Wednesday, 9 July 2014

မန္တလေးရှိ တရုတ်လူမျိုးပိုင်လုပ်ငန်းခွင်တွင် လူမျိုးရေးမုန်းတီးမည့် အပြုအမူများ မဆောင်ရွက်ရန် နှိုးဆော်

Photo: မန္တလေးရှိ တရုတ်လူမျိုးပိုင်လုပ်ငန်းခွင်တွင် လူမျိုးရေးမုန်းတီးမည့် အပြုအမူများ မဆောင်ရွက်ရန် နှိုးဆော်
Wednesday, July 9, 2014 

တရုတ်ဘုံကျောင်းများ ဆောက်လုပ်ခွင့်ပေးထားပြီး တရုတ်လူမျိုး တစ်စထက်တစ်စ များပြားလာလျက်ရှိသော မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသည် မြန်မာအများစု ဝင်ရောက် လုပ်ကိုင်နေသည့် တရုတ်လူမျိုးပိုင် လုပ်ငန်းခွင်များတွင် လူမျိုးရေးမုန်းတီးစေမည့် အပြုအမူများကို တရုတ်လူမျိုးများ မပြုလုပ်ကြရန် နှိုးဆော်ထားကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်က ပြောကြားသည်။

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း လာရောက်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မန္တလေးမြို့ခံများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပေါ်ခဲ့သော်လည်း အာဏာပိုင်များ အချိန်မီ ထိန်းသိမ်းနိုင်ခြင်းကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာ-တရုတ်လူမျိုးတို့အကြား ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် တရုတ်ဘုံကျောင်း ဥက္ကဋ္ဌများ အပါအဝင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက မြန်မာလူမျိုးများအပေါ် လိုက်နာပြုမူ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

မြန်မာလူမျိုးများအကြားတွင် တရုတ်အချင်းချင်း တရုတ်ဘာသာဖြင့် မပြောဆိုရန်၊ မြန်မာလူမျိုးများ အထင်အမြင် လွဲစေမည့် ကိုယ်ဟန်အမူအရာ၊ အပြုအမူများ မပြုလုပ်မိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ပြဿနာ ဖြစ်ပေါ်လာလျှင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရှိ တရုတ်ခေါင်းဆောင်များကို အမြန်ဆုံး အသိပေးအကြောင်းကြားပြီး မြန်မာလူမျိုးများ စိတ်ကျေနပ်လောက်သည့် လူမှုကူညီရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အပါအဝင် ကျုံးဘေးတွင် တရုတ်သီချင်းဖွင့်ပြီး အားကစားလုပ်သည့် ကိစ္စရပ်များကို ဆင်ဆင်ခြင်ခြင်နှင့် ဆောင်ရွက်ရန် မှာကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“အဲ့ဒီလို လုပ်ရတာကလည်း ဒေသခံမဟုတ်တဲ့ တရုတ်တွေရဲ့အပြုအမူကြောင့် မြန်မာတွေနဲ့ ရှေးတုန်းကတည်းက တစ်သားတည်းရှိခဲ့တဲ့ တရုတ်လူမျိုးတွေ နစ်နာမှာစိုးလို့ပါ။ အခုပဋိပက္ခက မြို့သူမြို့သား အားလုံးကို ထိတ်လန့်စေခဲ့တယ်” ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဖြစ်သူကလည်း ချစ်ကြည်ရေး အသင်းသားများနှင့် တွေ့ဆုံပြီး မြန်မာ-တရုတ်ကြားတွင် လူမျိုးရေးဆန်သည့် ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် တရုတ်စီးပွားရေး လုပ်ငန်းရှင်များသို့ လာရောက် မှာကြားခဲ့ကြောင်း မန္တလေးမြို့ပေါ်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“အသင်းက အဲ့ဒီလိုဆောင်ရွက်ဖို့ အစည်းအဝေးပြီးတာနဲ့ အစည်းအဝေး လာမတက်တဲ့ တရုတ်လုပ်ငန်းရှင်တွေကို လုပ်ငန်းရှင် အချင်းချင်းပဲ ချက်ချင်းအသိပေး၍ ဆောင်ရွက်နေကြတယ်” ဟု ဖူကျင့် တရုတ်စကားပြောသင်တန်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာဆက်တီက ဆိုသည်။

မန္တလေးမြို့တည် မင်းတုန်းဘုရင်ကို သစ္စာခံသည့် နန်းတွင်းအမှုထမ်း တပ်မင်းဆွန်တာလောရဲကို နန်းတွင်း အပျိုတော်တစ်ဦးနှင့် ဘုရင်ကိုယ်တိုင် ပေးစားခဲ့ဖူးပြီး မူဆလင်ဘာသာဝင် တရုတ်ပန်းသေး လူမျိုးများကို ၃၅ လမ်းနှင့် လမ်း ၈၀ ၀န်းကြားတွင် ပန်းသေးဗလီအဖြစ် ဘုရင်ကိုယ်တိုင် ဆောက်လုပ်ခွင့် ပေးခဲ့ကာ ကိုလိုနီခေတ် နောက်ပိုင်းတွင်လည်း မန္တလေးမြို့၏ မြန်မာမှုသီချင်းများ အများဆုံး ဖျော်ဖြေတီးခတ်နေသည့် မြို့မအသင်း တူရိယာတီးဝိုင်းကို တရုတ်လူမျိုး ဦးတော်လုံးက စတင်တည်ထောင်ပေးခဲ့သည့် သာဓက ရှိခဲ့သည့်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးသည် ၁၉၈၄ ခုနှစ်နောက်ပိုင်းထိ ခိုင်မြဲနေခဲ့သည်ဟု မန္တလေးမြို့ခံ သမိုင်းပညာရှင်များက ထပ်လောင်းပြောကြားသည်။

“စစ်အစိုးရနောက်ပိုင်းကစပြီး မန္တလေးမြို့ခံ မဟုတ်တဲ့ တရုတ်တွေ ကျောက်စိမ်း၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကြီးပွားလာတယ်။ မျက်နှာစိမ်းတရုတ်တွေ ဝင်လာတဲ့အချိန်ကစပြီး ကျွန်တော်တို့ မန္တလေးသားတွေနဲ့ အဆင်မပြေကြတော့ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။

မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တရုတ်လုပ်ငန်းခွင်များအတွင်းရှိ မြန်မာလူမျိုးများအတွင်း လူမျိုးရေးပဋိပက္ခ မဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များကို ဇူလိုင်လ ၇ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
တရုတ်ဘုံကျောင်းများ ဆောက်လုပ်ခွင့်ပေးထားပြီး တရုတ်လူမျိုး တစ်စထက်တစ်စ များပြားလာလျက်ရှိသော မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသည် မြန်မာအများစု ဝင်ရောက် လုပ်ကိုင်နေ သည့် တရုတ်လူမျိုးပိုင် လုပ်ငန်းခွင်များတွင် လူမျိုးရေးမုန်းတီးစေမည့် အပြုအမူများကို တရုတ်လူမျိုးများ မပြု လုပ်ကြရန် နှိုးဆော်ထားကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်က ပြောကြားသည်။

မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုမည်

 Photo: မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုမည်
Wednesday, July 9, 2014 
 
မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေစနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်းဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ်ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ်လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။
"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။

The Voice Weekly
မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေစနစ် တစ် မျိုး ဖြစ်သော မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ် များနှင့် ပြည် တွင်းဘဏ်များ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ

Photo: တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ
Wednesday, July 9, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည် ထူထော င်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံ ထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

တောင်ငူမြို့ ကန်တော်ကြီး ဥယျာဉ်အား ငွေကျပ် သိန်းပေါင်း ၁၅ဝဝဝ ကျော်ဖြင့်အဆင့်မြှင့်တင်မည်

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ဗိုလ်မှူးဖိုးကွန်းလမ်းရှိ လေးကျွန်း ကန်တော် မင်္ဂလာ ဥယျာဉ်ကို ဇူလိုင် ပထမပတ်မှ စတင်၍ အဆင့်မြှင့် မွမ်းမံ ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရွှေသုန္ဒရီ ဆောက် လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။

ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"

Photo: ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"
Wednesday, July 9, 2014  

တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း
ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀)အထိရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
 
မုန်တိုင်းဇုန်တွေဟာ နိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ မိုင်ယာကိုကျွန်း၊ အီရှီဂါဝါကျွန်းနဲ့ အိုကီနာဝါ ကျွန်းစုဒေသတွေဖြစ်ပါတယ်။ မီယာကို ကျွန်းဒေသမှာ အမြင့်(၁၄)မီတာရှိတဲ့ လှိုင်းတွေတိုက်ခတ် နိုင်တာကြောင့် မုန်တိုင်းသတိပေးချက်တွေကို မီယာကိုကျွန်းဒေသမှာ မိုးလေ၀သဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အိုကီနာဝါစီရင်စုတစ်ဝိုက်ရှိ မိုးရေချိန်မှာ တစ်နာရီကို (၆၀)မီလီမီတာအထိရှိနိုင်တယ်လို့ သိရပါတယ်။
 
မိုးလေ၀သအရာရှိတွေ ကလည်း လှိုင်းကြီးမှု၊ ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အသိကြီးကြီးရှိကြဖို့ကို သက်ဆိုင်ရာဒေသခံတွေကို တိုက်တွန်းထားပါတယ်။ မီယာကိုဂျီမာမြို့အရာရှိတွေကတော့ ဒေသခံ(၅၅၀၀၀)ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ နှိုးဆော်ထားပါတယ်။  မုန်တိုင်းကြောင့်  စီရင်စုကနေ ၀င်ထွက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေ၊ သင်္ဘောခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပြီး မူကြိုကျောင်းကအစ အထက်တန်းကျောင်းအဆုံး စတဲ့စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။   

MRTV-4
တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀) အထိ ရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

အပူပိုင်းဒေသများသို့ ခရီးဆန့်နေဟန်ရှိသော ဂျနီဖာလောရင့်စ်

ဂျနီဖာလောရင့်သည် The Hunger Games ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးပြီးနောက် အပူပိုင်းဒေသများသို့ ခရီးသွားရောက် ခဲ့ဟန်ရှိသည်ဟု ယူဆ ရကြောင်း မေးလ်အွန်လိုင်းက ရေးသားထားသည်။ ဂျနီဖာသည် ပဲရစ်မြို့တွင် ပြုလုပ်သည့် Dior ဖက်ရှင်ရှိုး ပွဲသို့ တက်ရောက် လာချိန်တွင်နေရောင် ထိထားသော အသားအရည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းတွင်ပါရှိသည်။

ဆိုမာလီယာ သမ္မတနန်းတော်ကို အယ်လ်ရှာဘက် စစ်သွေးကြွ အဖွဲ့တိုက် ခိုက်

Photo: ဆိုမာလီယာ သမ္မတနန်းတော်ကို အယ်လ်ရှာဘက် စစ်သွေးကြွ အဖွဲ့တိုက် ခိုက်
Wednesday, July 9, 2014 

ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်ကို ဦးတည်ပြီး အယ်လ်ရှာဘက် စစ်သွေးကြွတို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၈)ရက်က စတင်သော တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေဆဲဟု အယ်လ်ရှာဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက BBC သို့ ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရဘက်ကမူ ဇူလိုင်(၈)ရက် ညပိုင်းတွင် တိုက်ပွဲများ ပြီးဆုံးပြီး စစ်သွေးကြွ အမြောက်အမြား သေကြေခဲ့ကြောင်း ကြေညာထားသည်။

ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူး ပတ်ဝန်းကျင် ဒေသအားလုံးကို အစ္စလာမ်မစ် စစ်သွေးကြွ အယ်လ်ရှာဘက်တို့က ဝန်းရံသိမ်းပိုက်ထားပြီး မိုဂါဒစ်ရှူးကိုလည်း မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်။ အာဖရိက ယူနီယံ၏ ညွန့်ပေါင်းတပ်ဖွဲ့များက မိုဂါဒစ်ရှူးတွင် ကြံ့ကြံ့ခံ ရပ်တည်ပေးနေခြင်းကြောင့်သာ ဆိုမာလီယာ အစိုးရ၏ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနေခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဆိုမာလီယာ သမ္မတ ဟာဆန်ရှိတ်ခ်မိုဟာမက်သည် နန်းတော်၌ ရှိမနေကြောင်း သိရသည်။ အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်မှုများ ရှိနေသည့် အယ်လ်ရှာဘက်တို့သည် မိုဂါဒစ်ရှူးကို သိမ်းပိုက်ထားရာမှ (၂၀၁၁)ခုနှစ်တွင် လက်လွတ်ခဲ့ရသည်။ အယ်လ်ရှာဘက်အဖွဲ့က ရာမာဒန် ဥပုသ်လအတွင်းတွင်လည်း မိုဂါဒစ်ရှူးကို ဆက်လက် တိုက်ခိုက်မည်ဟု ကြေညာထားသည်။

သမ္မတအိမ်တော်ကို အယ်လ်ရှာဘက်တို့က တိုက်ခိုက်နေချိန်တွင် သမ္မတ မိုဟာမက်မှာ လေဆိပ်အနီးရှိ အဆောက်အအုံ တစ်ခုတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း BBC က ဖော်ပြခဲ့သည်။

“သမ္မတ နန်းတော်လို့ သူတို့ခေါ်ဝေါ်နေတဲ့ အဆောက်အအုံထဲထိ ကျွန်တော်တို့ ရောက်ခဲ့တယ်။ နန်းတော်ရဲ့ အစိတ်အပိုင်းတချို့ကို ကျွန်တော်တို့ ထိန်းသိမ်းထားပြီး တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲ။ အစိုးရစစ်သား (၁၂)ယောက်လောက် သေတယ်”ဟု အယ်လ်ရှာဘက် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှိတ်ခ် အက်ဘ်ဒီယာဆစ် အဘူမူဆက်ဘ်က ပြောကြားခဲ့သည်။

အစိုးရဘက်ကမူ မိမိတို့သည် အခြေအနေကို ထိန်းချုပ်ထားပြီး နန်းတော်ထဲ ကျူးကျော်လာသူများ အားလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာထားသည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကိုမူ ဖော်ပြမထားချေ။

အစိုးရ၏ လုံခြုံရေးဌာန အရာရှိ တစ်ဦးက နန်းတော်ထဲ စီးနင်းဝင်ရောက်သူ (၉)ဦးမျှ ရှိခဲ့ပြီး အားလုံး သေဆုံးခဲ့ပြီဟု AFP သို့ မှတ်ချက်ပေးခဲ့သည်။ နန်းတော်အနီးတွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် အရပ်မျက်နှာ နှစ်ခုမှ စစ်သွေးကြွများက တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဟုလည်း သိရှိရသည်။

BBC
ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်ကို ဦးတည်ပြီး အယ်လ်ရှာဘက် စစ်သွေးကြွ တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

Photo: အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ
Wednesday, July 9, 2014 
 
ကမ္ဘာမှာ စတုတ္ထလူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မဲပေးတာတွေ ဒီနေ့ မနက် စတင်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အသက် ၆၂ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယံတိုနဲ့ ဂျတာကာမြို့တော်ဝန် အသက် ၅၃ နှစ်အရွယ် ဂျိုကိုဝီ ဒိုဒိုတို့ထဲက တယောက်ကို ပြည်သူတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ စနစ်နဲ့ ကျင်းပတဲ့ တတိယမြောက် သမ္မတရွေးပွဲဖြစ်ပြီး သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုက ရွေးချယ်ခံရတဲ့ ခေါင်းဆောင်သစ်ကို အာဏာလွှဲပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဆူဘီယံတိုဟာ ကွယ်လွန်သူ အင်ဒိုနီရှား အာဏာရှင် ဆူဟာတိုရဲ့ သမက်ဖြစ်ပြီး ဆူဟာတိုခေတ်မှာ ရာထူး အတက်မြန်ခဲ့ပါတယ်။

၁၉၉၈ လူထုအုံကြွမှုကာလမှာ တက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင်းတဲ့ နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ခံရပေမယ့် သူက ငြင်းဆန်ပါတယ်။

လူထုအုံကြွမှုကို ဖြိုခွင်းတဲ့အချိန်မှာ အထက်အမိန့်အဆင့်ဆင့်ကို မနာခံဘဲ တပ်တွေကို သူ့သဘောနဲ့သူ အမိန့်ပေးခဲ့တယ်ဆိုပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သူအနိုင်ရရင်တော့ ဈေးကွက်စီးပွားရေးမှာ ကန့်သတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိပါတယ်။

သူရဲ့ပြိုင်ဘက် ဂျိုကိုဝီကတော့ လောလောဆယ် အင်ဒိုနီးရှားမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

သူဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားခဲ့သူ ဖြစ်ပြီး ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းတဲ့လူ၊ သူရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆိုလိုမြို့နဲ့ ဂျကာတာ မြို့တော်ဝန်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရည်အချင်းပြည့်ဝသူအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို တနေ့တည်းနဲ့ အပြီး ကျင်းပမှာ ဖြစ်ပြီး အကြိုရလဒ်တွေလည်း ဒီနေ့မှာပဲ ထွက်ပေါ်လာဖွယ် ရှိပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခွင့်ရသူ သန်း ၁၉၀ ရှိပြီး မဲပေးသူဦးရေ မြင့်မားဖွယ် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

မဲပေးခွင့်ရှိသူတွေထဲက ၁၁ ရာခိုင်နှုန်းဟာ ပထမဆုံးအကြိမ် မဲပေးကြမှာ ဖြစ်ပြီး ၃ ပုံ ၁ ပုံကတော့ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်နေပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုနဲ့ ဇနီးတို့က ဂျကာတာအနီးက ပြည်နယ်ဖြစ်တဲ့ အနောက်ဂျားဗားက သူတို့ အိမ်နားက မဲရုံမှာ မဲပေးခဲ့ကြပါတယ်။

မဲပေးအပြီးမှာပဲ သမ္မတက ရွေးကောက်ပွဲရလဒ်ကို ဖွင့်ထားတဲ့ စိတ်နဲ့ လက်ခံကြဖို့နဲ့ ဒီမိုကရေစီကို လေးစားကြဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုကတော့ “အင်ဒိုနီးရှားဟာ အတိုင်းအတာတခုအထိ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီး၊ ပြည်သူတွေကလည်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေအားလုံး ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားဖို့ တိုက်တွန်းပါတယ် ပြောပြီး ပြည်သူတွေက ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဟာ ပြည်သူတွေ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်သူတွေက ရွေးချယ်လိုက်တာနဲ့ ကျနော်တို့ရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် သတ်မှတ်ရမယ်”လို့ ပြောပါတယ်။

သမ္မတ ယူဒိုယိုနိုဟာ အင်ဒိုနီးရှားမှာ တိုက်ရိုက်စနစ်နဲ့ သမ္မတကို ရွေးချယ်တဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ်၊

ဒါပေမယ့် ပြီးခဲ့တဲ့ ၄ နှစ်သက်တမ်းအတွင်းမှာတော့ သူ့အစိုးရလက်ထက်မှာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လာမယ့် နိုဝင်ဘာလကျရင် ရာထူးကနေ အနားယူပြီး သမ္မတသစ်လက်ထဲကို အာဏာလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ကမ္ဘာမှာ စတုတ္ထလူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မဲပေးတာတွေ ဒီနေ့ မနက် စတင်ပါတယ်။

မိုးရာသီးနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )


အနံပြင်းတဲ့အထဲမှာ သူက ထိပ်ဆုံးကပါလို့ မကြိုက်သူအများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက် သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်း ချလျက် ရှိပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ အသုံးပြုနိုင်တော့မည့် အဆင့်မြင့်လက်တွေ့စမ်းသပ်ခန်း

 
Schneider Electric Laboratory "ရှီနိုက်ဒါ အလက်ထရစ် လပ်ဘော်ရက်ထရီ" ကုမ္ပဏီမြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်မှာ Schneider Electric Laboratory "ရှီနိုက်ဒါအလက်ထရစ် လပ်ဘော်ရက်ထရီ" လက်တွေ့စမ်းသပ်ခန်း ပစ္စည်းတွေကို ဇူလိုင်လ(၈)ရက်နေ့က အင်းစိန်မြို့နယ်၊အင်းစိန်လမ်းမပေါ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် မှာ လှူဒါန်းဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန် နှင့် သြစတြေးလျ တို့ လွတ်လတ်သော ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်ဘော့ တို့ နှစ်နိုင်ငံကြား လွတ် လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုကရာ သြစတြေးလျ၏ ဂျပန်နှင့် ဆက် ဆံရေးမှာ အဆင့်သစ်တစ်ခုသို့ရောက်ရှိခဲ့ပြီဖြစ်သည်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀

Photo: မသေခင်သွားသင့်တဲ့နေရာထဲမှာ ပုဂံနဲ့ စင်္ကာပူ ပါဝင်
Wednesday, July 9, 2014

ကမ္ဘာပေါ်မှာ သွားသင့်တဲ့ ရှေးဟောင်း နဲ့ ကနေ့ခေတ်မြို့ကြီး ငါးဆယ်စာရင်းကို နိုင်ငံခြားမီဒီယာတခုရဲ့အွန်လိုင်းမှာ ဒီရက်ပိုင်း တွေ့ရပါမယ်။

ခရီးသွားလည်ပတ်သူတွေ အသုံးများတဲ့ minube.com ကို အားကိုးပြီး ဟပ်ဖင်တန်ပို့စ်အွန်လိုင်းစာမျက်နှာမှာ ရေးလိုက်တော့ - မသေခင် ကြည့်သွားသင့်တဲ့ နေရာ ၅ဝ- သင့်ဘဝမှာ သွားလည်ရမယ့် မြို့ကြီး ၅ဝ ဆိုပြီး တခြားအွန်လိုင်းစာမျက်နှာတွေမှာလည်း ပြန်ရေးကြပါတယ်။

စိတ်ဝင်စားစရာအကြောင်းလည်း မဖြစ်မနေ တင်သင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နေရာ ၅ဝ ထဲမှာ ပုဂံ ပါဝင်နေလို့ ပါပဲ။ ဒါ့အပြင် မြန်မာပြည်သား
အများအပြား အခြေချနေတဲ့ စင်္ကာပူလည်း ဒီစာရင်းထဲ ပါနေတာ တွေ့ရပါ လိမ့်မယ်။

ပုဂံဟာ ကမ္ဘာပေါ်မှာ နေထွက်ရှုခင်း အကောင်းဆုံး ရှေးဟောင်းမြို့ဖြစ်မလား။ အတော်များများက ဖြစ်တယ်လို့ ဆိုကြပါလိမ့်မယ်တဲ့။ မနက်ပိုင်း အလင်း
ထွက်လာပြီး ရှေးဟောင်းဘုရားစေတီတွေရှိတဲ့လွင်ပြင်ကြီးမှာ မြူထနေ တဲ့မြင်ကွင်းကို စိတ်ကူးကြည့်စမ်းပါ ဆိုပြီး ညွှန်းပါတယ်။

စင်္ကာပူကို ညွှန်းရာမှာတော့ Little India မှာ လျှောက်သွားဖို့ မဖြစ်မနေ လိုအပ်မယ်လို့ ဆိုထားပြီး လောကကြီးမှာ အကောင်းတကာ့အကောင်း ဆုံးဖြစ်ဖွယ်ရှိတဲ့ လမ်းဘေးမုန့်တွေကိုလည်း ညွှန်းသွားပါတယ်။

ဒီတော့ ... စင်္ကာပူရောက်ရင် ရွှေတို့စုဝေးရာပင်နီဆူလာနဲ့တင် အချိန်မကုန်ဘဲ Little India ထဲလည်း တချက်လောက်တော့ သွားသင့်ပြီပေါ့။

ကဲ... ပြည်ပရောက် မြန်မာစာဖတ်ပရိသတ်လည်း ကိုယ်ရောက်နေတဲ့မြို့က ဒီစာရင်းထဲ ပါဝင်နေမလားဆိုတာ တချက် စူးစမ်းနိုင်အောင်လို့ ဒီစာရင်းကို ကူးယူဖော်ပြလိုက်ပါတယ်။

ကိုယ့်မြို့ ကိုယ့်ဒေသက ဒီစာရင်းထဲ မပါဝင်လည်း ပြဿနာတော့ မရှိပါဘူး။
ခရီးသည် အလာနည်းရင် ပျက်စီးမှု၊ နဂိုမူလအနေအထား ချွတ်ယွင်းမှု နည်းတယ်လို့ သဘောထားနိုင်တယ်မဟုတ်လား။

ဒီစာရင်းထဲမှာ အိမ်နီးချင်းနိုင်ငံတချို့က မြို့များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

1.) Venice, Italy
2.) Seville, Spain
3.) New York City, USA
4.) Lhasa, China
5.) Rio de Janeiro, Brazil

6.) London, England
7.) Marrakech, Morocco
8.) Petra, Jordan
9.) Rome, Italy
10.) Varanasi, India

11.) Florence, Italy
12.) Havana, Cuba
13.) Kyoto, Japan
14.) Jerusalem, Israel
15.) Paris, France

16.) Beijing, China
17.) Lalibela, Ethiopia
18.) Granada, Spain
19.) Athens, Greece
20.) Bagan, Myanmar

21.) Kathmandu, Nepal
22.) Vatican City
23.) Lisbon, Portugal
24.) Tokyo, Japan
25.) Istanbul, Turkey

26.) Hội An, Vietnam
27.) Amsterdam, Netherlands
28.) Luxor, Egypt
29.) Berlin, Germany
30.) Jaipur, India

31.) Lyon, France
32.) Oia, Greece
33.) Siem Reap, Cambodia
34.) Vienna, Austria
35.) Cusco, Peru

36.) Cartagena, Colombia
37.) Zanzibar, Tanzania
38.) Mexico City, Mexico
39.) Singapore
40.) Las Vegas, USA

41.) Samarkand, Uzbekistan
42.) Sydney, Australia
43.) San Francisco, California
44.) Mont Saint Michel, France, USA
45.) Dubrovnik, Croatia

46.) Bangkok, Thailand
47.) Buenos Aires, Argentina
48.) Antigua Guatemala, Guatemala
49.) Prague, Czech Republic
50.) Budapest, Hungary

ဧရာဝတီblog
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

မသေခင်သွားသင့်တဲ့နေရာထဲမှာ ပုဂံနဲ့ စင်္ကာပူ ပါဝင်


ကမ္ဘာပေါ်မှာ သွားသင့်တဲ့ ရှေးဟောင်း နဲ့ ကနေ့ခေတ်မြို့ကြီး ငါးဆယ်စာရင်းကို နိုင်ငံခြားမီဒီယာတခု ရဲ့အွန်လိုင်းမှာ ဒီရက်ပိုင်း တွေ့ရပါမယ်။

ပီအာစနစ် ပြန်ရုပ်သိမ်းပေးရန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ကြေညာ

Photo: ပီအာစနစ် ပြန်ရုပ်သိမ်းပေးရန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ကြေညာ
Wednesday, July 9, 2014 

တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူပိုင်ခွင့်တွေ ထိခိုက်နိုင်ပြီး လွှတ်တော်တွင်း အာဏာလွန်ဆွဲပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် တင်သွင်းထားတဲ့ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) ကျင့်သုံးရေး လုပ်ဆောင်မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မိမိအဖွဲ့အစည်းနဲ့ ပါတီ ရွေးကောက်ပွဲမှာ ရှုံးမှာကို တပ်အပ်သိလို့ မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တော်ကို ပီအာစနစ် တင်သွင်းလာတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို အန်အယ်လ်ဒီ၊ အန်ဒီအက်ဖ်၊ တစညပါတီနဲ့ တခြား တိုင်းရင်းသား ပါတီတွေ၊ ပြီးတော့ အမျိုးသားလွှတ်တော် ပီအာစနစ် သုံးသပ်ရေးကော်မတီတို့ကို ပေးပို့သွားမယ်လို့ ကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ကျော်က ပြောပါတယ်။

“ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း ထူးခြားမှု မရှိသေးဘူးဆိုရင် ဆန္ဒဖော်ထုတ်ဖို့ အထိတော့ မူအားဖြင့် သဘောတူထားပါတယ်” လို့ ဦးမြတ်ကျော်က ပြောပါတယ်။

ပီအာစနစ်ကို အန်အယ်လ်ဒီအပါအ၀င် တိုင်းရင်းသားပါတီတွေ အားလုံးက ကန့်ကွက်ခဲ့ကြပြီး အဆိုတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကတော့ တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့အတွက် တင်ခဲ့တာပါလို့ ပြောပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ သူ့ရဲ့ မဟာမိတ်တိုင်းရင်းသားပါတီတွေ တွေ့ဆုံခဲ့ရာမှာလည်း ပီအာစနစ်ဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို မဖော်ဆောင်နိုင်ဘဲ ပါတီတချို့အတွက်ပဲ အကျိုးရှိနိုင်တဲ့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ မသုံးသင့်ဘူးလို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒဂုံမြို့သစ်တွေကို အခြေခံဖွဲ့စည်းထားတဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်ဟာ အခြေခံဥပဒေပြင်ဆင်ရေး ခရိုင်လုံးဆိုင်ရာ ဆန္ဒဖော်ထုတ်မှုတွေကိုလည်း မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။

DVB
တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူပိုင်ခွင့်တွေ ထိခိုက်နိုင်ပြီး လွှတ်တော် တွင်း အာဏာလွန်ဆွဲပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် တင်သွင်းထားတဲ့ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) ကျင့်သုံးရေး လုပ်ဆောင်မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဒီနေ့ ကြေ ညာ ချက် ထုတ်ပြန်လိုက်ပါတယ်။

ကေအိုင်အေအဖွဲ့၏ ဖမ်းဆီးခြင်းခံရသော လယ် စာရင်းငှား လုပ်သူများ ပြန်လွှတ်လာခြင်းမရှိသေး

မိုးညှင်း ခရိုင် ဟိုပင်မြို့နယ်ခွဲ ကြာကြီးကွင်းကျေးရွာသား မောင်စိုးတင့်ကြိုင် (ဖ) ဦးစိန်လှ (၃၀နှစ်) နှင့် ရှမ်းကုန်းရွာသား ဖိုးရှမ်း တို့ကို ကေအိုင်အေအဖွဲ့က ဇွန်လ ၂၇ ရက် နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ဂျာမနီတိုက်စစ်မှူး ကလိုဆေး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ဂိုးအများဆုံး စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီတိုက်စစ်မှူး ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၁၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်သစ်ကို တင်လိုက်နိုင်ပါတယ်။

ကံဦးကျောင်းတိုက်ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများဆန္ဒပြမည်


ဒလမြို့ ကံဦးကျောင်း တိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည် သူများက တိုင်းသံဃနာယက အဖွဲ့ကို ကန့်ကွက် ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မဟနသည် ညွှန်ကြားသည့်အတိုင်း လုပ်ပြီး နေရာယူထားသည့် အဖွဲ့အစည်းဟု ဝေဖန်

သံဃာအရေးနှင့် သာသနာရေးတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို မဟာသံဃနာယက(မဟန)အဖွဲ့က ကိုယ် တိုင် ကွင်းဆင်းလေ့လာခြင်းမရှိဘဲ အထက်က ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပြီး နေရာယူထား သည့် အဖွဲ့အစည်းဖြစ်သည်ဟု ကန်ဦးကျောင်းတိုက် ဆရာတော်ဦးကုသလက ဝေဖန်လိုက်သည်။

ဝန်ကြီးချုပ်အသစ်အတွက် ရခိုင်ပြည်နယ်၏ ပုစ္ဆာများနှင့် ရခိုင်တို့၏သဘောထား

(ဆောင်းပါး)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသည့် ဦးမောင်မောင်အုန်း အတွက် ဖြေရှင်း ရမည့် ရခိုင်ပြည်နယ်အရေး ကိစ္စများမှာ အလွန်များပြားပြီး ကိုင်တွယ်ရ ခက်ခဲနိုင်သည်။ ထိုအခက်အခဲများက မြန်မာပြည်တွင်းရေး သာမက နိုင်ငံတကာ မျက်နှာစာတွင်ပါ အကျိုးသက်ရောက်မှုရှိစေမည့် အရေးကိစ္စများပင် ဖြစ်သည်။

လေးနှစ်အတွင်း ကျေးရွာ ၆,၀၀၀တွင် အိုင်စီတီကဏ္ဍ ပြန့်ပွားအောင် ကွန်ပျူတာအသင်းချုပ် ဆောင်ရွက်မည်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကျေးလက်ဒေသများတွင် အိုင်စီတီကဏ္ဍပြန့်ပွားစေရေးအတွက် ပထမ ဆုံး eVillage စင်တာကို တွံတေးမြို့နယ် ဘုရားငုတ္တု (တောင်)ကျေးရွာတွင် ဇူလိုင်လ ၆ ရက်က ဖွင့်လှစ်ခဲ့ ပြီး လေးနှစ်ကာလအတွင်း ကျေးရွာပေါင်း ၆,၀၀၀ တွင် eVillage စင်တာများ ဖွင့်လှစ် သွားနိုင်ရန် ဆောင် ရွက် မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦး က မဇ္ဈိမကို ပြော သည်။