Sunday, 6 July 2014

ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ

Photo: ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ
Sunday, July 6, 2014

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်းအတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

 ‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့်  လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily
မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်း အတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့ တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း

ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

Photo: ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ
Sunday, July 6, 2014

ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viber မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မန္တလေးမြို့၌ ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆရာတော်များ မိန့်ကြား

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် အကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် လူစုလူဝေးများဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မန္တလေးမြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ ပဋိပက္ခများ ပိုမိုမဖြစ်ပွားလာစေရန်အတွက် ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက်မှုများသာ လုပ်ဆောင်ခဲ့ကြကြောင်းကို မန္တလေးမြို့ခံသံဃာတော်များက မိန့်ကြားခဲ့သည်။

အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ

Photo: အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ
Sunday, July 6, 2014

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ 

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု သဖြင့် ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြော ဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ 
ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ 
၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန် ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ ၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

ဧရာဝတီ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါ တို့ကို ဖြစ် ပွားစေသည်။

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

Saturday, 5 July 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP မှ အဖွဲ့ဝင်များ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမည်

အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ၁၉၉ဝပြည့်နှစ် ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြင့် ယခင်က ဖွဲ့စည်း ထားခဲ့သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကိုယ် စားပြုကော်မတီ CRPP မှ အဖွဲ့ဝင် များ ဇူလိုင် ၆ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
''ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာပါ၊ အဖွဲ့ဝင်တွေက သိပ်မရှိ တော့ဘူး၊ တချို့ကလဲ အသက်တွေ ကြီးလို့ နိုင်ငံရေးလောကကနေ ကျော ခိုင်းကုန်ပြီ။ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ် အဓိကထားဆွေး နွေးဖြစ်ဖို့ များတယ်''ဟု ယင်းကော် မတီတွင် ပါဝင် ခဲ့ဖူးသည့် ဦးခွန်ထွန်း ဦးက ပြောသည်။

ချီးမြှင့်ငွေ မလုံလောက်၍ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပ စီးပွားရေး လုပ်နေရဟုဆို

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအား ချီးမြှင့်နေသော ချီးမြှင့်ငွေ ကျပ်သုံးသိန်းသည် လောက်ငမှု မရှိသည့်အတွက် အချို့ကိုယ်စားလှယ်များ ပြင်ပစီးပွားရေးပါ လုပ်ကိုင်ဆောင်ရွက်ရခြင်းသည် လွှတ်တော် တွင်းခွင့်ယူသူများလာသည့် အကြောင်းရင်းတစ်ရပ် ဖြစ်လာကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။‘‘ပြောရမယ်ဆိုရင် အခု ကျွန်မတို့ ရထားတဲ့ချီးမြှင့်ငွေဆို တာ ဘယ်လိုမှ လောက်ငမှုမရှိ ဘူး။ ဒီအတွက် တချို့တွေဆို ပြင်ပမှာ စီးပွားရှာရတယ်။ အဲဒါတွေကြောင့် လွှတ်တော်မှာ ခွင့်ယူသူများလာတာ အဲဒီအကြောင်းတွေကြောင့်လည်းပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။ လွှတ်တော်နှစ်ရပ်တွင် လွှတ်တော်တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်များအနက် တစ်နေ့လျှင် ပျမ်းမျှ ကိုယ်စား လှယ်ဦးရေ ၅၀ ခန့် ခွင့်ယူပျက်ကွက်သူများ ရှိနေသည်။‘‘လွှတ်တော်ကပေးတဲ့ ချီး မြှင့်ငွေက ပြောရရင် ဘာမှလုပ်လို့မရတဲ့ အနေအထားဖြစ်တယ်။ ကျွန်တော်တို့မှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ရှိရမယ့် လက်တော့ပ်လို အသုံးအဆောင် တွေလိုအပ်ပါတယ်။ အဲဒါတောင် ၀ယ်နိုင်တဲ့ ငွေပမာဏမျိုး မဟုတ် ဘူး။ တခြားစီးပွားရေးလုပ်ငန်း တွေသာမရှိရင် ကိုယ်စားလှယ် တစ်ယောက်ဟာ ရပ်တည်ဖို့ တော်တော်ခက်တဲ့အနေအထား မှာ ရှိတယ်’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က ပြောသည်။

ပြဿနာရှိသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူကို ခြေရာခံနိုင်ရန်စမ်းသပ်လေ့ ကျင့်ထားဟုဆို


လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများပြုလုပ်နေပြီး တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံလာရင် ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်။ တရားခံဖော်ထုတ်မယ့်ကိစ္စက အချိန် ကာလအတိအကျပြောဖို့ခက်တဲ့အတွက် အချိန်ယူရတာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် တပ်ဖွဲ့ ဝင်တွေထဲမှာ Hacker (ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များရယူသူ)ကို တန်ပြန်နိုင်တဲ့ပညာရှင်တွေ မွေးထုတ်ထားပါပြီ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။

၂၀၁၅တွင် နိုင်ငံ တစ်ဝန်းရှိ စီးပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီး ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးမည်

လာမည့်၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စီး ပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီးပေါင်း ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစွမ်းရည်မြှင့်တင်ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝ များ တိုးမြှင့်ပေးရန်အတွက် Coca- Cola ကုမ္ပဏီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pact တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။''ဒီအစီအစဉ်မှာ စွမ်းရည်မြှင့် တင်ပြီးတဲ့ အမျိုးသမီးတွေလဲ အများ ကြီး ပေါ်ထွက်လာတယ်။ အခုလက် ရှိလဲ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် တွေ ဆက်တိုက်လုပ်ပေးနေတယ်။ ၂၀၁၅မှာ အမျိုးသမီးပေါင်း ၂၄၅၀၀ ကို စွမ်းရည်မြှင့်တင်ပေးဖို့ စီစဉ်ထား ပါတယ်''ဟု Coca- Cola ၏သတင်း နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံစာရင်းတွင် မြန်မာအဆင့်သုံးဆင့် ခုန်တက်

ကမ္ဘာ့ တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံများ တွင် မြန်မာသည် ယခုနှစ် မတ်လအထိ စာရင်းများအရ အဆင့် သုံးဆင့်ခုန် တက်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇူလိုင် ၄ရက်က အမျိုးသားလွှတ်တော်တွင် ဖြေကြားမှုများအရ သိရသည်။

၂၀၁၄ခုနှစ် မတ် ၃၁ရက်အထိ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့် နိုင်ငံများ စာရင်း တွင် အောက်ဆုံး မှ ရေတွက်ပါက အဆင့် (၅)နေရာကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှုန်းသည် ၂၀၁၃ ခုနှစ်အတွင်းက ကမ္ဘာ့တယ် လီဖုန်းအသုံးပြုသည့် နိုင်ငံစာရင်း တွင် အောက်ဆုံးမှ ရေတွက်ပါက အဆင့်(၂)တွင် တည်ရှိခဲ့ခြင်းထက် တိုးတက် လာခြင်းလဲဖြစ်ကြောင်း ဒုဝန် ကြီး၏ လွှတ်တော်အတွင်း ဖြေကြား ချက်များအရ သိရသည်။

မန္တလေးမြို့တွင် လတ်တလောဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ကြေညာ

မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံသော ကြေညာချက်တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီ တွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇ ဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့ အဖွဲ့အစည်းများ)မှ စာနာမိပါသည်။ ရာဇဝတ်မှုကျူးလွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အစည်း၊ ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင်ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသားဖြစ်မှု၏ ဂုဏ်သိက္ခာ အပေါ်မထီမဲ့မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လူ့အသိုက်အဝန်းအပေါ် သစ္စာဖောက်သော လုပ်ရပ် တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။

စင်ကာပူသို့ အိမ်အကူ စေလွှတ်ခြင်းကို အစိုးရတားဆီးသင့်ဟု သံအမတ်ပြော

မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့အကြား တရားဝင်အိမ် အကူ လုပ်သားစေလွှတ်ခွင့်ကို သဘောတူထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံမှ အေးဂျင့်များကတစ်ဆင့် အိမ်အကူလုပ်ရန် မြန်မာအမျိုးသမီးများ စင်ကာပူသို့ လာရောက်မှုကို တားဆီးသင့်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင် ကပြောကြားသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနသို့ သံအမတ်ကြီးဦးဌေး အောင်က အစီရင်ခံစာ ပေးပို့ထား ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လက်ရှိလုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အ တွက်အလုပ်သမားအခွင့်အရေးရရန်ဥပဒေအတွင်းမှ ဖန်တီးပေးသင့်ကြောင်းလည်း၎င်းကပြောကြားသည်။  ‘‘မြန်မာ အိမ်အကူတွေကို လျှော့ဈေးနဲ့ရနိုင်တဲ့ကြော်ငြာတွေ၊ သက်ရှိ ရောင်းကုန်လိုထားတာ တွေ၊ သရုပ်ပြခိုင်းတာတွေက နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ မြန်မာမှာ တစ်ဦးချင်းအေးဂျင့် လုပ်တဲ့သူတွေက အိမ်အကူတွေကိုပို့နေတယ်။ ဒါတရားမဝင်ဘူး။ နိုင်ငံတော်ကမသိဘဲနဲ့ မလုပ်သင့် ဘူး’’ဟု သံအမတ်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးက ဒေသခံတစ်သိန်းကျော် အလုပ်အကိုင်ရနိုင်မည်ဟုဆို


ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ပြီးပါက ဒေသခံပြည်သူပေါင်း တစ်သိန်း ကျော် အလုပ်အကိုင်များရနိုင်မည်ဟု ကျောက်ဖြူတင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းကပြောသည်။အဆိုပါစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၅ ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါစီမံကိန်း အ ကောင်အထည်ဖော် လုပ်ဆောင် နေသူများက ပြောသည်။‘‘ဒီစီမံကိန်းကနေ နိုင်ငံသား တွေ၊ အဓိကဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းပေါင်းများ စွာ ရရှိမှာပါ။ ပထမအဆင့်မှာပဲ အလုပ်အကိုင် တစ်သိန်းကျော် လောက်ရရှိနိုင်မှာပါ’’ ဟု ဦး အောင်ကျော်သန်းကပြောသည်။စက်မှုလုပ်ငန်းအကောင်အ ထည်ဖော်သော အဆင့်၌ပင် အ လုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းကျော်ရရှိနိုင်မည်ဖြစ် ကြောင်း ဦးအောင်ကျော်သန်းက ပြောသည်။‘‘ဒီပထမအဆင့်မှာပဲ အ လုပ်အကိုင်ပေါင်း ငါးသောင်း ကျော်လောက် လုပ်ငန်းနေရာတွေရရှိနိုင်မှာပါ’’ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေးအဓိကရုဏ်းကို ရန်ကုန်မြို့မှ သံဃာများဆန္ဒပြ

မန္တလေးအဓိကရုဏ်း ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ၍ မန္တ လေးမြို့ရှိ ရဟန်းသံဃာတော်များ နှင့် ပြည်သူ ပြည်သားများဘေး အန္တရာယ်ကင်းရှင်းရန် မျိုးချစ်သံ ဃာတော်များက ဇူလိုင် ၄ရက် တွင် ရွှေတိဂုံ စေတီတော်၌ ဆုတောင်း ဆန္ဒပြခဲ့ကြသည်။ ဆရာတော်ဦးရက္ခ၀ံသဦး ဆောင်သောမျိုးချစ်ရဟန်းသံဃာ တော်အပါးငါးဆယ်နှင့်ပြည်သူ ငါးဆယ်ခန့်သည် မန္တလေးအဓိက ရုဏ်းဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ ခဲ့ပြီး မန္တလေးမြို့ရှိ ရဟန်းသံဃာ တော်များနှင့် ပြည်သူပြည်သား များဘေးအန္တရာယ်ကင်းရှင်းရန် အတွက် ကြေးသွန်းဘုရားမှစတင် လမ်းလျှောက်၍ ရွှေတိဂုံစေတီ ပေါ်သို့ တက်ရောက်ပြီးဆုတောင်း ဆန္ဒပြ ခဲ့ခြင်းဖြစ် သည်။‘‘မန္တလေးဖြစ်စဉ်မှာသေဆုံး သွားတဲ့သူတွေရှိတယ်။ အဲဒီသူ တွေကောင်းရာမွန်ရာရောက်ဖို့ အတွက် ဆုတောင်းပေးရမယ်။ နောက်မန္တလေးမှာရှိတဲ့ ပြည်သူ တွေ ဘေးအန္တရာယ် ကင်းရှင်း အောင် ဆုတောင်း ပေးရမှာပါ’’ဟု မန္တလေးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းဆန္ဒပြရာ တွင် ဦးဆောင်သူ ဘင်္ဂ သား ကျောင်းတိုက်ဆရာတော်အရှင် သူရ၀ံသကမိန့်သည်။

လက်နယ်သယ်လာတဲ့ တရုတ်လူမျိုးတွေကို အမိန့်ချမှတ်ပြီ

တမူးမြို့မှာ ဧပြီ ၂၅ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ရှစ်ယောက်ကို ဇူလိုင် လ ၄ ရက်နေ့ ညနေပိုင်းမှာ မုံရွာတရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးလတ်တ လော ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ တရုတ်လူမျိုး ရှစ်ဦး ထဲက ခုနစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျန်တဲ့တစ်ဦးကတော့ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့အမိန့်ချခဲ့တယ်လို့ မုံရွာခရိုင် တရားရုံးဆီကနေ သိရပါ တယ်။မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “တရုတ်အမျိုးသား ၈ ဦးအနက်က ၇ ဦးကတော့ ထောင် ဒဏ် ၁၃ နှစ်နဲ့ မုံရွာအကျဉ်းထောင်ကို ပို့မှာပါ၊ ကျန်တဲ့အသက်မပြည့်သေးတဲ့ သူကိုတော့ မန္တလေး အကျဉ်းထောင်ကို ပို့ဆောင်မှာပါ၊ သူတို့အားလုံးကလည်း အပြစ်ရှိကြောင်း တရားရုံးမှာဝန်ခံပါတယ်” လို့ဆို ပါတယ်။

Friday, 4 July 2014

မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းနှင့် နိုင်ငံရေး

ယနေ့ မန္တလေးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်နားလည်သလောက်ပြောရရင် ယနေ့လို အရေး ကြီးတဲ့အချိန်မှာ ဘာသာရေးနဲ့လူမျိုးရေးကို အကြောင်းပြပြီး သာမန်လူမှုရေးဖြစ်စဉ်တစ်ခုကနေ အရေးအခင်း တစ်ခုသဖွယ် ဖန်တီးလှုပ်ရှားလာတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ အရေးကြီးသလို အစိုးရအနေနဲ့လည်း ၂၀၁၄ ခုနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် သတိထားပြီးဆောင်ရွက် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တပ်မတော်အပိုင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီနှစ် မကုန်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နေတာတွေ့ရသလို နိုင်ငံတော်အစိုးရအတွက် ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက် နေတာကိုလည်း တွေ့မြင်ရပါတယ်။

နိုင်ငံရေးပယောကမကင်းတဲ့ လူမျိုးရေးပဋိပက္ခကြီးကို မြန်မာပြည်သားများ သတိရှိစေချင်

ရခိုင်၊ မိထ္ထီလာ၊ ဥကံ္က၊ လားရှိုးစတဲ့ မြို့ကြီးတွေမှာဖြစ်ခဲ့သလိုပဲ ၂၉.၆.၂၀၁၄ ရက်နေ့က သစ်ထူးလွင်ဆိုတဲ့ဘလော့ တစ်ခုမှ ပျံ့နှံ့ခဲ့တဲ့သတင်းတစ်ခုကနေစပြီး မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲဖြစ်ကာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့နေရာကတော့ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှ “နေ” လ္ဘက်ရည်ဆိုင် ကနေ စတင်ခဲ့တာဖြစ်ပြီး  မူဆလင်အမျိုးသား   ဦးကနေ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ BBC သတင်းဌာနကြီးတစ်ခုကလဲ သတင်းရဲ့ အခြေအမြစ်ကို တိတိကျကျသိအောင် ရယူခြင်းမရှိပဲ ယေဘုယျဆန်ဆန် ထုတ်ပြန်ခဲ့မှုကြောင့် အခြေအနေတွေဟာ ကြီးထွားလာတာဖြစ်ပါတယ်။ အဓိက က တော့ သစ်ထူးလွင်ရဲ့ သတင်းစတည်မှုနှင့် BBC ရဲ့ မ.ဘ.သ က ဆိုင်တွေကို လာဖျက်မယ်ဆိုပြီး ခြိမ်းခြောက်နေဆိုတဲ့ သတင်းထုတ်ပြန်ခဲ့မှုကြောင့် ဖြစ်ပါတယ်။

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ

ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည် သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့်ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်းသတင်းရရှိသည်။

ပြည်သူလူထုဆိုတာ အသုံးချခံ မဟုတ်ပါ

အင်တာနက်ပေါ်က မုဒိမ်းမှုဖြစ်ပွားကြောင်း သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရှိရပါသည်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်လား အမှားလား ဆိုတာ ယခုအချိန်ထိ သေချာ မဖော်ထုတ် နိုင်သေးတဲ့အတွက် ပြည်သူလူထုနေနဲ့ လူတစ်စုရဲ့လှည့်ကွက်ထဲမှာ ပါမသွားရအောင် စဉ်းစားချင့်ချိန် သုံးသပ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်လာမယ်၊ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်တာတွေ ရှိလာမယ်ဆိုရင် ကြားထဲကနေ ပြည်သူလူထုပဲ ထိခိုက်နစ်နာရမှာပါ ဖြစ်လို့ပါပဲ။ ဖြစ်လာတဲ့ ပြဿနာတိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် အစ္စလာမ် ဘာသာဝင်တွေနဲ့ ဖြစ်တာ အများဆုံးပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ စဉ်းစားဖို့လိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း ဒီပြစ်မှုကိုသာ အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင်တော့ တရားဥပဒေအရ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့လိုပါတယ်။