Wednesday, 16 July 2014

ကြံ့ခိုင်ရေး အမတ် ဦးနေမျိုးအောင်၏ စွပ်စွဲရေးသားသည့် လမ်းပြောင်းပြန် ရပ်သည့်ကား ဆိုသည်မှာ လူကြီးကားမဟုတ် ဟုဆို

Photo: ကြံ့ခိုင်ရေး အမတ် ဦးနေမျိုးအောင်၏ စွပ်စွဲရေးသားသည့် လမ်းပြောင်းပြန်ရပ်သည့်ကား ဆိုသည်မှာ လူကြီးကားမဟုတ် ဟုဆို
******************************************************
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ်မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။  

ဦးနေမျိုးအောင်၏ ရေးသားမှုနှင့်ပတ်သက်ပြီး ကားပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးမှ ဦးနေမျိုးအောင်၏ ပြောဆိုမှုများမှာ အဓိပ္ပါယ်မရှိ စွပ်စွဲချက်များဖြစ်ကြောင်းကို အခုလို ပြောပါတယ်။ “ကြံ့ဖွံ့အမတ် ဦးနေမျိုးအောင်ပြောတဲ့ လူကြီးကားဆိုတာ မဟုတ်ပါဘူး.. ကျွန်တော့သူငယ်ချင်း တစ်ယောက်ရဲ့ကားပါ.. ဘာရာထူးကြီးမှလည်း မဟုတ်ပါဘူး.. သာမန်ပြည်သူ တစ်ဦးပါ.. သူငယ်ချင်းက အဲဒီကားနဲ့ ဒီနေရာကို မကြာမကြာ လာတတ်ပါတယ်..” လို့ဆိုပါတယ်။ 

“ပြဿနာတက်တယ်လို့တော့ မဟုတ်ပါဘူး.. ညာဖက်ယာဉ်ကြောမှာ ပိတ်နေလို့ ဘယ်ဘက်မှာ ခဏ ရပ်တာပါ.. တခြားကားတွေနဲ့ တခြားလူတွေလည်း ဒီလိုပဲသွားနေတာပါ.. အဖိတ် ဥပုဉ် ရက်တွေမှာ လူကျတော့ ရဲကထိန်းပေးတာတော့ရှိတယ်… ရဲနဲ့အဆင်မပြေဖြစ်စရာ အကြောင်းလည်း မရှိပါဘူး..” လို့ ၎င်းက ဆက်ပြောပါတယ်။ 

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖြစ်စဉ်အကြောင်းအရာ သေသေချာချာမသိပဲ  နားစွန်နားဖျားကြားတာကို လူမှုကွန်ယက်ပေါ်တွင် မဆင်မခြင်ရေးသားနေမှုများ အတွက် စိတ်ပျက် မိကြောင်း၊ ပြည်သူတွေကို မဲလိမ်ပြီးဖြစ်လာတဲ့ အမတ်ဖြစ်တာကြောင့် လိမ်ရတာ အကျင့်ပါနေတာ ဖြစ်နိုင်ကြောင်း နဲ့ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကရရေးသား ပြောဆိုမှုများ လုပ်နေခြင်းဟာ နိုင်ငံမှာအရေးပါတဲ့ လွှတ်တော်အမတ် တစ်ဦးအနေနဲ့ မသင့်တော်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

Credit: ဆန်းထူးအောင်
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ် မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။

မန်းတွင် ပုဒ်မ ၁၄၄ထုတ်ထားသည့်ကာလ လူနာတင်ယာဉ်များ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားဟုဆို

Photo: မန်းတွင် ပုဒ်မ ၁၄၄ထုတ်ထားသည့်ကာလ လူနာတင်ယာဉ်များ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားဟုဆို
Wednesday, July 16, 2014  

မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားသည့် အချိန်ကာလအတွင်း၌ လူနာတင်ယာဉ်များ သွာလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားသည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ ကိုယ်ရေး အရာရှိက မဇ္ဈိမကို အတည်ပြုပြောသည်။

“လူနာတင်ယာဉ်အတွက် ညမထွက်ရအချိန်မှာ ထွက်တာကို စစ်ဆေးမှုရှိပေမယ့် လူနာပါရင် သွားခွင့်ပြုဖို့ ပြောထားပြီးဖြစ်သလို၊ မန္တလေးမြို့က ညဘယ်သွားမှာလဲ ဆိုတာကိုလည်း ကြည့်ရင်သိနိုင်ပါတယ်”ဟု ယင်းကပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် လူနာတင်ယာဉ်များ သွားလာမှု အခက်အခဲများရှိနေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေ၍ မဇ္ဈိမက ဝန်ကြီးချုပ်ကို ဆက်သွယ်မေးမြန်းရာတွင် သူ၏ ကိုယ်ရေးအရာရှိက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“၁၄၄ ထုတ်ထားတဲ့ ညပိုင်းအချိန်မှာ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ကို အသိပေးပြီးသွားလို့ရပါတယ်၊ ဘာမှ စစ်ဆေးတာမျိုးမရှိပါဘူး၊ လူနာဆေးရုံကို တင်ပို့ရာမှာလည်း အဆင်ပြေပါတယ်” ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းက အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

မန္တလေးမြို့တွင် ည၉နာရီမှ နံနက် ၅နာရီအတွင်း ပုဒ်မ ၁၄၄ကို ဇူလိုင်လ ၃ရက် ညပိုင်းမှ စတင်ကာ မန္တလေးမြို့ ၆မြို့နယ်ကို  ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ရက်တွင် လုံခြုံရေးအရ လိုအပ်သဖြင့် ပုသိမ်ကြီးမြို့နယ်ကို ထပ်တိုး ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese
မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားသည့် အချိန်ကာလအတွင်း၌ လူနာတင်ယာဉ်များ သွာလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားသည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၏ ကိုယ်ရေး အရာရှိ က မဇ္ဈိမကို အတည်ပြုပြောသည်။

ရေကြီးနိုင်သည့် အလားအလာများ ရှိနေသောကြောင့် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်းမြို့နယ်တို့၌ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့နယ်များတွင် ယခုလ ၂ဝ ရက်မှ ၃ဝ ရက်အထိ ရေကြီးနိုင် သည့် အလားအလာများ ရှိနေသော ကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးချစ်ကျော်က ပြည် ထောင်စုနေ့စဉ်သို့ ပြောသည်။

သိမ်းဆည်းလက်နက် ၃ သောင်းခွဲခန့် ထိုင်းစစ်တပ်ဖျက်ဆီး

ထိုင်းအာဏာပိုင်တွေဟာ သိမ်းယူရရှိထားတဲ့ သောင်းနဲ့ချီတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ဖျက်ဆီးခဲ့ပါတယ်။

အငှားယာဉ်က ဆိုင်ကယ်ကိုတိုက် ဆိုင်ကယ်က အဓိပတိယာဉ်ကို တိုက်မှုဖြစ်ပွား

Photo: အငှားယာဉ်က ဆိုင်ကယ်ကိုတိုက် ဆိုင်ကယ်က အဓိပတိယာဉ်ကို တိုက်မှုဖြစ်ပွား
Wednesday, July 16, 2014 

 ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်း အုတ်ကျင်းဝမှတ်တိုင်အနီးတွင် စော်ဘွား ကြီးကုန်းဘက်မှ အင်းစိန်ဘက်သို့ အငှားယာဉ်အမှတ် 9A / -----တိုယိုတာ ခဲရောင် ယာဉ်မောင်းကိုကိုဇော် (၃၁ နှစ်) ရွှေပြည်သာမြို့နေသူ မောင်းနှင် လာသောယာဉ်က လားရာတူ အရှေ့ဘက်တွင် ဇော်ထွန်းဦး (၄၅ နှစ်) ကျွမ်းကျင်-၄ အင်ဂျင်နီယာဌာန(လမ်းတံတား) စည်ပင်သာယာဝန်ထမ်း မောင်းနှင်လာသော ကင်ဘိုအမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ကို အနောက် မှ ဝင်တိုက်မိပြီး အငှားယာဉ်နှင့်ဆိုင်ကယ်မှာ လမ်းတစ်ဖက်ခြမ်းသို့ ရောက်ရှိ သွားကာ မျက်နှာမူရာဘက်မှ ယာဉ်မောင်း သန်းဝင်းအောင် မောင်းနှင်လာသော ယာဉ်အမှတ် ၅ဂ/---- အဓိပတိ(အပြာရောင်)နှင့် ထပ်မံတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဇော်ထွန်းဦးမှာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်။

ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသူ ကျော်သူအောင်(၃ဝ နှစ်)၊ အငှားယာဉ်မောင်း ကိုကိုဇော်နှင့် အငှားယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ပေါင်း လေးဦးတို့မှာ သတိလစ်မေ့မြောနေ၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြင့်ဦး(အင်းစိန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
 ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်း အုတ်ကျင်းဝမှတ်တိုင်အနီးတွင် စော်ဘွား ကြီးကုန်းဘက်မှ အင်းစိန်ဘက်သို့ အငှားယာဉ်အမှတ် 9A / -----တိုယိုတာ ခဲရောင် ယာဉ်မောင်းကိုကိုဇော် (၃၁ နှစ်) ရွှေပြည်သာမြို့နေသူ မောင်းနှင် လာသောယာဉ်က လားရာတူ အရှေ့ဘက်တွင် ဇော်ထွန်းဦး (၄၅ နှစ်) ကျွမ်းကျင်-၄ အင်ဂျင်နီယာဌာန(လမ်းတံတား) စည်ပင်သာယာဝန်ထမ်း မောင်းနှင်လာသော ကင်ဘိုအမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ကို အနောက် မှ ဝင်တိုက်မိပြီး အငှားယာဉ်နှင့်ဆိုင်ကယ်မှာ လမ်းတစ်ဖက်ခြမ်းသို့ ရောက်ရှိ သွားကာ မျက်နှာမူရာဘက်မှ ယာဉ်မောင်း သန်းဝင်းအောင် မောင်းနှင်လာသော ယာဉ်အမှတ် ၅ဂ/---- အဓိပတိ(အပြာရောင်)နှင့် ထပ်မံတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဇော်ထွန်းဦးမှာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်။

နိုင်ငံခြားဘဏ်တွေ ဖွင့်လစ်ရေး ဆွေးနွေးနေ

Photo: နိုင်ငံခြားဘဏ်တွေ ဖွင့်လစ်ရေး ဆွေးနွေးနေ
Wednesday, July 16, 2014

 တိုင်းပြည်ထဲ နိုင်ငံခြားဘဏ် တွေကို လုပ်ပိုင်ခွင့် ပေးတဲ့အခါ ကြုံတွေ့ လာရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ အကြာင်း ဆွေးနွေးပွဲ ကို၊ ပြည်တွင်း ဘဏ်တွေ နဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ က ဘဏ်တွေ ပူးပေါင်းပြီး၊ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် မှာ ဇူလိုင် ၁၅ ရက်နေ့က စတင်ပြီး၊ ၃ ရက်ကြာ ကျင်းပ နေပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ကနေ အခု ၂၀၁၄ ခုနှစ် ထဲမှာ နိုင်ငံခြားဘဏ် တွေ လာရောက် လုပ်ပိုင်ခွင့် ပေးမယ် ဆိုပြီး ပြောထားပါ တယ်။

မြန်မာနိုင်ငံထဲ မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ တိုးမြင့် ဝင်ရောက်လာချိန် မှာ၊ လုံလောက်တဲ့ ဘဏ္ဍဍာရေး ဆိုင်ရာ ဝန်ဆောင်မှု တွေ ပေးနိုင်ဖို့ အတွက်၊ နိုင်ငံခြားဘဏ် တွေ လာရောက် ဖွင့်လစ်ဖို့ရာ လိုအပ်ပါတယ် လို့ ပြည်တွင်း ကမ္ဘောဇဘဏ် ရဲ့ အကြီးတန်း ဒါရိုက်တာ ဦးမျိုးမြင့် က ပြောပါတယ်။

နိုင်ငံခြားဘဏ်တွေ ကို လုပ်ကိုင်ခွင့်ပြုတဲ့ အခါ၊ ပြည်တွင်း ဘဏ်တွေကနေ တဆင့် ပြည်တွင်း လုပ်ငန်းတွေ ကို ငွေချေးတာမျိုး လို၊ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်း လုပ်ကိုင်စေမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောထားပါ တယ်။

မြန်မာနိုင်ငံ မှာ လာရောက် လုပ်ကိုင်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြား ဘဏ်ပေါင်းဟာ ဂျူလိုင် ၇ ရက် လျှောက်လွှာ ပိတ်ချိန်အထိ ၂၅ ဘဏ်ရှိနေပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာ နိုင်ငံခြားဘဏ် ၅ ဘဏ်ကနေ ၁၀ ဘဏ်အထိ ခွင့် ပြုပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/07/140715_banking_conference_myanmar.shtml

မြန်မာနိုင်ငံ ဗဟိုဘဏ်

မြန်မာနိုင်ငံ ဗဟိုဘဏ်
တိုင်းပြည်ထဲ နိုင်ငံခြားဘဏ် တွေကို လုပ်ပိုင်ခွင့် ပေးတဲ့အခါ ကြုံတွေ့ လာရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ အကြာင်း ဆွေးနွေးပွဲ ကို၊ ပြည်တွင်း ဘဏ်တွေ နဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ က ဘဏ်တွေ ပူးပေါင်းပြီး၊ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် မှာ ဇူလိုင် ၁၅ ရက်နေ့က စတင်ပြီး၊ ၃ ရက်ကြာ ကျင်းပ နေပါတယ်။

ချိုးကွေ့မောင်းနှင်သောယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရ

၁၅.၇.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း မင်းနိုင်(၃၉)နှစ်မောင်းနှင်လာသော H ---- ဘီအမ်(၁၈၇)ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် တောင်မြောက်လမ်းဆုံမီးပွိုင့်အရောက် ယာဘက်သို့ ချိုးကွေ့ မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သဖြင့် လမ်းဘေးတွင် ရပ်ထားသော 7F---- နစ်ဆန်း ကိုယ်ပိုင် ယာဉ်၏ နောက်ပိုင်းအား တိုက်မိခဲ့ ပါသည်။

အာဖဂန်နစ္စတန် ဈေးတခုတွင် ကားဗုံးခွဲ၊ ၈၉ ဦး သေဆုံး

Photo: အာဖဂန်နစ္စတန် ဈေးတခုတွင် ကားဗုံးခွဲ၊ ၈၉ ဦး သေဆုံး
Wednesday, July 16, 2014

 အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခရိုင် ပက်တီကာမြို့က လူထူတဲ့ဈေးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပေါက်ကွဲလို့ လူ ၈၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

အာဖဂန်ဒုရဲချုပ် နာဆာ အာမက် အဗ္ဗဒူရာဟင်ဇိုင်းကတော့ ရဲတွေက ကားဖောက်ခွဲမှု အကြောင်း သတင်းရထားလို့ လိုက်နေဆဲမှာ ပေါက်ကွဲခဲ့တာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါဟာ ၁ နှစ်အတွင်း အာဖဂန်မှာ အကြမ်းဖက်ဆုံး တိုက်ခိုက်မှုတွေထဲက တခု ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ပါကစ္စတန်မှာ စစ်တပ်က တာလီဘန်တွေကို ကျန်ခဲ့တဲ့ အပတ်တွေက ထိုးစစ်ဆင်ခဲ့တဲ့ ၀ါဇီရစ်စ္စတန်မြောက်ပိုင်းဒေသနဲ့ မဝေးပါဘူး။ ပါကစ္စတန် တာလီဘန်တွေ အာဖဂန်နစ္စတန်နယ်ထဲကို ဆုတ်ခွာလာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။

အာဖဂန်နိုင်ငံတွင်းမှာတော့ တာလီဘန်တွေက နှောင့်ယှက်မယ်လို့ ကတိပြုထားတဲ့ သမ္မတရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ဖြစ်နေလို့ မဲတွေကို ပြန်ရေတွက်နေရပါတယ်။

စစ်ဖြစ်မှု အရှိန်မြင့်လာလို့ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အရပ်သား သေဆုံးနှုန်း ၄ ပုံ ၁ ပုံထိ ပိုမြင့်လာတယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ပြောခဲ့ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/60382
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခရိုင် ပက်တီကာမြို့က လူထူတဲ့ဈေးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် ထားတဲ့ ကားတစီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပေါက်ကွဲလို့ လူ ၈၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဇနီးနှင့်သားသမီးများကို ထောက်ပံ့ကြေးပေးရာတွင် တစ်လလျှင် ငွေကျပ် ၁ဝဝအစား ကျပ် ၅ဝဝဝဝဖြင့်အစားထိုးရန်ပြင်ဆင်

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရ ဇနီးနှင့်သားသမီးများကို ထောက်ပံ့ကြေးပေးရာတွင် တစ်လ လျှင်ကျပ် ၁ဝဝထက်မပိုရဟူသော ပြဋ္ဌာန်းချက်တွင် ငွေကျပ် ၁ဝဝ အစား ကျပ် ၅ဝဝဝဝ ဖြင့် အစား ထိုးပြင်ဆင်ရန်ဆောင်ရွက်ထားရှိ သည်ဟု ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီး ဦးစိုးညွန့် ကပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ယမန်နေ့က ပြောသည်။

မိုဘိုင်းအင်တာနက် ၀န်ဆောင်မှုမှာ ယှဉ်ပြိုင်ဖို့ MPT ဂျပန်ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်း

မြန်မာ့ဆက်သွယ်ရေး MPT နဲ့ ဂျပန်နိုင်ငံတိုကျို ချီအိုဒမြို့  အခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့် ဂျပန်နိုင်ငံတိုကျို ချူးအိုမြို့ အခြေစိုက် Sumitomo တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ဇူလိုင် ၁၆ရက် နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်သွားပါတယ်။ 

ဂျပန်ရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခု တစ်ကျော့ပြန် လည်ပတ်ရန် ကနဦး ခွင့်ပြုချက်ရရှိ

Photo: ဂျပန်ရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခု တစ်ကျော့ပြန် လည်ပတ်ရန် ကနဦး ခွင့်ပြုချက်ရရှိ
Wednesday, July 16, 2014 

တစ်နိုင်ငံလုံးရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို ပိတ်ပင်ထားရာမှ (၂)ခုကို ပြန်လည်ဖွင့်လှစ်ရန် ဂျပန် နျူကလီးယားစွမ်းအင်ဆိုင်ရာ စိစစ်ရေး တာဝန်ရှိသူများက ကနဦး ခွင့်ပြုပေးလိုက်သည်။

(၂၀၁၁)ခုနှစ်က ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ၏ ဒဏ်ကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှ ဓာတ်ပေါင်းဖိုများတွင် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ဆက်စပ်ပြီး ဂျပန်နိုင်ငံ တစ်ဝန်းရှိ နျူကလီးယား ဓာတ်ပေါင်းဖို (၄၈)ခုစလုံးကို ပိတ်ထားခဲ့ပြီး လုံခြုံရေးဆိုင်ရာ စည်းမျဉ်းသစ်များ သတ်မှတ်ကာ ကြပ်မတ် စစ်ဆေးခဲ့သည်။

ယခုအခါ ဂျပန် နျူကလီးယား စွမ်းအင်ဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု အာဏာပိုင်အဖွဲ့ (NRA)က နိုင်ငံတောင်ပိုင်း ဒေသရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုမှ ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် လည်ပတ်ရန်အတွက် အကြို သဘောတူ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

ဆန်ဒိုင်ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်းဖိုများသည် အသစ်ပြောင်းလဲ သတ်မှတ်ထားသည့် စံနှုန်း သတ်မှတ်ချက် အားလုံးနှင့် ကိုက်ညီကြောင်း ထောက်ခံချက် ရရှိခဲ့သည့် ပထမဆုံး ဓာတ်ပေါင်းဖို နှစ်ခုလည်း ဖြစ်လာသည်။ နျူကလီးယား စွမ်းအင်သည် ဂျပန်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု (၃၀)ရာခိုင်နှုန်းခန့်ကို အထောက်အပံ့ ပေးထားသည်။

ဂျပန်နိုင်ငံတွင် ဓာတ်ပေါင်းဖိုများကို သတ်မှတ်အစီအစဉ်လိုက် ပိတ်သိမ်းခဲ့ရာ (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလတွင် အိုဟီရှိ ဓာတ်ပေါင်းဖိုကို ပိတ်ချလိုက်ပြီးနောက်ပိုင်း ဂျပန်တစ်နိုင်ငံလုံး နျူကလီးယား စွမ်းအင် အသုံးမပြုဘဲ ရှိနေခဲ့သည်။ NRAသည် ဂျပန်ပြည်သူများ၏ အကြံပြုမှုများအတွက် တစ်လကြာ အချိန်ပေး စောင့်ကြည့်မည်ဖြစ်ပြီး ထို့နောက်တွင် ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် လည်ပတ်ရေး နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက်ကို ချမှတ်သွားမည် ဖြစ်သည်။

ဂျပန်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုများ လုံခြုံရေးနှင့် ပတ်သက်ပြီး ပြည်သူများက စိုးရိမ်နေသည့်တိုင် ယခုနှစ် အစောပိုင်းတွင် ဂျပန်အစိုးရက နျူကလီးယား စွမ်းအင် အသုံးပြုမှုကို ထောက်ခံသည့် စွမ်းအင် စီမံကိန်းတစ်ရပ်ကို အတည်ပြုပေးခဲ့သည်။ ယခင်အစိုးရ လက်ထက်က အဆိုပါ စီမံကိန်းကို ပယ်ချထားခဲ့သော်လည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ရှိ အစိုးရက ပြန်လည် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

BBC
တစ်နိုင်ငံလုံးရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို ပိတ်ပင်ထားရာမှ (၂)ခုကို ပြန်လည်ဖွင့်လှစ်ရန် ဂျပန် နျူကလီးယားစွမ်းအင်ဆိုင်ရာ စိစစ်ရေး တာဝန်ရှိသူများက ကနဦး ခွင့်ပြုပေးလိုက်သည်။

မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပမည်

မြန်မာ-တရုတ်နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ အန်ဝှေးပြည်နယ် Huang Shan မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

မြဝတီ-ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး မီးလောင်

Photo: မြဝတီ-ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး မီးလောင်
Wednesday, July 16, 2014  

 မြ၀တီမှ ရန်ကုန်တိုက်ရိုက် ပြေးဆွဲသည့် “အာကာသ”ယာဉ်လိုင်းမှ ခရီးသည်တင်ကား တစ်စီးသည် ဇူလိုင်လ ၁၅ရက်(ယမန် နေ့)က ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း၌ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ခရီး သည်များ၏ ပြောပြချက်အရ သိရသည်။

ကားမီးလောင်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကော့ကရိတ်ကားသမားတစ်ဦးက “ကျနော်တို့ ရောက်တဲ့အချိန်က အရှေ့ခန်း မီး လောင်နေပြီး။ သူ့သခင် ပြောတာကတော့ ကားဟာ မောင်းလို့ မသွားတော့ဘူး။ (စက်)အင်ဂျင်ခန်းကနေ မီးခိုးထွက်ပြီးတော့ မီးတောက်လာပြီး ကားသမားနဲ့ ခရီးသည်တွေက ထွက်ပြေးလွတ်မြောက်သွားတယ်”ဟု ပြောသည်။

ကားနံပါတ် 7E-9088 ရှိ ကားဒရိုင်ဘာ(ယာဉ်မောင်းသမား) ဦးအောင်ဆန်းဦး မောင်းလာသော အဆိုပါကားမှာ Rammar အမျိုး အစားဖြစ်ပြီး ထိုနေ့မနက် ၁၀နာရီအချိန်၌ မြဝတီ မိုင်တိုင်အမှတ် ၈၅/၇ နှင့် ၈၅/၆ မိုင်တိုင်ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒရိုင်ဘာနှင့် ခရီးသည်များမှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ကြပ်မျိုးမင်းထွန်းက “လက်ရှိမှာ အဲဒီကား မီးလောင်သွားတဲ့ ကားမောင်းသမားကို ပုဒ်မ ၂၅၈နဲ့ ကော့ကရိတ် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် ကားသည် ရန်ကုန်မှ မြဝတီသို့ ပြေးဆွဲသော လိုင်းကားဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကားခကျပ် လေး သောင်း ပေးဆောင်ရကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ရက်နေ့ကလည်း မြဝတီ-ဖြူး-တောင်ငူယာဉ်လိုင်းမှ ခရီး သည်တင် အိုအေစစ်မှန်လုံကားသည် ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းတိမ်းမှောက်သွားခဲ့ရာ ခရီးသည် ၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့သည်။

မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းသည် ကျဉ်းမြောင်း၍ အကွေ့အကောက်များပြီး လမ်းကြမ်းသည့်အတွက် သွားလာမှု လမ်းကြောင်းကို အဆင်းတစ်ရက်၊ အတက်တစ်ရက် သတ်မှတ်ထားသော်လည်း ဆိုင်ကယ်များ၊ ကားများ မတော်တဆ ဖြစ်ပွား မှု၊ ချောက်ထဲသို့ တိမ်းမှောက်သွားမှုများနှင့် ကားမီးလောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News
http://www.kicnews.org
မြ၀တီမှ ရန်ကုန်တိုက်ရိုက် ပြေးဆွဲသည့် “အာကာသ”ယာဉ်လိုင်းမှ ခရီးသည်တင်ကား တစ်စီးသည် ဇူလိုင်လ ၁၅ရက်(ယမန် နေ့)က ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း၌ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ခရီး သည်များ၏ ပြောပြချက်အရ သိရသည်။

မန္တလေးခရိုင်တွင်း ကျောင်း(၃)ကျောင်းရှိ မုန့်ဈေးတန်းများကို ယခုလအတွင်း စစ်ဆေးမည်

တိုင်းနှင့်ပြည်နယ်၈ခုတွင်းရှိကျောင်းများတွင် ရောင်းချသည့်မုန့် ဈေးတန်းများ အတွင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ရာ တွင် မန္တလေးခရိုင်အတွင်းရှိကျောင်း(၃)ကျောင်းကို ယခုလအတွင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အစား အသောက် နှင့်ဆေး ဝါး များ ကွပ်ကဲရေးဦးစီးဌာန(FDA)မန္တလေးမှသိရသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းဟာ SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကတိက၀တ်များအပေါ် ချိုးဖောက်မှုကြောင့်ပါ

Photo: တိုက်ပွဲဖြစ်ပွားနေခြင်းဟာ SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကတိက၀တ်များအပေါ် ချိုးဖောက်မှုကြောင့်ပါ
Wednesday, July 16, 2014

ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာလို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။ တာဖာဆောင်တံတားပတ်ဝန်းကျင်မှာရှိတဲ့ ၀မ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အဖြစ် ၀မ်ဝပ်ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေကြရပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုနဲ့ ပတ်သက်ပြီး ဒေါ်နန်းဝါနုရဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ဖက်မှ ဘက်လိုက် ပြောဆိုပေးနေမှုတွေ ရှိနေတာကြောင့် ကျွန်တော်ကတော့ အဓိကတရားခံဖြစ်တဲ့ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်မှုကြောင့်လို့ ရဲရဲတင်းတင်း ပြော လိုက်ချင်ပါတယ်။

ဒီတာဖာဆောင်တံတား ၀န်းကျင်ဟာ ဟိုးအရင်ကတည်းက အစိုးရတပ်တွေ လှုပ်ရှားသွားလာနေတဲ့ တစ်နည်းအားဖြင့် နယ်မြေစိုးမိုးရေးလုပ်နေတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဒေသခံရှမ်းအားလုံး သိကြပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ ငြိမ်းချမ်းရေး မယူခင်ကတည်းက အဲဒီတံတားနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အစိုးရတပ်တွေ သွားလာလှုပ်ရှားနေခဲ့တာ ဖြစ်ပြီး ဘာပြဿနာမှ မရှာခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း SSA (၀မ်ဟိုင်း) အဖွဲ့က ကျွန်တော်တို့ ရွာတွေ ထဲမှာ လာပြီးဆက်ကြေးနဲ့ ရိက္ခာတွေလာတောင်းတယ်၊ ပြီးတော့ တာဖာဆောင် တံတားနားမှာ စခန်းချတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ ဒါကို အစိုးရတပ်တွေက SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ နယ်မြေမဟုတ်တဲ့အတွက် ဖယ်ပေးဖို့ ကြိုတင်အကြောင်း ကြားတာတွေ ပြုလုပ်ခဲ့တာ ဒေသခံတွေလည်း သိကြပါတယ်။

ကျွန်တော်တို့ ရွာတွေမှာ ၀င်ထွက် သွားလာနေတဲ့ အစိုးရတပ်တွေက အရာရှိကြီးတွေဟာ ရွာလူကြီးတွေကနေတစ်ဆင့် SSA (၀မ်ဟိုင်း) အဖွဲ့ကို အချိန်အတိအကျ သတ်မှတ်ပြီး ဖယ်ပေးဖို့ အကြောင်းကြားစာပို့တာ ကျွန်တော်တို့လည်း သိနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့ အစိုးရတပ်က SSA(၀မ်ဟိုင်း)အဖွဲ့ကို ညှိုနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတွေကလည်း တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ပြီး SSA(၀မ်ဟိုင်း)အဖွဲ့ကို တာဖောဆောင် တံတားနဲ့ ဒီရွာတွေကနေ ဖယ်ပေးဖို့ ရပ်မိရပ်ဖတွေ သွားရောက်တောင်းပန်ခဲ့ပါသေးတယ်၊ ဒါပေမယ့် SSA(၀မ်ဟိုင်း)အဖွဲ့ က ဖယ်မပေးမယ့်အပြင် နယ်မြေစိုးမိုးရေးလုပ်နေတဲ့ အစိုးရတပ်တွေကို စပြီးတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေဒုက္ခသည်ဘ၀ရောက်ရပြီဆိုတော့ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအွမ်ဆိုင်မိုင်းက စိုက်ပျိုးရာသီကာလ ဖြစ်တာကြောင့် စိုက်ပျိုး လုပ်ကိုင်ဖို့ ကျေးလက်ဒေသခံပြည်သူတွေ ဒုက္ခရောက်စေတဲ့ စစ်ရေးလှုပ်ရှား မှုတွေ အမြန်ဆုံး ရပ်တန့်ပေးနိုင်ပါရန်နှင့် ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် ဒုက္ခအခက်အခဲရောက်နေကြ ရသော ကျေးသီးမြို့နယ် ၀မ်ဝပ် ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်တိုင်းရင်းသားများ အေးချမ်းစွာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အရေးကြီး အဆိုတင်သွင်းခဲ့ကာ ရုပ်မြင်သံကြားမှာ နားထောင်လိုက်ရပါတယ်။ အဲဒီအဆိုကို ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က SSA(၀မ်ဟိုင်း) အဖွဲ့အနေဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ကတိ မတည်ဘဲ အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိသော်လည်း တပ်မတော် စစ်ကြောင်းများအနေဖြင့် လောလောဆယ် စစ်ရေး နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းခြင်းမရှိသေးဘဲ သတ်မှတ်ထားသည့်နေရာများသို့ ပြန်လည်ဆုတ် ခွာပေးရန် အကြာင်းကြားပြီး လုံလောက်သည့်အချိန်ကိုလည်း သတ်မှတ်ပေးထားကြောင်း၊ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသား များကို ခုတုံးလုပ်ကာ အကာအကွယ်ယူလျက် တစ်ဖက်လှည့်ဆောင်ရွက်ခြင်း သာဖြစ်တယ်ဆိုပြီး ပြန်လည်ရှင်းပြသွားတာ တွေ့ရ ပါတယ်။

မှန်ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ဟာ ငြိမ်းချမ်းရေးသဘောတူညီမှုကို မလိုက်နာတာကြောင့် ကျွန်တော်တို့ နယ်မြေမှာ တိုက်ပွဲတွေဖြစ်ရတာပါ။ တကယ်ဆိုရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေ မှာ ပြန်နေသင့်တာပေါ့။ အဲဒီလိုသာ လိုက်နာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်စရာ အကြောင်းမရှိတော့ဘဲ ဒေသခံရွာသားတွေလည်း သက်ဆိုင်ရာ ကျေးရွာတွေကို အချိန်မရွေးပြန်နေလို့ရပါပြီ။ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် တိုက်ပွဲဖြစ်တာကို သိနေပါ ရက်နဲ့ ကွန်ဟိန်းမြို့နယ် လွှတ်တော် အမတ်ဒေါ်နန်းဝါနုရဲ့ မဆင်မခြင် စကားကြောင့် ကျွန်တော်တို့ အားလုံး အံ့အားသင့် ရပါတယ်။ ဒေါ်နန်းဝါနုက တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မြန်မာ့တပ်မတော် စစ်ကြောင်းတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ပေး၍ ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပါလို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်းဝါနုရဲ့ တိုင်းရင်းသားတော်လှန်ရေး တပ်များဆိုတဲ့ အသုံးအနှုန်းဟာ အပြုသဘောမဟုတ်ဘဲ အဖျက်သဘောအဓိပ္ပါယ်ဆောင်တာကြောင့် အဲဒီလို မသုံးနှုန်းဖို့ ဦးရွှေမန်းကတောင် သတိပေး ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒေါ်နန်းဝါနုကြောင့် ရရှိပြီးသား ငြိမ်းချမ်းရေးထိခိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ဒေသခံ ရှမ်းတိုင်းရင်းသားအားလုံးက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ အဲဒီလို SSA (၀မ်ဟိုင်း)အဖွဲ့ကို တိုင်းရင်းသားတော်လှန်ရေးတပ်များ လို့ ဒေါ်နန်းဝါနု ဘာကြောင့် သုံးနှုန်းတာလဲဆိုတော့ သူ့ယောက်ျားနဲ့ ဆွေးမျိုးတွေ ဟာ SSA(၀မ်ဟိုင်း) အဖွဲ့က ဖြစ်နေတာကြောင့်ပါ။ ဒါ့ကြောင့် SSA(၀မ်ဟိုင်း) အဖွဲ့ရဲ့ အမှားလုပ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားပြီး ဘက် လိုက်ပြောဆိုခဲ့ခြင်း သာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကြောင့် ဒေါ်နန်းဝါနုအပေါ် ဒေသခံရှမ်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ကျွန်တော်တို့ဒေသခံရှမ်းတွေဟာ အေးချမ်းတည်ငြိမ်တဲ့ လူနေမှုဘ၀ကိုပဲ လိုချင်တာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ဒုက္ခသည် ဘ၀ရောက်ရတာ တကယ်စိတ်မကောင်းပါဘူး။ ကိုယ့်ရွာကိုယ့်အိမ် မှာ ပြန်ပြီး နေချင်ကြ ပါပြီ။ ဒါ့ကြောင့်တိုက်ပွဲတွေ ဖြစ်ပွားရတဲ့ အဓိကတရားခံဟာ SSA(၀မ်ဟိုင်း)အဖွဲ့ဖြစ်တာကြောင့် ငြိမ်းချမ်းရေးကတိက၀တ်တွေ အတိုင်း လိုက်နာစေချင်ပါတယ်။ ဒေသခံရှမ်းလူထုကြားထဲမှာ ထင်ကြေး အမျိုးမျိုးပေးနေကြပေမယ့် တကယ်တမ်းကြတော့ တိုက်ပွဲတွေဖြစ်ပွားနေခြင်းဟာ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေးကတိက၀တ်တွေအပေါ် ချိုးဖောက်မှုကြောင့်ပါလို့ပဲ ပြောချင်ပါတယ်။

စိုင်းသီဟစံ
Myanmar Forward
ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာလို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။ တာဖာဆောင်တံတားပတ်ဝန်းကျင်မှာရှိတဲ့ ၀မ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အဖြစ် ၀မ်ဝပ်ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေကြရပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုနဲ့ ပတ်သက်ပြီး ဒေါ်နန်းဝါနုရဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ဖက်မှ ဘက်လိုက် ပြောဆိုပေးနေမှုတွေ ရှိနေတာကြောင့် ကျွန်တော်ကတော့ အဓိကတရားခံဖြစ်တဲ့ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်မှုကြောင့်လို့ ရဲရဲတင်းတင်း ပြော လိုက်ချင်ပါတယ်။

မောင်တောနယ်စပ် စီဒီအမ်အေ ၈၀၀ ဖုန်းလိုင်းများ တစ်ရက်လျှင် ဆယ်ကြိမ် ထက် မနည်းပြတ် တောက် မှုဖြစ်ပွား

မောင်တော၊ ဇူလိုင် ၁၅- မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေး သည့် စီဒီအမ်အေ ၈၀ဝဖုန်းလိုင်းများ မှ မောင်တောမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေး သည့်နေရာများမှ ဆက်သွယ် ပြောဆိုမှုရရှိနေသော်လည်း တစ် ရက်လျှင် ဆယ်ကြိမ် ထက်မနည်း လိုင်းပြတ်တောက်နေမှုကြောင့် သုံး စွဲသူများ အခက်တွေ့နေ ရကြောင်း စီဒီအမ်အေ ၈၀ဝဖုန်းဖြင့် အင်တာ နက်သုံးစွဲ သူတစ်ဦးကပြောသည်။

မဲဆောက်၌ တရားမဝင် ဝင်ရောက်နေသော မြန်မာနိုင်ငံသား ၃၄ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

အာဇာနည်နေ့၊ ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာရွတ်ပြီးအလေးပြုမည်

အာဇာနည်တို့သွေးမြေကျရာ အမေ့ခံထားရတဲ့ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာချစ်သူများအသင်း(PLA) က ကဗျာများရွတ်ပြီး ဦးညွှတ်အလေးပြုမည်။

" ရှမ်းလက်နက်ကိုင် SSA အနေဖြင့် ပဋိပက္ခကို ငြိမ်းချမ်း စွာဖြေရှင်းလိုခြင်း မရှိဟု ကာကွယ်ရေး ဒုဝန်ကြီးဆို "

SSA လက်နက်ကိုင်တပ်ဖွဲ့အနေ နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲသဘောတူထားသည်များကို ကတိမတည်ဘဲ ချိုးဖောက်နေသော်လည်း တပ်မတော်အနေနှင့်လတ်တလောစစ်ရေး နည်းလမ်းနှင့် ဖြေရှင်းသွားမည် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်

Photo: အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်
Wednesday, July 16, 2014

ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲမည့် အစီအစဉ်လည်း အလိုလို ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က စတင်လာသည့် အပြန်အလှန် တိုက်ခိုက်မှုများတွင် ပထမဆုံးအကြိမ်အဖြစ် ဂါဇာတို့၏ ဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အစ္စရေး သမ္မတ ဘင်ဂျမင် နာတန်ယာဟူနှင့် အစိုးရအဖွဲ့သည် အီဂျစ်က ကြားဝင် ညှိနှိုင်းပေးမည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို သဘောတူရန် ဆုံးဖြတ်ထားသော်လည်း ယခုဖြစ်စဉ်က အခြေအနေ တိုးတက်မှုကို ဖျက်ဆီးလိုက်သည်။

အစ္စရေးသည် ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်လာခဲ့ရာ ပါလက်စတိုင်းတို့ဘက်၌ အသေအပျောက် ပမာဏ (၂၀၀)ကျော်သွားပြီ ဖြစ်သည်။ အစ္စရေး၏ တိုက်လေယာဉ်များသည် ဟားမားစ် စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသည့် ပစ်မှတ်များကို အဓိက ခြေရာခံ ဗုံးကြဲနေခြင်း ဖြစ်သည်။

ဟားမားစ်တို့ဘက်မှ အပစ်အခတ် ရပ်စဲရေး အားထုတ်မှုကို ပယ်ချသည့် အခြေအနေမျိုးထံ ဦးတည်ခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟူ မိမိတို့၏ တိုက်ခိုက်မှုများကို နယ်ပယ်ပိုမို ကျယ်ပြန့်စွာဖြင့် အရှိန်မြှင့်တင်သွားမည်ဟု သတိပေးထားသည်။ အီရက်ဇ် နယ်ခြားစောင့် စခန်းအနီးတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲရာ အစ္စရေး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဟားမားစ်တို့၏ အက်ဇာဒိုင်း အယ်လ်ကွာဆမ် တပ်ခွဲက ယင်းတိုက်ခိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်(၁၆)ရက်သည် ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် အစ္စရေး လေတပ်၏ Protective Edge စစ်ဆင်ရေး နဝမမြောက်နေ့လည်း ဖြစ်သည်။ ထိုအတောအတွင်း ဟားမားစ်တို့သည် အစ္စရေးဘက်သို့ ဒုံးကျည်နှင့် မော်တာကျည်ဆန်ပေါင်း (၁၀၀၀)ကျော် ပစ်ခတ်ခဲ့ပြီး အစ္စရေးကလည်း ဂါဇာမှ ပစ်မှတ် (၁၅၀၀)မျှကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

7 Day Daily
ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲမည့် အစီအစဉ်လည်း အလိုလို ပျက်စီးသွားခဲ့သည်။