရပြီး၊ ယာယီနေထိုင်ဖို့ စခန်းနေရာတွေ ကို ရှာဖွေ နေကြရ တဲ့ အရေအတွက် ဟာ၊ တစ်ရက် အတွင်းမှာကို၊ ၂သောင်း ၂ ထောင် ကနေ ၄ သောင်းကျော်၊ ၂ ဆ မြင့်တက်ခဲ့ရတယ် ဆိုပြီး၊ ဂါဇာမှာရှိ တဲ့ ကုလသမဂ္ဂ အရာရှိ တွေက ပြောပါတယ်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မောင်တောမြို့ကို သွားရောက်

Photo: ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မောင်တောမြို့ကို သွားရောက်
Saturday, July 19, 2014 

ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လအတွင်းက မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်းအချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

Ms Yanghee Lee ဟာ ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ကို စတင်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို မနက်ဖြန်မှာလည်း စစ်တွေမြို့က နိုင်ငံတော်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လ အတွင်းက မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်းအချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(၆၇) နှစ်မြောက် အာဇာနည်နေ့နှင့် ကျွန်ုပ်၏ အတွေး သူ့အမြင်

Photo: (၆၇) နှစ်မြောက် အာဇာနည်နေ့နှင့် ကျွန်ုပ်၏ အတွေး
သူ့အမြင် 
Saturday, July 19, 2014

ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြပါရှိသော ရွှေတိဂုံ အလယ်ပစ္စယံတွင်ဟောသော ဝံသာနု ရက္ခိတ တရားနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမ များမှာ ပြောခဲ့သော လွတ်လပ်ရေးရဲ့ အဓိပွါယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်းဆန်းရဲ့ မိန်းခွန်းတွေကို ဖတ်ပြီးနောက် ကျွန်ုပ် နားလည်သလို ပြောဆို ပါတော့ မည်။

(၁) နေ့ခင်းကြောင်တောင် ကျူးလွန်သော တရားခံများကို မမိခြင်း။
မြန်မာနိုင်ငံမှာ အရှိန်မသေသေးတဲ့ လူမျိုးရေး ဘာသာရေး ပိဋပက္ခတွေရဲ့ နောက်ကွယ်မှ ကြိုးကိုင် သူများကို ဖေါ်ထုတ်၊ အရေးယူမယ်လို့ သမ္မတ ဦးသိန်းစိန် အကြိမ်ကြိမ် ပြောခဲ့ဘူးသော်လည်း ယနေ့တိုင် တရားခံ ရှာလို့ မတွေ့သေးပါ။

(၂) အကြမ်းဖက်သမားများသည် ဥပဒေ အားလုံး၏ အထက်တွင် ရှိနေခြင်း။
အထိကရုံးဖြစ်တိုင်း အကြမ်းဖက် အုပ်စုနှင့် ဦးဆောင်သူများသည် လုံခြုံရေးချထားသော ရဲများ ရှေ့ မှောက်တွင် ပေါ်ပေါ်ထင်ထင် အဖျက်လုပ်ငန်းများကို ဦးစီးကွပ်ကဲခွင့်၊ ပြုလုပ်ခွင့် ရှိသည်အထိ ဥပဒေ အထက် တွင် ရှိနေကြရုံမက တာဝန်ရှိသူများက အကာအကွယ် မပေးသည့်အပြင် အကြမ်းဖက်ခံ သားကောင် (Victims) များကို မိမိတို့ နေအိမ်များမှ ကြိုတင် စွန့်ခွာပေးကြရန် ပြောကြား တိုက်တွန်းမှုများ ရှိခဲ့ပါသည်။

(၃) စနစ်ကကျ လေ့ကျင့်ထားသူများ ဖြစ်နေခြင်း။
အကြမ်းဖက် သမားများသည် လိုအပ်ချိန်တွင် တပြိုင်နက် စုပြုံရောက်လာအောင် ဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး မြန်ဆန်ကောင်းမွန် ရုံမျှမက၊ မလိုအပ်ချိန်တွင် စနစ်တကျ တပ်ဖျောက်နိုင်အောင် စနစ်ကျ လေ့ကျင့်ပေးထားသူ စစ်ချီ၊ စစ်တက် တတ်ကျွမ်းသူများ ဖြစ်နေသည်ဟု မျက်မြင်သက်သေများက ထွက်ဆိုကြ ပါသည်။

(၄) အုပ်ချုပ်သူများတွင် မှားခွင့်ရှိသော်လည်း ပြည်သူများတွင် ဥပဒေမဲ့ တုန့်ပြန်ခွင့်မရှိခြင်း။
လစဉ်ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီပြုပြင်ရေး ခရီးစဉ်တွင် အမှားများကို လုပ်ခွင့်ပေးပြီး ကိုယ့်အမှား ကိုယ်ပြင်စေသည့် နည်းလမ်းဖြင့် အုပ်ချုပ်သူ လုပ်ဖေါ်ကိုင်ဖက်များကို လက်တွဲခေါ်ယူပြီး၊ ပြည်သူများကိုမူ အကြမ်းဖက်သမား၏ ရန်ကို ဥပဒေမဲ့ မတုန့်ပြန်ရန်တိုက်တွန်း ပြောကြားခဲ့ပါသည်။

(၅) ဒို့ဗိုလ်ချုပ်ကို ဆန့်ကျင်သူများဖြစ်နေခြင်း။
ဗိုလ်ချုပ်ပြောသော ဝံသာနုရက္ခိတ တရားနှင့် လွတ်လပ်ရေး၏ အဓိပွါယ်တို့ဖြင့် ဆန့်ကျင် ကွဲလွဲစွာ တစ်မျိုး သားလုံး ကောင်းစားရေးဟု ကြွေးကြော် လုပ်ဆောင် နေသူ များသည် အခြားနိုင်ငံသားများ၏ အကျိုး စီးပွားကို ကမ္ဘာ့မီဒီယာများရှေ့တွင် မျက်ဝါးထင်ထင် ဖျက်ဆီးနေကြပါသည်။

(၆) ကျွန်ုပ်တို့၏ ဘုံရန်သူ။
ထို့ကြောင့် ဗိုလ်ချုပ်၏ သမိုင်းကို ဖျောက်ရန် ကြိုးစားအားထုတ်ခဲ့ဘူးသော၊ ဗိုလ်ချုပ်၏ မိန့်ခွန်းများကို ထိန်ချန်ထားခဲ့သော အုပ်စုနှင့် ဗိုလ်ချုပ်၏ လမ်းညွှန် ချက်များကို ဆန့်ကျင်စွာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များကို လက်တွေ့ လုပ်ဆောင်နေသူများ သည် အုပ်စုတစ်ခုတည်း ဖြစ်ရုံ မျှမက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများလည်း တဖန် ဖြစ်နေပြန်သောကြောင့် ကျွန်ုပ်တို့ တိုင်းပြည်၏ ဘုံရန်သူ များပင် ဖြစ်ကြောင်း ကျွန်ုပ်နားလည်သလို ပြောဆိုလိုက် ပါသည်။

မောင်သမာဓိ
၁၉ ဇူလိုင် ၂၀၁၄

M-Media
ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြပါရှိသော ရွှေတိဂုံ အလယ်ပစ္စယံတွင်ဟောသော ဝံသာနု ရက္ခိတ တရားနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမ များမှာ ပြောခဲ့သော လွတ်လပ်ရေးရဲ့ အဓိပွါယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်းဆန်းရဲ့ မိန်းခွန်းတွေကို ဖတ်ပြီးနောက် ကျွန်ုပ် နားလည်သလို ပြောဆို ပါတော့ မည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားပေးပါ

ယင်းလေ့လာမှုကို JAMA Pediatric ဂျာနယ်တွင် ဖော်ပြထား သည်။-Internet
မိခင်လောင်းများ အခွံမာသီးများ စားပေးခြင်းဖြင့် မွေးဖွားလာမည့်သားသမီးများတွင် ဓာတ်မတည့်ခြင်း အန္တရာယ်ကို လျော့ကျစေနိုင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲစားခြင်းကို စိုးရိမ်စရာမလိုကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Photo: ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
Saturday, July 19, 2014  

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း ပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အခုလိုဖျော်ဖြေပွဲကိုတော့ မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းက ဦးစီးကျင်းပပေးမှာဖြစ်ပြီး ဒီအသင်းအနေနဲ့ ရခိုင်ဒေသကို သွားရောက်လှူဒါန်းမှု(၂)ကြိမ် ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒီအသင်းအနေနဲ့ (၂)ကြိမ်သွားရောက်လှူဒါန်းခဲ့စဉ်က ရခိုင်တိုင်းရင်းသား များအတွက် အထောက်အပံ့အကူအညီများ များစွာလိုအပ်နေသေးတာကြောင့် အခုလို ရန်ပုံငွေ ဖျော်ဖြေပွဲကျင်းပနိုင်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီရံပုံငွေဖျော်ဖြေပွဲမှာ နိုင်ငံကျော်အဆိုရှင် (၁၈)ဦးပါဝင်မှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ များအဖြစ် ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ နန်းခင်ဇေယျာတို့က တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို ဇူလိုင်လ(၂၇)ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာကျင်းပသွားမှာဖြစ်ပြီး ဒီရန်ပုံငွေပွဲကရရှိလာမယ့် ငွေတွေကို ဒီပွဲမှာ ပါဝင်ခဲ့တဲ့တေးသံရှင်တွေနဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာသွားရောက် လှူဒါန်းသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

MRTV-4
ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း ပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ


ရခိုင်ရိုးမ ချောင်းရေလျှံသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့အတွင်းရှိ ဇလွန်ရွာ နှင့် မဲနယ်ကွင်းကျေးရွာ ကြားရှိ တံတားပျက်စီးကာ သံတွဲ -ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ကားနှင့် ကုန်ကား အစီးနှစ်ဆယ်ခန့် ပိတ်မိနေသည်ဟု သံတွဲမြို့ မထသ ဥက္ကဋ္ဌ ဦးကျော်ကျော်က ဇူလိုင် ၁၉ တွင် မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ

ဗိုလ်ချုပ်ရောက်လာ
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ် သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။

စစ်တွေမြို့၌ ထူးကဲဒီရေ တက်ခြင်းကြောင့် ရပ်ကွက်တချို့၌ သုံးရက် ဆက်တိုက် ရေ လွှမ်း

စစ်တွေ၊ ဇူလိုင် ၁၈- ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထူးကဲဒီရေတက်ခြင်း များကြောင့် ရပ်ကွက်တချို့၌သုံးရက် ဆက်တိုက်ရေလွှမ်းမိုးမှု များဖြစ်ပေါ် လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များထံမှ သိရသည်။

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ... (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)

ဂဠုန်ဦးစော၏မြေး ဒေါ်မွန်မွန်ရင် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ် အတွက်   ဥပဒေအရခံသွားပြီပဲ။   ကျန်တဲ့လူမှာ   ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ် သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး

ရင်ခုန်သံအသစ်နဲ့ ချိန်းတွေ့ခြင်း မပြုလုပ်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်များ


ချစ်သူနဲ့လမ်းခွဲပြီး သို့မဟုတ် ကွားရှင်းပြီးမှာ အချစ်သစ်နဲ့ချိန်းတွေ့တယ် ဆိုတာဟာ ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ စိတ်ကူးအသစ်နဲ့ ဘဝသစ်ကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးမို့လို့ သင့်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့အချက် (၁၁)ချက်ကို စုစည်းပေးထားပါတယ်။

လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ

Photo: လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ
Saturday, July 19, 2014  

အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူ လိုက်ကြောင်း မျက်မြင်တွေ့သူ ကမာရွက်မြို့နယ် လှည်းတန်းမီးပွိုင့်တွင် ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္ဈိမကိုပြောသည်။

“ လမ်းပေါ်က လူတွေက တစ်မိနစ်ငြိမ်တဲ့အချိန်မှာ ကားတွေက ဟွန်းသံရှည်တွေ ဆွဲပြီး လာကြတဲ့ အဲဒီအထဲကမှ ကားတစ်စီးကို လိုင်စင်သိမ်းသွားတယ်”ဟု ကိုရဲရင့်ခန့်မောင်ကဆိုသည်။

အာဇာနည်နေ့မတိုင်ခင်က ဟွန်းသံရှည် တီးပါက လိုင်စင်ပိတ်သိမ်းမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောထားဖူးသည်။

လိုင်စင်သိမ်းခံရသည့် ယာဉ်မောင်း ကိုငြိမ်းမင်းသူကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

Mizzima - News in Burmese
အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူ လိုက်ကြောင်း မျက်မြင်တွေ့သူ ကမာရွက်မြို့နယ် လှည်း တန်း မီးပွိုင့်တွင် ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္ဈိမကိုပြောသည်။

MH17 နောက်ဆုံးရသတင်းအချက်အလက်အချို့

Photo: MH17 နောက်ဆုံးရသတင်းအချက်အလက်အချို့
Saturday, July 19, 2014 

- ယူကရိန်းလုံခြုံရေးကောင်စီက မလေးရှားခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာမှ ရုပ်အလောင်း ၁၈၆ ခုကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။ 

- MH17 လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်စာရင်း အတိအကျကို ယနေ့ ညနေပိုင်းတွင် မလေးရှားအစိုးရတာဝန်ရှိသူများက တရားဝင်ထုတ်ပြန်သွားမည်ဖြစ်သည်။

- ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသူပုန်များက လေယာဉ်ပျက်ကျရာနေရာတွင် လုံခြုံရေးဇုန်တစ်ခု သတ်မှတ်ထားရန် သဘောတူညီခဲ့သည်။

- MH17 လေယာဉ်ပေါ်တွင် နို့စို့အရွယ် ကလေးငယ်သုံးဦး လိုက်ပါသွားကြောင်း သတင်းများကဆိုသည်။

- MH17 လေယာဉ်ပျက်မှုအတွင်း သေဆုံးမှုများတွင် တိရိစ္ဆာန်များလည်း ပါဝင်ကြောင်းနှင့် လေယာဉ်၏ကုန်တင်ခန်း စာရင်းများအရ ခွေး ၂ ကောင်နှင့် ငှက် ၉ ကောင်ဖြစ်ကြောင်း သိရသည်။

- လေယာဉ်ပျက်ကျရာနေကို အပြည့်အဝ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့် ရရှိရန်လိုကြောင်းနှင့် အဓိကကျသည့် သက်သေအထောက်အထားများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း မလေးရှားအစိုးရက ပြောကြားသည်။ 

Mizzima - News in Burmese
ယူကရိန်းလုံခြုံရေးကောင်စီက မလေးရှားခရီးသည်တင်လေယာဉ် ပျက်ကျသည့်နေရာမှ ရုပ်အလောင်း ၁၈၆ ခုကို တွေ့ရှိခဲ့ပြီးဖြစ်ကြော င်း ပြော ကြားသည်။

ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန်

Photo: ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန်
Saturday, July 19, 2014

 မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီနိုင်းအနီ ကြီးများကို လမ်းမတော်မြို့နယ် အနော်ရထာ လမ်းမပေါ်တွင် ဖတ်ရှုရသည်ဟု လမ်းသွား လမ်းလာ တစ်ဦးမှ ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ယာဉ်ရပ်နားရန် နေရာများ၌ ပစ္စည်းများ စုပုံ ချထားခြင်း၊ နေရာဦး ထားခြင်းများ မပြုရ၊ လိုက်နာခြင်းမရှိပါက မည်သည့် တန်ဖိုးကြီး ပစ္စည်းကိုမဆို အမှိုက်အဖြစ် သိမ်းဆည်း သွားမည့်အပြင် စည်ပင် သာယာဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

လူသွားလမ်းပလက်ဖောင်းများပေါ်တွင် အလားတူဖြစ်စဉ်အတွက် အသိပေး ကြေညာချက်များ ထုတ်ပြန်ပေးခဲ့ဖူးကြောင်း၊ ယခုအခါ ယာဉ်ရပ်နားရန်နေရာ တွင် ဈေးဆိုင်တည်ခင်း ရောင်းချမှုနှင့်ပတ်သက်၍ မဟာဗန္ဓုလလမ်းပေါ်တွင် အရေးယူခဲ့ခြင်းရှိကြောင်း၊ ယာဉ်ရပ်နားခကောက်ခံမှုမရှိသော ညနေ ၆ နာရီမှ စ၍ ယာဉ်ရပ်နားရန်နေရာများတွင် စားသောက်ဆိုင်များ ရောင်းချမှုကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းမပေါ်တွင် မြင်တွေ့ ရပြီး ကားများမှာ လမ်းမပေါ်တွင် ယခင်ကကဲ့သို့ ရပ်နေရဆဲဖြစ်ကြောင်း အိမ်စီး ကားပိုင်ရှင်တစ်ဦးက ဆိုသည်။

လူသွားလမ်းနှင့် ယာဉ်ရပ်နားရန်နေရာများအတွက် သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်နေသကဲ့သို့ နောက်ဖေးလမ်းကြားများကို ကိုယ်ပိုင်မြေသဖွယ် အသုံးချနေမှုများ၊ မိလ္လာ၊ အညစ်အကြေးအပါအဝင် အမှိုက်မျိုးစုံလွှင့်ပစ်စုပုံထား မှုများ၊ မီးစက်များချထားခြင်းတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိဘဲ ခြင်များပေါက်ဖွားလျက်ရှိရာ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးသင့် သည်ဟု ရန်ကုန်မြို့နေ လူအများက ဆိုသည်။

(မောင်စေအောင်)
The Mirror Daily
 မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီနိုင်းအနီ ကြီးများကို လမ်းမတော်မြို့နယ် အနော်ရထာ လမ်းမပေါ်တွင် ဖတ်ရှုရသည်ဟု လမ်းသွား လမ်းလာ တစ်ဦးမှ ဆိုသည်။

ကျောင်းကားနှင့် ကုန်တင်ကားတိုက်

Photo: ကျာင်းကားနှင့် ကုန်တင်ကားတိုက်
Saturday, July 19, 2014 

 ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင်တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ရပ်ကွက်အတွင်းမှ ကျောင်းသား ကြိုပြီး ထွက်လာသော Toyota ၈င/----မှာ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ပေါ်အရောက်၌ မြောက်မှတောင်သို့ မောင်းနှင်လာသည့် 4A/------တီအီးဟီးနိုး ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြသည်။

ကြေမွပျက်စီး
========

ယာဉ်တိုက်မှုကြောင့် တီအီးရှေ့ဘန်ဘာမှာ ကောက်ဝင်သွားပြီး ကျောင်းကား၏ ဘယ်ဘက်ရှေ့ ဦးခေါင်းပိုင်းအခြမ်း အနည်းငယ်ပျက်စီးသွားပြီး ကားတံခါးမှန်များ ကြေမွပျက်စီးသွားခဲ့သည်။

ကျောင်းကားပေါ် လိုက်ပါလာသည့် ကျောင်းသားကျောင်းသူများကို အနီးဝန်းကျင်မှသူများက အကူအညီပေးခဲ့ကြပြီး သက်ဆိုင်ရာ မိဘ၊ ကျောင်း များသို့ အကြောင်းကြားပေးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ကျောင်းသူလေးများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကိုကြီးတင်

The Mirror Daily
ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင် တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။

အိမ်ခြံမြေငှားရမ်းမှု အခွန်ကောက်မည့်အစီအစဉ်ကြောင့် ငှားရမ်း ခများ ဈေးကျနိုင်ဟုဆို

အိမ်ခြံမြေရောင်းဝယ် ခြင်းများသာမက ငှားရမ်းမှုများကို ပါအခွန်ကောက်ခံမည်ဖြစ်၍ ဈေး ကွက်ထိန်းချုပ်လိုက်သကဲ့သို့ဖြစ် သောကြောင့် အိမ်ခြံမြေဈေးနှုန်း များကျဆင်းသွားနိုင်ကြောင်းအိမ်ခြံမြေဈေးကွက်မှလုပ်ငန်းရှင်များကခန့်မှန်းပြောကြားသည်။

MH-17 ပေါက်ကွဲမှုကို ခရီးသည်များ သိပင်သိလိုက်ဟန် မတူကြောင်း လက်နက်ပါရဂူတစ်ဦး သုံးသပ်

Photo: MH-17 ပေါက်ကွဲမှုကို ခရီးသည်များ သိပင်သိလိုက်ဟန် မတူကြောင်း လက်နက်ပါရဂူတစ်ဦး သုံးသပ်
Saturday, July 19, 2014

MH-17 လေယာဉ်သည် ဒုံးကျည်ထိမှန်သဖြင့် ပေါက်ကွဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လောက်စရာ အခြေအနေများ မြင့်တက်လာချိန်၌ လက်နက်ပါရဂူ တစ်ဦးက ဒုံးကျည်ထိမှန်ချိန်၌ ခရီးသည်များ ကြုံလိုက်ရမည့် အကျိုးဆက်များကို ခန့်မှန်း အဖြေရှာခဲ့သည်။

SA-11 (BUK) အမျိုးအစား ဒုံးကျည်သည် ယူကရိန်း အရှေ့ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် MH-17 ကို တိုက်ရိုက် ထိမှန်ခဲ့သည်ဟု ယူဆရပြီး လေယာဉ်သည် ချက်ချင်း ပေါက်ကွဲသွားသဖြင့် ခရီးသည် အားလုံးလိုလိုသည် မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် သတိပြုချိန် ရလိုက်မည် မဟုတ်ဟု ဗြိတိန်နိုင်ငံ တော်ဝင်ယူနိုက်တက် လုံခြုံရေးနှင့် ကာကွယ်ရေး နည်းပညာဌာနမှ ပညာရှင် ဂျက်စတင်ဘရွန့်ခ်က ပြောကြားခဲ့သည်။ ၎င်းသည် လေယာဉ်နှင့် လေကြောင်းဆိုင်ရာ လက်နက်များအတွက် အထူးပြု လေ့လာနေသည့် ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ဘရွန့်ခ်က လေယာဉ်သည် ဒုံးကျည် ထိမှန်သည်နှင့် စုတ်ပြတ်သွားပြီး ခရီးသည်များသည် ပေါက်ကွဲမှုနှင့် ရုတ်တရက် ပြောင်းလဲသွားသည့် လေဖိအားတို့ကြောင့် ချက်ချင်း သေဆုံးသွားသည်ဟု ယုံကြည်နေသည်။
“SA-11 ဒုံးကျည်ရဲ့ ဒီဇိုင်းကိုက ပစ်မှတ်လေယာဉ်ကို စုတ်ဖြဲပစ်လိုက်ဖို့ အဓိက ရည်ရွယ် တည်ဆောက်ထားတာပဲ။ လေယာဉ်ရဲ့ အပျက်အစီး အစအနတွေက ဧရိယာ အကျယ်ကြီး ပျံ့နှံ့နေတာကို ကြည့်လိုက်ရင် ဒီအချက်က မြင်သာပါတယ်”ဟု ဘရွန့်ခ်က ဆိုသည်။

၎င်းက “ဒုံးကျည်မှာက လမ်းကြောင်းရှာ စနစ်တစ်ခု တပ်ဆင်ထားတယ်။ အဲဒီစနစ်က လိုချင်တဲ့ ပစ်မှတ်နဲ့ မီတာအနည်းငယ်လောက် အကွာအဝေးလောက်မှာ ဒုံးကျည်ထိပ်ဖူးကို ပေါက်ကွဲသွားအောင် စီစဉ်ပေးထားတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အခါ ဒုံးကျည်ရဲ့ အစအနတွေက လေယာဉ်တစ်ခုလုံးက အစိတ်အပိုင်း အားလုံးကို ဖြန့်ကျက်ပြီး ထိမှန်ကုန်လိမ့်မယ်။ အရင်ဆုံး တောင်ပံတွေနဲ့ ပန်ကာတွေကို ဖျက်ဆီးလိုက်မယ်။ ပြီးတော့ လောင်စာဆီ လှောင်ကန်တွေကိုပါ ထိမယ်။ ဒီတော့ လောင်စာဆီတွေ မီးလောင်ပြီး ထပေါက်ကွဲအောင် လှုံ့ဆော်မှုမျိုး ဖြစ်သွားလိမ့်မယ်။ လူတွေ အသက်ရှူရ အဆင်ပြေအောင် ဖိအားအများကြီး ပေးပြီး တည်ဆောက်ထားတဲ့ အခုလို လေယာဉ်အကြီးစားရဲ့ ကိုယ်ထည်မျိုးက အမြင့်ကြီး ပျံနေတဲ့ အခါမှာတော့ ပေါက်ကွဲမှုက ချက်ချင်း ဖြစ်ပေါ်လာမှာပဲ”ဟုလည်း ရှင်းပြခဲ့သည်။

၎င်းက “ပြောရမယ်ဆိုရင် လေယာဉ်ထဲမှာ ရှိနေတဲ့ လူအားလုံးလိုလိုက ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ချက်ချင်းကြီး သေဆုံးမသွားရင်တောင် စက္ကန့်ပိုင်းလေးအတွင်း အသိမဲ့သွားပါလိမ့်မယ်”ဟုလည်း ကောက်ချက်ချခဲ့သည်။

ထိုအတောအတွင်း သူပုန်များ ထိန်းချုပ်ထားရာ ဒေသများတွင် ပုန်းကွယ် လှုပ်ရှားနေသည့် ယူကရိန်း ထောက်လှမ်းရေးများက တိုရက်ဇ်အနီးတွင် ရိုက်ကူးထားသည့် BUK ဒုံးကျည်တင် ထရပ်ကားတစ်စင်း၏ ဓာတ်ပုံကို ဖော်ပြခဲ့ကြသည်။ အဆိုပါ ထရပ်ကားသည် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေပြီး လူနေဧရိယာ တစ်ခုတွင် ပုန်းကွယ် နေရာယူထားသည်ကို လေယာဉ်မပျက်ကျမီ နာရီအနည်းငယ် အလိုတွင် ဓာတ်ပုံရိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ထရပ်ကားသည် MH-17 ကို ပစ်ချခဲ့ခြင်း ဟုတ်၊ မဟုတ် လွတ်လပ်စွာ အတည်ပြုနိုင်သည့် အခြေအနေ မရှိသေးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY
MH-17 လေယာဉ်သည် ဒုံးကျည်ထိမှန်သဖြင့် ပေါက်ကွဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လောက်စရာ အခြေအနေများ မြင့်တက်လာချိန်၌ လက်နက်ပါရဂူ တစ်ဦးက ဒုံးကျည်ထိမှန်ချိန်၌ ခရီးသည်များ ကြုံလိုက်ရမည့် အကျိုးဆက်များကို ခန့်မှန်း အဖြေရှာခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏အခွင့်အရေးနှင့် နိုင်ငံ့ဝန်ထမ်း များ ထိုက် သင့်သည့်လစာနှင့်အခွင့်အရေးရရှိရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား

Photo: လွှတ်တော်ကိုယ်စားလှယ်များ၏အခွင့်အရေးနှင့် နိုင်ငံ့ဝန်ထမ်း များ ထိုက် သင့်သည့်လစာနှင့်အခွင့်အရေးရရှိရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား
Saturday, July 19, 2014

လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေအသီးသီးတိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ်လာကြောင်း နိုင်ငံတော်သမ္မတထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော်ကိုယ်စား လှယ်များနှင့်နိုင်ငံ့ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယနေ့ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့ မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေအသီးသီးကို တိုးမြှင့်ပေး ရေးစီမံဆောင်ရွက်ပါက နှစ်ပေါင်း များစွာတာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်းများ၏အခွင့် အရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာ ဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက် ဆိုင်သဖြင့် ကျယ်ပြန့်စွာသုံးသပ် ရမည့်ကိစ္စဖြစ်လာပါကြောင်း၊ မူလ ဥပဒေကြမ်းတွင် ပါဝင်ခြင်းမရှိ သော လွှတ်တော်ကိုယ်စားလှယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေတိုးမြှင့်ရေးကိစ္စရပ်ကို လွှတ်တော်တွင် ဖြည့်စွက်ဆွေးနွေး ကာ ဥပဒေပြဋ္ဌာန်းရန်ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်စွာလိုက်နာဆောင် ရွက်မည်ဖြစ်ပြီး အခြားဆောင်ရွက် ရန်မရှိပါကြောင်း၊ လွှတ်တော်အနေ ဖြင့် သုံးသပ်ဆောင်ရွက်ရန်သာဖြစ် ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သဝဏ်လွှာကိုလွှတ်တော်ကိုယ်စား လှယ်များသိရှိနိုင်စေရန် ဖတ်ကြား တင်ပြအပြီး အထက်ပါအတိုင်း ထိုက်သင့်သည့်လစာများ၊ အခွင့် အရေးများရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများကို ရရှိအောင် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေများအတိုင်းသာ ဆောင်ရွက် ပါကြောင်း၊ ထိုနည်းတူစွာပင် မိမိ အနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် ညီညွတ်စေရန်အတွက် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို တာဝန်ပေးပြီးဆောင်ရွက်နေပါ ကြောင်း၊ ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့်လည်းဥက္ကဋ္ဌ ၏အခွင့်အာဏာကို အလွဲသုံးစားပြု နေမှု၊ လွန်ကဲစွာအသုံးချနေမှုမျိုး မရှိစေရန် မိမိကိုယ်ကိုအမြဲတမ်း သတိပေးကြပ်မတ်ဆောင်ရွက်နေ ပါကြောင်း။

ထို့ကြောင့် ယခုကိစ္စနှင့်ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ် များ၏အခွင့်အရေးကို မှန်ကန်စွာ ရရှိရေးအတွက် ဥပဒေ၊နည်းဥပဒေ များနှင့်အညီ တစ်နည်းပြောရ မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အသိပေး ပြောကြားသည်။
ဆက်လက်၍ ၄င်းက ''ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပိုမိုကောင်း မွန်ခိုင်မာပြည့်စုံအောင်လို့ ဒီကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီးတော့ သီး ခြားကျွမ်းကျင်၊ အတွေ့အကြုံရှိတဲ့ အစုအဖွဲ့များဖွဲ့စည်းပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး ရရှိနိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းများ ထိုက်သင့်တဲ့လစာများအခွင့်အရေး ရရှိရေးကိုပါ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာကို အသိပေး တင်ပြပါတယ်''ဟုပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတထံသို့ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလ ၄ ရက်ရက်စွဲဖြင့် ချီးမြှင့်ငွေ၊စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း နှစ်ခုနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်ကပြင်ဆင်ပြီး ပြည်သူ့ လွှတ်တော်သို့ ဆက်လက်ပေးပို့လာ ပါကြောင်း၊ လစဉ်ချီးမြှင့်ငွေများကို တိုးမြှင့်ရန် တင်သွင်းလာခြင်း အပေါ် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အတွက် နိုင်ငံတော်နှင့်ပြည်သူတို့ ၏သဘောထားအမြင်များကိုလည်း ကျယ်ပြန့်စွာဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းရှိမရှိနှင့် ထိုသို့ ဆုံးဖြတ်ခြင်းသည် ဥပဒေ၊လုပ်ထုံး လုပ်နည်းတို့နှင့်ညီမညီ သုံးသပ် ရန်ရှိလာပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ် တော်အခွင့်အရေးကော်မတီ၊ ဘဏ် များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၊ စီမံကိန်းများ နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့နှင့်ပြည်ထောင်စုအစိုးရ တာဝန်ရှိအဖွဲ့အစည်းများ ဆွေးနွေး ညှိနှိုင်းပြီး လွှတ်တော်သို့တင်ပြ ဆောင်ရွက်ရမည်ဟုယူဆပါသဖြင့် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးပါရန်ဖော်ပြ၍ သဝဏ်လွှာတစ် စောင်ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတ က ''နိုင်ငံတော်သမ္မတနှင့် ပြည် ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိ သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊တည်ဆဲဥပဒေ၊နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး အခြားဆောင်ရွက်ရန်မရှိပါကြောင်း နှင့် လွှတ်တော်အနေဖြင့် သုံးသပ် ဆောင်ရွက်ရန်သာဖြစ်ကြောင်း'' ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

The Union Daily
လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဝင် များအား လစဉ်ချီးမြှင့်ငွေအသီးသီးတိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေး ကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့် သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ်လာကြောင်း နိုင်ငံတော်သမ္မတထံမှ ပြည်သူ့ လွှ တ်ေ တာ် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော် ကိုယ်စား လှယ်များနှင့်နိုင်ငံ့ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေး အတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယနေ့ပြောကြားသည်။

ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြု

Photo: ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြု
Saturday, July 19, 2014 

၆၇ နှစ်မြောက် အာဇာနည်နေ့ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ အပါအ၀င် ပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း အာဇာနည်ဗိမာန်ကို တက်ရောက်ဂါဝရ ပြုခဲ့ကြပါတယ်။

67Martyr Day2014(6အာဇာနည်ဗိမာန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကလည်း တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။ အာဇာနည်ခေါင်းဆောင်တွေကို အရက်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အများပြည်သူတွေကလည်း လာရောက် ဂါဝရ ပြုခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဆွမ်းကပ်အမျှဝေ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ခိုင်ဖြိုး ပါတီ၊ အင်န်အယ်လ်ဒီပါတီနဲ့ တစညပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတ၀န်းက မြို့အတော်များများမှာလည်း ကျင်းပခဲ့ကြပါတယ်။ မြို့ကြီးတချို့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ အချက်ပြ ဥသြဆွဲသံတွေ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဥသြမစွဲတဲ့ မြို့တွေလည်း ရှိနေဆဲပါ။

လမ်းပေါ်မှာ သွားလာနေတဲ့ ကားတွေမှာလည်း ဟွန်းသံတီး အလေးပြုခဲ့ကြပါတယ်။ မန္တလေးမြို့က အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်လမ်းလျှောက် အလေးပြုကြသူတွေကို ရဲတပ်ဖွဲ့က ဟန့်တားတာတွေ ရှိပေမယ့် ဆက်လက် ချီတက်ခဲ့ကြပြီး မနောရမ္မန် ဥယျာဉ် အတွင်းက ဗိုလ်ချုပ်ကြေးရုပ်ထုမှာ အာဇာနည် ခေါင်းဆောင်တွေအတွက် လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ ရန်ကုန်မြို့ ၀န်ကြီးများရုံးမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း မသမာသူလူတစုရဲ့ လက်ချက်ကြောင့် လုပ်ကြံခံခဲ့ရပါတယ်။

DVB
၆၇ နှစ်မြောက် အာဇာနည်နေ့ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြုခဲ့ ကြ ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်ဆွမ်းကပ်အမျှဝေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊တက်ရောက်

(၆၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။ 

ကြေးမုံသတင်းစာတွင် အာဇာနည် ခေါင်းဆောင်ကြီးများပုံ မျက်နှာဖုံးအပြည့် ဖော်ပြ

Photo: ကြေးမုံသတင်းစာတွင် အာဇာနည် ခေါင်းဆောင်ကြီးများပုံ မျက်နှာဖုံးအပြည့် ဖော်ပြ
Saturday, July 19, 2014 

ယနေ့ တွင် ကြရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ သတင်းစာ တစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံဖြင့် မျက်နှာဖုံး အပြည့်ဖော်ပြထားတာကို ထူးခြားချက်အနေဖြင့် တွေ့ရှိရပါတယ်။

စစ်အစိုးရ လက်ထက် ယခုကဲ့သို့ ဖော်ပြခဲ့မှု များ မရှိသလောက်ပါ။

ရန်ကုန်မြို့တွင် အာဇာနည်နေ့ ကားဟွန်းမတီးရန် ကြေညာချက်များ ထုတ်ခဲ့ပါတယ်။ အာဇာနည်နေ့ ကျင်းပမည့် တရက် အလိုတွင် မီသတ်ဌာနမှ မီးသတ်ကားများ ဥသြဆွဲပြိး ဂုဏ်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များမှ အမိန့်ထုတ်ပြန်ကြောင်း သတင်းများမှာ ဖော်ပြပါတယ်။  ယနေ့ အာဇာနည်ခေါင်းဆောင်ကြိးများ ကျဆုံးသည့် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်နှင့် မန္တလေးမြို့တွေမှာ ကားဟွန်းတီးပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။

M-Media
ယနေ့ တွင် ကြရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ သတင်းစာ တစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင် အာဇာ နည်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံဖြင့် မျက်နှာဖုံး အပြည့်ဖော်ပြထားတာကို ထူးခြားချက်အနေဖြင့် တွေ့ရှိရပါတယ်။